Chapter 13 လျှပ်စစ်ပစ္စည်း ပညာရှင်
ဟွာတျန် ကွန်ပျူတာ ပြင်ဆိုင်လေး ဖွင့်ပြီးနောက် သူမရဲ့ လုပ်ငန်းလေးက အရှိန်ရလာလေသည်။
အစပိုင်းတွင် တင်းချန် က ဟွာတျန် ပြင်ဖို့ ကွန်ပျူတာ အပျက်တွေ လိုက်ဝယ်ပေးသည်။ ဟွာတျန်ပြင်ပြီးသား ကွန်ပျူတာတွေကို တင်းချန်က စျေးနည်းနည်းနှင့် ပြန်ရောင်းလေသည်။ ပုံမှန်အားဖြင့် သူတို့က ကွန်ပျူတာတစ်လုံးကို ယွမ် တစ်ထောင်ကျော် ကျော် ဝင်ငွေရလေသည်။
ဒါပေမယ့်လည်း ဆင်ခြေဖုံးရပ်ကွက်လေးဟာ ကွန်ပျူတာ လိုအပ်ချက် သိပ်မရှိကြပါ။ ဒါကြောင့် ရက်နည်းနည်း ကြာတဲ့အခါမှာ သူတို့ စီးပွားရေးက စတင်ကျဆင်းလာလေသည်။ တင်းချန်က မိုဘိုင်း ဖုန်းတွေ ရုပ်မြင်သံကြားစက်တွေကို ပြုပြင်ဖို့ အတွက် ရွာကလူတွေနဲ့ ဟွာတျန်ကို မိတ်ဆက်ပေးခဲ့သည်။
ဟွာတျန်က အခုဆိုရင် ဆင်ခြေဖုံးရွာလေးရဲ့ လူသိများတဲ့ လျှပ်စစ်ပစ္စည်း ပညာရှင် တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။
လုပ်စရာ မလုပ်မရှိတဲ့အခါမှာ ဟွာတျန်က တင်းချန်နဲ့ အတူ အမှိုက်ပုံသွားပြီး အမှိုက်ကောက်ကြလေသည်။ သူမက ပြန်သုံးလို့ရတဲ့ အစိတ်အပိုင်းတွေကို သေချာ စီမံခန့်ခွဲထားလေသည်။ ဟွာတျန်က အဲ့ဒီ အစိတ်အပိုင်းတွေနဲ့ သူမ အမေ ပစ္စည်းတွေရွေ့ဖို့ အတွက် စက်ရုပ် လက်တစ်ခု ပြုလုပ်ထားလေသည်။ အဲ့ဒီလက်က သူမ အပေါ်ထပ်က လေးလံတဲ့ ပစ္စည်းတွေကို လွယ်လွယ်ကူကူ ရွေ့နိုင်အောင် ကူညီပေးနိုင်မည်ဖြစ်သည်။
ဟွာတျန် က စက်ရုပ်လက်ကို ပြုလုပ်ပြီးတဲ့အခါ တင်းချန်က အမှိုက်ပုံမှာ အမှိုက်ကောက်ရင်း စကားပြောနေကြလေသည်။
"ငါ မင်းကို မနောက်ဘူး ငါ့တူမလေးက အရမ်းကို အံဩစရာကောင်းတယ် သူမက ဒီကကောက်တဲ့ ပစ္စည်းတွေကို သုံးပြီး စက်ရုပ် လက် တစ်ခု ငါ့ညီမအတွက်လုပ်ပေးတယ် အဲ့လက်က သူမ ပစ္စည်းတွေ ရွေ့ပေးဖို့ ကူညီပေးတယ်လေ အဲ့ဒါတင် မကသေးဘူး ဒီနေ့မှာဆိုရင် ကျွန်တော် အနားမှာ မရှိတုန်း အရူးတစ်ယောက်က ပြဿနာရှာတာ အဲ့လက်က Transformers ဇာတ်ကားထဲကလို အဲ့ဒီလူကို အသာလေး မပြီး လွင့်ပစ်လိုက်တာ"
တင်းချန် က အမှိုက်ပုံ ပိုင်ရှင်သူဌေးနှင့် သူငယ်ချင်းဖြစ်လေသည်။ သူက ရီလိုက်ပြီး "ဆက်နောက်နေလိုက် မင်းက ဒီက ကောက်တဲ့ ပစ္စည်းတွေနဲ့ Transformers ဇာတ်ကားထဲကလို စက်ရုပ်လက် လုပ်နိုင်တယ်ဟုတ်လား "
"မင်း ငါ့ကို မယုံဘူးလား " တင်းချန်က သူ့တူမကို ဘယ်သူမှ အထင်မသေးစေလိုပေ။ သူက ဆားကစ်ပြားကို ပစ်ချလိုက်ပြီး
"ဒီနေ့ အမှိုက်တစ်ခုကနေ ရတနာ အဖြစ် ပြောင်းလဲနိုင်တဲ့ ငါ့ရဲ့ တျန်တျန်လေး လို ပါရမီရှင်တွေ ရှိနေတာကို မင်းမျက်စိနဲ့ မြင်စေရမယ် " ဟု ပြောလိုက်လေသည်။
တင်းချန်က အမှိုက်ကောက်နေတာကိုရပ်ပြီး အမှိုက်ပုံပိုင်ရှင်သူဌေးကို အိမ်ခေါ်လာလိုက်သည်။
တင်းရုံက အထည်တွေနဲ့ အလုပ်ရှုပ်နေလေ၏။ သူမက သူ့မောင် ဧည့်သည်နဲ့ပြန်လာတာ မြင်တဲ့အခါမှာ သူမက ဟွာတျန် အတွက် ဖောက်သည် ရလာပြီဟု ထင်လိုက်မိသည်။ ဒါကြောင့် သူမက ပြောလိုက်သည်။ "တျန်တျန် အတွက် အလုပ်ထပ်ရှာတွေ့ ခဲ့ပြန်ပြီလား သူမက ဒီရက်တွေမှာ ဒီပစ္စည်းတွေ ပြင်ရတာနဲ့တင် ပင်ပန်းနေလောက်ပြီ သတိထားဦး သူမကြောင့် ရှင် မျက်နှာပျက်နေရဦးမယ် "
တင်းချန်က လွန်ခဲ့တဲ့ နှစ်ရက်က ဖြစ်ရပ်ကို ပြန်မှတ်မိသွားလေသည်။ သူက ဟွာတျန်ကို လျှပ်စစ်ပစ္စည်း ပညာရှင် တစ်ယောက်အနေနဲ့ အလုပ်သွင်းပေးတုန်းက သူမက အမြဲတမ်း စိတ်မရှည် တဲ့ ပုံစံမျိုးဖြစ်နေလေသည်။
"ဒါက ဘာမှမှ မခက်တာ ဒါလေးပြင်နေရုံပဲလေ ဒါလေးက ပိုက်ဆံ အများကြီး ရမှာမဟုတ်ဘူး အချိန်ကုန်တာပဲ အဖတ်တင်တယ်။ တစ်ယောက်လောက် ငါ့ကို စက်ရုပ်လေးတစ်ရုပ်လောက်ပြင်ဖို့ လာပေးကြပါလား"
သူမက အမြဲတမ်း စိတ်တိုနေပေမယ့်လည်း လျှပ်စစ်ပစ္စည်းတွေကိုတော့ ဂရုတစိုက်ပြင်ဆင်ပေးလေသည်။ ဟွာတျန်က "မတတ်နိုင်တဲ့ လူတွေက လျှပ်စစ်ပစ္စည့်းတွေ ပျက်သွားရင်တောင် လွှင့်ပစ်ဖို့ မတတ်နိုင်ကြဘူး တစ်ချို့ဆို အဲ့က ဝါယာတွေကို ပြန်သုံးနေကြသေးတယ် မတော်တဆ မဖြစ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ အဲ့တာတွေ ပြင်ရတာ ကျွန်မ အတွက် ဒုက္ခ မများပါဘူး အိမ်မှာ ပစ္စည်းတွေ ရှုပ်ပွနေတာကမှ ပိုကောင်းသေးတယ်။" လို့ အမြဲတမ်းပြောလေ့ရှိသည်။
တိတိကျကျပြောရရင် သူမ ဒီရွာလေးကို ရောက်လာတာ မကြာသေးပေမယ့် သူမရဲ့ နွေးထွေး ကြင်နာတဲ့ နှလုံးသားကြောင့် သူမကို အိမ်နီးနားချင်းတွေ ရွာသူ ရွာသားတွေက သဘောကျကြလေသည်။ မနက်ပိုင်းမှာ ဟွာတျန် မနက်စာ ကို ဆိုင်မှာ ထွက်ဝယ်လေ့ရှိသည်။ ဆိုင်ပိုင်ရှင်က အမြဲတမ်း အပြုံးနဲ့ ကြိုဆိုပြီး အပို ၂ ခု အမြဲထည့်ပေးလေသည်။
တင်းချန် က ဟွာမိသားစုက ဟွာတျန်ကို ချစ်စရာကောင်းတဲ့ မိန်းကလေးကို ဘာလို့ အေးစက်စက် ဆက်ဆံကြတာလည်းဆိုတာ နားမလည်နိုင်ဖြစ်နေလေသည်။ ကံကောင်းစွာဖြင့် သူတို့က ဟွာတျန်ရဲ့ ကောင်းတဲ့ အကျင့်စရိုက်တွေကို မသိကြလို့ သူတိုက တင်းမိသားစုကို အလွယ်တကူ ပြန်လွှတ်ခဲ့တာဖြစ်လိမ့်မည်။
တင်းချန် သူ့တူမ အကြောင်းကိုတွေးပြီး မထိန်းနိုင်ပဲ ပြုံးလိုက်မိသည်။
သူက တင်းရုံကို ပြောလိုက်လေသည်။ "ဒါက ငါ့သူငယ်ချင်း သူက တျန်တျန် ဆီကို ပစ္စည်းပြင်ဖို့ လာတာမဟုတ်ဘူး သူက ငါတို့ အိမ်က စက်ရုပ်လက်ကို ကြည့်ချင်လို့ လာတာ"
တင်းရုံကလည်း ပြုံးလိုက်လေသည်။
"ဒါဆိုလည်းကြည့်ပါစေ ကျွန်မတို့ အဲ့ လူဆိုးကောင်းကို လွှင့်ပစ်လိုက်တဲ့နေက အိမ်နီးနားချင်းတွေကလည်း သဘောကျလို့ လာကြည့်ကြတယ်။ သူတို့ အကုန်လုံးက စက်ရုပ်လက်ကို ကောင်းလိုက်တာလို့ ချီးကျူးကြပေမယ့် သူတို့ကို ဝယ်ဖို့ တျန်တျန်က ပြောတဲ့ အခါ ဘယ်သူမှ မဝယ်ချင်ကြဘူး "
တျန်တျန်က ရက်တော်တော်များများ ရောင်းပေမယ့် ဘယ်သူမှ မဝယ်ကြဘူး
"ဒီကလေးကတော့ သူ့အရည်အချင်းနဲ့ စျေးဘယ်လိုရောင်းတတ်မှာလည်း သူငါ့ကို ဒီအပိုင်းမှာ လွှဲထားသင့်တယ်"
တင်းချန် က ရယ်ပြီး သူ့သူငယ်ချင်းကို ဆွဲခေါ်သွားလေသည်။ "Bro တကယ်လို့ စက်ရုပ်လက်က အသုံးဝင်တယ်လို့ မင်းထင်ရင် မင်း ငါ့တူမလေးရဲ့ လုပ်ငန်းကို ထောက်ပံပေးရမယ်"
သူ့သူငယ်ချင်းက သူ့ကို လှောင်လှောင်ပြောင်ပြောင် ပြန်ပြောလေသည်။
"မင်းသောက်ကျင့် မကောင်းတာငါသိတယ် ဒါကြောင့် ငါ့အိတ်ကပ်ထဲက ပိုက်ဆံကိုရအောင်ကြံနေတာမလား"
အမှိုက်ပုံ သူဌေးက တင်းချန်ပြောတဲ့ စက်ရုပ်လက်ကို သိပ်အရေးမထားပေ။ သူက ဆယ်ကျော်သက်ကောင်မလေးက ကွန်ပျူတာ ဒါမှမဟုတ် ဖုန်းတွေ ပြင်တတ်ရုံလောက်ပဲပေါ့ ဘယ်လိုလို ဒီလို စက်ရုပ်လက်မျိုးကို လွယ်လွယ်ကူကူ လုပ်နိုင်မှာလဲ
ဒါပေမယ့်လည်း သူက တင်းချန်သူ့ကို စက်ရုပ်လက်ကို ပြပြီးချန်မှာတော့ သူဌေးက အရမ်းအံဩသွားလေသည်။
သူက အမှိုက်ပုံ မှာ တာဝန်ယူခဲ့ပေမယ့်လည်း အမြဲတမ်း အမှိုက်တွေကို ရှင်းလင်းရေး ကုမ္ပဏီထံ ပို့ပေးနေကြဖြစ်သည်။ အဆိုပါ စက်ရုံကို ရောက်သွားတဲ့အခါမှာ စက်ရုပ်လက် အများအပြားကို သူမြင်တွေ့ခဲ့ရသည်။ ဒါပေမယ့်လည်း အခု သူ့ရှေ့မှာရှိထားတဲ့ စက်ရုပ်လက်လောက် တစ်ခုမှ မကောင်းကြပါ။