Chapter 12: လမ်းဘေးခွေး
ကင်မရာ က ချက်ချင်း နှုတ်ခမ်းပေါ်က ဒဏ်ရာ ဆီ အနီးကပ်ချဲ့၏။ ။
သွေးယိုနေရုံသာမက၊ ရောင်ရမ်းနေပြီး အနီးကပ်ကြည့်လျှင် သွားရာကိုက်ခြစ်ရာ တစ်ခုပါရှိနေသည်။
[ဖာ့ခ်????]
[ဒါ…ဒါ...]
[စုဖေးဖေး! ဖာ့ခ်!!]
.
[ငါ့သားလေး ရဲ့ စင်ကြယ်မှု ပျောက်သွားပြီ!]
"ကျောက်တုံးနဲ့ ရိုက်မိတာ” ဟု ပိုင်စစ်လင်း က အလေးအနက် ဆိုသည်။
ရှောင်ဟဲ သက်သာရာရသွား၏။ ကျောက်တုံးကြောင့်ကိုး… သူထင်ထားတာက…
[ကျောက်တုံး? ဘယ်က ကျောက်တုံးလဲ?]
[စုဖေးဖေး မလုပ်ဘူးဆိုရင် စိတ်ချပြီ!]
[တကယ်ပဲ... နှလုံးသားခုန်တာရပ်တော့မယ်မလို့]
သို့သော် စုဖေးဖေး က ချက်ချင်း မျက်မှောင်ကြုံ့၍ သူ့ကို ငေးကြည့်နေသည်။
“ပိုင်စစ်လင်း၊ မင်း ငါ့ကို ကျောက်တုံးလို့ခေါ်လိုက်တာလား?”
ပရိသတ်များ : “...”
ဒါရိုက်တာ စိတ်လှုပ်ရှားလွန်းလို့ စကားမပီတော့။ “မြန်..မြန်.. စု…ရဲ့မျက်နှာကို ချဲ့!"
ပိုင်စစ်လင်း ၏ လှုပ်ရှားမှုများလည်း ရပ်တန့်သွားသည်။ သူ ကင်မရာကို ရှောင်နေသော်လည်း၊ စုဖေးဖေး က ဤမျှ ရဲရင့်မည်ကို မမျှော်လင့်ခဲ့။
"ဒါက..ဒါက…” ရှောင်ဟဲ က နှာတံကြားကို ညှစ်နှိပ်ရင်း နောက်ဆုံးအခွင့် ဖုံးကွယ်ဖို့ ကြိုးစားသည်။
"အစ်ကိုပိုင်ရဲ့ကိုယ်ပေါ်မှာ ရေညှိတွေချည်းပဲ၊ အဝတ်အစားလဲပေးဖို့ ကျွန်တော် ခေါ်သွားပေးမယ်၊ သွားကြရအောင်!"
[ဘုရားရေ! ရေအောက်မှာ သူတို့ ဘာတွေလုပ်ခဲ့တာလဲ?! သူမ ဘာလုပ်ခဲ့တာလဲ?]
[ဘယ်ကို သွားမလို့လဲ????]
[မသွားနဲ့၊ ရှင်းပြဦး!]
[သူမ ဆိုလိုတာ ငါထင်နေတာမျိုးလား?]
ရှောင်ဟဲ ၂လှမ်းလျှောက်ပြီး စုဖေးဖေး လိုက်မလာဘဲ ဆန့်ကျင်ဘက်လမ်းကို လျှောက်နေသည်ကို တွေ့လိုက်ရသည်။
"အစ်မ ဖေးဖေး၊ ဘယ်ကိုသွားမလို့လဲ?”
"သူတို့ကို သတ်ပြီး ရမှတ်ယူမလို့”ဟု စုဖေးဖေး က လှမ်းပြောလိုက်ပြီး ရှေ့ဆက်လျှောက်သွား၏။
သူမ၏ မျက်နှာထား သည် ယခင်ကကဲ့သို့ အေးဆေးမဟုတ်တော့ဘဲ ရေခဲတောင်ကြီးလို အေးစက်နေသည်။
ဤအချိန်တွင် စုဖေးဖေး ပေးသော ခံစားချက်မှာ ရှေးခေတ်ဧကရာဇ် တစ်ပါးကဲ့သို့ ဆုံးဖြတ်ချက်ခိုင်မာသည်။
သူနှင့် ပိုင်စစ်လင်းတို့က ဝန်ထုပ်ဝန်ပိုးဖြစ်လိမ့်မည် ဟု ယခင် က စိုးရိမ်ခဲ့သည်။ ယခု ယခု ပြန်ဆုံသောအခါ သူမ သည် ဝံပုလွေတွေကို သတ်ချင်နေတယ်။
ရှောင်ဟဲ ပါးစပ်ပိတ်လိုက်ပြီး ဤအချိန်တွင် နှုတ်ဆိတ်နေခြင်းက အကောင်းဆုံး ဖြစ်မည်ဟု ခံစားမိသည်။
"ဒါဆို ငါတို့..." ရှောင်ဟဲ က စကားစပြောလုဆဲတွင် ပိုင်စစ်လင်း ထိုင်လိုက်သည်ကို တွေ့လိုက်ရသည်။
"ပင်ပန်းတယ်"
ရှောင်ဟဲ : “...”
"အိုကေ..”
သူ သည် လမ်းတဖက်သို့ ကန်ထုတ်ခံလိုက်ရသော လမ်းဘေးခွေးတစ်ကောင်နှင့်တူနေသည်။ တခြားတဖက်တွင်မူ ဝံပုလွေများ က သတိထား၍ စုရုံးရောက်လာလာသည်။
ယုံကြည်မှုအပြည့်နှင့် ရှေ့သို့လှမ်းလာသော ပုံရိပ်လေး ကြောင့် ခြေလှမ်းတိုင်းတွင် ဝံပုလွေများ တစ်လှမ်းတိုင်း ပြန်ဆုတ်သွားကြသည်။
ဤအမျိုးသမီးငယ်လေး က တကယ်ပဲ ဝံပုလွေတွေကို ထုတ်ပစ်ခံတာလား?
အစက လူတိုင်း မယုံခဲ့ကြဘူ။
သို့သော် ယခု စုဖေးဖေး၏ မျက်လုံးများကို ကြည့်လိုက်သည့်အခါ၊ ထိတ်လန့်စရာကောင်းသည်ဟု ခံစားရသည်။
ဝံပုလွေနံပါတ်၈ က မတိုက်ခိုက်ခင် လူတိုင်း နောက်ဆုတ်နေသည်ကို မြင်သောအခါ စိုးရိမ်လာပြီး အားနည်းဟန်ဆောင်လေသည်။ “လူတိုင်း၊ ပြေးကြ!ငါ့အတွက် အသက်မပေးကြနဲ့!"
“ပြေးမယ်?” စုဖေးဖေး က အပြစ်ကင်းစွာ ပြုံး၏။ “ကြိုးစားကြည့်လေ”
စကားပြောပြီးသည်နှင့် သူမ ချက်ချင်းလှုပ်ရှားသည်။သူမ၏အလျင်မှာ မယုံနိုင်စရာဖြစ်ပြီး သရဲတစ္ဆေ ကဲ့သို့ ပျံသန်းနေသည်။
ဝံပုလွေနံပါတ်၈ က က ချက်ချင်းထ၍ အနားယူစခန်းဆီသို့ ဦးတည်ပြေးသည်။ ဝံပုလွေခေါင်းဆောင် က ဦးဆောင်ဆုတ်ခွာသွားပြီး စုဖေးဖေး သူ့အနောက်သို့ လိုက်လာသည်။
သူမ လက်ထဲက သစ်ကိုင်းတစ်ချောင်း သည် ဓားသွားလက်ဝါးအဖြစ် ပြောင်းလဲသွားခဲ့ကာ တချက်ရိုက်တိုင်း သူတို့ နာကျင်စွာ အော်ကြသည်။
"သေစမ်း! ငါ့ခြေထောက်!"
"ငါ့လက်!"
"ငါ့ခေါင်း! စုဖေးဖေး!"
ဝံပုလွေ တစ်ကောင်ပြီးတစ်ကောင် စုဖေးဖေး၏ ခြေရင်းတွင် လဲကျသွားကြသည်။
ဤမြင်ကွင်း သည် လယ်သမား,တစ်ဦး စပါးရိတ်ခြင်း နှင့်အတူတူပင်။
ကျန်ရစ်သောဝံပုလွေများ က ရှေ့မှ အပေါင်းအပါများ လဲကျနေသည်ကိုမြင်သောအခါ သူတို့၏ မျက်လုံးများတွင် ကြောက်ရွံ့မှုပြည့်နေပြီး ထွက်ပြေးကြတော့သည်။
ကင်မရာစောင့်ကြည့်ခန်းတွင် ဒါရိုက်တာ သည် စားပွဲပေါ် လက်နှစ်ဖက်တင်လျက်
မော်နီတာပေါ်မှာ ဝံပုလွေများ ထွက်ပြေးနေသည်ကို မြင်ရသောအခါ ဒေါသထွက်ကာ လက်ထောက်ထံမှ ဝေါ်ကီတော်ကီ ကိုယူ၍ ပြောသည်။ “ရူးနေကြသလားကွ? မင်းတို့ က မိန်းကလေးငယ်လေးတစ်ယောက်ကို ကြောက်နေကြတာလား!"
ဒါရိုက်တာလျို၏ ဒေါသအော်သံ က ဝံပုလွေများ ရင်ဘတ်ပေါ်က စကားပြောစက်မှ ထွက်ပေါ်လာသောအခါ၊
အားလုံးနီးပါး က ပြန်ဖြေကြသည်— “ခင်ဗျား လာရိုက်ကြည့်လေ!"
[ဟားဟားဟား အားလုံးပြေးနေကြတယ်!]
[အရပ်ခြောက်ပေရှိတဲ့ ယောက်ျားတစ်ယောက် ဘယ်လိုလုပ် မိန်းကလေးပုလေးတစ်ယောက်ဆီ အလွယ်တကူ အရှုံးပေးနိုင်တာလဲ?]
[အတုမဟုတ်ဘူးထင်တယ်]
[ဒီအရူး က ဘယ်သူလဲ!]
“ပြန်မတိုက်ရင် လစာလျှော့မယ်၊ အားလုံး နောက်ပိုင်း မှာ လုပ်သားတွေအဖြစ် ချန်ထားခံရမယ်!"
ဒါရိုက်တာလျိုလည်း အဆုံးထိ ခြိမ်းခြောက်လေသည်။
သူ တိုက်ရိုက်ထုတ်လွှင့်မှုကို ဂရုမစိုက်တော့ဘဲ၊ စုဖေးဖေး၏ စိတ်ဓာတ်ကို ချိုးနှိမ်ရန် သာ ရည်ရွယ်နေသည်။
ဝံပုလွေများ က ဤစကားကိုကြားပြီး ရပ်လိုက်ကြပြီး ပြန်လှည့်လာကြသည်။
ထိုအချိန်တွင် စုဖေးဖေး ဝံပုလွေများ နှင့် အကွာအဝေးအတော်ရှိနေဆဲ ဖြစ်သော်လည်း ရုတ်တရက် ရပ်တန့်လိုက်သည်။
သူမ က မျက်နှာအမူအရာ အေးဆေးတည်ငြိမ်စွာဖြင့် ပြောသည်။ “ကျွန်မ ဒါရိုက်တာနဲ့ စကားပြောချင်တယ်"
အဖွဲ့ဝင်အနည်းငယ် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“ကျွန်မရဲ့စကား ကြားနိုင်တယ်ဆိုတာ ကျွန်မ သိတယ်” စုဖေးဖေး ခေါင်းလှည့်၍ ကင်မရာကို တိုက်ရိုက်ကြည့်ရင်း ပြောလေသည်။ "ဒီဂိမ်းစည်းမျဥ်းတွေက ဖရိုဖရဲကြီး။ ဝံပုလွေတွေရဲ့ လွှမ်းမိုးနိုင်မှု က ဂိမ်းရဲ့ အဆိုးဆုံးအပိုင်း မဟုတ်သေးဘူး။ ဒီထက်ပိုဆိုးတာက မဟာမိတ်ဖွဲ့ခွင့် ပေးထားတာပဲ၊ မဟာမိတ်ဖွဲ့တာ က အကန့်အသတ်မရှိဘူး၊ ဧည့်သည်နဲ့ ဝံပုလွေတွေ မဟာမိတ်ဖွဲ့ရင် ဘယ်လိုလုပ်မလဲ? ဒါဆို ဂိမ်းတစ်ခုလုံး လုံးဝလှန်ပစ်နိုင်တယ်”
ဒါရိုက်တာလျို တန့်သွား၏။ ဧည့်သည်များ က ဝံပုလွေနှင့် မဟာမိတ်ဖွဲ့မှာ မဟုတ်ဘူးလို့ ထင်ကာ ဤဖြစ်နိုင်ခြေကို လုံးဝစဥ်းစားမထား။
"တစ်ချိန်တည်းမှာပဲ စည်းမျဥ်း ထဲမှာ ဝံပုလွေတွေကို တိုက်ခွင့် မတားမြစ်ထားဘူး။ ဒီစည်းမျဥ်းကို ထုတ်လုပ်ရေးအဖွဲ့ က ဆုံးဖြတ်တာ"
ဒါရိုက်တာလျို၏ မျက်နှာနည်းနည်း နီလာသည်။ ဒီလိုအများရှေ့ ဖော်ထုတ်ခံလိုက်ရတော့ လွတ်မြောက်ဖို့ မဖြစ်နိုင်တော့။
"ဒါကြောင့် ဒီစည်းမျဥ်းကို ပြည့်စုံအောင် လုပ်သင့်တယ်"
စုဖေးဖေး၏နှုတ်ခမ်းထက်ဝယ် အပြုံးတစ်ခု လျှပ်တပြက် ပေါ်လာသည်။ "ပထမအချက် ဝံပုလွေနဲ့ ဧည့်သည်တွေ မဟာမိတ်ဖွဲ့လို့မရဘူး၊ ဒုတိယအချက် ဝံပုလွေ ကို သတ်ရင် ဆုချီးမြှင့်မှု ရှိသင့်တယ်။ မဟုတ်ရင် ဝံပုလွေတွေရဲ့ အကြမ်းပတမ်းဖမ်းဆီးမှု က ဘာအဓိပ္ပာယ်ရှိမှာလဲ?"
