no

Font
Theme

Chapter 20: ဖလှစ်ခြင်း

ပိုင်စစ်လင်း သည် ပါးစပ်ထဲရှိ ဆေးပင်ကို ဝါးနေသည်။ ခါးသက်ပြီး ဖန်တောင့်ဖန်ရည်ရှိကာ စားမကောင်းချေ။

"ထလို့ရပြီ" ဟု စုဖေးဖေး က သူ့ပခုံးကို ပုတ်ပြီး တစ်ဖက်တည်းဖြင့် ဆွဲကာ ထရန်ကူညီသည်။ "ဒီနေ့ကစပြီး တစ်နေ့၃ကြိမ် ဆေးသောက်။ ငါ ဆေးကို အချိန်နဲ့ပေးမယ်”

ပိုင်စစ်လင်း နဖူးတွန့်သွားသည်။ "စုဖေးဖေး၊ ငါ ဘာမှမဖြစ်ဘူး"

“ယောကျာ်းတစ်ယောက်ရဲ့ဂုဏ်သိက္ခာအတွက် တင်းခံနေတုန်းပဲလား?” စုဖေးဖေး စောင်းကြည့်ရင်း ပြောသည်။ "အရင်ကလည်း ဒီစကားမျိုး ကြားဖူးတယ်။ မင်းအတွက် လျှို့ဝှက်ထားပေးမယ်"

လျို့ဝှက်ထားမယ်…?

ပိုင်စစ်လင်း က နောက်မှလိုက်နေသော ဒရုန်းကို လှမ်းကြည့်လိုက်သည်။

ဒီစကားဝိုင်း ကို လျှို့ဝှက်ထားရမည်မှာ အမှန်ပင်ဖြစ်သည်။

"အာ! ယုန်!" စုဖေးဖေး၏ အသံ သည် ရုတ်တရက် တက်ကြွလာသည်။

ပိုင်စစ်လင်း လှည့်ကြည့်၏။

စုဖေးဖေး က လောက်လေးခွကို ထုတ်ယူကာ မြားတစ်စင်းကဲ့သို့ ထွက်သွားသည်။

[မဖြစ်နိုင်ဘူး! ဒီလောက်ချောတဲ့အမျိုးသားနဲ့အတူရှိနေတာတောင် ယုန်ဖမ်းဖို့ ထွက်သွားတယ်???]

[စုဖေးဖေး က လက်တဖက်တည်းနဲ့ပိုင်စစ်လင်းကို ထူလိုက်တာ သတိထားမိကြလား? သူမ က အလှလေးအပေါ် ခံနိုင်ရည်ရှိပုံပဲ!]

[လာစမ်းပါ၊ အခု က ဘာခေတ်လဲ? ခက်ခက်ခဲခဲကစားချင်တာလား?]

[ဟုတ်တယ်! လှည့်ကွက်အကုန်သုံးနေတာနော်။ သူမ က သိပ်စွမ်းတာ၊ လှည့်ကွက်တွေအားလုံး ရှိတယ်!]

[စုဖေးဖေးရဲ့ ဘဝ က ရှုပ်ထွေးလိုက်တာ!]

[ငါကတော့ သိပ်ရယ်ရတယ်လို့ ထင်တာပဲ!]

စုဖေးဖေး ခြေလှမ်းအနည်းငယ် ပြေးပြီးနောက် နောက်လှည့်ကာ ပြုံး၏။ “ပိုင်စစ်လင်း၊ ပြိုင်ကြမလား?”

ပိုင်စစ်လင်း က မျက်ခုံးပင့်ကာ သူမ၏အပြုံးကြောင့် စိတ်လှုပ်ရှားသွားသည်။ ခဏနေမှ "ကောင်းပြီ" ဟု သ‌ဘောတူခဲ့သည်။

"ဖမ်း!" စုဖေးဖေး က လောက်လေးဂွ ကို ပစ်ပေး၏။ “မင်း အရင်!"

ပိုင်စစ်လင်း က လောက်လေးဂွ ကို ကိုင်ကာ ပြေးနေသော ယုန်ဆီသို့ ချိန်၏။

“မြန်မြန်လုပ်!" စုဖေးဖေး က စိတ်လှုပ်ရှားစွာ အားပေးနေသည်။ "တောယုန်တွေ က အိမ်မွေးယုန်တွေလို မဟုတ်ဘူး။ ပိုမြန်တယ်။ မှန်အောင် ပစ်ဖို့ အချိန်ကိုက်လိုတယ်! တစ်ကောင်ကို တစ်မှတ်၊ ဒီမှာ ၅ကောင် ရှိတယ်၊ ဘယ်သူနိုင်မလဲ ကြည့်ရအောင်!"

မြက်ခင်းတွေ ရှိုက်ခတ်သံနှင့်အတူ ယုန်များသည် ဝေးရာသို့ ခုန်သွားကြ၏။

ထိုမြင်ကွင်းကို ကြည့်ရင်း စုဖေးဖေး သရေကျလုနီးနီးပင်။

တောထဲက ယုန်ရိုင်း က အရသာအရှိဆုံးပဲ! တစ်နှစ်ပတ်လုံး ပြေးခုန်လှုပ်ရှားနေသည့် အသား... တစ်ကိုက်ကိုက်လိုက်ရင်... အရသာရှိမှာပဲ။

‘ဖောက်’ ဆိုသည့်အသံနှင့်ပိုင်စစ်လင်း ပစ်လွှတ်လိုက်သော ကျောက်ခဲသည် ပစ်မှတ်လွဲခဲ့သည်။

“ဘယ်လိုအရည်အချင်းကြီးလဲ?” စုဖေးဖေး နဖူးတွန့်သွားသည်။ "သေချာလေး လုပ်”

“ဆောရီး၊ ငါ ဒီတခေါက် သေချာလုပ်မယ်” သူ၏မျက်ဝန်းတောက်တောက်တွေ က သူမကို ငေးကြည့်နေသည်။

စုဖေးဖေး မှာ ပြောစရာမဲ့ကာ မကြိမ်းမောင်းနိုင်တော့။ သူ၏မျက်နှာ သည် ဆူပူ၍မရသော အဆင်းရှိသည်။

နောက်တစ်စက္ကန့်တွင် စုဖေးဖေး ချဉ်းကပ်လာပြီး သူ၏လက်မောင်းကို ကိုင်လိုက်ကာ အခြားတစ်လက်ဖြင့် သူ၏လက်သီးကို ဆုပ်ကိုင်ထား၏။

“သင်ပေးမယ်”

သိမ်မွေ့ကြည်လင်သော အသံသည် သူ၏နားထဲတွင် ပဲ့တင်ထွက်နေသည်။ပိုင်စစ်လင်း ခေါင်းကို အနည်းငယ်လှည့်လိုက်ရာ လည်ပင်းကို ဖြတ်ကျော်လာသော ဆံပင်တစ်စ ကို ခံစားမိ၏။ ဆပ်ပြာနံ့နှင့် နေရောင်အနံ့ ရောနှောနေသည့် အနံ့ သည် မည်သည့်ရေမွေးထက်မဆို ပိုမိုစွဲမက်ဖွယ်ကောင်းလှသည်။

[ငါတော့ သွားပြီ!!!!!]

[အမေရေ၊ သမီးရဲ့အချစ် လွင့်မျောသွားပြီ!!]

[ငါ့အကြိုက်ဆုံး စုဖေးဖေးXပိုင်စစ်လင်း သင်္ဘောလေး ရွက်လွှင့်နေပါပြီ!]

[ငါ့ဘေဘီပိုင် ကို လွှတ်လိုက်!!!!]

[စုဖေးဖေး၊ လစ်စမ်း!!!!]

[ငါပြောတာမှန်တယ်မလား? ဒီမိန်းမ က တမင်လုပ်နေတာလို့!]

[သူမက မြွေဟောက်မ!]

[ငါလည်း ရုပ်ရှင်ဘုရင်ကို ရင်ခွင်ထဲ ပွေ့ချင်တယ်လေဟာ!]

[သည်းမခံနိုင်တော့ဘူး!]

"အာရုံမပျံ့နဲ့၊ ကောင်းကောင်းကြည့်" ဟု စုဖေးဖေး က ဖိအားကို တိုးလိုက်သည်။

ပိုင်စစ်လင်း သည် ဝေးနေသေးသော ယုန်ကောင်ကို ကြည့်လိုက်သည်။

သူမက သူ့ခန္ဓာကိုယ်နှင့် ကပ်လျက် လောက်လေးဂွ၏အချိန်အတွယ်ကို ညှိပေးပြီး ဆွဲဆန့်၍ လွှတ်ချလိုက်သည်!

ကျောက်ခဲက ထွက်သွားသည့်အခိုက်၊ ရှေ့ရှိ ယုန်ကောင်လည်း ချက်ချင်း မြေပြင်သို့ လဲကျသွားတော့သည်။

" ဟား...ဟားဟား!" ဟု စုဖေးဖေး ရှေ့သို့ ပြေးသွားကာ ယုန်ကို ကောက်ယူပြီး လက်ဖြင့် ချိန်ကြည့်လိုက်သည်။ "ဗိုက်ပူပူယုန်ကြီးပဲ၊ ဒီကောင် က ဒီညပြန်ရင် ထန်ထန်တို့အတွက် စွပ်ပြုတ်အိုးဖြစ်လာမှာ !"

ထိုရယ်မောသံ သည် ယခင်က သူမ၏နှုတ်ခမ်းတွင်တဖြည်းဖြည်းပေါ်လာသည့် အပြုံးမျိုးမဟုတ်၊ အေးစက်နေသော အပြုံးလည်းမဟုတ်။ စစ်မှန်ပြီး ပျော်ရွှင်မှုဖြင့် ပြည့်နေသော ရယ်သံဖြစ်သည်။

ပိုင်စစ်လင်းအတွက် သူမကို ဤကဲ့သို့ ကြမ်းတမ်းမှုနှင့် ဖော်ပြ၍မရသော အလှတရားများဖြင့် ပြည့်နေသည် အား ပထမဆုံးအကြိမ် မြင်ရခြင်းဖြစ်သည်။ သူ စဉ်းစားနေမိသွားချိန်၊ သူမ၏နောက်မှ မြက်တို့ကြားက ဆူညံသံကို ကြားလိုက်ရသည်။

"လာပြီ၊ လာပြီ!" စုဖေးဖေး က ချက်ချင်းအော်၏။ "မြန်မြန်ပစ်ဦး! မြန်မြန်လေး!"

[ငါ ရယ်သေပါပြီနော်။ မင်း က စုဖေးဖေးပဲလား???]

[ငါ့နှလုံးသား ခိုင်ခံ့တယ်!]

[ဟိုနေ့ က ယုန်ဖမ်းတုန်းကလည်း ဒီလိုမျိုးပဲလား?]

[ငါ ဝါးခနဲ ရယ်မိသွားတယ်၊ သူမရဲ့ ဒီခြားနားမှုလေးက နည်းနည်းချစ်စရာကောင်းနေတယ်နော်?]

[အရှက်မရှိချက်!]

[ပိုင်စစ်လင်း ရဲ့ အရည်အချင်း က သိပ်မမြင့်ဘူး။ စုဖေးဖေးလောက်တောင် မမှီဘူး]

[ဒါက ငါတို့ဘေဘီပိုင်ရဲ့ ကျွမ်းကျင်မှုနယ်ပယ်မဟုတ်ဘူးလေ ။ မင်း ဘာသိလို့လဲ!]

အခြားတစ်ဖက်တွင်ပိုင်စစ်လင်း က စုဖေးဖေးကို တချက်ကြည့်၍ ကျောက်ခဲတစ်လုံးပြီးတစ်လုံး အဆက်မပြတ်ပစ်၏။ ၃ကြိမ်တွင် တကြိမ်သာ ပစ်မှန်ကို ထိ၍ ယုန်တစ်ကောင် လဲကျသွားသည်။

"မဆိုးဘူး။ မင်းမှာ ပါရမီအနည်းငယ်ရှိသားပဲ" ဟု စုဖေးဖေး က ချီးကျူးသည်။

"မင်း သင်ပေးလို့ပါ"

[ဘာ?!?!]

[ငါ့သင်္ဘောကြီး ရွက်လွှင့်နေပြီဟေ့!]

[စုဖေးဖေး သူ့ကို ပြန်ခေါ်သွားပါတော့!]

လက်အောက်ငယ်သား၏ ချီးမွမ်းသံကို ကြားရသောအခါ စုဖေးဖေး၏ မျက်နှာတွင် အပြုံးတစ်ခု လျှပ်တပြက် ဝင်လာခဲ့သည်။

"နောက်ကျရင် ပိုလေ့ကျင့်ရမယ်၊ ဒီတခေါက် ငါ နိုင်ခဲ့တော့ ဒီနေ့ ဝဝလင်လင် စားကြမယ်!"

ဟု ဆိုကာ စုဖေးဖေး သည် လက်ထဲက အရာဝတ္ထုကို လှုပ်ခတ်လျက် လှည့်ထွက်သွားလေသည်။

စုဖေးဖေး ဦးဆောင် ထွက်သွားသည်ကို ရှောင်ဟဲ မြင်လိုက်ရသည်နှင့် သူ သည် ထန်ထန် ထံမှ ချက်ချင်းခွဲခွာကာ ပိုင်စစ်လင်းဆီသို့ ဦးတည်လျှောက်လာရင်း "အစ်ကိုပိုင်!" ဟု စိတ်လှုပ်ရှားဖွယ် အော်ဟစ်လေသည်။

အဝေးမှ ဖြစ်စဉ်ကို သူ ကွက်ကွက်ကွင်းကွင်း မြင်ခဲ့ပေသည်။

စိတ်လှုပ်ရှားခြင်းအထွတ်အထိပ်ပဲ! နှစ်ဦးနှစ်ဘက် ပွေ့ဖက်နေပြီဖြစ်ရာ၊ ယနေ့ နောက်ထပ် တိုးတက်မှု တစ်စုံတစ်ရာရှိနိုင်သလားလေ?

မနေ့က တိတ်တဆိတ် အနားယူနေစဉ် ပိုင်စစ်လင်း နှင့် စုဖေးဖေး၏ ချစ်ကြိုက်ဇာတ်လမ်းများ ကို မီဒီယာ မှ မီးမောင်းထိုးနေကြောင်း သတင်းရခဲ့သည်။

အဖွဲ့ဝင်တစ်ဦးအနေနှင့် လိုအပ်သည့်အချိန်တွင် မီးထဲ လောင်စာ ထည့်ရန် ရွေးချယ်ခဲ့လေ၏။!

ပိုင်စစ်လင်း သည် ခေါင်းညိတ်ပြလိုက်ပြီး ဘာမှမပြောပဲ ‌ရှေ့သို့ လျှောက်လာ၏။ သူ၏ ရှည်လျားသောကိုယ်နှင့် ပြေပြစ်လှပသည့် မျက်နှာထားက ပုံရိပ်တစ်ခုလုံးကို ပို၍ ချောမောစေ၏။

"ဟေ့! သတိထား!" ရှောင်ဟဲ ရုတ်တရက် အော်ဟစ်လိုက်သည်။

ရှေ့တွင် အနီရောင်ငှက်တစ်ကောင် ပိုင်စစ်လင်းဆီသို့ လျှပ်တပြက် ဆင်းသက်လာနေ၏။ လှုပ်ရှားမှုများ င လျင်မြန်လွန်း၏။

ပိုင်စစ်လင်း က ခြေတစ်လှမ်း နောက်ဆုတ်ကာ ငှက်ကို ရှောင်တိမ်းပြီး လောက်လေးဂွကို ဆွဲတင်လိုက်၏။

သူ၏ လှုပ်ရှားမှုများမှာ လျင်မြန်ပြီး သွက်လက်၏။

ငှက် သည် မီတာ၁၀မျှသာ ပျံသန်းလိုက်ရပြီး မြေပြင်ပေါ်သို့ ကျသွားတော့သည်။

"အံ့ဩစရာပဲ! ထိသွားပြီ! အစ်ကိုပိုင် ဆက်လုပ်!"

ရှောင်ဟဲ အံ့အားသင့်သွားပြီး စိတ်လှုပ်ရှားစွာ လက်ခုပ်တီးရင်း အော်ဟစ်လေသည်။

သူ ငေးငိုင်သွားပြီး မျက်နှာအမူအရာတွင် ရုတ်တရက် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာသည်။

'ဟုတ်သား... အားကစားပွဲတုန်း က ပိုင်စစ်လင်း မြှားပစ်ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ဖူးတယ်မလား! ဒါကြောင့် ဒီလောက် အရည်အချင်းရှိတာ! ပြန်စဉ်းစားကြည့်ရင် ထိုကာလက ပထမဆုရခဲ့တာမလား? ဒါဆို သူ့ရှေ့လေးတင် ရှိနေတဲ့ ယုန် ကို ဘာလို့ မှန်အောင် မပစ်နိုင်တာလဲ?’

ရှောင်ဟဲ သည် မယုံနိုင်ဖွယ် အရာတစ်ခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ မင်သက်နေချေသည်။

[မင်းတို့ သတိထားမိကြလား?]

[ဘေဘီပိုင်ရေ... မင်း တမင်လုပ်နေတာလား?]

[မယုံနိုင်ဘူး!!!]

[ဖေးဖေး ဆီင လောက်လေးဂွ သင်ခိုင်းဖို့နဲ့ နီးနီးကပ်ကပ် ထိတွေ့ခွင့်ရဖို့ မတတ်ဟန်ယောင်ဆောင်ခဲ့တာကိုး... အိုးမိုင်…ဘုရားသခင်!]

[ဒါက ပိုင်စစ်လင်း တကယ့်ရည်ရွယ်ချက်ကိုး။ ကြယ်စုံပြိုင်ပွဲမှာ သူ့ကိုငါမြင်ဖူးတယ်၊ စောနက သူတကယ်ပဲ ဟန်ဆောင်ခဲ့တာ!]

[အိုး မိုင်း… စိတ်လှုပ်ရှားလိုက်တာနော်! တကယ်ပဲတစ်ခုခု ဖြစ်နေတာလား?]

[ချစ်ကြိုက်နေပြီ! ချစ်ကြိုက်နေပြီ! ချစ်ကြိုက်နေပြီ!]

ထိုအခိုက် စခန်းတွင် ဆူညံဟိန်းဟောက်သံများ ပြည့်နှက်နေခဲ့သည်။

ရှောင်ဟဲ နှင့် အဖွဲ့ဝင်များ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် စခန်းတွင် ကြံ့ခိုင်သော ယောက်ျားကြီး၃ ဦး တိုးလာသည်ကို တွေ့လိုက်ရသည်။

“သူတို့ က ဘယ်သူတွေလဲ?!" ရှောင်ဟဲ သည် စခန်းသို့ ဦးစွာရောက်နှင့်ပြီးဖြစ်သော ထန်ထန် ကို ကြည့်ရင်း တုန်တုန်ယင်ယင် ဖြစ်သွားသည်။

ထန်ထန် လည်း ငေးငိုင်နေ၏။

"စားချင်တယ်!" ဟု ကြံ့ခိုင်သော ယောက်ျားကြီး၃ဦး က တသံတည်း ဟစ်ကြွေးလေသည်။ “အစာ! အခုချက်ချင်း!"

‘စားချင်တယ်’ ဟူသော စကားလုံးသည် ကောင်းကင်ပြင်အထိ ပဲ့တင်ထပ်နေပြီး ရှောင်ဟဲ သည်လည်း နားကို ပိတ်လိုက်မိ၏။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment