no

Font
Theme

chater8 တံတားပေါ်က လောင်းကစား

ဟွာတျန် ပျော်ပြီး တင်းချန်နောက်ပြေးလိုက်သွားသည်။ တင်းရုံ က သူမခေါင်းကို ခါလိုက်ပြီး သူမ မျက်နှာပေါ်က အပြုံးကတော့ ဆင်ခြေဖုံးရပ်ကွက်လေးရဲ့ အလှကိုပင် ဖုံးလွမ်းသွားဟန်တူသည်။

တင်းချန်က ဟွာတျန်ကို မေးလိုက်သည်။ "တူမလေး ဘယ်လိုဖုန်းအမျိုးအစားကို လိုချင်လည်း ဦးလေး စျေးပေါပေါနဲ့ ဖုန်းတွေရောင်းတဲ့သူကို သိထားတယ်"

ဟွာတျန်က စျေးပေါတယ်ဆိုတဲ့ အဆင့်မြင့် ဖုန်းတွေ အကြောင်း သိချင်သွးာတယ်။ သူမ က တင်းချန်နောက်က နေဆက်လိုက်သွားပြီး ခဏကြာတော့ ကောက်ကျစ်ဟန်ရှိတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။

ထိုလူနဲ့ ခဏလောက်စကားပြောပြီးနောက်မှာတော့ ထိလူဟာ စျေးဝယ်စင်တာတို့ ရထားဘူတာတို့ လို နေရာကနေ ဖုန်းတွေ လိုက်ခိုးသူတစ်ယောက်ဖြစ်ကြောင်း ရိပ်မိသွားသည်။

တင်းချန်က iPhone တစ်လုံးကို ကောက်ကိုင်လိုက်ပြီး ဟွာတျန်ကို ပြောလိုက်သည်။

"ဟွာတျန် ဒီဟာကို ဘယ်လိုထင်လည်း ဒါလေးက 90% အသစ်လိုပဲ"

ဟွာတျန် ခေါင်းခါလိုက်သည်။

"အိမ်မှာလည်း ဖုန်းအဟောင်းတွေရှိတယ်မလား သမီးအဲ့တာအရင်သုံးလိုက်မယ်။"

သူမက ဒီလိုခိုးရပါ ပစ္စည်းတွေကို မလိုချင်ပါ။တကယ်လို့ ဖုန်းပိုင်ရှင်က ရဲခေါ်လာခဲ့ရင် သူမက ပစ္စည်းဝယ်ယူသူအဖြစ် အရှုပ်အထွေးထဲ ဝင်ပါမိပေလိမ့်မည်။

တင်းချန်က ဟွာတျန်ရဲ့ အတွေးကို နားလည်းဟန်နှင့် သူက ဟွာတျန်ကို ကြည့်လိုက်ပြီး

"မင်းက မင်းအမေဆီက အမွေရလာတယ်ထင်ပါတယ်။ ကောင်းပြီ ဒါဆို ငါတို့ ဒါကို မဝယ်တော့ဘူး ငါမင်းကို ဖုန်းအသစ်ဝယ်လို့ရမယ့်နေရာခေါ်သွားမယ်။ " ဟု ပြောလိုက်လေသည်။

ဒါပေမယ့်လည်း ဟွာတျန်က ပြောလိုက်လေသည်။

"သမီး ဖုန်းအသစ် မလိုချင်ဘူး ဦးလေး သမီးကို ကွန်ပျူတာ ဝယ်ပေးပါလား"

တင်ချန် က အေးစက်သောလေကို ရှူလိုက်ပြီး ဟွာတျန်ခေါင်းကို ပုတ်လိုက်သည်။

"မင်းက စကားကြီး စကားကျယ်ပြောလိုက်တာပဲ ကွန်ပျူတာတွေက ဖုန်းထက် အများကြီးပိုကုန်တယ် ငါတို့က ဘယ်လိုလုပ်တတ် နိုင်မှာလည်း"

ဟွာတျန် ကွန်ပျူတာတစ်လုံးရဲံ့ စျေးကို သိသွားချိန်မှာတော့ သူမရဲ့ မူလ ခန္ဓာကိုယ်ပိုင်ရှင်တောင်မှ သူမ ဘာသာ ကွန်ပျူတာ အသစ် တစ်လုံး ဝယ်နိုင်မည် မဟုတ်ပေ။

"ဒါဆို သမီး ဆံပင်အနက်ရောင်ပြန်ဆိုးချင်တယ်။ သမီး ဒီဆံပင်ကာလာကို မကြိုက်တော့ဘူး"

တင်ချန် အကြီးအကျယ်ရီရင်းပြောလိုက်သည်။ "ဒါလည်းကောင်းပါတယ် မင်းဆံပင်တွေက မျက်စိ ကို စူးစေတယ်"

ဘာပဲဖြစ်ဖြစ် ဆံပင်ဆိုင်မှာ ဆေးဆိုးတာလည်း အရမ်းအကုန်အကျများတာပဲ "ဆံပင်ဆေးဆိုးဖို့ဆို ယွမ် ရာဂဏန်း အနဲငယ်လောက်တော့ကျလိမ့်မယ်။ "

ဟွာတျန်က သူမ ကွန်ပျူတာဝယ်ဖို့ ပိုက်ဆံစုချင်တာမို့လို့ သူမ ဆံပင်ကို အနက်ရောင်မဆိုးတော့ဖို့ ဆုံးဖြတ်လိုက်သည်။

ဟွာတျန်က ဆံပင်ညှပ်တဲ့လူကို သူမ ဆံပင် ကို တိုအောင်လုပ်ပေးပါလို့ ပြောလိုက်လေသည်။ သူမ ဆံပင် ပုံစံ အသစ်က သွက်လက်တက်ကြွနေဟန်နှင့် ကြည့်ကောင်းပြီး အရမ်းကို ချောမောလှပလေသည်။ ပန့် စတိုင် ခရမ်းရောင်ဆံပင်က အခုတော့ တကယ့်ပုံစံ အစစ်ပေါ်ပေါက်လာခဲ့လေပြီ။

တင်းချန် ကျွတ်သပ်လိုက်ပြီး

"မင်း မိန်းကလေးဖြစ်နေလို့သာပဲ ယောက်ျားလေးသာဆိုရင် မင်းကြောင့်နဲ့ မိန်းကလေးတွေ ဘယ်လောက်များများ မင်းရဲ့ အလှကြောင့် လဲကျသွားမလည်းမသိဘူး "

ဟွာတျန်က မေးလိုက်သည်။"ဦးလေး လည်း ချောတာပဲ ကောင်မလေးတွေ ကို မေ့လဲသွားအောင်လုပ်လိုက်ပါလား"

တော်ပြီ တော်ပြီ တင်းချန် ခေါင်းကိုက်လာသလိုပင်ခံစားရလေသည်။ "မင်းကပါ မင်းအမေလို့ ဘာလလို့ ငါ့ကို အတင်းလိုက်ဖိအားပေးနေတာလည်း"

သူမတို့က မနေ့ကမှ တွေ့ခဲ့ကြပေမယ့်လည်း ဟွာတျန်က သူမနဲ့ သူမဦးလေးက စိမ်းကားမနေဘူးလို့ ခံစားနေရသည်။ "ဒါက သွေးက စကားပြောတာများလား " သူမ အံဩနေလေသည်။

တင်းချန်က သူမက ရွာလေးကိုလှည့်ပတ်ပြီး ရှုပ်ထွေးတဲ့ လမ်းတွေကို သူမမှတ်မိအောင် ရှင်းပြ ပြောပြနေလေသည်။

နေ့လည်ရောက်တော့ သူတို့က အရသာကောင်းပြီး ဝန်ဆောင်မှုကောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ အမဲသားခေါက်ဆွဲ ပြုတ် ဝင်စားကြ ပြီးတော့ သူမကို ညနေမှ အိမ်ပြန်ခေါ်သွားဖို့ စိတ်ကူးထားလေသည်။

သူတို့ နှစ်ယောက် တံတားကို ဖြတ်လာတော့ သူတို့က လူ ခုနစ်ယောက် ရှစ်ယောက် အုံနေတဲ့ လူအုပ်တစ်အုပ်ကို တွေ့လိုက်ကြသည်။ သူတို့က တစ်ခုခုကိုကြည့်နေပုံရပြီး သူတို့ ဘာကိုကြည့်နေလည်းဆိုတာ မသိရပါ။

ဒါပေမယ့် သူတို့ရဲ့ ပျော်ရွှင်သံတွေ စိတ်ပျက် သံတွေကိုတော့ ကြားနေရလေသည်။

တင်းချန် က ချက်ချင်းစိတ်ဝင်စားသွားလေသည်။ သူက "လာ သွားဆော့ကြမယ်" လို့ ပြောပြီး ဟွာတျန်ကို ဆွဲခေါ်သွားလေသည်။

ဟွာတျန် လွန်ခဲ့တဲ့ နှစ် တစ်ရာလောက်က ပျော်ပွဲရွှင်ပွဲတွေကို စပ်စုခဲ့ဖူးသည်။ ဒါကြောင့် သူမ လည်း တင်းချန်နောက်လိုက်သွားပြီး အတွင်းထဲထိ တိုးဝင်ခဲ့ကြသည်။

အသားနည်းနည်းမည်းတဲ့ လူတစ်ယောက်က မြေကြီးပေါ်မှာထိုင်နေခဲ့တယ်။ သူ့ရှေ့မှာ ပန်းကန်လုံးတစ်လုံးချထားတယ်။ သူ့လက်တစ်ဖက်က ဖရဲသီးစေ့တွေကို ကိုင်ထားပြီး ပန်းကန်လုံးအောက်ကို ပစ်ထည့်လိုက်တယ်။ အဲ့တာပြီးတော့ လူတွေက သူ့ထက်ငါ အလုအယက် လောင်းကြေး ထည့်ကြတော့တယ်။

"9 ဖြစ်မယ်ထင်တယ်"

"ငါအခုလေးတင် ရှင်းရှင်းလင်းလင်းမြင်လိုက်တယ် အဲ့တာ 7"

"ဟုတ်တယ် ဟုတ်တယ် 7ကွ"

"ငါတော့ 6 လို့ ထင်တယ်"

"ဟုတ်ပြီ လောင်းပြီးပြီဆို လက်ရှောင်"

အသားမည်းတဲ့လူက ပန်းကန်လုံးကို ဖွင့်လိုက်လေသည်။ ပန်းကန်လုံးအောက်မှာ ဖရဲသီးစေ့ 6 စေ့ရှိလေသည်။ လောင်းကစားမှာ မှန်တဲ့သူက ပိုက်ဆံ ၂ ဆ ရပြီးတော့ မှားတဲ့သူတွေကတော့ စိတ်ပျက်မှု ကိုသာ ရရှိလိုက်ကြတယ်။ ဘာပဲဖြစ်ဖြစ် သူတို့က အဲ့လို ရှုံးနေပေမယ့်လည်း ပိုက်ဆံတွေ ဆက်ထုတ်ပြီး အသားမည်းတဲ့လူကို ပေးနေတုန်းပင်ဖြစ်သည်။ သူတို့ ပိုက်ဆံ အကုန်ကုန်သွားရင်တောင်မှ သူတို့က ထွက်မသွားကြသေးပဲ ဘေးကနေရပ်ကြည့်နေကြလေသည်။

တင်ချန် တော်တော်ကြာအောင်ရပ်ကြည့်နေပြီးနောက် သူက တင်းရုံ သူ့ကို ပေးလိုက်တဲ့ ပိုက်ဆံကို ထုတ်လိုက်လေသည်။ ထို့နောက် သူက ဟွာတျန်ကို တိုးတိုးပြောသည်။

"တျန်တျန် ငါ တစ်ခါလောက်ကစားချင်လို့ မင်းအမေကို ပြန်မပြောနဲ့"

အဲ့လိုနဲ့ တင်းချန်က ယုံကြည်ချက်ရှိရှီနဲ့ နံပါတ်တစ်ခုကို လောင်းလိုက်လေသည်။

အံဩစရာမရှိပဲ သူရုံးသွားလေသည်။

တစ်ကြိမ်သာ ကစားမည်ဟု ပြောခဲ့သော တင်းချန်သည် ယွမ် 500 လောက် ဆက်တိုက်ရှုံးခဲ့လေပြီ။ ဒီ ပိုက်ဆံ ပမာဏဟာ ခုန စျေးရောင်းတဲ့သူဆီက အသစ်နီးပါး iPhone ကို ဝယ်လို့ရတဲ့ ပမာဏပင်ဖြစ်သည်။

နောက်ဆုံးတော့ ဟွာတျန်က သူ့ကို ထွက်သွားကြဖို့ ပြောလေတော့သည်။ တင်းချန်က နောက်ထပ် နံပါတ် တစ်ခုကို လောင်းလိုက်တဲ့ အခါ သူမ ပါးစပ်တွေ ပိတ်လိုက်ရသည်။

အသားမည်းတဲ့လူက ပြုံးပြီးပြောလိုက်သည်။ "ကလေးမလေး မင်းမကစားဘူးဆိုရင် ဒီနားမှာလာမရှုပ်နဲ့ တစ်ခြား လူတွေကစားချင်သေးတယ်။"

တင်းချန် ရဲ့ စိတ်က အခုမှ ရှင်းလင်းသွားဟန်တူသည်။ သူသည် ယွမ် 500 ဆက်တိုက်ရှုံးခဲ့ပြီကို သတိပြုလိုက်မိသောကြောင့် ဖြစ်သည်။ သူက တော့ သူ့ကိုယ်သူ သွားပြီဟုသာ တွက်ထားခဲ့၏။ သူပြန်ရောက်တဲ့အခါ သူ့ညီမ ရိုက်တာ ခံရပေတော့မည်။

ဒါပေမယ့်လည်း ဟွာတျန်က တင်းချန် အိတ်ကပ်ထဲက ပိုက်ဆံအကုန်လုံးကို ယူလိုက်ပြီး

"မဟုတ်ဘူး ငါဆော့ချင်တယ် ပြီးတော့ ငါ များများလောင်းမှာ"

"ဒီမှာ အကုန်လုံး ယွမ် 1700 ရှိတယ် ငါ ပန်းကန်လုံးအောက်မှာ ဖရဲသီးစေ့ 13 စေ့ ရှိမယ်လို့ လောင်းတယ်။ ရှင်ဖွင့်ရဲလား"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment