Chapter 11 အရင်တုန်းက လက်ထပ်ဖို့ သဘောတူညီချက်
ဆိုင်ပိုင်ရှင်က ရန်ပွဲတွေနဲ့ ကြုံဖူးနေကြဖြစ်သည်။ အပြင်မှာ အခြေအနေ တွေ ငြိမ်သက်သွားမှ အေးဆေး ထွက်လာပြီး ပြောလိုက်သည်။
"စားပွဲတွေနဲ့ ထိုင်ခုံတွေ သူ့နေရာသူပြန်ထားပြီး သူတို့ကို အလျော်တောင်းလိုက်"
"အာ မင်းလား တင်းချန် ဒီတစ်ခါ ဘာပြဿနာ ထပ်ဖြစ်ရပြန်ပြီလဲ"
တင်းချန်က သူဌေးကို ခါးခါးသီးသီးလက်ခါပြလိုက်ပြီး
"မင်းနဲ့ ဘာဆိုင်လို့လည်း အလုပ်ရှုပ်ချင်ယောင်ဆောင်မနေနဲ့ ငါမှာထားတာတွေ မရသေးဘူး မြန်မြန်လုပ်ပေး"
သူဌေးက ပြောလိုက်သည်။ "အဲ့တာ အခုထိ မရသေးဘူးလား ခဏလေး စောင့်ပါ ဟုတ်ပြီးလား ဒီမှာစားမှာလား ပါဆယ်ထုပ်မှာလား"
တင်းချန်က ပြောလိုက်သည်။ "ဒီမှာစားမယ်"
သူက ဘီယာအနည်းငယ်နဲ့ ဟင်းပွဲနည်းနည်းထပ်မှာလိုက်ပြီး ကျောင်းဖန် နဲ့ စီဟွမ်ကို အတူတူထိုင်ဖို့ ခေါ်လိုက်သည်။
"လာ လာ ငါမင်းတို့ကို တိုက်မယ် မင်းတို့ အကူအညီပေးတဲ့ အတွက် ကျေးဇူးတင်တယ်လို့ ပဲ သဘောထားလိုက်ပေါ့ကွာ"
စီဟွမ်က ငြင်းဖို့ လုပ်နေပေမယ့် ကျောင်းဖန်က သူ့ကို ဆွဲထိုင်းခိုင်းလိုက်သည်။
ကျောင်းဖန် က ဟွာတျန် အကြောင်းကို အရမ်းစိတ်ဝင်စားနေသည်။
"ဟွာတျန် မင်းက တိုက်ခိုက်တာ ကောင်းတယ်လို့ ငါမကြားမိပါဘူး မင်းဘယ်တုန်းက ခိုးလေ့ကျင့်ထားတာလဲ"
ဟွာတျန်က သူမ မူလ ခန္ဓာကိုယ်ပိုင်ရှင် ရဲ့ မှတ်ဉာဏ်တွေကို ပြန်ကြည့်လိုက်တော့ သူမ မည့်သည့် ကိုယ်ခံပညာတစ်ခုကို မှ မတတ်ကျွမ်းပေ။ အခုဟာက သူမတို့ ခေတ်မှာ လူတိုင်း လေ့ကျင့်ထားရတဲ့ အခြေခံ ကိုယ်ခံပညာ သာဖြစ်သည်။ အဲ့တာထက် သူမ ခန္ဓာကိုယ်ကလည်း သူမ ရဲ့ အမူအကျင့်ပေါ်မူတည်ပြီး လိုက်ပြောင်းလဲလာပုံရသည်။
အဲ့တာကြောင့် သူမ တိုက်ခိုက်နေတဲ့အချိန်မှာ ဘာအခက်အခဲမှ မကြုံရတာ ဖြစ်လိမ့်မည်။
ဟွာတျန်က သူမ ဘယ်လိုပြန်ဖြေရမလဲ တွေးနေစဉ် စီဟွမ်က ကျောင်းဖန်ကို ကြည့်လိုက်ပြီး
"မင်းက စပ်စုလွန်းတယ်"
ကျောင်းဖန် သူ့နှုတ်ခမ်းကို စုတ်လိုက်သည်။ (ကျွတ် ဆိုတဲ့အသံမျိုးလုပ်လိုက်တာ)
"စီဟွမ် မင်းဒီနေ့ ဘာဖြစ်နေတာလဲ မင်း ဟွာတျန်နဲ့ လက်ထပ်ဖို့ သဘောတူညီချက်ကိုတော့ ပြန်လက်မခံဘူး ဟုတ်တယ်မလား မင်းဘာလို့ သူမကို လိုက်ကာနေတာလဲ"
"အဟွတ် ဟွတ် ဟွတ် " သောက်နေတဲ့ တင်းချန် ချောင်းဆိုးရင် သီးသွားသည်။
"ဘာလက်ထပ်ဖို့ သဘောတူညီချက်လည်း တျန်တျန် နင်က ဒီကောင်နဲ့ လက်ထပ်ဖို့ သဘောတူညီထားတာ မျိုးရှိတာလား"
"စီဟွမ် မျက်မှာက ချက်ချင်း မဲ့ရွဲ့သွားပြီး တစ်လုံးတည်းပြောလိုက်သည်။"
"မရှိပါဘူး"
တင်းချန်က စီဟွမ်ကို ကြည့်လိုက်သည်။
"ပိတ်ထားစမ်း ဒါကို ငါ တျန်တျန် စီကကြားချင်တယ်"
တင်းချန် ဘာလို့ စိတ်ဆိုးနေလည်းဆိုတာကို ဟွာတျန် နားမလည်ပါ.။ ဒါပေမယ့် သူမ ဦးလေးက ဒီလို အခြေအနေမျိုးမှာ ဒီလောက် သဘောထားသေးသိမ်မနေသင့်ဘူးဟုထင်မိလေသည်။ ဒါကြောင့် သူမ အရင်မှတ်ဉာဏ်တွေကို ဂရုတစိုက်ပြန်ရှာကြည့်လိုက်သည်။
တစ်ခဏကြာပြီးနောက် သူမ ခေါင်းကို ခါလိုက်ပြီး "လက်ထပ်စာချုပ်ဆိုတာမျိုး မရှိပါဘူး"
တင်းချန် အမူအရာက အနည်းငယ်လျော့ကျသွားသည်။ ဒါပေမယ့် သူက စီဟွမ်ကို မကျေမနပ်ကြည့်လိုက်ပြီး "တျန်တျန်က မရှိဘူးပြောတယ်ဆိုတော့ ငါမင်းကို ဒီတစ်ခါ ခွင့်လွတ်လိုက်မယ် ဒါပေမယ့် ကောင်စုတ်လေး ဘာဖြစ်ခဲ့တယ်ဆိုတာ သေချာရှင်းပြဖို့ လိုလိမ့်မယ်"
စီ မိသားစုရဲ့ အုပ်ထိန်းခွင့်ကို ရယူခဲ့တုန်းကတော့ ဘယ်သူမှ သူ့ကို ဒီလို စိတ်မျိုးနဲ့ ဒီလိုမေးခွန်းမျိုး ပြန်မမေးခဲ့ကြဘူး။ စီဟွမ် စိတ်ပျက် လက်ပျက်ဖြစ်သွားသည်။ ဒါပေမယ့် ဟွာတျန်က စိတ်ဝင်တစားစပ်စုနေတာကြောင့် သူ့ဒေါသကို မြိုသိပ်လိုက်သည်။
စီဟွမ်က ရှင်းပြလိုက်သည်။
"လွန်ခဲ့တဲ့ တစ်နှစ်က ဟွာဖိုးဖိုးနဲ့ ကျွန်တော့ အဖိုးတို့ အသက်ရှိတုန်းက သူတို့က ဟွာမိသားစုနဲ့ စီ မိသားစုတို့ နိုင်ငံရေးအရ လက်ထပ်ဖို့ စကားနဲ့ သဘောတူညီခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော့် အဲ့တာကို လက်မခံခဲ့ပါဘူး ဒါကြောင့် ကျောင်းဖန် ပြောတဲ့ လက်ထပ်ဖို့ သဘောတူညီချက်ဆိုတာ ဟာသ တစ်ခုသာသာပါပဲ အဲ့တာနဲ့ပက်သက်ပြီး မစိုးရိမ်ပါနဲ့"
ကျောင်းဖန် က သိချင်စိတ်ဖြင့် မေးလိုက်သည်။ "တကယ်လို့ ဟွာမိသားစုက မင်းကို စီဟွမ်နဲ့ စေ့စပ်ပွဲကို လက်ခံဖို့ပြောရင် မင်းသဘောတူမှာလား"
တင်းချန်က ကဲ့ရဲ့လိုက်သည်။ "မင်းငါ့ကို လာနောက်နေတာလား ငါတို့ တျန်တျန်က အဲ့လောက် မရူးသေးဘူး"
အဲ့အချိန်မှာပဲ ဟွာတျန်က လည်းပြန်ပြောလိုက်လေသည်။ "ကျွန်မသာဆိုရင်တော့ လက်ခံမိမှာပဲ အားလုံးခြုံကြည့်ရင် စီဟွမ်က ရုပ်ချောပြီး ကြင်နာတတ်တယ်။ သူက ကျွန်မ စိတ်ကူးထားတဲ့ အတိုင်းပဲ"
သူမ အရင်ဘဝတုန်းက ဟွာတျန်က နည်းပညာပိုင်းမှာ အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်။ သူမရဲ့ လက်တွဲဖော်ရွေးချယ်ဖို့ စံနှုန်းတွေက ရုပ်ရည်ချောမောရမယ် ကြင်နာတတ်ရမယ် သဘောကောင်းပြီး သစ္စာရှိမဲ့လူမျိုး ဖြစ်တယ်။
ကံမကောင်းစွာနဲ့ပဲ သူမရဲ့ ရောင်ခြည်တွေ နဲ့ပြည့်နေတဲ့ ပတ်ဝန်းကျင်မှာ စီဟွမ်လို ချောမောတဲ့သူမျိုးရှာလို့ မတွေ့ ခဲ့ပါဘူး
တင်းချန် လုံးဝ အရှိုက်ထိသွားလေသည်။ သူက ဟွာတျန်ကိုကြည့်လိုက်ပြီး မယုံနိုင်စွာနဲ့ "တျန်တျန် သမီးက မိန်းကလေးလေ ဘာလို့ ဒီလိုတွေ ပြောနေတာလဲ"
ဟွာတျန်က သူမ ဦးလေးကို ပြန်ကြည့်လိုက်ပြီး "မိန်းကလေးဖြစ်တော့ရော ဘာဖြစ်လဲ မိန်းကလေးတွေက သူတို့ အနာဂါတ် ယောက်ျားကို စိတ်ကူးခွင့် တောင် မရှိဘူးလား"
ကျောင်းဖန် သူ့ပါးစပ်ကို လက်နဲ့အုပ်လိုက်ပြီး ဟွာတျန်ကိုကြည့်ပြီး လေးလေးနက်နက်တွေးလိုက်သည်။ သူက စီဟွမ်ကို တိုးတိုးလှမ်းပြောလိုက်သည်။ "သူမက မင်းကို အနာဂါတ် လက်တွဲဖော်အဖြစ် မှန်းထားပြီးသားပဲ အဲ့တာ မကောင်းတော့ဘူး ဒီဟာသက တော်တော် များသွားပြီ"
စီဟွမ်က သူ့သူငယ်ချင်းကို ခပ်တည်တည်ကြည့်လိုက်ပြီးတော့ "မင်းပါးစပ်ပိတ်မထားဘူးဆိုရင် ငါမင်းကို စကားမပြောနိုင်အောင် လုပ်ပစ်လိုက်တော့မယ်"
ကျောင်းဖန် က စီဟွမ်ရဲ့ လုံးဝ တည်ငြိမ်နေပုံကိုကြည့်ပြီး တုန်လှုပ်သွားသည်။ သူပါးစပ်ကို ဇစ်နဲ့ပိတ်ထားသလို နောက်ထပ် အသံမထွက်ရဲတော့ပါ။
စီဟွမ်က တင်းချန်နဲ့ ဟွာတျန်ကို ပြောလိုက်သည်။ "လက်ထပ်ဖို့ သဘောတူညီချက်က မိသားစု နှစ်ခုကြားက စကားအရ သဘောတူညီမှုလေးတစ်ခုပါပဲ။ အဲ့တာအပြင် ဟွာတျန်ကလည်းဟွာမိသားစုက မဟုတ်တော့ဘူးလေ အဲ့တာကြောင့် အတိတ်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စလေးကို အရေးတယူလုပ်မနေကြပါနဲ့တော့"
တင်းချန် ဒေါသတကြီးပြောလိုက်သည်။ "မင်း ပြောတာ ဘာအဓိပ္ပါယ်လဲ မင်းက ငါတို့တျန်တျန်ကို စိတ်မဝင်စားဘူးပေါ့"
ဟွာတျန်က တင်းချန်ရဲ့ အင်္ကျီလက်ကို ဆွဲလိုက်ပြီးနောက် "စိတ်လျော့ပါ ဦးလေး ဦးလေး ဘာကိုစိတ်ဆိုးနေမှန်းတောင်း သမီး မသိတော့ဘူး"
တင်းချန် အနည်းငယ် တည်ငြိမ်သွားသည်။ တကယ်လို့ စီဟွမ်က လက်ထပ်ဖို့ သဘောတူညီမှုကို ဝန်ခံလိုက်မယ်ဆိုရင် သူ့ဒေါသ ပေါက်ထားသွားပေလိမ့်မည်။ သူတို့ရဲ့ အဖိုးတန် သမီးလေးက ဒီလို ကြွက်စုတ် တစ်ကောင်နဲ့ အစောကြီးကတည်းက စေ့စပ်ထားပြီးပြီတဲ့လား
အဲ့တာထက်ကို စီဟွမ်က ဟွာတျန်ကို အရေးမလုပ်သလိုမျိုး သဘောထားနေတာက သူ့ကို ပိုစိတ်တိုစေလေသည်။ ဟွာတျန်လို့ မိန်းမကောင်းလေးကို သူက မျက်လုံးထဲကို မထည့်တာလား
ဒါပေမယ့်လည်း တင်းချန် သူတိုကို ကူညီခဲ့တဲ့ လူတွေရှေ့မှာ အကျိုးအကြောင်း မဆီလျော်တဲ့ ဒေါသတွေ ထွက်မိလို့ စိတ်မကောင်းဖြစ်မိလေသည်။ အဲ့တာကြောင့် သူက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "မင်းတို့ မြန်မြန် သွားကြတော့ မဟုတ်ရင် မင်းတို့ ငါ့အကြောင်း သိမယ်"