အပိုင်း ၁ 🔞
ပြင်းထန်ကြမ်းတမ်းသည့် အသက်ရှူသံများသည် ညည်းသံတို့နှင့် ရောစွက်လျက်ရှိသည်။ မီးမှိန်မှိန်ထွန်းထားသည့် အိပ်ခန်းသည် ကျီစယ်နှိုးဆွနိုင်စွမ်းရှိသည့် အပူဓာတ်တစ်မျိုကြောင့် အထူးတလှယ် နွေးထွေးနေခဲ့သည်။
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရမ္မက်ဇောကြွနေကြသည့် ကာရန်ဖြင့် အိပ်ရာထဲတွင် နက်နက်ရှိုင်းရှိုင်း တွယ်ယှက်နေကြစဉ် ရွှေအိုရောင် မီးရောင်က နံရံထက်တွင် မမြင်ဝံ့ဖွယ် အရိပ်များကို ဖန်တီးကျရောက်စေခဲ့သည်။
ထိုလူက သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းကို ထူမတ်လိုက်ပြီး အမျိုးသမီး၏ ခြေကျင်းဝတ်တွေကို လက်ဖဝါးနှစ်ဖက်ဖြင့်ဆုပ်ကိုင်၊ ခြေတံနှစ်ဖက်ကို ပိုပြီးကားသွားအောင်ဖြဲထားရင်း သူ၏ဒူးခေါင်းများကို အမျိုးသမီး၏ တင်ပါးတွေအနားအထိ ရွှေ့လိုက်သည်။
အတွင်းထဲကို နက်နက်ရှိုင်းရှိုင်း ထိုးသွင်းလိုက်တိုင်း ထိုလူက သိသိသာသာကို တောင့်ခနဲတင်းခနဲ ဖြစ်သွားတော့သည်။ သူ၏ ပခုံးကျယ်ကျယ်နှင့် ကြွက်သားတို့မှာ ဆီလိမ်းထားသည့်အလား ချွေးတို့ဖြင့် ကျုံ့ချည်ဆန့်ချည် ရှိနေခဲ့သည်။
နုနုနယ်နယ် ခြေကျင်းဝတ်ကလေးများကို ဆုပ်ကိုင်ထားသည့် သူ့လက်တို့က တင်းသွားခဲ့သည်။ သားရဲကောင် အရိုင်းအစိုင်းကြီးက လည်ပင်းကို ကိုက်ထားသည့် ပျော့တိပျော့ဖပ် ငှက်ကလေးတစ်ကောင်အလား အမျိုးသမီးက အားမပါလှစွာ တုန်ခါနေပြီး အပူတပြင်း အရှိန်တက်လာသည့် သာယာမှုနှင့် လိုက်လျောညီထွေဖြစ်အောင် ရုန်းကန်ခဲ့ရသည်။
"အား..."
အမျိုးသမီးက ဟိုဘက်ဒီဘက် ခေါင်းခါယမ်းပြီး ညည်းလိုက်သည်။ ကူကယ်ရာမဲ့နေသည့် အခြေအနေတွင် သူက လက်တစ်ဖက်မြှောက်ပြီး သူ့ဦးခေါင်းဘေးဘက်က ကြေမွနေသည့် အိပ်ရာခင်းကို ဆုပ်ကိုင်ကုတ်ခြစ်လိုက်သည်။
အမျိုးသားက တစ်ချက်ကလေးတောင် အလျှော့မပေးတော့မဲ့အလား အထဲကို ဝင်လာတိုင်းတွင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် အမျိုးသမီး၏ အတွင်းပိုင်းကို ပြည့်သွားစေခဲ့သည်။
တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်လာသည်နှင့်အမျှ ဆက်နွှယ်နေသည့် သူတို့၏ ခန္ဓာကိုယ်များ ပူသထက်ပူလာတော့သည်။ အမျိုးသမီးက တစ်ချက်ချက် စောဒကတက်ဟန့်တားခဲ့သော်လည်း ထိုလူကတော့ တစ်ချက်လေးတောင် တုတ်တုတ်မလှုပ်ဘဲ အဲ့ဒီအစား ကြမ်းကြမ်းကြုတ်ကြုတ် အမြတ်ထုတ်မှုကိုသာ ဆက်လက်ခရီးနှင်ခဲ့သည်။
အမျိုးသမီးက ဒီလိုကိစ္စရပ်တွေနှင့် အသားကျလှသူမဟုတ်ပေ။ ဤသည်မှာ သူ့အတွက် ယောက်ျားတစ်ယောက်နှင့် ဒုတိယအကြိမ် စပ်ယှက်ဖူးခြင်းဖြစ်သော်လည်း ဒီလူနှင့် ပထမဆုံးညသည် သူစိတ်ကူးထားခဲ့သည်ထက် ပို၍ရမ္မက်ဆန်လှပါသည်။
သူ့ခန္ဓာကိုယ်က ရုန်းကန်နေရသည့်အနေအထားတွင်ရှိနေပြီး အသက်ပင် အနိုင်နိုင်ရှူနေရသည်။
အစတွင်တော့ ဘာမှများများစားစားဖြစ်လောက်မှာမဟုတ်ပါဘူးဟုသာ တွေးထားခဲ့မိ၏။ သူမှားသွားခဲ့ခြင်းပင်...ထိုလူ၏ စွမ်းဆောင်နိုင်စွမ်းကို ယခုထိ မသိရသေးပေ။
ထိုလူကား သူမှန်းထားသည်ထက်ကို သာလွန်သည့် သန်စွမ်းအားကောင်းသူတစ်ယောက်ပင်။ ဒီနေ့တွင် ထိုလူသည် သူ့ရှေ့မှောက်တွင် အရှုံးပေးအညံ့ခံဖို့ ပြောနေသည့်အလား အမျိုးသမီးအား တရစပ် တွန်းပို့ခဲ့သည်။
နောက်ဆုံး သတိလစ်သွားတော့မလားဟု ထင်လိုက်မိချိန်တွင် ထိုလူက အနည်းငယ်လျှော့ပေးခဲ့ပြီး ငြင်းမရအောင်နွေးသည့် အရည်တစ်မျိုး သူ၏ ပန်းပွင့်လွှာလေးများဆီမှ စီးကျလာသည်ကို ခံစားလိုက်ရသည်...
အမျိုးသမီးက အတတ်နိုင်ဆုံးမြန်မြန်လေး အသက်ရှူထုတ်လိုက်သည်။
ဘယ်လိုမှ ထင်မှတ်မထားသည့်အချိန်တွင် ထိုလူက အမျိုးသမီး၏ ခြေကျင်းဝတ်ကိုမြှောက်ပြီး နူးညံ့သည့် ခြေသလုံးသားလေးများကို နမ်းရှိုက်လိုက်သည်။ ကြမ်းကြမ်းတမ်းတမ်း ယောက်ျားတစ်ယောက်ဆီမှ အံ့ဩစရာကောင်းလောက်အောင် ချိုမြိန်နှစ်လိုဖွယ်ကောင်းသော အပြုအမူပင်။
ထိုလူ၏ မျက်လုံးနက်နက်များတွင် အပြာရောက်သမ်းသည့် အရောင်တစ်မျိုး လက်နေပြီး တဖြည်းဖြည်း အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
အမျိုးသမီး၏ မျက်လုံးများက တစ်ဝက်ပွင့်နေပြီး အခုထိ နေရာမှာတင် မလှုပ်မယှက်ရှိနေသည့် ထိုလူကို ပျင်းတိပျင်းတွဲ ငေးကြည့်နေခဲ့သည်။ ထိုလူ၏ လျှာဖြင့် ဖြည်းဖြည်းချင်း စက်ဝိုင်းသဏ္ဌာန် လှုပ်ရှားပွတ်သပ်နေမှုက သူ့ကို နှောင့်ယှက်နေသည်...သူ့ခန္ဓာကိုယ် အနှံ့အပြားတွင် ကြက်သီးမွေးညင်းများ ထလာတော့သည်။
သူ့ခြေတံများက ထိုလူလက်ထဲတွင် ဆုပ်ကိုင်ခံထားရဆဲရှိနေလျက်ကနေ အမျိုးသမီး၏ တင်ပါးများက အိပ်ရာကနေ အနည်းငယ် ကြွသွားခဲ့သည်။ နွေးထွေးသည့်အရည်တို့ ထွက်လာပြီး သူ့တင်ပါးရိုးတစ်လျှောက် စီးကျလာတော့သည်။
ထိုလူ ထိုးသွင်းလိုက်ချိန်တိုင်းတွင် အသားချင်းရိုက်ခတ်သံတို့ ထွက်ပေါ်လာခဲ့သည်။
အမျိုးသမီး၏ ကျောပြင်အောက်မှ အိပ်ရာခင်းသည် သူ၏ ချွေးတို့ဖြင့် စိုစွတ်နေခဲ့သည်။ ရေထဲအနှစ်ခံလိုက်ရသည့် ဖော့တုံးအလား စိုစွတ်ပျော့ခွေလာသည်ကို ခံစားလိုက်ရသည်။
ထိုလူ ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်တာကို ခံစားမိလိုက်သည်ဆိုလျှင်ပဲ ထိုလူတော့ အားရကျေနပ်သွားတဲ့အတွက် သူ့ကို နားခွင့်ပေးတော့မှာပဲဟုတွေးပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပေမဲ့ နောက်တစ်ခဏအကြာတွင် အဲ့ဒီအထင်က တက်တက်စင်အောင် လွဲသွားပေတော့သည်။
ထိုလူက အမျိုးသမီး၏ ပေါင်တွေကို ဆုပ်ကိုင်ပြီး သတိပေးခြင်းမရှိဘဲ သူ၏အရာကို တစ်ဖန် ထပ်သွင်းခဲ့ပြန်သည်။
ချက်ချင်းဆိုသလို အမျိုးသမီး၏ ဗလုံးဗထွေးအော်သံများ အခန်းထဲတွင် ပြည့်သွားတော့သည်။
သူ့အတွင်းသားများကို ကုတ်ခြစ်နေသည့် မရိုးမရွ ခံစားချက်က သူ့ကို စူးစူးရှရှ ရိုက်ခတ်လာခဲ့သည်။ ထိုလူ ချုပ်ကိုင်ထားသည့် သူ့ခြေတံက ထိုလူ၏ တင်ပါးဆုံရိုးပေါ်တွင်ရှိနေပြီး ထိုလူ့အား ပို၍အဝင်အထွက်လုပ်နိုင်အောင် လမ်းဖွင့်ပေးခဲ့သည်။
ထိုလူက သူ့ကိုယ်ကို နှိမ့်လိုက်ပြီး အမျိုးသမီး၏ မျက်နှာဘေးတစ်ဖက်တွင် သူ့လက်ကို နေရာချလိုက်သည်။
ထိုလူ၏နှုတ်ခမ်းများက ဆင်းသက်လာပြီး အမျိုးသမီး၏ နှုတ်ခမ်းများအပေါ် အုပ်သွားခဲ့သည်။ လျှာဖြင့်လျက်ရင်း၊ အမျိုးသမီး၏ ဦးခေါင်းကို ဘေးဘက်သို့လှည့်ရင်း၊ နှုတ်ခမ်းများကို အပြည့်အဝငုံပြီးစုပ်ယူရင်း ထိုလူက အမျိုးသမီး၏ ခံတွင်းထဲသို့ သူ၏လျှာကို နက်နက်ရှိုင်းရှိုင်း သွင်းခဲ့သည်။
ထောင်မတ်နေသည့် ဖွားဖက်တော်ကို အပူထနေသည့် သူ့နယ်မြေလေးထဲသို့ ဖိသွင်းနေခဲ့သည့် ထိုလူ၏ အနမ်းက ဝမ်းဗိုက်အောက်ပိုင်းမှ ကြမ်းကြုတ်ပြင်းထန်သည့် အခြေအနေလိုမဟုတ်ဘဲ အံ့ဩဖို့ကောင်းအောင် နူးညံ့လှသည်။ ထိုလူက အမျိုးသမီး၏ ခံတွင်းထဲတွင် ချိုသာနူးညံ့စွာ နှစ်သိမ့်ချော့မြှူနေခဲ့ပြီး အမျိုးသမီး၏ အတွင်းကျကျ အတွေးတို့ကို လျှာဖျားကလေးဖြင့် ပွတ်သပ်ကျီစယ်ခဲ့သည်။
အမျိုးသမီးကလည်း သူတို့နှစ်ဦးသာသိသည့် နှစ်ပါးသွားတွင် တက်ညီလက်ညီပါဝင်ရင်း သူ့နှုတ်ခမ်းများကို လှုပ်ရှားခဲ့သည်။
သို့သော်လည်း တယုတယအနမ်းက အရိုင်းဆန်သောအနမ်းအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။ ထိုလူ၏လျှာက လိပ်သွားပြီး အမျိုးသမီး၏လျှာကို စုပ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အောက်ပိုင်းတွင် နေရာယူထားသည့် သူ၏လိင်တံက တစ်လက်မလောက် ပြန်ထွက်သွားပြီး တိုင်တစ်တိုင်အလား အတွင်းထဲကို ဆောင့်ဝင်လာခဲ့သည်။
"ဟင့်"
လန့်သွားသည့် အမျိုးသမီး၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ့မျက်နှာဘေးတွင်ရှိနေသည့် ထိုလူ၏လက်ကို ဆုပ်ကိုင်ထားလိုက်မိသည်။ တစ်ဖန်ထပ်ပြီး သူတို့နှစ်ဦး၏ အရိုင်းဆန်ဆန် လျှာနှစ်ပါးသွားတွင် ကူကယ်ရာမဲ့စွာ စီးမျောသွားခဲ့ပြန်သည်။
ထိုလူက မနက်ဖြန်ပဲ ကမ္ဘာကြီး အဆုံးသတ်သွားတော့မည့်အလား အမျိုးသမီးကို ဇွဲနပဲနှင့် မက်မက်မောမော တပ်မက်သိမ်းပိုက်ခဲ့သည်။ ထိုလူ၏ ရမ္မက်ဆန္ဒက ဧရာမလှိုင်းတံပိုးသဖွယ် သူ့ကို လာရိုက်ခတ်တော့သည်။
ကျိန်းသေပေါက် စတင်ခြင်းဖြစ်သည့် သင်္ကေတဖြင့် ထိုလူ စလှုပ်ရှားခဲ့သည်။ အကန့်အသတ်ရောက်သည့်တိုင် ပြန့်ကားသွားသည့် အမျိုးသမီး၏ ပွင့်လွှာလေးများသည် မသက်မသာဖြစ်ရသလို တစ်ချိန်တည်းမှာပဲ သာယာနေပြန်ပါသည်။
နင့်နင့်သီးသီးရှိလှသည့် သာယာမှုက သူ့ဝမ်းဗိုက်အောက်ပိုင်းကနေ ငယ်ထိအထိ တက်သွားတော့သည်။
"အား"
အမျိုးသမီး၏ ခန္ဓာကိုယ်က ကြမ်းကြမ်းတမ်းတမ်း တုန်ယင်လာခဲ့သည်။ မျက်လုံးကို တင်းတင်းမှိတ်ထားခဲ့ပြီး သူ့လည်ချောင်းထဲကနေ ညည်းသံတစ်ချက် ထွက်လာခဲ့သည်။
ခံစားမှုကို တင်းခံနိုင်ခြင်းမရှိဘဲ အသံမပြုမိလျှင် တစ်ကိုယ်လုံး နွမ်းရော်ပြီးကျုံ့များသွားမလားဟု စိုးရိမ်လာခဲ့မိသည်။
အင်မတန်ပူသည့် ရာသီဥတုက သူ့ခန္ဓာကိုယ်ကို ပိုပြီးတော့တောင် ရှိန်းတိန်းတိန်းဖြစ်အောင် လုပ်နေလေ၏။ ထိုလူသည်လည်း အလားတူပင်။ ထိုလူ၏ လည်တိုင်မှ ချွေးစက်တို့သည် ထုဆစ်ပုံဖော်ထားသလို သူ၏ရင်အုပ်အထိ စီးကျနေခဲ့သည်။
ထိုလူက ထက်သန်တက်ကြွမှု အပြည့်ရှိသည့် မျက်လုံးများဖြင့် အမျိုးသမီး၏ နှုတ်ခမ်းကို ကိုက်လိုက်ပြီး နားရွက်ကလေးကို လျက်လိုက်သည်။
"ယူဂျင်း။"
ထိုလူ၏ တီးတိုးစကားသံက သူ၏ စိတ်ဝိညာဉ်ကို လာထိသည့်အလား ရင်ခုန်လှိုက်ဖိုဖွယ်ပင်။ ယင်းအမည်ကို ကြားလိုက်ရချိန်တွင် အမျိုးသမီးက ပူနေသည့် သူ၏မျက်လုံးများကို ဖွင့်လိုက်မိသည်။
ယူဂျင်း...
ယင်းမှာ သူ့အမည်ပင်...
သို့သော်လည်း လုံးဝတုန်ယင်နေသည့် သူ့ခန္ဓာကိုယ်သည် နဂိုကတည်းက ယူဂျင်းပိုင်သည့်အရာ မဟုတ်ခဲ့ပေ။
~~~~~
အရာအားလုံးက ကွဲပြားပြီး ထူးဆန်းနေသည်။ ချစ်ချစ်တောက် ပူလှပြီး သူ့နဖူးတွင် ချွေးတို့ဖြင့် အဆီပြန်နေသည်ကို ခံစားမိနေရသည်။
ယူဂျင်းတစ်ယောက် မျက်လုံးကို ဖိပြီးဖွင့်လိုက်သည်အခါ သူ့ကိုယ့်သူ လဲလျောင်းလျက်ရှိနေသည်ကို တွေ့လိုက်ရပြီး အစိမ်းသက်သက်ဖြစ်သည့် မြင်ကွင်းက သူ့ကို နှုတ်ဆက်ခဲ့သည်...လေကြောင့်လွင့်ကျဲနေသည့် သဲတို့ရယ်၊ သူ့အထက်တွင် မြင်သာနေသည့် ကြည်ကြည်လင်လင် ကောင်းကင်ရယ်။
'ငါ ဘယ်ရောက်နေတာပါလိမ့်။'
ယူဂျင်းက သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို ထိန်းဖို့အတွက် သဲပြင်ထဲတွင် လက်ထောက်ပြီး အားတင်း၍ ကုန်းရုန်းထလိုက်သည်။ ထိုသို့လုပ်လိုက်စဉ် စောစောက သူ့ရင်ဘတ်ပေါ်တွင် တင်နေသည့် သဲလက်တစ်ဆုပ်စာက အောက်သို့ သွန်ကျသွားတော့သည်။
ရောက်ရှိနေသည့် ထူးထူးဆန်းဆန်းနေရာကိုကြည့်ရင်း သူ့မျက်လုံးတို့တွင် အံ့ဩမှုအပြည့် ဖြစ်သွားတော့၏။ သူဝတ်စားထားသည့် အဝတ်အစားများကို မြင်လိုက်ရသည့်အခါ ပို၍ပင် အံ့ဩမှင်တက်သွားသည့် မျက်နှာထားက သူ့မျက်နှာတွင် ဖြတ်သန်းသွားလေသည်။
လက်မောင်းကိုပင့်ရင်း အင်္ကျီလက်ပွပွ ဖုံးနေသည့် သူ၏လက်ခုံကို အံ့ဩတကြီး ကြည့်လိုက်မိ၏။ ဂါဝန်၏ ပိတ်သားက တန်ဖိုးကြီးသော်လည်း သူ့အကြိုက်မဟုတ်ပေ။
'အိပ်မက်မက်နေတာများလား။'
ယူဂျင်းတစ်ယောက် ခန့်မှန်းကြည့်လိုက်ပေမဲ့ အဝတ်လွတ်နေသည့် အသားပေါ်တွင် ခံစားသိရှိနေရသည့် ကျဉ်စူးစူး နေရောင်ခြည်က အဲ့ဒီလိုမဟုတ်ဟု ပြောနေသည့်နှယ်ပင်။
မျက်လုံးကို လက်ကခွာပြီး အရှေ့မှာရှိနေသည့် ရှုခင်းကို တစ်ဖန်ကြည့်လိုက်ပြန်သည်။ သဲနီနီတို့က လေထဲတွင်ဝေ့ဝဲနေကြသည်၊ သူ့ကိုယ်သူ ဘယ်မှာရှိနေမှန်း တွေ့ရဖို့တောင် အနိုင်နိုင်ပင်။
'ဒီကို တစ်ခါမှမရောက်ဖူးပေမဲ့ ဓာတ်ပုံတွေထဲမှာတော့ ဒီလိုမျိုး ပုံစံတူရှုခင်းတွေ မြင်ဖူးသား။ ငါ ဘာလို့ ကန္တာရထဲ ရောက်နေတာပါလိမ့်။'
စိတ်ထဲတွင် အတွေးတစ်ခုဝင်လာပြီး အဓိပ္ပာယ်မရှိလိုက်တာဆိုသည့်အတွေးဖြင့် ပါးစပ်ဖွင့်လိုက်မိသည့်အခါ ကိုယ့်ရယ်သံကိုယ်ကလွဲ၍ ဘာမှမကြားခဲ့ရပေ။ တူတူတန်တန် စကားပြောဖို့အတွက် အင်မတန်ကို မှင်တက်မိနေခြင်းပင်။
'ကမ္ဘာရဲ့ တခြားတစ်ဖက်ကို ပျံပြီးရောက်လာတာများလား။'
ရှင်သန်ရေးအတွက် မျှော်လင့်တကြီးဖြစ်နေသည့် ပင်ကိုအသိက နိုးကြွလာပြီး သူ့စိတ်က ရှင်းလင်းပြတ်သားလာခဲ့၏။ ယူဂျင်းက ဖြည်းဖြည်းချင်းထပြီး ဘေးပတ်လည်ကို ကြည့်လိုက်သည်။ သူ့ခြေထောက်များက သူ့အောက်တွင် တုန်ချိချိ ယိုင်တိုင်တိုင်ဖြစ်နေ၏။
ဘယ်နေရာကိုပဲကြည့်ကြည့် သဲထူထူ၊ မှုန်မှိုင်းမှိုင်းနှင့် သဲတောင်ကုန်းတွေချည်းပင်။ နားမလည်နိုင်စွာ ရပ်နေရင်းကနေ သူ စတင်လမ်းလျှောက်ပါတော့သည်။
'နေလောင်ပြီးတော့ မသေချင်ပါဘူး။ အတတ်နိုင်ဆုံးမြန်မြန် အရိပ်ရတဲ့နေရာ ရှာမှပဲ။'
စတင်လှုပ်ရှားပြီးလို့ ဘယ်လောက်မှမကြာခင်မှာတင် တစ်စုံတစ်ရာကြောင့် ယူဂျင်း၏ခြေလှမ်းများ ရပ်သွားတော့သည်။ ခပ်လှမ်းလှမ်းကနေ တစ်စုံတစ်ရာက ရွေ့လျားလာနေသလိုပင်။ နဖူးတွန့်သွားသည်အထိ မျက်လုံးကိုမှေးပြီး ပိုပြီးမြင်သာအောင် ကြည့်လိုက်သည်။
ထိုပုံစံများက ဘာများပါလိမ့်ဟု သိရစေရန် အားကြိုးမာန်တက် စောင့်ကြည့်နေခဲ့သော်လည်း သူတို့တွေ ဦးတည်ချက်ပြောင်းပြီး ယူဂျင်းရှိရာဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာချိန်တွင် ယူဂျင်းတစ်ယောက် ထိတ်လန့်တုန်လှုပ်ခဲ့ရတော့သည်။ သူတို့နှင့် နီးကပ်မသွားစေလိုသော ဆန္ဒအရ အလိုလိုသိစိတ်ဖြင့် အနောက်ဆုတ်လိုက်မိသည်။
အဆိုးဆုံးဖြစ်နိုင်ခြေများကို စိတ်ကူးကြည့်ရင်း ယူဂျင်းတစ်ယောက် ခြေမကိုင်မိလက်မကိုင်မိ ထိတ်လန့်တုန်လှုပ်နေတော့၏။ သူတို့က သဲမုန်တိုင်းထဲတွင် အပြေးနှင်လာကြသည့် လက်နက်ကိုင်တပ်သားတွေပဲဟု တွေးလိုက်မိချိန်တွင် ယူဂျင်း၏မျက်နှာက သိသိသာသာ နီရဲလာတော့သည်။
ယူဂျင်းတစ်ယောက် ပြေးပြီးရင်းပြေးနေခဲ့သော်လည်း သူ၏ဂါဝန်က သူ့ကို နှောင့်နှေးစေခဲ့သည်။ ထို့အပြင် သဲပြင်ပေါ်တွင် ပြေးလွှားရသည်မှာ ခက်ခဲလှသည့်အရာပင်။
ယူဂျင်း သူတို့ကို တွေ့မြင်သိရှိနိုင်သည့် အကွာအဝေးအထိ ရောက်လာဖို့ ဘယ်လောက်မှမကြာလိုက်ပေ။ အကျည်းတန်သည့်ပုံစံရှိသော ခေါင်းဆောင်းများနှင့် မြင်းစီးသမားများသည် အကွာအဝေးတစ်ခုအရောက်တွင် ရပ်တန့်လိုက်ကြသည်။
ထိပ်ဆုံးမှလူက သူ့မြင်းပေါ်ကနေ ခုန်ဆင်းလိုက်သည်။ ထိုလူက တုတ်ခိုင်သန်စွမ်းသည့်ခန္ဓာကိုယ်နှင့် ဖရိုဖရဲ အညိုရောင်ဆံပင်ထူထူတွေရှိသော နိုင်ငံခြားသားတစ်ဦးပင်။ ပြောရရင် သူက ဥရောပသားနှင့်တူပြီး သူ့အနောက်မှလူများသည်လည်း အလားတူပင်ဖြစ်ကြသည်။
ထိုလူက မြေပေါ်တွင် ဒူးတစ်ဖက်ထောက်ပြီး ပြောခဲ့သည်။
"အရှင်မိဖုရား။"
အကြောက်တရားကြောင့် တင်းမာနေခဲ့သည့် ယူဂျင်း၏ မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားတော့သည်။ ထိုလူပြောလိုက်သည့်စကားသည် ကိုရီးယားဘာသာစကားမဟုတ်သည်မှာ ကျိန်းသေပင်။ သို့ရာတွင် ယူဂျင်းက ထိုစကားကို ပြီးပြည့်စုံစွာ နားလည်နေခဲ့သည်။
မျက်လုံးထဲဝင်လာသည့် ချွေးတို့ကြောင့် မျက်လုံးကျိန်းစပ်သွားသည့်အတွက် မျက်တောင်အကြိမ်ကြိမ်ခတ်ရင်း အံ့ဩမှင်တက်လျက်ရှိနေရာကနေ ထိုလူကို ကြည့်နေခဲ့မိသည်။
ဘယ်လိုတုံ့ပြန်ရမည်ကို ယူဂျင်း မသိခဲ့ပေ။ တုံ့ပြန်လာခြင်း မရှိသည်ကို သတိပြုမိသွားပြီး ထိုလူက နားမလည်နိုင်စွာ ပြောခဲ့သည်။
"ခွင့်ပြုပါ အာနီခါ။ အဆင်ပြေပါရဲ့လား။"
အာနီခါတဲ့လား။
ယူဂျင်း ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ လောလောဆယ် သူ အတတ်နိုင်ဆုံးက ဤသည်မျှပင်။
~~~~~
ကန္တာရထဲက မားမားမတ်မတ် တည်ဆောက်ထားသည့် တံတိုင်းကြီးပေါ်တွင် တပ်သားများ ကင်းလှည့်နေကြသည်။ မိုးကုပ်စက်ဝိုင်းတစ်လျှောက် လွှမ်းခြုံထားသည့် နေဝန်းနီနီနှင့် ယင်း၏ နေဝင်ခါနီးအပူတပြင်း ရောင်စဉ်တန်းများက အဆုံးမဲ့ သဲပြင်ပေါ်တွင် ဖြန့်ကြက်ဖြာကျလျက်ရှိသည်။
ခံတပ်တံတိုင်းသည် တစ်ဖက်တွင် ကန္တာရကို မျက်နှာချင်းဆိုင်ထားပြီး တစ်ဖက်တွင်တော့ တိုင်းပြည်တည်ရှိရာ မြို့တော်ကို မျက်နှာချင်းဆိုင်ထားလျက်ရှိသည်။ တိုင်းပြည်နှင့် မျက်နှာချင်းဆိုင်ရှိနေသည့် ကန္တာရအား "ပင်လယ်သေ" ဟု ခေါ်ဝေါ်သမုတ်ကြသည်။ ဘယ်ဆီတွင် အဆုံးသတ်မှန်း ပြောရန်မဖြစ်နိုင်သလောက်ရှိတာကြောင့်ပင်။
ပုံမှန်အကွာအဝေးတစ်ခုစီခြားပြီး တံတိုင်းပေါ်တွင် ကင်းလှည့်နေကြသည့် တပ်သားများကြားတွင် ဖရိုဖရဲဖြစ်မှုဆိုတာ မရှိခဲ့ချေ။ ကန္တာရ၏ စစ်ဘုရင် အုပ်စိုးသည့် ဟာရှီတိုင်းပြည်သည် သူ၏ ကြပ်မတ်သည့် စစ်ရေးစစ်ရာ စည်းကမ်းများကြောင့် သတင်းမွှေးလှသည်။
ပင်လယ်သေဆီ ပုံမှန်ကြည့်နေသည့် တပ်သားတစ်ဦးက ရင်းနှီးနေသည့် ပုံသဏ္ဌာန်များ တိုင်းပြည်တံတိုင်းဆီ ချဉ်းကပ်လာကြသည်ကို မြင်လိုက်ရသည့်အခါ တစ်ဖန် တစ်ဖက်လှည့်ခဲ့သည်။
ထိုအုပ်စု တံတိုင်းဆီ နီးသထက်နီးအောင် အသော့နှင်လာသည်နှင့်အမျှ သန်မာသည့် မြင်းခွာများကြောင့် ဖြစ်ပေါ်လာသည့် ဖုန်လုံးကြီးများသည် ပိုပို၍ ပြင်းထန်လာတော့သည်။
"အရှင်မင်းကြီး ပြန်လာနေပြီ။"
တပ်သား၏အော်သံက တစ်ယောက်ပါးစပ်မှ တစ်ယောက်ပါးစပ်သို့ တစ်ဆင့်ချင်း လက်ဆင့်ကမ်းသွားပြီး နောက်ဆုံးတွင် တံခါးစောင့်တာဝန်ကျသူများဆီ ရောက်ရှိသွားတော့သည်။
"ဂိတ်တံခါးတွေဖွင့်ကြ။"
ဂိတ်တံခါး အနီးပတ်ဝန်းကျင်တွင် အလျင်အမြန်ပင် အုံအုံကြွကြွ ဖြစ်လာတော့သည်။ တပ်သားတွေရော၊ ပြည်သူတွေရဲ့ မျက်နှာတွေမှာ တင်းမာမှုနဲ့ စိတ်လှုပ်ရှားမှုတို့ ရှိနေကြ၏။
ဂိတ်တံခါးကို ပင့်ပြီးဖွင့်ရန်အလို့ငှာ စုစည်းခဲ့ကြသည့် လူသန်ကြီးအမြောက်အမြားက ကျောက်တုံးဂိတ်တံခါးကို မြှင့်တင်ခဲ့ကြသည်။ တပ်သားများကြားတွင် ကိုယ်ကာယ ကြံ့ခိုင်အားကောင်းကြသူများက တံတိုင်းတွင်စုဝေးပြီး ဂိတ်တံခါးနှင့်ချိတ်ဆက်ထားသည့် စက်သီးလက်ကိုင်ကို ကိုင်လိုက်ကြသည်။
ဘုရင်မင်းမြတ် နန်းတော်မှ ထွက်ခွာသွားခဲ့သည်မှာ တစ်လနီးပါးပင်ရှိခဲ့ပေပြီ။ ရှည်လျားလှသည့် ခရီးစဉ်အပြီးတွင် သူ၏ လက်အောက်ငယ်သားများက ခပ်လှမ်းလှမ်းမှပင် သူ၏ အမည်နာမကို ဟစ်ကြွေးကြရင်း သူ့အား နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
"တစ်၊ နှစ်၊ ဆွဲ။"
ကျောက်တုံးဂိတ်မှာ တိုင်းပြည်၏ တစ်ခုတည်းသော ဝင်ပေါက်ဖြစ်သည်။ နှစ်တစ်နှစ်၏ နေထွက်သည့်အချိန် ထူးခြားသောကာလများနှင့် ထူးခြားသည့် အဖြစ်အပျက်များတွင်သာ ဂိတ်တံခါးကို ဖွင့်လေ့ရှိကြ၏။ ဘုရင်မင်းမြတ် ပြန်လာခြင်းကတော့ ထူးခြားသည့် ခြွင်းချက်တစ်ခုပင်။
ကျောက်တုံးဂိတ်တံခါးကြီး အပေါ်ကိုရောက်အံ့ဆဲဆဲတွင် ဘုရင်မင်းမြတ်နှင့် သူ၏တပ်သားများက ရဲတိုက်တံတိုင်းဆီ ရောက်ရှိလာကြပြီး အရှိန်လျှော့ခြင်းမရှိဘဲ အတွင်းကို အပြေးဝင်သွားခဲ့ကြသည်။
လမ်းဖြောင့်ဖြောင့်က ချက်ချင်းပင် ရှင်းလင်းသွား၏။ ရှင်ဘုရင် ပြန်လာပြီဖြစ်ကြောင်း သတင်းကြားထားသည့် လမ်းသွားလမ်းလာများက မြန်မြန်ဘေးဖယ်ပြီး ဘုရင်မင်းမြတ်အတွက် လမ်းရှင်းပေးခဲ့ကြသည်။ ရုတ်တရက် သူတို့လုပ်လက်စအလုပ်များ နှောင့်ယှက်ခံလိုက်ရသော်လည်း မည်သူကမျှ စောဒကတက်ခြင်း မရှိခဲ့ပေ။
ရှင်ဘုရင်က သူ့အား ခရီးဦးကြိုဂါရဝပြုပြီး အားပေးချီးမြှောက်ကြသည့် လူများကို ဒီအတိုင်းသာ ကျော်ဖြတ်သွားခဲ့ပေမဲ့ ဘယ်သူမှ ဂရုမစိုက်ကြချေ။ တစ်ဖက်မှာတော့ စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်သွားပြီး သူသွားရာလမ်းကြောင်းတစ်လျှောက်တွင် ဖုန်နှင့်သဲတို့ကိုသာ ချန်ရစ်ထားခဲ့သည့် ပြည့်ရှင်ဘုရင်၏ ထွက်ခွာသွားသည့် ကျောပြင်ကို အားလုံးက ဦးညွှတ်ထားလျက် ရှိခဲ့ကြသည်။
"အရှင်မင်းကြီး ပြန်ရောက်လာပြီ။"
"အပြင်မှာ ပုံမှန်ထက် နည်းနည်းပိုကြာသွားတယ်နော်၊ ဟုတ်တယ်မလား။"
"ကျုပ်ကတော့ အခု အေးအေးချမ်းချမ်း အိပ်တော့မယ်။ ခြောက်သွေ့ရာသီက မကြာခင်ပြီးတော့မှာလေ။"
"ဒီနှစ် မကောင်းတဲ့ အဖြစ်ဆိုးမျိုးနဲ့ မကြုံဘဲနေရရင် ကောင်းမှာပဲ။"
ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ခဲ့ကြသူတွေက ပိုပြီးတောက်ပသည့် ပေါ့ပါးသွက်လက်မှုနှင့် ပြောခဲ့ကြသည်။
ဘုရင်မင်းမြတ်က တိုင်းပြည်၏ အုပ်စိုးသူဖြစ်သလို သူတို့၏ စောင့်ရှောက်သူလည်း ဖြစ်ပေ၏။ ဤအချက်ကို သဘောမတူသည့်သူ တစ်ဦးတစ်ယောက်မျှမရှိပေ။
~~~~~
အားလုံးက မြန်မြန်ပဲ ဖြစ်ပျက်သွားခဲ့သည်။ နောက်တစ်ခဏတွင် ယူဂျင်းတစ်ယောက် သူ၏ အပါးတော်မြဲများဟု ယူဆရသူများ ဦးဆောင်ခေါ်သွားရာ အနုစိတ်သည့် အခန်းတစ်ခုအတွင်း ရောက်နေမှန်း သူ့ကိုယ်သူ သိလိုက်ရတော့သည်။ သူက လမ်းတစ်လျှောက်လုံး ကြောင်အမ်းအမ်း လျှောက်လာခဲ့သည်၊ သူ့ပတ်လည်တွင် ရှိသမျှအရာအားလုံးက အိပ်မက်တစ်ခုနှယ်ပင်။
ကောင်းတာတစ်ခုကတော့ လူတွေက သူ့ကို စကားမပြောကြဘဲ ဦးညွှတ်ထားလျက်သာ ရှိနေကြခြင်းဖြစ်၏။
'သူတို့တွေ သူ့ကို အဲ့ဒီလောက် ကြောက်ကြတာလား။'
ယူဂျင်းက ဆိုဖာပေါ်တွင် တောင့်တောင့်ကြီးထိုင်ပြီး စိတ်လှုပ်ရှားစွာ နှုတ်ခမ်းကို ကိုက်လိုက်သည်။ ကောင်းကောင်းအိပ်မရခဲ့သည့်နောက်တွင် သူ့မျက်လုံးများက နွမ်းနယ်မှု အတိလွှမ်းနေတော့၏။
'ဂျင် အာနီခါ...'
လက်ရှိတွင် အခုအချိန်မှစ၍ သူကပြရမည့် နေရာ၏ အမည်ကို ရေရွတ်လိုက်သည်။ နာမည်က သူ့နှုတ်ဖျားတွင် ထူးဆန်းနေတော့သည်။
သူ့အမည်အရင်းမှာ ယူဂျင်းပင်ဖြစ်၏။ သူ့မျိုးရိုးအမည်က 'ယူ' ဖြစ်ပြီး ပထမအမည်က 'ဂျင်' ဖြစ်သော်လည်း သူ့ပတ်ဝန်းကျင်မှလူများက 'ယူဂျင်း' ဟု စာလုံးပေါင်းကြသောကြောင့် ပို၍ အနောက်တိုင်းဆန်သွားခဲ့သည်။
ယူဂျင်းသည် ဒီနှစ်ထဲတွင် အသက် နှစ်ဆယ့်ရှစ်နှစ် ပြည့်တော့မည့် သာမန်အမျိုးသမီးတစ်ယောက်ပင်။ ဘတ်ဘုံရုံးတွင် အလုပ်လုပ်ရင်း ကိုယ့်ဝမ်းကိုယ်ကျောင်းနေသည့် သာမန်ရုံးဝန်ထမ်းလေးဖြစ်ပြီး ပူပန်သောကများသည့်ဘဝမှ ရုန်းထွက်နိုင်ရန် အပတ်တကုတ် ကြိုးစားနေသူဖြစ်၏။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် အများကြီး ဖြစ်ပျက်သွားခဲ့သည်။ သူဖန်တီးခဲ့သည့် "မဟာ" ဆိုသော ဝတ္ထုကို ချစ်မိခဲ့ပြီး တခြားတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် နိုးထလာခဲ့၏။ အမှန်အတိုင်းပြောရလျှင် သူ့ကိုယ်သူ ဘာဖြစ်သွားမှန်း မသိခဲ့ချေ။ စာလုံးတွေက သူ့အလိုလို ထွက်လာပြီး သူ့ကိုယ်သူ ဝတ္ထုရေးနေမိမှန်း သိလိုက်ရခြင်းပင်။
တကယ်ပဲ ဘယ်ကဘယ်လို ရလာမှန်းမသိရသည့် စိတ်ကူးများ၊ အယူအဆများနှင့် ဝတ္ထုတစ်ပုဒ်။
'ဘာဖြစ်လို့ ဂျင် အာနီခါလဲ။ ဇာတ်ကောင်တွေ အားလုံးထဲမှာမှ ဘာဖြစ်လို့ သူဖြစ်ရတာလဲ။'
ညတွင်းချင်းပဲ တခြားကမ္ဘာမှာ၊ တခြားခန္ဓာကိုယ်တစ်ခုထဲမှာ နေနေရသည်လေ။ သို့ပေမဲ့ သူ၏ အရင်ဘဝက ပြန်လှည့်မကြည့်ချင်လောက်အောင် ခက်ခဲပင်ပန်းလွန်းတာမို့ စောဒကတက်ခြင်း အလျဉ်းမရှိခဲ့ချေ။
သို့သော်လည်း ပြဿနာအကြီးစားတစ်ခု ရှိနေပေသည်။ ဝတ္ထုထဲတွင် ဂျင် အာနီခါသည် ဗီလိန်တစ်ယောက်ဖြစ်ပြီး တရားမျှတမှုဆိုသည့် ခေါင်းစဉ်အောက်တွင် ကြွေလွင့်ရမည့် နောက်ဆုံးဇာတ်ကောင်ပင်။
မဟာသည် လူမှုအဆင့်အတန်းကို စိစိစစ်စစ် ခွဲခြားထားသည့် လူ့အသိုင်းအဝိုင်းတစ်ခုဖြစ်သည်။ ထို့ကြောင့် ဟာရှီတိုင်းပြည်၏ မိဖုရားသည် လူတန်းစားပိရမစ်၏ ထိပ်ဆုံးတွင် ရှိနေတော့သည်။
'ဝတ္ထုထဲမှာ ဂျင် အာနီခါ ဘာဖြစ်သွားပါလိမ့်။'
ဝတ္ထုအဆုံးသတ်ကို ပြန်အမှတ်ရမိချိန်တွင် ယူဂျင်းတစ်ယောက် သိသိသာသာကို ကြက်သီးထသွားတော့သည်။
ဟာရှီတိုင်းပြည်၏ မိဖုရား ဂျင် အာနီခါသည် ပြည်သူ့ရန်သူတော် ဖြစ်လာခဲ့ပြီး ခင်ပွန်းဖြစ်သူ၏ ဓားချက်ဖြင့် သေဆုံးခဲ့ရသည့်အတွက်ကြောင့်ပင်။
~~~~~
Miel's Translations