အပိုင်း ၁၃ 🔞
"ဟင်း..."
ညည်းသံက လည်ချောင်းထဲမှ သဘာဝကျကျပင် ထွက်လာ၏။ တင်းတင်းမှိတ်ထားသည့် မျက်လုံးများက အဖျားတက်လာသည့်အလား စိမ့်ခနဲအေးလာခဲ့သည်။ ထူးဆန်းသည့် ကလိကလိ ခံစားချက်တစ်မျိုး ယူဂျင်း၏ ခန္ဓာကိုယ်အနှံ့ တဖြည်းဖြည်း ပြန့်သွားတော့သည်။
ယူဂျင်း၏ နှုတ်ခမ်းလေးများအား အတန်ကြာသည်အထိ တပ်မက်ယစ်မူးနေခဲ့သော ခါဆယ်ရ်က အနည်းငယ် ခေါင်းမော့လာခဲ့၏။ ယူဂျင်းအား ငုံ့မိုးကြည့်နေသည့် သူ၏ မျက်လုံးများက အပူတပြင်း တောက်ပနေခဲ့သည်။ ဖူးရောင်ပြီး သွားရည်တို့စိုနေသည့် ယူဂျင်း၏ နှုတ်ခမ်းရဲရဲလေးများက အနည်းငယ်ဟလျက်သားနှင့် အသက်ဖွဖွလေးရှူနေ၏။ ခါဆယ်ရ်တစ်ယောက် အကြည့်မခွာနိုင်ခဲ့ပေ။
ကလေးရရန်အတွက် ကာမစပ်ယှက်ရန် လိုအပ်သော်လည်း သူ့အတွက်ရော၊ မိဖုရားအတွက်ပါ ချောချောမွေ့မွေ့ ရှိလိမ့်မည်မဟုတ်ဟု ထင်မိခဲ့သည်။ ထို့ကြောင့် စိတ်ထဲတွေးထားသည့် အစီအစဉ်ကား အချစ်ဆေးဖြစ်၏။ သို့သော် ယနေ့ မိဖုရားနှင့်အိပ်ရန် စိတ်ကူးမရှိသောကြောင့် ပြင်ဆင်လာခြင်းမရှိခဲ့။
ထင်မှတ်မထားသည့် အခြေအနေကြောင့် သူလည်း ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေ၏။ အချစ်ဆေး၏ အကူအညီမပါဘဲနှင့်တောင်မှ သူ၏ လိင်တံက ခံရခက်လောက်အောင် ထောင်မတ်နေပေပြီ။
မိဖုရားအပေါ် ထိုမျှပြင်းထန်သည့် ရမ္မက်ဆန္ဒမျိုး ခံစားရလိမ့်မည်မှန်း မသိခဲ့ချေ။ ထူးဆန်းသည့် စိတ်လောမှုတစ်မျိုး ခံစားနေရသော်လည်း လောလောဆယ် ဤမိန်းမအား သိမ်းပိုက်ရန်အပြင် တခြားမည်သည့်အတွေးကိုမှ မတွေးလိုပေ။
ခါဆယ်ရ်က ခေါင်းပြန်ငုံ့ပြီး ယူဂျင်း၏ နှုတ်ခမ်းများကို ထွေးငုံသိမ်းပိုက်လိုက်၏။ နုနုအိအိ နှုတ်ခမ်းလေးများကို ကိုက်လိုက်ပြီး ထို့နောက် နှုတ်ခမ်းတစ်လျှောက် အနမ်းလေးများ တစ်ပွင့်ပြီးတစ်ပွင့် ခြွေပြီးမှ မေးစေ့လေးအောက်ဘက်ဆီသို့ သူ့နှုတ်ခမ်းများကို ဆင်းသက်လာခဲ့သည်။
မျက်လုံးတစ်ဝိုက်၊ နှာတံတစ်လျှောက်နှင့် နားရွက်တစ်ဝိုက်တွင် ဖွဖွလေး နှုတ်ခမ်းများနှင့်သာ တရစပ် အနမ်းများခြွေခဲ့၏။ နားရွက်ကလေးကို သူ့နှုတ်ခမ်းများကြားတွင် ဖိကိုက်ပြီး လျက်လိုက်သည့်အခါ ယူဂျင်းတစ်ယောက် 'ဟင်း' ဟုညည်း၍ တုံ့ပြန်မိခဲ့သည်။ ခါဆယ်ရ်က နားရွက်ကလေးများကို ပို၍ပင် ဇွဲနပဲနှင့် ပွတ်သပ်ကျီစယ်ခဲ့၏။ ယူဂျင်း၏ ညည်းသံများက သူ့အား လှုံ့ဆော်နှိုးဆွပေးနေတော့သည်။
'ဟား၊ ရူးတော့မယ်။'
ညင်ညင်သာသာနဲ့ ကြင်ကြင်နာနာလေး။
'ပေါက်ကရလုပ်ရင် နောက်တစ်ခါ ထပ်မလုပ်ဘူး' ဟူသည့် စကားက ခါဆယ်ရ့်အပေါ် မသိမသာ အရှိုက်ထိသွားစေသည့်ပုံပင်။ သူက ထိုစကားများကို ဂါထာလို ရွတ်ခဲ့သည်။
ယခုချက်ချင်းတန်း၍ မိဖုရား၏ ခြေတံများကိုဖြဲပြီး သူ့ကိုယ်သူ အတွင်းနက်နက်အထိ တိုးဝင်မြှုပ်နှံလိုက်ချင်မိ၏။ သူက ထိုတောင့်တမှုကို ဖိနှိပ်မျိုသိပ်၍ ရှိသမျှအားထုတ်မှု အကုန်သုံးပြီး ဖြည်းဖြည်းချင်း လှုပ်ရှားခဲ့သည်။
သူ၏ လက်များက ညဝတ်ဂါဝန်လေးထဲသို့ ဖြတ်သန်းဝင်ရောက်ပြီး မိဖုရား၏ ရင်သားများကို ဆုပ်ထွေးလိုက်၏။ ပိန်ပါးသွယ်လျသည့် ခန္ဓာကိုယ်နှင့်ဆန့်ကျင်စွာ ပြည့်တင်းဖွံ့ထွားသည့် ရင်သားများက သူ့လက်ထဲတွင် အမိအရ ပါလာခဲ့သည်။ အားအနည်းငယ်ထည့်လိုက်သည်တွင် အသားနုနုလေးက သူဆုပ်ညှစ်လိုက်သည့် ပုံသဏ္ဌာန်အတိုင်း ဖိညှစ်ခံလိုက်ရ၏။ ထိုအသားစိုင်လေး သူ့လက်ဖဝါးတွင် ထိကပ်နေသည့် ခံစားချက်ကား အံ့ဩစရာပင်။
ကြားတွင်ခံနေသည့် အဝတ်အစားများက ရှုပ်လှပါသည်။ ခါဆယ်ရ်က မိဖုရား၏ ရင်ဘတ်မှကြိုးကို ဆွဲဖြုတ်ပစ်လိုက်သည်။ အဝတ်စပါးပါးတွင် လျော့တိလျော့ရဲ ချည်ထားသည့် ကြိုးကလေးခမျာ အားသိပ်မသုံးရဘဲ ပြုတ်ထွက်သွားတော့၏။ ညဝတ်ဂါဝန်ကြားမှ လှစ်ဟပေါ်လွင်နေသော မိဖုရား၏ ဖြူစင်ဝင်းမွတ်သည့် ရွှေရင်နှစ်မြွှာကိုကြည့်ရင်း ခါဆယ်ရ်တစ်ယောက် အသက်ပြင်းပြင်း ရှူလိုက်မိသည်။
ခံတွင်းထဲသို့ ချိုမြိန်သည့် အရသာတစ်မျိုး ဝင်လာ၏။ နို့နှစ်ရောင် ရင်သားနှစ်မြွှာကို နမ်းရှိုက်၍ ထိုအကြားတွင် နှာခေါင်းအပ်ပြီး ပြင်းပြင်းပြပြ အသက်ရှူသွင်းလိုက်သည်။
"အင့်..."
ရုတ်တရက်ဆန်သည့် လှုံ့ဆော်မှုကြောင့် လန့်သွားသည့် ယူဂျင်းက ဆတ်ခနဲ တွန့်သွားခဲ့သည်။ ခါဆယ်က နို့သီးခေါင်းဘေးတစ်ဝိုက်မှနေရာအား လျှာဖြင့်လျက်၍ ကျီစယ်လိုက်၏။ သူ့နှုတ်ခမ်းများက နို့သီးလေးအား ဖိခြေပြီး ပွတ်သပ်ထိပါးသွားခဲ့သည်။
"ဟား..."
အစပိုင်းတွင်တော့ အနည်းငယ် ယားကျိကျိ ခံစားရ၏။ သို့သော် သူ၏ ပွတ်သက်ကျီစယ်မှုများ ခရီးဆက်သွားသည်နှင့်အမျှ ပိုပို၍ ပြင်းထန်သည့် အာရုံခံစားမှုက ယူဂျင်းဆီသို့ ရောက်လာတော့သည်။
ခါဆယ်ရ်က နို့သီးခေါင်းလေးကို ဖိခြေနေသည့် သူ၏နှုတ်ခမ်းများတွင် အနည်းငယ် အားထည့်လိုက်သည်။ လျှာဖျားကိုပင့်ကာ မာဆတ်ဆတ် အဖုကလေးကို ထိုးဆွခဲ့၏။ ထို့နောက်တွင် သားမြက်အုံကိုမျိုပြီး ခပ်ကြမ်းကြမ်း စုပ်ပါတော့သည်။
"အား"
ရုတ်တရက် သွေးများဆောင့်တက်လာသည့်အလား စူးစူးဆစ်ဆစ် ခံစားချက်တစ်မျိုးက ယူဂျင်း၏ ခြေဖျားလက်ဖျားများမှစ၍ ကျောပြင်ဆီသို့ ရောက်လာခဲ့သည်။ တပြွတ်ပြွတ်နှင့် ရင်သားကို စုပ်နေသည့်အသံက ရေဘောင်ဘင်ခတ်သလို အသံနှင့် ရောနှောနေ၏။ ရှက်စရာအသံများကြောင့် ယူဂျင်း၏ မျက်နှာလည်း ပူတက်လာတော့သည်။
ခါဆယ်ရ်၏ လက်များက ယူဂျင်း၏ ခါးဆီသို့ တက်လာပြီး ယူဂျင်း၏ခန္ဓာကိုယ်အား ပွတ်သပ်ခဲ့သည်။ သူ၏ လက်ဖဝါးများက မာကျောကြမ်းတမ်းသော်လည်း ထိုလက်များ အသားကို ပွတ်သပ်နေသည့် ခံစားချက်က စိတ်လှုပ်ရှားစရာပင်။
"အင်း...အား"
ယူဂျင်း၏ ဝမ်းဗိုက်အောက်ပိုင်းတွင် ပူသလိုလိုရှိလာတော့သည်။ သူ့ခြေတံများ၏ အတွင်းသားများထဲမှ စူးစူးဆစ်ဆစ်နှင့် မရိုးမရွ ဖြစ်လာ၏။ ရင်သားနှစ်မြွှာ စိုစွတ်လာသည်နှင့်အမျှ ခြေတံများကြားမှ နေရာသည်လည်း စိုစိစိဖြစ်လာခဲ့သည်။
ခါဆယ်ရ်တစ်ယောက် စောစောကတည်းက သူ၏ အကန့်အသတ်ကိုရောက်ပြီဟု အကြိမ်ကြိမ် တွေးခဲ့၏။ သို့သော် အလျင်စလို မလုပ်လိုပေ။
သူက မိဖုရားအား တစ်ကိုယ်လုံးအနှံ့ စုပ်လိုက်၊ ကိုက်လိုက် လုပ်ရသည်ကို အမှန်တကယ် ဈာန်ဝင်နေခဲ့သည်။ မိဖုရား၏ ခြေတံများကြားသို့ သူ၏ လိင်တံအား ဆောင့်သွင်းခြင်းဖြင့် မျှော်လင့်ထားသော သာယာမှုကို ခေတ္တဘေးဖယ်ထားရန် ဆန္ဒရှိနေ၏။ မိဖုရား၏ တောင်းဆိုချက်အတိုင်း ဖြည့်ဆည်းရန် အတင်းအကျပ်မလုပ်ခဲ့ပေ။
မိဖုရား၏ ညည်းသံများ၊ သူ့လက်ဖဝါးအောက်တွင် ခံစားသိရှိနေရသော အသားအရေ၏ အထိအတွေ့၊ လှုံ့ဆော်မှုသေးသေးလေးကိုပင် အံ့ဩတုန်လှုပ်သည့်အလား ဖျပ်ဖျပ်ခါသွားသော တုံ့ပြန်မှုလေးများ၊ အရာအားလုံးက သူ့အား အဆုံးအစွန်သော စိတ်လှုပ်ရှားမှုထံသို့ တွန်းပို့နေခဲ့သည်။
သူ၏အောက်တွင် ကပိုကရိုလေး လဲလျောင်းနေသည့် မိန်းမအတွက် ယခင်က တစ်ခါမှ မခံစားဖူးသော ခံစားချက်များ မြင့်တက်လာရ၏။ အစိမ်းသက်သက်ဖြစ်နေပြီး စိတ်ကသိကအောက် ဖြစ်ရသော်လည်း ပို၍ နက်နက်နဲနဲ တူးဆွချင်မိခဲ့သည်။
သူ၏လက်က ယူဂျင်း၏ ပေါင်တွင်းသားများကို ပွတ်သပ်လာ၏။ အလန့်တကြားဖြစ်သွားသည့် ခုံးကောင်အလား တင်းတင်းစေ့ထားသည့် ခြေတံများကြားသို့ သူ၏ ဒူးခေါင်းအား တွန်းပို့၍ နေရာယူလိုက်သည်။ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေသော တုံ့ပြန်မှုလေးကြောင့် ခါဆယ်ရ်၏ နှုတ်ခမ်းများ ကွေးညွတ်သွားရ၏။ သူ၏လက်က မိဖုရား၏ ဝမ်းဗိုက်အောက်ပိုင်းကို ဖွဖွလေးဖိထားရာမှ အောက်သို့ဆင်းလာကာ အတွင်းခံထဲသို့ တိုးဝင်သွားတော့သည်။
"ဟင့်၊ ခဏလေး..."
ယူဂျင်းက အလောတကြီး သူ့ကို တွန်းဖယ်လိုက်သည်။ သို့သော် သူ့လက်ချောင်းများက စိုစွတ်သည့် အသားလေးအား အထက်အောက်ပွတ်နေသည်ကိုတော့ မတားနိုင်လိုက်ချေ။ အချစ်ရည်များတွင် သူ၏လက်ချောင်းများ ရှပ်တိုက်ပွတ်သပ်သွားသည့် ခံစားချက်ကား အရိုင်းဆန်လှပေသည်။ တဇွက်ဇွက်အသံများပင် ကြားနေရသလိုရှိသောကြောင့် ယူဂျင်း၏ မျက်နှာမှာ ပူတက်လာတော့၏။
ခါဆယ်ရ်က ဖိချုပ်သည့်အလား ယူဂျင်း၏ နှုတ်ခမ်းလေးများကိုနမ်းကာ မေးခဲ့သည်။
"ဘာလို့လဲ။"
"အဲ့ဒါ၊ အဲ့ဒါ မလုပ်..."
"အဲ့ဒါဆိုတာက ဘာလဲ။"
ယူဂျင်းက သူ့နှုတ်ခမ်းသူ ဖိကိုက်ပြီး ဦးခေါင်းကို တစ်ဖက်သို့ လှည့်လိုက်သည်။ သူ၏ အပွတ်အသပ်၊ တစ်ကိုယ်လုံးကို ပွတ်သပ်နေသည့် သူ၏လက်နှင့် ခန္ဓာကိုယ်အား နေရာလပ်မကျန်အောင် အနမ်းတွေခြွေနေသည်ကို ခံစားရသည်မှာ ကောင်းလှ၏။ ခန္ဓာကိုယ်အပူချိန် တဖြည်းဖြည်း မြင့်တက်လာသည့် ခံစားချက်မှာ ထူးဆန်းသည့် သာယာမှုတစ်မျိုးပင်။
သို့သော် ခါဆယ်ရ် သူ၏ ယောနိအား တိုက်ရိုက်ထိလိုက်သည်တွင် ရုတ်တရက် သူလုပ်နေသည့် အမှုကိစ္စက ပို၍ လက်တွေ့ဆန်လာသလို ခံစားလိုက်ရ၏။ ရှုပ်ထွေးပြီး မရေမရာဖြစ်နေသည့် ခံစားချက်များကို ဖော်ပြရန် စကားလုံးမရှိခဲ့ပေ။
"စိတ်ပြောင်းသွားတာလား။"
"အား"
ပွတ်ရုံသာပွတ်နေသည့် လက်ချောင်းက အတွင်းသို့ ဝင်လာခဲ့သည်။ မရင်းနှီးသည့်အရာ သူ့အထဲရောက်လာသည့် အစိမ်းသက်သက် ခံစားချက်ကြောင့် ယူဂျင်း အော်လိုက်မိ၏။ ခါဆယ်ရ်က ယူဂျင်း၏ မေးစေ့လေးကိုကိုက်ပြီး နားရွက်ကလေးကို လျက်လိုက်သည်။
"မလုပ်ချင်ဘူးလား။"
ယူဂျင်းက ဦးခေါင်းကို ဘယ်ညာယမ်းလိုက်သည်။ မကြိုက်တာမျိုးမဟုတ်။ ခန္ဓာကိုယ်တွင် ဖြစ်ပေါ်လာသည့် အပြောင်းအလဲက အံ့ဩစရာဖြစ်နေရုံပင်။
ခါဆယ်ရ်၏ လက်ချောင်းများ အက်ကွဲကြောင်းလေးထဲသို့ လျှောဝင်လာပြီး အဖူးကလေးကို ပွတ်လိုက်သည်တွင် ယူဂျင်း၏ ခန္ဓာကိုယ်က အလိုလို လူးလွန့်သွားတော့၏။ အောက်ပိုင်းမှ အပူများထွက်လာကာ အတွင်းထဲမှ အရည်များစီးထွက်လာကြသည်။ သူ၏ ခန္ဓာကိုယ်က ထိုလုပ်ရပ်အား စိတ်အားထက်သန်စွာ ကြိုဆိုနေပုံရသည့်အဖြစ်ကြောင့် ရှက်မိရ၏။
"တော်သေးတာပေါ့။"
ခါဆယ်ရ်က အမှန်တကယ် စိတ်အေးသွားခြင်းပင်။ ယခုမှလာ၍ နောက်ကြောင်းပြန်လှည့်ရန် သူ့တွင် ယုံကြည်ချက်မရှိပေ။ အကြောင်းမဲ့ မေးခဲ့မိခြင်းဖြစ်၏။ မိဖုရား၏ နှုတ်ဖျားမှ 'ဒီလောက်နဲ့တော်ရအောင်' ဆိုသည့်စကားများ ထွက်လာလေမလားဟူ၍ ကြောက်မိခဲ့သည်။
သူက ယောနိအဝင်ဝကို ပွတ်နေသည့် လက်ချောင်းအား အတွင်းသို့ ပြန်ထည့်လိုက်သည်။ ချော်ကျိကျိ အချစ်ရည်များကြောင့် အလွယ်တကူပင် နက်နက်ရှိုင်းရှိုင်း သွင်းနိုင်ခဲ့၏။ အတွင်းသားနံရံများက သူ့လက်ချောင်းကို တင်းကျပ်စွာ ချုပ်ထားခဲ့သည်။
ပူနွေးပြီး စိုစွတ်လှ၏။ ဤခံစားမှုထဲတွင် သူ၏ အရာကို မြှုပ်နှံထားသည့်အဖြစ်အား စိတ်ကူးကြည့်မိသည်အခါ မျက်စိရှေ့၌ ရိပ်တိပ်တိပ်ဖြစ်လာပြီး သက်ပြင်းချမိတော့သည်။ ထို့အပြင် လမ်းကြောင်းက ကျဉ်းလွန်းလှ၏။ ဤအထဲသို့ သူ ဝင်၍ရပါ့မလားပင် မသိရချေ။ သူ့လက်ချောင်းများက တဖြည်းဖြည်း အရှိန်မြင့်လာပြီး အသွင်းအထုတ် စလုပ်ပါတော့သည်။
"ဟင့်...အင်း..."
ယူဂျင်းက သူ့မျက်နှာဘေးတွင်ရှိသည့် ခါဆယ်ရ်၏ လက်မောင်းအား ဖက်တွယ်ထားရင်း ပြတ်တောင်းပြတ်တောင်း ညည်းခဲ့သည်။ မရင်းနှီးသောအရာ၏ ခံစားချက်က ခိုးလိုးခုလုနိုင်သော်လည်း သည်းမခံနိုင်စရာ အတိုင်းအတာအထိတော့မဟုတ်။ ထို့အပြင် ဝမ်းဗိုက်အောက်ပိုင်းမှ စတင်လာသည့် မရိုးမရွခံစားချက်က လှေကားတက်သလို ဖြည်းဖြည်းချင်း တရစ်ရစ်တက်လာ၏။
ရုတ်တရက် မရင်းနှီးသောအရာ၏ ခံစားချက်က ထင်ရှားပြတ်သားလာခဲ့သည်။ အောက်ပိုင်းက ပို၍ကျယ်လာသည့်အလား အနည်းငယ် တောင့်တင်းသွား၏။
ယူဂျင်း မျက်မှောင်ကြုတ်ကာ ညည်းလိုက်သည်တွင် ဟထားသည့် ပါးစပ်ထဲသို့ လျှာက လျှောဝင်လာခဲ့သည်။ ယူဂျင်း၏ ပါးစပ်အတွင်းပိုင်းကို ထိုးဆွရင်း ခါဆယ်ရ်က နှုတ်ခမ်းကို ဟလိုက်သည်။
ယူဂျင်းက သူ့အရှေ့တွင်ရှိနေသည့် မျက်နှာကိုကြည့်ရင်း ပင့်သက်ရှိုက်လိုက်၏။ ဆက်တိုက် ခြောက်သွေ့သည့် ပင့်သက်များ ထွက်လာခဲ့သည်။
"...လုပ်မှာလားဟင်။"
ခါဆယ်ရ်က တစ်ချက်ကြောင်သွားပြီး ထို့နောက် မျက်မှောင်ကြုတ်လိုက်သည်။ သူက လက်ချောင်းနှစ်ချောင်းသာ ထည့်လိုက်၏။
"နောက်နေတာလား။"
"နာ...နာတယ်။"
"နာတယ်ပေါ့လေ။ ဒီလောက်လေးနဲ့ နာနေရင် ဘယ်ဖြစ်မလဲ။ ဒီထက် အများကြီးပိုကြီးတာက ဒီအထဲ ဝင်ရမှာကို။"
ကြီးကျယ်သည့်မှတ်ချက်ကြောင့် လန့်သွားသော ယူဂျင်း၏ နှုတ်ခမ်းအား သူ၏ နှုတ်ခမ်းဖြင့် တစ်ခါထပ်၍ ဖိထပ်ပစ်လိုက်သည်။ ယောနိလမ်းကြောင်းထဲသို့ အထုတ်အသွင်းလုပ်နေသည့် လက်ချောင်းများက ပို၍ ကြမ်းကြမ်းနှင့် မြန်မြန် လှုပ်ရှားသွားတော့၏။
နာကျင်မှုလိုလို ဘာလိုလို ထူးဆန်းသည့် မသက်မသာဖြစ်မှုက တခြားခံစားချက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ဟင့်အင်း၊ နဂိုကတည်းက နာကျင်မှု ဟုတ်ရဲ့လားဆိုသည်မှာ မသေချာပေ။
ယူဂျင်း၏ ခြေတံများ ကားသွားပြီး တင်ပါးများကလည်း အလိုလို ကော့ကော့သွားခဲ့သည်။ သူ၏အတွင်းခံ လုံးဝဥဿုံ ကျွတ်သွားသည်ကိုပင် သတိမထားမိခဲ့။ ခပ်ထုံထုံ ခံစားချက်၏ အလွန်တွင် အများကြီး ပို၍ပြင်းထန်သည့် တစ်စုံတစ်ရာ ရှိနေသည့်ပုံပင်။
သိချင်စိတ် ပြင်းပြလာတော့သည်။ ယူဂျင်းက ရှက်စိတ်ကို အသာဘေးချိတ်ကာ သာယာမှုအပေါ်ကိုသာ အာရုံစိုက်ထားလိုက်၏။
"အင်း..."
ပြင်းထန်သည့် သာယာမှုက သူ့အား ရုတ်တရက် ရိုက်ခတ်သွားခဲ့သည်။ ဝမ်းဗိုက်အောက်ပိုင်းမှ စခဲ့သည့် သာယာမှုက ယူဂျင်း၏ ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ လျင်မြန်စွာ ဖြန့်ကြက်သွားတော့၏။ မျက်လုံးများ တင်းတင်းမှိတ်သွားပြီး မေးစေ့ကလည်း အလိုလိုကော့သွားကာ လည်ချောင်း၏ အနက်ဆုံးနေရာမှ ညည်းသံထွက်လာခဲ့သည်။
သူ၏ ယောနိလမ်းကြောင်းက ခါဆယ်ရ်၏ လက်ချောင်းများကို ညှစ်ထားရင်း ကျုံ့လိုက်ဆန့်လိုက်ဖြစ်နေသည်ကို ခံစားမိနေရ၏။ ခါဆယ်ရ် သူ့လက်ချောင်းများကို ပြန်ဆွဲထုတ်သွားသည့်အခါ တသသကျန်ခဲ့ရသည်။ တစ်စုံတစ်ခုက လစ်ဟာသွားသလိုပင်။
ယူဂျင်းက မျက်လုံးလေးများမှိတ်ကာ အသက််မှန်မှန်ရှူလိုက်၏။ အမြင်လွှာတွင် စွဲထင်ကျန်ရစ်သော ပုံရိပ်ကဲ့သို့ ကျန်ရစ်ခဲ့သည့် ခံစားမှုက ဆက်တိုက်ပင် သူ့အားတိုက်စားသွားခဲ့သည်။
ခန္ဓာကိုယ်အပေါ်ပိုင်းကို မတ်လိုက်သည့် ခါဆယ်ရ်က ညအိပ်ဝတ်စုံကို ချွတ်လိုက်သည်။ သူ၏ ဒူးခေါင်းများက ယူဂျင်း၏ ခြေတံများကြားသို့ ရောက်လာ၏။ ခြေတံများ အတင်းအဖြဲခံလိုက်ရသည်တွင် ယူဂျင်းလည်း အလန့်တကြား မျက်လုံးပွင့်သွားခဲ့သည်။ ခါဆယ်ရ်၏ အဝတ်မပါသည့် ရင်အုပ်ကိုကြည့်ကာ ပင့်သက်ရှိုက်လိုက်မိ၏။
'ဝါး...'
'လှလိုက်တာ' ဟူသော အသုံးအနှုန်းဖြင့် ယောက်ျားတစ်ယောက်၏ ခန္ဓာကိုယ်အား ခိုင်းနှိုင်းဖော်ပြသော်လည်း ထော်လော်ကန့်လန့်မဖြစ်ခဲ့ပေ။
တင်းရင်းကျစ်လစ်ပြီး ကျုံ့လွယ်ဆန့်လွယ်သည့် ကြွက်သားများက ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးတွင် အပြည့်ရှိနေသည်။ ပန်းချီကားတစ်ချပ်အလား ကြည့်ကောင်းလှ၏။ ကြွက်သားများ အဖုဖုအထစ်ထစ် ဖြစ်မနေသော်လည်း ကောင်းမွန်လှပသည့် ကြွက်သားများဟု ခေါ်ထိုက်လောက်အောင် သိပ်သည်းကျစ်လစ်လှပေသည်။
လေ့ကျင့်ခန်းလုပ်ကာ ဖန်တီးထားသည့် အလှပြကြွက်သားများမဟုတ်။ ထိုကြွက်သားများကို လက်တွေ့တွင် အကုန်ပြန်အသုံးချမည်ဖြစ်သည်။ မဟာ၏ ဘုရင်ခြောက်ပါးမှာ မဟာတွင် အကြံ့ခိုင်ဆုံး စစ်သည်တော်များလည်း ဖြစ်ကြ၏။
ခါဆယ်ရ်၏ စိတ်က ထူးဆန်းလာခဲ့သည်။ မည်သူမှ ထိုမျှလောက် စူးစမ်းစပ်စုလိုသည့် အကြည့်မျိုးဖြင့် သူ့အား မကြည့်ဖူးခဲ့ပေ။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိဖုရား သူ့ကို ကြည့်လိုက်တိုင်းတွင် အဘယ်ကြောင့် မနှစ်မြို့စိတ် မဖြစ်မိသည်ကို သူသိ၏။ မိဖုရား၏ မျက်လုံးများတွင် အဖြူထည် သိလိုစိတ်သက်သက်သာ အပြည့်ပါနေသောကြောင့်ပင်။ ကိုယ့်ကိုယ်ကိုယ် ဘဝင်မြင့်မိသည့် ကလေးဆန်ဆန် ခံစားချက်ကြောင့် ခါဆယ်ရ် ရယ်လိုက်မိသည်။
တစ်ဖက်ကလည်း ပေါ့ပေါ့ပါးပါးရှိသည့် အငွေ့အသက် အနေအထားကို ဘဝင်မကျပေ။ သူ၏ ဝမ်းဗိုက်အောက်ပိုင်းတွင် အပေါ်သို့ထောင်မတ်နေသည့် ဖွားဖက်တော်က ပေါက်ထွက်လုမတတ် အခြေအနေတွင်ရှိနေပေပြီ။ သူတစ်ယောက်တည်းသာ ချိုမြိန်မှုကို တောင့်တနေပုံရသည့်အဖြစ်အတွက် မကျေနပ်မှုက အုံဖွဲ့လာခဲ့သည်။
ခါဆယ်ရ်က မိဖုရား၏ပေါင်တံကို လက်တစ်ဖက်ဖြင့်မပြီး ကျန်လက်တစ်ဖက်ကို မိဖုရား၏ ဦးခေါင်းဘေးတွင် နေရာယူလိုက်၏။ သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကိုကိုင်း၍ မိဖုရား၏ နှုတ်ခမ်းလေးများကို ငုံထွေးကာ သူ၏လျှာကို အတွင်းသို့ နက်ရှိုင်းစွာ သွင်းခဲ့သည်။
ဘာလုပ်လို့လုပ်ရမှန်း မသိသော်လည်း ယူဂျင်းက အသက်မြန်မြန်ရှူကာ တုံ့ပြန်ခဲ့သည်။ မိဖုရား၏ တုံ့ပြန်မှုကို ကျေနပ်သဘောကျသွားတိုင်းတွင် သူ၏ အောက်ပိုင်းက အနည်းငယ် ထုံသလိုလို ကျဉ်သလိုလို ဖြစ်လာတော့၏။
ခါဆယ်ရ်က အပြည့်အဝ ထောင်မတ်နေပြီဖြစ်သည့် ဖွားဖက်တော်ကို အပေါက်ဝလေးနှင့် ဖြည်းဖြည်းချင်း ပွတ်လိုက်သည်။ မိဖုရား၏ လျှာကို ပြွတ်စ်ခနဲစုပ်ကာ နှုတ်ခမ်းချင်းခွာ၍ မျက်လုံးချင်းဆုံအောင် ကြည့်လိုက်၏။
ဘာလုပ်လို့လုပ်ရမှန်းမသိ တုန်ယင်နေသည့် မျက်လုံးလေးများကိုကြည့်ရင်းက ထူးဆန်းသည့် အလိုဆန္ဒတစ်မျိုးကို ခံစားလိုက်ရသည်။ ခါဆယ်ရ်က ခါးတွင် အားစိုက်ကာ အတွင်းသို့ ဖိသွင်းလိုက်၏။
"အား..."
ယူဂျင်းက မျက်မှောင်ကြုတ်လိုက်သည်။ ပါးစပ်ဟလျက်သားနှင့် မျက်တောင်များလည်း လျင်မြန်စွာ တဖျပ်ဖျပ်ခတ်သွား၏။
အတွေ့အကြုံမရှိသော်လည်း ကြားဖူးနားဝတော့ အများကြီးရှိထားပါသည်။ ပထမဆုံး အတွေ့အကြုံတွင် များသောအားဖြင့် ခန္ဓာကိုယ်က တောင့်တင်းနေသည့်အတွက် နာကျင်မှုကို ခံစားရမည်ဟု အဆိုရှိပေ၏။ ယူဂျင်းက ထိုစကားကို အလေးအနက်မထားခဲ့။ အမှန်တကယ်သာ နာကျင်မည်ဆိုလျှင် လူတို့က ထိုမျှများပြားလှသည့် လိင်ကိစ္စ အမှုအခင်းများ လုပ်ကြရန် အကြောင်းမရှိသောကြောင့်ပင်။
"ဟင့်..."
သို့သော် ဤသည်ကား မသိကျိုးကျွန်ပြု၍ရသည့် နာကျင်မှုမျိုးမဟုတ်။
'နာတယ်ဟ။ တကယ်နာတာ။'
ဧရာမ အချောင်းကြီးက တင်ပါးဆုံကို အတင်းထိုးဖွင့်ကာ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်နေသလိုပင်။ မနားတမ်း ဆက်တိုက် တိုးဝင်လာသည့်အတွက် ပို၍ပင် နာကျင်ရ၏။ ရုပ်ပိုင်းဆိုင်ရာခံစားချက်ကြောင့် တန်ပြန်ဖွဲ့စည်းလာသည့် မျက်ရည်များ သဘာဝကျကျ ရစ်ဝဲလာတော့သည်။ မျက်တောင်ခတ်လိုက်သည့်အခါ ဘေးဘက်သို့ စတင်စီးကျသွား၏။
ဖိကိုက်ထားမိသည့် နှုတ်ခမ်းများကို ခါဆယ်ရ်က ညင်သာစွာ လျက်ခဲ့သည်။ တိုတောင်းသည့် အနမ်းဖွဖွလေးများ ယူဂျင်း၏ နှုတ်ခမ်းများ၊ ပါးကလေးများနှင့် နှာတံလေးပေါ်သို့ သက်ဆင်းကျရောက်လာ၏။
ခါဆယ်ရ်က ယူဂျင်း အသားကျလာမည်ကို စောင့်စားရင်း ဖြည်းဖြည်းချင်း သွင်းနေချိန်တွင် သူ၏ ကျောပြင်တွင် ချွေးစေးများပြန်လာတော့သည်။ အတွင်းသားနံရံ၏ တင်းကျပ်သည့်အသားမှာ ကျဉ်းမြောင်းလှသောကြောင့် နာကျင်ရသည်။ သို့သော် ထိုအတွင်းသားလေးများ သူ၏ ဖွားဖက်တော်ကို တင်းတင်းကျပ်ကျပ် ချုပ်ထားသည့်ခံစားချက်က အင်မတန် ကောင်းလှ၏။
သူက တစ်ချက်တည်း ဆောင့်သွင်းပစ်လိုက်ချင်သည့် ဆန္ဒကို မနည်းချုပ်တည်းကာ တစ်ဝက်တွင် ရပ်လိုက်သည်။ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်သည့် မိန်းမ၏ ကိုယ်တွင်းသို့ အနက်ကြီး သွင်းမည်ဆိုလျှင် သူ့ကို နာကျင်စေလိမ့်မည်ဟု ကြားဖူးနားဝရှိထားသောကြောင့်ပင်။
"အာနီခါ။"
သူက တအီအီညည်းနေရှာသည့် မိဖုရား၏ နှုတ်ခမ်းလေးများကို နမ်းလိုက်၏။ လက်ချောင်းသာ ထည့်တုန်းက အကျယ်ချဲ့ခဲ့သော်လည်း ယခု ဘာမှထွေထွေထူးထူး စောဒကတက်ခြင်းမရှိသည့် မိဖုရား၏ ပုံစံလေးက ချစ်စရာကောင်းနေခဲ့သည်။
"အဲ့ဒီလို...အဲ့ဒီလိုမခေါ်ပါနဲ့။"
"ဒါဆို။"
"..."
~~~~~
Miel's Translations