Chapter24 - ဆရာများ၏ ယှဉ်ပြိုင်မှု
ဟွာတျန်က ကျောင်းအုပ်ကြီး သူမ လက်ထဲ ထိုးထည့်သွားသော စာရွက်များကို လှန်ကြည့်လိုက်သည်။ အဲ့ဒီ ထဲမှာ သူမ မကျွမ်းကျင်တဲ့ မနုဿ ဗေဒ ဘာသာရပ်က မေးခွန်းတွေ မပါဝင်ခဲ့ပေ။ အဓိက ဘာသာဖြစ်တဲ့ တရုတ်စာ ဘာသာရပ်တောင် မပါဝင်ခဲ့ပါ။
တစ်ခုခုလွှဲနေတယ်လို့ သူမ ခံစားလိုက်ရပေမယ့် သူမ ပျော်သွားသည်။
သူမ တကယ်ပဲ ကံကောင်းတယ်လို့ ခံစားနေရသည်။ သူမ မကျွမ်းကျင်တဲ့ ဘာသာရပ်များကို သူမ ဖြေစရာမလိုတော့ပေ။ နောက်တော့ သူမ ကျွမ်းကျင်တဲ့ ဘာသာရပ်တစ်ခုကို ဖြေဖို့ စလိုက်လေတော့သည်။ ဒီလိုဖြစ်ရပ်မျိုး ကြုံဖို့က ကျောင်းသားတိုင်း၏ အိပ်မက်ပင် မဟုတ်ပါလား။
နောက်နှစ်ပေါင်းများစွာ ကြာပြီးနောက် လူသားတွေက သူတို့ ဦးနှောက်တွေကို ပြင်ဆင်လာနိုင်ကြသည်။ အာကာသ ကိုဖြတ် အချိန်ကူးပြောင်းလာပြီး ဟွာတျန် သူမ ရဲ့ စိတ်ဝိဉာဉ်နဲ့ ခန္ဓာကိုယ်က နေသားကျသွားပြီးနောက် သူမ ဦးနှောက်က 50% ပိုတိုးတက်လာခဲ့သည်။
ဒါက ဘာကိုဆိုလိုတာလည်းဆိုရင် သူမ ဟာ အရာဝတ္ထုတွေရဲ့ အရည်အသွေးတွေကို ရှင်းရှင်းလင်းလင်း သိနေလေသည်။ ထပ်ရှင်းပြရရင် ဟွာတျန်က မေးခွန်းတစ်ခု ဖတ်လိုက်ပြီးတာနဲ့ အဖြေကို တန်းသိနေလေပြီဖြစ်သည်။ ဒါကြောင့် သူမ မရပ်မနားပဲ တရစပ် ဖြေချလိုက်လေတော့သည်။
စာရွက်တစ်ရွက်ပြီးဖို့ ဟွာတျန် အတွက် ၁၀ မိနစ်သာ ကြာခဲ့လေသည်။ သူမ ဖြေပြီးတဲ့ သင်္ချာ ဘာသာရပ်ကို ဖယ်ပြီး ရူပ ဗေဒ ဘာသာရပ်ကို ထပ်ယူလိုက်သည်။
စာရွက်တွေ အကုန်လုံးပြီးဖို့ သူမ တစ်နာရီတောင် မကြာလိုက်ပါ။ ထိုထဲတွင် သူမ အနည်းငယ် ညောင်းလာလို့ အနားယူချိန် ၁၀ မိနစ်လည်း ပါဝင်လေသည်။
ဒါကြောင့် ကျောင်းအုပ်ကြီးက သိပ္ပံ ဌာနက ဆရာတွေကို ပြန်ခေါ်လာခဲ့လေသည်။
ကျောင်းအုပ်ကြီးက သူတို့ လက်ထဲကို အဖြေလွှာတွေ ထည့်ပေးလိုက်ပြီးပြောလိုက်လေသည်။ "ဟွာတျန် အတွက် အဖြေ တွေကို ပြောင်းပေးလိုက် ဒါက တရားဝင်စာမေးပွဲလည်းမဟုတ်တော့ စည်းကမ်းတွေ အရမ်း တင်းကြပ်ဖို့ မလိုပါဘူး"
ဆရာတွေ အကုန်လုံး နားလည်စွာဖြင့် ခေါင်းငြိမ့်လိုက်လေသည်။ ကြည့်ရတာ ကျောင်းအုပ်ကြီးက ဟွာတျန် အပေါ် သိပ်ယုံကြည်ချက်ရှိပုံ မရပေ။
ကျောင်းအုပ်ကြီး စိုးရိမ်နေတာလည်း အံဩစရာ မကောင်းပါဘူး။ ဆရာတွေက သူတို့ လက်ထဲမှာရှိတဲ့ အဖြေလွှာကို စပြီး လှန်လိုက်ကြပြီး သူတို့က မေးခွန်းတိုင်းမှာ အဖြေတွေ ရှိနေတာကို မြင်လိုက်ရလေသည်။
သူတို့ ဘာမှ မပြောနိုင်ကြတော့ပဲ ဟွာတျန်က ကြုံရာ ဂဏန်းတွေ လျှောက်ရေးထားတာလို့ ထင်လိုက်ကြလေသည်။
ဒါပေမယ့်လည်း အဖြေလွှာတွေကို သေသေချာချာ စစ်ဆေးကြည့်လိုက်တော့ သူတို့ အမူအရာတွေက ပိုပြီး လေးနက်လာကြလေသည်။
ဒါက အဖြေလွှာတွေက အကုန်မှန်နေလို့ဆိုတာ ပြောဖို့ လွယ်ကူပါတယ်။ ဆရာတွေက အဖြေလွှာကို နောက်တစ်ခါ ထပ်စစ်ပြီးနောက် ထိတ်လန့်ပြီး အချင်းချင်း ကြည့်မိလိုက်ကြသည်။
ရူပ ဗေဒ ဆရာက သူ့အမူအရာကို ထိန်းသိမ်းပြီး "ရူပ ဘာသာရပ်အတွက် အဖြေတွေ အကုန်လုံးက မှန်တယ် မင်းတို့ဟာတွေရော ဘယ်လိုလဲ"
"ဇီဝဗေဒ ဘာသာရပ်လည်း အကုန်မှန်တယ်"
"ဓာတုဗေဒလည်း အတူတူပဲ"
သင်္ချာဆရာက အကြပ်ရိုက်နေပုံဖြင့် ပြောလေသည်။ "အဖြေတွေက အကုန်မှန်ပေမယ့် တွက်ထားတဲ့ အဆင့်တွေကျ မပါဘူး ဒါက..."
အင်္ဂလိပ်စာဆရာက ပိုပြီး ရှုပ်ထွေးနေလေသည်။ "အရင်တုန်းက မေးခွန်းတွေ မှန်တာက ပြဿနာ မရှိဘူး ဒါပေမယ့် ဒီ အက်ဆေး က ဘာလို့ သုတေသန စာတမ်းနဲ့ တူနေရတာလဲ"
ကျောင်းအုပ်ကြီးက စာရွက်တွေ အကုန် လှန်ကြည့်ပြီး မေးခွန်းထုတ်ထားတဲ့ ဆရာတွေကို မေးလိုက်လေသည်။ "ဒီမေးခွန်းတွေက အသစ်တွေဆိုတာ သေချာလား အရင်တုန်းက ဟွာတျန်ဖြေခဲ့ဖူးတာတွေ မဟုတ်ဘူးမလား"
ဆရာတွေ အကုန်လုံးက ပြန်ပြောလိုက်ကြလေသည်။ "ဒီ မေးခွန်းတွေက လွန်ခဲ့တဲ့ နှစ်ရက်က မှ ထုတ်ထားခဲ့တဲ့ဟာတွေ အရင်ဟာတွေနဲ့ တူဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး သင်္ချာနဲ့ ဓာတု မေးခွန်းတွေလည်း လက်ရေးနဲ့ ရေးထားတာပဲ ဒါကြောင့် မေးခွန်းတွေက ဟွာတျန်လက်ထဲ ရောက်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
ကျောင်းအုပ်ကြီးနဲ့ ဆရာတွေက အချင်းချင်းကြည့်လိုက်ကြသည်။ "ဒါဆို ဒါက ဟွာတျန်ရဲ့ တကယ့်အဆင့်ပေါ့"
ဆရာတွေ အကုန် ခေါင်းငြိမ့်လိုက်ကြသည်။ "သေချာပါတယ် ဒါက ဟွာတျန်ရဲ့ တကယ့် အဆင့်ပါပဲ"
စာမေးပွဲဖြေပြီး ဟွာတျန်က သန့်စင်ခန်းသွားနေလေသည်။ သူမ ရုံးခန်းကို ပြန်လာတော့ ဆရာတွေ အကုန်လုံးက သူမနဲ့ တွေ့ဖို့ လှမ်းလှမ်းကြည့်နေကြတာကို သတိထားမိသွားလေသည်။
ဟွာတျန်က ဆိုဖာပေါ် သေချာ ဂရုတစိုက်ထိုင်လိုက်ပြီး ဆရာတွေက ဝိုင်းလာကြလေသည်။ သူမ လက်လျော့လိုက်ပြီး စမေးလိုက်လေသည်။ "ဆရာတို့ သမီးကို ဘာလို့ ဒီလို ကြည့်နေကြတာလဲ သမီး အဖြေတွေ တစ်ခုမှ မမှားဘူးမလား "
"ဒါပေါ့ မင်းအဖြေတွေ တစ်ခုမှမမှားဘူး အကုန်မှန်တယ်" ကျောင်းအုပ်ကြီးက ပြုံးပြီးပြောလိုက်သည်။
"ဆရာတွေက မင်းရဲ့ အဖြေလွှာတွေကို ကျေနပ်ကြတယ် သူတို့ အကုန်လုံးက မင်းရဲ့ ဆရာဖြစ်ချင်ကြတယ်။ မင်းဘယ်အတန်းကို သွားချင်လဲ"
ဟွာတျန် ခဏ တွေးလိုက်ပြီး နောက် သက်ပြင်းချလိုက်လေသည်။ "စီဟွမ်က တတိယနှစ်မှာ ပိုင်ယင်းက ပထမနှစ်မှာ သမီး သူတို့နဲ့ အတူတူ အတန်းတက်လို့ မရမှတော့ သမီး ဘယ်အတန်းတက်ရ တက်ရ အဆင်ပြေပါတယ်"
ဆရာအနည်းငယ်က သူမ အနားကပ်လာပြီး တစ်ခုခု ပြောဖို့ ကြိုးစားလိုက်ကြလေသည်။
ကျောင်းအုပ်ကြီးက ချောင်းဟန့်လိုက်လေသည်။ ဒီတော့မှ ဆရာတွေက ဟွာတျန်ကို အတင်းဆွဲခေါ်မယ့်အကြံ ကို နောက်ဆုတ်လိုက်ရလေသည်။
"ဟွာတျန်က သူမ တက်ချင်တဲ့ အတန်းမရှိဘူးဆိုတော့ မဲနှိုက်ကြရအောင် ဒါက အသင့်တော်ဆုံး နည်းလမ်းပဲ"
ဆရာတစ်ချို့က မဲလိပ် လိပ်ဖို့ ထွက်သွားကြသည်။ ပြင်ဆင်နေချိန် တစ်ချိန်လုံး တစ်ချို့ ဆရာများသည် သူတို့ အတန်း ရဲ့ ကောင်းကြောင်းတွေကို ပြောရင်း တစ်ခြားအတန်းတွေကို ဖိနှိပ်ပြောကြလေသည်။
ဟွာတျန်က ဆရာတွေ ကလေးတွေလို သူမကို အတင်း ဝိုင်းလုနေကြပုံကိုကြည့်ရင်း ဘာလို့ သူမလို ညံဖျင်းတဲ့ ကျောင်းသူကို အတင်းသင်ချင်နေလည်းမသိဘူးဟု တွေးမိနေလေသည်။
ဆရာတွေ မဲနှိုက်နေတုန်း ကျောင်းအုပ်ကြီးက ဟွာတျန်ကို ပြောလေသည်။ "ဟွာတျန် သမီးရဲ့ စွမ်းရည်တွေ ကြောင့် သမီး က ဆရာတို့ ကျောင်းရဲ့ စကောလားရှစ် နဲ့ ထိုက်တန်တယ် ဘယ်လိုပဲဖြစ်ဖြစ် အဲ့မှာလည်း တိတိကျကျ သတ်မှတ်ထားတဲ့ စည်းကမ်းတွေရှိတယ်။ သမီးရဲ့ ရလဒ်တွေက သတ်မှတ်ထားတဲ့ အဆင့်တစ်ခုထိ ရောက်နေရမယ်။ ဒါပေမယ့် သမီးရဲ့ အခြေအနေက အရမ်းကို ကောင်းတယ် ဒါကြောင့် ကျောင်းကနေ သမီးကို တီထွင်ဖန်တီးမှု ဆိုင်ရာ ဆုကို ချီးမြင့်ဖို့ လျှာထားလိုက်တယ်။"
ဟွာတျန်က သိချင်စိတ်ဖြင့်မေးလိုက်လေသည်။ "သမီးတို့ ကျောင်းက ဒီလိုဆု ပေးတယ်ပေါ့"
ကျောင်းအုပ်ကြီးက အတည်ပြုလိုက်သည်။ "ဒါပေါ့ ရှိတာပေါ့ ဒီဆုက ကျောင်းက နည်းပညာပိုင်းမှာ တီထွင်ဖန်တီးမှု စွမ်းရည်ကို ပြသနိုင်တဲ့ သူတွေ အတွက် ပေါ့ ဒီနှစ် အတွက်ဆုက သမီးအတွက် သေချာပေါက်ဖြစ်လိမ့်မယ်။"
တီထွင်ဖန်တီးမှု ဆိုင်ရာ ဆုကိုတော့ ကျောင်းအုပ်ကြီးက နောက်မှ ပြင်ဆင်ပေလိမ့်မည်။