no

Font
Theme

အပိုင်း ၂၂ 🔞

"နာလား။"

ယူဂျင်းက ပင့်သက်ရှိုက်ကာ အသက်ရှူရင်း ပြောခဲ့သည်။

"မသိတော့...ပါဘူး။"

နာသည်ဆိုတာထက် ပို၍လွှမ်းမိုးနိုင်သည့် ခံစားချက်ပင်။ ပထမဆုံးညက နာကျင်မှုကြောင့် ဤခံစားချက်က နောက်ပို့ခံလိုက်ရ၍ မသိခဲ့ခြင်းပေပဲလား။

ခါဆယ်ရ်က ယူဂျင်း၏မျက်နှာထားကို အကဲခတ်ရင်း ဖြည်းဖြည်းချင်း နှဲ့သွင်းခဲ့သည်။ တစ်ချက်တည်းဆောင့်သွင်းပစ်ချင်သည့် အလိုဆန္ဒကို ချုပ်တည်းကာ ဖြည်းဖြည်းချင်း လှုပ်ရှားနေရသည့်အတွက် သူ့ကျောပြင်မှကြွက်သားများ တောင့်တင်းနေတော့၏။

ပေါင်ခွကြားချင်း ထိစပ်သည်အထိ သူ့အရာကို တစ်ချောင်းလုံးမြုပ်အောင်သွင်းပြီးသွားမှ ခါဆယ်ရ်က အောင့်ထားသည့်အသက်ကို ရှူထုတ်လိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် အရင်းအထိ အကုန်ထည့်လိုက်ခြင်းပင်။

ပထမဆုံးညတွင် မိဖုရားက အင်မတန် နာကျင်နေသည့်အတွက် အပြည့်အဝမထည့်ခဲ့။ ထိုနေ့က အသိစိတ် တစ်ဝက်သာသာပဲရှိတာတောင် အဆုံးထိ ချုပ်တည်းနိုင်ခဲ့သည့် ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် အံ့ဩမိရပေသည်။

သူ့အရာကို အကြားအလပ်မရှိ တင်းတင်းကျပ်ကျပ် စုပ်ထားသည့် အတွင်းသားလေးများ၏ ခံစားချက်ကား အံ့မခန်းလောက်အောင်ပင်။ သုက်လွှတ်၍ပြီးမြောက်ခြင်း မဖြစ်သေးတာတောင် တစ်ကိုယ်လုံး ကျဉ်စိမ့်သွားရသည့် သာယာမှု။

ဤသို့သော သာယာမှုကို ယခုအချိန်အထိ မသိဘဲနေလာခဲ့ရ၍ တော်သေးသည်ဟူသောအတွေး ဝင်လာခဲ့၏။ ငယ်ငယ်ရွယ်ရွယ်ကသာ မြည်းစမ်းကြည့်မိခဲ့မည်ဆိုလျှင် အားလုံးကိုလွှင့်ပစ်ပြီး နစ်မွန်းသွားမလားတောင် မသိရ။

ခါဆယ်ရ်က စိမ်ပြေနပြေ ခါးကို အသာလေးလှုပ်ကာ တစ်ခါထပ်၍ ဖြည်းဖြည်းချင်း ဖိသွင်းလိုက်၏။ ယောနိအတွင်းသားနံရံများနှင့် ပွတ်တိုက်သွားသည့် ခံစားချက်ကို ကြိုက်လှသဖြင့် တိုးသဲ့သဲ့ သက်ပြင်းချလိုက်မိသည်။

သူက ခါးကို ဖြည်းဖြည်းလေး လှုပ်ရှားလိုက်၏။ နည်းနည်းလေး အနောက်ကို ဆွဲခွာလိုက်ရာက ဖြည်းဖြည်းချင်း ပြန်သွင်းပြီး ယူဂျင်း နေသားကျလာအောင် စောင့်နေလိုက်သည်။

"အား...အ"

အတွင်းသို့ အထိုးခံလိုက်ရတိုင်းတွင် ယူဂျင်းတစ်ယောက် ဆတ်ခနဲ တုန်သွားရသည်။ ခါဆယ်ရ် ပြန်ဆွဲထုတ်သွားချိန်တွင် အသက်ရှူရ နည်းနည်းသက်သာလာကာ သူ ပြည့်ကျပ်နေအောင် ပြန်သွင်းလာချိန်တွင် ပင့်သက်က မေ့ဖျားအထိပင် စို့တက်လာ၏။

ခါဆယ်ရ်က အဖျားအထိရောက်အောင် ဆွဲထုတ်လိုက်သည်။ ရုတ်တရက် အတွင်းမှာ လစ်ဟာသွားသလို ခံစားလိုက်ရ၏။ ထို့နောက် ဆောင့်ဝင်လာသည့် ပြင်းပြင်းထန်ထန် ခံစားချက်ကြောင့် ယူဂျင်းလည်း အော်ဟစ်မိပါတော့သည်။

ခါဆယ်ရ်က နောက်တစ်ခါ ပြန်ဆွဲထုတ်လိုက်ပြီး ပို၍မြန်မြန် အတွင်းသို့ ဆောင့်သွင်းခဲ့သည်။ မျက်စိရှေ့တွင် ပြိုးခနဲပြက်ခနဲ လက်သွားတော့၏။

"အား"

ခါဆယ်ရ်က မြန်မြန်သွက်သွက် စပြီးဆောင့်ပါတော့သည်။ အတွင်းသားနံရံများကို ချဲ့၍ဝင်လာကာ အတွင်းဘက် အနက်ရှိုင်းဆုံးနေရာကို ထိုးဆောင့်သွား၏။ သူက ခါးကိုလှုပ်ရှားရင်း ကျဉ်းမြောင်းသည့် အတွင်းသားနံရံအား လိင်တံဖြင့် တစ်ချိုးတည်းချဲ့ကာ ဝင်ခဲ့သည်။ ထပ်ပြန်တလဲလဲ ထိုးဆောင့်ချက်များနှင့်အတူ အတွင်းသားများသည်လည်း ကျုံ့ချည်ဆန့်ချည် လှုပ်ရှားကုန်တော့၏။

"အား...ဟစ်...အား"

ခါဆယ်ရ် ဆောင့်လိုက်တိုင်းတွင် တစ်ကိုယ်လုံး တဒုတ်ဒုတ်မြည်နေတော့သည်။ နာကျင်မှုက ပြောရလျှင် ရိုးရှင်း၏။ သို့သော် တစ်ကိုယ်လုံး ကလိကလိဖြစ်ကာ၊ လက်ဖျားလေးများက မရိုးမရွနှင့် အမြင်အာရုံပါ မူးရိပ်ရီဝေလာသည့် ခံစားချက်ကား ဘာမှန်းမသိရသောကြောင့် ကြောက်စရာပင်။

ဖရိုဖရဲ ယိမ်းထိုးလှုပ်ခါနေသည့် မိန်းမအား ငုံ့မိုးကြည့်နေသည့် ခါဆယ်ရ်၏ မျက်လုံးများတွင် အပူဓာတ်တို့ကအပြည့်။ တစ်နေ့တော့ မီးထိန်ထိန်လင်းသည့် အခြေအနေတွင် ဒီမိန်းမကို ထွေးပွေ့သိမ်းပိုက်ကြည့်ရပေမည်။ ဒီမိန်းမ၏ ဆွတ်ဆွတ်ဖြူသည့်အသားအရေ အနီရောင်ပြောင်းသွားမည့်ပုံစံလေးကို မြင်ချင်မိ၏။

ခါဆယ်ရ်က တရစ်ရစ်တက်လာသည့် ကြက်သီးထစရာ ပြီးမြောက်လိုစိတ်ကို တင်းခံထားလိုက်သည်။ နည်းနည်းလောက်ပဲ ထပ်ပြီးတော့။ ပြင်းထန်သည့် အထွတ်အထိပ်ရောက်မှု၏ သာယာမှုလောက်မဟုတ်သော်လည်း ဝမ်းဗိုက်အောက်ပိုင်းက ကျဉ်စိမ့်စိမ့်နှင့်တင်းနေသည့် ဤအခြေအနေကား ကျေနပ်စရာကောင်းလှ၏။

သူ ကြမ်းကြမ်းဆောင့်သွင်းလိုက်သည့် အခိုက်အတန့်တွင် ယူဂျင်း၏ မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားတော့သည်။ လည်ချောင်းတွင် စို့နေသော အော်သံကိုပင် အော်နိုင်ခြင်းမရှိတော့ဘဲ အသက်ကိုသာ ဟောဟဲ ဟောဟဲ ရှူနေရ၏။

ဇက်က နောက်ပြန်လန်သွားကာ ခါးကလေးလည်း ကော့တက်သွားခဲ့သည်။ ခြေဖျားမှ ငယ်ထိပ်အထိ ဖြန့်ကြက်သွားသည့် သာယာမှုကြောင့် ကြက်သီးတဖြန်းဖြန်းထလျက်။

ခါဆယ်ရ်၏ တိုးသဲ့သဲ့ညည်းသံကို ကြားလိုက်ရကာ ပူနွေးသည့် တစ်စုံတစ်ရာ အထဲတွင် ပန်းထွက်လာ၏။ ယူဂျင်းက မျက်လုံးကို တင်းတင်းမှိတ်ထားလိုက်သည်။ အလိုလို ရစ်ဝဲနေသည့် မျက်ရည်များ စီးကျကုန်တော့၏။ တစ်ကိုယ်လုံးက ကြက်သီးထသကဲ့သို့ တုန်ယင်လျက်။

ယောနိအတွင်းသားနံရံများ၏ ကျုံ့ချည်ဆန့်ချည် လှုပ်ရှားနေမှုက အတန်ကြာသည့်တိုင် ရပ်မသွားခဲ့။ အချိန်ကုန်လာသည်နှင့်အမျှ ယူဂျင်း၏ တုန်ယင်မှုများ တဖြည်းဖြည်းငြိမ်ကျလာတော့သည်။ ဆတ်ခနဲဆတ်ခနဲတုန်နေသည့် ယောနိလမ်းကြောင်း၏ ကျုံ့ချည်ဆန့်ချည် လှုပ်ရှားမှုများသည်လည်း တစ်ချက်နှင့်တစ်ချက်ကြားတွင် အချိန်ကွာဟမှု ပို၍ရှည်ကြာလာ၏။

ယူဂျင်း၏ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပြေလျော့ပျော့ပျောင်းလာပေပြီ။ သူ၏ ခြေတံများကြားတွင် နက်ရှိုင်းစွာ စိုက်ဝင်နေသည့် ခါဆယ်ရ်၏ လိင်တံက သူ့အတွင်းသားများကို ပွတ်နေသည်။ ပြီးမြောက်မှုက အရှိန်မသေသေးသဖြင့် ဖြည်းဖြည်းလေး ပွတ်သပ်ရုံဖြင့်ပင် ကြက်သီးထရ၏။ ယူဂျင်း ခဲရာခဲဆစ် ညည်းလိုက်သည်တွင် ခါဆယ်ရ်က နောက်ဆုတ်ပေးခဲ့သည်။

"ဟား...ဟား..."

ယူဂျင်းက ဟောဟဲ ဟောဟဲ အသက်ရှူနေရင်း ဖြည်းဖြည်းချင်း မျက်လုံးကိုမှိတ်ကာ ပြန်ဖွင့်လိုက်သည်။ ခေါင်းထဲတွင် ရီဝေဝေဖြစ်နေ၏။ ခန္ဓာကိုယ်တွင် ရှိသမျှအားအကုန်လုံး ထွက်သွားသလိုရှိကာ လက်ချောင်းကလေးတစ်ချောင်းပင် မလှုပ်ချင်တော့။

ခါဆယ်ရ်၏ နှုတ်ခမ်းများက နဖူးလေးကို လာထိသည်။ ခါဆယ်ရ်က ယူဂျင်း၏ မျက်ခွံလေးများကိုနမ်းကာ နှုတ်ခမ်းလေးကိုလည်း ဖွဖွလေး အနမ်းခြွေခဲ့သည်။

ယူဂျင်း မျက်မှောင်ကြုတ်လိုက်မိ၏။ မျက်လုံးချင်းဆုံခိုက်တွင် ခါဆယ်ရ်၏ မျက်လုံးများထဲ၌ အင်အားများအပြည့်ရှိနေသည်ကို အထင်အရှား တွေ့မြင်လိုက်ရသည်။ နိမိတ်မကောင်း။ ဤညတာကား အင်မတန် ရှည်လျားမည့်ပုံပဲဟု အာရုံရလိုက်ပါတော့သည်။

~~~~~

မျက်လုံးဖွင့်လိုက်ချိန်တွင် မိုးစင်စင်လင်းနေပေပြီ။ ဘေးမှနေရာကား ထုံးစံအတိုင်းကွက်လပ်။ ယူဂျင်းက ဖြည်းဖြည်းချင်း မျက်တောင်ခတ်ကာ ခေါင်းအုံးတွင် မျက်နှာအပ်လိုက်သည်။ ခန္ဓာကိုယ်က လေးလံစွာ နုံးချည့်နေ၏။

'တစ်၊ နှစ်၊ သုံး...'

ယူဂျင်းက စိတ်ထဲမှ ရက်တွက်လိုက်သည်။

'ဘုရားရေ။'

ယူဂျင်း ကန္တာရအလယ်သို့ ကျလာခဲ့သည်မှာ သုံးပတ်နီးပါးပင် ရှိခဲ့ပေပြီ။ ပထမဆုံးရက်ပိုင်းက စိတ်မရှည်စရာကောင်းလောက်အောင် နှေးသော်လည်း ထို့နောက်တွင် အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်သွားသလိုပင်။ ထို့အပြင် ယူဂျင်းတစ်ယောက် သူ့ကိုယ်သူ ဘာတွေလုပ်လို့လုပ်ခဲ့မိမှန်းတောင် မမှတ်မိတော့။

မတတ်နိုင်။ နေ့လယ်ရောက်လုရောက်ခင်တွင် အိပ်ရာထကာ ရေမိုးချိုး၊ အစားစား၊ တစ်ရေးတစ်မော ခဏအိပ်ပြီး နိုးလာလျှင် အစားထပ်စား။ ထိုသို့နှင့် သိတောင်မသိလိုက်ခင် ညနေရောက်လာပြန်သည်။

အင်မတန် ပင်ပန်းလွန်းသဖြင့် စာကြည့်ခန်းထဲတွင် စာအုပ် နှစ်အုပ်သုံးအုပ်လောက်သာ အပေါ်ယံကြည့်ရသေး၏။ ဂျင်၏ လျှို့ဝှက်ယဇ်စင်ကို ရှာမည်ဟူသော ပန်းတိုင်ကိုကား ယခုအထိ အနားလေးတောင် မကပ်နိုင်သေး။

အချိန်အားလုံး ဓားပြတိုက်ခံလိုက်ရသလို ခံစားချက်ပင်။

'အကုန်လုံး အဲ့ဒီလူကြောင့်ပဲ။'

ဒုတိယမြောက်ညကို အတူကုန်ဆုံးပြီးသည့်နောက်တွင် နှစ်ပတ်နီးပါး သူက အထောက်တော်စေလွှတ်ကာ ဆောင်တော်ကူးမည့်အကြောင်း ကြေညာပြီး ညတိုင်း မိဖုရား၏အိပ်ခန်းဆီသို့ လာခဲ့သည်။

ရုန်းကန်လှုပ်ရှားရသည့်ရာသီ စကတည်းက အဝါရောင်အချက်ပြများ တစ်နေ့မလပ် ဖောက်လွှတ်ရပေသည်။ ခါဆယ်ရ်လည်း ထိုသို့သောအချိန်တိုင်းတွင် ရဲတိုက်တံတိုင်းဆီသို့ အပြေးသွားရမည်သာ။

သူက နေ့တိုင်း မိစ္ဆာများနှင့်တိုက်ခိုက်၊ တိုင်းပြည်ရေးရာများ စီမံခန့်ခွဲပြီး အတွင်းဘက်တံတိုင်း၏အပြင်တွင် တစ်နေ့ တစ်ကြိမ်ဖြစ်ဖြစ်၊ နှစ်ကြိမ်ဖြစ်ဖြစ် ကင်းလှည့်လေ့ရှိသည်ဟု သိရ၏။ ပြည့်ကျပ်နေသည့် အချိန်ဇယားမျိုး ရှိနေတာတောင် ပင်ပန်းခြင်းမရှိဘဲ ပိုလျှံနေသော အင်အားကို အကုန်ထုတ်သုံးကာ ယူဂျင်းအား ညလုံးပေါက် အနိုင်ကျင့်လေ့ရှိသည်။

'သက်လုံက တကယ် ဩချရလောက်တာကိုး။'

သူ၏ သက်လုံအတိုင်း မလိုက်နိုင်သည့် ယူဂျင်းကသာ ဒဏ်ခံရသည်။ ဆက်ခံသူလိုချင်သည့် ထိုလူ၏စိတ်ကို နားလည်၏။ ဘုရင်တစ်ပါးတွင် ထီးမွေနန်းမွေ အပ်နှင်း၍ရမည့် ဆက်ခံသူရှိရန်မှာ ဘုရင်တစ်ပါးအဖြစ် အရိုက်အရာကို အခိုင်အမာတည်ဆောက်ရန်အတွက် မဖြစ်မနေလိုအပ်သည့် အခြေအနေပင်။

သို့သော် ဒီအတိုင်းဆက်သွားမည်ဆိုလျှင် ကလေးတောင်မမွေးနိုင်ခင် ယူဂျင်း၏ ခန္ဓာကိုယ်က ပျက်စီးသွားနိုင်ပေသည်။

'ဒီအတိုင်းဆက်သွားလို့တော့ မဖြစ်ဘူး။ ဘာမှတောင် မလုပ်နိုင်တော့ဘူးလေ။'

ယူဂျင်းက ပျင်းတိပျင်းတွဲ ထိုင်လိုက်သည်။

'လူတွေကို ကြည့်ရမှာလည်း ရှက်စရာကြီး။'

စောင်အောက်ဝင်ပုန်းကာ ခြေဆောင့်ပစ်ချင်သည့် အခိုက်အတန့်များကား တစ်ကြိမ်နှစ်ကြိမ်မက။

ဘုရင်နှင့် မိဖုရားမှာ နဂိုက သပ်သပ်စီ အခန်းခွဲနေကြသူများဖြစ်သောကြောင့် ဘုရင် မိဖုရား၏ အိပ်ခန်းသို့ ဆောင်တော်ကူးခြင်းကိုက ထိုညတွင် sex လုပ်ကြမည်ဟု လူတကာသိအောင် ကြေညာမောင်းခတ်ခြင်းနှင့် မခြားပေ။

ရံရွေတော်မိန်းကလေးများအား ပေရေရှုပ်ပွနေသည့် အိပ်ရာကို ရှင်းလင်းခိုင်းရသည်မှာလည်း ရှက်စရာပင်။ ရေချိုးရာတွင် ကူညီပေးသည့် ရံရွေတော်မိန်းကလေးများအား မိမွေးတိုင်းဖမွေးတိုင်း ခန္ဓာကိုယ်ကို ပြရသည်ကလည်း အလားတူ ရှက်စရာကောင်းလှ၏။ ခါဆယ်ရ်ချန်ခဲ့သည့် အနီရောင်အမှတ်ရာများကား တစ်ကိုယ်လုံးတွင်အပြည့်။

'ရံရွေတော်မိန်းကလေးတွေ နောက်ကွယ်မှာ ဟိုလိုဒီလို ပြောနေကြမှာ ကျိန်းသေတယ်။ ဟား။ တကယ် ရှက်ဖို့ကောင်းလိုက်တာ။'

တစ်လမှတစ်ကြိမ်သာ စက်ရာမျှကြသည့် တော်ဝင်ဇနီးမောင်နှံက ယခုတော့ ရုတ်တရက်ကြီး ကြင်စဦးမောင်နှံလို ညတိုင်း အတူတူအိပ်စက်ကြသည့်အတွက် ကောလာဟလများ ပလူပျံနေပေလိမ့်မည်။

နှုတ်ဆိတ်နေကြဖို့ ကြပ်ကြပ်မတ်မတ် အမိန့်ပေးလျှင်တောင် သူတို့အချင်းချင်းကြားတွင် တီးတိုးပြောဆိုကြခြင်းကိုကား မည်သို့မျှ တား၍ရမည်မဟုတ်။

မြင့်မားသည့်အဆင့်အတန်း၏ အခွင့်ထူးများကို ခံစားရသလောက် လက်လျှော့ရမည့်အရာများလည်းရှိကြောင်း ယူဂျင်း သဘောပေါက်လိုက်ရတော့သည်။ မိဖုရားတစ်ပါးအတွက် ပြီးပြည့်စုံသည့် ကိုယ်ရေးကိုယ်တာဘဝဟူ၍မရှိ။ သူ့ပတ်ဝန်းကျင်တွင် မျက်စိများ၊ နားများ အမြဲတစေ ရှိနေကြသည်ချည်းသာ။

'ဂျင် မိဖုရားငပျင်းမ ဖြစ်နေတာက အကူအညီဖြစ်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။'

နေ့ခင်းအထိ အိပ်နေလျှင်တောင် သူ့အား မည်သူမျှ လာမနှိုးကြ။ အိပ်ရုံ၊ စားရုံအပြင် ဘာမှမလုပ်ဘဲနေသော်လည်း မိဖုရားရှိမနေသည်ကို မည်သူမျှ သတိမထားမိ။

အေးရာအေးကြောင်းနေရသည့်ဘဝက ကျေနပ်နှစ်သက်စရာကောင်းသော်လည်း 'ဒီလိုနေလို့ရော ရရဲ့လား' ဟု အတွေးက စဝင်လာတော့သည်။

ယူဂျင်းက မရှိလည်းဖြစ်သည့်လူမဟုတ်ဘဲ မိမိနေရာမိမိ ဖန်တီးချင်ပါသည်။

'ဒီနေ့ ထူးထူးဆန်းဆန်း ခန္ဓာကိုယ်က လေးလံနေတာပဲ။'

ယူဂျင်းက ရံရွေတော်မိန်းကလေးခေါ်ရန် ခေါင်းလောင်းကြိုးဆီ လက်လှမ်းလိုက်ပြီးမှ မျက်မှောင်ကြုတ်ကာ ဝမ်းဗိုက်အောက်ပိုင်းကို ဖိလိုက်မိ၏။

'အား...'

ဤမနှစ်မြို့စရာ နာကျင်မှုက ဘာမှန်း ကျိန်းသေပေါက်သိ၏။ ယူဂျင်းက ညဝတ်ဂါဝန် အနားစကိုလှန်ကာ ငုံ့ကြည့်လိုက်သည်။

"အိုး..."

အနီရောင်သွေးတို့ သူ၏ပေါင်တံများတွင် စွန်းပေနေ၏။ ဓမ္မတာစပေပြီ။ ယူဂျင်းက ယခုမှ ပထမဆုံးအကြိမ် ဓမ္မတာစလာဖူးသည့် ကလေးမလေးတစ်ယောက်အလား သွေးစွန်းကွက်ကို အလန့်တကြား ငေးကြည့်နေမိသည်။

ကူးပြောင်းနေရာယူထားသည့် ခန္ဓာကိုယ်ထဲ၌နေရင်း ပထမဆုံးလာသည့် ဓမ္မတာ။ ဝိညာဉ် ပြောင်းလဲသွားသော်လည်း ခန္ဓာကိုယ်ကတော့ သူ၏ ဆဲလ်ဖြစ်စဉ်များကို အထိအခိုက်မရှိ၊ သက်ရောက်မှုမရှိ ဆက်လက်ဆောင်ရွက်နေသည်သာ။

စွေးစွေးနီသည့် သွေးတို့က ယူဂျင်းထံ အံ့အားသင့်မှုအသစ်တစ်မျိုးကို ဆောင်ကြဉ်းပေးခဲ့သည်။ ရုတ်တရက် လက်တွေ့က သူ့ကို အပြင်းအထန် ရိုက်ခတ်သွားတော့၏။

မဟာသို့ရောက်လာကြောင်း သိပြီးသည့်နောက်တွင် 'အခု ငါ အိပ်မက်မက်နေတာမဟုတ်ဘူး၊ ဒါက တကယ့်လက်တွေ့ပဲ' ဟူ၍ ထပ်ပြန်တလဲလဲ ရေရွတ်သတိပေးခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် အိပ်မွေ့ပြန်ချမိသလောက်ပင်။

ထိုကဲ့သို့ မိမိကိုယ်မိမိ တတွတ်တွတ် ရေရွတ်သတိပေးမှုက ကောင်းကောင်းထိရောက်ခဲ့သည်။ ဤနေရာတွင် နေသားကျစေရေးအတွက် အများကြီး အကူအညီဖြစ်စေခဲ့သည်ဟု တွေးထားခဲ့၏။

သို့သော် ယခုကဲ့သို့ အံ့ဩထိတ်လန့်သွားရသည့် အခိုက်အတန့်များလည်း ရှိပေသည်။ နုနုအိအိ ဝါဂွမ်းဖတ်လေးများပေါ်တွင် လမ်းလျှောက်နေရာက ရုတ်တရက် ကြမ်းတမ်းသည့် ကျောက်တုံးများအပေါ် တက်နင်းမိလိုက်သလိုပင်။

ယူဂျင်းက တစ်ကိုယ်လုံး ကြက်သီးထသွားသည်ကို ငြိမ်အောင်ထိန်းကာ မျက်လုံးမှိတ်ထားလျက်သားနှင့် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

'ဖြည်းဖြည်းချင်း ဒီကမ္ဘာသူ ဖြစ်လာမှာပေါ့။ မလောဘဲနေရအောင်။'

ဒီဘက်ကို ရောက်လာခဲ့သည်မှာ တစ်လပင်မပြည့်သေးသောကြောင့်။

"...ကိုယ်ဝန်မရှိဘူးပဲ။"

'လွတ်ပြီ' ဟူသည့်အတွေးက ခေါင်းထဲသို့ အရင်ဆုံးဝင်လာ၏။ ရဲဆေးတင်ကာ ဟန်လုပ်နေသော်လည်း ကိုယ်ဝန်ရသွားနိုင်ခြေကို မည်မျှအထိ စိတ်ပူနေမိကြောင်း ယခုမှပင် အပြည့်အဝ နားလည်သွားတော့သည်။

ကိုယ်ဝန်ဆောင်ကာ ကလေးမွေးခြင်းက ကျိန်းသေပေါက် ပြဿနာအများကြီးကို ဖြေရှင်းနိုင်မည့် အသေချာဆုံး နည်းလမ်းပင်။ ထိုအကျိုးသင့်အကြောင်းသင့် သဘောတရားကို သိသော်လည်း စိတ်ခံစားချက်ပိုင်းဆိုင်ရာအရ လွယ်လွယ်ချနိုင်မည့် ဆုံးဖြတ်ချက်မဟုတ်။

သို့သော် စိတ်အေးသွားသည်က တစ်ကြောင်းဖြစ်သလို၊ ကိုယ်ဝန်ရှိမနေခြင်းကို တော်တော်လေး မယုံမကြည်နိုင်ဖြစ်နေသည့်အပိုင်းကလည်း ရှိနေခဲ့ပြန်သည်။

"အဲ့ဒီလောက်တောင် လုပ်ထားတာကို ဘာဖြစ်လို့ ကိုယ်ဝန်က..."

ယူဂျင်းက တစ်ယောက်တည်း တီးတိုးရေရွတ်ရင်း မျက်နှာလေးကို လက်နှစ်ဖက်စလုံးဖြင့် အုပ်လိုက်သည်။ အရိုင်းစိတ်၏ စေ့ဆော်မှုကြောင့် ခါဆယ်ရ်နှင့် ပြင်းပြင်းထန်ထန် နှီးနှောစပ်ယှက်ခဲ့ပုံများကို ပြန်တွေးမိသွားသည်တွင် မျက်နှာက ပူတက်လာတော့၏။

ရည်ရွယ်ချက် တိတိပပရှိသည့် ဆောင်ရွက်ချက်ပင်။ သာယာမှုအတွက်မဟုတ်သလို အချစ်ကို အတည်ပြုရန်အတွက်လည်းမဟုတ်။ 'မျိုးပွားရန်' အတွက် ဖြစ်သည်။ အရိုင်းအစိုင်းဆန်သော်လည်း ထိုအတွက်ကြောင့်ပင် ပို၍ ဘာအတွေးမှမရှိဘဲ ဤလုပ်ရပ်ကို စီးမျောခံစားနိုင်ခဲ့ခြင်းပင်။

ထိုလူက ကိုယ်ဝန်ရစေရေးအတွက် အမှန်တကယ်ကို အကွက်ပေါင်းစုံ အကုန်ထုတ်သုံးခဲ့သည်။ သူ ယူဂျင်း၏ ဝမ်းကြာတိုက်ထဲသို့ နက်နက်ရှိုင်းရှိုင်း မျိုးစေ့များ ဖြေလွှတ်ခဲ့သည်မှာ ဘယ်နှကြိမ်မှန်းပင် မရေတွက်နိုင်တော့။ ပြီးမြောက်သွားသည့်နောက်တွင်လည်း သူက တန်းမချွတ်သေးဘဲ အတွင်းထဲ၌တပ်ထားရင်း အသာလေးညှောင့်နေရသည်ကို ကြိုက်ပေသည်။

ယူဂျင်းက အာရုံပျက်စရာအတွေးများအား ဖယ်ရှားသည့်အလား မျက်နှာအရဲသားနှင့် ခေါင်းခါပစ်လိုက်၏။ ထို့နောက် မြန်မြန်လေး ကြိုးကိုဆွဲကာ အခြွေအရံမိန်းကလေးကို ခေါ်လိုက်တော့သည်။

~~~~~

"ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်ခဲ့ပါရဲ့လား။"

ယူဂျင်းက အိုးတိုးအမ်းတမ်း ပြုံးလိုက်သည်။ မနက်စာနှင့်နေလယ်စာ ပေါင်းစားပြီးသည့်နောက်မှ မနက်ခင်း နှုတ်ဆက်ဂါရဝပြုမှုကို လက်ခံရသည်မှာ အလကား ရှက်စရာကောင်းလှ၏။

မာရီအန်းက မနက်ခင်းနှင့် ညနေခင်း ဂါရဝပြုမှုကို တစ်ရက်လေးတောင် မပျက်ကွက်ခဲ့။ စည်းကျော်ခြင်းမဟုတ်ဘဲ ဂရုတစိုက် အလေးထားစောင့်ရှောက်မှုပေးသလို ခံစားချက်မျိုးပင်။

'အံ့ဩစရာကောင်းတဲ့လူပါလား။'

ကိုယ့်ကိုယ်ကိုယ် နှိမ့်နှိမ့်ချချနေသော်လည်း ကပ်ဖားလျက်ဖားလုပ်နေခြင်းတို့၊ ပျာပျာသလဲ ခယဝပ်တွားခြင်းတို့နှင့်လည်းမတူ။ တစ်ဖက်လူ၏ ယုံကြည်မှုကို ရအောင်လုပ်နိုင်စွမ်းလည်းရှိ၏။

ယူဂျင်းကတော့ ဆန့်ကျင်ဘက်ဖြစ်ကာ သိုသိုသိပ်သိပ်နေတတ်သည့် စရိုက်မျိုးရှိပြီး လူများနှင့် ရင်းနှီးအောင်လုပ်ရသည်ကို ခက်ခဲသည်ဟုမြင်သည်။ ငယ်ငယ်က အရူးလိုမျိုး လူတွေကို လွယ်လွယ်ယုံကြည်မိသည့်အချိန်မျိုး ရှိခဲ့သောကြောင့် နဂိုစရိုက်ဆိုတာထက် နေလာရင်း ဘဝက ပုံသွင်းပေးသွားခြင်းပင်။

ယူဂျင်းကား ငယ်ငယ်ကတည်းကပင် ဘဝတိုက်ပွဲကို ရုန်းကန်ခဲ့ရသူဖြစ်၏။ အလုပ်လုပ်ရင်း တွေ့ဆုံခဲ့ရသူများကလည်း ယူဂျင်းလောက် ရုန်းကန်ရလျှင်ရုန်းကန်ရ၊ မဟုတ်လျှင်လည်း ယူဂျင်းထက်ပို၍ ရုန်းကန်ကြရသူများပင်။

ဘဝတွင် အသက်ရှူရန်နေရာလပ်မရှိသူတို့၏ စိတ်နှလုံးများ၌ အေးချမ်းတည်ငြိမ်မှုအတွက်လည်း နေရာမရှိကြ။ ထိုသို့သောလူများထံမှ ရခဲ့သော စိတ်ဒဏ်ရာများ စုပြုံလာသည်တွင် ယူဂျင်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် လူများနှင့် ဝေးဝေးနေတတ်လာခဲ့သည်။

သို့ရာတွင် တွေ့ရသည်မှာ တစ်လပင်မပြည့်သေးသော်လည်း မာရီအန်းနှင့် အတူတူရှိရလျှင် စိတ်အေးချမ်းရပေသည်။ မာရီအန်းက မည်သို့သောလူမျိုးပဲ မိဖုရားဖြစ်လာပါစေ အထိအခိုက်အပွန်းအရှ တစ်စုံတစ်ရာ မရှိစေဘဲ ကောင်းကောင်းခစားနိုင်မည့်ပုံပင်။

'ဒါပေမဲ့ ဂျင်ကမှ မိဖုရား လာဖြစ်ရတယ်လို့...သူက အတွင်းသန္ဓေအထိကို ဆိုးယုတ်တာလေ။'

ဂျင်ကား 'သန္ဓေပါဆိုးယုတ်မှု' ဟူသော သဘောတရားနှင့် ကွက်တိကိုက်ညီသော သာဓကပင်။

ကြွယ်ဝချမ်းသာပြီး ဂုဏ်သိက္ခာမြင့်သည့် မိသားစုထဲ၌ အငယ်ဆုံးသမီးအဖြစ် မွေးဖွားလာသူဖြစ်သောကြောင့် သူ၏ ဆိုးယုတ်သည့် သန္ဓေကို ပတ်ဝန်းကျင်အပေါ် အပြစ်ဖို့၍မရ။ သို့ဆို၍ သူ၏ မျိုးရိုးအပေါ် အပြစ်တင်၍လည်းမဖြစ်ပြန်။ သူ့တစ်မိသားစုလုံးက ကြင်နာတတ်ကြပြီး အငယ်ဆုံးသမီးလေးအပေါ် စုပုံ၍ချစ်ခဲ့ကြသောကြောင့်ပင်။

သို့ပါ၍ တခြားမည်သူ့ကိုမျှ အပြစ်တင်၍မရသဖြင့် ဂျင် အာနီခါ၏ ဆိုးယုတ်သည့်သဘာဝအား သန္ဓေပါဆိုးယုတ်မှုဟု ဖော်ပြရုံအပြင်မရှိခဲ့။

'ငါ တအားပြင်းထန်တဲ့ဇာတ်ကောင်ကို ဖန်တီးမိခဲ့တယ်ထင်ပါရဲ့။'

အပြစ်ကို ဆင်ခြင်ပြုပြင်ရန်ရော၊ ပြန်လည်မွေးဖွားဖို့ပါ မျှော်လင့်ချက်မဲ့သည့် နတ်ဆိုး။ ယူဂျင်းက ခေတ်စကားဖြင့်ပြောရလျှင် psychopath နှင့်နီးစပ်သော ဇာတ်ကောင်ကို ဖန်တီးမိခဲ့ခြင်းပင်။

'ဧကန္တ ငါက ကိုယ်ဖန်တီးထားတဲ့ ဇာတ်ရှုပ်ကို ​ရှင်းဖို့အတွက် ရောက်လာတာများလား။'

"အရှင်မိဖုရား။ ညွှန်ကြားထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး အစီရင်ခံတင်ပြပါ့မယ်။"

ယူဂျင်းက နားမလည်သလို မျက်တောင်ခတ်လိုက်သည်။ မာရီအန်း ရုတ်တရက် ဘာကိုပြောနေမှန်း မသိခဲ့။

"ပျောက်ဆုံးသွားတဲ့ ရံရွေတော်မိန်းကလေးတွေရဲ့ မိသားစုတွေကို စုံစမ်းစစ်ဆေးပြီး လိုအပ်ရင် သူတို့ကို နစ်နာကြေးပေးဖို့ ညွှန်ကြားအမိန့်ပေးထားခဲ့ပါတယ်။"

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment