Chapter 16:စိတ်အားထက်သန်သော ခေါ်ယူမှု
စုမိသားစုအိမ်တွင်။
စုလင်း ဖခင်နှင့်ကပ်နေရင်း ချစ်စနိုးနိုးအသံဖြင့် ညည်းညူသည်။ “အဖေ၊ ဖေးဖေးကိုကြည့်ပါဦး!
"သူမ ကိုယ်တိုင်အရှက်ရတာနဲ့တင် မလုံလောက်သေးလို့ ရုပ်ရှင်ဘုရင်ကိုတောင် အမိဖမ်းဖို့ကြိုးစားနေတယ်! ဒီလိုထားလိုက်ရင် ဘာတွေဖြစ်လာမလဲ ဆိုတာ သမီးတို့ မသိနိုင်ဘူး!"
သူမအဖေ၏မျက်နှာထား အနည်းငယ်ပြောင်းလဲသွားကာ ခေါင်းညိတ်၏။ အမှန်ပင် နည်းနည်းလွန်ချေသည် မဟုတ်ပါလား?
“သမီး ဘယ်လိုထင်လဲ?”
စုလင်း ခေါင်းငုံ့လိုက်စဉ် မျက်လုံးထဲ ဂြိုလ်သွားမျက်ရည်တစ်စက် ဝင်လာသည်။
ဝံပုလွေသတ်ပွဲ၏ စပွန်ဆာဖြစ်သော စုမိသားစု သည် ဝံပုလွေအဖွဲ့သို့ ရွေးချယ်ထားသူများထည့်သွင်းခွင့်ရှိသည်။ သူမ အထူးလူသတ်သမားတစ်ဦးကို အဖွဲ့ထဲသွင်းထားသော်လည်း စုဖေးဖေး၏ လှဲချက်တစ်ခုတည်းနှင့် အဆုံးသတ်ခံလိုက်ရသည်။
အမှိုက်တွေချည်းပဲ!
စုဖေးဖေး ဒီလောက်ပြောင်းလဲသွားပြီဆိုလျှင် သူမကိုယ်တိုင် လုပ်ရမည်။
“အဖေ၊ ဒါရိုက်တာအဖွဲ့ကို ရန်ပုံငွေထပ်ထည့်ခိုင်းပြီး ကျွန်မကို ပါဝင်ခွင့်ပြုပါ၊ ရက်နည်းနည်းလောက် နှောင့်နှေးနေရင် သူမ ဘာတွေပြသာနာရှာဦးမလဲ မသိဘူး!"
"အင်း... ကောင်းပြီ" ဖခင် က ခဏတဖြုတ်စဉ်းစားပြီး ပြောသည်။
လူသူကင်းမဲ့သောမြေ တွင် စုဖေးဖေး ဒါရိုက်တာအဖွဲ့ထံသို့သွား၍ မိုက်တစ်ခု ငှားခဲ့သည်။
နားနေစခန်းဗဟိုတွင် ကျွန်းပေါ်ရှိလူအားလုံးကြားနိုင်သော အသံချဲ့စက် တပ်ဆင်ထားသည်။
အကူဝန်ထမ်းတစ်ဦး အံ့အားသင့်သွားသည်။ "ဘာလုပ်မလို့လဲ?”
စုဖေးဖေး မဖြေဘဲ လှည့်ထွက်သွားကာ မိုက်ခွက်ရှေ့ရောက်တုန်း မိုက်ခရိုဖုန်းကို ပုတ်လိုက်လေသည်။
နားနေစခန်းတွင် လူကင်းမဲ့နေသည်။ လူအများစု သည် ဆေးပင်ရှာဖွေရန် အပြင်သို့ထွက်နေကြပြီး အနားယူနေသူ အနည်းငယ်သာရှိသည်။
ကျန်ရှိသူများ က စုဖေးဖေးဘက်သို့ စူးစိုက်ကြည့်နေကြသည်။
[စုဖေးဖေး ဒီတစ်ခါ ဘာဖန်တီးမလဲ?]
[ဆိုးရွားသူ နှင့် မီးတောက်ပေါက်သံ...]
[ဦးနှောက်မဲ့ပြီး ဝေဖန်နေတာရပ်စမ်းပါ! စုဖေးဖေး ဦးနှောက်မဲ့တဲ့စကားကို ပြောရင် ပြဿနာမရှိပေမယ့် အလှလေး ကိုတော့ မထိနဲ့!]
[အာ? စုဖေးဖေးရဲ့ပရိသတ်တွေလည်း ဒေါသထွက်တက်နေပြီပေ့ါ?]
[အာ? မင်းလည်း မင်းရဲ့အိုင်ဒေါလ်ကို ဦးနှောက်မဲ့စွာ ကာကွယ်နေတာ မဟုတ်ဘူးလား?]
မျက်နှာပြင်ပေါ်တွင် စကားစစ်ထိုးပွဲ ဖြစ်နေသည်။ မြင်ကွင်းရှိလူများလည်း ထုံထိုင်းသွားကြသည်။
စုဖေးဖေး လည်ချောင်းရှင်းလိုက်ပြီး ကြည်လင်သောအသံဖြင့် ကြေညာလိုက်သည်— "စုဖေးဖေးရဲ့ အဖွဲ့ က လူသစ်စုဆောင်းနေပါတယ်!"
ကျွန်းတစ်ဝှမ်းလုံးရှိ ဆေးပင်ရှာဖွေနေသူများ မှာ လက်ထဲက အလုပ်များ ရပ်တန့်သွားကြသည်။
ဖာ့ခ်?
လူစုခေါ်တာ?
ဘယ်သူ့ကိုခေါ်တာလဲ?
ထို့နောက် ကြည်လင်သောအသံက ဆက်လက်ထွက်ပေါ်လာသည်—"ဤအဖွဲ့ မှာ ခွန်အားရှိသူတွေ ကို လိုအပ်တယ်၊ အလုပ်တာဝန်တွေကတော့ သစ်ပင်ခုတ်ခြင်း၊ အိမ်ဆောက်လုပ်ခြင်း၊ ကိရိယာများထောက်ပံ့ခြင်း တို့ဖြစ်ပြီး လစာမှာ တစ်နေ့ ၃နပ်စာ ဖြစ်တယ်၊ စိတ်ဝင်စားပါက ရှောင်ဟဲထံ ဆက်သွယ်ပါ။ အားလုံးဝင်ရောက်ရန် ဖိတ်ခေါ်ပါတယ်။ win-win အောင်မြင်ရေးကို ဖော်ဆောင်ကြပါစို့!"
စုဖေးဖေး၏ လူစုခေါ်ကြေညာချက် သည် သူမ၏ ပုံမှန်တိုတိုတုတ်တုတ်ဟန်အတိုင်းဖြစ်ပြီး ပြောပြီးတာနှင့် ထွက်သွားသည်။
ဤစကားကို ကြားလိုက်ရသူ အများစု၏ နဖူးပေါ်တွင် မေးခွန်းသင်္ကေတများ ပေါ်လာကြသည်။
တနေ့ ၃နပ်စာ က လူတိုင်းအတွက် လုံလောက်ပါ့မလား?
မလောက်ဘူး... စုဖေးဖေးရဲ့ဦးနှောက်ဘယ်တုန်းက စပျက်စီးသွားတာလဲ? မဟုတ်ဘူး ... သူမရဲ့ဦးနှောက် က အစကတည်းက ပုံမှန်ဟုတ်မနေတာ!
ဝံပုလွေတွေနဲ့ တိုက်တဲ့အချိန်ကစပြီး သူမ က ပုံမှန်မဟုတ်တော့ဘူး!
သစ်သားအိမ်ဆောက်မယ်၊ ကိရိယာထောက်ပံ့မယ်၊ အစားအသောက်အကြောင်းတွေ ပြောနေသော်လည်း—
လူ၂ယောက်၊ ၃ ယောက်လောက်နဲ့ ဘယ်လိုဖြစ်နိုင်မလဲ? စိတ်ကူးယဉ်နေတာပဲ မဟုတ်လား?
စုဖေးဖေး သည် ဤမျှလောက်ကို ဂရုမစိုက်ဘဲ စခန်းသို့ပြန်လာခဲ့၏။ ရှောင်ဟဲ က စိုးရိမ်ဖွယ်ကြည့်နေသည်။
"အစ်မဖေးဖေး၊ တကယ်ပဲ လူတွေလာကြမှာလား?"
"ဆုကြီးသရွေ့ သတ္တိရှိသူတွေ ပေါ်လာမှာပဲ” ဟု စုဖေးဖေး က ရိုးရှင်းစွာဖြေလိုက်ပြီး ကိုယ်ပိုင် အလုပ်များကို လုပ်ရန် ထိုင်ချလိုက်၏။
အစားအစာခေါင်းပါးနေသည့်အချိန်တွင် ဤအခြေအနေ သည် လူသူကင်းကျွန်းကို ထိန်းချုပ်ရန် အသင့်တော်ဆုံးဖြစ်သည်။
သစ်သားအိမ်ဆောက်ရမည်။ နောင်တွင် သူမ၏အဖွဲ့ ပိုမိုအားကောင်းလာပြီး လက်အောက်ငယ်သားများ တိုးပွားလာမည်။
သူမ၏ငယ်သားများကို တဲထဲ မှာ အမြဲနေခိုင်းလို့မဖြစ်၊ အထူးသဖြင့် သစ်ပင်အောက်ရိပ်တွင် သစ်ခေါက်ခြောက်များ ဝေနေသောပိုင်စစ်လင်းကို ကြည့်လိုက်သည်။ ဤသူ က — အလွန်အစာကျွေးရခက်ချေသည်။
အကြောင်းမဲ့ ဘေးစောင်းကြည့်ခံရသောပိုင်စစ်လင်း က ခေါင်းမော့၍ သူမဘက်သို့ လှည့်ကြည့်သည်။ ‘ဘာလိုအပ်လို့လဲ?’ ဟု သူမကို မေးနေဟန် ရှိသည်။
တစ်ခြားတဖက်မှ ရှောင်ဟဲ၏သက်ပြင်းချသံ ထွက်ပေါ်လာသည်။ “အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ?”
“စောင့်မယ်” စုဖေးဖေး ထိုင်ချလိုက်၏။
စုဖေးဖေး က အံ့ဖွယ်အမှုများစွာလုပ်ပြီးနောက် ရှောင်ဟဲ၏စိတ်ထဲတွင် သူမ အံ့အားသင့်ဖွယ်နည်းလမ်းဖြင့် အောင်ပွဲခံမည်ဟု အတွေးဝင်နေသည်။
သို့သော် စုဖေးဖေး က ဤနေရာတွင် တိတ်ဆိတ်စွာစောင့်နေမည်ကို မျှော်လင့်မထားခဲ့။ နံနက်နေရောင်မှ ညနေလွန်ချိန်ထိ လူတစ်ယောက်မျှ ဝင်မလာခဲ့။
"ဒီနည်းနဲ့မဖြစ်နိုင်ဘူးထင်ပါတယ်..." ရှောင်ဟဲ က စိတ်ပျက်သံဖြင့် ဆိုသည်။
စကားဆုံးသည်နှင့်တစ်ပြိုင်နက် ဘေးတစ်ဖက်မှ လူတစ်ယောက် ပေါ်လာသည်။
ရှောင်ဟဲ၏မျက်လုံးများ တောက်ပသွားပြီး ချက်ချင်း ချဉ်းကပ်သွားလိုက်၏။
“မစ်၊ မင်း အင်တာဗျုး လာဖြေတာလား?”
မိန်းကလေး က နောက်ဆုတ်သွားသည်။ ရှောင်ဟဲ က ချက်ချင်း သူမကို ဆွဲခေါ်သည်။
"လာပါ! မင်းရဲ့တနပ်စာအတွက် ငါတို့ ဂရုစိုက်ပါ့မယ်!"
[သေလုနီးပါးရယ်မောပြီ! ဘာကျွေးမှာလဲနော်? ဟား….ဟား!]
[စုဖေးဖေးရဲ့ကျွန်ဖြစ်ပြီးနောက် ရှောင်ဟဲ ဘာဖြစ်သွားတာလဲ?]
[ရှောင်ဟဲ က သိပ်သနားဖို့ကောင်းတာပဲ]
[အဆင့်ဆင့်ပို့ဆောင်ရေးလုပ်ငန်းထဲ ဝင်သွားသလိုပဲ၊ စုဖေးဖေးအတွက် အလုပ်ကြမ်းသမားဖြစ်ဖို့ စိတ်အားထက်သန်နေတယ်]
မိန်းကလေး က ရှောင်ဖို့ကြိုးစားသော်လည်း နောက်ဆုံးတွင် စုဖေးဖေးရှေ့သို့ ဆွဲခေါ်ခြင်း ခံရသည်။
ရှောင်ဟဲ က ချက်ချင်းထိုင်ပြီး ပြုံးပြသည်— “မင်းက မျက်နှာသစ်ပဲ၊ ဒါ ဘယ်အဖွဲ့လဲ သိလား? ”
မိန်းကလေးလေး က ရိုးသားစွာ ခေါင်းညိတ်သည်။
"သိတယ်ဆိုရင် ကောင်းပြီ! မင်း ဒီကိုရောက်လာပြီဆိုတော့ ငါတို့ရဲ့မိသားစုပဲ! ကဲ ငါ့ကိုယ်ငါမိတ်ဆက်ပါရစေ— ငါ့နာမည် ရှောင်ဟဲ၊ ဒါ က အဖွဲ့ခေါင်းဆောင်အစ်မဖေးဖေး၊ သူ က ပိုင်စစ်လင်း။ မင်း သိမှာပေါ့။ မင်းရဲ့နာမည်ကရော?"
မိန်းကလေးလေး က ပိုင်စစ်လင်းကို လျှို့ဝှက်ကြည့်လိုက်ပြီး မျက်နှာနီမြန်းကာ မျက်နှာကို တဖက်သို့ လှည့်လိုက်၏။
"ကျွန်မ က ...တန်တန်ပါ"
"မင်္ဂလာပါ တန်တန်" ရှောင်ဟဲ ခေါင်းညိတ်လိုက်သည်။
သူမ က တကယ်ပဲ ချိုသာပေသည်။
လေထုမှာ ခဏတာမျှ ကို့ရို့ကားယားဖြစ်သွားသည်။
“ဒါ…”မိန်းကလေး က လက်မြှောက်၍ မေးသည်။ “တနပ်စာ ကျွေးမယ်လို့ ပြောတယ်နော်? ဒီည..."
ရှောင်ဟဲ၏ဗိုက်မှ အသံထွက်လာသည်။
"ဟုတ်တယ်၊ ဟုတ်တယ်!" ရှောင်ဟဲ က ခေါင်းညိတ်၍ စုဖေးဖေး ကို ကြည့်လိုက်သည်။
စုဖေးဖေး ထ၍ တန်တန်ထံ သို့ ချဉ်းကပ်လာသည်။
တန်တန် က ကြောက်လန့်တကြား ချက်ချင်း နောက်ဆုတ်ပြီး လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်ထားသည်။
“ရောက်လာပြီဆိုမှာတော့ တနပ်စာကျွေးမှာပါ” စုဖေးဖေး က ထကာ ဟင်းသီးဟင်းရွက်များကို ပူနွေးသောဟင်းချိုအဖြစ်ချက်ပြီး သူမထံပေးလိုက်သည်။ "ဒီနေ့တော့ ဒါနဲ့အဆင်ပြေသလို စား”
အဆင်ပြေသလို စားရမယ်?
ပေါင်မုန့်နှင့် ၂ ရက်ကြာအောင်ဖြတ်သန်းခဲ့ရသော တန်တန် ချက်ချင်း မျက်ရည်ဝဲလာသည်။
ဒါ ပူနွေးတဲ့ဟင်းချိုပါနော်! ဒါကို အဆင်ပြေအောင်စားလို့ ပြောလိုက်တာလား?
စုဖေးဖေးအပေါ် သူမ၏သဘောထားများ က ချက်ချင်းမြင့်တက်လာပြီး ကြောက်ရွံ့မှုလည်း နည်းသွားသည်။
ပထမနေ့ က စုဖေးဖေး ပိုင်စစ်လင်း၏ခုံကို ကန်သည်ကိုမြင်သောအခါ လန့်ခဲ့ရသော်လည်း အခုတော့... သိပ်မဆိုးပါ။
တန်တန် ဟင်းချိုသောက်ပြီး ဗိုက်ထဲ နွေးသွားသည်ကို ခံစားရသည်။
သူမ သည် မိမိကိုယ်ပိုင်၏တဲကို ဤနေရာသို့ရွှေ့ပြီး စုဖေးဖေးအဖွဲ့တွင် တရားဝင်ပါဝင်လာခဲ့သည်။
မိုးလင်းသောအခါ လဲလှယ်ရာကောင်တာ မှ အလုပ်စတင်သည်။
ရန်ပိုင် က ဆေးပင်အပုံကြီးနှင့် ရှေ့ဆုံးတန်းတွင်ရပ်နေသည်။
ဝန်ထမ်းများ က အလျင်အမြန်ရေတွက်နေရင်း အားလုံး မှာ မနာလိုမျက်လုံးများဖြင့်ကြည့်နေကြသည်။
"ဟုတ်တာပေါ့၊ ဒီဆေးပင်မျိုး က ငါတို့အတွက် မြက်ပင်ဆိုပေမဲ့ အခြားသူတွေအတွက်တော့ ရှာရခက်တယ်"
"ဟုတ်တယ်၊ မနေ့က စုတ်ပြဲနေတဲ့တဲတွေကို အသစ်တွေနဲ့အစားထိုးလိုက်တာ မြင်လိုက်တယ်၊ စားသောက်ဖို့ နဲ့ အဝတ်အစားအတွက် စိတ်ပူဖို့ မလိုတော့ဘူး”
"အခု ငါတို့ကိုကြည့်ပါဦး" ပြောသူက ခါးသက်သက်ရယ်လေသည်။
ရန်ပိုင် က ဆေးပင်လဲပြီးနောက် စုဖေးဖေးဘက်သို့ကြည့်ကာ ဖုန်းကိုလှုပ်ပြသည်။ ဖန်သားပြင်ပေါ်တွင် ဧရာမအမှတ်အရေအတွက် ပေါ်နေသည်။
သူ စုဖေးဖေးကို စောင်းကြည့်ရင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်— "ငါ့အမှတ်တွေကြည့်ပါဦး"
[သေလုနီးပါးရယ်မောပြီ! သူ သူမကို စော်ကားနေတာလား?]
[ပိုင်စစ်လင်း က မနေ့က သိသိသာသာ ဘက်လိုက်ခဲ့တာ၊ ရန်ပိုင့် ဘက် က ဒီကိစ္စအဆုံးမသတ်သေးဘူးထင်တယ်]
[တိုက်ကြ! တိုက်ကြ!]
[ဖေးဖေးရဲ့ စိတ်ထားကြီးမြတ်မှုနဲ့ဆို တိုက်မှာမဟုတ်ဘူး ထင်တယ်...]
[စုဖေးဖေး မှာ ပရိသတ်တွေရှိနေပြီလား? ကမ္ဘာကြီးဘယ်လိုဖြစ်သွားတာလဲ?]