ဒါရိုက်တာလျို သည် ထိန်းချုပ်ခန်းထဲတွင် လမ်းလျှောက်နေရင်း စကားပြောစက်မှ တဆင့်ပြောသည်။ “ "တစ်ယောက်ယောက် သူမကို စကားပြောစက် ပေးလိုက်” ဝံပုလွေတစ်ကောင် တုန်တုန်ယင်ယင်နှင့် သူ့ရင်ဘတ်ပေါ်က စကားပြောစက် ကို စုဖေးဖေးထံ ဆက်သသည်။ စုဖေးဖေး က စကားပြောစက် ထဲမှ ဒါရိုက်တာလျို၏ အသံ ထွက်ပေါ်လာသည်။
"မင်း ဘာလိုချင်တာလဲ?"
"ရိုးရိုးပါပဲ။ ဝံပုလွေတစ်ကောင် သတ်တိုင်း အမှတ်လိုချင်တယ်”
မှတ်ချက်များ ဆူပွက်လာသည်။
[အခုထိ သူမပဲ ဝံပုလွေသတ်နိုင်တာ။ တောင်းဆိုမှု က များလွန်းတယ်!]
[ငါကတော့ ကောင်းတယ်ထင်တယ်။ ဝံပုလွေတွေက ကျွန်းသူတွေကို သတ်ရင် ကျွန်းသူတွေ သေတယ်၊ ကျွန်းသူတွေက ဝံပုလွေကို သတ်ရင် ဘာလို့ ဆုမရနိုင်ရမှာလဲ?]
[သူမ အားထုတ်မှုအတွက် ဆုချီးမြှင့်သင့်တယ်]
[သတ်လိုက်လို့ ရမဲ့အမှတ် က တိုက်ရိုက်ပဲနော်! သူမ ချမ်းသာသွားပြီး ဘာမဆိုဝယ်နိုင်တော့မှာလား?]
ဒါရိုက်တာလျို၏ မျက်နှာလည်း မည်းသွားသည်။ "မရဘူး"
ဤသို့ဖွင့်လိုက်ပါက ကျွန်းပေါ်တွင် ချမ်းသာသူနှင့် ဆင်းရဲသားကြား ကွာဟချက် ချက်ချင်းပေါ်လာမည်။ စုဖေးဖေး သည် ဒီညတွင် ဝံပုလွေသတ်ပြီး မင်းသမီးဘဝ ဖြတ်သန်းနိုင်လိမ့်မည်။ ခွင့်မပြုနိုင်ပါ။
"ကျွန်မ ပြောလို့မပြီးသေးဘူး" စုဖေးဖေး မေးစေ့မော့လိုက်သည်။ "ဝံပုလွေတစ်ကောင်ကို ကျွန်းသူအဖြစ် စဉ်းစားကြည့်လေ။ ကျွန်မ သူတို့ကို ဘာတွေ ခိုင်းနိုင်မှန်း ဘယ်သူသိမှာလဲ?”
ဒါရိုက်တာလျို ချက်ချင်း မျက်ခုံးမော့လိုက်သည်။ ဝံပုလွေတစ်ကောင် ကို သတ်ပါက အမှတ်ရမယ်’ ဆိုသော စည်းမျဉ်းအသစ် ချလိုက်ပါက သူမသတ်ပြီးသား ဒါဇင်အနည်းငယ်သာ ရှိမည်ဖြစ်သဖြင့် ပြဿနာမရှိ။
ဒါက အကြံကောင်းတစ်ခုပဲ!
ဒါရိုက်တာလျို လက်သည်းကိုက်နေလျက် တုန့်ဆိုင်းနေစဥ် စုဖေးဖေး က ဆက်ပြောသည်။ "ဒါ အကြံပေးနေတာ မဟုတ်ဘူး၊ ခြိမ်းခြောက်နေတာ၊ ကျွန်မရဲ့စကား နားမထောင်ရင် အရှေ့က ဝံပုလွေရဲ့ ကျိုးနေတဲ့ နံရိုးတွေကို လုပ်ငန်းခွင်ဒဏ်ရာ လို့ပဲ သတ်မှတ်ရမှာနော်”
[ဘုရင်မကြီး ချေမိုးချက်!]
[ဒါ အကြံပေးနေတာ မဟုတ်ဘူး၊ ခြိမ်းခြောက်နေတာတဲ့လား? မာမီရေ!!]
[ဟားဟားဟားဟား သူတို့ အသက်လုပြေးကြပါစေ!!!]