no

Font
Theme

Chapter 9: မင်း ကို ထိခိုက်အောင် မလုပ်ဘူး

ပိုင်စစ်လင်း : “...”

သူမရဲ့ ရည်ရွယ်ချက်ကို လုံးဝနားမလည်တော့။

ဒီမိန်းမ ဟန်ဆောင်နေတာလား? ဒါမှမဟုတ် တကယ်ပဲ ရိုးသားတာလား?

ဟန်ဆောင်နေတာဆိုရင်... သူမရဲ့ ကြည်လင်တဲ့မျက်လုံးတွေ က လှည့်စားနိုင်စွမ်းရှိတာ အမှန်ပင်။

"ငါကိုယ်တိုင် လိမ်းမယ်" ပိုင်စစ်လင်းရဲ့ ပြုံးနေတဲ့မျက်နှာ က ရုတ်တရက် ပျောက်သွား၏။

စုဖေးဖေး က သူ့ကို ကြည့်ကာ သူ့လက်ကိုလွှတ်ပေးလိုက်သည်။ “ဂရုစိုက်၊ ဒဏ်ရာကို နှိပ်နယ်ပေးမှ အရောင်ကျမှာ”

သူမ မှာ စစ်သားနှစ်ယောက်ပဲ ရှိသေးတာ၊ ဒီလူတွေက အဖိုးတန်ရတနာတွေ ဖြစ်နေလို့သာ မဟုတ်ရင်… ဘာလို့ စိတ်ရှည်ရှည်ထားမှာလဲ?

ဒီလို စကားများပြီး ကျေးဇူးမသိတတ်သူကို အဖွဲ့ကနေ အမြန်ဆုံးထုတ်ပစ်မှာ!

"အားလုံး အပြင်ထွက်ကြ!စည်းမျဥ်းအသစ် ကြေညာမယ်!"

တဲအပြင်က ဆူညံသံတွေ ရုတ်တရက် ထွက်ပေါ်လာ၏။ စုဖေးဖေး က တဲအကာ ကိုမ၍ ထွက်လာသည်။ ပိုင်စစ်လင်း က သူမအနောက်မှ လိုက်လာ၏။

[နောက်ဆုံးထွက်လာပြီ!]

[အင်္ကျီတွေ ပြည့်စုံနေသေးတယ်!]

[ဒါဆို အတွင်းမှာ ဘာလုပ်နေခဲ့တာလဲ?!]

[ပိုင်စစ်လင်းရဲ့အင်္ကျီ ရှုံ့တွနေတယ်!]

[ပါးစပ်ပိတ်၊ သူ မညစ်ပတ်သေးဘူး!]

[စုဖေးဖေး ကို ဖျော်ဖြေရေးနယ်ထဲက မောင်းထုတ်ကြဟေ့!]

စခန်းထဲရှိ လပြည့်ဝန် က ကောင်းကင်ယံထက် တောက်ပနေသည်။

စုဖေးဖေး က ရှေ့ဆုံးမှ လျှောက်လာကာ ရပ်နေ၏။ ရှောင်ဟဲ နှင့် ပိုင်စစ်လင်း လည်း သူမနံဘေး ရပ်နေကြသည်။

ဒါရိုက်တာလျို က အသံချဲ့စက်ဖြင့် ကြောငြာ၏။ “အစီအစဥ်ပြောင်းလဲမှုကြောင့် စည်းမျဥ်းအသစ်တွေ ချမှတ်လိုက်ပါပြီ! ဧည့်သည်တွေ သေချာနားထောင်ပေးပါ၊ သတိမထားရင် အသက်အန္တရာယ် ရှိနိုင်တယ်(ပြိုင်ပွဲကနေ နှုတ်ထွက်နိုင်တယ်)!"

(TN: အသက်အန္တရာယ် ရှိနိုင်တယ် ဆိုတာ တကယ်သေနိုင်တာကို ပြောတာမဟုတ်ပါ၊ Game over ကို ပြောတာပါ)

စုဖေးဖေး က မျက်မှောင်ကြုံ့၍ ဒါရိုက်တာလျို၏ထိုင်ခုံ ကို စူးစမ်းကြည့်လိုက်သည်။

"ပထမအချက်-အစီအစဥ်အဖွဲ့ က လူတိုင်းကို လျှို့ဝှက်အမှတ်တံဆိပ် ပေးမယ်။ ဝန်ထမ်းတွေ က ဝံပုလွေအဖြစ် ဆောင်ရွက်ပေးမှာဖြစ်ပြီး ခင်ဗျားတို့ရဲ့တဲတွေ၊ ရမှတ်တွေနဲ့ အသက်ရှင်ရေးအရင်းအမြစ်တွေကို လုယူလိမ့်မယ်၊ ကာကွယ်ကြပေါ့!"

"ဒုတိယအချက် -ဒီဂိမ်း မှာ မဟာမိတ်ဖွဲ့ခွင့်ပြုတယ်!"

"စည်းမျဥ်းတွေက ဒါပါပဲ။ ပျော်ရွှင်ကြပါစေ" ဒါရိုက်တာလျို ပြုံးရင်း ပြောလိုက်ပြီး ထွက်သွားခဲ့သည်။

"သတိပေးပါရစေ - ဂိမ်း က နာရီဝက်အတွင်း စတင်မယ်! ကာကွယ်ဖို့ ချက်ချင်း ပြင်ဆင်ကြပါ!"

လူစုထဲမှ လူများ သည် ခဏမျှ ငေးငိုင်သွားကြပြီး ဆူညံသံများ ပေါက်ကွဲထွက်ပေါ်လာခဲ့လေသည်။

"ဘာပြောတာလဲ? ဝံပုလွေ?"

“ငါတို့ စတင်ကတည်းက နည်းနည်းပဲရှိတာ၊ ဒါကို ထပ်ယူဦးမှာလား? အသက်ရှင်စေချင်ရဲ့လား?”

“ဆက်လုပ်ကြ! ငါ့မှာ လိုချင်တာ ဘာမှမရှိတော့ပေမယ့် ငါသေတော့မယ်!"

"တစ်နေကုန် လမ်းလျှောက်ရ၊ တနေ့လုံး ဆာလောင်ရနဲ့၊ ငါတို့ကို သတ်ဖို့ ကြိုးစားနေတာလား?"

"သူတို့ ဘာတွေးနေတာလဲ? ဒါရိုက်တာ က အခုလေးမှ ဆုံးဖြတ်လိုက်တာများ ဖြစ်နိုင်လား?”

"ဒါရိုက်တာရဲ့ အဖွဲ့က ဆုံးဖြတ်လိုက်တာ ထင်တယ်!"

ဒါရိုက်တာလျို ပြုံးရင်း ဝန်ထမ်းအားလုံးနောက်မှာ ရပ်လိုက်ပြီး ခေါင်းညိတ်လေသည်။ “အာ…ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်”

ဒီလိုမလုပ်ရင် လူစိတ်ဝင်စားမှု ဘယ်ကရမှာလဲ? ဒီအစီအစဥ်ကို လာခါနီးမှာပဲ ဝေဖန်ခံရဖို့ စိတ်ပြင်ထားပြီးသား!

"အစွမ်းအစရှိရင် သူများနောက်မှာ မပုန်းနဲ့!"

"ဖာ့ခ်!"

[ငါ ရယ်သေတော့မယ်၊ ဒီဒါရိုက်တာကို ငါကြိုက်တယ်။ ဧည့်သည်တွေကိုတောင် သေမတက်ခြောက်နိုင်လို့]

[ဒါရိုက်တာအဖွဲ့ က ကစားတတ်တယ်။ အန္တရာယ်ရှိပုံရပေမယ့် ငါကြိုက်တယ်]

[တကယ်ပဲ၊ ဒီလိုဇာတ်လမ်းမျိုး က ငါ့အကြိုက်နဲ့ကွက်တိပဲ!]

[ခင်ဗျားတို့အားလုံး မကောင်းတဲ့လူတွေ…]

နာရီဝက်သာ ကျန်တော့သည်။ အကောင်းဆုံးနည်းလမ်းမှာ မဟာမိတ်ဖွဲ့ခြင်း ဖြစ်သည်။

လူအားလုံး ထွက်လာကြပြီး ဘယ်သူနဲ့ မဟာမိတ်ဖွဲ့သင့်သည်ကို ဆွေးနွေးကြသည်။

စုဖေးဖေး တို့အုပ်စု က အခြားသူများနှင့် နည်းနည်းဝေးနေပြီး စုဖေးဖေး၏ ဂုဏ်သတင်းမကောင်းသဖြင့် မည်သူမှ မဟာမိတ်ဖွဲ့ရန် မလာခဲ့။

ခဏအကြာတွင် ရှောင်ဟဲ မှာ နည်းနည်းပူပန်လာသည်။ "ဘယ်သူမှ မဟာမိတ်မဖွဲ့ရင် ဝံပုလွေတွေ ကျွန်တော်တို့ကို အာရုံစိုက်မယ်ဆိုရင် ဘာဖြစ်လိမ့်မလဲ?”

စုဖေးဖေး က ရှေ့ကို အေးစက်စက် ကြည့်ရင်း "တစ်ကောင်လာရင် တစ်ကောင်သတ်မယ်၊ နှစ်ကောင်လာရင် နှစ်ကောင်သတ်မယ်”

အို... ဒီသဘောထားက…

ရှောင်ဟဲ မှာ စတင်၍ မသက်မသာဖြစ်လာတော့။

ဘာလို့ ဒီမိန်းကလေးရဲ့စကားတွေက ယုံလို့ကိုမရတာလဲဟ?

နောက်တစ်စက္ကန့်တွင် စုဖေးဖေး သည် နှာတရူပ်ရူပ်ဖြစ်သွားသည်။ မီးလောင်အနံ့ ဖြစ်၏။ သူမ မျက်မှောင်ကြုံ့၍ အနံ့လားရာဆီသို့ ကြည့်လိုက်ရာ သူတို့တဲများ မူလတည်ရာနေရာတွင် မီးလောင်နေသည်ကို တွေ့လိုက်ရသည်။

သူမရဲ့တဲ မီးလောင်နေပြီ!

ကျွန်းတစ်ခွင်လုံးသို့ သတိပေးအချက်ပြသံ မြည်လာပြီး ဂိမ်းစတင်မည် ဟု ကြေညာလာခဲ့သည်။

မြို့ဆေးရုံတွင် ရှန်းရုံချင်း မှာမူ မျက်နှာဖြူဖတ်ဖြူရော် ရှိ၏။ အစာအိမ်ဆေးကြော ကုသမှုအပြီး သူမ၏ရှေ့တွင် စုလင်း ရပ်နေသည်။

သူမ က အရင်ကအတိုင်း သန့်ပြေပြစ်ပြီး ကျက်သရေရှိဆဲ။

"အမှိုက်မ" စုလင်းက ရှန်းရုံချင်း၏ လက်ကို ဆွဲကိုင်ရင်း လှောင်ပြောင်သည်။ "ဒီလေးတောင် မလုပ်တတ်ဘူးဆိုရင် နင် ဘာအတွက် အသုံးဝင်လဲ?”

ရှန်းရုံချင်း ချွေးစေးပြန်လာသည်။ "အ..အလျင်မလိုပါနဲ့ဦး!" သူမ က တံထွေးမြိုချ၍ “ကျွန်မ လူတစ်ယောက် ကို ထပ်စေလွှတ်ထားတယ်! မယုံရင် တိုက်ရိုက်ထုတ်လွှင့်မှု ကို ကြည့်ကြည့်!"

စုလင်း က သူမ၏လက်ကို ဘေးဖယ်ပစ်လိုက်ပြီး ဖုန်းဖွင့်၍ တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်လိုက်သည်။

မြင်ကွင်းတွင် စုဖေးဖေးက သဲဖြင့် တဲမီးကို ငြိမ်းသတ်နေပြီး တဲသည် တစ်ဝက်မျှ ပျက်စီးနေပြီ ဖြစ်သည်။

ဝံပုလွေများ က ခန္ဓာကိုယ်ကြီးမားသော ယောက်ျားကြီးများဖြစ်ပြီး အရင်းအမြစ်များ လုယူနိုင်သဖြင့် ဧည့်သည်များအား ဖိအားများစွာ ပေးနေသည်။

"အစ်မဖေးဖေး၊ ထွက်ပြေးကြရအောင်!" ရှောင်ဟဲ က အော်ပြော၏။ "သူတို့လက်ထဲမှာ လက်နက်တွေရှိတယ်! တကယ်ဖြစ်သွားရင် ဘာနှယ့်လုပ်ကြမလဲ?”

စုဖေးဖေး က အဖြေမပေး။

[ဒီမိန်းမ ဘာလုပ်နေတာလဲ?]

[ဦးနှောက်မှာ ပြဿနာရှိနေတာများလား?]

15

[ဒီလိုအချိန်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေတာ၊ ဖျော်ဖြေရေးလောကရဲ့ အရှုံးသမားဆိုတာ သိသာတယ်]

[ငါ သေလုနီးပါး ရယ်နေပါပြီနော်၊ ရှောင်ဟဲရဲ့ ဦးနှောက်က သူမထက် ပိုကောင်းနေသေးတယ်၊ ဒါတောင် ရှောင်ဟဲ က လက်ထောက်လေးတစ်ယောက်နော်!]

[ဟာသတစ်ခု ပြောပြမယ်။ သူမ လူ၁၀ယောက် ကို တိုက်နိုင်တယ်လို့ ပြောဖူးတယ်]

[ငါ ရယ်သေပါပြီနော် နင် ဘာလို့ အခုမတိုက်တာလဲ?]

ဒါဟာ ရသစုံလင်ရိူးဖြစ်လို့ ဝန်ထမ်းများ က လူတကယ်မသတ်နိုင်ကြောင်း သိကြသော်လည်း ကံဆိုးသွားခဲ့ရင်ကော? တစ်ယောက်ယောက် က ထိန်းမနိုင်သွားရင်ကော?

"ရှုံးသွားတော့ကော ဘာဖြစ်လဲ? အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ရှိတယ်!"

ဘေ့စ်ဘောတုတ်တံများ ကိုင်ထားသော ယောက်ျားကြီးများ သူတို့ဆီသို့ ပြေးလာကြသည်။ ရှောင်ဟဲ က သူမကို စည်းရုံးဖို့ အချိန်မရတော့ဘဲ လက်ကိုဆွဲကိုင်ကာ ထွက်ပြေးတော့သည်။

စုဖေးဖေး က အနောက်ကို လှည့်ကြည့်၏။

ဝံပုလွေများ က ချက်ချင်း အရှိန်မြှင့်ပြီး ဘေ့စ်ဘောတုတ် လှမ်းပစ်တယ်! ဘေ့စ်ဘောတုတ် သည် စုဖေးဖေး၏ မျက်နှာဘေး ဖြတ်သန်းကာ ဘေးရှိ သစ်ပင်ထဲသို့ စိုက်ဝင်သွားသည်။

"ဘုရားရေ!" ရှောင်ဟဲ ဟစ်အော်လိုက်သည်။ "မင်းတို့က ကြမ်းတမ်းလိုက်တာ..."

စုဖေးဖေး၏ မျက်လုံးများ အေးစက်လာပြီး သူတို့၏မျက်နှာများကို ကြည့်လိုက်သည်။

ဤဝံပုလွေများ သည် သူမ၏ဘက်ကို အထူးပစ်မှတ်ထားပြီး တိုက်ခိုက်ဖို့ မထိန်းထား။ ဒါ က ဂိမ်းမဟုတ်ဘူး!

တကယ်ပဲ သူမရဲ့အသက်ကို လိုချင်နေကြတာ!

နောက်တစ်စက္ကန့်တွင် စုဖေးဖေး က ရှောင်ဟဲ၏ လက်ကို ခါထုတ်လိုက်၏။

"ဖေးဖေး?" ရှောင်ဟဲ က ပြေးနေရင်း ခေါင်းလှည့်ကြည့်သည်။

သို့သော် သူ မြင်ရသည်မှာ သစ်တောထဲတွင် ခုန်ပေါက်ပြေးလွှားနေသော ကျောပြင်တစ်ခုသာ။ မကြာမီ သူမ ဆန့်ကျင်ဘက်လမ်းကြောင်းသို့ ပြေးသွားခဲ့သည်။

ရှောင်ဟဲ မှာ ပါးစပ်အဟောင်းသား။

သူမ ထွက်ပြေးသွားတာလား?

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment