no

Font
Theme

ကျူးချွဲ့ကျန်းကျွင်းက ကျုံးနန်တောင်တွင် တစ်ရက်ခန့် နေထိုင်ခဲ့သည်။ ဝိန်းရမ်ယဲ့က သူ၏ မိတ်ဆွေကို ထိခိုက်စေမည့် ရည်ရွယ်ချက်မရှိကြောင်း အတည်ပြုပြီးနောက် မိစ္ဆာနယ်မြေသို့ ပြန်သွားခဲ့သည်။

မိုးထိမြင့်မားနေသည့် သစ်ပင်များ၏အမြစ်များက ရှုပ်ထွေးစွာ ရစ်ပတ်နေပြီး ဝမ်လင်နန်းတော်အတွင်းမှ ပြင်းထန်သောတုန်ခါမှုတစ်ခု ထွက်ပေါ်လာ၏။

ချင်းလင်က ထိုင်ခုံပေါ်တွင်ထိုင်ကာ လက်ဖက်ရည်သောက်ရင်း သူ့ရှေ့မှ စိတ်တိုနေသော ကျူးချွဲ့ကို ကြည့်နေခဲ့သည်။ သူက သူ၏မီးလျှံဓားကို ကြမ်းပြင်သို့ ပြင်းပြင်းထန်ထန် ထိုးချလိုက်ပြီး သူ့တစ်ကိုယ်လုံးမှ အလွန်အားကောင်းသော စွမ်းအင်များ ထွက်ပေါ်နေသည်။

"ဝမ်လင်နန်းတော်ကို ဖျက်ဆီးရုံနဲ့ ဘာအကျိုးရှိမှာလဲ။" ချင်းလင်က မေးထောက်ကာ တစ်ဖက်လူကို ကြည့်လိုက်သည်။ "ကျဲလျိုသာ နင့်ကို ကာကွယ်မပေးရင် ဝိန်းရမ်ယဲ့လုပ်လို့ နင့်အရိုးတွေကြေမွသွားပြီး ခွေးစာဖြစ်သွားလောက်ပြီ။ ငါနဲ့ ပူးပေါင်းဖို့ တွေးတောင်မတွေးလိုက်နဲ့။ ဒီကိစ္စအတွက် နတ်ဆိုးနယ်မြေရဲ့ရန်သူ အဖြစ်မခံနိုင်ဘူး။"

လဲ့ကျန်း၏ ရှည်လျားတောက်ပသော အနီရောင်ဆံပင်များက မီးတောက်များလျော့ကျသွားပြီး ခန္ဓာကိုယ်ပေါ်ရှိ ဖီးနစ်ငှက်မွှေးများက လျင်မြန်စွာ ညှိုးကျလာသည်ကို သူ(မ)က ကြည့်နေခဲ့သည်။ ကြမ်းပြင်ပေါ်ရှိ ဓားက အက်ကွဲကြောင်းတစ်ခုထဲကို ဖန်တီးလိုက်သော်လည်း ဓားသွားပေါ်ရှိ အေးစက်သော အလင်းရောင်က မရှိတော့ပေ။ လူတစ်ကိုယ်လုံးက "ကြက်လောက်တောင် မကောင်းတော့တဲ့ အမွေးတောင်မရှိတဲ့ ဇာမဏီငှက်" ဟူသော စကားကို ပြီးပြည့်စုံစွာ အဓိပ္ပါယ်ဖွင့်ဆိုနေသည်။

ချင်းလင်က သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"နင်က ငါနဲ့ ပူးပေါင်းချင်တယ်? ကျင်းရှန့်အဆင့်တစ်ဝက်ကို သတ်ဖို့အတွက်လေ? ရူးနေလား။ အရင်တစ်ခေါက် ကျဲလျိုနဲ့တုန်းက အပေါ်ယံကြည့်ရင် ငါတို့က ပိုအားကောင်းတယ်လို့ ပြောနိုင်ပေမဲ့ တကယ်တမ်း ငါတို့က လျှောက်လုပ်နေကြရုံပဲ။ အဆုံးသတ်မှာ ငါတို့ သေရေးရှင်ရေးတိုက်ပွဲကို တကယ်ကြုံလာလို့ အဲ့ဒီနတ်ဆိုးကို အပြစ်ပြုမိသွားရင်..."

"သူက အဲ့ဒီလောက် အားမကောင်းနိုင်ပါဘူး.."

"သူက အားကောင်းတယ်။" ချင်းလင်က သူ့စကားကို ရက်စက်စွာဖြတ်ပြောလိုက်သည်။ "ဝိန်းရမ်ကျန်းကလည်း ကျင်းရှန့်အဆင့်ပဲလေ၊ သူ့သားကို ဘာဖြစ်လို့ အလွယ်တကူ အာဏာလွှဲပေးလိုက်တာလဲ။ ငါပြောမယ်၊ ဝိန်းရမ်ယဲ့က နတ်ဆိုးလောကတစ်ခုလုံးမှာ အသန်မာဆုံးလူပဲ။"

လဲ့ကျန်း၏စိတ်ထဲမှ ဒေါသများက ပြန်လည်နိုးကြားလာကာ ခန္ဓာကိုယ်တစ်ခုလုံးရှိ မီးလျှံများက ရုတ်တရက် ပေါက်ကွဲလာပြီး အပူချိန်မြင့်တက်လာသည်။

"သူက ကျဲလျိုထက် ပိုအားကောင်းနိုင်လို့လား။ ကမ္ဘာပေါ်မှာ ကျဲလျိုက..."

ဒီတစ်ခါ၌ ချင်းလင်က သူ့စကားကို မဖြတ်တောက်ခင် လဲ့ကျန်းက ရုတ်တရက် ရပ်တန့်သွား၏။ သူက ကြောင်အစွာရပ်တန့်ကာ မလှမ်းမကမ်းတွင် ရစ်ပတ်နေသော ရှေးဟောင်းသစ်ပင်များနှင့် နွယ်ပင်များကို ငေးကြည့်နေခဲ့သည်။

ကျန်းကျဲလျိုမှာ ကျင့်ကြံရေးအဆင့်များ မရှိတော့ပေ...

နေရောင်ခြည်သည် တိမ်များအား ဆေးခြယ်နေပြီး ရှေးဟောင်းသစ်ပင်၏ အကိုင်းအခက်များကြား၌ ယိုစိမ့်နေကာ စိုစွတ်သည့် သွေးအကြွင်းအကျန်များနှင့် တူနေသည်။

ဝမ်လင်နန်းတော်ထဲ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး ချင်းလင်က ထရပ်လိုက်ကာ မြေပြင်ပေါ်ရှိ မီးခိုးဖြူများနှင့် လောင်ကျွမ်းလုနီးပါးဖြစ်နေသည့် ပူပြင်းသော မျက်ရည်များကို တွေ့လိုက်ရသည်။

"နင်နဲ့ငါ ဘေးမှာရပ်ပြီး ကြည့်နေဖို့ ရွေးချယ်ခဲ့တုန်းက ငါတို့တွေ ဒီလိုနေ့ကို မျှော်လင့်ထားခဲ့သင့်တာ။"

ချင်းလင်က သူ့ဆီကို လျှောက်သွားပြီး သူ့နားရွက်အနောက်မှ ဇာမဏီအမွေးများ တုန်ခါနေသည်ကို တွေ့လိုက်သည်။ သူ၏နှလုံးသားထဲ၌ ပြောရခက်ခဲသော ရှုပ်ထွေးမှုများရှိနေသည်အား သူ(မ) သိလိုက်သည်။

"ဒါပေမဲ့ ကျင့်ကြံရေးလောကအတွက် ကြိုးစားပေးခဲ့တဲ့ ငါတို့သူငယ်ချင်းက ဖြောင့်မတ်တဲ့လမ်းစဉ်ရဲ့ အဆုံးမရှိတဲ့ ထောက်ခံမှုကိုပဲ ရရှိခဲ့တာ။ ဒီလိုလုပ်တာက လမ်းခင်းပေးသလို အတားအဆီးတွေကို ဖယ်ရှားပေးရုံတင်မကဘဲ ကျဲလျို ပေးဆပ်နေရတဲ့ တာဝန်တွေကနေလည်း လွတ်မြောက်စေတယ်။"

ချင်းလင် ခဏရပ်ပြီးနောက် ထပ်လောင်းပြောလိုက်သည်။

"သူ ဒီလောက်ပြင်းပြင်းထန်ထန် ထိခိုက်သွားလိမ့်မယ်လို့ ငါ မထင်ထားဘူး။ လင်းရှောင်ဂိုဏ်းက သူ့ကို ဘယ်လိုကူညီရမလဲဆိုတာတောင် တကယ်မသိကြဘူးလား။"

ဤစကားများကား ဆင်ခြေများသက်သက်ပင်၊ သို့သော်လည်း ထိုဆင်ခြေများထဲ၌ အရေးကြီးသောအချက်တစ်ခုရှိပေသည်။

လဲ့ကျန်း၏ သူ့သူငယ်ချင်းကောင်းအပေါ်ထားရှိသော အတွေးများသည် အလွန်ရှုပ်ထွေးလှသည်။ ထိုဆင်ခြေများအပြင်၊ အခြားသောအကြောင်းပြချက်တစ်ခုလည်း ရှိသေးသည်... ကျဲလျိုက ထိတွေ့ခွင့်မရဘဲ အဝေးကနေကြည့်နေရသော တောင်ကမ်းပါးယံမှ ပန်းလေးတစ်ပွင့်နှင့်တူသော်လည်း တစ်စုံတစ်ယောက်အတွက်တော့ ထိုပန်းကိုခူးဆွတ်ရန် အခွင့်အရေးရှိပေသည်။

သူက ကျန်းကျဲလျိုကို "သူငယ််ချင်းကောင်း" ဟု ခေါ်နေသော်လည်း၊ သူ၏နှလုံးသားထဲ၌မူ သူ့ကို သူငယ််ချင်းကောင်းအဖြစ် မသတ်မှတ်ခဲ့ပေ။

သူ စကားမပြောသည်ကို မြင်လိုက်ရသောအခါ ချင်းလင်က ကျူးချွဲ့ကျန်းကျွင်းကိုလှည့်ပတ်ကာ ပြောလိုက်သည်။

"ငါ နင့်ကို သတိပေးလိုက်မယ်၊ ကျန်းကျဲလျိုက နတ်ဆိုးတွေကို မကြိုက်ဘူး၊ ဒီတော့ နင် စိတ်ပူနေစရာမလိုပါဘူး။ ဝိန်းရမ်ယဲ့ဆိုတာ အများဆုံးပြောရင် အဲ့ဒီလို အလွဲမှားတွေကို စိတ်ကူးယဉ်နေတဲ့လူတွေထဲက တစ်ယောက်ပဲ၊ အရည်အချင်းပိုရှိတဲ့သူပေါ့၊ နင်နဲ့ ဘာမှမကွာဘူး။"

သူ(မ)က တစ်ဖက်လူကို အလွဲမှားများအား စိတ်ကူးယဉ်နေသူဟု တိုက်ရိုက်ပြောလိုက်ပြီးနောက် လက်ဖက်ရည်ခွက်ကို ယူကာ လည်ချောင်းကို စိုစွတ်စေပြီး စားပွဲကို မှီလိုက်သည်။

"သူက ဝိန်းရမ်ယဲ့ နင့်ကို သတ်မဲ့အရေးကနေ တားလိုက်တယ်လေ။ အဲ့ဒါ နင့်အတွက် အကျိုးအမြတ်ရသွားတာ မဟုတ်ဘူးလား။"

ချင်းလင်က သူ့ကို အချိန်အတော်ကြာ နှစ်သိမ့်ပြောဆိုပြီးမှ ထိုင်းမှိုင်းနေသော လဲ့ကျန်း၏အသံကို ကြားလိုက်ရသည်။ "...ငါ နောင်တရတယ်။"

ချင်းလင်က သူ(မ)၏လက်ဖက်ရည်ခွက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ "ငါက ဒါကို သူ့ကိုကူညီဖို့... လုပ်ခဲ့တာမဟုတ်ဘူးပဲ။"

"ငါ သိတယ်။" ချင်းလင်က ပြောလိုက်သည်။

"နင့်ရဲ့နှလုံးသားထဲမှာ နင်က သူ့ကို ရဖို့ပဲလိုချင်တာ။ တကယ်တော့ လူတော်တော်များများလည်း အဲ့ဒီလိုပဲ။ ကျူ၀ူရှင်း၊ ကျင်းယွီကျဲ၊ ဝိန်းရမ်ယဲ့... နင့်ရဲ့ အားသာချက်က နင်က ဒါကိုပိုပြီးသတိပြုမိတယ်၊ ပြီးတော့ သူနဲ့ ပိုနီးကပ်တယ်လေ။"

သူ(မ)၏စကားများက ဖောင်းကားနေသော ဘောလုံးကို ပါးလွှာသော အပ်ဖြင့် ထိုးလိုက်သကဲ့သို့ပင်။ ထိုအထဲတွင် ပြည့်နေသမျှအရာအားလုံးက လေထွက်သွားသကဲ့သို့ ပြေးထွက်သွားကာ တပ်မက်မှုများဖြင့် ပြည့်နေသော ညှိုးနွမ်းသော အရေပြားသာ ကျန်တော့သည်။

ချင်းလင် နောက်ထပ် ဘာမှမပြောတော့ဘဲ အဝေးကို ငေးကြည့်ကာ သူ(မ)၏စိတ်ထဲ တိတ်တဆိတ်ထပ်ဖြည့်ပြောလိုက်သည်။

ဒါပေမဲ့ သူက နင့်ကို ချစ်လာမှာမဟုတ်ဘူး။

အချိန်အတော်ကြာကတည်းက ချင်းလင်သည် ကျန်းကျဲလျိုက သူ့ကိုယ်သူအတွက် နေထိုင်သည်တောင် မရှိသလောက်ပင်ဟူ၍ သိရှိခဲ့သည်။ သူသည် တိကျပြီး တရားမျှတသည်၊ အတိုင်းအတာတစ်ခုဖြင့် မှတ်သားထားသော အုပ်ချုပ်သူတစ်ဦးနှင့် တူသည်။ သူ၏မျက်လုံးများတွင် ကျေးဇူးတရားနှင့် ဖြောင့်မတ်ခြင်းသာရှိပြီး အရေးအကြီးဆုံးမှာ အားလုံး၏အခြေအနေသာ ဖြစ်သည်။

တစ်ခါတစ်ရံ သူ(မ) ကျန်းကျဲလျိုနှင့် စနောက်နေချိန်တွင် တစ်ဖက်လူ၏ နှုတ်ခမ်းပေါ်ရှိ အနည်းငယ်ပြုံးခြင်းမှ နက်ရှိုင်းသော ပင်ပန်းနွမ်းနယ်မှုကို တွေ့မြင်ရသည်။

သူသည် လဲ့ကျန်းကဲ့သို့ ကိုင်တွယ်ဖြေရှင်းရခက်မည့်သူမျိုးကို သဘောမကျပေ။ သို့သော် သူ၏မိတ်ဆွေများကိုမူ သူ့အကျင့်အရ ကာကွယ်ပေးနေဆဲပင်။

...

တစ်ချိန်တည်းမှာပင် ကျုံးနန်တောင်၌။

ကျင်းယွီကျဲက သူ၏လက်များကို ပွတ်သပ်ကာ သူ့ဘေးနားရှိ ကျင့်ကြံသူအား မေးလိုက်သည်။ "ကျူးချွဲ့ကျန်းကျွင်း ဒီကို လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က လာခဲ့တယ်ဆိုတာ သေချာရဲ့လား။"

"ဒါကို လိမ်နေတယ်လို့များ ထင်နေတာလား။ အိုး မျှော်စင်သခင်လေးရယ်၊ ကောင်းကင်တစ်ဝက်လောက် နီရဲနေပြီး နှင်းတွေတောင် လက်မအနည်းငယ် အရည်ပျော်သွားတာလေ။ အဲ့ဒါ ကျူးချွဲ့ကျန်းကျွင်းမဟုတ်ရင် ဘယ်သူဖြစ်နိုင်မှာလဲ။"

ကျင့်ကြံသူက တောင်ထိပ်ကိုလက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"ကျူးချွဲ့ကျန်းကျွင်းနဲ့ ကျန်းရှန်းဇွင်းတို့က အရင်းနှီးဆုံး သူငယ်ချင်းတွေလေ။ ကျင့်ကြံရေးလောကနဲ့ မိစ္ဆာလောကကြား နှစ်တစ်ထောင်ကြာတဲ့ ငြိမ်းချမ်းရေးက သူတို့နှစ်ယောက်ကျေးဇူးကြောင့်ပဲ!! အခု ကျန်းရှန်းဇွင်းမှာ အကြီးအကျယ်ကိစ္စတစ်ခု ဖြစ်သွားတော့ ကျန်းကျွင်းက လင်းရှောင်ဂိုဏ်းကိုသွားပြီး ကျူ၀ူရှင်းကို ရှာရမဲ့အစား ဒီကိုပဲ လာခဲ့တာ... အဲ့ဒါရဲ့ အဓိပ္ပာယ်က သိသာနေတာပဲ မဟုတ်လား။"

"ကျူးချွဲ့ကျန်းကျွင်းက ဘယ်သူ့ကိုမှ ခေါ်မသွားဘူးလား။"

"အမ်း၊ သူတို့ စကားပြောတာ အဆင်မပြေလို့လား၊ ဒါမှမဟုတ် ဘာဖြစ်သွားလဲ မသိပေမဲ့ ကျူးချွဲ့ကျန်းကျွင်းက တောင်ပေါ်မှာ တစ်ရက်ကျော်နေခဲ့တယ်။ နောက်တော့ သူက တစ်ယောက်တည်းထွက်သွားပြီး ဒဏ်ရာရနေတဲ့ပုံပဲ။"

ကျင်းယွီကျဲ ခေါင်းညိတ်ပြီး နောက်တစ်ကြိမ် မေးလိုက်သည်။

"ငါ့အပြင် ဒီအကြောင်း တခြားဘယ်သူ့ကို ပြောသေးလဲ။"

ကျင့်ကြံသူက အလျင်အမြန် ပြန်ဖြေခဲ့၏။ "မနေ့က မြင်လိုက်ကတည်းက မျှော်စင်သခင်ကျင်းကို ချက်ချင်း လာပြောတာပါ။ တခြားဘယ်သူ့ကိုမှ မပြောရသေးပါဘူး။"

ကျင့်ကြံရေးလောကတစ်ခုလုံး ကျန်းကျဲလျိုကို ရှာဖွေနေကြပြီး လူတိုင်းက သတင်းအတွက် လျှို့ဝှက်ဆုလာဘ်များက နေရာတိုင်းတွင် ရှိသော်လည်း ဝူရွှမ်းဓါးမျှော်စင်ကတော့ အများဆုံးပေးခဲ့သည်။

ကျင်းယွီကျဲ အနည်းငယ် ခေါင်းညိတ်ကာ သူ့ကို တစ်ချက်ကြည့်လိုက်သည်။

"ကောင်းပြီ၊ ဒီတောင်ခြေမှာ စောင့်ပြီး ရထားလုံး၊ မီးဖိုနဲ့ ဆေးလုံးတွေ ပြင်ထားလိုက်။ ငါ သူ့ကိုတွေ့တာနဲ့ ချန်ပေ့ကို ချောချောမွေ့မွေ့ ပြန်ခေါ်လာမယ်။ အဲ့ဒီတဏှာရူးတွေ အခွင့်ကောင်းယူဖို့ အခွင့်အရေး မပေးနိုင်ဘူး။"

ကျင့်ကြံသူမှာ ကြောင်အမ်းသွားပြီး တီးတိုးရေရွတ်လိုက်သည်။

"ခင်ဗျားက တဏှာရူး မဟုတ်ဘူးလား..."

သူ့ခမျာ စကားမဆုံးခင် ကျင်းယွီကျဲဆီကနေ အရိုက်ခံလိုက်ရသည်။

"ဘာတွေလျှောက်ပြောနေတာလဲ။ ကျူဝူရှင်းက သူ့ကိုပျောက်သွားပြီးနောက်ပိုင်း သူ့ကို ဘယ်လောက်တောင်လိုက်ရှာနေကြလဲ မင်းသိလား။ ငါ ချန်ပေ့ကို မကာကွယ်လို့ ချန်ပေ့ အခွင့်အရေးယူခံရရင် ငါတို့ ဘယ်လိုလုပ်မလဲ။ သွား၊ ကိုယ့်အလုပ်ကိုသွားလုပ်!"

ကျင်းယွီကျဲသည် ဤသို့ပြောပြီးနောက် သူ၏လက်များကို နောက်တစ်ကြိမ် မပွတ်သပ်ဘဲ မနေနိုင်တော့ချေ။ သူက ကျင့်ကြံရေးဝတ်စုံကို ဝတ်ဆင်ထား၏၊ ၎င်းက အတွင်း၌ အဖြူရောင်၊ အပြင်၌ ရွှေရောင်နှင့် ခါးပတ်အနက်ရောင် ဖြစ်သည်။ သူ၏အဝတ်အစားများသည် ခမ်းနားတောက်ပြောင်ပြီး ဆံထိုးကတောင် တုနှိုင်းမရသော ဝိညာဥ်ကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး သူ၏မျက်လုံးများတွင် တောက်ပကာ ကြည်လင်သော မျှော်လင့်ချက်တစ်ခု ရှိနေသည်။

ထိုနေ့က လင်းရှောင်ဂိုဏ်း၌ ကျူ၀ူရှင်းနှင့် ရင်ဆိုင်ခဲ့ရသည့်အခြေအနေနှင့် မတူဘဲ ယခုအချိန်တွင် ကျင်းယွီကျဲက ချိန်းတွေ့ရန် ပြင်ဆင်လာသည့် ဆံပင်ရှည်ရှည်ကောင်လေးတစ်ဦးနှင့်တူပြီး သူ၏ ငယ်ရွယ်နုပျိုမှုနှင့် ပထမဆုံးအချစ်ကို မြင်တွေ့ရသည့် ခံစားချက်များ လွှမ်းခြုံလျက်ရှိနေသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment