Chapter 14: စရိုက် ၂မျိုး
[ဖာ့ခ်၊ ငါ့ချစ်စရာဘေဘီပိုင် ပြုံးလိုက်တယ်!!]
[ပိုင်စစ်လင်းစစ်လေး၊ မကောင်းတဲ့မိန်းမရဲ့စုန်းပညာ ဆီမှာ မလဲကျသွားနဲ့!]
[အပေါစားလှည့်ကွက်လေးပါပဲ၊၊ ဒီအမျိုးသမီးရဲ့ လက်ကောက်ဝတ်ထဲမှာ လှည့်ကွက်ပိုများနေသေးတယ်။]
[လှိုင်းတွေပြောင်းလဲနေပြီထင်တယ်!]
[မကောင်းတဲ့မိန်းမ!! နင့်ကို ဆဲတယ်ဟဲ့! ဖျော်ဖြေရေးလောကကနေ ထုတ်ပစ်ကြ!]
ရှောင်ဟဲ သည် နောက်တန်းမှာ ရပ်နေရင်း တကိုယ်လုံးတုန်နေမိသည်။ အရိပ်ထဲက မိုးကြိုးသံကို စောင့်မျှော်နေသူတစ်ယောက်လို ခံစားနေရ၏။
မနက်ဖြန်၊ ရှာဖွေမှုအများဆုံး မှာ သတင်းခေါင်းစဉ်ကို သူမြင်ယောင်ပြီးသွားပြီ– ‘ပိုင်စစ်လင်း ရဲ့ အပြုံး ဒါမှမဟုတ် စုဖေးဖေးကို ဖျော်ဖြေရေးလောကမှ နှင်ထုတ်လိုက်ခြင်း’ အကြောင်းအရာပင်။
ပိုင်စစ်လင်း ၏ ဂုဏ်သတင်းပါ ထိခိုက်ကောင်းထိခိုက်မည်။ပိုင်စစ်လင်း Weibo ကို သူ့အလုပ်သက်တမ်းတလျှောက် ပထမဆုံးအကြိမ် ပရိသတ်တိုက်ခိုက်ကြမည့်အရေး...ပင်။
ရှောင်ဟဲ မျက်လုံးမှိတ်ကာ ကံစီရင်ခြင်းကို လက်ခံလိုက်တော့သည်။ ရုတ်တရက် သူ့လက်ဖဝါး ထံ အေးစက်သောအရာတစ်ခု ထိလာသည်ကို သတိထားမိသည်။
မျက်လုံးဖွင့်ကြည့်လိုက်သည်နှင့် မင်သက်သွားရ၏။ လိမ်းဆေး နှင့် ပလာစတာကပ်ခွာနည်းနည်း ဖြစ်၏။
ရှောင်ဟဲ လက်တုန်နေသောလက်ဖြင့် ကိုယ့်ကိုကိုယ်လက်ညိုးထိုး၏။ “ဒါ…ကျွန်တော့်အတွက်လား?”
စုဖေးဖေး က ခေါင်းညိတ်၏။ “ဟုတ်တယ်၊ မင်းလက် က ပွန်းပဲ့နေလို့”
ရှောင်ဟဲ စိတ်လှုပ်ရှားသွားသည်။ တစ်ယောက်ယောက်က သူ့ကို ဒီလို ဂရုစိုက်ဖူးခြင်း… သူ့ဘဝသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်သည်။ စုဖေးဖေး က ယနေ့ သူ့ကို အရွက်ခူးခိုင်းခဲ့ပြီး ထိုအချိန်က ဒဏ်ရာရခဲ့ကြောင်း မှတ်မိသွားသည်။
သူကိုယ်တိုင် သတိမထားမိခဲ့သော ဒဏ်ရာကို စုဖေးဖေး က သတိထားမိခဲ့သည်။ ပိုင်စစ်လင်း သာ အရာအားလုံးရမည်ဟု ထင်နေခဲ့ရာမှ အစ်မဖေးဖေး က သူ့ကို မမေ့ဘူးလို့တော့ မထင်ထားခဲ့ဘူး!
ရှောင်ဟဲ၏ မျက်လုံးထောင့်များတွင် မျက်ရည်ပူများ တဝုန်းဝုန်းတိုးလာပြီး ချက်ချင်း စုဖေးဖေးထံသို့ ပြေးဝင်ကာ ဖက်ထားလိုက်၏။
"အစ်မ!အစ်မ က ကျွန်တော့်အပေါ် သိပ်ကောင်းတာပဲ! အခုကစပြီး ကျွန်တော် က အစ်မရဲ့နံပါတ် ၁ ပရိသတ်နော်!"
စုဖေးဖေး မှာ ရုတ်တရက် ပွေ့ဖက်ခံရသဖြင့် တွန်းထုတ်ရမလား မသိတော့။ သူမ သည် ရပ်နေရင်း မလှုပ်ရှားပဲ နားရွက်များ ရဲတက်လာတော့သည်။
“မင်း… အများကြီးမတွေးနဲ့” ဟု သူမ အံ့ကြိတ်၍ ပြော၏။
ရှောင်ဟဲ က စကားဆက်ဖို့ နှုတ်ဖွင့်လိုက်စဉ်၊ ရုတ်တရက် နောက်ကျောတစ်လျှောက် ချမ်းစိမ့်သွားသလို ခံစားရသည်။
နောက်လှည့်ကြည့်လိုက်သည်နှင့်ပိုင်စစ်လင်း ပြုံးပြီးကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူ လျှပ်စစ်ဓာတ်လိုက်သကဲ့သို့ စုဖေးဖေး ကို ချက်ချင်းလွှတ်ပေးလိုက်၏။— ‘ဝါး.. ကြောက်စရာကောင်းလိုက်တာနော်…’
စုဖေးဖေး၏ တောင့်တင်းနေသောကိုယ် နောက်ဆုံးတော့ ပြေလျော့သွားပြီး လှည့်ထွက်သွားဖို့ ပြင်သည်။
စခန်း သို့ ရောက်သောအခါ ညနေခင်းဖြစ်နေပြီ ဖြစ်သည်။ စုဖေးဖေး က မီးပြန်မွှေးသည်။
ပိုင်စစ်လင်း က စုဖေးဖေးကို စိုက်ကြည့်နေသည်။ ကောင်းကင်သည် လျင်မြန်စွာ မှောင်ကျလာပြီး ရှေ့ရှိ မီးတောက်များ က ပတ်ဝန်းကျင်ကို ရွှန်းစိုလာစေသည်။
စုဖေးဖေးက မီးရှေ့ ရှိ ယုန်သားကင်နေရာတွင် နှစ်မြုပ်နေသည်။ နွေးထွေးသောအနီရောင်အလင်းတန်းများ သည် စုဖေးဖေး၏ နှင်းဆီဖြူရောင် အသားအရေပေါ်သို့ ညီညာစွာကျရောက်ကာ ပို၍ဖြူစင်လှပနေချေသည်။
“ရော့” စုဖေးဖေး က ယုန်ခြေထောက် ကို ပိုင်စစ်လင်းထံ ဆန့်တန်းလိုက်သည်။ "နောက်တစ်ခါဆိုရင် ရေအရင်ချိုး၊ ပြီးမှ ဗိုက်ဖြည့်…”
[ငါ့ဘေဘီပိုင် ဆီ နင့်ရဲ့လက်ညစ်ပတ်ကြီး ကို ဖယ်ထားစမ်းပါ!]
[ပိုင်စစ်လင်း က ဘယ်ကလာမှန်းမသိတဲ့ အစားအစာတွေကို မုန်းတယ်!]
အခြားတစ်ဖက်တွင်မူ ပိုင်စစ်လင်း က ကြည့်နေကာ တခဏရပ်တန့်သွားသည်။
"ဘာလုပ်နေတာလဲ? ယူလေ” စုဖေးဖေး က အမိန့်ပေး၏။
ထို့နောက် သူ၏ ကြွက်သားထင်ရှားသောလက်မောင်းက ရှေ့သို့ဆန့်ထွက်လာကာ ယုန်သားကင်ကို လက်ခံသည်။ ရှောင်ဟဲ အံ့အားသင့်သွားပြီး အသက်ရှူသံ မှာ ပါးစပ်ဖျားတွင် ပိတ်မိသွားသည်။
သူ လက်ခံလိုက်တယ်လား? တကယ်?
သူမ၏မျက်လုံးထောင့်မှပိုင်စစ်လင်း က ယုန်သားကင်ကို ကိုက်စားနေတာကို မြင်ရသည်။ စုဖေးဖေး က ရှောင်ဟဲအတွက် ယုန်ခြေထောက်ကင်ကို ပြင်ဆင်ရန် ကျေနပ်စွာ ခေါင်းလှည့်လိုက်တော့သည်။
[ဖာ့ခ်… မိုးပေါ်ပျံနေတဲ့ဖာ့ခ်!!]
[အရင်က လက်မခံခဲ့တာ ငါ မှတ်မိတယ်]
[ဖာ့ခ် ဘာဖြစ်နေတာလဲ???ပိုင်စစ်လင်း၊ ရှင် က စရိုက်၂မျိုးနဲ့ ကစားနေတာပဲ!]
ရှောင်ဟဲ ထံ ယုန်ခြေသားပေးပြီးနောက်၊ စုဖေးဖေး က အလယ်သားကို စားသည်။
ထိုည၌ တဲမီးလောင်သွားသော်လည်း ရွက်ဖျင်တဲ တစ်လုံးမှာမူ ပကတိအတိုင်းရှိနေသေးသည်။ သူတို့သုံးဦး အလှည့်ကျကင်းစောင့်၍ အနားယူခဲ့ကြကာ ညကို ဖြတ်သန်းခဲ့ကြရသည်။
နောက်တစ်နေ့နံနက်၌ တစ်စုံတစ်ခုကြောင့် စုဖေးဖေး နိုးလာသည်။
ဒါရိုက်တာလျို က အပြင်ဘက်တွင် တစ်ခုခုဖတ်နေဟန်ရှိသည်။ ရှောင်ဟဲ က သူတို့ထက် စောနိုးနေပြီး သေချာနားစိုက်ထောင်နေ၏။
စုဖေးဖေး က တဲထဲမှထွက်လာကာ မေးလိုက်သည်၊ "ဟိုမှာ ဘာတွေလုပ်နေကြတာလဲ?"
"အဖွဲ့ခေါင်းဆောင်၊ မင်္ဂလာနံနက်ခင်းပါ" ဟု ရှောင်ဟဲ က ချက်ချင်းပြုံး၍ နှုတ်ဆက်၏။ "ဒါရိုက်တာလျို ပြောနေတာက ဒီကျွန်းမှာ တိုင်းရင်းဆေးဖက်ဝင်အပင်တွေ အများကြီးရှိလို့ ဧည့်သည်တွေက ဆေးပင်တွေနဲ့ အမှတ်လဲလို့ရတယ်တဲ့၊ နေ့တိုင်း ဂိုထောင်ကို အချိန်အကန့်အသတ်မှာ ဖွင့်မှာ ဆိုတဲ့အကြောင်းရယ်၊ ဂိုထောင်ပိတ်ဖို့ ၂နာရီပဲ ကျန်တော့တယ်လို့ ရုတ်တရက်ကြောငြာလိုက်လို့ လူတွေ အော်ဟစ်ဆူညံနေကြတာ"
စုဖေးဖေး နားလည်ကြောင်း အသံတိုတိုဖြင့် ပြန်ဖြေသည်။
ဒါရိုက်တာလျို အား ညည်းညူနေသောဧည့်သည်များ က ဝိုင်းရံထားသည်။
“၂နာရီပဲ အချိန်ကျန်တော့တယ်လို့ ဘာလို့ အခုမှ ပြောတာလဲ? ဒါ ဘာကိုဆိုလိုတာလဲ?"
"မနေ့က ဝံပုလွေလူသားသတ်ပွဲကလည်း အလားတူပဲ။ ထုတ်လုပ်ရေး က ရုပ်သံအစီအစဉ်အတွက် လုပ်တာဆိုပေမယ့် လွန်လွန်းတယ်"
"အနည်းဆုံး ကြိုတင်အသိပေးသင့်တာလေ”
လူတိုင်း ညည်းညူနေစဉ်၊ ရန်ပိုင်စစ်လင်း က ဆေးပင်အပုံကြီးကို ပုခုံးပေါ်တင်ကာ လဲလှယ်ရာကောင်တာနေရာ သို့ ရောက်လာပြီး အော်ပြောလေသည်—
"ကျေးဇူးပြုပြီး ဒါတွေနဲ့ အမှတ်လဲပေးပါ!"
လူအားလုံး လှည့်ကြည့်လိုက်ကြသည်။
သူ့လက်ထဲတွင် ဆေးပင်စည်များကိုကိုင်ထားပြီး၊ နောက်တစ်ပုံမှာ ခုံပေါ် အပြည့်ရှိနေသည်။ မိုးလင်းကတည်း က သတင်းကြားပြီး ချက်ချင်းခူးခဲ့ဟန် ထင်ရှားသည်။
[ရန်ပိုင် က တိုင်းရင်းဆေးဝါးမိသားစု ကလို့ ကြားမိတယ်]
[ထုတ်လုပ်ရေးအဖွဲ့…. နောက်ဆုံးတော့ စိတ်ဝင်စားဖို့ကောင်းတဲ့သူတွေ ဖိတ်နိုင်လိုက်ပြီ]
[ဟုတ်တယ်၊ ဒီလိုကမှ ပိုစိတ်ဝင်စားစရာကောင်းတာ။ တိုင်းရင်းဆေးအောင်ပွဲ!]
[အံ့ဖွယ်ပဲ။ ဆေးပင်ခူးပြီး အမှတ်ရနိုင်ရင်၊ စုဖေးဖေးကို ဖိနှိပ်နိုင်မယ်။ မဟုတ်ရင် ငါတို့ရဲ့ဘေဘီပိုင် သူမအပေါ် မှီခိုနေရလိမ့်ဦးမယ်!]
အခြားတစ်ဖက်တွင်ပိုင်စစ်လင်း လည်း နိုးလာသည်။
လက်ထဲတွင် သွားပွတ်တံကိုင်ထားပြီး၊ နှုတ်ခမ်းထောင့်၌ သွားတိုက်ဆေးအမြှုပ် ကျန်နေသေးသည်။ သူ့လက်ထဲက ပုဝါများ စိုနေပြီး၊ သန့်ပြန့်လတ်ဆတ်သောရနံ့နှင့် သူ၏ဟန်ပန် က ပတ်ဝန်းကျင်ကို ကြွယ်ဝသောသန့်ရှင်းမှုဖြင့် လွှမ်းမိုးသွားပေသည်။
လူအားလုံး က ပိုင်စစ်လင်းဘက်သို့ လှည့်ကြည့်ကာ အော်ကြသည်။ “အရမ်းချောတာပဲ!"
"ငါလည်း စုဖေးဖေးအဖွဲ့ထဲ ပါချင်လာပြီ..."
"လာစမ်းပါဟ၊ မနေ့ က သူမ ကြီးကြီးမားမားနိုင်တာ ကံကောင်းလို့ပဲ၊ နေ့တိုင်း ကံကောင်းနိုင်ပါ့မလား?”
"ဟုတ်တယ်၊ နေ့တိုင်း ခွေးချေးကံ အပေါ် မှီခိုလို့ မရဘူး"
"ဒါပေမယ့် ငါ အရမ်းအားကျမိတုန်းပဲ!!!"
[ရိုးရိုးသားသားပြောရရင်၊ လျှပ်စစ်သွားတိုက်တံ သုံးတာ က သပ်သပ်ဖြုန်းတာလို့ ခံစားနေရတယ်]
[အနုပညာရှင်တွေ ဒုက္ခရောက်တဲ့အပိုင်း ကို ကြိုက်တယ်။ ထပ်ပြပါဦး … ဟား… ဟား!]
[ငါ့အိုင်ဒေါ က ပေါင်မုန့်စားပြီးနေ့ကုန်ရမယ်ဆိုတာ တွေးရင်...]
[ဟုတ်တာပေါ့? ဟင်းသီးဟင်းရွက်ဟင်းချိုတစ်ခွက်နဲ့တင် ပျော်နေကြတာ။ သူတို့ကို နို့ဖြည့်ပေးဖို့ လူထုရန်ပုံငွေ မစည်ရုံးရဲဘူးမလား?]
...
စုဖေးဖေး က အားကျသံများကြားကာပိုင်စစ်လင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
ပိုင်စစ်လင်း က သူမ၏ဘေးတွင် ရပ်နေပြီဖြစ်၏။ နံနက်ခင်း၏နေရောင်ခြည်အောက်တွင် သူ၏ကိုယ်ခန္ဓာရှည်လျားမှုကြောင့် အရိပ်တစ်ခုဖြစ်နေသည်။
သူ က မျက်လွှာချ၍ ချမ်းသာကြွယ်ဝသောတဘက် ကို ပုခုံးပေါ်တွင် တင်ထားကာ ပယင်းရောင်မျက်လုံးများ က ခုံပေါ်က ဆေးပင်များကို အာရုံစိုက်ကြည့်နေသည်။
စုဖေးဖေး က သူ့အကြည့်ကို သတိထားမိကာ လိုက်ကြည့်၏။
ဆေးပင်တွေလား?
ဒါတွေကို ကြည့်ဖို့ လိုလို့လား?
"လိုချင်လား?"
ပိုင်စစ်လင်း ရပ်တန့်သွားပြီး သူမဘက်သို့ လှည့်ကြည့်သည်။
"စိတ်မပူနဲ့၊ နောက်ဆို ရလိမ့်မယ်၊ နောက်မှ မင်းအတွက် ခူးပေးမယ်”
[ဖာ့ခ်?]
[ဒီလိုစိတ်ကြီးဝင်တဲ့ အသံက ဘာလဲဟ??]
[ဘာလို့ ဒီလိုပြောရတာလဲ!!]
.
[ဟန်ဆောင်တာရပ်လိုက်၊ စက်ဆုပ်ဖို့ကောင်းနေပြီ!]
...
ဒါရိုက်တာလျို က မိုက်ယူ၍ ပြုံးကာ ပြောသည်။ “ကိုယ့်လူတို့၊ ညည်းညူတာ ရပ်ပြီး စတင်လုပ်ဆောင်ကြရင်ကော? ရန်ပိုင် ကို ကြည့်ပါဦး၊ သူ က ဥပမာကောင်း မဟုတ်လား?”
"အလွယ်လေး" ရန်ပိုင် က အသံကျယ်ကျယ်ဖြင့် ပြန်ဖြေသည်၊ "ဒါရိုက်တာ မှန်တယ်၊ ဒီစည်းမျဉ်း က လူတိုင်း ဒီကျွန်းမှာ အသက်ရှင်နိုင်ဖို့အတွက်ပဲ၊ စည်းကမ်းကနေ ဟာကွက် ရှာနေသူတွေနဲ့မတူဘူး”
သူ ပြောနေတဲ့ "ဟာကွက်ရှာသူ" ဆိုတာ ဘယ်သူ့ကိုရည်ညွှန်းတာလဲဆိုတာ အလွန်သိသာပေ၏။
စုဖေးဖေး က ရုတ်တရက်ထိုးနှက်ခံရသည်ကို မတုံပြန်ပေ။
…
“ဟိုဘက် က အရပ်ရှည်နဲ့တစ်ယောက်… ကျွန်တော်တို့ခေါင်းဆောင် က မင်းကို တစ်ခါမှ မနှောက်ယှက်ဖူးဘူး မဟုတ်လား?” ရှောင်ဟဲ က ဒေါသဖြင့် မေးလေသည်။
“ဟုတ်တယ်၊ သူမ ငါ့ကို မနှောက်ယှက်ဖူးဘူး” ရန်ပိုင် က ပြုံး၏။ “ဒါပေမဲ့ ဒါရိုက်တာအဖွဲ့ရဲ့စည်းမျဉ်းတွေကို ချိုးဖောက်တာ က မကောင်းဘူးလို့ ထင်မိရုံပါ၊ ပြီးတော့ ဒီစည်းမျဉ်းကို အင်အားနဲ့ဖြေရှင်းလို့မရဘူး။ သူမ က ငါပြောတာကို စိတ်မရှိဘူးဆိုတာ ငါ သိတယ်၊ ဟုတ်တယ် မလား?”