no

Font
Theme

Chapter 20 - သူမကို အခွင့်အရေးပေးလိုက်

စီဟွမ်ရဲ့ PowerPoint တင်ဆက်မှုကို မြင်လိုက်ရပြီးနောက် လူတိုင်း က အလွန် အံဩသွားကြလေသည်။ သူတို့က အချိန်အတော်ကြာအောင် ပြောစရာ စကားမဲ့နေကြလေသည်။

အတော်အတန်ကြာတော့ ကျောင်းသား သမဂ္ဂထဲမှာ တက်ကြွလွန်းတဲ့ ကိုယ်ရည်ကိုယ်သွေးရှိတဲ့ ကျောင်းဖန်က တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေသည်။ "သေစမ်း ဒီပုံတွေက photoshop လုပ်ထားတာပဲ ဖြစ်ရမယ် ဟုတ်တယ်မလား နည်းပညာက အဲ့လောက်ထိ တိုးတက်နေပြီလို့ ငါမယုံဘူး"

လူတိုင်းရဲ့ အမြင်တွေက အတူတူပင်ဖြစ်သည်။ သူတို့ အလွန်ထိန်လန့်သွားကြပြီးနောက် သံသယဝင်လာကြလေသည်။

ကျောင်းအုပ်ကြီးရဲ့ သဘောထားကလည်း စီဟွမ်ကို အမြင်မကြည်တော့ဘဲ "ကျောင်းသာစီဟွမ် ဒီနေ့က ကျောင်းတာဝန်ရှိသူတွေရဲံ့ အစည်းအဝေးကျင်းပနေတာ မင်းရဲ့ ဟာသတွေ ကို ချပြဖို့ နေရာမဟုတ်ဘူး"

မေးခွန်းထုတ်ခံနေရတဲ့ စီဟွမ်ကတော့ ထိတ်လန့်တုန်လှုပ်နေတာမျိုးမရှိဘဲ သူက PowerPoint တင်ဆက်နေတာကို ပိတ်လိုက်ပြီးနောက် ဗီဒီယို တစ်ပုဒ်ကို ဖွင့်လိုက်လေသည်။ "ဘယ်သူမှ မယုံဘူးမလား ဒါဆို ကျွန်တော့် စကားတွေကို နားမထောင်ဘဲနဲ့ ဗီဒီယိုကိုပဲကြည့်လိုက်ကြရအောင်"

ဗီဒီယိုထဲမှာ ဟွာတျန်က မသန်စွမ်းတဲ့ ကောင်လေးကို သူမ၏ စက်ရုပ်‌ခြေတု တပ်ဆင်ပေးနေလေသည်။ ခြေထောက်အတုက စူပါဟီးရိုးရုပ်ရှင်တွေထဲကလို သံမဏိ ချပ်ဝတ်တန်ဆာများနှင့်တူပြီး ကျိုးနေတဲ့ ခြေသလုံးတွေမှာ အလိုအလျောက် သွားကပ်တွယ်နေလေသည်။ အစပိုင်းတော့ ကောင်လေးက ဂရုတစိုက် သါားနေရပေမယ့် နောက်ပိုင်းကျတော့ အသံပိုင်းလမ်းညွန်ချက် အတိုင်းလိုက်လုပ်ပြီးတဲ့ နောက်မှာတော့ သူက လမ်းလျှောက်တာတွေ ခုန်ပျံကျော်လွှာတာတွေကိုတောင် လုပ်နိုင်သွားတယ်။

ဒီဗီဒီယို က လူတိုင်းရဲ့ နားလည်မှုကို ကျော်လွန်သွားစေလေသည်။ သူတို့ အရင်တုန်းက ခြေတု လက်တုကို မမြင်ခဲ့ဘူးကြတာ မဟုတ်ပါဘူး။ ဒါပေမယ့် ပိုင်ရှင်က လဲကျသွားတဲ့အခါ ခြေထောက်က အလိုအလျောက် အလုပ်လုပ်သွားတာကို သူတို့ မမြင်ဖူးသေးပါဘူး။

လူတိုင်း အံဩလို့ မဆုံးသေးခင်မှာ စီဟွမ်က ဖြည်းဖြည်းချင်းပြောလိုက်သည်။ "ကျောင်းစီမံခန့်ခွဲရေးနဲ့ ကျောင်းသားတွေက သံသယဝင်နေမှာကို ကျွန်တော် သိပြီးသားပါ။ ဒါပေမယ့်လည်း ဒီဗီဒီယိုကလည်း တည်းဖြတ်ပြင်ဆင်ထားတာ ဖြစ်နိုင်သေးတယ်။ ကျွန်တော် အခု အဲ့တာကိုတော့ အာမမခံနိုင်ဘူး ကျွန်တော်တို့သာ ဟွာတျန်ကို အခွင့်အရေးတစ်ခုပေးရင် သူမက လူတိုင်းကို သူမရဲံ့ စွမ်းရည်ကို ချပြနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်"

ကျောင်းစီမံခန့်ခွဲရေးက အသံတိုးတိုးနှင့် ဆွေးနွေးနေကြလေသည်။ နောက်ဆုံးမှာတော့ ကျောင်းအုပ်ကြီးက စပြီးပြောလိုက်လေသည်။ "တကယ်လို့ ဟွာတျန်က သူမက စက်မှုလက်မှု ထုတ်လုပ်ရေးမှာ အဲ့လို အရည်အချင်းရှိတယ်ဆိုရင် ငါတို့ ကျောင်းက ဒီလို ပါရမီရှင်မျိုးကို လက်လွတ်ခံမှာမဟုတ်ဘူး။ စီဟွမ် ရဲ့ powerpoint နဲ့ ဗီဒီယိုက မေးခွန်းထုတ်စရာဖြစ်နေပေမယ့်လည်း ကျောင်းစီမံခန့်ခွဲမှု အဖွဲ့က ဟွာတျန်ကို ကျောင်းဖွင့်တဲ့အခါ စာမေးပွဲ စစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူမ ရလဒ်တွေက ကျေနပ်စရာကောင်းတယ်ဆိုရင်သူမကို ကျောင်းနေခွင့်ဆက်ပေးမယ့်အပြင် အထူးကျောင်းသားတွေနဲ့ပါ အခွင့်အရေး တန်းတူပေးမယ်"

စီဟွမ် ကျေနပ်စွာဖြင့် ထိုင်လိုက်လေသည်။ "ဟွာတျန်က ဆရာတို့ကို စိတ်မပျက်စေရပါဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။"

ကျောင်းတာဝန်ရှိသူများ အစည်းအဝေးပြီးတဲ့နောက် ကျောင်းထောက်ပံရေး တာဝန်ခံဖြစ်တဲ့ လက်ထောက် ဥက္ကဌက ဥက္ကဌကို ဆွဲခေါ်သွားလေသည်။ "ကျောင်းအုပ်ကြီး ကျောင်းအုပ်ကြီးက အရည်အချင်းကို တန်ဖိုးထားတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဟွာမိသားစုက ဟွာတျန် ကျောင်းမှာဆက်တက်နေတာကို လိုချင်ကြမှာမဟုတ်ဘူး"

ကျောင်းအုပ်ကြီးက ဘယ်ရီသီးလက်ဖက်ရည်ကို နှုတ်ခမ်းနှင့် တေ့သောက်လိုက်ပြီးနောက် ဖြည်းဖြည်းခြင်းပြောလိုက်လေသည်။ "ဟွာမိသားစု သမီးက အဆင့်ကောင်းကောင်းမရဘူးမလား သူတို့က နောက်နှစ်မှာ ကျောင်းကို နောက်ထပ် ထောက်ပံကြေးပေးစရာမလိုတော့ဘူးလေ ဘာလို့ သူတို့က ငါတို့ ကျောင်းသားနဲ့ပက်သက်ပြီး မကျေမနပ်ဖြစ်နေရမှာလဲ"

လက်ထောက်ကျောင်းအုပ်က တစ်ချက် တွေးကြည့်ပြီးနောက် ဒါက အဓိပ္ပာယ်ရှိတယ်လို့ မြင်မိလေသည်။ သူက ရယ်မောပြီး "အရင်တုန်းကတော့ ကျွန်တော်တို့က ဟွာမိသားစုက စပွန်ဆာကြေး အများကြီးပေးတာကြောင့် နည်းနည်း မြှောက်ပင့်ခဲ့ကြတယ်။ ဟွာတျန်ကသာ အခုလို အရည်အချင်းမျိုးရှိနေရင် ငါတို့ကျောင်းက သူမကို ရတနာတစ်ခုလို ဆက်ဆံရလိမ့်မယ် သူမကို ကျောင်းထုတ်ပစ်ဖို့ ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ကျောင်းအုပ်ကြီးက ဝမ်းသာအားရ နှင့် မျက်လုံးများလင်းလက်လာလေသည်။ "ပါရမီရှင်နှစ်ယောက်နဲ့ ငါတို့ကျောင်းတော့ နိုင်ငံကျော်တော့မယ်ကွ"

စီဟွမ်က ဟွာတျန်ဆီကို ဖုန်းဆက်ပြီး သူမ ကျောင်းစတက်ရင် စာမေးပွဲဖြေရမည်ဖြစ်ကြောင်း အဲ့စာမေးပွဲအောင်မှ ကျောင်းဆက်တက်ခွင့်ရမည်ဖြစ်ကြောင်းပြောပြလိုက်သည်။

ဟွာတျန်က "ဟုတ် ဟုတ် ဟုတ် " ဟုပြန်ပြောပြီး ခေါင်းငြိမ့်လိုက်သည်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ သူမက ဒီကိစ္စကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့လေသည်။ သူမရဲ့ သုတေသန ကလွဲပြီးကျန်တဲ့အရာတွေကို ဘာမှ မမှတ်မိခဲ့ပါဘူး။ သူမဘဝက အကူအညီမဲ့နေတဲ့ လူတွေကို ကူညီဖို့သာ အာရုံစိုက်နေလေသည်။

စီဟွမ် အနည်းနှင့်အများ ဟွာတျန် အကျင့်ကို နားလည်လေသည်။ဒါကြောင့် သူက တင်းရုံကို ဖုန်းခေါ်ပြီး သူမ ကျောင်းစတက်ရင် မှတ်စုတွေကို ယူလာခဲ့ဖို့ သတိပေးခိုင်းလေသည်။

"အန်တီ ဟွာတျန်က သုတေသနလုပ်နေရင် ထမင်းမေ့ ဟင်းမေ့ဆိုတာ ကျွန်တော်သိတယ်။ ဒါကြောင့် သူမ ကျောင်းစတက်မဲ့နေ့နဲ့ လွဲသွားမှာစိုးလို့ အန်တီက ပဲ သူမကို ကျောင်းတက်ချိန် အမှီရောက်အောင် သတိပေးပေပါဦး ကျောင်းဖွင့်ဖွင့်ခြင်း ဖြေရမယ့် စာမေးပွဲမှာ သူမ လွှဲချော်သွားလို့ မရဘူး။ ဒါက သူမ ချင်းလီ အထက်တန်းကျောင်းမှာ ဆက်တက်ဖို့ တစ်ခုတည်းသော အခွင့်အရေးမို့လို့ပါ။"

ဟုတ်တာပေါ့

တင်းရုံက ဟွာတျန် ပညာရေးနဲ့ ပက်သက်ပြီး အလွန်စိတ်ပူတဲ့ အတွက် သူမက ချက်ချင်း စီဟွမ်ပြောတာတွေကို ချရေးထားလိုက်လေသည်။ "အန်တီ မှတ်မိပါတယ် အန်တီ တင်းချန်ကို ဟွာတျန်နဲ့ ပိုင်ယင်းကို သတိပေးဖို့ ခိုင်းလိုက်မယ်"

စီဟွမ် စိတ်သက်သာရာ ရသွားလေသည်။ "အန်တီ သတိပေးရင်တော့ ဟွာတျန် ကျောင်းစတက်ရမယ့်ရက်ကို မလွှဲချော်လောက်ပါဘူး"

စီဟွမ်က ရဲ့ အမြင်က မှန်ကန်ခဲ့ပုံပေါ်လသည်။ ကျောင်းစသွားရမယ့် မနက်ခင်းမှာ တင်းရုံက ဟွာတျန်ကို အိပ်ရာပေါ်ကနေ အတင်းဆွဲထူရလေသည်။

"အမေ ... "

ဟွာတျန်က ကုတင်းဘေးမှာထိုင်လိုက်ပြီး သူမ အမေ သက်ပြင်းချသံကြားတော့ သူ့အမေခါးကို ပွေ့ဖက်လိုက်ပြီး "သမီးအိပ်တာ ၂ နာရီပဲ ရှိသေးတယ် သမီး မထချင်သေးဘူး"

တင်းရုံ က သူ့သမီးလေး ညည်းတွားလိုက်သံကြောင့် သူမ နှလုံးသားက အရည်ပျော်သွားပေမယ့်လည်း သူမကတော့ ရေစိုအဝတ်နှင့် သူမ မျက်နှာကို ဆက်ပွတ်သပ်ပေးနေဆဲဖြစ်သည်။

"ဒီနေ့က သမီး ကျောင်းသွားရမယ့်နေ့လေ သမီးအိပ်နေလို့ မရတော့ဘူး" တင်းရုံက ပြောရင်းနဲ့ ဟွာတျန်ကို အဝတ်ကူလဲပေးလေသည်။

"စီဟွမ်က အမေ့ကိုပြောထားတယ် ကျောင်းစတက်တက်ချင်း စာမေးပွဲဖြေရမယ်တဲ့ ဒါကြောင့် သမီးထဖို့ လိုတယ်"

ဟွာတျန် ဦးနှောက်က တင်းရုံ စကားလုံးတွေဆီက သတင်းအချက်အလက်တွေကို တဖြည်းဖြည်းလက်ခံပြီးနောက် သူမက ထခုန်ပြီး ငိုကြွေးလိုက်လေသည်။

"ဘာ... စာမေးပွဲ ရှိတာလား..."

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment