no

Font
Theme

Chapter 17: အလှလေးရဲ့ထက်မြက်သည့် လျှာ

မြက်ခင်းပြင်တစ်ဖက်မှ စုဖေးဖေး က လက်ဆန့်ထုတ်ကာ လှည့်ကြည့်သည်။

ပါးပြင်ပေါ်က ဆံပင်လေးများ လေတို့နှင့်အတူ ယိမ်းထိုးသွားပြီး ကြည်လင်သော ကောင်မလေးဆန်သော ခံစားချက်ကို ခံစားရသည်။

ရှောင်ဟဲ မင်သက်သွားရသည်။

နှစ်ပေါင်းများစွာ ထိပ်တန်းလက်ထောက်တစ်ဦးဖြစ်ခဲ့သော သူ သည် အမျိုးမျိုးသောမျက်နှာတွေကို မြင်ဖူးခဲ့သော်လည်း ထိုအခိုက်အတန့်တွင် စုဖေးဖေး၏ အလှကမူ အံ့အားသင့်စေခဲ့သည်။ ထို့နောက် သူ မျက်စောင်းထိုးကြည့်လိုက်ရာ ထိုင်ခုံပေါ်တွင် ပက်လက်လှန်လျက် အနားယူနေသောပိုင်စစ်လင်း ကို တွေ့လိုက်ရသည်။ ဟန်ပန်များမှာ ပျင်းရိပျင်းတွဲ့ဖြစ်နေသော်လည်း သူ၏ မျက်လုံးများ က စုဖေးဖေးကိုသာ စူးစိုက်ကြည့်နေသည်။

'တစ်ခုခုတော့ ဖြစ်တော့မယ်...'

နောက်စက္ကန့်အတွင်း စုဖေးဖေး က လက်နှစ်ဖက်ဖြင့် ဆံပင်ကို စုယူ၍ စည်းကာ နှာခေါင်းရူံ့လေသည်။ "ငါတို့အသင်းကို စော်ကားလို့မရစေရဘူး! နင်တို့ ဒီမှာနေခဲ့။ ငါ ဆေးဖက်ဝင်အပင်တွေ ရှာခဲ့မယ်"

ရန်ပိုင် သူဘာမှားသွားမိမှန်း မသိခဲ့။

ရှောင်ဟဲ : “...”

လှပေမယ့် နှုတ်သီး က ထက်မြက်လွန်းတယ်။

[ဆေးဖက်ဝင်အပင်တွေလို့ပြောလိုက်လား? ငါ မှားကြားလိုက်တာလား???]

[ငါလည်း အဲဒါပဲ မေးချင်နေတာ။ အဲ့ဒီလူ က တရုတ်ရိုးရာဆေးပညာရှင်တစ်ယောက်။ သူ ဆေးဖက်ဝင်အပင်ရှာတဲ့အခါတိုင်း ကိရိယာအမျိုးမျိုးယူသွားတယ်၊ သူမ က ဘာတစ်ခုမှမပါဘဲနဲ့ ရှာနိုင်မှာတဲ့လား?]

[စုဖေးဖေးရဲ့ နတ်သမီးမျက်နှာကို ဘယ်သူမှ သတိမထားမိဘူးလား?]

[တံတွေးမျိုချသံတွေ ကြားနေရတယ်၊ ဟား…ဟား]

စုဖေးဖေး က ပိုင်စစ်လင်း ၏ စူးရှသောအကြည့် ကို ချန်ထားခဲ့ကာ နောက်ပြန်မကြည့်ဘဲ လှမ်းထွက်သွားသည်။

အဓိကထိန်းချုပ်ရေးစခန်းအနီးတွင် တောင်တတောင် ရှိသည်။ ဤကျွန်း ၌ တကယ်တော့ မီးတောင်သေတစ်ခု ရှိသည်။ မီးတောင်ဝအနီးသို့ နီးလေလေ၊ သတ္တုရိုင်းနှင့် သဘာဝထွက်ကုန်များ ပေါများလေလေဖြစ်သည်။

စုဖေးဖေး ဤနေရာ၏ ဩဇာထက်မြက်မှုကို အစကတည်းက သိရှိထားပြီးဖြစ်သည်။ ဤလှုပ်ရှားမှုမရှိလျှင်တောင် ပစ္စည်းများစုဆောင်းရန် ဤနေရာသို့ သွားမည် ဖြစ်သည်။

သူမ သွားရာလမ်းတွင် ရပ်လိုက်သွားလိုက်ဖြင့် မြက်ပင်များနှင့် အမြစ်များကို ဆွဲနှုတ်သည်။ သူမ၏လှုပ်ရှားမှုများမှာ လျင်မြန်ပြီး ချောမွေ့၏?

[အကဲဖြတ်ပြီးပြီ။ ဒီငနဲမ လွန်လွန်ကဲကဲလုပ်နေတာဟ]

[ခဏလေး... စုဖေးဖေး နောက်က တစ်ခုခု ထလာနေတယ်!]

[မြွေ ထင်တယ်!!]

[ထုတ်လုပ်‌ရေးအဖွဲ့ကို အသိပေးပါ။ တစ်ယောက်ယောက် သေတော့မယ်!]

[အွန်လိုင်းမှာ ဆွေးနွေးကြရအောင်!]

ပင်မထိန်းချုပ်ခန်းအတွင်း၊ "#စုဖေးဖေးကိုကယ်တင်" ဆိုသည့်အကြောင်းအရာမှာ ပိုမိုရေပန်းစားလာပြီး လူတိုင်း က စုဖေးဖေး သွားသည့်လမ်းကြောင်းကို တားမြစ်ပေးဖို့ ဒါရိုက်တာအဖွဲ့ ကို တောင်းဆိုခဲ့ကြသည်။ မဟုတ်ရင် တစ်ခုခု ဖြစ်လိမ့်မယ်။

လက်ထောက်ဒါရိုက်တာ က မော်နီတာကို ပူပန်စွာ ကြည့်၍ ပြောသည်။ “ဒါရိုက်တာ၊ ခင်ဗျား ကြားမဝင်ဘူးလား?”

ဒါရိုက်တာလျို သည် သန်းနှင့်ချီသောကြည့်ရူသူတွေကို ကြည့်ရင်း သွားတင်းတင်းကြိတ်ကာ ပြောသည်။ “မဝင်ဘူး! ငါတို့ မြွေဆိပ်ဖြေဆေး ပြင်ဆင်ထားတယ် မဟုတ်ဘူးလား?”

“မရှိဘူးလေ!” အရံအဖွဲ့ တာဝန်ခံ က ဒါရိုက်တာ ကို တင်ပြလေသည်။

"ခဏလောက်စောင့်ရအောင်" ဒါရိုက်တာလျို က ဒုတိယအကြိမ်ထပ်ပြောပေမဲ့ လေသံမှာ ပျော့ပျောင်း၏။ တစ်ချိန်တည်းမှာပင်၊ စခရင်ပေါ်ရှိ လူ သည် လုံးဝသတိမထားမိသလို ရှိနေသည်။

စုဖေးဖေး က ဆေးပင်များကို ရှာဖွေနေဆဲ။ သူမ၏ဆံပင်ကို နောက်ကျောတစ်ဖက်တွင် ချည်နှောင်ထားပြီး သူမ၏လှုပ်ရှားမှုများ က ပေါ့ပေါ့ပါးပါးနှင့် သဘာဝကျသည်။

မြွေစိမ်း သည် လျှာထုတ်လျက် သူမ၏ ဦးတည်ရာဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားသွား၏။

[F*ck ငါ တုန်နေတယ်! အဲဟာ က ရွံစရာကြီး!]

[ဒါရိုက်တာ ဘာဖြစ်နေတာလဲ?]

[စိတ်လှုပ်ရှားစရာ! စိတ်လှုပ်ရှားစရာ တစ်ခုခု ဖြစ်လာတော့မယ်!]

[ဒီမှာ ဒါရိုက်တာအဖွဲ့က တစ်ယောက်မှ မရှိသေးဘူး။ ဒီမြွေ က အဆိပ်ပြင်းတာ သေချာတယ်]

[သူမ ကို ကိုက်လိုက်လို့ မရဘူးလား]

[ငါ အဲမြွေမျိုး ကို ရှာထားတယ်၊ အဲဒါ အပူပိုင်းဒေသ က မြွေဘုရင်ဟ]

[သေစမ်း!]

မြွေ၏ ခန္ဓာကိုယ် သည် တိုက်ခိုက်ရန် အနေအထားတွင် ရှိနေသည်။

အချိန်ကိုက်ပင် ဒါရိုက်တာ က သူ့လူတွေကို အမြန်ပြေးဖို့ အမိန့်ပေးလေသည်။

ဘာပဲဖြစ်ဖြစ် စုဖေးဖေးရဲ့မတော်တဆ က သူနဲ့ဘာမှမဆိုင်ဘူး။ သူ အကူအညီပေးသရွေ့ စုဖေးဖေးအတွက် တာဝန်ယူစရာမလိုဘူး။ ဒီလူတွေ က သေခြင်း၊ ရှင်ခြင်း စာချုပ်မှာ လတ်မှတ်ထိုးထားကြတာ!

မနှစ်က အဖြစ်အပျက်ပြီးနောက် ကြည့်ရှုသူ အဆင့်သတ်မှတ်ချက် က အထွတ်အထိပ်သို့ ရောက်ရှိသွားသည်ကို သတိရမိသည်။

လူအချို့ သည် ရိူးတစ်ခုမှ တစ်ခု သို့ ထွက်ခွာသွားခဲ့သော်လည်း ဒုတိယရာသီအတွက် အရှိန်အဟုန်ကို တည်ဆောက်ရန် ကူညီပေးနေဆဲဖြစ်သည်။

ကစားချင်မှတော့ ကြီးကြီးမားမား ကစားလိုက်လေ!

ဤအကြိမ်တွင် စုဖေးဖေး၏ သေဆုံးမှုကို ပူဇော်ကာ ကြည့်ရှုနှုန်း တက်ဖို့ အသုံးချမည်!

ဒါရိုက်တာလျို မှာ မျက်လုံးများ ကျဉ်းမြောင်းသွားချေသည်။

ဖန်သားပြင်တစ်ဖက်တွင် မြွေကြီး က ကွင်းပြင်၌ လည်ပတ်နေချေသည်။

[ထိုးဖောက်တိုက်ခိုက်တော့မှာဟ!]

[စုဖေးဖေး ကို မကြိုက်ပေမဲ့ သူမ မသေသင့်ဘူး!]

[မြန်မြန်ကယ်တင်ကြ!]

သို့သော် မည်မျှပင် ဝေဖန်မှုများနေပါစေ၊ လေထဲ၌ တဆိတ်တိတ် ဟီးဟီးနှင့် ပျံဝဲနေသော ဒရုန်းတစ်စင်းသာ ရှိနေသည်။

နောက်တစ်စက္ကန့်တွင် မြွေကြီး က ကိုယ်ကို ဖြောင့်တန်းစွာ ပပျဉ်းထောင်လာတယ်!

စုဖေးဖေး ကနောက်မလှည့်ဘဲ မြက်တောထဲသို့ နှင်းဆီကဲ့သို့ဖြူသောလက် မှာ ဦးတည်လာချေသည်။

မြွေကြီးက လျှပ်တစ်ပြက် ရှေ့သို့ ရောက်လာတယ်!

စုဖေးဖေး က နောက်ဘက်မှ အသံကို ထက်မြက်စွာ သတိပြုမိပြီး ချက်ချင်း လှည့်ကြည့်ကာ နဖူးတွန့်သွားသော်လည်း အချိန်နှောင်းသွားပြီ!

[အမလေး!!!]

[ငါ ဆက်မကြည့်နိုင်တော့ဘူး!!!!!]

အော်ဟစ်သံနှင့် ကျောက်ခဲအသံတို့ကို တပြိုင်နက်တည်း ကြားလိုက်ရ၏။

စုဖေးဖေး ရုတ်တရက် လှည့်ကြည့်လိုက်သည်။

သူမမျက်စိအတွင်းသို့ ထိုးဝင်လာသည်မှာ ကျောက်ခဲထိမှန်၍ လဲကျနေသော မြွေ နှင့် ၊ ပြီးလျှင် ပယင်းရောင်မျက်လုံးပိုင်စစ်လင်းရှင် မျက်နှာတစ်ခု။

[ပိုင်စစ်လင်း!!!!!]

[အရမ်းချောတယ်!]

[ခုနက ….စုဖေးဖေးကို ပိုင်စစ်လင်း က ကယ်တင်တာလား??]

[ငါ ချွေးတွေပြန်နေပြီ!]

[စုဖေးဖေးရဲ့ ရှေး ဘဝက ကြီးကျယ်ခဲ့လို့ ဤကံကောင်းမှုမျိုး ကို ရတာများလား?]

စုဖေးဖေး က မျက်ခုံးပင့်၍ မြေပေါ်က မြွေကို တလှည့် ပိုင်စစ်လင်း တလှည့် လှမ်းကြည့်၏။

စုဖေးဖေး က မျက်ခုံးပင့်ကာ မြေပေါ် က မြွေကို တလှည့်ပိုင်စစ်လင်းကိုတလှည့် လှမ်းကြည့်၏။

သူ့နောက်တွင် မီးတောင်တစ်ခု တည်ရှိနေသည်။ ပတ်လည်၌ မြစ်ဖျားခံလာသော ရေတံ

ခွန်ပြာလဲ့လဲ့ က ကမ်းပါးမှ ဖြာကျဆင်းလျက် ပက်ဖျန်းသံများ ပြန့်နှံ့နေသည်။ ပိုင်စစ်လင်း က ချောက်ကြားကို ဖြတ်ကျော်ထားသော သက်တံ့ကိုနောက်ခံထားလျက် မတ်တပ်ရပ်နေလေရာ မျက်စိစားဖွယ်ကောင်းလှသည်။

စုဖေးဖေး ကြီးမြတ်သောရန်တိုင်းပြည်ကြီးကို ပြန်အောက်မေ့သွားသည်။ နန်းတော်အသစ်တည်ဆောက်စဉ်က မင်းမှုထမ်းများ စိတ်ကျေနပ်စေရန် ယောက်ျားအများအပြားကို နန်းတွင်းသို့ ခေါ်ယူခဲ့ရသည်။

လွှမ်းမိုးလိုသူ၊ ဖြူသူ၊ ခပ်ဝဝ၊ ခပ်ပိန်ပိန်… လူစည်ကားသော နံနက်ဈေးကြီးသဖွယ် စုံလင်လှပေသည်။

သို့သော်ပိုင်စစ်လင်းကဲ့သို့သော ပုဂ္ဂိုလ်မျိုးကိုမူ မမြင်ဖူးခဲ့။

စုဖေးဖေး မှာ စူးရှသောမျက်လုံး ရှိလို့ ဤတပ်သား ဟာ ပေါ်လွင်သည့်အသွင်ထက် ပိုမိုနက်နဲကြောင်း ယခင်ကတည်းက သိမြင်ထားသည်။

သို့သော် သူမ အပေါ် မသက်ရောက်သရွေ့ နှောက်ယှက်မည် မဟုတ်။ ထို့အပြင် အသင်းဖော်တပ်သား ဆိုသည်မှာ ကျောအပ်နိုင်သူဖြစ်၏။ သူမ သုံးမည့်လူ အပေါ် သံသယမဖြစ်သင့်၊ တစ်စုံတစ်ယောက်အပေါ် သံသယရှိလျှင် သုံးမည် မဟုတ်။ စုဖေးဖေး သည် စိတ်ထဲရှိ ဗီဇအသိကို အမြဲယုံကြည်လေ့ရှိသည်။

ထို့ကြောင့် ပိုင်စစ်လင်းကို နှစ်သက်ရခြင်းဖြစ်၏။ ရှုပ်ထွေးသော်လည်း စိတ်ပူဖို့ မလို၊ စိတ်ဓာတ်ခိုင်မာပြီး အပြုအမူကောင်းသည်။ ထို့အပြင် သဘာဝအလျောက် ကောင်းကင်ဘုံ က ချပေးသနားသည့် မျက်နှာအဆင်းဖြင့် မွေးဖွားလာသူပင်။

ထိုအခိုက် ဝေဖန်မှုများက သဘာဝအတိုင်း ဖန်သားပြင်ကို လွှမ်းမိုးသွားသည်။

ဖန်သားပြင်ပေါ်တွင် မိမိ၏အမျိုးသမီး ကို ကာကွယ်နေသော ယောက်ျားတစ်ဦး၏ ပုံရိပ်သာမြင်ရသည်။ သူတို့အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်စဉ် ဖန်သားပြင်တစ်ခုလုံး လျှပ်စီးလက်သလို မီးပွားများ ပွင့်ထွက်သွားသည်။

[ဘုရားရေ! တကယ်ကို ဘာဖြစ်နေတာလဲ!]

[ဒီနေရာမှာပဲ ပြောပြမယ်၊ သူတို့နှစ်ယောက် တကယ့်ကို လိုက်ဖက်တယ်!]

"ဒီမှာ ဘာလုပ်နေတာလဲ?" ဟု စုဖေးဖေး က မေး၏။

ပိုင်စစ်လင်း က လက်ထဲ၌ လောက်လေးဂွ ကို ကိုင်၍ ဧရာမကျောက်ဆောင်ပေါ်မှ ဖြတ်ကာ စုဖေးဖေးထံ ချဉ်းကပ်လာသည်။

"အချိန်အတော်ကြာနေပြီလေ၊ပြန်မရောက်သေးလို့ တချက်လာကြည့်တာ” .

[မဖြစ်ဘူး၊ ကလေးလေး! ဒီဟာမအပေါ် စိတ်မပူနဲ့!!!]

[သူ ဂရုစိုက်တယ်လို့ ဘာကများ နင့်ကို တွေးစေတာလဲ?]

[ချက်ချင်းဝန်ခံလိုက်စမ်းပါ၊ မင်းရဲ့ပိုင်စစ်လင်း က တကယ်ပဲ တစ်ခုခု မှားနေပြီ]

စုဖေးဖေး က သူ့လက်ထဲက လောက်လေးဂွ ကို ကြည့်ပြီး မြေပေါ်က မြွေကို ကြည့်လိုက်သည်။

အနီးကပ်ကြည့်လိုက်သောအခါ သူမကျောပြင်တွင် ချွေးအေးများ စိုနေသည်ကို သတိထားမိလိုက်သည်။ ဤမြွေအမျိုးအစား ကို သူမ သိသည်။

အကိုက်ခံရလျှင် သေလိမ့်မယ်!

တနည်းဆိုသော် ဤအားနွဲ့ပြီး အသုံးမကျဟုထင်ရသော အမှုထမ်း က ခုန က သူမ၏အသက်ကို ကယ်တင်လိုက်ခြင်း။

ပိုင်စစ်လင်း က လောက်လေးဂွ ကို စုဖေးဖေး ထံ ပေး၍ နီးကပ်စွာ လျှောက်လာသည်။ "မင်းပေးတဲ့ ခေါင်းလျှော်ရည်အတွက် ကျေးဇူးဆပ်တာ”

သူ လာရခြင်း၏ အဓိကရည်ရွယ်ချက်မှာ စုဖေးဖေး အား နောက်ထပ်အခွင့်အရေးတစ်ခု ပေးရန်ဖြစ်၏။ ယခုထိ ဇာတ်လမ်းတွင် ပေါ်ထွက်လာသော ပြဿနာမှာ စုဖေးဖေးတစ်ဦးတည်းသာဖြစ်ပြီး၊ ဤပြဿနာ မည်သို့ပေါ်ပေါက်လာသည်ကို ရှာဖွေရမည်။

အရိုးရှင်းဆုံးနည်းလမ်းမှာ ထိတွေ့ဆက်ဆံမှု အခွင့်အလမ်းကို ဖန်တီးပေးခြင်းဖြင့် ဇာတ်လမ်းကို မူလလမ်းကြောင်းသို့ ပိုမိုစောစွာ ပြန်ရောက်စေရန် ဖြစ်၏။

စုဖေးဖေး ခဏမျှ တုန်လှုပ်သွားပြီး ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ။ အရင်ယူထားမယ်”

ပိုင်စစ်လင်း ခြေလှမ်းရပ်လိုက်သည်။

စုဖေးဖေး လှည့်ပြီး မြွေကိုရှာကာ အမြီးကို ဆုတ်ကိုင်၍ အနီးရှိ ကျောက်တုံးပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက် ကျွမ်းကျင်စွာ အရေခွံခွာပြီး ရင်ဘတ်ကို ခွဲဖွင့်သည်။

ပိုင်စစ်လင်း : “...”

မြွေကို သတ်ပြီးနောက် စုဖေးဖေးက လျှာဖျားဖြင့် နှုတ်ခမ်းကို လျှာလိမ်းလိုက်ပြီး ပန်းရောင်ဖြူဖွေးနေသော မျက်နှာတွင် အပြုံးတစ်ချက် ပေါ်လာသည်။

သူမ မြွေကို မြှောက်ကာပိုင်စစ်လင်း၏ ပခုံးကို ပုတ်လိုက်သည်။ "မင်းအပေါ် ချီးမြှောက်ခဲ့တာ အလဟဿမဖြစ်ဘူးပဲ၊ တကယ်ကို စဉ်းစားတက်ပါပေတယ်၊ ဒီနေ့နေ့လည်စာ တိုးပေးမယ်"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment