no

Font
Theme

Chapter 23 ဆရာ‌တွေနဲ့ပက်သက်ပြီး တစ်ခုခုမှားနေတယ်

စီဟွမ်က ကျောင်းဖန်ကို ဟွာတျန်ကို ရုံးခန်းခေါ်သွားပြီး စာမေးပွဲစစ်ဖို့နဲ့ ပိုင်ယင်းကို ကျောင်းသာအသစ်အဖြစ် မှတ်ပုံတင်ဖို့ ခေါ်သွားခိုင်းလိုက်သည်။

ကျောင်းသားသမဂ္ဂ ဥက္ကဌ က ကျောင်းတွင်း အကြမ်းဖက်မှု ပြဿကို အလွယ်တကူ ဖြေရှင်းလိုက်နိုင်ခဲ့ပေမယ့် ဟွာယုတို့ အုပ်စုကတော့ စီဟွမ်က သူတို့ကို ကယ်တင်လိုက်တယ်ဆိုတာကို သဘောမပေါက်ကြသေးပေ။

ဟွာယုကတော့ သူမ ဟွာမိသားစု သမီးမဖြစ်ချင်က ဟွာတျန်နဲ့ စီဟွမ်က လက်ထပ်ခဲ့ကြတယ်ဆိုတာ သိထားလေသည်။ သူတို့ လက်ထပ်ပွဲက အရမ်း မိုက်တယ်ဆိုတာ သူမ သိထားလေသည်။

သူမက ဟွာတျန် အပေါ် မုန်းတီးမှုတွေနှင့် ပြည့်နှက်နေပြီး စီဟွမ် အပေါ်လည်းအတူတူပင်ဖြစ်သည်။

ဟွာယုက ဘာမှ ပြန်မပြောပေမယ့် အတွန့်တက်လိုက်သည်။ "စီဟွမ် ရှင်က ဟွာတျန်နဲ့ ပက်သက်ပြီး တော်တော် ဂရုစိုက်ပုံပဲ ဒါပေမယ့် သူမက ဟွာမိသားစုဝင်မဟုတ်တော့ဘူးနော် သူမဆီကနေ ဘာအကျိုးအမြတ်မှ ရလာမှာမဟုတ်ဘူး"

စီဟွမ်က ဟွာယုကို အကြာကြီး စိုက်ကြည့်နေလိုက်သည်။ သူက မှတ်စုစာအုပ် ကို ထုတ်ပြီး တစ်ချို့အရာတွေကို ရေးမှတ်နေလေသည်။ "ငါ ကျောင်းစတက်ရမယ့် ရက်မှာ အာဏာ မပြချင်ဘူး ဒါပေမယ့် တစ်ချို့ ကျောင်းသားတွေက ကျောင်းစည်းကမ်းကို မလိုက်နာချင်ကြဘူး သူတို့က ကျောင်းသား သမဂွ ဥက္ကဌကို မလေးမစားလုပ်ရင် မင်းတို့ရဲ့ စာရိတ္တ အမှတ်တွေ နှုတ်ခံရမယ် အခုကစပြီး ကိုယ့်ကိုကိုယ် ဆင်ခြင်နိုင်ကြလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်"

ဟွာယုနောက်လိုက်တွေက စီဟွမ်ကို စပြီး ကြောက်လန့်လာကြလေသည်။ ဟွာယုလည်း စီဟွမ်ရဲ့ အေးစက်စက် အကြည့်က သူမဘက်လှည့်လာတဲ့အခါမှာ ကြောက်လန့်နေပြီး ဘာမှ ပြန်မပြောရဲတော့ပေ။ စီဟွမ် အဝေးရောက်သွားမှ သာ စောဒက တက်ရဲကြတော့သည်။

"စီဟွမ်နဲ့ ပက်သက်ပြီး တစ်ခုခုမှားနေတာလား သူက ဟွာတျန် အတွက်နဲ့ ငါတို့ရဲံ့ အမှတ်တွေကို လျော့သွားတယ် သူမက ကျောင်းက ထုတ်ခံရတော့မှာမဟုတ်ဘူးလား"

"ဒါပေမယ့် အခုလေးတင်စီဟွမ် ပြောသွားတယ်လေ ဆရာတွေက ဟွာတျန်ကို စာမေးပွဲစစ်ဖို့ စောင့်နေကြတယ်တဲ့ အဲ့တာကသူမ ငါတို့ ကျောင်းမှာ ဆက်တက်မယ်လို့ ဆိုလိုတာတော့မဟုတ်ဘူးမလား "

ဟွာယု မျက်နှာက ရှုံ့မဲ့သွားလေသည်။ "မဖြစ်နိုင်ဘူး ငါ့အဖေက ကျောင်းနဲ့ စကားပြောပြီးပြီ။ သူက ဟွာတျန်ကို ငါနဲ့ ကျောင်းတစ်ကျောင်းတည်းမှာ တက်ခွင့်ပြုမှာမဟုတ်ဘူး"

လူတိုင်းက ဟွာယုကို ဂရုတစိုက် ကြည့်နေကြပေမယ့် သူမ ပြောတာကို ပြန်မငြင်းဆိုရဲကြပါဘူး။

တစ်ခြားတဖက်မှာတော့ ကျောင်းဖန်က ဟွာတျန်ကို ကျောင်းရုံးခန်းကို ပို့ပေးခဲ့လေသည်။ တကယ်တော့သူ့ ရင်ထဲမှာ မေးစရာ မေးခွန်းတွေ အများကြီး ရှိနေလေသည်။ ဥပမာအနေနှင့် ဟွာတျန်က တကယ်ပဲ စက်ရုပ်တွေကို လုပ်နိုင်တာလား ဒီလိုဆို သူမက အရမ်းအံဩစရာကောင်းတာပဲ ဒါဆို အရင်တုန်းက သူမက ဘာလို့ ငပေါလုပ်နေခဲ့တာလဲ

ဘယ်လိုပဲဖြစ်ဖြစ် သူ ဟွာတျန်ကို ပုံမှန်လူ တစ်ယောက်လို ဆက်ဆံလို့ မရတော့ပေ။ အဲ့တာက သူအရမ်းတောင့်တနေရတဲ့ အိုင်ဒေါ တစ်ယောက်ကို တွေ့လိုက်ရသလိုမျိုး ပင်။ သူ ဟွာတျန်နဲ့ မျက်နှာချင်းဆိုင်လိုက်တိုင်း သူလည်း ထိတ်လန့် တုန်လှုပ်နေလေသည်။ မေးခွန်းတွေ အကုန်လုံးက လျှာဖျားလေးမှာတင် တစ်နေပြီး သူ့ရင်ထဲတွင် ဗြောင်းဆန်နေလေသည်။ နောက်ဆုံး မေးဖို့ သတ္တိမွေးလိုက်ပြီး မေးမယ်လုပ်လိုက်တော့ သူတို့ ကျောင်းရုံးခန်းသို့ပင်ရောက်နေကြလေပြီဖြစ်သည်။

ကျောင်းဖန်က တံခါးကို သတိထားခေါက်လိုက်ပြီး နောက် ဖွင့်လိုက်လေသည်။ သူက ဟွာတျန်ကို စိုက်ကြည့်နေကြတဲ့ ဆရာတွေဆီ လက်လွှဲထားခဲ့လိုက်သည်။

ဟွာတျန် သည် ဆရာများ၏ အကြည့်ကြောင့် ထိတ်လန့်နေပြီး အထဲ မဝင်ရဲဘဲ တံခါးဝမှာသာ ရပ်နေလေသည်။

ကျောင်းအုပ်ကြီးက ပြုံးလိုက်ပြီး ဟွာတျန်ကို နှုတ်ဆက်လိုက်သည်။ "ဟွာတျန် မြန်မြန် ဝင်လာခဲ့ " ဆရာတွေကလည်း နမူနာ စာရွက်တစ်ချို့နဲ့ ဝင်လာကြလေသည်။ "သူတို့က မင်းရဲ့ တကယ့် ပညာအရည်အချင်းကို စမ်းသပ်ကြရုံတင်ပါ။ မပူပါနဲ့ ရလဒ်က ဘယ်လိုပဲ ဖြစ်ဖြစ် ဆရာတွေက မင်းကို ကျောင်းတက်ခွင့်ပြုမှာပါ။ "

ဟွာတျန်က တစ်ခုခု မှားနေသလို ခံစားလိုက်ရလေသည်။ ဟွာတျန်က မျက်မှောက်ကြုတ်ကာ ရှင်းပြလေသည်။ "ဆရာ သမီးကို ဒီနှစ် ဘယ်သူကမှ စပွန်ဆာကြေး မပေးထားဘူး စီဟွမ်ပြောတာက သမီး စာမေးပွဲ မအောင်ရင် ကျောင်းဆက်တက်ခွင့် မရဘူးဆို"

ကျောင်းအုပ်ကြီးက နွေးထွေးစွာပြောလိုက်လေသည်။ "ကျောင်းသားစီဟွမ်က မင်းကို နည်းနည်း ခြောက်လိုက်တာနေမှာပေါ့ ကျောင်းဆောင်ပုဒ် အတိုင်းထဲကလိုပဲ ခွဲခြား ဆက်ဆံလေ့မရှိတဲ့ ကျောင်းတစ်ကျောင်းက ကျောင်းသားတစ်ယောက်ကို ဘာလို့ အကြောင်းပြချက်မရှိဘဲ ထုတ်ပစ်ရမှာလဲ"

ဟွာတျန်က စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကုတ်လိုက်သည်။ "အဲ့ဒီလိုလား"

ကျောင်းအုပ်ကြီးက ပြောလိုက်လေသည်။ "ဒါပေါ့ ဒါနဲ့ စကားမစပ် မင်းရဲ့ အခြေခံကို အရင်ဆုံးသိပါရစေ ဘယ်ဘာသာရပ်တွေမှာ မင်းက ယုံကြည်မှုရှိလဲ"

ဟွာတျန် သက်ပြင်းချလိုက်လေသည်။ "သမီးက သိပ္ပံပညာမှာ ယုံကြည်ချက်ရှိတယ်။ ဒါပေမယ့် လူသားနှင့် သက်ဆိုင်တဲ့ ဘာသာရပ်မှာတော့ အားနည်းတယ်။ ရိုးရိုးသားသားပြောရရင် သမီး ဒီစာမေးပွဲကို အောင်ဖို့ ယုံကြည်ချက်မရှိဘူး"

ကျောင်းအုပ်ကြီးက သူမကို ဖြတ်ပြောလိုက်လေသည်။ "ဒီနေက ငါတို့ မင်းရဲ့ အသိပညာ အနိမ့်အမြင့်ကို သိချင်ရုံတင်ပါ။ ဒါပေါ့ အလွတ်ကျက်တာတွေလောက်နဲ့တော့ စာမေးပွဲစာရွက်တွေပေါ်မှာ ဘာမှ ရေးနိုင်မှာမဟုတ်ဘူး။ အချိန် အကန့်အသတ်တွေရှိတာကြောင့် ငါတို့ မင်းရဲ့ ဘာသာ အကုန်လုံးကို မစစ်ဆေးနိုင်ဘူး သမီးက သိပ္ပံ မေးခွန်းတစ်ချို့ကိုပဲ ရွေးပြီး ဖြေလို့ရပါတယ်။"

ဟွာတျန်ကို ကျောင်းအုပ်က စားပွဲမှာ အတင်းထိုင်ခိုင်းလိုက်သောကြောင့် ဟွာတျန် အနည်းငယ် မှင်တက်သွားလေသည်။ သူက စင်ပေါကနေ စာရွက် အနည်းငယ်ယူလာပြီးတော့ သူမ ရှေ့မှာ ချထားလိုက်သည်။ သူက အရမ်းကို အမြှော်အမြင်ရှိရှိနဲ့ သူမ အတွက် စာရွက်နှင့် ဘောပင်ကအစ ပြင်ဆင်ပေးထားလေသည်။

ကျောင်းအုပ်ကြီးက ပြုံးပြုံးနှင့် ဟွာတျန်ကို ပြောလိုက်လေသည်။ "ဒီမှာ စာဖြေဖို့ စာရွက်တွေ ဖြေကြည့်လိုက်ပါဦး တစ်ခုခုလိုရင်ပြောနော်"

အဲ့လိုနဲ့ ကျောင်းအုပ်ကြီးက ဟွာတျန်ကို စာရွက်နဲ့ တွေနဲ့ထားခဲ့ပြီး နှုတ်ဆက်ကာ တစ်ခြားဆရာတွေကို ရုံးခန်းအပြင်သို့ ခေါ်ထုတ်သွားလေသည်။

ရုံးခန်းအပြင်ဘက် ထွက်လာခဲ့ကြတဲ့ တစ်ခြားဆရာတွေကတော့ မပျော်မရွှင်ဖြစ်နေကြလေသည်။ အထူးသဖြင့် မနုဿ ဘာသာရပ်ကို သင်ကြားတဲ့ ဆရာကတော့ အဆိုးဆုံးပင်ဖြစ်သည်။

သင်္ချာဆရာက စောဒက တက်လေသည်။ "ကျောင်းအုပ်ကြီး က လွန်လွန်းတယ်။ ငါတို့က အနာဂါတ်မှာ ဟွာတျန်ရဲ့ ဆရာတွေ ဖြစ်လာကြတော့မှာ ဒါပေမယ့် ငါတို့ကို သူမနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့် မပေးဘူး"

သမိုင်း ဆရာက မကျေမနပ် အဖြစ်ဆုံးပင်ဖြစ်သည်။ "ကျောင်းအုပ်ကြီးက လူသားဘာသာကို ကျက်မှတ်ရုံဖြင့် ရတယ်လို့ ဘယ်လိုတောင် ပြောထွက်လိုက်တာလဲ" ကျောင်းအုပ်ကြီးက သူမကို တော်တော်‌ လျော့ပေးထားတာပဲ

ရူပ ဘာသာ သင်ကြားတဲ့ ဆရာ သူ့မျက်မှန်ကို နေရာချိန်ညှိလိုက်ပြီး ပြောလိုက်သည်။ "ဒါကို နားမလည်နိုင်တော့ဘူး မင်းတို့ အကုန်လုံး ပိုင်ယင်းက ဟွာတျန်နဲ့ အတူတူ ဝင်လာတာကို မြင်ခဲ့ကြတယ်။ သူလမ်းလျောက်တဲ့အခါ ပုံမှန်လူတစ်ယောက်နဲ့ လုံးဝ မကွာခြားဘူး ဒါက ဟွာတျန်ရဲ့ စွမ်ရည်ကို သက်သေပြဖို့ လုံလောက်နေပြီ စာမေးပွဲဆိုတာက ကျောင်းဘုတ်အဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းတွေ အရ မလုပ်မဖြစ်လို့ သာ လုပ်နေတာ။"

ဒီ စကားလုံးတွေက ဆရာတွေကို စိတ်လှုပ်ရှားသွားစေခဲ့သည်။ နောက်ဆုံးမှာတော့ သူတို့ ကျောင်းမှာ ပါရမီရှင် တစ်ယောက် ပေါ်ပေါက်လာခဲ့တာပါပဲ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment