Chapter 13: နူးညံ့သိမ်မွေ့သော ငယ်သား
[အရမ်းကောင်းတယ်! အရမ်းကောင်းတယ်!]
[ဒါရိုက်တာအဖွဲ့ ဆီမှာ ရိုက်ကူးထားတဲ့ပုံရိပ်တွေ ရှိလား? ဒါရိုက်တာလျို ရဲ့ မျက်နှာအမူအရာကို သိချင်လိုက်တာ]
ဒါရိုက်တာလျို မှာ စကားမပြောနိုင်တော့ချေ။ အတန်ကြာပြီးနောက် ခေါင်းကိုက်နေသောခေါင်းကို ပွတ်သပ်ရင်း ရင်ဘတ်တက်လိုက်ကျလိုက်ဖြစ်နေသည်။ သို့သော် စဥ်းစားကြည့်လိုက်သောအခါ သူမကို တကယ်ဘာမှမလုပ်နိုင်သည်ကို သိလိုက်ရသည်။
မေ့လိုက်တော့၊ အသတ်ခံရသူ က ၁၂ယောက်ပဲ မဟုတ်လား? သူမကို ပေးလိုက်မယ် !
ဒါရိုက်တာလျို သည် သွားကြိတ်လျက် အော်ပြောလိုက်သည်—
"ကောင်းပြီ! အကြံပြုချက်ကို လက်ခံတယ်!"
"သေချာလား?" စုဖေးဖေး က မေးသည်။
"သေချာတယ်!"
"ကောင်းပြီ"
စုဖေးဖေး ခေါင်းညိတ်ပြီး ရုတ်တရက် ရှေ့သို့တက်ကာ မြက်ပြင်ထဲ ရှာဖွေနေသည်။
[ဘာလုပ်နေတာလဲ?]
[အထင်မှားစရာ အပြုအမူ gif အသစ်တစ်ခု မှတ်တမ်းပုံတွေထဲ ထပ်ထည့်လိုက်ပြီ]
[စုဖေးဖေးဘေးက ဟာ က မြွေလား?]
[မဟုတ်ဘူး! နွယ်ပင် နဲ့တူတယ်]
[အမလေး! စုဖေးဖေး က အဲ့ဒါကို ကိုင်နေတယ်!!]
ထိုအချိန်တွင် စုဖေးဖေး သည် ညင်သာစွာ ဆွဲယူလိုက်သည်—နောက်တစ်စက္ကန့်အတွင်း ကြီးမားသောပိုက်ကွန်တစ်ခု ကောင်းကင်မှကျလာပြီး ကျန်ရှိသော ဝံပုလွေလူသား ၁၂ယောက်ကို ချည်နှောင်လိုက်၏။!
"ဘာလုပ်နေတာလဲ!"
“မင်း ရူးနေလား? ငါတို့ကို လွှတ်ပေးစမ်း!"
ပိုက်ကွန်ထဲကဝံပုလွေလူသားများ ကမောက်ကမဖြစ်နေသည်။
[ဖာ့ခ်?]
[သောက်မြွေ….]
[ဒါ...]
[ငါ့ပန်းကန်လုံး ပြုတ်ကျသွားပြီ!! စုဖေးဖေး၊ မင်း တာဝန်ယူ! ငါ့မာမီ ဖြစ်ပေးပါ!!]
[ဒါမျိုးလည်းဖြစ်နိုင်တယ်လား????]
[အိုး၊ ပိုက်ကွန်ထဲ ဘယ်နှစ်ယောက်ရှိလဲ?]
[စိတ်လှုပ်ရှားစရာပဲ၊ လူအုပ်လိုက်ကြီးဟ!]
မြင်ကွင်းရှိ ဝံပုလွေလူသားများ သည်လည်း ပြင်းပြင်းထန်ထန်ဆဲကြသည်။ မကောင်းသောစကားမျိုးစုံကို ပြောဆိုကြပြီး စုဖေးဖေး၏ ဘိုးဘွားများအထိ ဆဲကြသည်။
စုဖေးဖေး က မကြားဟန်ဆောင်ကာ စကားပြောစက်ဖြင့် ပြောလိုက်သည်။ “ဒါရိုက်တာ၊ စာရင်းစစ်ကြည့်ရအောင်။"
သူမသည် ရည်ရွယ်ချက်ဖြင့် ဝံပုလွေလူသားများကို ဤလားရာသို့ မောင်းနှင်ခဲ့ခြင်း။ နေရာရောက်တာနှင့် ဒါရိုက်တာနှင့် ညှိနှိုင်းခဲ့သည်။ ယခင်က ၁၂ယောက်သာရှိသော်လည်း ယခုတော့ ပိုများသွားလေပြီ။
“သောက်ကျိုးနည်း!" ဒါရိုက်တာလျို က စကားပြောစက်ကို ကြမ်းပြင်ပေါ် ပစ်ချ၍ ဦးထုတ်ဆောင်းကာ ရိုက်ကူးနေသော နေရာသို့ ထွက်လာခဲ့လေသည်။
စခန်းထဲမှ မြင်ကွင်းမှာ ထူးဆန်းနေသည်။
တစ်ဖက်တွင် ဒါရိုက်တာလျိုနှင့် အဖွဲ့တို့ က လူရေတွက်နေကြသည်။
နောက်တစ်ဖက်တွင်မူ အခြားဘက်မှ ရောက်လာသည့် ပိုင်စစ်လင်း နှင့် ရှောင်ဟဲ ရှိသည်။
ထိုနှစ်ယောက် က ကျောက်ခုံပေါ်ထိုင်နေကြသည်။
ပိုင်စစ်လင်း က သစ်ပင်ကို မှီလျက်၊ ရေစက်များ မေးစေ့မှ စီးကျနေသည်။ ထိုမြင်ကွင်းမှာ လှပလွန်းသည်။
စုဖေးဖေး က ဓားတစ်လက်ကဲ့သို့ သူ့ရှေ့တွင် ရပ်နေ၏။
နှစ်ယောက်လုံးက ဆန့်ကျင်ဘက်အစွန်းနှစ်ခုလို ဖြစ်နေသည်။
[ဒီမြင်ကွင်းက...]
[ငါ့ချစ်စရာကလေး!!!]
[ငါ့ဇနီး က သူမ လောက် မတော်ရတာ ဘာကြောင့်လဲ…]
[အာဏာရှင်စုဖေးဖေး က မိုက်လိုက်တာနော်၊ ပိုင်စစ်လင်းကျတော့ သူမရဲ့ဇနီးလိုပဲ!! ဟားဟားဟား!!]
[အပေါ်က လူက ဘာဆိုတာလဲ? ငါ့ကို လာတိုက်ခိုက်!]
[ငါ မှားလို့လား? ဟား … ဟား … ဟား!]
"ဒါရိုက်တာလျို ရောက်လာသောအခါ၊ စုဖေးဖေး က ဝံပုလွေလူသားများကို ချပေးပြီး ဒါရိုက်တာထံ ဆုကြေးတောင်းရန် ရောက်လာသည်။
“စုစုပေါင်း အမှတ် ၁၀၃မှတ်!” ဒါရိုက်တာလျို က နောက်ကွယ်ကလူများ ဆီ လှည့်ပြီး အော်လိုက်သည်— “မင်း! လွှဲပေးလိုက်!”
စုဖေးဖေး၏ ဖုန်းမှာ ရေစိုနေသောကြောင့်၊ ထောက်ပံ့ရေးအဖွဲ့ က အသစ်လဲပေးသည်။ ဖုန်းဖွင့်လိုက်သော သူမ၏အကောင့်တွင် အမှတ် ၁၀၃ မှတ် တိုးလာသည်ကို တွေ့ရသည်။
လူအားလုံး ဒါရိုက်တာအဖွဲ့နှင့်အတူ လိုက်လာကြသည်။
“စုဖေးဖေး မှာ အခု အမှတ် ၁၀၃ ရှိသွားပြီ??”
“ဒါ ဘာကိုဆိုလိုတာလဲ?”
“ဒါဆို ငါတို့က ဘာလဲ?”
လူတိုင်း စုဖေးဖေးကို အားကျဖွယ်ကြည့်နေကြသည်။ ထိုအခိုက်တွင် သူတို့သာ စုဖေးဖေးနေရာမှာ ဆိုရင် ဝမ်းသာအားရ ဖြစ်နေမှာ!
စိတ်တိုစရာကြီး!
အချို့ က စုဖေးဖေးနှင့် မဟာမိတ်ဖွဲ့ကာ ဝံပုလွေလူသားများကို အတူတိုက်ဖျက်ရန် အခွင့်အရေး လွတ်သွားသည်ကို နောင်တရနေကြသည်။
[ဒါပေမယ့် စုဖေးဖေး က အဖွဲ့နဲ့ အမှတ်တွေကို အတူသုံးမယ်လို့ ပြောခဲ့တယ်မလား?]
[ဒါဆို ငါတို့ရဲ့ ပိုင်စစ်လင်းလည်း ဒီအမှတ်တွေ သုံးလို့ရမှာလား?]
[မပြောတတ်ဘူး။ စုဖေးဖေး သူများဆီက အမှတ်တောင်းတဲ့အခါ အားတက်နေပေမယ့်၊ ပေးဖို့ဆိုရင် ဘယ်လိုတွေးမလဲမသိဘူး]
[အရင်က အဖွဲ့သားတွေကို စွန့်ပစ်ခဲ့တာမှတ်မိသေးတယ်၊ ဒီအမှတ်တွေကို သူမတစ်ယောက်တည်း ဖြုန်းတီးမယ်ထင်တယ်]
[ဟုတ်တယ်၊ ငါလည်း အဲလိုပဲ ထင်တယ်၊ သူမ မှာ မကောင်းမှုမှတ်တမ်းဟောင်းတွေ ရှိတယ်လေ]
စုဖေးဖေး က ဖုန်းကို ကြည့်၍ ဒါရိုက်တာလျိုကို လှမ်းပြောလိုက်သည်— “ကျွန်မ အခု ပစ္စည်းလဲချင်တယ်။”
ဒါရိုက်တာလျို မှာ ပင်ပန်းနေပြီဖြစ်၍ လက်ခါပြလိုက်သည်။ “ကောင်တာ မှာ ကိုယ်တိုင်သွားလဲ”
[ကြည့်၊ ငါ မှန်းတာ မမှားဘူး]
[ဟုတ်တယ်၊ သူမကိုယ်တိုင်ရခဲ့တာဆိုတော့ တစ်ယောက်တည်း သုံးတာပုံမှန်ပဲ]
[ဘာကိုဆိုလိုတာလဲ? ပမာဏနဲ့မဆိုင်ပါဘူး။ အရင်က ပိုင်စစ်လင်းနဲ့ ရှောင်ဟဲတို့ က ပူးပေါင်းပြီး အမှတ်တွေကို စုဖေးဖေးထံအပ်နှံခဲ့သလို ညီညီမျှမျှခွဲဖို့ သဘောတူခဲ့တယ်။ အခု သူမက ဒီအမှတ်တွေကို ကိုယ့်အကျိုးအတွက် သုံးဖို့ တွေးနေတယ်လား? ဟာသပဲ!]
စုဖေးဖေး က လူတွေ၏ ကဲ့ရဲ့ကြည့်ရှုမှုကို လျစ်လျူရှုကာ တဲဆီတိုက်ရိုက်လျှောက်သွားသည်။
ဒါရိုက်တာလျို၏ နားထဲသို့ လက်ထောက်ဒါရိုက်တာ က တီးတိုးပြောနေသည်။ ဒါရိုက်တာလျို က ဖန်သားပြင်ပေါ်က မှတ်ချက်တွေဘက်သို့ ကြည့်ပြီး ပြုံးလေသည်။
စုဖေးဖေး ဟာ လှည့်ကွက်အနည်းငယ်တော့ သိတယ်၊ ဒါပေမယ့် ဒါပါပဲ။ သူမဟာ အမှတ်တွေရသွားပေမယ့် ဂုဏ်သတင်းဆုံးရှုံးသွားတယ်။
နောက်ဆုံးမှာတော့ ဒါဟာ ကောင်းခြင်းလား၊ ဆိုးခြင်းလား သူ ကိုယ်တိုင်မသိတော့။
၅မိနစ်ကြာပြီးနောက် စုဖေးဖေး တဲထဲမှ ထွက်လာသောအခါ လူအားလုံး အံ့အားသင့်သွားကြသည်။
ဒီလောက်မြန်တယ်?
အမှတ်၁၀၀ ကျော်နဲ့ဆို ရွေးဖို့ အချိန်တချို့ ယူရမယ် မလား?
ရှောင်ဟဲ ကလည်း စုဖေးဖေး ဘာကိုင်ထားလဲဆိုတာ လှမ်းကြည့်နေ၏။
“အစ်ကိုပိုင်၊ သူမ ဘာလဲလှယ်လာတယ် ထင်လဲ? စားစရာလား? မနက်ဖြန်ကျွန်တော်တို့ ကောင်းကောင်းစားရမှာလား?"
ရှောင်ဟဲ သည် စုဖေးဖေးကို စိတ်ရင်းအပြည့်နဲ့ ယုံကြည်သည်။
သူမ လုပ်သမျှဟာ အဖွဲ့အတွက်ဖြစ်မှာမို့လို့၊ စုဖေးဖေး က အမှတ်တွေကို တာဝန်ယူသောအခါ သူက ဘယ်တုန်းကမှ မကန့်ကွက်ခဲ့။
“မသိဘူး”
သူပြောတာဟာ အမှန်ပါပဲ။ ဒီအမျိုးသမီးရဲ့ ခေါင်းထဲမှာ ဘာရှိမှန်း သူ မသိသေးဘူး.။
အနီးအနားတဝိုက်တွင် အလင်းရောင်အတွက် မီးတိုင်များ စိုက်ထားကြ၏။ မီးအလင်းရောင်အောက်တွင် စုဖေးဖေး သည် ပစ္စည်းတစ်ပုံကို ပွေ့ထားသည်။
ပထမဦးစွာ ဝန်ထမ်းများ အား ပစ္စည်းအချို့ကို အိတ်နှင့်ကျောပိုးအိတ်များထဲထည့်ရန် ညွှန်ကြားပြီးနောက်၊ သူမ သည် ပတ်ဝန်းကျင်ကို လှည့်ကြည့်ကာ ပိုင်စစ်လင်းထံသို့ လျှောက်လာသည်။
"သူမ လာပြီ!" ရှောင်ဟဲ က မျှော်လင့်ချက်နဲ့ ပြောလေ၏။ စုဖေးဖေး ရောက်လာသော်လည်း ပိုင်စစ်လင်း က ဘာမှမပြော။
ထိုအခါ သူမသည် သူမ၏လက်နှစ်ဖက်ထဲက ပစ္စည်းအားလုံးကို ပိုင်စစ်လင်း၏ ခြေထောက်အနားသို့ ပစ်ချလိုက်သည်။
“မင်း ရေချိုးချင်နေတယ် ဟုတ်၊ ဒါတွေ က မင်းအတွက်”
ပိုင်စစ်လင်း ခေါင်းငုံ့ကြည့်၏။ သူတစ်ယောက်တည်းမဟုတ်၊ အားလုံး အံ့အားသင့်သွားကြသည်။
ရှောင်ဟဲ ပင် အံ့အားသင့်နေသည်။ "မျက်နှာသစ်ဆေး??? ဖေးဖေး၊ မင်း ပိုင်စစ်လင်း အတွက် ဒီပစ္စည်းတွေ လဲဖို့ အမှတ်အားလုံးကို တကယ်ပဲသုံးလိုက်တာလား?"
သူမ ပိုင်စစ်လင်းရဲ့အသန့်ကြိုက်တဲ့စိတ်ကို တကယ်ကို စိတ်ပူတယ်!
ပိုင်စစ်လင်း က တနေ့လုံး ဘာမှမစားရသေးဘူး။ သူ က အမှတ်၄မှတ်ဖြင့် ပိုးသတ်ဆေးပါတဲ့တစ်ရှူး ကို လဲခဲ့၏။
ဒီလိုဆက်သွားမယ်ဆိုရင် ပိုင်စစ်လင်း ငတ်သေမှာ တကယ်စိုးမိပါ၏။!
စုဖေးဖေးလည်း ဒါကိုသတိထားမိမှန်း သူ မထင်မှတ်ထားဘူး!
ရှောင်ဟဲ က ပိုင်စစ်လင်းကို အံ့အားသင့်စွာကြည့်နေသည်။
ပိုင်စစ်လင်း ခေါင်းငုံ့ကြည့်၏။ ခေါင်းလျှော်ရည်၊ လက်ဆေး၊ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး၊ သွားပွတ်တံ... အရာအားလုံး ဒီမှာရှိနေသည်။
သူ စဥ်းစားမိတဲ့ နေ့စဥ်သုံးပစ္စည်းတိုင်း ပါဝင်၏။
ပိုင်စစ်လင်း က မျက်လုံးမော့ကြည့်ရာ သူ၏ ဇီးသီးပန်းပွင့်ပုံမျက်လုံးလေး နည်းနည်းတုန်လှုပ်နေလျက် စုဖေးဖေးကို စိုက်ကြည့်နေသည်။
"ဘာလဲ? မကြိုက်လို့လား?” စုဖေးဖေး က မျက်မှောင်ကြုံ့၍ မေးသည်။
ဒီလူက တကယ်ကို နုနယ်လွန်းတယ်။
ဒီနေ့ သူ က ပိုးသတ်တစ်ရှူး လှဲဖို့ အငတ်ခံခဲ့တယ်၊ အခု အရာအားလုံးရသွားတော့လည်း ဝမ်းသာဟန်မရှိဘူး။
သူ က သူမ တွေ့ဖူးသမျှမှာ အခက်ခဲဆုံးလက်အောက်ငယ်သားပဲ!
နောက်တစ်စက္ကန့်တွင် ပိုင်စစ်လင်း၏ နှုတ်ခမ်းမှာ ကွေးတက်သွားလေသည်။
“ကြိုက်တယ်”
လူတိုင်း အံ့ဩသွားကြပြန်တော့သည်တကား။