Chapter 8: တဲ က လှုပ်နေတယ်!
“နင်…” ရှန်းရုံချင်း က အားနည်းသည့်လက်တဖက်ဖြင့် စုဖေးဖေး ရှိရာသို့ လက်ညိုးထိုးပြသည်။
စုဖေးဖေး က မျက်ခုံးပင့်ကာ ဆက်ပြောနေသည်ကို စောင့်နေ၏။
“မြန်မြန်! သူမကို ထုတ်ကြစမ်း! ရဟတ်ယာဥ်ခေါ်!ချက်ချင်း ခေါ်လိုက်!” ဟု ဒါရိုက်တာ က အော်ဟစ်လေသည်။
တစ်မိနစ်အတွင်း ရှန်းရုံချင်း ကို ခေါ်ထုတ်ခဲ့သည်။
လူအားလုံးနဲ့ မှတ်ချက်တွေ က စုဖေးဖေး ကို ကြည့်နေကြသည်။
“စုဖေးဖေး ကို လက်ညိုးထိုးပြီး ဘာပြောချင်တာလဲ?”
“သူမ ပြောချင်တာကို ဘယ်သူ က ဂရုစိုက်လို့လဲ? သေချာပေါက် ကောင်းတဲ့အရာမဟုတ်ဘူး”
[စုဖေးဖေးနဲ့ ဆက်စပ်နေတာ အသေအချာပဲ!]
[စုဖေးဖေး အဆိပ်ခတ်တာ!]
[ကင်မရာရှေ့မှာ အချိန်ပြည့်ရှိနေတာကို ဘယ်လိုစွပ်စွဲမှာလဲ?]
[သူမကိုယ်တိုင် နိုးလာမှ မှန်မှန်ကန်ကန်သိရမှာပဲ!]
စုဖေးဖေးရဲ့ မျက်နှာအမူအရာ က လုံးဝမပြောင်းလဲဘူး။
ရှောင်ဟဲ စကားစပြောဖို့ ပါးစပ်ဟချိန် မှာ ပိုင်စစ်လင်း က မျက်လုံးအကြည့် ဖြင့် သူ့ကို တားလေသည်။
ဒါရိုက်တာလျို က ရှေ့တိုး၍ ပြောလာသည်။ “လူတိုင်း၊ ဒီမှာ ရပ်ကြရအောင်၊ ဒီနေ့ မင်းတို့ ကြိုးစားခဲ့ကြတယ်! မစ်ရှန်း ကောင်းကောင်းအနားယူဖို့ ငါတို့ ပို့ပေးလိုက်ပါပြီ၊ သူမရဲ့ခန္ဓာကိုယ် ပြန်သက်သာလာတာနဲ့ သူမရဲ့ဆန္ဒအတိုင်း ကျွန်းဆီ ပြန်လာဖို့ ဆုံးဖြတ်နိုင်တယ်”
လူစုလူဝေး ကွဲသွားသည်ကိုမြင်ကြည့်ရင်း တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြသည်။
ယခုအချိန်တွင် တိုက်ရိုက်မှတ်ချက်များ ဆူပွက်လာသည်။
တခြားအကြောင်းတော့ မဟုတ်၊ ရှောင်ဟဲတောင်မှ သူ့အနောက် က တဲကို ကြည့်ရင်း ဘာတွေဖြစ်ခဲ့သလဲ ဟု မေးခွန်းထုတ်နေခဲ့သည်။
ညကျလာတော့ ရှောင်ဟဲ ဟာ နောက်ကွယ်က တဲကို သံသယနဲ့ ကြည့်နေ၏။ ဖေးဖေးရဲ့စကားတွေ က သူ့စိတ်ထဲမှာ လတ်ဆတ်နေဆဲ။
စုဖေးဖေး က ပိုင်စစ်လင်းကို အတူအိပ်ဖို့ ပြောခဲ့တာ မှတ်မိနေတုန်းပဲ!
"အင်း... အိပ်ကြရအောင်" စုဖေးဖေး က လက်ထဲတွင် မီးတုတ်ကိုင်ကာ ပိုင်စစ်လင်း ကို မေးဆတ်ပြသည်။
ရှောင်ဟဲ တောင်းမဆိုခင် စုဖေးဖေး က ပိုင်စစ်လင်းရဲ့ အင်္ကျီကော်လံ ကို ဆွဲကိုင်ကာ တဲထဲ ဆွဲသွင်းသွားတယ်!
[ဖာ့ခ်,ဖာ့ခ်,ဖာ့ခ်,ဖာ့ခ်!]
[ဒီည… ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရှိုးရှိမှာလား?]
[ဤရှိုးအတွက်၊ မှတ်ချက်ကဏ္ဍ မှာ အတွေ့ရအများဆုံးအရာ က ဖာ့ခ်ပဲ၊ မင်းတို့အားလုံး ရက်စက်တယ်]
[ထိန်းညှိပေးသူတွေ ဘယ်မှာလဲ။ အကူအညီတောင်းကြပါ!]
[ဟမ် ဘယ်လိုတောင်လဲ? ငါ့ကလေး က အရူးမနဲ့အိပ်တော့မှာလား?]
[တာဝန်ခံရေ! ငါ့မှာ စကားတစ်ခွန်းပဲ ကျန်တော့တယ်… တာဝန်ခံ!]
[သူမ က သူ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။]
ရှဖေးဖေး ၏နာမည် က အချိန်နှင့်တပြေးညီ ရှာဖွေမှုစာရင်း၏ ထိပ်ဆုံးသို့ရောက်ရှိသွားလာခဲ့ပြီး အင်တာနက်ပေါ်ရှိ ထိပ်တန်းရှာဖွေခံရဆုံး ၅နေရာကို သိမ်းပိုက်ခဲ့သည်။
[စုဖေးဖေး က ပိုင်စစ်လင်း ကို အတူအိပ်ခိုင်းခြင်း]
[စုဖေးဖေး က အဆိပ်ခတ်ခဲ့ခြင်း]
[ရှန်းရုံချင်း အဆိပ်သင့်ခြင်း]
[စုဖေးဖေး နဲ့ ရုပ်ရှင်ဘုရင် စုံတွဲဖြစ်ခြင်း၏ စစ်မှန်သောခံစားချက်များ]
[စုဖေးဖေးရဲ့ ယုန်ကင်]
စုဖေးဖေး ကင်သော ပုံစံတူ ယုန်ကင် ကို နေရာများစွာ ရောင်းချခဲ့သည်။ မှတ်ချက်များစွာရှိခဲ့သော်လည်း ယုန်ကင်ရောင်းအားမှာလည်း မြင့်တက်လာခဲ့ပြီး ထိုညတွင် ရှာဖွေမှုအများဆုံး ထုတ်ကုန်ဖြစ်လာခဲ့သည်။
ဆေးရုံမှာတော့ ရှန်းရုံချင်း ကို အစာအိမ်ဆေးကြောကုသ ပေးနေပြီး သတိလစ်ခါနီး နောက်ဆုံးအတွေးကတော့ စုလင်း ကို အကြောင်းကြားဖို့ပင်။
တစ်ချိန်တည်းမှာပင်၊ ဖန်သားပြင်များရှေ့ရှိ မန်နေဂျာများအားလုံး သည် စုဖေးဖေး ၏ ဆက်သွယ်ရန်အချက်အလက်ကို စတင်တောင်းဆိုလာကြသည်။
ဒါရိုက်တာတစ်ဦး သည် အသားကင် ၏ ပြန်လည်ပြသမှုကို ကြည့်ရှုနေပြီး သဘောကျစွာဖြင့် မျက်လုံးများ တောက်ပနေခဲ့သည်။
“သူမ က ဒရမ်မာအတွက် အားလုံးလုပ်ခဲ့တယ်၊ သူမရဲ့မျက်နှာပေါ် မှာ ရေးထားတဲ့ ဇာတ်လမ်းတွေရှိတယ်။ ပိုင်စစ်လင်း နဲ့ သရုပ်ဆောင်ရင် သေချာပေါက် အောင်မြင်မှာ”
“ သွား၊ စုဖေးဖေးရဲ့ကုမ္ပဏီ ကို အမြန်ဆက်သွယ်၊ သူတို့ စာချုပ်ရပ်ချင်သေးသလား ကြည့်ချင်သေးတယ်! သူမကို အမြန်ဆက်သွယ်ပေး! ငါ သူမကို သေချာပေါက်ရအောင် ယူမယ်!"
"ဒါပေမယ့် ဒါရိုက်တာ၊ အခု သူမ ဆီ မှာ ဆိုးဆိုးရွားရွား ဝေဖန်မှုတွေ များနေပြီ မဟုတ်လား" လက်ထောက် က မဝံ့မရဲ မေးသည်။
"မင်း ဘာသိလဲ!" ဒါရိုက်တာ က "သတိထားရမှာက ကားအသွားအလာရှိနေတုန်းပဲ။ စားပွဲတွေကို ဘယ်လိုလှန်မလဲ ဆိုတာ လည်ပတ်မှုပေါ်မှာပဲ မူတည်တယ်!"
"ကောင်းပြီ သူတို့ကို အခုပဲ ဆက်သွယ်လိုက်မယ်!"
…
သဲကန္တာရကျွန်းတစ်ခုတွင် သူမ သည် ဤအကြောင်းမသိချေ။
သူမ လုပ်သမျှမှာ တဲထဲမှာ ထိုင်နေခြင်း။ နေရာ သည် အလွန်သေးငယ်ပြီး သူမဝင်ပြီးနောက်တွင် လူနှစ်ဦးသာ တည်းခိုနိုင်သည်။ သူတို့ သည် အလွန်မရေရာသော အကွာအဝေးတွင် မျက်နှာချင်းဆိုင် ထိုင်ကြသည်။
တဲအပြင်ဘက်တွင်မူ လူနှစ်ယောက်၏ ရောင်ပြန်ဟပ်မှုများ ရှိနေသည်။
[ဖာ့ခ်!! ငါ့ဘေဘီပိုင်!! ဒီမိန်းမဆိုးနဲ့ သူ ဘယ်လို ရှင်သန်မလဲ?]
[မဟုတ်သေးပါဘူး။ ဒီမိန်းမရဲ့လက်က ငါ့ရဲ့ပိုင်လေး ဆီ အရင်ဆန့်လိုက်ပုံပဲ]
[ယိုး၊ မင်းရဲ့ x-ray အမြင်က အဆင့်၁၀ မှာ ရှိနေတယ်နော်။ အဲဒါကို မင်း ဘယ်လိုမြင်တာလဲ?]
တဲအတွင်းတွင် စုဖေးဖေး က လက်ကို အမှန်ပင် ဆန့်ထုတ်လေသည်။
ဒုတိယအကြိမ် ဝင်လာသောအခါ ပိုင်စစ်လင်းရဲ့ကော်လံ ကို ဆွဲကိုင်ခဲ့တယ်!
သို့သော်လည်း နောက်တစ်စက္ကန့်တွင် ပိုင်စစ်လင်း က သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး အားနည်းနည်းဖြင့် ဖယ်ထုတ်လေသည်။
သူ၏ဖျော့ဖျော့မျက်နှာ က လရောင်အောက်တွင် အနည်းငယ်အေးစက်နေ၏။
“မင်း ဒါ ဘာလုပ်တာလဲ?”
ပိုင်စစ်လင်း၏ အကြည့် က ဖြေးဖြေးချင်းရွေ့လာကာ စုဖေးဖေး၏လက်အပေါ်တွင် ကျရောက်နေသည်။
သူမ၏ သွယ်လျသောလက်ချောင်းများ က ဆေးဖက်ဝင်ဆေးဖက်ဝင်အပင်တစ်ဆုပ်ကို ဆုပ်ကိုင်ထားပြီး အစိမ်းရောင်အရည်များ ဖြည်းညှင်းစွာ ထွက်ကျနေဆဲ၊ အမှန်ပင် ဆေးဖြစ်နေ၏။
သူ ထင်တာမမှားဘူး။
သူ က အပြုံးဖြင့် ကြည့်နေ၏။ သူ၏ လက်ဆစ်များက သူမ၏ လက်ကောက်ဝတ်များကိုပင် ပွတ်တိုက်နေသော်လည်း သူ၏ ဝှက်ထားသော ခွန်အားကို အသုံးပြုရန် အဆင်သင့် ဖြစ်နေပြီး သူ့အပြုံးအောက်တွင် အဆုံးမဲ့အေးစက်မှုတွေရှိ၏။
“မင်းအတွက် အသုံးဝင်မဲ့အရာ”
စုဖေးဖေး က တိုက်ရိုက်ပြန်ဖြေ ကာ သူ့အဝတ်အစားကို ဆွဲတင်လိုက်တော့သည်။
…
နောက်စက္ကန့်၌ ပိုင်စစ်လင်း က မတ်တပ်ထရပ်၍ သူမရဲ့လက်ကို ဆွဲယူလိုက်တယ်!
စုဖေးဖေး က မျက်မှောင်ကြုတ်ကာ ချက်ချင်း ပိတ်ဆို့လိုက်၏။
သို့သော် ဤခန္ဓာကိုယ်သည် အလွန်အားနည်းနေပြီး ပိုင်စစ်လင်း၏ ခွန်အားနှင့် မယှဥ်နိုင်ပေ။ သူမ တုန်လှုပ်ပြီး ရှေ့သို့ ယိုင်ကျလာသည်။
ပိုင်စစ်လင်း က သူမထံလှည့်ကာ သူမကိုယ်ပေါ်၌ အုပ်မိုး၍ လက်များကို ဖမ်းယူကာ ခေါင်းအထက်တွင် ဖိထားလေသည်။
အသက်ရူသံကြမ်းကြမ်းတို့ လေထဲတွင် ပျံ့နှံ့သွားပြီး မျက်လုံးနှစ်စုံ အကြည့်ချင်းဆုံသွားသည်။ ရေခဲလိုအေးစက်သောမျက်ဝန်း နှင့် ကြည်လင်သောမျက်ဝန်းတို့ သေချာအကဲခတ်နေကြသည်။
"အသုံးဝင်တယ်တဲ့လား?” သူ၏ အတွန့်တက်နေသောအသံ က မြင့်တက်လာသည်။ "တိကျတဲ့အသုံးဝင်ပုံ ပြောပြနိုင်မလား?"
ထိုအချိန်တွင် မှတ်ချက်များ ပေါက်ကွဲခါတော့မည့်အခြေအနေ ရောက်နေသည်။
[ဒီတဲကြီး ဘာလို့ ဒီလိုတုန်နေတာလဲ!!!]
[အတွင်းမှာ ဘာတွေလုပ်နေကြတာလဲဟ?!]
[ဘာလုပ်နေကြတာလဲ!]
[ဘေဘီပိုင်၊ အမေရောက်လာပြီ! မကြောက်နဲ့!]
[ဒီအရူးတွေ ငါတို့ကို လှည့်စားနေကြတာ!]
[ဒီမိန်းမ က ငါတစ်သက်လုံး မလုပ်ရဲတဲ့တစ်ခုခု ကို လုပ်နေတာ!]
[သောက်ကျိုးနည်း ဘာတွေဖြစ်နေတာလဲ? အဖွဲ့ က လူလွှတ်ဝင်ကြည့်ရမယ်! ဒီလောက်ဆူညံနေတာ ကို ဘာမှမလုပ်ဘဲထားမှာလား?!]
တဲအတွင်း၌ စုဖေးဖေး ၏ မျက်လုံးများက ပိုင်စစ်လင်း၏ ရင်ဘတ်အပေါ်အောက် လှုပ်ရှားမှုကို ချက်ချင်းဆိုသလို ကြည့်လိုက်၏။ ပထမတော့ ဂုတ်ရိုးများ၊ နောက်တော့ မှိန်ဖြာ့ဖြာ့ ချိုင်းကြွက်သားများ...
သူမ အတွေးနက်သွားသည်။
ပိုင်စစ်လင်း၏ ကျွမ်းကျင်မှု က သာမန်မဟုတ်ဘူး။အရင်က လေ့ကျင့်ထားဖူးတာများလား?
"အဖွဲ့ခေါင်းဆောင်၊ ဘာလို့စကားမပြောတာလဲ?" ပိုင်စစ်လင်း၏ အသံက သူမကို သတိပြန်ဝင်စေသည်။
စုဖေးဖေး က မျက်မှောင်ကြုတ်ကာ “အဲဒါ ဆေးပဲ”
“သိတယ်လေ” သူ က သူမ၏လက်ကို လက်ဖြင့်ပွတ်သပ်ရင်း ဆိုသည်။ "ဒီလောက်ကြာအောင် ခက်ခက်ခဲခဲဝှက်ထားပြီး ဘာလို့ အခုမှ ထုတ်ချင်သွားတာလဲ?”
ဤသက်သေနှင့်အတူ သူ စုဖေးဖေးကို ကျွန်းပေါ်မှ ချက်ချင်းနှင်ထုတ်နိုင်သည်။ယခုမှစ၍ သူ သည် အမြဲတစေ ဒုက္ခပေးနေသော ဤအမျိုးသမီးနှင့် ရင်ဆိုင်ရမည် မဟုတ်တော့သဖြင့် စိတ်သက်သာရာရသွားသည်။
"ဘာကိုဆိုလိုတာလဲ?" စုဖေးဖေး က မျက်မှောင်ကြုံ့ကာ “ခူးလာတာ၊ အရမ်းလတ်ဆတ်တယ်"
ပိုင်စစ်လင်း ၏ မျက်ဝန်း ကျဥ်းမြောင်းသွားသည်။
သူမ ဤမျှ ရိုးသားစွာ ဝန်ခံတယ်ပေါ့?
"ဆေးလိမ်းမှာလား မလိမ်းဘူးလား?" စုဖေးဖေး လက်ကို စိတ်မရှည်သလို လှည့်ကာ မေးလိုက်သည်။ "ဒဏ်ရာကို ဆေးမလိမ်းရင် အဖွဲ့တိုးတက်မှု ထိခိုက်လိမ့်မယ်”
ဒဏ်ရာ?
ပိုင်စစ်လင်း၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ သူတို့နှစ်ယောက် ၁၀စက္ကန့်ကြာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
"ဒီဆေးက..."
"ဆေးပင်လေ၊ အညိုအမဲစွဲတာတွေအတွက် အရမ်းထိရောက်တယ်”
"အိုး..."