no

Font
Theme

Chapter 28 ငါက ပါရမီရှင်မို့လို့ပဲ

တိတ်ဆိတ်သွားတဲ့ အခန်းထဲမှာ ဟွာယု ရဲ့ ပေါက်ကွဲသံက ရှင်းရှင်းလင်းလင်းကို ကြားလိုက်ရလေသည်။

ကျောင်းသားတွေ အကုန်လုံးက အလယ်တန်း တတိယတန်းမှာ ထိုင်နေတဲ့ ဟွာယုကို လှည့်ကြည့်လိုက်ကြလေသည်။ မစ်စတာဝမ်က သူမကို လှမ်းကြည့်လိုက်သည်။ စာသင်ခန်းထဲမှာ တိတ်ဆိတ် သွားတာကြောင့် သူမ ဘယ်သူ့ အကြည့်ကိုမျှ ရင်မဆိုင်ရဲခဲ့ပါ။

ဟွာယု က သူအတွက် အဆင်မပြေဖြစ်နေတဲ့ တိတ်ဆိတ်သံကို ဖြိုခွင်းလိုက်တဲ့သူဖြစ်မယ်လို့ မထင်မိခဲ့ပါ။

ဟွာတျန်က စင်ပေါ်ကို လမ်းလျှောက်လာပြီး မစ်စတာဝမ် ဘေးမှာ ရပ်နေလိုက်လေသည်။ သူမက အတန်းထဲက ကျောင်းသား ကျောင်းသူတွေကို ခေါင်းငြိမ့်ပြပြီးပြောလိုက်လေသည်။

"ငါက ဟွာတျန်ပါ အခုကစပြီး ကျွန်မက အားလုံးရဲ့ အတန်းဖော်တစ်ယောက်ဖြစ်လာပါလိမ့်မယ်။ ငါ့ကို အတိုက်အခံ မလုပ်ကြဖို့ မျှော်လင့်ပါတယ်။"

မစ်စတာဝမ်က ဟွာတျန်ကို ကြည့်ပြီး ဘာမှ ပြန်မပြောနိုင်ခဲ့ပေမယ့် သူက နေရာလွတ်တစ်ခုံကို ညွှန်ပြလိုက်ပြီး ပြောလိုက်လေသည်။

"ဟွာတျန် နေရာတစ်ခု သွားရှာပြီး ထိုင်လိုက်"

ဟွာတျန် သူမ နေရာယူပြီးတဲ့ အခါ မစ်စတာဝမ်က ပြောလိုက်လေသည်။ "မင်းတို့ တော်တော်များများ ဟွာတျန်ကို သိပြီးကြပြီဖြစ်လိမ့်မယ်။ အဲ့ ကောလဟာလတွေ ထဲကဟွာတျန်က ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် မင်းတို့ အတန်းဖော်ကို လေးလေးစားစားဆက်ဆံကြမယ်လို့ ငါမျှော်လင့်တယ်။ သူမကို ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံကြပါနဲ့။ ပြီးတော့ သူမကို မနာလိုတဲ့ ရည်ရွယ်ချက်နဲ့ မနှောက်ယှက်ကြပါနဲ့။ ဒါက ဟွာတျန် သူ့ကိုသူ မိတ်ဆက်တုန်းက ပြောသွားတဲ့ စကားရဲ့ အဓိပ္ပာယ်ပဲ။"

ဆရာက အတန်းသားတွေအကုန်လုံးကိုပြောနေပေမယ့် ဟွာယုကတော့ သူ့ကို သီးသန့် ရည်ရွယ်နေသလို ခံစားနေရလေသည်။ မစ်စတာဝမ်က ဟွာတျန်ကို ဘာလို့ ဒီလောက် ဂရုစိုက်နေလည်းဆိုတာ ဟွာယုနားမလည်နိုင်သေးပါ။

ဟွာယုက လက်မြှောက်လိုက်ပြီး "ဆရာ သမီးမေးစရာရှိလို့"

မစ်စတာဝမ် မျက်မှောက်ကြုတ်လိုက်ပေမယ့် ခေါင်းငြိမ့်လိုက်ပြီး "ဘာမေးချင်တာလဲ"

ဟွာယုက မတ်တပ်ရပ်လိုက်ပြီး မစ်စတာဝမ်ကို အကယ်၍ သူမ မေးလိုက်ရင် မစ်စတာဝမ် စိတ်ဆိုးသွားမလားဆိုပြီး တစ်ချက်ကြည့်လိုက်သည်။

"မစ်စတာဝမ် ဟွာတျန်ကို ကျောင်းက ဘာလို့ မထုတ်လည်းဆိုတာ ဆရာ ရှင်းပြပေးပါလား သူမ အဆင့်တွေက ချင်းလီ အထက်တန်းကျောင်းလို ကျောင်းမျိုးနဲ့ မထိုက်တန်ဘူး ပြီးတော့ သူမက ကျောင်းကို ထောက်ပံကြေးလည်း မပေးနိုင်တော့ဘူးလေ ဟုတ်တယ်မလား"

ဟွာယု အမေးကြောင့် အတန်းထဲတွင်လည်း တီးတိုးပြောသံများ ဆူညံလာလေသည်။ မစ်တာဝမ်ကို ကြောက်ကြပေမယ့် သူတို့ရဲ့ ပွဲကြည့်ချင်စိတ်ကိုတော့ ဖုံးမထားနိုင်ကြပါ။

မစ်စတာဝမ်က တစ်တန်းလုံးကို စူးရှသောအကြည့် တစ်ချက်ပေးလိုက်သောအခါ တစ်တန်းလုံး ငြိမ်သက်သွားကြလေသည်။ ပြီးတော့ သူ အသံ တိုးတိုးဖြင့် ပြောလေသည်။ "ကျောင်းသားတစ်ယောက်ကို ကျောင်းထုတ်တယ် မထုတ်ဘူးဆိုတာက ကျောင်းစီမံခန့်ခွဲရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ပဲ ဟွာတျန်ကို ကျောင်းက ထုတ်တယ်ဆိုတာ ကောလဟလတွေ။ မင်းတို့လည်း အခြေအနေတွေကို သေချာ ချင့်ချိန်ပြီးမှ ယုံကြ ကောလဟလတွေကို လျှောက်ယုံမနေကြနဲ့"

ဟွာယု သူ့ရဲ့ သတ္တိကို ထပ်စုစည်းလိုက်ပြီး ထပ်ပြောလိုက်တယ်။ "ဒါပေမယ့် ဟွာတျန်က တကယ်ကိုပဲ ချင်းလီ အထက်တန်းကျောင်းရဲ့ စံနှုန်းတွေနဲ့ မကိုက်ညီဘူးလေ။ ဒီလိုလူက ကျောင်းသားဖြစ်နေတယ်ဆိုတာ ကျောင်းအတွက် နစ်နာတယ်။ ထောက်ပံကြေးလည်းမပေးနိုင်(ထောက်ပံကြေးဆိုတာက မိဘတွေကို ကျောင်းကို နှစ်စဉ် ငွေကြေးထောက်ပံတာကိုပြောတာပါ) အဆင့်လည်း မကောင်းတဲ့ သူက ဘယ်လိုလို ကျောင်းဆက်တက်ခွင့်ရနေတာလဲ"

မစ်စတာဝမ်က အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူက ကျောင်းသားတွေကို ရိုက်နှက်တတ်တဲ့ ဆရာမျိုးမဟုတ်ပါ။ ဒါပေမယ့်လည်း ကျောင်းစတက်တဲ့ နေ့မှာပင် မေးခွန်းထုတ်ခံလိုက်ရသည်။ တကယ်လို့ သူသာ သူ့ကျောင်းသားတွေကို မထိန်းချုပ်နိုင်ဘူးဆိုရင် သူ့အတန်းပိုင်ရာထူးက ဆုံးရှုံးရလိမ့်မယ်။

မစ်စတာဝမ်က ဟွာယုကို ကြမ်းကြမ်းတမ်းတမ်းပြောတော့မယ့်အချိန်မှာပဲ နောက်ဆုံးတန်းမှာထိုင်နေတဲ့ ဟွာတျန်က ရုတ်တရက် လက်မြှောက်လိုက်ပြီး မစ်စတာဝမ်ရဲ့ ခွင့်ပြုချက်ကိုတောင် မစောင့်တော့ဘဲ သူမက ပြောလိုက်သည်။ "ဟွာယုက ကျွန်မကို သံသယ ဝင်နေလို့ လက်မြှောက်လိုက်တာဆိုတော့ ငါနင့်မေးခွန်းကိုဖြေပေးမယ်လေ"

မစ်စတာဝမ်က ဟွာတျန်ကို ကြည့်လိုက်ပြီး "ဟွာတျန် နင်..."

ဟွာတျန် မတ်တပ်ရပ်ပြီး မစ်စတာဝမ်ကိုလည်းခေါင်းငြိမ့်ပြလိုက်သည်။ "ဆရာ ဆရာ သမီးတို့ကို ဘယ်အတန်းဖော်နဲ့ မှ ရန်မဖြစ်စေချင်ဘူးဆိုတာ သမီးသိပါတယ်။ဒါပေမယ့် ကျောင်းရဲံ့ ဂုဏ်သိက္ခာနဲ့ သမီးရဲံ ကိုယ်ပိုင် ဂုဏ်သိက္ခာ အတွက် အတန်းသားအားလုံးကို ရှင်းပြသင့်တယ်လို့ ထင်တယ်။"

သူမက ဟွာယုရဲ့ စောင်းငဲ့ကြည့်ခံလိုက်ရပြီး သူမလက်ညှိုးနဲ့ ထိုးလိုက်သည်။ "ငါ ဟွာယုရဲ့ အဆိုကို ငြင်းတယ်။ ဒီကမ္ဘာပေါ်မှာ ဘယ်ဟာကမှ ပုံသေမရှိဘူး ငါကျောင်းကို ထောက်ပံကြေးလည်းမပေးနိုင်ပေမယ့်လည်း ငါ့ရဲ့ အဆင့်တွေက အမြဲတမ်း အောက်ဆုံးမှာ ရောက်နေမယ်လို့ ပြောလို့ ရတာမှ မဟုတ်တာ။ ဒီနေ့ ကျောင်းမျာ ငါ စာမေးပွဲ တစ်ခုဖြေခဲ့တယ် ငါ့ရလဒ်တွေက ဝင်ခွင့်သတ်မှတ်ချက်တွေနဲ့ ပြည့်စုံတယ်လေ"

မစ်စတာဝမ်က ပြုံးလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ် ဟွာတျန် မနက်က ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ သူမ စွမ်းရည်က ဆရာတွေ အကုန်လုံးကို အံအားသင့်သွားစေခဲ့တယ်။"

"ဒါမဖြစ်နိုင်ဘူး"

ဟွာယု အမူအရာတွေက မကြာ မကြာ ပြောင်းလဲနေလေသည်။ ဒါပေမယ့် သူမ အံကြိတ်ပြီး ဆက် ငြင်းဆန်နေသေးသည်။ "လူတိုင်းက ပထမနှစ်မှာ ဟွာတျန် အဆင့်တွေ ဘယ်လောက်ဆိုးတယ်ဆိုတာ သိကြတယ်။သူမက ဘယ်လိုလုပ် နွေရာသီ ကျောင်းပိတ်ရက်လေး တစ်ခုတည်းနဲ့ ကျောင်းဝင်ခွင့်သတ်မှတ်ချက်ကို မှီမှာလဲ"

ဟွာတျန်က ပခုံးတွန့်ပြလိုက်ပြီး "ငါက ဉာဏ်ကြီးရှင် ဖြစ်နေလို့ နေမှာပေါ့ ငါအဲ့တာကြောင့် အမှတ်တွေ မြင့်သွားတာလေ ငါ့အတွက်သိပ်မခက်ခဲပါဘူး။"

ဟွာယုက ဟွာတျန်ရဲ့ နှိမ့်ချတဲ့ အမူအရာကြောင့် ဒေါသထွက်လာခဲ့ပြီး "ဒါဆို အရင်တုန်းက ဘာလို့ ရလဒ်တွေ မတိုးတက်ခဲ့တာလဲ"

"ဘာလို့လည်းဆိုတော့ အဲ့တုန်းက ငါ့မှာ ကျောင်းကို ထောက်ပံကြေးပေးနေတဲ့ မိသားစုရှိတယ်လေ ဘာလို့ အရမ်းခက်ခက်ခဲခဲ ကြိုးစားနေရမှာလဲ"

ဟွာတျန်က အမှန်အတိုင်းပြောရရင် ဒီလို မပြောချင်ပါဘူး။ "ငါက အရင်တုန်းက ငါ့မိသားစုရဲ့ လွမ်းမိုးခံခဲ့ရတယ်လေ ဒါကြောင့် ငါ့ဘဝ လည်းစုတ်ပြတ်သပ်ခဲ့ရတယ်။ဒါနဲ့ စကားမစပ် နင်လည်း နင့်ရလဒ်တွေကို ဂရုစိုက်သင့်တယ်။ ငါ့တုန်းကလို မဖြစ်စေနဲ့ မိသားစုကိစ္စကြောင့်နဲ့ စာမေးပွဲကျတာမျိုးပေါ့"

ဟွာယု ထပ်ပြီး မထိန်းထားနိုင်တော့ပါဘူး။ "ဒါက ချီးထုပ်..."

ကံကောင်းစွာနဲ့ပဲ မစ်စတာဝမ်က ခပ်မြန်မြန်ကြားဖြတ်ပြောလိုက်သည်။ "ကောင်းပြီ ဟွာတျန် အကုန်လုံးကို ရှင်းပြပြီးပြီ လူတိုင်းက သူမ ရလဒ်တွေကို သံသယရှိတယ်ဆိုရင် လာမယ့်စာမေးပွဲမှာ သူမနဲ့ ယှဉ်ပြိုင်နိင်တယ် တစ်ယောက်နဲ့ တစ်ယောက် အနိုင်ကျင့်တာတွေ ဆဲဆိုတာတွေတော့ မလုပ်ကြနဲ့"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment