no

Font
Theme

Chapter-3 ဟွာမိသားစုအိမ်မှ ထွက်ခွာခြင်း

"ယုယု က အိန္ဒြေမပျက် နေနိုင်သေးတာပဲ။ သူမ မှာ ဂုဏ်သရောရှိ မိသားစုကြီးတွေ မှာရှိသင့်တဲ့ လက္ခဏာတွေ တကယ်ရှိတာပဲ"

သူတို့ နောက်မှာ ရှိနေတဲ့ ဧည့်သည်တွေက သူမ တို့ နှစ်ယောက်ကြားက အခြေအနေ မကောင်းဘူးဆို တာကို သတိထားမိသွားကြတယ်။ သူတို့ထဲက တစ်ချို့က ပါ ကြားဝင်လာတော့သည်။ " တျန်တျန် မင်းနဲ့ ယုယုက သွေးသားချင်း မတော်စပ်ပေမယ့် မင်းရဲ့ ညီမလေးက မင်းကို မျှဝေပေးထားတဲ့ ကျေးဇူးတွေရှိသေးတယ်။ မင်း ကျေးဇူးကန်းတာလား"

ဒီအမျိုးသမီးက ဟွာထျန်နဲ့ အရင်က ဆက်ဆံခဲ့ဖူးပြီး ဟွာထျန်က သူဖြစ်ချင်တာ မဖြစ်ရရင် ပြဿနာရှာပြီး ဒုက္ခပေးတတ်သူ လို့ မြင်နေသူတစ်ယောက်ဖြစ်သည်။ဒါကြောင့် အခြေအနေ တွေကို ထိန်းချုပ်နိုင်အောင် ဟွာယုဘက်က ဝင်ရောက်ပြောဆိုပေးခြင်းဖြစ်သည်။

"ညီအစ်မ လား။"

ဟွာထျန်က အခြေအနေ ဝင်ရောက်ဖြန်ဖြေပေးသူကိုကြည့်လိုက်ပြီး သူမ ဘယ်သူလည်းဆိုတာကို မှတ်မိသွား၏။

"အန်တီ ဆုန် ဟွာယုက ကျွန်မကို ညီအစ်မ အဖြစ် ဆက်ဆံမယ်လို့ ထင်နေတာလား"

ဟွာယုက အန်တီဆုန်ကို မင်သေသေ နဲ့ ပြုံးပြသော်လည်း သူမ စကားတွေကတော့ အေးစက်နေလေသည်။

"ကျွန်မ က ဟွာမိသားစုရဲ့ တစ်ဦးတည်းသော သမီး ပဲ။ ပြီးတော့ ဟွာထျန် နင်က နင်မပိုင်ဆိုင်တဲ့ အရာတွေကို ဆယ်စုနှစ် ကျော်ကျော် လောက်ခံစားခဲ့ပြီးပြီးပဲ။ ဒါကြောင့် နင်က အရှက်မရှိ အိမ်မှာဆက်နေမယ် ဆိုရင်တောင် ငါကတော့ နင့်ကို ညီအစ်မအဖြစ် သတ်မှတ်မှာမဟုတ်ဘူး "

အန်တီ ဆုန် က အနည်းငယ် မျက်နှာပျက်သွားလေသည်။ သူမက ဟွာမိသားစု က အတုအယောင်သမီးနဲ့ ပက်သက်ပြီး အခြေအနေ ဘယ်လိုဖြစ်နေတယ်ဆိုတာကို ဂရုမစိုက်ပါ။ သူမက ဟွာထျန် အခြေအနေကို ဆိုးဆိုးဝါးဝါး မလုပ်ပစ်ခင် ထိန်းချုပ်နိုင်စေရန် အတွက် ဝင်ရောက်ပြောဆိုပေးခြင်းဖြစ်သည်။ အခုတော့ ဟွာယုပြောတဲ့ စကားတွေက သူမက အမြင်မမှန်တဲ့လူ ဖြစ်သွားစေသည်။

ခုတော့ ဧည့်သည်တွေကို ဧည့်ခံနေတဲ့ မစ်စ် ဟွာ ရောက်ရှိလာ၏။

မစ်စ် ဟွာက အန်တီ ဆုန်ကို ခေါင်းညိတ်ပြလိုက်ပြီး ဟွာယုအနောက်တွင်ရပ်လိုက်၏။ ထို့နောက် ဟွာယုပခုံးပေါ်မှာ လက်တင်ထားလိုက် ပြီး သူမတို့က ဟိုးအရင်ကတည်းကပင် ရင်းနှီးနေခဲ့သည်နှင့်ပင် တူလေသည်။

"ဟွာထျန် ငါတို့ မနေ့က မင်းကို ရှင်းရှင်းလင်းလင်း ပြောထားခဲ့ပြီးပြီ ထင်တယ်။ မင်းဘယ်လောက်ပဲ အရင်က မင်းဘယ်လောက်ပဲ မဆင်မခြင် လုပ်ခဲ့ လုပ်ခဲ့ အခု မင်းက ငါတို့ သမီးအရင်း မဟုတ်တော့ဘူး။"

ဟွာထျန်က ပခုံးတွန့်ပြလိုက်ပြီး "အန်တီ ကျွန်မ ဘယ်သူဆိုတာကို ခဏခဏ ပြောပြနေဖို့ မလိုပါဘူး။ အန်တီ ကျွန်မကို ဒီအိမ်ကနေ အမြန်ဆုံးထွက်သွားချင်နေတယ်ဆိုတာ ကျွန်မသိပါတယ်။ ကျွန်မလည်း ကျွန်မနဲ့ မပက်သက်တော့တဲ့ အိမ်မှာ အရှက်မဲ့မဲ့ ဆက်နေဖို့ အစီအစဉ် မရှိပါဘူး။"

သူမ အမေဖြစ်ခဲ့ဖူးသည့် မစ်စ်ဟွာက မျက်မှောက်ကြုံလိုက်ပြီး ပြောလိုက်သည်။ "ဒါဆို မင်းဘာလို့ ဒီမှာရှိနေသေးတာလဲ"

"ကျွန်မ ရှင့်ကို ၁၀ နှစ်ကျော်တောင် အမေလို့ ခေါ်ခဲ့တာလေ။ ကျွန်မ ထွက်မသွားခင်လေ ဝဝလင်လင်လေးတောင် မစားစေချင်တော့ဘူးလား"

ဟွာထျန် က ပြောလိုက်သည်။ "ဪ မေ့နေတာ အိမ်ထောင်စုဇယားမှာ ကျွန်မ နာမည်ကို ဖျက်ဖို့ ကျန်သေးတယ်နော် ရှင်မလုပ်နိုင်ရင် ကျွန်မကိုပေးလိုက် ကျွန်မကိုယ်တိုင် သွားလုပ်လိုက်မယ်"

ဒီလို စကားကို ဧည့်သည်တွေ ကြားလိုက်ရတော့ မစ်စ် ဟွာကို သူတို့က ကွဲပြားတဲ့ အမြင်တွေနဲ့ ကြည့်လာကြသည်။

ဖြောင့်မတ်မှန်ကန်တဲ့ ဧည့်သည် တစ်ယောက်က အကူအညီတော့ မပေးပေမယ့် စကားတစ်ခွန်းပြောလိုက်သည်။

"ဟွာတျန်လေးက သနားစရာကောင်းလိုက်တာ မနေ့ကတင်ပဲ သူမ ဘယ်သူဆိုတာကို ဖော်ထုတ်ခံရပြီး ဘာမှ မပြင်ဆင်ရသေးခင် ချက်ချင်းဆိုသလို မောင်းထုတ်ခံနေရတယ် ဒါက သူမ အတွက် ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်စေလိမ့်မယ်"

ဟွာယုက အေးစက်စက် ပြုံးလိုက်ပြီး "ဟွာတျန်က ကျွန်မ နေရာ နေပြီး ကျွန်မ ပိုင်ဆိုင်သမျှတွေကို ဆယ်နှစ်ကျော်လောက် ခိုးယူခံစားနေခဲ့တာလေ။ သူမ ဘာတွေပြင်ဆင်ဖို့လိုနေလဲဆိုတာ ကျွန်မ မခန့်မှန်းနိုင်ဘူး "

ဟွာတျန်က နောက်ဆုံးတော့ မုန့်ပန်းကန်ပြားကို အောက်ချလိုက်သည်။ ထို့နောက် ဟွာယုကိုကြည့်ပြီး သူမက ပြောလိုက်သည်။

"နင် ငါ့ကို တော်တော် မုန်းနေတယ်ထင်တယ်။ ငါတို့ မိဘတွေ ကလေးချင်းမှားခဲ့ကြတုန်းက ငါတို့က ကလေးပေါက်စလေးပဲ ရှိသေးတာလေ အဲ့အမှားလုပ်ခဲ့တဲ့ ဝန်ထမ်းကို နင် အပြစ်တင်ချင်တင်လို့ရတယ် ဒါပေမယ့် အဲ့ဒေါသတွေကို ငါ့ဆီကို လာပုံချစရာမလိုဘူးလေ "

"နင်က ငါ့ဒေါသတွေ နင့်အပေါ်ပုံချနေတယ်လို့ ထင်နေတာလား"

ဟွာယုက ကဲ့ရဲ့တဲ့ လေသံဖြင့်ပြောလိုက်သည်။

"အဲ့ ဆေးရုံက ဝန်ထမ်းတွေက တကယ်ပဲ အဲ့လို အမှားမျိုးလုပ်လိမ့်မယ်လို့ နင်ထင်နေတာလား။ တစ်ယောက်ယောက်က သူတိုကို မခိုင်းဘူးဆိုရင် သူတို့ အဲ့လိုလုပ်ရဲမှာမဟုတ်ဘူး"

ဧည့်သည်တွေက အံဩကုန်ကြသည်။

"တစ်ယောက်ယောက်ကများ ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့ နှစ်ယောက်ကို လဲလှယ်ခဲ့တာလား။ ဒါက ဆိုးဝါးလွန်းတယ်။"

ဟွာထျန် သည် ဟွာယု၏ မကျေမနပ်ဖြစ်နေတဲ့ မျက်နှာကိုကြည့်လိုက်ပြီး ဟွာယုက သူမတို့ကို တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ လဲထားတာကို အမှန်တကယ်ထင်နေကြောင်း သိရှိသွားသည်။ အခုကစပြီး သူမနဲ့ စကားပြောရင် သတိထားပြောရတော့မယ်။

"တကယ်လို့ တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ ငါတို့ နှစ်ယောက်ကို အလဲအလှယ်လုပ်ခဲ့တာလို့ နင်ထင်နေရင် နင် ရဲတိုင်ချင်တိုင်လို့ရတယ် ဒါမှမဟုတ် ခိုင်မာတဲ့ သက်သေအထောက်အထားရှာပေါ့"

ဟွာတျန်က အေးစက်စက်ပြောလိုက်သည်။ "ပြီးတော့ နင့်အထင်နဲ့ ငါ့ကို ရာဇဝတ်သားတစ်ယောက်လို့ မြင်မနေနဲ့ "

မစ်စ် ဟွာကတော့ အေးစက်ငြိမ်သက်နေပြီး စိတ်အနှောက်အယှက် ဖြစ်နေဟန်တူသည်။ ထို့နောက် သူမက ဟွာယုကို စကားဆက်မပြေရန် လက်ဟန်ပြလိုက်ပြီးနောက် သူမက ဆက်ပြောလေသည်။

"ဟွာတျန် နင် ဘယ်လိုပဲ လဲခံရ တာဖြစ်ဖြစ် ငါတို့ ဟွာမိသားစုက ဆယ်နှစ်ကျော်ကျော် တတ်နိုင်သလောက် ထောက်ပံပေးခဲ့ပြီးပြီ ငါတို့ အဲ့အရာတွေကို ပြန်မလိုချင်ပါဘူး ငါတို့လိုချင်တာ နင် အေးအေးချမ်းချမ်းနဲ့ ဒီအိမ်က ထွက်သွားပြီး နောက်ထပ်ငါတို့နဲ့ မပက်သက်ပါနဲ့တော့"

သူမ စကားတွေက ဧည့်သည်တွေရဲ့ အမြင်ကို ချက်ချင်းပြောင်းလဲပစ်လိုက်သည်။

ဧည့်သည် တွေက ပထမတော့ ဟွာမိသားစုက ဟွာတျန်အပေါ် အေးစက်လွန်တယ်လို့ ထင်နေကြ၏ သို့သော် မစ်စ်ဟွာ ပြောလိုက်တဲ့ စကားတွေကို ကြားအပြီးမှာတော့ သူတို့က ဒီစကားလုံးတွေက အဓိပ္ပါယ် ရှိသည်ဟု ထင်လာကြသည်။ ဟွာတျန်က ဒီလို အရေးကြီးတဲ့ ပွဲမျိုးမှာ ပြဿနာဖြစ်အောင် မလုပ်သင့်ပေ။

ဟွာတျန်က မစ်စ်ဟွာရဲ့ ဆိုလိုရင်းက ဟွာယုထက် အများကြီး ပိုပါးနပ်တာကို သတိထားမိလေသည်။ သူမက သူမတို့ နာမည်တွေနဲ့ မသင့်လျော်တဲ့ အပြုအမူတွေ အားလုံးကို ဖယ်ရှားပစ်လိုက်ဖို့ "ကြင်နာမှု" ဆိုတဲ့ စကားလုံးကို လှလှပပလေး အသုံးချသွားခဲ့သည်။

သူမက ဟွာမိသားစုနဲ့ ဖက်ပြိုင်ပြောရမှာ အရမ်းပျင်းစရာကောင်းတဲ့အတွက် တိုတိုနှင့် လိုရင်းကိုပဲ ပြောလိုက်လေသည်။ "ရှင်က အဲ့ကျေးဇူးကို သိပ်ဂရုစိုက်နေရင် ကျွန်မဆီကို ကုန်ကျစရိတ်ပို့ပေးလိုက်ကျွန်မ အကုန်ပြန်ပေးမယ်"

မစ်စ် ဟွာက ဟွာတျန်က သူမအတွက် ဘယ်ဟာက ကောင်းတယ်ဆိုတာကို မသိပါလားလို့ ထင်နေသည်။ သူမ အပေါ်ယံ ဟန်ဆောင်နေရတာတွေကို သည်းမခံနိုင်တော့ပါ။"ဒါဆို အဆက်အသွယ်မလုပ်တော့ဘူးဆိုတာနဲ့ အကြွေးပြန်ဆပ်မယ်ဆိုတဲ့ ကတိကို စာချုပ်မှာ လက်မှတ်လာထိုး ဒါက အပြောသက်သက်ပဲ မဟုတ်ဘူးလို့ ထင်တယ်"

ဟွာတျန်က သူမ ဒါကို ပြောကတည်းက ဒီအရာကို သူမပြန်ဆပ်မည်ဟု ဆုံးဖြတ်ထားပြီးဖြစ်သည်။ အရင် ဟွာတျန်က ဘယ်လိုပဲ အသုံးအဖြုန်းကြီးခဲ့ ကြီးခဲ့ လက်ရှိသူမကတော့ သူမကြောင့် အနာဂါတ် အာကာသနှင့် အချိန် နည်းပညာကဏ္ဍ တွင် ကြီးမားသော ရိုက်ခတ်မှုများ ရှိလာပေလိမ့်မည်။ သူမ ဟွာမိသားစုမှာ ဆယ်နှစ်လောက်သုံးခဲ့တဲ့ ကုန်ကျစရိတ်ကို ပြန်မပေးနိုင်ဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဟွာတျန်နှင့် မစ်စ် ဟွာက ပွဲခန်းမထဲကနေ ထွက်လာခဲ့ကြသော်လည်း ဧည့်သည်တွေ ကြားထဲမှာတော့ သူတို့ အကြောင်း အနည်းနဲ့ အများဆွေးနွေးရင်ကျန်ခဲ့ကြသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment