no

Font
Theme

Chapter 30 ရူးနေတာလား

ကန်တင်းကို သွားတဲ့ လမ်းမှာ စီဟွမ်က မနက်ပိုင်းက အဖြစ်အပျက်နဲ့ ပက်သက်ပြီး ဟွာတျန်ကို မေးလိုက်သည်။ အချိန်တိုလေးအတွင်းမှာ ပင် သူ ဟွာတျန်ကို ဟွာယုနဲ့ ကြီးပဲ ခဏတိုင်းတွေ့နေရလေသည်။

ကျောင်းဖန်က ဝင်ပြေလိုက်သည်။ "တော်သေးတာက ဒီ ဟွာယုက ဟွာတျန်တိုက်ခိုက်တာကို မမြင်ဖူးသေးလို့ပဲ အဲ့လိုမှမဟုတ်ရင် သူမက ဟွာတျန်ကို ဘယ်လိုလုပ် ပြဿနာရှာရဲမှာလဲ"

ဟွာတျန်က ကျောင်းဖန်ကို အကြာကြီး စိုက်ကြည့်နေလိုက်ပြီး သူမ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီးပြောလိုက်သည်။ "နင် ကို ရင်းရင်းနှီးနှီး မြင်ဖူးပါတယ်လို့ ကြည့်နေတာ လက်စသပ်တော့ နင်က ငါ့ကို ရန်ပွဲမှာတုန်းက ကူညီပေးခဲ့တဲ့သူပဲ"

ဟွာတျန်က လုံးလုံး အပြစ်ရှိတယ်လို့ မခံစားရပါဘူး။ သူမက ခေါင်းထဲက အစိတ်အပိုင်း သေးသေးလေးကို ပြန်မွှေနှောက်လိုက်သည်။ "ငါက ငါ့ရဲ့ အရေးမပါတဲ့ မှတ်ဉာဏ်တွေ အကုန်လုံးကို ဒီအပိုင်းမှာ ထားထားတယ် ပုံမှန်ဆို ငါမှတ်မိမှာမဟုတ်ဘူး ဒါကြောင့် လည်း ငါနင့်ကို မမှတ်မိတာ"

ကျောင်းဖန် အမူအရာက ပိုဆိုးသွားလေသည်။ "ကျေးဇူးတင်ပါတယ် ငါ့ ပိုပြီး စိတ်မကောင်းဖြစ်သွားပြီ"

ပိုင်ယင်းက ဟွာတျန် ရှင်းပြတာကို အရမ်းစိတ်ဝင်စားနေပုံရသည်။ ဒီလိုနဲ့ သူတို့ နှစ်ယောက်က ဦးနှောက် က မတူညီတဲ့ အစိတ်အပိုင်းတွေရဲ့ မတူညီတဲ့ လုပ်ငန်းတွေအကြောင်ကို စတင်ပြောဆိုကြလေတော့သည်။

သူတို့ စကားဝိုင်းက ကျောင်းဖန်ကို ထိတ်လန့်နေစေသည်။

သူက စီဟွမ်ဆီကို သွားပြီး တိုးတိုးမေးလိုက်သည်။ "သူတို့က ဒီလို အကြောင်းအရာမျိုးကို ကောင်းကောင်းဆွေးနွေးနိုင်တာလား မင်းက ဘယ်လိုလုပ် ကျင့်သားရနေတာလဲ"

စီဟွမ်က ရယ်မောလိုက်သည်။ "သူတို့က အမှန်တရားကို ရှာဖွေနေယုံသပ်သပ်ပါပဲ။ ငါက သူတို့ကို သူတို့ အတွေးတွေကို လက်တွေ့လုပ်ဆောင်နိုင်ဖို့ ထောက်ပံပေးရုံတင်ပဲ ပြီးတော့ သူတို့က ချစ်စရာကောင်းတယ်လို့ မထင်ဘူးလား"

ကျောင်းဖန်က သူတို့ နောက်မှာရှိနေတဲ့ ဟွာတျန် နဲ့ ပိုင်ယင်းဘက်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ ပိုင်ယင်းက ခေါင်းကို ငုံ့ထားပြီး ဟွာတျန်ကို သူ့ခေါင်းမှာ စက်ဝိုင်းတွေ ဝိုင်းပြပြီး အစိတ်အပိုင်းတွေ အလုပ်လုပ်ပံကို ရှင်းပြနေသည်ကိုကြည့်ရင်း

"ချစ်စရာကောင်းတယ် ဟုတ်လား မင်းမျက်လုံးတွေ တစ်ခုခုမှားနေတာလား"

ကျောင်းဖန် သူ့ဆံပင်တွေကို ဆွဲခါလိုက်သည်။ မင်း ဟွာတျန်နဲ့ ပက်သက်လိုက်ကတည်းက ပြောင်းလဲသွားတာပဲ အခု မင်း အမြင်အာရုံတွေက ပါပုံမှန်မဟုတ်တော့ဘူး မင်းဆေးခန်းသွားပြသင့်တယ်။

ဟွာတျန်က သံသယ နှင့် မေးလိုက်သည်။ "ဘယ်သူက ဆေးစစ်ဖို့လိုနေတာလဲ နင့်ဦးနှောက်က တစ်ခုခုမှားနေလို့လား"

စီဟွမ်က သူ့ခေါင်းကို ပုတ်လိုက်ရင်း ရယ်လိုက်သည်။ "အခု မင်းနားတွေကပါ မကောင်းတော့ဘူး ငါတို့ ၂ ယောက်လုံး ဦးနှောက်တွေက ကောင်းပါတယ်။ ကျောင်းဖန်က အခုပဲ ဟာသတောင်လုပ်နေသေးတယ်"

ဟွာတျန်က ပြောလိုက်သည်။ "ငါတို့ ဟွာယုအကြောင်းပြောရအောင် ပိုင်ယင်းရော ငါရော သူ့ဦးနှောက်က တစ်ခုခုမှားနေတယ်လို့ ထင်တယ်။ အဲ့လို မဟုတ်ရင် သူမ ဘာလို့ ငါ့ကိုတွေ့တိုင်း ရန်လိုက်ရှာနေတာလဲ ငါ အရူးတစ်ယောက်နဲ့ ဖက်ပြီး ပြဿနာမဖြစ်ချင်ပါဘူး ဒါပေမယ့် ငါစိတ်အနှောက်အယှက်ဖြစ်ရတယ်။"

မစ်စတာနဲ့ မစ်စ်ဟွာ ကလည်း သူတို့ သမီးအရင်းက ဟွာတျန်နဲ့ မျက်နှာချင်းဆိုင်လိုက်ရတိုင်း သူမက အလွယ်တကူ တည်ငြိမ်မှုကို ဆုံးရုံးသွားပြီး အမြဲတမ်း ရူးသွပ်တဲ့ အလုပ်တွေ လုပ်တာကို ခံစားရဖူးတယ်

ဟွာတျန် ကျောင်းကိစ္စနဲ့ ပက်သက်ပြီးတော့ ဟွာယုအတွန့်တက်တဲ့ အခါမှာလည်း သူတို့က ဘာမှ မပြောကြပေမယ့် ဟွာယု ဉာဏ်ရည်ကို သံသယဝင်လာကြလေသည်။

မစ်စတာဟွာက အသံတိုးတိုးဖြင့် ပြောလေသည်။ "အဖေ သမီးကို ကျောင်းပို့တယ်ဆိုတာ သမီးလေ့လာသင်ယူနိုင်အောင်ပို့တာ သူများနဲ့ ရန်ဖြစ်ပြီး ဟွာမိသားစု သိက္ခာကို ချဖို့ မဟုတ်ဘူး"

ဟွာယုက ဝမ်းနည်းလွန်းပြီး သူ့မျက်လုံးကနေ မျက်ရည်တွေ စီးကျလာလေသည်။ "အဖေ ဟွာတျန်ကမှ ဟွာမိသားစိုက အရှက်ရအောင်လုပ်တဲ့သူပဲလေ သူ ဟွာမိသားစုမှာရှိတုန်းက ဘယ်တော့ မှ စာမကြိုးစားဘဲနဲ့ သူမ ဒီက ထွက်သွားတော့မှာ သူမ အဆင့်တွေက ခုန်ကျော်တက်သွားတာ အဲ့တာက အမေနဲ့ အမေကို ကလေးကို ပညာဘယ်လိုသင်ပေးရမလဲဆိုတာ မသိဘူးလို့ ပြောနေတာမဟုတ်ဘူးလား သမီးက သမီးတို့ မိသားစု သိက္ခာကျအောင်လုပ်လို့ စိတ်တိုတာပဲ ရှိတာပါ။"

ဘယ်လိုပဲဖြစ်ဖြစ် ဟွာယု အကြောင်းပြချက်ကို မစ်စတာဟွာက မယုံကြည်ခဲ့ပါ။ သူက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။ "သမီး ဆင်ခြေပေးစရာမလိုဘူး အဖေသိတယ် သမီး ဟွာယုကို ကျောင်းမှာ မမြင်ဘူးဆိုတာ ဘာလို့လည်းဆိုတော့ သူမရှိနေတာက သမီးက မိသားစု အပြင်ဘက်မှာ ဆယ်နှစ်ကျော်လောက်နေခဲ့ရတယ်ဆိုတာ ကို သတိရနေမှာစိုးတာကြောင့်မလား။ အရင်တုန်းက သမီးက ငါတို့ ဂုဏ်ယူနိုင်အောင် လုပ်နိုင်မယ့် သမီးကောင်းလေးပဲလို့ ငါထင်ခဲ့တယ်။ ဒါကြောင့် သမီးဆန္ဒ အတိုင်းဟွာတျန်ကို အဖေ အဝေးကို နှင်ထုတ်ခဲ့တယ်။ ဒါပေမယ့် အခုတော့ ကြည့်ရတာ အဖေ့ ဆုံးဖြတ်ချက် မှားသွားပြီထင်တယ်။"

ဟွာယု မျက်နှာက ဖျော့တော့သွားလေတော့သည်။ တကယ်လို့ သူမ အရင်ဘဝကို ပြန်သွားရမည်ဆိုလျှင် မည်သို့ ဖြစ်သွားမည်နည်။ သူမ မိဘတွေ သူမ အပေါ်ကို တန်ဖိုးထားလာအောင် ဘယ်လိုပဲ ကြိုးပမ်းပါစေ အရာမထင်လာခဲ့ပါဘူး။

ဟွာတျန် အလှည့်တုန်းကကျတော့ အရာရာဟာ ဆန့်ကျင်ဘက်တွေချည်း ဖြစ်ခဲ့လေသည်။ စီဟွမ် ဇနီး အနေဖြင့် သူမ မိဘတွေက သူမ အပေါ် ဘယ်လောက်ပင် ခံစားချက်ကင်းမဲ့နေပါစေ သူတို့က အပြင်လူတွေရှေ့မှာ သူမကို အပြုံးဖြင့် ဖော်ဖော်ရွေရွေ ဆက်ဆံကြသေးသည်။

သူမ ရှေ့က အဖေက သူမ အရင်ဘဝတုန်းက အဖေနဲ့ အတူတူပဲ ဖြစ်ပုံရလေသည်။ ဟွာယုက သူမ အရင်ဘဝကလို သရဲဘောကြောင်ပြီး သတ္တိနည်းသော မိန်းကလေးဖြစ်လာပြီး သူမ သူမအဖေကို "အဖေ သမီး ကို အဲ့လို မဆက်ဆံပါနဲ့ သမီး ကြိုးစားပါ့မယ်ဟု" တောင်းပန်နေရသလိုမျိုး ခံစားနေရလေသည်။

ဘယ်လိုပဲ ဖြစ်ပါစေ ဟွာယု ပုံမှန် မဟုတ်တဲ့ အပြုအမူတွေက မစ်စတာဟွာ အကြည့်တစ်ချက်နဲ့တင် အကုန် ပျောက်ကွယ်သွားလေသည်။ သူက မစ်စ်ဟွာကိုပြောလိုက်သည်။ "မင်းက သူ့အမေပဲ ဒါကြောင့် သူမကို သူမ ဘာလုပ်သင့်တယ်ဆိုတာကို နားချသင့်တယ်"

မစ်စ် ဟွာက ခေါင်းငြိမ့်လိုက်ပြီး "ရှင် အလုပ်သွားလုပ်တော့လေ ကျွန်မနဲ့ ထားခဲ့လိုက်ပါ။" ဟုပြောလိုက်သည်။

မစ်စတာဟွာ ထွက်သွားပြီးနောက် မစ်စ်ဟွာက ဟွာယုဆီ လမ်းလျှောက်လာပြီး သူမ လက်ကို မြှောက်လိုက်ကာ ပါးကို ခပ်ကြမ်းကြမ်းရိုက်ချလိုက်သည်။ "အခု နင် အသိတရားရပြီလား"

ဟွာယု သူမ မျက်နှာကို လက်နဲ့ ကာထားလိုက်ပြီး သူမ ပခုံးတွေက ကျုံနေသော်လည်း သူမ တစ်ခွန်းမှ ပြန်မပြောရဲခဲ့ပါ။

မစ်စ် ဟွာ က အသံတိုးတိုးနှင့် ဆက်ပြောနေတုန်းပင်။ "ဟွာယု နင်က ငါ့ကို တကယ်ပဲ စိတ်ပျက်စေတယ်။ နင် ဟွာတျန်ကို ဘယ်လို မုန်းမုန်း သူမကို ဘာလုပ်လုပ် ငါဂရုမစိုက်ဘူး ဒါပေမယ့် နင် သူမက ကို ဒီလို ရူးမိုက်တဲ့ အရာမျိုး သွားလုပ်တာ ငါနင့်ဘက်က မရပ်တည်ပေးနိုင်ဘူး"

"အမေ..?" ဟွာယုက မျက်ရည်ရွဲနေတဲ့ မျက်လုံးတွေဖြင့် သူမ အမေကိုကြည့်လိုက်သည်။

မစ်စ် ဟွာက ဟွာယု ဆံပင်တွေကို ငြင်သာစွာပွတ်ပြီး ပြောလိုက်သည်။ "လိမ္မာပါတယ်။ သမီး ရန်သူကို မျက်တောင် မခတ်ဘဲ ဘယ်လို သတ်မလဲဆိုတာ သမီးသင်ယူရမယ်။ သမီးမှာ ဟွာတျန်နဲ့ ယှဉ်ရင် ဘာတွေ အားသာချက်ရှိလည်းဆိုတာ သေချာစဉ်းစားပါ။ အဲ့အားသာချက်ကို သမီးရဲ့ ရန်သူကို တိုက်တဲ့နေရာမှာ ဘယ်လိုအသုံးချမှာလဲ"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment