Chapter17 ပါရမီရှင် ၂ ယောက်
ပိုင်ယင်းသာ ဘဝကို ဘာတိုးတက်မှုမှမရှိဘဲ ဗရုတ်သုတ်ခနေနေရင် အနာဂါတ် လူသားတွေအတွက် တစ်စုံတစ်ရာ အကျိုးပြုနိုင်ပါ့မလား
လူအများစုကတော့ ဒါက ကံကောင်းခြင်းလို့ ထင်ကြပေမယ့် ဟွာတျန်မှာကတော့ မတူညီတဲ့ အတွေးတွေ ရှိနေပေလေသည်။
သူမ ထင်မိတာက နည်းပညာ ပြောင်းလဲမှုတွေကို လုပ်ဆောင်လိုက်တဲ့ သိပ္ပံပညာရှင်ဟာ တရားမှု အတွက်ပဲ ဖြစ်ဖြစ် မတရာမှုအတွက်ပဲ ဖြစ်ဖြစ် မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိရမယ်လို့ သူမက တွေးတောနေမိသည်။
ဟွာတျန် ပြန်တွေးမိပြီး သူမ အချိန် အာကာသ ခရီးသွားခြင်းကို စမ်းသပ်ခဲ့တုန်းက အကြောင်းအရင်းကို ပြန်မှတ်မိသွားလေသည်။ သူမက အတိတ်ကို ပြောင်းလဲခြင်တဲ့ အတွက် ထိုစမ်းသပ်မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပေသည်။
ဒါကြောင့် စီဟွမ်က ပိုင်ယင်းမရှိရင် အနာဂါတ် လူသားတွေ အတွက် နစ်နာစေတယ်လို့ ပြောတဲ့အခါ ဟွာတျန်က ခေါင်းညိတ်ထောက်ခံလိုက်တယ်။
"ကျွန်မလည်း ပိုင်ယင်းက သူ့ရဲ့ ကိုယ်ပိုင် အရည်အချင်းနဲ့ အသုံးဝင်မယ့် အရာတွေ တီတွင်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ အဲ့ဒီ အတွေးကြောင့် ငါမင်းကို ခြေတု လက်တု လုပ်ပေးခြင်တာ ကျွန်မလည်း ပါရမီရှင်တစ်ယောက်ပဲလေ။ ပါရမီရှင်တွေက အချင်းချင်းလေးစားကြရမယ်လေ"
လူတိုင်းက ဟွာတျန် ပြောလိုက်တဲ့ စကားကြောင့် ဘာပြောရမှန် မသိဖြစ်သွားလေသည်။
အေးအေးဆေးဆေး နေတတ်တဲ့ ပိုင်ယင်းတောင်မှ ဟွာတျန် ပြောလိုက်တဲ့ စကားများကြောင့် ဆွံအသွားလေသည်။ သူက "ဘာပဲဖြစ်ဖြစ် မင်းက ငါနဲ့ သင့်တော်တဲ့ စက်ရုပ်ခြေထောက် နဲ့ လက် တွေကို လုပ်နိုင်တယ်ဆိုတာ လွယ်လွယ်နဲ့ ယုံမှာမဟုတ်ဘူး" ဆိုတာ မပြောရသေးခင်း အများကြီးစဉ်းစားထားသည်နှင့် တူ၏။
ဟွာတျန်က လက်ခုပ်တီးလိုက်ပြီး "ဟုတ်တာပေါ့ မင်းက ငါ့ကို ဘယ်ယုံပါ့မလဲ ဒါပေမယ့် ငါမင်းကို ငါလုပ်ထားတာတွေ ယူလာပြပေးနိုင်တယ် မင်းတစ်ခုကို မြင်ပြီးသွားရင် ငါလုပ်နိုင်တယ်ဆိုတာ ယုံသွားလိမ့်မယ်"
ပိုင်ယင်းက ဟွာတျန်လို မားကတ်တင်း ဆင်းတာ ညံ့ဖျင်းတဲ့ သူမျိုးကို ဘယ်လို စကားပြောရမလဲတောင် မသိတော့ပါ။ ဒါပေမယ့်လည်း သူက သူနဲ့ သင့်တော်တဲ့ ခြေထောက်အတု လုပ်ပေးနိုင်တဲ့ ပါရမီရှင်တစ်ယောက်ရှိတယ်ဆိုတာကို ယုံကြည်ချင်နေလေသည်။
စိဟွမ်က ဟွာတျန် ချဲ့ကားပြောဆိုနေတယ်လို့ ထင်မိပေမယ့် သူမကို မလှောင်ပြောင်လိုက်ပါ။ သူက ပိုင်ယင်းကိုသာ "ပါရမီရှင်တစ်ယောက်ကို စိတ်ပူတဲ့ အနေနဲ့ ကျောင်းသားပိုင်က နားလည်ပေးမယ်လို့ ထင်ပါတယ်။ တကယ်လို့ ဟွာတျန်က ခြေထောက်အတု မလုပ်ပေးနိုင်ခဲ့ရင်တောင်မှ ကျွန်တော့် ကုမ္ပဏီက သင့်ကို ပညာသင်ဆု ပေးအပ်ပါလိ့မ် မယ် နောက်ပိုင်း ကျောင်းသားပိုင် လုပ်ဖော်ကိုင်ဖက် ရှာတဲ့အခါကျရင် စီမိသားစုကို မျက်နှာသာပေးဖို့ပဲ မျှော်လင့်ပါတယ်။"
ဟွာတျန်က သူ့ခြေထောက်ကို လုပ်ပေးနိုင်တယ်လို့ ရဲဝံစွာပြောပြီးနောက် ပိုင်ယင်းသည် စီဟွမ့် ပြောစကားတွေက သူ့မာနကို မထိခိုက်ဘူးဟု ခံစားရလေသည်။ ဒါကြောင့် "ဟုတ်ကဲ့ စေတနာအတွက်ကျေးဇူးတင်ပါတယ် စီနီယာစီ " လို့ ပြန်ပြောလိုက်လေသည်။
စီဟွမ်က ပိုင်ယင်းပြောတာကို နားလည်ပုံရပြီး လက်ကိုဆန့်ထုတ်လိုက်သည်။ "ကျောင်းတက်ဖို့ကိစ္စနဲ့ ပက်သက်ပြီး သဘောတူညီမှု ရသွားပုံပဲ နောက်ဆို ငါတို့က ကျောင်းနေဖက်တွေဖြစ်လာတော့မယ် ဂျူနီယာ " ဟုပြောလိုက်လေသည်။
ဟွာတျန်လည်း နားလည်သွားပြီး "ဒါဆို ငါတို့ သုံးယောက်က ကျောင်းအတူတူတက်ရမှာပေါ့ ကောင်းလိုက်တာ ငါတို့ အနာဂါတ်မှာ အတူတူ အလုပ်လုပ်လို့ ရပြီ"
ဒါပေမယ့် စီဟွမ်က ဟွာတျန်ကို ခေါင်းခါပြလိုက်ပြီး "ကျောင်းစီမံခန့်ခွဲရေးနဲ့ ဘုတ်အဖွဲ့စီက ကြားခဲ့တာကို မင်းကို ကျောင်းပြောင်းခိုင်းလိမ့်မယ်ထင်တယ်။ ဟွာမိသားစုက တိုက်တွန်းထားတာထင်တယ်။ အချိန်ရှိတုန်း တစ်ခြား အထက်တန်းကျောင်းတွေကို စုံစမ်းထားတာပိုကောင်းလိမ့်မယ်" ဟု ပြောလိုက်လေသည်။
ဟွာတျန်က မယုံသင်္ကာနဲ့ မေးလိုက်တယ် "သူတို့က ငါ့ကို ဘာလို့ ထွက်ခိုင်းရတာလည်း အခုက နွေရာသီ ကျောင်းပိတ်ရက်လေ ငါကျောင်းစည်းကမ်းလည်း မချိုးဖောက်ထားဘူး"
စီဟွမ် သက်ပြင်းချလိုက်လေသည်။ "ဟွာမိသားစုက မင်းရဲ့ အောက်ဆုံးက အဆင့်တွေကို ဆက်ပြီး ထောက်ခံ မပေးတော့ဘူး ဒါကြောင့် ကျောင်းက မင်းကို ထုတ်ပယ်နိုင်တယ်။"
ဟွာတျန်က ဒေါသထွက်နေပေမယ့်လည်း သူမ ကျောင်းဖက်ကို ပြန်ပြောဖို့ မည်သည့် အကြောင်းအရာမှ စဉ်းစားမရပါ။ သူမ နေတဲ့ အထက်တန်းကျောင်းမှာ ကျောင်းတက်ဖို့ အခွင့်အရေး ၂ခုသာရှိလေသည်။ ပိုက်ဆံ ချမ်းသာသူ ဖြစ်ရင် ဖြစ် မဖြစ်ရင် လူရည်ချွန် ဖြစ်နေမှသာလျှင် တက်ခွင့်ရပေလိမ့်မည်။
လူတိုင်းရဲ့ အမြင်မှာတော့ ဟွာတျန်က ဟွာမိသားစုကနေ ထုတ်ပယ်ခံလိုက်ရပြီးတော့ သူမက ကျောင်းအတွက် ဘာကောင်းကျိုးမှ ပေးမည်မဟုတ်ပေ။ ဒါကြောင့် သူမကို ကျောင်းဆက်တက်ခိုင်းဖို့ ရာ ဘာအကြောင်းမှ မရှိပေ။
အဆုံးမှာတော့ ဟွာတျန်က စိတ်ပျက်စွာနဲ့ ရေရွတ်လိုက်သည်။ "စောင့်ကြည့်နေလိုက်ပါ။ ငါကျောင်းထုတ်ခံရမှာမဟုတ်ဘူး"
အဲ့နောက်မှာတော့ ဟွာတျန်က စီဟွမ်နဲ့ ပိုင်ယင်းကို သူမ စျေးဆိုင်လေးဆီကို ခေါ်လာခဲ့တယ်။ အခုတော့ သူမနေတဲ့ နေရာမှာ ထူးဆန်းတာတွေ ပြည့်နှက်နေပါပြီ။ သူမက စက်ရုပ်ဖုန်စုပ်စက် နဲ့ အသံပေးခိုင်းလို့ရတဲ့ စက်ရုပ်လေးကို ဘေးကို ရွှေ့လိုက်တယ်။ ပြီးတော့ သာမာန် အရွယ်ရှိသည့် စူပါ ဟီးရိုး စက်ရုပ်အနည်းငယ်လည်းရှိလေသည်။ သူတို့က သီချင်းသံကြားရရင် သူတို့ မူပိုင် ဖျော်ဖြေတဲ့ ပုံစံ များဖြင့် ဖျော်ဖြေပေးကြလေသည်။ ဟွာတျန် ပျင်းရင် သူတို့နဲ့ ဆော့နေလေ့ရှိသည်။
စီဟွမ်က ဟွာတျန်ကို ရိုးအပြီး အရည်အချင်းမရှိတဲ့ သူ ဟု ထင်မြင်ယူဆ ထားသူဖြစ်သည်။ ဒါပေမယ့် ဟွာတျန်ရဲ့ စက်ရုပ်တွေကို မြင်မိပြီးတဲ့ အခါမှာတော့ သူ အရမ်းကို လန့်သွားမိလေသည်။
ပိုင်ယင်းကတော့ စီဟွမ်လောက် မအံဩခဲ့ပေ။ ကိုယ့်ကိုကိုယ် ပါရမီရှင်လို့ ထုတ်ဖော်ပြောနိုင်တဲ့ သူတွေဟာ အရည်အချင်း တစ်ချို့တော့ ရှိမည်ဖြစ်ကြောင်း သူ ရိပ်မိလေသည်။ ဒါပေမယ့် သူ့ကို အခုလောက်ထိ အံဩအောင် လုပ်ပြနိုင်လိမ့်မည်ဟု မထင်မိခဲ့ပါ။
ဟွာတျန်က သူမရဲ့ ခြေတု လုပ်မယ့် အစီအစဉ်ကို ရှင်းပြရင်း သူမလုပ်ထားတဲ့ စက်ရုပ်တွေကို ပေးကိုင်ကြည့်နေလေသည်။
"ကျွန်မက ဇီဝနည်းပညာမှာ အရမ်းမကျွမ်းကျင်ဘူး ဒါကြောင့် ကျွန်မ လုပ်တဲ့ ခြေထောက်တွေက ခန္ဓာကိုယ်က နာဗ်ကြောတွေနဲ့တော့ တိုက်ရိုက်ချိတ်ဆက်နိုင်မှာမဟုတ်ဘူး ဒါပေမယ့် လှုပ်ရှားသွားလာမှုတွေ ပြေးတာတွေ လမ်းလျောက်တာတွေကို အာရုံခံဖို့ အတွက် ပရိုဂရမ်ရေးဆွဲပေးလို့ ရတယ်။"
ဟွာတျန်က စိတ်အားထက်သန်စွာ ရှင်းပြနေသည့်အတွက်ကြောင့် ပိုင်ယင်းကလည်း မျှော်လင့်ချက်တွေပြည့်လာပြီး စတင်ဆွေးနွေးလေတော့သည်။
စီဟွမ်က နောက်ဆုံးတော့ ဟွာတျန်က အံဩဖို့ ကောင်းလောက်အောင် တော်တဲ့ မိန်းကလေးဆိုတာ သိသွားလေပြီ။ ထို့ကြောင့် သူက သူမ အကြောင်းကို ပိုသိချင်လာလေ၏။