no

Font
Theme

Ch19 - ကျောက်ကပ်အားနည်းတယ်။

စက္ကန့်ပိုင်စစ်လင်းအကြာတွင် သူ တံထွေးမြိုချ၍ အော်ပြောလေသည်။

"ဘ...ဘာပြောတာလဲ?"

"အမှတ်၅၀၀ လို့ပြောလိုက်တာလေ၊ နားပင်းနေလား?"

[နားမလည်ဘူး! လုံးဝနားမလည်ဘူး!]

[ညည်းနေတာ ရပ်စမ်းပါ!]

[ဒီလောက်များတယ်လား?? တိုင်းရင်းဆေး‌ကျောင်းသား ရှိရင် ရှင်းပြပါဦး!]

[ကျွမ်းကျင်သူ ရှိပါတယ်။ ဒီတောနက်ဂေါ်ရခါးကို စစ်ဆေးကြည့်လိုက်တော့— အပူပိုင်စစ်လင်းဒေသ က ဂေါ်ရခါးကြီး၊ ဆေးဖက်ဝင်မှုအလွန်မြင့်၊ တစ်ခုကို ဒေါ်လာသောင်းချီတန်! ဒီနှစ်လုံးက အရောင်အသွေးပြည့်ပြီး ပြည့်ဝ! ဈေးပိုတင်လို့ရ!]

[ဖာ့ခ်၊ စုဖေးဖေး က ဒီလောက်တောက်လန့်စရာကောင်းတာလား?]

[ငါအခုလေးတင် မေးခွန်းသင်္ကေတပုံတွေ ရာချီပို့ထားတာကို ဖျက်လိုက်ပါတယ်...]

ရန်ပိုင်၏ မျက်နှာ မှာ ငရုတ်သီးပုလင်းလှိမ့်ကျသလို နီမြန်းလာပြီး အရောင်ပြောင်းသွားချေသည်။

လူအုပ်က တိတ်ဆိတ်နေပြီး နောက်မှ မနာလိုသံများ ထွက်လာသည်။

“ကျွန်မပြေ ာပြီးသား၊ မင်းလို အမှိုက်တွေကို မခူးဘူးလို့” စုဖေးဖေး လှည့်ထွက်သွားသည်။ ကျန်ရစ်သူများ မှာ မျက်နှာချင်းဆိုင်ကြည့်ကာ စိတ်ပျက်နေကြသည်။

ဒါရိုက်တာ, မှာ စိတ်အထိခိုက်ဆုံးဖြစ်ပေသည်။

[ ဟား...ဟား၊ ဒါရိုက်တာ,ခင်ဗျား … သူ့ပိုက်ဆံအိတ်ပြတ်တာထက် ပိုပြီးစိတ်မကောင်းဖြစ်နေမှာပဲ!]

[ငါ့စုပိုင်အိုး ထပ်မံပူလောင်မှုကို ဖန်တီးပြန်ပြီ!]

[ဒါက ဂိမ်းချိန်ခွင်လျှာ ကို ပျက်စီးစေမှာလား?]

ဖန်သားပြင်ပေါ်က ဆွေးနွေးမှုများ ရပ်တန့်မသွားသလို ရိုက်ကူးရေးမှာ ရှိနေသောလူများလည်း ထုံထိုင်းနေကြသည်။

အမှတ်၅၀၀?

သူမဟာ ကောင်တာ မှ အစားအစာအများစုကို တိုက်ရိုက်ဝယ်ယူနိုင်ပြီး ၁၀ရက်ကျော် အလွယ်တကူရှင်သန်နိုင်တယ်!

ရှောင်ဟဲ သည် ဘေးမှစောင့်ကြည့်နေပြီး စုဖေးဖေးကို ဖက်ထားလိုစိတ်ဖြစ်သော်လည်း ချက်ချင်းရပ်လိုက်သည်။

"အစ်မဖေးဖေး! အခု ကျွန်တော်တို့မှာ အမှတ်၅၅၅မှတ်ရှိနေပြီ၊ ကျွန်တော်တို့ ချမ်းသာသွားပြီ!"

လူတိုင်း၏ မျက်လုံးများ က စုဖေးဖေးအပေါ် ကျနေ၏။

စုဖေးဖေး က ပြုံးလိုက်ပြီး မေးလိုက်သည်—"ပျော်လား?"

"အစ်မ က ကျွန်တော့်နတ်ဘုရားမပဲ! ကျွန်တော် ပျော်လွန်းလို့ လေပေါ်မြှောက်တက်တော့မယ်!" ရှောင်ဟဲ စိတ်လှုပ်ရှားစွာ အော်ဟစ်သည်။ "ဒီတစ်ခါတော့ ရန်ပိုင် နှုတ်ပိတ်သွားမှာပဲ!"

ရှောင်ဟဲ ဟာ အလွန်ရိုးသားသူ— အလုပ်ပြီးတာနဲ့ ဗိုက်ဆာလွယ်သူပင်။

သူ့ဗိုက် က ၉ကြိမ်မြောက် ဆာလောင်သည့်အသံ ထွက်လာသောအခါ စုဖေးဖေး ကို ရှက်ရှက်နှင့်ကြည့်သည်။

"စားစရာ...ရှိလား?" ရှောင်ဟဲ ပထမဆုံးအကြိမ် ရှက်သံနှင့် မေးလိုက်သည်။

"ရှိတယ်"

ပြောရင်း သူမ မြွေဘက်သို့ လှည့်ကြည့်သည်။

"အဲဒါ မဟုတ်ဘူး! ကျွန်တော်... ရုတ်တရက်ကြီး ဗိုက်ပြည့်သွားပြီ!"

"စိတ်မပူပါနဲ့၊ မင်းကို မချက်ခိုင်းဘူး" စုဖေးဖေး သူ့ကိုကြည့်ပြီး ပြောလိုက်သည်။ "မင်း ကြည့်ထားစမ်းပါ” ဟု သူမ သူ့ဆံပင်ကို ဖွဖွလေးပွတ်ပေးလိုက်သည်။

ရှောင်ဟဲ စိတ်သက်သာရာရသွားသည်။

"ငါ ကိုယ်တိုင်ချက်မယ်" ရှောင်ဟဲ မှာ သည်းမတက်ဖြစ်သွားလေသည်။ သူ မငြင်းဆန်ခင် စုဖေးဖေး က ပြောလေသည်။ “

"ထင်းသွားခုတ်”

ရှောင်ဟဲ မှာ မျက်နှာညိုးပြီး အမိန့်ကိုနာခံရသည်။ တန်တန် ကတော့ ဘေးကနေ စောင့်ကြည့်နေကာ စူးစမ်းလိုစိတ်ပြည့်နေသည်။

"မြွေသား၊ ကျွန်မတစ်ခါမှမစားဖူးဘူး" တန်တန် က အချိန်ကိုက်ပြောသော်လည်း အသံထဲမှာ မျှော်လင့်ချက်ပြည့်နေသည်။

ရှောင်ဟဲ က သူမကို ထိတ်လန့်စွာကြည့်ရင်း— "အခုခေတ် မိန်းကလေးတွေ ဘာဖြစ်နေကြတာလဲ? ဘာဖြစ်နေကြတာလဲ?”

၄ယောက်စလုံး အလုပ်ကို ချက်ချင်း စတင်ကြသည်။

စုဖေးဖေး အမိန့်ပေးသည်နှင့် ကျန်သူများချက်ချင်းလိုက်နာကြသည်—အချို့က ထင်းခွဲ၊ အချို့က တောင်းသယ်၊ အားလုံးက အလိုအလျောက်ညီညွတ်မှုဖြင့် အလုပ်လုပ်ကြသည်။

လူသူကင်းမဲ့သောကြယ်ကျွန်း ပေါ်ရှိ နေဝင်ချိန်၏ နောက်ဆုံးအလင်းတန်းများ ပျောက်ကွယ်သွားလေပြီ။ လှပငြိမ်းချမ်းသော ရှုခင်းတစ်ခု ဖြစ်ပေါ်လာ၏။

ပိုင်စစ်လင်း သည် စုဖေးဖေး ၏ နောက်မှ လိုက်လာသည်။ သူတို့နှစ်ဦး ကျွန်းတွင်းနက်ရှိုင်းရာသို့ လျှောက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ကို လျှို့ဝှက်ကြည့်ရှုကာ မျက်ဝန်းများကျဉ်းမြောင်းသွားလေ၏။

နေ့လည် က အခွင့်အရေး မရခဲ့။ သို့သော် ယခုအချိန်မှာကား စမ်းသပ်ရန် အကောင်းဆုံးအချိန်ပင်ဖြစ်သည်။

စုဖေးဖေး ကို နောက်ဆုံးတစ်ကြိမ် စမ်းကြည့်မည်။ ဤကမ္ဘာတွင် သူမ က အမှန်ပင် မူရင်းဇာတ်လမ်းအတိုင်း မလိုက်ပါက၊ သူမ က ပြသာနာတစ်ခုဖြစ်နေပါက အခြားအစီအစဉ်များ ပြင်ဆင်ရတော့မည်။

တစ်ဖက်တွင်မူ ထန်ထန် သည် ထင်းစများ ကောက်ယူပြီး စုဖေးဖေး ရှိရာသို့ သွားမည်ပြုစဉ် ရှောင်ဟဲ က ဟန့်တားလေ၏။

"ဟင်?"

"ကျွန်တော်..." ရှောင်ဟဲ ၏ မျက်လုံးများ လှုပ်ရှားသွားကာ ရုတ်တရက် ကုန်းချလိုက်၏။ "အား! ဗိုက်အောင့်လာပြီ! ဘာလို့ ဒီလောက်ဆိုးရတာလဲ? ထူးဆန်းလိုက်တာ..."

"ဘာဖြစ်တာလဲ?" ထန်ထန် က ချက်ချင်း ခန္ဓာကိုယ်ကို ငုံ့ချလိုက်၏။ “အဖွဲ့ခေါင်းဆောင်ကို သွားခေါ်လိုက်ဦးမယ်!"

"မလိုဘူး!" ရှောင်ဟဲ သည် အနီးရှိ ကျောက်တုံးကို လက်ညိုးပြလေ၏။ “အဲဒီမှာ ခဏသွားထိုင်လိုက်ဦးမယ်!"

ထန်ထန် နှင့်အတူ ထွက်ခွာသွားစဉ် ရှောင်ဟဲ သည် နောက်ဖက်သို့ တိတ်တဆိတ် လှမ်းကြည့်ခဲ့၏။

‘ဟမ့်၊ အစ်ကိုပိုင့်အနားမှာ အကြာကြီးနေပါများလို့ ငါ့သရုပ်ဆောင်စကေး က တိုးတက်လာတာဖြစ်ရမယ်!

သူတို့နှစ်ဦး ကို အချိန်ပေးဖို့ ဒီလိုအားထုတ်ရတော့..အစ်ကိုပိုင် ဆီ က ချီးကျူးခံရမှာပဲ!'

[ရှောင်ဟဲ... မင်းရဲ့ သရုပ်ဆောင်တဲ့ပုံစံ က ချို့ယွင်းနေတယ်နော်]

[ရှောင်ဟဲ က လူကောင်းတစ်ယောက်ပါ၊ တကယ် ဗိုက်အောင့်နေတာပဲဖြစ်မယ်!]

[ရှောင်ဟဲ… နင် ငါ့အတွက် ရပ်တည်ပေးရမှာနော်! မြန်မြန်ပြန်လာပြီး ဟိုဘက်ကို ကြည့်လိုက်စမ်း! သူတို့နှစ်ယောက်တည်း အချိန်ဖြုန်းဖို့ ခွင့်မပေးနဲ့!]

ကင်ရာမြင်ကွင်း က စုဖေးဖေးနှင့် ပိုင်စစ်လင်း ဘက်သို့ ပြောင်းသွား၏။

ပိုင်စစ်လင်း က ခန္ဓာကိုယ်တုန်ယင်ဟန်ဆောင် ကာ ရုက်တရက် လဲကျသွားလေ၏။

"ဘာဖြစ်တာလဲ?" စုဖေးဖေး က လှည့်ကြည့်သည်။

"ဘာမှ..." နေဝင်နီကပ်အလင်းတွင် သူ၏မျက်နှာမှာ ပို၍ဖြူဖျော့လာသည်၊ "ခေါင်းမူးနေလို့… ဆက်သွားကြရအောင်…”

မည်းနက်သောမျက်လုံးများ က သူမဘက်သို့ လှည့်လာကာ ရုတ်တရက် စုဖေးဖေး၏ ရင်ခွင်ထဲသို့ လဲကျသွားမည်ပြုသည်။

စုဖေးဖေး က မြန်ဆန်လှ၏။ သူမ၏ဒူးပေါ်တွင်ပိုင်စစ်လင်းကိုမှီထားစေကာ ခါးကိုထောက်ပေးထား၍ ထိုင်စေ၏။

မြင်ကွင်းသည် ရုတ်တရက် အိုင်ဒေါ်ဇာတ်လမ်း တစ်ပုဒ်ကဲ့သို့ ဖြစ်သွားတော့သည်။

စုဖေးဖေး ဒူးတဖက်ထောက်ထားစဉ် ပိုင်စစ်လင်း က သူမ၏ဒူးပေါ်သို့ မှီလျက်အနားယူနေသည်။

သူမ သည် နဂါးကျောက်စိမ်းလိုပင် လှပ၍ အသားအရည်က ချောမွေ့၏။ အနီးကပ်ကြည့်လျှင်ပင် ချွေးပေါက်ပင်မတွေ့ရ၊ ကြက်ဥအခွံမရှိသော ကြက်ဥကဲ့သို့ပင်။

[ဘာ?! ငါတို့ နားမလည်တဲ့ အပိုင်းကို ရုတ်တရက် ရောက်သွားတာလား??]

[ပိုင်စစ်လင်း မင်း ထိန်းထိန်းသိမ်းသိမ်းနေပါလို့ပြောချင်တယ်]

[စုဖေးဖေး ခုနကပိုင်စစ်လင်း ကို တွဲထားပုံက နည်းနည်းရယ်ရသား]

[ဒီပုံရိပ်က အရမ်းလှလွန်းတယ်... ငိုချင်လာပြီ...]

ပိုင်စစ်လင်း သည် စုဖေးဖေး၏ ငေးကြည့်နေမှုကို ဘေးမှ ကြည့်လျက် ပြုံး၏။

ဇာတ်လမ်းအတိုင်း စလိုက်ရအောင်။

ထိုမိန်းမ က ကြယ်ကျွန်းကနေ ဖယ်ရှားနိုင်ရင် ဇာတ်လမ်း ပုံမှန်ပြန်ဖြစ်သွားမှာပဲ။ ဒီလောက် ကိုယ်ခန္ဓာ စတေးပြီး စမ်းသပ်နေတာတောင် သူမဘက် က တုန့်ပြန်မှုမရှိ။ ဒါက သူ့ကို စိတ်ဆိုးစေ၏။

"မလှုပ်နဲ့" ဟု စုဖေးဖေး က ပိုနီးကပ်စွာ ရွေ့လျားလာကာ ပြော၏။

ပိုင်စစ်လင်း က လိုက်နာခဲ့သော်လည်း နှုတ်ခမ်းထောင့်များ ကွေးတက်သွားတော့သည်။

သူမ က တဖြည်းဖြည်း ချဉ်းကပ်လာသည်ကို ခံစားရပြီး လက်များကို ဘေးတွင် ကပ်ထားကာ မည်သည့်အချိန်၌မဆို သူမကို တွန်းဖယ်ရန် အသင့်ရှိသည်။

သို့သော် ရေအောက် က အနမ်းကို ရုတ်တရက် သတိရသွားသောအခါ သူ၏ ဆုပ်ကိုင်ထားသော လက်သီးများ ရုတ်တရက် လျော့သွားသည်။

နောက်တစ်စက္ကန့်တွင် အမည်းရောင် အရာတစ်ခုကို သူ၏ပါးစပ်ထဲသို့ အတင်းထည့်လာခဲ့၏။

ပိုင်စစ်လင်း နဖူးတွန့်ကာ မျက်လုံးများကို ချက်ချင်းဖွင့်လိုက်သည်။

"ခန္ဓာကိုယ် အရမ်းအားနည်းနေတာ" ဟု စုဖေးဖေး က အစာကို ထည့်ကျွေးရင်း လေးလေးနက်နက် ပြောသည်။ "မျက်နှာဖြူဖျော့နေတယ်၊ အသက်ရှူမြန်နေတယ်၊ ပါးပြင်တွေ နီနေတယ်။ နောက်ဆုံးတခေါက် တဲထဲမှာ ရှိတုန်းက မင်း ရဲ့ ကျောက်ကပ်အားနည်းနေလို့ အားဆေးသောက်ဖို့ကို ပြောချင်ခဲ့တာ”

"ကျောက်ကပ်အားနည်းနေတာလို့ ငါတော့ ထင်တယ်”

ပိုင်စစ်လင်း : “...”

[ဘာ?! ကျောက်ကပ်အားနည်းတယ်?????]

[ငါ ရယ်သေတော့မယ်!]

[မီးမောင်းထိုးပြောကြ!ပိုင်စစ်လင်း က ကျောက်ကပ် အားမနည်းဘူးဆိုတာ!]

[ငါတို့ ဘေဘီပိုင်ရဲ့ ခန္ဓာကိုယ် က ကျန်းမာတယ်နော်!]

[ကူညီပါဦး!!! ငါ ရယ်နေတာ အရမ်းကြောက်လို့ အိမ်နီးချင်းတွေ တံခါးခေါက်နေပြီဟ!]

[စုဖေးဖေးကို ထိန်းနိုင်မယ့်သူ ရှိသလားဟေ???]

တစ်မုဟုတ်ချင်းတွင် လူမှုကွန်ရက်များပေါ်၌ ‘ပိုင်စစ်လင်း၏ ကျောက်ကပ်အားနည်းခြင်း’ အကြောင်းအရာ မှာ ထိပ်တန်းရှာဖွေမှုအဖြစ် ပေါ်ပေါက်လာခဲ့ချေသည်တကား။

ထိုချိန်မှစ၍ ‘စုဖေးဖေး၏ အင်္ကျီလက်ထဲမှ ကျပန်းလှည့်ကွက်များ’အကြောင်းလည်း နောက်ထပ် ထိပ်တန်းရှာဖွေမှုတစ်ခု ဖြစ်လာခဲ့တော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment