အပိုင်း ၂၁ 🔞
နားမလည်နိုင်မှုတို့ အပြည့်ရှိနေသည့် ခါဆယ်ရ်၏ မျက်လုံးများ လှုပ်ရှားသွားတော့သည်။ မိဖုရားက ယခုအထိလည်း လူမမာဖြစ်နေဆဲဟူသည့်အချက်ကို တဒင်္ဂဂ မေ့သွားမိခြင်းပင်။ မှတ်ဉာဏ်များ ပျောက်ဆုံးသွားသူ၏ စိုးရိမ်ကြောင့်ကြမှုများနှင့် နာကျင်မှုတို့ကို စိတ်ကူးကြည့်၍တောင်မရခဲ့။
"တောင်းပန်ပါတယ်။ ငါလည်း စိတ်လောနေတာနဲ့ မင်းကို အရမ်းတွန်းအားပေးမိသလို ဖြစ်သွားတယ်။"
"မဟုတ်တာ၊ ကိစ္စမရှိပါဘူး။ မမှတ်မိရင်တောင်မှ ကတိတည်ရမှာပေါ့။"
"မင်းရဲ့မှတ်ဉာဏ်တွေ...အခုအထိလည်း အရင်အတိုင်းပဲလား။"
"ဟုတ်ကဲ့။"
"မှတ်မိတာတစ်ခုခုများ မရှိဘူးလား။"
"ဘာမှကိုမရှိတာပါ။"
ခါဆယ်ရ်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ရင်ထဲတွင် ဖိစီးနေသည့် တစ်စုံတစ်ရာက နောက်ဆုံးမှာ လျှောကျသွားသလိုပင်။ မနေ့က မိဖုရားတစ်ယောက် စာကြည့်ခန်းသို့သွားကာ အကြာကြီးနေခဲ့သောကြောင့် သူ့ခမျာ အလုပ်ကိုတောင် ဖြောင့်ဖြောင့်အာရုံမစိုက်နိုင်ခဲ့။
"အတင်းမလောတော့ဘူး။"
"ရပါတယ်။ လာခဲ့ပါ၊ ဒီနေ့။"
နှစ်ဦးသား အကြည့်ချင်းဆုံသွားတော့သည်။ ခါဆယ်ရ် တစ်စုံတစ်ခု ပြောရန်ပြင်လိုက်ချိန်တွင် ယူဂျင်းက လက်ဦးသွား၏။
"ကြိုးစားရင်တောင်မှ ကိုယ်ဝန်က ရည်ရွယ်သလို ရလာမှာမျိုးမဟုတ်ပါဘူး။ ကျွန်မရဲ့ မှတ်ဉာဏ်တွေက ဘယ်တော့ပြန်ပေါ်လာမလဲ အတိအကျ မသိရဘူးလေ။ ပိုပြီးတော့ မြန်မြန်လေး လုပ်သင့်တယ်မဟုတ်ဘူးလား။ ကျွန်မ မှတ်ဉာဏ်တွေ ပြန်ရလာပြီး စိတ်ပြောင်းသွားရင် ဘယ်လိုလုပ်မလဲ။"
ယူဂျင်းက သူ၏ နှုတ်ဆိတ်နေမှုကို အဖြေဟု ယူဆလိုက်သည်။
"သွားလိုက်ပါဦးမယ်။ သွားလို့ဖြစ်တယ်မဟုတ်လားရှင့်။"
ယူဂျင်းအား ဘာမှမပြောဘဲ စိုက်ကြည့်နေခဲ့သည့် ခါဆယ်ရ်က ခေါင်းတစ်ချက်ဆတ်ကာ တုံ့ပြန်ခဲ့သည်။ ကျောခိုင်းလှည့်ထွက်လိုက်သည့် ယူဂျင်း၏ မျက်နှာထားက တစ်ချက်ရှုံ့မဲ့သွားပြီးမှ ပြန်ပြေသွား၏။
ထိုညက အရာရာတိုင်း အသစ်အဆန်း အစိမ်းသက်သက် ဖြစ်နေကာ နာကျင်ရသော်လည်း ထိုတစ်ညတာကပင် ခါဆယ်ရ်နှင့် နက်နဲသည့် ဆက်နွှယ်မှုကိုဖွဲ့စည်းကာ နီးစပ်လာစေရန် ဆောင်ကြဉ်းပေးခဲ့ပြန်သည်။ တစ်ဖက်လူက ထိုသို့သောအတွေးမျိုး လုံးဝ ရှိဖူးမည်မဟုတ်သော်လည်း တစ်ယောက်တည်း ခံစားထိရှလွယ်သည့်အတွေးများ စိတ်ကြိုက်တွေးမိခဲ့၏။
သူက ရုတ်တရက် နီးစပ်လာသလို ခံစားရကာ တလှပ်လှပ် စိတ်လှုပ်ရှားမိခြင်း၊ သူအကြောင်း တွေးမိလျှင် ရင်တဒုတ်ဒုတ်ခုန်လာခြင်း၊ ထိုသို့သော ခံစားချက်များက အားလုံး ရူးမိုက်သည့် ထင်ယောင်ထင်မှားဖြစ်မှုများအပြင် မပိုကြောင်းကို ယူဂျင်း သဘောပေါက်လိုက်ရသည်။
'နောက်ဆုံးတော့ လောကမှာ ဘာမှအလကားမရပါလား။'
ယူဂျင်းက လစ်ဟာနေသည့်စိတ်နှင့် စင်္ကြံအတိုင်း လျှောက်ဆင်းသွားလိုက်သည်။ ဂျင်၏ ခန္ဓာကိုယ်ထဲသို့ ရောက်လာရသည့် ကျေးဇူးကြောင့် သူ၏ အလှတရားနှင့် အဆင့်အတန်းနေရာကို ရရှိဆက်ခံခဲ့ရသော်လည်း ဂျင်၏ ရေစက်ဆိုးများကိုပါ အကုန်ဆက်ခံရရှိမှာပါလားဟူသည့် အချက်ကိုကား နောက်ကျမှ နားလည်လိုက်ရ၏။
သဲလွန်စများအရ မရဏဘုရင်က ဂျင်ကို လျစ်လျူရှုထားခြင်းထက် ပိုမည့်ပုံပင်။ မုန်းတီးနေခြင်းတောင် ဖြစ်နိုင်လောက်ပေသည်။ မိဖုရားတစ်ပါး၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရန် စိတ်ဝင်စားမှုမရှိ၊ ဝါသနာပါသည့်အရာများအတွက် ငွေကို ဗုံးပေါလအောသုံး၊ ရံရွေတော်မိန်းကလေးများကို သေအောင်ရိုက်...ဤအချက်အနည်းငယ်ကပင် မရဏဘုရင် ဂျင်အားမုန်းတီးရန် လုံလောက်သည့်အကြောင်းရင်း ဖြစ်နေပေပြီ။
'ပြီးတော့ ဘယ်လောက်ပဲ မှတ်ဉာဏ်ပျောက်သွားတယ်ပြောပြော...အဲ့ဒီလူရဲ့မျက်လုံးထဲမှာ ငါက ဂျင် ဖြစ်နေတုန်းပဲလေ။'
ရေစက်အသစ် ဆက်ရသည်ထက် ရေစက်ဆိုးကို ရေစက်ကောင်းဖြစ်အောင် ပြုပြင်ပြောင်းလဲရသည်က ပိုခက်လှ၏။ ခင်ပွန်းဖြစ်သူ၏ သစ္စာဖောက်ခြင်းကိုခံခဲ့ရသည့် ဂျင်နှင့် ဇနီးအား ကိုယ့်လက်ဖြင့် ကိုယ်တိုင်သတ်ခဲ့သည့် မရဏဘုရင်တို့ကား ရေစက်ဆိုးနှင့် နှောင်ဖွဲ့ခဲ့ကြသည်မှာ သံသယဖြစ်စရာမရှိ။
ရှုပ်ထွေးသည့် ထိုပင့်ကူအိမ်အား ရှင်းနိုင်ပါ့မလားဆိုသည်ကိုကား ယူဂျင်းလည်း သေချာမသိပေ။
'ဘာကို ရေစက်ကောင်းလဲ။ ရန်သူဖြစ်မလာရင်ကိုပဲ တော်နေပြီ။'
ယူဂျင်းက ပျော်ပျော်ကြီး ဇာတ်သိမ်းကြလေသတည်းဟူသော အဆုံးသတ်မျိုးကို မျှော်လင့်ထားခြင်းမရှိ။ ဂျင်က ယခု မပေါ်သေးသည့် ခွင့်မလွှတ်နိုင်စရာ လုပ်ရပ်ကို ကျူးလွန်ထားလောက်သည်။
ထိုသို့ဆိုလျှင် မရဏဘုရင် မည်မျှအထိ သည်းခံနိုင်မလဲ၊ ဘယ်တော့ သည်းမခံနိုင်သည့်အခြေအနေကို ရောက်မလဲဟူသည်ကို သိနိုင်ရန် အကြောင်းမရှိပေ။
ကျောခိုင်းလိုက်သည့် အခိုက်အတန့်တွင် ထိုလူက သူ့အတွက် အဆိုးဆုံးရန်သူ ဖြစ်လာမည်သာ။
'ကလေးရမှဖြစ်မယ်။'
အသည်းနှလုံးမရှိသည့်သူ မဟုတ်သောကြောင့် သူ့ကလေးကို မွေးပေးခဲ့သည့် မိန်းမအား အမြင့်ဆုံး အတိုင်းအတာအထိ သည်းခံမည့်ပုံပင်။
'အာ၊ ငါလည်း တကယ့် အမှိုက်လိုလူ ဖြစ်သွားသလိုပါပဲလား။'
ကလေးကို အသုံးချစရာအဖြစ် တွေးမိခဲ့သည့် ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိသဖြင့် ခါးသီးသည့်အပြုံးတစ်ခု ပေါ်လာတော့သည်။
~~~~~
ယူဂျင်းက အိပ်ရာထက်တွင်ထိုင်ကာ သူ့ကို စောင့်နေခဲ့သည်။ ပထမဆုံးညကထက် ပို၍စိတ်လှုပ်ရှားနေ၏။ ထိုညက နှီးနှောစပ်ယှက်မှုကို ရှောင်ရှားရန်အတွက် သူ့ကို ဘယ်လိုနားချရမလဲဟူသော အတွေးများသာ ခေါင်းထဲပြည့်နေခဲ့သော်လည်း ယနေ့ညတွင်ကား သူ အိပ်ခန်းထဲသို့ ဝင်လာသည့်နှင့် ဘာဖြစ်မည်ကို အတပ်သိထားပြီးသားဖြစ်နေသည်။
"အရှင်မိဖုရား၊ မရဏဘုရင် အရှင်မင်းမြတ် ကြွချီလာပါပြီ။"
တံခါးပွင့်သွားချိန်တွင် ယူဂျင်း၏ စိတ်ဖိစီးမှုက အထွတ်အထိပ်သို့ ရောက်သွားတော့သည်။ ခါဆယ်ရ်က အခန်းထဲသို့ ဝင်လာရာက အိပ်ရာပေါ်တွင် ထိုင်နေသည့် ယူဂျင်းအားတွေ့သွားကာ အနောက်မှလိုက်ဝင်လာကြသည့် ရံရွေတော်များကို ထွက်သွားခိုင်းခဲ့သည်။
သူက ယူဂျင်းထံသို့ ချဉ်းကပ်သွားကာ အရှေ့တွင် ဒူးထောက်လိုက်၏။ ယခု ယူဂျင်းက အိပ်ရာပေါ်တွင် ထိုင်နေခြင်းဖြစ်သောကြောင့် သူ၏ မျက်လုံးလယ်ဗယ်လ်က ပိုနိမ့်သွားတော့သည်။ တောင့်တောင့်တင်းတင်းကြီးဖြစ်နေသည့် ယူဂျင်း၏ မျက်နှာထားကို တွေ့ရသည်တွင် သူက ခပ်တိုးတိုး ရယ်လိုက်သည်။
"ဒီနေ့ည လာခဲ့ပါဆိုပြီး တောင်းဆိုခဲ့တဲ့မိန်းမ ဘယ်များရောက်သွားပါလိမ့်။"
"တောင်းဆိုခဲ့ဖူးတာမျိုး မရှိပါဘူး။"
ယူဂျင်းက မျက်နှာထားစူစူနှင့် ပြန်ဖြေလိုက်သည်။
"မကြိုက်ဘူးဆိုရင်လည်းပြော။ မကြိုက်ပါဘူးဆိုတဲ့လူကို အတင်းအဓမ္မလုပ်ရတာမျိုး ဝါသနာမပါဘူး။"
"မကြိုက်တာမျိုး...မရှိပါဘူး။"
ခါဆယ်ရ့်အပေါ် ပထမဆုံးအမြင်ကား အလွန်တရာ အာဏာရှင်ဆန်သည့်သူဟူသော ခံစားချက်ပင်။ သို့သော် ထင်ထားသည်ထက် ပို၍အဆင်ပြေသည့်သူ ဖြစ်နေခဲ့သည်။
လေသံက မာဆတ်ဆတ်ဖြစ်သော်လည်း အခြေခံ ယဉ်ကျေးမှုလောက်ကိုတော့ ထိန်းထိန်းသိမ်းသိမ်းရှိ၏။ နဂိုကတည်းက မျှော်လင့်ချက်သိပ်မထားခဲ့သည်မို့ အမှတ်အများကြီး ပေးမိခြင်းများလား။ မည်သို့ပင်ဖြစ်စေ သူ့ကို မုန်းတာမျိုးတော့ မရှိခဲ့။ အနည်းဆုံးတော့ သူနှင့် တစ်ညတာ အတူဖြတ်သန်းကုန်ဆုံးရမည်ကို မသတီတာမျိုး မဖြစ်မိပေ။
သူ့မျက်နှာ အနီးသို့ တိုးကပ်လာချိန်တွင် ယူဂျင်း၏ ပါးကလေးများပေါ်၌ ရှက်သွေးလေးများ ဖြတ်သန်းပျံ့နှံ့သွားတော့သည်။ ဒီလူက ဘာကြောင့်များ သည်မျှလောက် သဘာဝကျသလိုဖြစ်နေရတာပါလိမ့်။ ယူဂျင်းတစ်ယောက်တည်းကသာ လွန်ကဲပြီး ခံစားတုံ့ပြန်လွယ်နေသလိုပင်။
ခါဆယ်ရ်က လက်နှစ်ဖက်စလုံးကို အိပ်ရာပေါ်မှ ယူဂျင်းပေါင်တံများ၏ ဘေးတစ်ဖက်တစ်ချက်စီတွင်ထားကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို ကိုင်း၍တိုးဝင်လာခဲ့သည်။ နီးကပ်လွန်းလှသည့်အတွက် နှာဖျားချင်းပင် ထိတော့မလို။
သူ ဦးခေါင်းကို အနည်းငယ် တစ်ဖက်စောင်းလိုက်ချိန်တွင် ယူဂျင်းက မျက်လုံးလေးများကို မှေးမှိတ်ထားလိုက်တော့၏။ တင်းရင်းသည့် သူ့နှုတ်ခမ်းများက ယူဂျင်း၏ နှုတ်ခမ်းလေးများနှင့် ထိသွားကာ သူ၏လျှာက ဟသွားသည့် ယူဂျင်း၏ နှုတ်ခမ်းလေးများကြားထဲ လျှောဝင်လာခဲ့သည်။
လျှာက ခံတွင်းထဲတွင် ဖြည်းဖြည်းချင်း နယ်ချဲ့ရင်း ယူဂျင်း၏လျှာကို ရစ်ပတ်လာ၏။ မျက်လုံးတင်းတင်းမှိတ်ထားသည့် ယူဂျင်း၏ မျက်ခုံးလေးများ မသိမသာ တုန်ယင်သွားတော့သည်။ ခါဆယ်ရ်က ယူဂျင်း၏ လျှာလေးကို အသာဖွဖွလေး စုပ်ပြီးမှ နှုတ်ခမ်းကို ဖယ်ခွာသွား၏။
သူက လက်တစ်ဖက်ဖြင့် ယူဂျင်း၏ ပခုံးလေးများကို ထွေးပွေ့ပြီး ကျန်လက်တစ်ဖက်ကို ဒူးခေါင်းအောက်သို့လျှိုသွင်းကာ စွေ့ခနဲ ပွေ့ချီလိုက်သည်။
ယူဂျင်း၏ ကျောပြင်က အိပ်ရာနှင့် ထိစပ်သွားတော့၏။ အသာဖွဖွလေး ရှူထုတ်လိုက်သည့် ထွက်သက်တစ်ရှိုက်ကို သူက ချက်ချင်းပင် မျိုချသိမ်းပိုက်ခဲ့သည်။
ခါဆယ်ရ်က ယူဂျင်း၏ ကိုယ်ပေါ်တွင် လုံးဝဖိမိနေခြင်းမျိုး မဖြစ်ရအောင် သူ့အလေးချိန်သူ ဂရုတစိုက် ချိန်ညှိရင်း လျှာကို ယူဂျင်း၏ ပါးစပ်သေးသေးလေးအတွင်းသို့ နက်ရှိုင်းစွာ တွန်းသွင်းလိုက်သည်။
နာနာခံခံ ပါးစပ်ဟပေးသည့် ယူဂျင်း၏ အပြုအမူလေးကြောင့် ကျေနပ်သွားရ၏။ မင်္ဂလာဦးညကို ကုန်ဆုံးစဉ်က ခံစားခဲ့ရသော မသိမသာ ခုခံမှုလေးကို ယခု မခံစားရ။
ခါဆယ်ရ်က ယူဂျင်း၏ နှုတ်ခမ်းလေးများကို ကိုက်ကာ ပူနွေးသည့်ခံတွင်းထဲကို လျှာဖြင့်ပွတ်သပ်လိုက်သည်။ လျှာအချင်းချင်း နက်နက်ရှိုင်းရှိုင်း တွယ်ရစ်ကာ သွားရည်များ ရောစပ်သွားတော့သည်။ ယူဂျင်း၏ လျှာလေးကို သူ၏လျှာဖြင့် ရစ်ပတ်ကာ စုပ်လိုက်သည်တွင် ယူဂျင်း၏ လည်ချောင်းထဲမှထွက်လာသော ညည်းသံလေးက သူ၏ စိတ်လှုပ်ရှားမှုကို အရှိန်မြှင့်ပေးခဲ့သည်။
ယူဂျင်း၏ ခြေချင်းဝတ်ကို ဆုပ်ကိုင်ထားသည့် သူ၏လက်က ခြေတံလေးကို ပွတ်သပ်ကျီစယ်ရင်း စကပ်အတွင်းသို့ လျှောတက်လာတော့သည်။ လက်ဖဝါးတွင် ခံစားသိရှိနေရသော သွယ်လျချောမွတ်သည့် ခြေတံလေး၏ အထိအတွေ့ကား နူးညံ့လှပေ၏။ ပေါင်တွင်းသားလေးများကို ပွတ်သပ်စူးစမ်းနေသော သူ၏လက်က အတွင်းခံပေါ်မှနေကာ မို့မောက်ခုံးထနေသော နယ်မြေလေးကို ပွတ်သပ်ခဲ့သည်။
ခါဆယ်ရ် သူ့နှုတ်ခမ်းများကို ဖယ်ခွာလိုက်ချိန်တွင် ယူဂျင်း၏ မျက်လုံးလေးများက ပြူးကျယ်ဝိုင်းစက်နေလေပြီ။ တုန်ရီနေသည့်အကြည့်လေးကြောင့် သူ့ရင်ထဲတွင် ကျီစယ်လိုသည့်စိတ်က မီးပွင့်သွားတော့၏။ သူက ယူဂျင်း၏ နှုတ်ခမ်းလေးများကို အသာလေးနမ်းကာ မေးလိုက်သည်။
"ဒီနေရာက၊ အဆင်ပြေရဲ့လား။"
"ဘာ၊ ဘာကိုလဲရှင့်။"
ယူဂျင်းက ခြေတံများကိုစေ့ကာ ခါးကိုလူးလွန့်ပြီး အားမပါစွာဖြင့် ခါဆယ်ရ်၏လက်ကိုဖယ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူက လက်ချောင်းများဖြင့် အခုံးမို့မို့လေး၏အပေါ်မှ တင်းတင်းဖိထားခဲ့သည်။
"အဲ့ဒီနေ့ မနက်စောစောက ကြည့်လိုက်တော့ တော်တော်လေး ရောင်နေတာကို။"
ယူဂျင်းက ရှက်သွေးဖြန်းနေသည့် အရဲသားမျက်နှာလေးနှင့် သူ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်ပစ်လိုက်သည်။
"နောက်တစ်နေ့ကျတော့၊ တစ်ရေးလည်းအိပ်ပြီး ညဘက်လည်း အစောကြီး အိပ်သွားတယ်မဟုတ်လား။ အရမ်းများ ပင်ပန်းသွားသလားလို့ တွေးနေတာ။"
ယူဂျင်း၏ မျက်လုံးများထဲမှ တင်းမာမှုက ပြေလျော့သွားတော့သည်။ နောက်ဆုံးတော့ ခါဆယ်ရ်က သူ့ကို လုံးဝဥဿုံ ဘာသိဘာသာ လျစ်လျူရှုထားပုံမပေါ်။ ခါဆယ်ရ်၏ လက်ချောင်းများက အတွင်းခံထဲသို့ လျှောဝင်လာသဖြင့် ယူဂျင်း၏ကိုယ်လေး အလန့်တကြား ဆတ်ခနဲတွန့်သွားခဲ့ရသည်။
သူက အက်ကွဲကြောင်းရာလေးတွင် လက်ချောင်းများတေ့ကာ အထက်အောက် ပွတ်ခဲ့သည်။ တုန်ယင်နေသည့် ယူဂျင်း၏ ကိုယ်လေးကို ချုပ်ထားရင်း နှုတ်ခမ်းလေးများကို ထွေးငုံသိမ်းပိုက်လိုက်၏။
"ဟင့်..."
ခါဆယ်ရ်က ယူဂျင်း၏လျှာလေးကို သူ၏လျှာဖြင့် ရစ်ပတ်ကာ စုပ်လိုက်သည်။ ချိုမြမြအရည်များ တစိမ့်စိမ့် ယိုစိမ့်ထွက်နေသည့် သစ်သီးတစ်လုံးအား ကိုက်နေရသလိုပင်။ သို့ရာတွင် သူ မြည်းစမ်းခဲ့ဖူးသော ဘယ်သစ်သီး၏အသားကမှ ဤမျှလောက် နူးညံ့ပြီး တစ်ချိန်တည်းတွင် အိစက်စက်နှင့်အဝါးခံတာမျိုး မရှိခဲ့။
ခါဆယ်ရ်က မိဖုရား၏ အိပ်ခန်းဆောင်သို့ လာခဲ့ရာလမ်းတွင် သန္နိဋ္ဌာန်ချထားခဲ့သည်။ ဆက်ခံသူရန်အတွက် လုပ်ရသည့် လုပ်ငန်းစဉ်တစ်ခုအပြင်မပိုဟူ၍။ ယနေ့ညတွင် ပထမဆုံးညကဲ့သို့ ထိန်းသိမ်းချုပ်တည်းနိုင်စွမ်းမရှိသည့် စိတ်ပျက်စရာကိစ္စမျိုးကို မပြဘူးဟူ၍။
သို့သော် ယခုကတည်းကပင် သူ၏ ဆင်ခြင်ချင့်ချိန်နိုင်စွမ်းက စတင်ယိမ်းယိုင်လာခဲ့ပေပြီ။
ယောက်ျားနှင့်မိန်းမ ခန္ဓာကိုယ်ချင်း စပ်ယှက်သည့်အမှု၏ အဓိပ္ပာယ်က ဤအတိုင်းပေပဲလား။ ခါဆယ်ရ်တစ်ယောက် ပြင်းထန်လှသည့် မိမိ၏အလိုရမ္မက်ကြောင့် အံ့အားသင့်ရတော့သည်။
ဒီထက်ပို၍ ယူဂျင်း၏ ခံတွင်းထဲတွင် နက်နက်နဲနဲ စူးစမ်းချင်မိ၏။ ခါဆယ်ရ်က အလိုရမ္မက်ကို ချုပ်တည်းကာ နှုတ်ခမ်းများကို ဖယ်ခွာလိုက်သည်။
နှစ်ဦးသား၏ နှုတ်ခမ်းများက မထိတထိ။ ခါဆယ်ရ်၏ ချုပ်တည်းနိုင်စွမ်းကလည်း မလွတ်တလွတ်။ မိဖုရား၏ ဝင်သက်ထွက်သက်လေးများကပင် ချိုချိုချဉ်ချဉ်ရနံ့မျိုး ထွက်နေသည်။
ချွဲကျိကျိအရည်များက လျှို့ဝှက်နယ်မြေလေးကို ပွတ်နေခဲ့သော ခါဆယ်ရ့်လက်ချောင်းများတွင် စိုရွှဲလျက်။ စေးကပ်သော်လည်း ချွဲကျိကျိဖြစ်နေသည့် ခံစားချက်က အရသာရှိလှ၏။ ယခု ခံစားရသည့် ခံစားချက်ကား အတွေ့အာရုံလား၊ အရသာအာရုံလား ပြောရခက်လောက်အောင် ရှုပ်ထွေးစွာရောယှက်နေတော့သည်။
"မနာဘူးလား။"
"အဆင်...ပြေပါတယ်။"
ခါဆယ်ရ်က လက်ချောင်းကိုဆန့်ကာ အတွင်းထဲသို့ သွင်းလိုက်သည်။ လက်ချောင်းက စိုစွတ်နေသည့် လမ်းကြောင်းလေးထဲသို့ ရှောရှောရှူရှူ ဝင်သွားခဲ့သည်။
စိုက်ကြည့်နေသည့် ယူဂျင်း၏ မျက်လုံးလေးများ တုန်ယင်သွားသည့် အခိုက်အတန့်တွင် မနည်းဖိနှိပ်ချိုးနှိမ်ထားရသည့် အလိုရမ္မက်က သူ၏ မျက်လုံးများထဲတွင် ခွက်ခနဲ မီးပွင့်သွားတော့သည်။ ခါဆယ်ရ်က ယူဂျင်း၏ နှုတ်ခမ်းလေးများကို တစ်ခါထပ်၍ အုပ်မိုးလိုက်ပြန်သည်။
"ဟစ်..."
ယူဂျင်းက ကိုယ်တိုင်တောင် မသိလိုက်ခင် ခါဆယ်ရ်၏ လည်တိုင်ကို ထွေးပွေ့လိုက်မိ၏။ ပြင်းပြသည့်အနမ်းတွင် စီးမျောပျော်ဝင်သွားခဲ့သည်။ မျိုချနိုင်ခြင်းမရှိသည့် သွားရည်တို့က မေးစေ့မှ စီးကျကုန်တော့သည်။
သူက ယူဂျင်း၏ လျှာကို စုပ်လိုက် ကိုက်လိုက်လုပ်ရင်း တစ်ခါတစ်ခါလည်း လျှာက လည်ချောင်းအတွင်းဘက်သို့ လျှောဝင်သွားကာ ပြန်ထွက်လာသည်။ Sex လုပ်နေရသလိုပင်။
တစ်ချိန်တည်းတွင် သူ့လက်ချောင်းများက ယူဂျင်း၏ အစေ့ကလေးကို ပွတ်သပ်ကာ ယောနိအတွင်းသို့ အသွင်းအထုတ်လုပ်ရင်း ဆွပေးနေခဲ့သည်။ လက်ချောင်းက အချစ်ရည်များထဲသို့ ဝင်သွားသည့် တဇွက်ဇွက်အသံကို ကြားနေရသလိုလို။
"အား"
ယူဂျင်းက တိုပြတ်ပြတ် အော်ဟစ်လိုက်မိ၏။ သိတောင်မသိလိုက်ခင် ခါဆယ်ရ်က နှုတ်ခမ်းအစား ယူဂျင်း၏ ရင်သားကို ငုံထွေးနေပေပြီ။ ပူနွေးစိုစွတ်သည့် အမြှေးပါးလွှာက ရင်သားကို ရစ်ပတ်သွားသည့်ခံစားချက်မှာ ကျောစိမ့်ရလောက်အောင်ပင်။
သူ၏နှုတ်ခမ်းများက နို့သီးနားတစ်ဝိုက်မှ အကွက်ကလေးကိုသာ အုပ်ထားသည့်အနေအထားအတိုင်း စုပ်ယူရင်းကနေ နို့သီးလေးကို ကိုက်လိုက်သည်။ လျှာဖျားလေးနှင့် တွန်းထိုးပြီးနောက် လျှာဖြင့်ရစ်ပတ်ကာ လျက်ခဲ့သည်။
ယူဂျင်း၏နှုတ်ဖျားမှ ပြတ်တောင်းပြတ်တောင်း ညည်းသံများနှင့် ပင့်သက်ရှိုက်သံများ ထွက်လာတော့သည်။ သေးငယ်သည့် သာယာမှုလေးက ခန္ဓာကိုယ်အနှံ့ ဖြန့်ကြက်သွား၏။ ခါဆယ်ရ်၏ လက်ချောင်းများက အတွင်းသားနံရံကို ပို၍ဖိပွတ်လေလေ၊ ဝမ်းဗိုက်အောက်ပိုင်းက ပိုပူလာလေလေပင်။
ယူဂျင်းက မျက်လုံးလေးများကို မှေးမှိတ်ကာ တစ်ရှိန်ထိုးမြင့်တက်လာသည့် သာယာမှုတွင် ကိုယ့်ကိုယ်ကိုယ် စီးမျောနစ်မြုပ်သွားစေလိုက်သည်။ ပြီးလျှင် ဘာလာမည်ကို သိနေသောကြောင့် မျှော်လင့်နေမိသော်လည်း မတည်မငြိမ် ယိမ်းထိုးနေသည့် ယခုလက်ရှိ အခြေအနေကိုလည်း နည်းနည်းလောက် ထပ်၍ခံစားချင်မိ၏။
တစ်ကိုယ်လုံးကို ပွတ်သပ်နေသည့် ခါဆယ်ရ့်လက်၏ အထိအတွေ့ကို ကြိုက်ပါသည်။ သူ့အထိအတွေ့က နူးညံ့ညင်သာသော်လည်း တင်းမာနေမှုများ ပြေလျော့ခါနီးဖြစ်လာချိန်တွင်တော့ လှုံ့ဆော်နိုင်သည့်အရာ ဖြစ်လာသည်။
'ကောင်းကောင်းလုပ်တတ်တယ်ထင်ပါရဲ့။'
ပွတ်သပ်တာရော၊ နမ်းတာရော။
နှိုင်းယှဉ်ကြည့်စရာလူ မရှိသော်လည်း သိနိုင်ပါသည်။
ဖြည်းဖြည်းချင်း လှုပ်ရှားနေသည့် ခါဆယ်ရ်၏ လက်က တခြားအတွေး တွေးရကောင်းလားဟု အပြစ်ပေးသည့်အလား ယူဂျင်း၏ အစေ့ကလေးကို မြန်မြန်ပွတ်ပါတော့သည်။ တဒင်္ဂလောက် ယူဂျင်း၏စိတ်က မည်းမှောင်ကျသွားခဲ့သည်။
"အွတ်"
တိုတောင်းပြင်းထန်သည့် ပြီးမြောက်မှုကား အလုံးအရင်း တစ်ရှိန်ထိုး။ ယူဂျင်းက အံတင်းတင်းကြိတ်ထားသည့်ကြားမှ ခပ်သဲ့သဲ့ညည်းကာ မေးကလေးကို ပင့်လိုက်၏။ နားထဲ၌ ခေါင်းလောင်းသံများ မြည်သွားချိန်တွင် ခါးကလေးကလည်း အလိုလို ကော့တက်သွားသည်။ ယောနိထဲမှ အရည်များ စီးထွက်လာသည့် ခံစားချက်က ထင်ထင်ရှားရှား ပြတ်ပြတ်သားသား။
ယူဂျင်း၏ ကျောပြင်တစ်ခုလုံး အိပ်ရာနှင့် တစ်ဖန်ပြန်ထိသွား၏။ ပြေလျော့သွားသည့် ခန္ဓာကိုယ်က ပေါင်တံများ ဆွဲယူခံလိုက်ရသည်တွင် တောင့်တင်းသွားခဲ့သည်။
အနမ်းနှင့် အထိအတွေ့ အပွတ်အသပ်က ကောင်းလှ၏။ လက်ဖြင့် အစေ့ကလေးကို လှုံ့ဆော်နှိုးဆွကာ ပြီးမြောက်အောင်လုပ်ပေးသည်အထိလည်း ခံစားချက်ကောင်းသေးသည်။ သို့သော် လိင်တံနှင့် တိုက်ရိုက်ထိုးသွင်းစပ်ယှက်ချိန်တွင် ခံစားခဲ့ရသည့် နာကျင်မှုက ယခုထက်ထိတိုင် ပြတ်ပြတ်ထင်ထင် ရှိနေဆဲပင်။
ယူဂျင်းက ကြောက်ရွံ့နေသည့် မျက်လုံးလေးများဖြင့် သူ့ပေါင်ကိုဆုပ်ကိုင်ကာ ဖြဲလိုက်သည့် ခါဆယ်ရ့်အား ပင့်ကြည့်လိုက်သည်။ မျက်လုံးချင်းဆုံသွားခိုက်တွင် ခါဆယ်ရ်က ခစ်ခနဲ တစ်ချက်ရယ်ခဲ့သည်။
ယူဂျင်းက မြန်မြန်မျက်တောင်ခတ်လိုက်သည်။ ခါဆယ်ရ်က သူ့ကို 'ဒီလောက်နဲ့ရပ်မလား' ဟု မေးလာလောက်မလားမသိဘူးဆိုသည့်အတွေး ဝင်လာ၏။ ထိုသို့သာဆိုလျှင် ခေါင်းညိတ်ချင်ပါသည်။
သို့သော် သူက မမေးဘဲ ယူဂျင်း၏ဝမ်းဗိုက်အောက်ပိုင်းကို ပို၍နီးကပ်အောင် ဆွဲယူကာ ခြေတံများကို သူ့ပေါင်ပေါ်တွင် ထားလိုက်သည်။
'ဉာဏ်များချက်။'
မေးစရာမလိုသည့် အချိန်တုန်းကတော့ လုပ်သမျှ ကိစ္စတိုင်းအတွက် ခွင့်ပြုချက်တောင်းတော့မလိုလို လုပ်ခဲ့ပြီးတော့။
ခါဆယ်ရ်က ရပ်တန့်မည်မဟုတ်။ ယူဂျင်းက ခေါင်းကလေး တစ်ဖက်လှည့်ကာ မျက်လုံးကို မှိတ်ထားလိုက်သည်။ တုံးတိတိထိပ်ဖူးက သူ့ယောနိအဝကို ထိလာ၏။ ယူဂျင်းလည်း နှုတ်ခမ်းလေးကို ဖိကိုက်ထားလိုက်တော့သည်။
'အား...'
တုတ်ခိုင်သည့်လိင်တံက ဖြည်းဖြည်းချင်း တိုးဝင်လာပြီး အတွင်းသားများကို ချဲ့သွားခဲ့သည်။ အောင့်တောင့်တောင့် နာကျင်မှုက ပြီးခဲ့သည့်တစ်ခါတုန်းကလောက် မဆိုးဝါးတော့။ ကြောက်နေ၍ပဲလားမသိ၊ ထင်ထားတာထက်ပို၍ ခံသာခဲ့၏။ ယူဂျင်း၏ မျက်ခုံးနှစ်ဖက်ကြားမှ ရှုံ့မဲ့ရာလေးများ တဖြည်းဖြည်း ပျောက်သွားတော့သည်။
သို့သော် ယခင်တစ်ခေါက်နှင့်မထူသည့် ထူးထူးဆန်းဆန်း ခံစားချက်ကြောင့် ဘာလုပ်လို့လုပ်ရမှန်း မသိခဲ့။ သာယာမှုဟု ခေါ်ရလောက်အောင် တလှပ်လှပ်ရင်ခုန်စရာမကောင်းသလို၊ နာကျင်မှုလည်း မဟုတ်ပြန်ပေ။
ယူဂျင်း၏ အသက်ရှူနှုန်းက မြန်သထက် မြန်လာတော့သည်။ ထူးဆန်းလှ၏။ အောက်ပိုင်းက ပြည့်ကျပ်နေသလိုရှိသော်လည်း ခါဆယ်ရ်ကတော့ ဆက်သွင်းနေဆဲပင်။
~~~~~
Miel's Translations