no

Font
Theme

Chapter 16 ပါရမီရှင် ပိုင်ယင်း

ပိုင်ယင်းတို့ အိမ်က အုတ်တွေက တင်းမိသားစုထက်တောင် ပိုပြီး အိုဟောင်းပုံရသည်။ဟွာတျန်က တံခါးကနေ အမျိုးသမီးတစ်ဦးရဲံ ဆူးရှပြီး ထက်မြ တဲ့ အသံကို ကြားနေရသည်။

"ဘာတွေ လာပြောနေတာလဲ ပိုင်ယင်းက မင်းတို့ ကျောင်းကို ဘယ်တော့မှာ လာတက်မှာမဟုတ်ဘူး သူ့အဖေက ကျောင်းဥက္ကဌ မဟုတ်တော့ဘူးလေ သူလာတက်ရင် သူအသတ်ခံရမှာပေါ့"

ရင်းနှီးနေတဲ့ အသံတစ်ခုက ဖြည်းဖြည်းချင်းရှင်းပြနေလေသည်။ "အန်တီက စိုးရိမ်လွန်းနေတာပဲ ကျွန်တော်တို့ ကျောင်းက စည်းကမ်းအရမ်းတင်းကျပ်တယ်။ ကျွန်တော်တို့က ဘယ်ကျောင်းသား ကျောင်းသူကိုမှ ကျောင်းထဲမှာ ထိခိုက် အနာတရ ဖြစ်စေမှာမဟုတ်ဘူး။ ပိုင်ယင်းရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် ကျောင်းက ကျူရှင် ကြေးနဲ့ အထွေထွေ ကုန်ကျစရိတ်တွေကို အခမဲ့ပေးမယ့်အပြင် သူ့စွမ်းဆောင်ရည်ပေါ်မူတည်ပြိးတော့ ထောက်ပံကြေး ပါ ထပ်ပေးဦးမှာ သေသေချာချာ စဉ်းစားဖို့ တိုက်တွန်းချင်ပါတယ်။"

နောက်ထပ် ခြောက်ကပ်နေတဲ့ ယောက်ျားလေး အသံတစ်ခုက မေးလိုက်သည်။ "တကယ်လို့ ငါ ကျောင်းတက်ဖို့ လက်ခံရင် ငါအိမ်မှာပဲ နေပြီး တစ်ယောက်တည်း စာလေ့လာလို့ ရမလား စာမေးပွဲကိုတော့ ကျောင်းမှာလာဖြေမှာပါ။"

"ကျောင်းမှာ အဲ့လို ပုဂ္ဂိုလ်ရေးအရ လုပ်ရိုးထုံးစံတော့မရှိဘူး ငါလည်း မင်းကျောင်းလုံးဝ လာမတက်မှာကို သိပ်သဘောမကျဘူး ဒါပေမယ့် မင်းဘက်ကလုံးဝကို ကျောင်းတက်ပြီး ကျောင်းသားဘဝကို မခံစားနိုင်ဘူးဆိုရင်တော့ ဆရာ ဆရာမတွေက မင်းအခြေအနေနဲ့ သင့်တော်အောင် တစ်ချို့ စည်းကမ်းတွေကို ဖြေလျော့ပေးပါလိမ့်မယ်"

ဟွာတျန် က အခု ပိုင်ယင်းဆီလာပြီး ကျောင်းတက်ဖို့ ကမ်းလှမ်းနေတဲ့ အသံပိုင်ရှင်က စီဟွမ်ဖြစ်ပြီး သူတို့ ၂ ကြိမ်ဆုံဖူးကြောင်းသတိရသွားလေသည်။ ထို့ကြောင့် သူမ အံဩ ဝမ်းသာစွာနဲ့ တံခါးကို ခေါက်လိုက်လေတော့သည်။

"ဘယ်သူလဲ"

"ဘယ်သူလဲ ဘာလို့ ဇွတ်အတင်းခေါက်နေတာလဲ မင်းလုပ်တာ တံခါး ပျက်စီးတော့မယ်"

သက်လတ်ပိုင်း အမျိုးသမီး ရဲ့ စိတ်မရှည်တဲ့ အသံက တံခါးနောက်ကနေ ထွက်ပေါ်လာခဲ့သည်။ သူမ တံခါးကို ဆွဲဖွင့်လိုက်တဲ့အခါ သူမ မမြင်ဘူးတဲ့ မျက်နှာကို တွေ့လိုက်ရသည်။

"နင်က ဘယ်သူလဲ"

ဟွာတျန်က ဝမ်းသာစွာပြောလိုက်သည်။ "ကျွန်မက ပိုင်ယင်းကိုလာရှာတာ"

ဒီကိစ္စ အတွက်ပဲ နောက်တစ်ယောက်လာပြန်တာလား အမျိုးသမီးက ဟွာတျန်ကို အိမ်ထဲ ဝင်ခွင့်ပြုလိုက်သည်။

"မင်းလည်း ငါတို့ မိသားစုကို ပိုက်ဆံပေးဖို့ လာတာဆို ပိုကောင်းလိမ့်မယ်"

ဟွာတျန်က သူမခေါင်းကို ခါလိုက်ပြီး "ကျွန်မက ပိုက်ဆံ လာပေးတာမဟုတ်ဘူး ပိုက်ဆံရဖို့ ဒီကိုလာခဲ့တာ"

ပိုင်မိသားစုနဲ့ စီဟွမ် က ကြောင်သွားကြသည်။ ဒီတစ်ယောက်က ဘာဖြစ်နေတာပါလိမ့် လူလိမ်တစ်ယောက်လား ကမ္ဘာပေါ်က လူလိမ်တွေက အဲ့လောက်တောင် တုံးအ နေကြပြီလား

စီဟွမ်က မဖိတ်ခေါ်ထားတဲ့ ဧည့်သည်ရဲ့ မျက်နှာကို မြင်လိုက်တဲ့အခါ သူသိလိုက်သည် ဒီလူက လူလိမ်လို့ ပြောဖို့ ခက်တယ်ဆိုတာ သူမက တကယ်ရူးနေတဲ့လူတစ်ယောက်ပဲ

ဟွာတျန်က စီဟွမ်ကို ဝမ်းသာတလဲ နှုတ်ဆက်လိုက်သည်။ "စီဟွမ် တိုက်ဆိုင်လိုက်တာ ရှင်လဲ ရောက်နေတာပဲံ"

စီဟွမ်က သူမက ကို နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

ဝှီးချဲပေါ်ထိုင်နေတဲ့ ပိုင်ယင်းက ဟွာတျန်ကို ကြည့်လိုက်ပြီး "မင်းဘယ်သူလဲ ငါမင်းကို မသိဘူး"

ဟွတျန်က သူတို့ ဘေးမှာ ဝင်ထိုင်လိုက်ပြီး

"ဒါပေါ့ ရှင်က ကျွန်မကို ဘယ်သိပါ့မလဲ ဒါက ကျွန်မတို ပထမဆုံး အကြိမ်တွေ့တာပဲလေ အာ ဟုတ်သားပဲ ကျွန်မ နာမည်က ဟွာတျန်ပါ"

ပိုင်ယင်း သဘောထားက အေးစက်စက်နှင့် "မင်းဘာလိုချင်တာလဲ ငါမင်းကို ပထမဆုံး သတိပေးလိုက်မယ် ငါက ဘာအာမခံကို မှ ဝယ်မှာမဟုတ်သလို ဘာပစ္စည်းမှလည်း မဝယ်နိုင်ဘူး ဒီမှာ မင်းအချိန်ကို လာဖြုန်းမနေနဲ့"

မားကတ်တင်း လာဆင်းတဲ့ ဟွာတျန်ခဗျာ သူမ ဘာမှ မပြောရသေးခင်ပင် ငြင်းခံလိုက်ရလေသည်။ သူမက သက်ပြင်းချပြီး ပြောလိုက်သည်။ "ရှင်က တစ်ခြားတစ်နေရာက နေ ခြေတု တစ်စုံမှာပြီးပြီလား ကျစ် ငါနောက်ကျနေတဲ့ပုံပဲ"

"ခြေထောက်အတုလား" လူတိုင်းက အံဩစွာနှင့် ဟွာတျန်ကို ကြည့်လိုက်ကြသည်။ ပိုင်ယင်းက သူ့လက်သီးတွေကို ဆုပ်ထားလိုက်ပြီး "ဒီနေရာက မင်းလို့ လူလိမ်တွေကို မကြိုဆိုဘူး မင်းမသွားသေးဘူးဆိုရင် ငါရဲကို ခေါ်ရလိမ့်မယ်"

ဟွာတျန် မျက်တောင်လေး ကလယ်ကလယ်ဖြစ်နေလေသည်။ သူမက ပိုင်ယင်း ဘာလို့ ဒေါသထွက်နေသလဲဆိုတာ မသိပါ။

သူမက တွေးလိုက်သည်။ သူ့ရဲ့ မခန့်မှန်းနိုင်တဲ့ ပုဂ္ဂိုလ်ရေးအရ သူက လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ အသိဉာဏ်ရည်တုကို ရေးသားခဲ့တယ်ဆိုတာ သံသယရှိစရာမလိုပေ

"အဲ့တာ အမှန်ပင်ဖြစ်သည်။ ပိုင်ယင်းအစစ်ကိုတွေ့ပြီးနောက် သူမက သမိုင်းမှာဖော်ပြထားခဲ့တဲ့ သူ့ရဲ့ စိတ်ထားနဲ့ နှိုင်းယဉ်ကြည့်လေသည်။"

စီဟွမ်က ပိုင်ယင်းကို ကျောင်းအပ်ဖို့ လာခေါ်တဲ့ သူ့ရဲံ အစီအစဉ်မှာ အထင်လွဲမှာစိုးလို့ ဝင်ရှင်းပြလိုက်လေသည်။ "ကျောင်းသားပိုင် အဲ့လောက်ကြီး ဒေါသထွက်နေဖို့ မလိုအပ်ပါဘူး။ ငါ ဒီ ဟွာတျန်ကို သိတယ် သူမက ငါတို့ကျောင်းမှာ ဒုတိယနှစ်ကျောင်းသူ တစ်ယောက်ပဲ သူမ ပိုက်ဆံလိုအပ်နေရင်တောင် သူမက လိမ်မှာမဟုတ်ဘူးဆိုတာ ငါယုံကြည့်တယ်။"

ဟွာတျန် လျင်လျင်မြန်မြန်ပဲ ခေါင်းငြိမ့်လိုက်လေသည်။ "မှန်တာပေါ့ ငါက ဘယ်လိုလုပ်လူလိမ်ဖြစ်မှာလဲ ကျွန်မလည်းလူလိမ်တွေကို အရမ်းမုန်းတယ်"

ပိုင်ယင်းက အနည်းငယ် စိတ်လျော့လိုက်လေသည်။ ဒါပေမယ့် သူ့သဘောထားကတော့ အေးစက်နေဆဲပင်ဖြစ်သည်။ "မင်းက လူလိမ်မဟုတ်ဘူးဆိုရင်တောင် မင်းဆီမှာ ငါနဲ့ တော်မယ့် ခြေတု လက်တု ရှိတယ်ဆိုတာ ငါမယံဘူး"

"ရှင်က ကျွန်မ ဘာကို ဆိုလိုတယ်ဆိုတာကို နားမလည်ဘူးပဲ။ ကျွန်မ ပြောတာက ရှင့်ကို သီးသန့် ခြေတုလက်တု လုပ်ပေးနိုင်တယ် အဲ့တာက စိတ်ကြိုက် ပြောင်းနိုင် ပြင်နိုင်ပြီးတော့ မင်းအတွက် အရမ်းသင့်တော်တယ်။ ပြီးတော့ မင်းအသက်ကြီးလာရင်လည်း အဲ့တာက အလိုအလျောက် လိုက်ပြောင်းလဲပေးနိုင်တယ်။"

ဟွာတျန်က ပိုင်ယင်း ကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေပြီး

"ဘယ်လိုလည်းဟင် ငါ့စကေးက အရမ်းကောင်းတယ်မဟုတ်ဘူးလား မင်းအဲ့တာကို စဉ်းစားကြည့်ချင်သေးလား"

ပိုင်ယင်းက မဖြေရသေးခင် သက်လတ်ပိုင်း မိန်းမက ရီလိုက်ပြီးတော့ "ကောင်မလေး မင်းဟာသလုပ်နေတာဆိုလည်း တော်လိုက်တော့ ခြေတု လက်တုက ဘယ်လိုလုပ် လွယ်လွယ်သူကူ လုပ်လို့ရမှာလဲ ဘာပဲ ဖြစ်စြဖ် ပိုင်ယင်း က သူထိုင်ဖို့ ဝှီးချဲကို သုံးနေပြီပဲ ဒါကို ဝိုင်းရှုပ်နေကြတာက ဘာသဘောလဲ သူ့လက်ကျန် ဘဝလေးကို အေးအေးဆေးဆေး နေခွင့် မပေးနိုင်ကြဘူးလား"

ပိုင်ယင်းက သူ့ခေါင်းကို ငုံ့ထားလိုက်သည်။ သူ့စိတ်ခံစားချက်တွေကို ဖုံးကွယ်ထားဖို့ ပြင်ပေမယ့် သူဒေါသကို ကြိုးစားထိန်းချုပ်နေတယ်ဆိုတာ သိနိုင်လေသည်။

ဟွာတျန် မျက်မှောင်ကြုတ်လိုက်ပြီး ပိုင်ယင်းရဲ့ ပတ်ဝန်းကျင်က သူ့ကို လူဆိုးဖြစ်စေခဲ့တာပဲ ဟုတွေးမိနေလေသည်။ ဘာပဲဖြစ်ဖြစ် သာမန်လူတစ်ယောက်ရဲ့ မကောင်းမှုသည် လူ့ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေနိုင်သော်လဲ ပညာရှင်တစ်ယောက်ရဲ့ မကောင်းမှုသည် နောင်လာမယ့် အနှစ်တစ်ရာလောက်ထိ လူသားမျိုးနွယ်ကို အန္တရာယ်ဖြစ်စေနိုင်သည်။

အဲ့ဒီအချိန်မှာ စီဟွမ်က ပြောလိုက်သည်။

"ကျောင်းသားပိုင်လို ပါရမီရှင် တစ်ယောက်အတွက် သူ့အရည်အချင်းတွေကို အသုံးမချဘဲ ထားလိုက်ရင် ဒီနေ့ခတ် မျိုးဆက် တစ်ဆက်လုံးအတွက် ဆုံးရှုံးသွားနိုင်ပါတယ်။"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment