Chapter 18 အရွယ်မရောက်သေးခင် မချစ်မိစေနဲ့
တင်းချန်က သူဌေး ဇူနဲ့ အတူ တစ်နေကုန် ပြေးလွှားလှုပ်ရှားနေလိုက်တာ ခြေကုန်လက်ပန်းကျခါနီးမှ အိမ်ကိုပြန်လာခဲ့လေသည်။ သူကတော့ သူ့တူမလေးနဲ့ သူ့ညီမ က သူ့ရဲ့ အလုပ်ကြိုးစားမှုအတွက် ချီးကျူးကြမယ်လို့ ထင်လိုက်ပေမယ့် တကယ်တမ်းကျတော့ သူ့ကို မည်သူမျှ ဂရုမစိုက်ကြပေ။
သူ့ရဲ့ အဖိုးတန် တူမလေးဟာ တက်ဘလက်တစ်လုံးကိုင်ပြီးတော့ ဝှီးချဲပေါ်က ကောင်လေးနဲ့ မရပ်မနား စကားတွေ ပြောနေလေသည်။ ရင်းနှီးနေပုံရတဲ့ တစ်ယောက်က တစ်ခါတစ်ရံ ဝင်ရောက်ဆွေးနွေးပြောဆိုလေသည်။ သူတို့ သုံးယောက်ကြားက ဆွေးနွေးပွဲလေးက လိုက်ဖက်ညီနေလေ၏။
တင်းချန် က အတိတ်မှာတုန်းက စီဟွမ်က ဟွာတျန်နဲ့ စေ့စပ်ခဲ့လုနီးပါးဖြစ်ခဲ့တယ်ဆိုတာကို မှတ်မိနေသေးသည်။ ထို့ကြောင် သူစားပွဲမှာ ညစာထိုင်စားနေတာတောင်မှ သူတို့ သုံးယောက်စီကနေ မျက်လုံးကို မခွာနိုင်ဘဲ ပိုပြီး အာရုံစိုက်မိနေလေသည်။
သူ့ညီမ တင်းရုံက သူတို့ လူငယ်သုံးယောက်ကို ကြင်နာစွာနဲ့ အသီးနဲ့ သရေစာတွေ စားဖို့ ချကျွေးလိုက်လေသည်။
တင်းရုံက သူ့ကို အမူအရာဖြင့် ပြောလေသည်။ "ရှင်ဘာလို့ ကလေးတွေကို စိုက်ကြည့်နေတာလဲ ကိုယ့်ဘာသာ စားစရာရှိတာ မြန်မြန်စား"
တင်းချန်က တင်းရုံးကို ဆွဲခေါ်လိုက်ပြီး သူ့ဘေးနားထိုင်စေလိုက် ပြီး တိုးတိုးပြောလေသည်။ "ညီမလေး တျန်တျန်က ပိုင်မိသားစုက ရဲ့ ကလေးကို ကစားနေတာတော့ မဟုတ်ဘူးမလား ပြီးတော့ ဒီ စီမျိုးရိုး ကောင်စုတ်လေးကရော ဘာကိစ္စ ရှိလို့လဲ"
တင်းရုံက သူ့ကို တစ်ချက်လှမ်းရိုက်လိုက်ပြီး "ရှင် ဘယ်သူ့ကို ကောင်စုတ်လေးလို့ ခေါ်နေတာလဲ အဲ့ကလေးက အရမ်းကောင်းတယ်။ သူက ရုပ်ချောတယ် ယဉ်ကျေးတယ် ပြီးတော့ သူက တျန်တျန်တို့ ကျောင်းက ဥက္ကဌရဲ့ သားလည်းဖြစ်နေသေးတယ်။ သူက ပိုင်ယင်းကို သူ့တိုကျောင်းခေါ်ဖို့ ပိုင်ယင်းဆီရောက်နေတုန်း တျန်တျန်နဲ့ တွေ့လို့ ခေါ်လာတာ"
တင်းချန်က ခဏတာ စိတ်ရှုပ်သွားလေသည်။ ဒါပေမယ့် သူက စေ့စပ်မှု အကြောင်း ပြောပြလိုက်တော့ တင်းရုံက စီဟွမ်ကိုကြည့်ပြီး အံအားသင့်သွားလေသည်။ "တကယ်ကြီးလား ရှင် ကျွန်မကို လိမ်နေတာမဟုတ်ဘူးလား"
တင်းချန်က ပြောလိုက်သည်။ "မလိမ်ပါဘူး ငါတစ်ခြားသူကို လိမ်ချင်လိမ်မယ် မင်းကို မလိမ်ဘူး"
တင်းရုံလည်း စပြီး ခေါင်းရှုပ်လာလေသည်။ သူမက သက်ပြင်းချပြီးပြောလိုက်လေသည်။ "တျန်တျန် ကျွန်မတို့ မိသားစိုက ပြန်ရောက်လာတာ တော်တော် ကံကောင်းတာပဲ။ ချမ်းသာတဲ့ မိသားစုမှာ ဘာတွေများကောင်းနေလို့လဲ ကိုယ်လက်ထပ်မယ့်သူတောင် ကိုယ်ရွေးချယ်ပိုင်ခွင့်မရှိဘူး။ စီဟွမ်လို လူကောင်းနဲ့ဆိုရင်ကိစ္စ မရှိပေမယ့် ဆိုးသွမ်းတဲ့ သူနဲ့ တွေ့တဲ့ အခါ ဘဝ တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။"
တင်းချန်က ထပ်ပြောလိုက်သည်။ "စီဟွမ်လည်း မကောင်းပါဘူး။ သူဘယ်လောက်ချောလည်းဆိုတာကြည့်လိုက်လေ ဒီကောင် သေချာပေါက် ငပွေ ငရှုပ်ဖြစ်မှာပဲ သူတို့ သာ လက်ထပ်ဖြစ်ခဲ့ရင် ငါတို့တော့ တစ်ဘဝလုံး စိုးရမ်ပူပန်နေရတော့မှာပဲ"
တင်းရုံက ခေါင်းညိတ်လိုက်လေသည်။ "ရှင်ပြောတာ မှန်တယ်။ ကျွန်မတို တျန်တျန် အတွက် ရိုးသားတဲ့ လူငယ်လေးတစ်ယောက် ရှာပေးမှဖြစ်တော့မယ်"
နားနဲ့ မျက်လုံးကို သေချာအလုပ်လုပ်နေသော ဟွာတျန်က သူ့အမေနဲ့ ဦးလေး တို့ ပြောတာကို ကြားဖြစ်အောင် ကြားသွားလေသည်။ သူမ နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ ထမင်းစားခန်းဘက်ကို လှည့်ပြီး အော်ပြောလိုက်လေသည်။ "အမေ သမီး သတို့သားလောင်းအတွက် မပူပါနဲ့ သမီး ရိုးသားပြီး တာဝန်ကျေတဲ့သူမျိုး မလိုချင်ဘူး စီဟွမ်လို ရုပ်ချောတဲ့ သူမျိုးကိုပဲ ရှာမယ်။"
စာရွက်ကြမ်းပေါ်မှာ ခြေထောက်လုပ်ဖို့ အချက်အလက်တွေ တွက်နေတဲ့ ပိုင်ယင်းက အံအားသင့်စွာကြည့်လိုက်လေသည်။ သူက ဟွာတျန်နဲ့ စီဟွမ်" ဪ မင်းတို့က ဒီလို ဆက်ဆံရေးမျိုးလား " ဟု အဓိပ္ပါယ်ရသည့် အကြည့်မျိုးနဲ့ ကြည့်လိုက်လေသည်။
လက်ဖက်ရည်ပန်းပေါ် ရောက်နေတဲ့ စီဟွမ်လက်တွေလည်းတန့်သွားလေသည်။ သူက ဟွာတျန်ရယ် တည်ငြိမ်နေတဲ့ မျက်နှာကိုကြည့်လိုက်လေသည်။ ထို့နောက် ရှုပ်ထွေးနေတဲ့ အမူအရာနဲ့ ပိုင်ယင်းကို ကြည့်လိုက်လေသည်။ သူက ကျောင်းဖန် ဒီမှာရှိမနေတာ ကံကောင်းတယ်လို့ ခံစားလိုက်မိလေသည်။ မဟုတ်လို့ကတော့ ဘာတွေ ဆက်ဖြစ်သွားနိုင်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။
တင်းရုံက အနည်းငယ် ကသိကအောက်ဖြစ်သွားလေသည်။ သူမက လမ်းလျှောက်လာပြီးတော့ ဟွာတျန်ခေါင်းကိုပုတ်လိုက်လေသည်။ "နင် နားပါးတာ ငါသိပါပြီ"
ဟွန့်
ဟွာတျန်က သူမ အရိုက်ခံရသောနေရာကို ပွတ်လိုက်ပြီး "အမေနဲ့ ဦးလေးက ဘာလို့ သူများ နောက်ကွယ်မှာ သမီးအကြောင်းပြောနေတာလဲ"
တင်းရုံ့က ဟွာတျန်ကို ထပ်ပုတ်လိုက်ပြီး စီဟွမ်ကို အားနာနာနှင့် "သားလေး စီဟွမ် တျန်တျန်က စကားမပြောတတ် မဆိုတတ်မို့ လို့ စိတ်ထဲ မထားနဲ့နော် " ဟု ပြောလိုက်လေသည်။
စီဟွမ်က သာသာယာယာပင် "ဟုတ်ကဲ့ အဆင်ပြေပါတယ် အန်တီ ဟွာတျန်က ကျွန်တော့်ကို သူ့ဘဝလက်တွဲဖော် ရဲ့ စံအဖြစ် သတ်မှတ်ခံရတာ ဂုဏ်ယူစရာပါ"
မိသားစုရဲ့ ဗိုလ်ဆိုတဲ့ အတိုင်းပဲ သူမက ရက်ရောသော လေသံဖြင့် "ငါတို့ တျန်တျန်လေးက ရုပ်ချောတဲ့ ကောင်လေးတွေကိုကြိုက်တာပဲ သိတာ။ သူမက အချစ်ဆိုတာ ဘာမှန်းတောင် သိသေးတာမဟုတ်ဘူး။ သားလေးဟွမ် မင်း ကျောင်းမှာ သူကို ပိုပြီး ဂရုစိုက်ပေးပါဦး သူ့အနားကို မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့ ကောင်တွေ မကပ်စေနဲ့"
တင်းရုံက ပြုံးနေပေမယ့် စီဟွမ်ကတော့ လူသတ်ချင်စိတ်ကို ခံစားမိလိုက်လေသည်။ တင်းရုံက သူ့ကို ဟွားတျန်နဲ့ ဝေးဝေးမှာနေရန် သတိပေးနေမှန်း သူသိပြီးသားဖြစ်လေသည်။ သူ့ရဲ့ အုပ်ထိန်းသူတွေက သူက ဟွာတျန်ကို စိတ်ဝင်စားနေတယ်လို့ ထင်နေကြပုံရသည်။ သူတို့ က အရမ်း အတွေးလွန်လွန်တယ်။
သူတို့ ဘယ်လိုပဲ အတွေးလွန်ပါစေ သူကတော့ သိပ်မဂရုမစိုက်ပါ။ စီဟွမ် နှလုံးသားရေးကို ဦးစားမပေးရဲသေးပါ။
စီဟွမ်က ခေါင်းညိတ်ပြလိုက်ပြီး တင်းရုံကို ကတိပေးလိုက်လေသည်။ "ကျွန်တော်က ကျောင်းသားသမ၈္ဂရဲ့ခေါင်းဆောင်ပါ။ ကျောင်းသားတွေ ငယ်ငယ်နဲ့ ရည်းစားထားတာမျိုး မဖြစ်အောင် ထိန်းရပါတယ်။ ကျွန်တော် ဟွာတျန်ကို ပိုပြီး ဂရုစိုက်ပေးလိုက်ပါမယ်။"
ဟွာတျန်က သူမနဲ့ ချိန်းတွေ့ဖို့ မယ်မယ်ရရ လူမရှိသေးပေမယ့် စိတ်ပျက်လက်ပျက်နှင့် ဆန္ဒပြနေဆဲပါ။
"ချစ်တယ် ကြိုက်တယ်ဆိုတာ ကျောင်းသား အရွယ် သဘာဝပဲလေ အမေတို့ သမီးအချစ်ရေးကို ဝင်မစွက်ဖက်သင့်ဘူး"
တင်းရုံ သူမ လက်တွေကို ဟွာတျန် ခေါင်းပေါ်နဲ့ လည်ပင်းပေါ်ကို ထားပြီး နောက်ပြန်ဆုတ်လိုက်လေသည်။ သူမက သူမသာ သူတို့ကို ပုန်ကန်လျှင် လည်ပင်းကိုလိမ်ချိုးပစ်လိုက်မည် ဆိုတဲ့ ခံစားချက်မျိုး ရလိုက်လေသည်။
တင်းရုံက ချိုသာစွာပြောလိုက်လေသည်။ "ကျောင်းသား တာဝန်က စာကြိုးကြိုးစားစား လုပ်ပြီး တက္ကသိုလ်ကောင်းတက်ရဖို့ပဲ ဒီအရေးမပါတဲ့ဟာတွေ နဲ့ မရောထွေးမိစေနဲ့ မဟုတ်ရင်အမေ စိတ်ဆိုးရလိမ့်မယ်"
ဟွာတျန် တုန်လှုပ်သွားလေသည်။ သူမရဲ့ တိရိစ္ဆာန်တစ်ကောင်လို့ ဗီဇကြောင့် ဟွာတျန် လက်ကိုမြောက်က ကျိန်လိုက်လေသည်။ "အမေ မပူပါနဲ့ သမီး ငယ်ငယ်ရွယ်ရွယ်နဲ့ မချစ်မိအောင် နေပြီး စာ ကြိုးစားပါ့မယ် စီဟွမ်လို ရုပ်ချောတဲ့ သူတောင် သမီးကို တုန်လှုပ်စေမှာမဟုတ်ဘူး"