အပိုင်း ၁၄ 🔞
"ဒါဆို ဘယ်လိုခေါ်ရမလဲ။ မိဖုရားလား။"
သူက ယူဂျင်း၏ နားရွက်ကလေးကိုကိုက်ပြီး ညင်သာစွာ ပြောခဲ့သည်။
"...နာမည်။"
ခါဆယ်ရ်က မသိမသာ ပြုံးလိုက်သည်။ တစ်ချိန်ကတော့ အာနီခါဟုမခေါ်လျှင် သောင်းကျန်းတတ်သည့်သူပင်။
ကျိန်းသေပေါက် အတိတ်မမေ့ခင်က အဖြစ်ဆိုသော်လည်း မိဖုရား၏ စိတ်အပြောင်းအလဲက သူ့အား လုံးဝ စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ပေ။
"နာမည်။"
"ယူဂျင်း။"
ယူဂျင်းက သူ ဂျင်ဟုခေါ်မည်စိုးသောကြောင့် မြန်မြန်ပြန်ဖြေလိုက်၏။ အာနီခါဟု အခေါ်ခံရသည်ထက် ဂျင်ဟု အခေါ်ခံရသည်ကို ပိုမုန်းပါသည်။
အနီးစပ်ဆုံး ပြောရလျှင် ယူဂျင်း၏ အမည်သည်လည်း 'ဂျင်' ပင်ဖြစ်၏။ သို့သော် ခါဆယ်ရ် ဂျင်ဟုခေါ်ရင်း တွေးမည့်သူမှာ သူမဟုတ်ချေ။ နာမည်ချင်းတူသောကြောင့် ခါဆယ်ရ် မေးလာခဲ့လျှင် ငယ်ငယ်ကသုံးခဲ့သည် နာမည်ကို ပြန်အမှတ်ရသွားသည်ဟု ဆင်ခြေပေးရန် ပြင်ထားခဲ့သည်။
"ယူဂျင်း။"
သို့သော် ခါဆယ်ရ်က မမေးခဲ့။
"ယူဂျင်း။ ယူဂျင်း။"
သူခေါ်လိုက်သည့် နာမည်ကား မည်သို့သော လှပသည့် ဂီတသံစဉ်ထက်မဆို ပို၍ချိုမြိန်လှပေသည်။ ကမ္ဘာ့ဆွဲအားမရှိဘဲ မျောလွင့်နေရာက နောက်ဆုံးတော့ တစ်နေရာရာတွင် ဆင်းသက်လိုက်ရသလိုပင်။
'ဟုတ်တယ်။ ငါက ယူဂျင်းပဲ။ ငါက မလွဲဧကန် ငါပဲ။'
ခါဆယ်ရ်၏ နှုတ်ခမ်းများက ယူဂျင်း၏ နှုတ်ခမ်းလေးကို အုပ်မိုးငုံထွေးကာ အောက်နှုတ်ခမ်းလေးကို ဖွဖွလေး ကိုက်ခဲ့သည်။ ယူဂျင်းက အခြေအနေအလိုက် အလိုက်အထိုက် တုံ့ပြန်မှုအလား ပါးစပ်ဟလိုက်မိ၏။ ထိုးဆွနေသည့် ခါဆယ်ရ်၏လျှာက ခံတွင်း၏ အတွင်းသားလေးများကို ပွတ်သပ်နေခဲ့သည်။ နှစ်ဦးသား၏လျှာများ လိမ်ယှက်လာသည်တွင် ယူဂျင်းလည်း အနမ်း၏ နက်ရှိုင်းမှုကို အသားကျလာတော့သည်။
ယူဂျင်းက ချီတုံချတုံ ဖြစ်နေရာမှ ခါဆယ်ရ်၏ ပခုံးများပေါ်သို့ လက်တင်လိုက်သည်။ သူ၏ လည်တိုင်ကို လက်များဖြင့် သိုင်းနှောင်ဖက်တွယ်ထားလိုက်၏။
ယူဂျင်း၏ ခြေတံများကြားတွင် နက်ရှိုင်းစွာ စိုက်ဝင်နေသည့်အရာကြီးက ပြန်ထွက်လာခဲ့သည်။ ယူဂျင်းက မျက်လုံးများကို တင်းတင်းမှိတ်ထားလိုက်၏။ ချက်ချင်းပင် တုတ်ခိုင်သည့် အချောင်းကြီးက သူ၏ အသားလေးများကို တွန်းဖိခဲ့ပြန်သည်။
"ဟင့်"
ခါဆယ်ရ် ဆောင့်သွင်းလိုက်တိုင်း လည်ချောင်းထဲတွင် ဝင်သက်ထွက်သက်က ဆို့သွားပြီး ပူနွေးသည့် အချောင်းကြီးက သူ၏ မိန်းမကိုယ် အတွင်းသားနံရံများကို ဆုတ်ဖြဲ၍ ဝင်သွားသလို ခံစားရ၏။ ထိုအရာက အတွင်းသားနံရံများကို ပွတ်တိုက်ကုတ်ခြစ်နေသလို ခံစားချက်ကြောင့် တသိမ့်သိမ့်တုန်လာရတော့သည်။ ယူဂျင်း၏ ခန္ဓာကိုယ်က ထိန်းမနိုင်သိမ်းမရ တုန်ယင်နေကာ အမြင်လွှာကလည်း ရိုးတိုးရိပ်တိတ် ဖြစ်လာခဲ့သည်။
"အား...ဟား..."
လူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံကား အမှန်တကယ် ဆန်းကြယ်လှပေသည်။ ဒီအတိုင်းဆက်သွားလျှင် ဤနာကျင်မှုကို မည်မျှကြာအောင် တင်းခံနိုင်လောက်မလဲဟု တွေးပူနေခဲ့သော်လည်း အသွင်းအထုတ် ဆက်လုပ်နေသည်နှင့်အမျှ နာကျင်မှုက တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာပြီး မရိုးမရွ ခံစားချက်လေးသာ ကျန်ခဲ့တော့သည်။ ယူဂျင်းက မအော်တော့ဘဲ ပင့်သက်ရှိုက်သည့်အသံများသာ လုပ်ခဲ့၏။
အပူရှိန်တက်နေသည့် မျက်လုံးများကို ဖြည်းဖြည်းချင်းမှိတ်ကာ ပြန်ဖွင့်လိုက်သည်။ ပတ်ဝန်းကျင်လေထုတောင်မှ အပူချိန်တက်လာသလိုပင်။ အသားချင်း တဖတ်ဖတ် ရိုက်နေသည့်အသံက အရိုင်းဆန်စွာ ပဲ့တင်ရိုက်ခတ်နေခဲ့သည်။
ခါဆယ်ရ့်ကို သိုင်းဖက်ထားသည့် လက်များက ချွေးတို့ကြောင့် ဆက်တိုင်ပင် ချော်ကျနေ၏။ ကိုယ်တိုင်တောင် သတိမထားမိခင် ချွေးများ ဤမျှလောက် ရွှဲနစ်လာသည်ကို မသိခဲ့ချေ။
ခါဆယ်ရ်က ယူဂျင်း၏ နှုတ်ခမ်းလေးများကို ဇွဲနပဲနှင့် စုပ်ကာကိုက်ကာ လုပ်နေခဲ့သည်။ ဤလုပ်ရပ်ကြောင့် သူ့နှုတ်ခမ်းလေးများ မနက်ဖြန်တွင် ဖူးရောင်နေပေတော့မည်။ စိတ်ထဲမှ မကျေမနပ်ညည်းညူမိသော်လည်း အဖိုးတန်သည့်သူ ဖြစ်သွားရသလို ခံစားချက်ကြောင့် ရင်ခုန်စိတ်လှုပ်ရှားနေမိ၏။
ခါဆယ်ရ် အတွင်းသို့ဝင်လာပြီး ပြည့်သိပ်အောင် ဖြည့်သွားတိုင်းတွင် ယူဂျင်း၏ မျက်စိရှေ့၌ မီးပွားသေးသေးလေး ပွင့်သွားသလိုပင်။ မကြိုက်သလိုလိုလည်းရှိ၍ နည်းနည်းပိုကြာကြာလေး တွေ့မြင်ချင်သလိုလိုလည်း ဖြစ်မိ၏။
မီးတောက်လေးက ကြီးသထက်ကြီးလာခဲ့သည်။ မီးရှူးမီးပန်းတွေက ကြယ်တွေကြွေသလိုဖြစ်သွားပြီး မိုးရွာသလို ရွာကျလာချိန်တွင် ယူဂျင်းလည်း အသံရှည်ဆွဲကာ ညည်းလိုက်မိသည်။
"အင်း...."
ယူဂျင်း၏ ခါးကလေး ကော့သွားကာ ဦးခေါင်းမှာလည်း နောက်ပြန်ကော့လန်သွားခဲ့သည်။ ယောနိလမ်းကြောင်းက ကျုံ့ချည်ဆန့်ချည် တဆတ်ဆတ်လှုပ်ရှားနေသည်ကို ခံစားမိနေရ၏။ သာယာမှုလှိုင်းလုံးက သူ့အားရိုက်ခတ်ဖုံးလွှမ်းသွားချိန်တွင် သူ့ခန္ဓာကိုယ်မှာရှိသမျှ အာရုံတွေအားလုံး အဆုံးအစွန်သို့ ရောက်ရှိသွားကာ ပင်ပန်းနွမ်းနယ်မှုက ဝင်ရောက်နေရာယူလာခဲ့သည်။
ခဏကြာမှ သူ၏ ခြေတံများကြားတွင် နက်နက်ရှိုင်းရှိုင်း စိုက်သွင်းနေရာယူထားသည့် အရာကြီးကို ခံစားနေရသေးကြောင်း သိလိုက်ရ၏။ ရပ်တန့်နေခဲ့သည့် ခါဆယ်ရ်က ဖြည်းဖြည်းချင်းစီ အတွင်းသားလေးများကို ပွတ်ခဲ့သည်။
"အင်း..."
ယူဂျင်းက မျက်မှောင်ကြုတ်ပြီး မျက်လုံးလေးတွေကို မှိတ်ထားလိုက်သည်။ ကျုံ့ချည်ဆန့်ချည်ဖြစ်နေသည့် အတွင်းသားများအပေါ် သက်ရောက်နေသော လှုံ့ဆော်နှိုးဆွမှုက ယခုထိ အခက်တွေ့ရဆဲပင်။ သူ့အတွင်းသားများအား ပွတ်ဆွဲနေသည့် အသားချောင်းကြီး၏ လှုပ်ရှားမှုများက ယခင်ကထက် အများကြီးပို၍ သိသိသာသာရှိလာခဲ့သည်။
ခါဆယ်ရ်က ဖြည်းဖြည်းချင်း ဆွဲထုတ်ကာ အားပြင်းပြင်း ဆောင့်သွင်းခဲ့သည်။ ခေါင်းထဲကနေ ဖောင်းခနဲအသံပါ ကြားလိုက်ရသလိုပင်။
"ဟင့်။ အ...တော်တော့..."
ခါဆယ်၏ နှုတ်ခမ်းများက ယူဂျင်း၏ အော်သံများကို မျိုချသိမ်းပိုက်သွားခဲ့သည်။ ရီဝေဝေမျက်လုံးများနှင့် သူက လျှာကို ယူဂျင်း၏ ခံတွင်းထဲသို့ အနက်ကြီးရောက်အောင် သွင်းလိုက်၏။
သူ့အတွက် ထိုမျှနှင့် မလုံလောက်ခဲ့ပေ။ ပူနွေးတင်းကျပ်သည့် အသားလေးများကို ပို၍အရသာခံချင်မိ၏။ သို့သော် အလွန်အကျွံ အနှောင့်အယှက်ပေးလျှင် နောက်တစ်ခါထပ်မလုပ်တော့ဘူးဟူသည့် စကားကြောင့် သူပဲ အခက်တွေ့ရမည်ဖြစ်သည်။
ခါဆယ်ရ်က ပေါက်ကွဲဖြေလွှတ်ခြင်းမပြုခင် ယူဂျင်း၏ အတွင်းသားများနှင့် အကြိမ်အနည်းငယ် ထပ်မံပွတ်၍ အသွင်းအထုတ်လုပ်ခဲ့သည်။ မျက်စိအရှေ့တွင် ဘာမှမမြင်နိုင်အောင်ဖြစ်သွားသည့် သာယာမှုပင်။ နွမ်းနယ်မှုကြောင့် တစ်ချိုးတည်း ပျော့ခွေသွားသည့် ယူဂျင်းကို ငုံ့မိုးကြည့်နေသည့် ခါဆယ်ရ်၏ မျက်လုံးများတွင် အာသာမပြေသေးသည့် အလိုရမ္မက်က တောက်ပနေဆဲပင်။
မောဟိုက်နွမ်းနယ်စွာ အသက်ရှူနေစဉ် ယူဂျင်း၏ ရင်ဘတ်မို့မို့လေးက နိမ့်ချည်မြင့်ချည်ဖြစ်နေခဲ့သည်။ ခါဆယ်ရ်က ယူဂျင်း၏ ခါးကလေးကို ဖြည်းဖြည်းလေး ကိုက်လိုက်၏။ နောက်တစ်ချီ ထပ်သွားချင်သည့်ဆန္ဒကို မနည်းချွန်းအုပ်တိုက်ခိုက်ရင်း သူက အံတင်းတင်းကြိတ်ထားလိုက်သည်။
ယူဂျင်းက မျက်လုံးလေးမှိတ်ထားရင်း အသက်ပြင်းပြင်းရှူနေခဲ့သည်။ လှုပ်ချင်စိတ်ပင် မရှိတော့ပေ။ ခါဆယ်ရ်၏လက်များ သူ့ဆံပင်ထဲ ထိုးဖွပွတ်သပ်နေသည့်ခံစားချက်ကို နှစ်သက်လှ၏။ မျက်လုံးလေးမှေးမှိတ်ကာ ခါဆယ်ရ်၏ အထိအတွေ့တွင် ဇိမ်ယူရင်း မကြာခင်မှာပင် အိပ်ပျော်သွားတော့သည်။
"အာနီခါ။"
ခါဆယ်ရ်က ယူဂျင်း၏ ပါးကလေးအား လက်ဖဝါးနှင့်ပွတ်သပ်ကာ တစ်ခါထပ်ခေါ်လိုက်ပြန်သည်။
"ယူဂျင်း။"
ယူဂျင်း အိပ်ပျော်သွားပြီမှန်း သိလိုက်ရသည့် သူက 'ငါ့နှယ်' ဟု တီးတိုးရေရွတ်လိုက်သည်။
သူ့မှာတော့ အင်မတန် လန်းဆန်းအားပြည့်နေသည့်အတွက် သုံးရက်သုံးညဆက်တိုက် လူးလှိမ့်ချစ်တင်းနှောလျှင်ပင် လုံလောက်မည်မဟုတ်သလောက်ဖြစ်နေသည်ကို ဤမျှလောက်လေးနှင့် ပင်ပန်းအားပြတ်သွားသောလူလို တန်းအိပ်ပျော်သွားသည့် မိန်းမကြောင့် မယုံနိုင်ဖြစ်ခဲ့ရ၏။ ဤမျှလောက် သက်လုံအားလေးနှင့် ဤနေရာတွင် သုံးနှစ်တိုင် နေထိုင်ရှင်သန်နိုင်ခဲ့သတဲ့လား။
ခါဆယ်ရ်က ဝတ်ရုံကိုခြုံကာ လူခေါ်ကြိုးကိုဆွဲ၍ အစေအပါးမိန်းကလေးတစ်ယောက်အား ခေါ်လိုက်သည်။ ဘုရင်မင်းမြတ်နှင့် ကြင်ရာတော်တို့ အတူတူအိပ်သည့်နေ့တွင် ယခုလိုအချိန်ကြီး၌ တစ်ခါမှ အခေါ်ပါးခြင်းမခံခဲ့ရဖူးသည့် အစေအပါးမိန်းကလေးခမျာ အလွန်ပင် ပူပန်တုန်လှုပ်လာတော့၏။
"ရေဖတ်ဝတ် ယူလာခဲ့။"
"ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး။"
ခဏကြာပြီးသည့်နောက်တွင် အစေအပါးမိန်းကလေးက ရေဖတ်ဝတ်နွေးနွေးကို အများကြီးယူ၍ ပြန်လာခဲ့သည်။ အစေအပါးမိန်းကလေးက ရေဖတ်ဝတ်ထည့်လာသည့် လင်ပန်းကို အိပ်ရာဘေးက စားပွဲပေါ်တွင်တင်ကာ သုတ်သုတ်ပျာပျာ ပြန်ထွက်လာခဲ့၏။ အိပ်ခန်းတစ်ခုလုံးအပြည့်ဖြစ်နေသည့် အပူဓာတ်ကို သတိပြုမိသွားသည့်အတွက် အစေအပါးမိန်းကလေး၏ မျက်နှာက နီရဲလာရတော့သည်။
ခါဆယ်ရ်က ချွေးများရွှဲကာ စေးကပ်ကပ်ဖြစ်နေသည့် ယူဂျင်း၏ ခန္ဓာကိုယ်ကို စတင်သုတ်သင်ပေးခဲ့သည်။ မျက်နှာ၊ လက်မောင်းနှင့် ခြေထောက်များကို တယုတယ သန့်စင်ပေးခဲ့၏။
သူ့ကိုယ်သူ ကြင်နာတတ်သည့် စရိုက်မျိုးရှိလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးခဲ့။ ယခု သူ ဘာတွေလုပ်မိနေတာပါလိမ့်ဟူ၍ တွေးမိသွားသည်တွင် ဟက်ခနဲ ရယ်လိုက်မိတော့သည်။
ဆေးကြောသုတ်သင် ပြုစုပေးနေရသည်ကို လုံးဝစိတ်ရှုပ်မိခြင်းမရှိခဲ့။ သူက ယူဂျင်း၏ ခန္ဓာကိုယ်အား သုတ်သင်သန့်စင်ပေးကာ ပို၍ထိတွေ့ခြင်းအားဖြင့် သူ၏ဆန္ဒများကို အာသာဖြေခဲ့သည်။ ယူဂျင်း၏ လက်ကောက်ဝတ်၊ ခြေချင်းဝတ်များမှာ လက်တစ်ဆုပ်စာသာရှိ၏။ ဒီမိန်းမက သေးသေးလေးနဲ့ အားနည်းတဲ့သူပါလားဟူသည့်အတွေး ထပ်ဝင်လာချိန်တွင် အကိုင်အတွယ်က ပို၍ပင် သတိရှိရှိဖြစ်လာတော့သည်။
ပေါင်တံများကို ဆုပ်ညှစ်ကာ ဆွဲကားရန်လုပ်လိုက်သည့် အခိုက်အတန့်တွင် ယူဂျင်းက ခြေတံများအား တင်းတင်းစေ့ထားလိုက်သည်။ ခါဆယ်ရ် မျက်လုံးပင့်ကြည့်လိုက်သည်တွင် မျက်လုံးပွင့်လာသော ယူဂျင်းနှင့် အကြည့်ချင်းဆုံသွား၏။ ယူဂျင်းက လန့်သွားကာ အကြည့်လွှဲလိုက်သည်။
"အိပ်ချင်ယောင်ဆောင်နေတာလား။"
ယူဂျင်းက နီရဲနေသည့်မျက်နှာလေးကို ခါယမ်းလိုက်သည်။
"...အိပ်နေရင်း နိုးလာတာပါ။"
ယူဂျင်းက တစ်ချက်ကလေးသာ အိပ်ပျော်သွားခဲ့ခြင်းပင်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားနိုင်သော်လည်း သူ့ခန္ဓာကိုယ်ကို ပွတ်ပေးနေသည့် စိုစွတ်စွတ် ရေဖတ်ဝတ်၏ အထိအတွေ့ကြောင့် နိုးလာရ၏။
ခါဆယ်ရ်က သူ၏ပေါင်တံများအား ဆွဲကားရန် တစ်ဖန်ထပ်၍ ကြိုးစားခဲ့သော်လည်း ယူဂျင်းက ပို၍ပင် အားစိုက်ကာ ခြေတံများကို စေ့ထားခဲ့သည်။
"မလုပ်ပါနဲ့။"
"ဘာဖြစ်လို့လဲ။"
"ကျွန်မဘာသာလုပ်မယ်။"
ယူဂျင်းက ချက်ချင်း ထထိုင်ကာ ခါဆယ်ရ်၏ လက်ထဲတွင်ရှိသည့် ရေဖတ်ဝတ်ကို ယူလိုက်သည်။
"ဘာဖြစ်လို့မကြိုက်တာလဲ။ ငါ ထိတာကိုင်တာကို မကြိုက်ဘူးလား။"
'မသိလို့မေးနေတာလား' ဟု ပြန်ပြောဖို့ လုပ်လိုက်ရာက သူ၏ အတည်ပေါက် အလေးအနက်ဖြစ်နေသည့် မျက်နှာထားကို မြင်လိုက်ရသည်တွင် တကယ် မသိတာပါလားဟူ၍ သဘောပေါက်လိုက်ရတော့သည်။ ယူဂျင်းက သူ့ကို မရွံ့မရဲလေး တစ်ချက်ကြည့်ကာ 'ရှက်လို့' ဟု တိုးတိုးလေးပြော၍ တစ်ဖက်လှည့်လိုက်၏။
အနောက်မှ ခစ်ခနဲရယ်သံကို ကြားလိုက်ရသည်။
"မင်းရဲ့ စံနှုန်းသတ်မှတ်ချက်တွေကိုတော့ နားမလည်နိုင်တော့ဘူး။"
Sex လုပ်ပြီးတာတောင် အဲ့ဒီလိုအရာကို ရှက်သတဲ့လား။ ခါဆယ်ရ်၏ စကားတွင်ပါနေသည့် အဓိပ္ပာယ်ကို နားလည်သွားသည်တွင် ယူဂျင်းက တိုးတိုးလေး ပွစိပွစိပြောလိုက်သည်။
'သိတယ်၊ သိတယ်လို့။ ဒါပေမဲ့ ရှက်တာကို ဘယ်လိုလုပ်မလဲ။'
ယူဂျင်းက ကပ်စေးစေးဖြစ်နေသည့် ပေါင်တံအတွင်းပိုင်းကို ရေဖတ်ဝတ်ဖြင့် သုတ်လိုက်၏။ သုတ်ထားသည့်အဝတ်ကို ဘာရယ်မဟုတ် ကြည့်မိလိုက်သည်တွင် 'ဟော့' ဟူ၍ အလန့်တကြား ထအော်မိတော့သည်။
"ဘာဖြစ်လို့လဲ။"
တောင့်ခဲသွားသည့်အလား မလှုပ်မယှက်ရှိနေသည့် ယူဂျင်း၏ကျောပြင်ကိုကြည့်ရင်း ခါဆယ်ရ်က စိတ်ရှည်စွာ စောင့်နေခဲ့သည်။ သို့သော် သူ၏ စိတ်ရှည်မှုက မြန်မြန်ပင် ကုန်သွားရ၏။ သူက ယူဂျင်း၏ပခုံးကို ဆုပ်ကိုင်ကာ ဆွဲလှည့်လိုက်သည်။
"ဘာဖြစ်တာ..."
သမင်လည်ပြန် လှည့်ကြည့်လာသည့် ယူဂျင်း၏ မျက်နှာက နီစွေးလျက်ရှိနေ၏။ သူက ခါဆယ်ရ်ကိုကြည့်ပြီး အလန့်တကြားမျက်နှာထားနှင့် လက်ထဲတွင်ကိုင်ထားသည့်အရာကို မမြင်ကွယ်ရာဆီသို့ သုတ်သုတ်ပျာပျာ ဝှက်လိုက်သည်။
ခါဆယ်ရ်က ဘာကြောင့်မှန်းမသိ စိတ်မရှည်နိုင်ဖြစ်လာခဲ့သည်။ သူက ဇွဲကောင်းကောင်းနှင့် ရှောင်ဖယ်ဖယ်လုပ်ချင်နေသည့် ယူဂျင်း၏ လက်မောင်းကို ဆုပ်ကိုင်ကာ ဆွဲယူလိုက်သည်။ ထိုအခိုက်အတန့်တွင် ယူဂျင်း၏ လက်ထဲ၌ ကိုင်ထားသည့် ရေဖတ်ဝတ်က ပြုတ်ကျသွားတော့သည်။
လူနှစ်ဦး၏ မျက်လုံးများက အောက်ဘက်ဆီသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားကြသည်။ ဖြူစွတ်သည့် ရေဖတ်ဝတ်အပေါ်တွင် သွေးကွက်က ထင်ရှားစွာ စွန်းထင်းလျက်ရှိနေ၏။
ယူဂျင်းက မျက်နှာကို လက်နှစ်ဖက်စလုံးဖြင့် အုပ်ထားလိုက်သည်။ ရှက်လွန်းလို့ အဖျားတက်သလို တစ်ကိုယ်လုံး တရှိန်းရှိန်း ပူတက်လာတော့၏။
"အာ၊ တကယ်ပါပဲ။"
ယူဂျင်းတစ်ယောက် မျက်ရည်လေးအဝိုင်းသားနှင့် ခေါင်းလေးမော့ကြည့်လိုက်ရာက လန့်သွားရတော့သည်။ ခါဆယ်ရ် သူ့အားကြည့်နေသည့် အကြည့်က မူမမှန်ပေ။
ခဏတွင်းချင်းမှာ ချဉ်းကပ်လာသည့် ယောက်ျားက သူ့အားတွန်းလှဲပြီးသည်နှင့် နှုတ်ခမ်းများအား နက်ရှိုင်းစွာ ဖိထပ်ခဲ့သည်။ ယူဂျင်း၏ ခန္ဓာကိုယ်က ထိုယောက်ျား၏ ကိုယ်အလေးချိန်အောက်တွင် အညှာအတာမဲ့စွာ အဖိခံခဲ့ရ၏။
နှုတ်ခမ်းများကြားမှ ဝင်ရောက်လာသည့်လျှာက အတွင်းပိုင်းကို နက်နက်ရှိုင်းရှိုင်း ထိခဲ့သည်။ လျှာချင်းလိမ်ယှက်ကာ ပွတ်နေချိန်တွင် လက်တစ်ဖက်က ယူဂျင်း၏ ရင်သားများကို ဆုပ်ကိုင်ခဲ့သည်။ သူ၏ လက်ချောင်းများက နို့သီးခေါင်းကိုကိုင်ကာ ဖိလိမ်ခဲ့ပြီး သူ့နှုတ်ခမ်းများက ချက်ချင်းပင် ယူဂျင်း၏ ရင်သားထိပ်ဖျားလေးကိုကိုက်ကာ စုပ်သွင်းခဲ့သည်။
သူ၏ပေါင်က ယူဂျင်း၏ ခြေတံများကြားထဲသို့ တိုးဝင်လာ၏။ ပေါင်က လျှို့ဝှက်နယ်မြေလေးနှင့် အနီးကပ်ထိကပ်ကာ အထက်အောက် ပွတ်သပ်ခဲ့သည်။ အချစ်ရည်တို့နှင့် ချော်ကျိကျိဖြစ်နေသည့် ခံစားချက်မှာ ထင်ရှားသိသာလှ၏။ ရုတ်တရက် လှုံ့ဆော်နှိုးဆွမှုတွေ အမျိုးစုံအောင် ခံစားလိုက်ရသောကြောင့် ယူဂျင်းတစ်ယောက် အသိစိတ်မကပ်နိုင်အောင် ရှိနေတော့သည်။
ဖောင်းအိအိ အက်ကွဲကြောင်းရာလေးကို တုံးတိတိအရာက လာထိခဲ့၏။ ဘာဖြစ်တော့မည်ကို သိရှိနားလည်လိုက်သည်ဆိုလျှင်ပဲ မာကျောသည့် အသားချောင်းကြီးက အတွင်းသားများကို ဖြတ်သန်းကာ တုံ့ဆိုင်းခြင်းမရှိဘဲ တိုးဝင်လာတော့သည်။
"အား"
ယောနိလမ်းကြောင်းကို ပွတ်နေခြင်းက ပူနွေးလှ၏။ ခါဆယ်ရ်၏ပစ္စည်း ထွက်လာပြီး ပြန်ဝင်သွားတိုင်းတွင် အော်ညည်းသံက တစ်ပြိုင်နက်တည်း ထွက်လာတော့သည်။ ယူဂျင်းက လက်သီးတင်းတင်းဆုပ်ကာ သူ၏ ရင်ဘတ်နှင့် ကျောပြင်တို့ကို ထုရိုက်ခဲ့သည်။
"အ...ဟမ့်..."
ခါဆယ်ရ်၏လက်က ယူဂျင်း၏လက်ကို ဆုပ်ကိုင်ကာ ဖိချုပ်ထားခဲ့သည်။ အော်ညည်းသံများအားလုံးကို အတင်းဖိနမ်းလာသည့် နှုတ်ခမ်းက မျိုချသွား၏။ နှုတ်ခမ်းလေးများကိုကိုက်ကာ လျှာကိုလည်းစုပ်ရင်း သူက ယူဂျင်း၏အတွင်းသို့ တရစပ် ဆောင့်သွင်းနေခဲ့သည်။
ခါဆယ်ရ်က သူ့ကိုယ်သူ ထင်တိုင်းကြဲနေမိမှန်း သိသော်လည်း မရပ်တန့်နိုင်ခဲ့ပေ။ သာယာမှုကို လိုချင်တောင့်တကြသူတို့၏စိတ်ကို ကိုယ်တွေ့ သိမြင်နားလည်လိုက်ရ၏။
အချစ်ဆေးကပေးသည့် သက်ရောက်မှုက ရှိုက်ငင်သံစွက်နေသည့် ယူဂျင်း၏ ညည်းသံများလောက် အစွမ်းထက်မည်ဆိုလျှင် ဘယ်လောက်ပင် သံမဏိလိုခိုင်မာသည့် စိတ်ဓာတ်ဖြစ်ပါစေဦး ယိုင်နဲ့ပြိုလဲရပေလိမ့်မည်။
တဒင်္ဂ အေးသွားခဲ့သည့် အိပ်ခန်းထဲမှ လေထုက တစ်ဖန်ထပ်၍ ပူလာပြန်ပါတော့သည်။
~~~~~
တွေ့ချင်သည်ဟူသော မိဖုရား၏ အမှာပါးချက်ကို လက်ခံရရှိပြီးသည့်နောက်တွင် မာရီအန်းတစ်ယောက် တစ်နေ့လုံး ရတက်မအေးနိုင် ဖြစ်နေတော့သည်။ ကိုယ်တိုင် မျက်စိနှင့် တပ်အပ်မြင်ထား၍ မိဖုရားက အရင်လိုမဟုတ်တော့ဘဲ ပြောင်းလဲသွားပြီဖြစ်ကြောင်း သိထားသော်လည်း မိဖုရားနှင့် တွေ့ဆုံရမည်ကို စိတ်လေးနေမိဆဲပင်။
မိဖုရားက သူ့ကို မကျေနပ်သည့်အမြင်ဖြင့် ကြည့်သည်ကို သိပါသည်။ အစကတော့ သူလည်း အာရုံမစိုက်ခဲ့။ ဒီအတိုင်း အသက်အောင့်ပြီး အသာလေးနေလိုက်လျှင် မိဖုရားက သူရှိနေတာကို မေ့သွားလိမ့်မည်ဟုသာ တွေးခဲ့သည်။
သို့သော် မိဖုရားနှင့် သူ့ကြားမှ ဆက်ဆံရေး ဆိုးသထက်ဆိုးလာသည်အခါ မာရီအန်းလည်း အင်မတန် ပူပန်လာမိတော့သည်။ မြို့တော်မှ ထွက်ခွာပြီး အဝေးကြီးသို့ သွားဖို့ပင် ကြိတ်ကြံခဲ့မိ၏။
မာရီအန်းက သူ့ကိုယ်သူ နှိမ့်ချပြီးတွေးတတ်သူပင်။ သူက နဂိုကတည်းက မျိုးရိုးမြင့်အသိုင်းအဝိုင်းတွင် မွေးဖွားလာခဲ့သူမဟုတ်။ နဂိုကတည်းက မင်းသား၏ အထိန်းတော်အဖြစ် နန်းတော်ထဲသို့ ရောက်လာခဲ့ခြင်းမဟုတ်။
လက်ရှိဘုရင်မင်းမြတ်ဖြစ်သည့် တော်ဝင်မင်းသားကို တိုက်တိုက်ဆိုင်ဆိုင် ကြည့်ရှုစောင့်ရှောက်ပေးဖြစ်ကာ အလိုလို အထိန်းတော်အဖြစ် အခေါ်ခံခဲ့ရခြင်းပင်။ ရလဒ်အနေနှင့် သူက တော်တော်မြင့်မားသည့်နေရာတွင် ထိုင်ခွင့်ရခဲ့သည်။
အထိန်းတော်ချုပ်ရာထူးနှင့် ရှိနေစဉ်အတွင်းမှာတောင် ဤရာထူးနှင့် ထိုက်တန်သင့်လျော်သူ ရောက်လာလျှင် သဘာဝကျကျ ဖယ်ပေးရမည်ဟူသော စိတ်ထားဖြင့် အမြဲတမ်း အလုပ်လုပ်ခဲ့၏။
သားအရင်းထက်ပင်ပိုသည့် ဂရုစိုက်မှုဖြင့် စောင့်ရှောက်ပျိုးထောင်လာခဲ့ရသော တော်ဝင်မင်းသား နောက်ဆုံးတွင် နန်းတက်ပြီး လက်ထပ်ထိမ်းမြားသွားချိန်တွင် ထပ်ပြီးတော့ ဆန္ဒရှိသည့်အရာ မရှိတော့ချေ။ မောင်နှံနှစ်ဖော် ပျော်ရွှင်ကြစေဖို့ မျှော်လင့်ရင်း အထိန်းတော်ချုပ်နေရာမှ လိုလိုလားလား ဖယ်ပေးခဲ့သည်။
မာရီအန်းတွင် လိုအင်ဆန္ဒဟူ၍ ကြီးကြီးမားမားမရှိပေ။ ဘုရင်မင်းမြတ်ကို ပျော်ရွှင်စေဖို့ ဆန္ဒရှိပြီး ထိုမြင်ကွင်းကို စောင့်ကြည့်ချင်မိရုံမျှသာ။ မင်းသားငယ်လေး ဖွားမြင်လာပါက ရင်သွေးတော်ကို ထွေးပွေ့ကာ မကြာမကြာ တွေ့မြင်ခွင့် ရလိုသည်ကား သူ၏ နောက်ဆုံးဆန္ဒပင်။
အတိတ်မေ့သွားသည့် မိဖုရားကို တွေ့လိုက်ရသည်တွင် မာရီအန်းတစ်ယောက် 'ဧကန္တများ' ဟူသည့် မျှော်လင့်ချက်မျိုး ထားမိတော့သည်။ မိဖုရားနှင့် အဆင်ပြေကောင်းမွန်သည့် ဆက်ဆံရေးအသစ် တည်ဆောက်နိုင်လောက်မည်မဟုတ်ပေဘူးလား။
အတွေးတွေများလွန်းသောကြောင့် တစ်ညလုံး ဟိုလှိမ့်ဒီလှိမ့်နှင့် အိပ်မရဖြစ်ခဲ့ရသည်။ နောက်တစ်နေ့မနက်တွင် မိဖုရားနှင့် မည့်သည့်အချိန် သွားတွေ့ရင်ကောင်းမလဲဟု စဉ်းစားလိုက်၏။
'မနက်ခင်း တအားအစောကြီးသွားရင် သင့်တော်လောက်မှာမဟုတ်ဘူး။ နေ့လယ်မှပဲ သွားတာပေါ့လေ။"
~~~~~
Miel's Translations