Chapter26 - ငါနဲ့ ဝေးဝေးနေ
အမှန် အတိုင်းပြောရရင် ဟွာတျန်က ဟွာယုနဲ့ ခဏခဏ အတိုက်အခံမဖြစ်ချင်ပါဘူး။ သူတို့ နှစ်ယောက် ဆယ်စုနှစ် တစ်ခု ကျော်ကျော်လောက် ဘာအကြောင်းကြောင်းနဲ့ဖြစ်ဖြစ် မှားခဲ့ပါစေပေါ့။ ဟွာယုရဲ့ အကျိုးခံစားခွင့်တွေကို နဂိုမူလ ဟွာတျန် က အများကြီး ခံစားခဲ့ရတာတော့ ငြင်းပယ်လို့မရပါဘူး။
ဒါကြောင့် ဟွာယုက သူမကို ဘယ်လောက်ပဲ ခဏခဏ ရန်စဖို့ ကြိုးစားပါစေ သူမ အမြဲတမ်း တော်တော်လေးသည်းခံပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဟွာယုက လုံးဝမရပ်တန့်ပဲ သူမ သည်းခံနိုင်စွမ်း ကုန်ဆုံးလာတာကို သတိထားမိလာလေသည်။
ဥပမာအားဖြင့် ဟွာတျန်သည် ဟွာယုရဲ့ ဒေါသကို ခံနိုင်ရည်မရှိတော့ဘူးလို့ ခံစားလာရတာမျိုးပေါ့။
သူမက ဟွာယုစီက ကျောင်းသားမှတ်တမ်းဖောင်ကို ပြန်လုယူလိုက်ပြီး ပြောလိုက်သည်။ "နင် ဘယ်ဆရာကိုပဲ ရှာရှာ သူ ဒီမှာမရှိဘူး နင် ဆရာတွေရဲ့ ရုံးခန်းထဲကို ခွင့်ပြုချက် မရှိပဲ မဝင်သင့်ဘူးထင်တယ်။ နင့် အပြုအမူတွေ ကို ဆရာတွေ နားလည်မှု လွှဲသွားနိုင်တယ် နင်လက်ခံလား ကျောင်းသူ ဟွာ"
ဟွာတျန်ရဲ့ စွပ်စွဲချက်ကြောင့် ဟွာယု မျက်လုံးတွေက နီရဲလာလေသည်။ "နင့်လို အမှားကို အမှန်ဖြစ်အောင် ပြောနေတဲ့သူမျိုး ငါတစ်ခါမှ မမြင်ဖူးဘူး နင်ပဲ ငါ့ကို ဝင်ခွင့်ပေးခဲ့တာလေ ပြီးတော့ ဆရာမရှိတုန်း ခိုးဝင်ခဲ့တာလည်း နင်ပဲလေ အာ နင် တစ်ခုခုလာခိုးတာမလား"
ဟွာယု အပြောကြောင့် ဟွာတျန် ပြောစရာ စကားမဲ့သွားလေသည်။ သူမ ရုံးခန်းထောင့်က စောင့်ကြည့်ကင်မရာကို ညွှန်ပြလိုက်လေသည်။ "နင်အဲ့တာကိုမြင်လား အဲ့တာကို စောင့်ကြည့်ကင်မရာလို့ခေါ်တယ်။ ဘယ်သူမှ ကင်မရာအောက်မှာ ပစ္စည်းခိုးရဲလောက်အောင် မအဘူးလေ"
ဟွာယုက သူမ ဉာဏ်ရည်ကို လှောင်ပြောင်ရမလား ဆိုပြီးပိုစိတ်တိုသွားလေသည်။ "အဲ့မှာ စောင့်ကြည့်ကင်မရာတွေရှိတော့ရော ဘာဖြစ်လည်း ငါ တစ်ခြားသူတွေကို နင်က ရုံးခန်းထဲက ပစ္စည်းတွေ ခိုးနေပါတယ်လို့ ပြောလိုက်ရင် သူတို့ ဘယ်သူကို ယုံကြမယ်ထင်လည်း နင်လား ငါလား"
တစ်ခြားသူတွေက ငါ့ကို ယုံမှတော့ ဘာကိုထပ်ဂရုစိုက်နေရမှာလဲ။ သူတို့ ယုံကြည်မှုကို ငါဘာလို့ရထားလဲဆိုတာပြောပြရဦးမှာလား
ဟွာတျန်က ဟွာယုကို သနားစရာအကြည့်နဲ့ကြည့်လိုက်ပြီး အကြံပေးလိုက်သည်။ "နင်က အမြဲတော်နေတာ ငါမှတ်မိပါသေးတယ်။ နင့်ရလဒ်တွေက အမြဲ 1 to 3 ဝင်တာချည်းပဲ ဒါပေမယ့် နင်ငါနဲ့တွေ့ရင် ဘာလို့ အဲ့လောက်ပိန်းနေရတာလဲ။ နင် အနာဂါတ်မှာ ငါနဲ့ ဝေးဝေးနေသင့်တယ်ထင်တယ်။ "
"နင်ကများ"
ဟွာယုသည် သူမ ပေါက်ကွဲ ထွက်တော့မလိုခံစားလိုက်ရသည်။ ဟွာတျန်က အခုလိုချိန် ဘာလို့ အရမ်းတည်ငြိမ်နေမှန်း သူမ နားမလည်နိုင်ခဲ့ပါ။
"သူမက ဟွာမိသားစုက ထုတ်ပယ်ခံရပြီးပြီလေ အခုဆို သူမက ညစ်ပတ် စုတ်ပြတ်နေတဲ့ ရွာမှာ နေနေရတာမဟုတ်ဘူးလား။ သူမက ငါတို့ ကျောင်းကနေလည်း ထုတ်ပယ်ခံရပြီး သူမ ဘဝ အတွက် အလုပ်ဝင်လုပ်ရတော့မှာကို ဒါပေမယ့် ဟွာတျန်က ဘာလို့ သူ့မျက်နှာ က ဘာလို့ စိတ်ပျက်လက်ပျက်ဖြစ်မနေတာလဲ"
ဟွာယု လိုချင်တာက ဟွာတျန် မျက်စိပျက် မျက်နှာပျက်ဖြစ်ပြီး စိတ်ဓာတ်ကျနေတာမျိုးကို မြင်ချင်ခဲ့တာပါ။
ဟွာတျန်က ဟွာယု ဒေါသအထွက်လွန်ပြီး မူးမေ့သွားမှာလဲ ကြောက်ပေသည်။ သူမက မျက်မှောက်ကြုတ်ကာ ပြောလိုက်သည်။ "နင်ဘာဖြစ်နေတာလဲ နင်ငါနဲ့ မတည်တာတောင်မှာ ငါနဲ့ နီးအောင် လိုက်ကပ်နေတယ်။ နင်နဲ့ ငါ့ အကြောင်းမသိတဲ့သူတွေက နင်ငါ့ကို ကြိုက်နေတယ်လို့တောင် ထင်နေကြပြီ"
"နင်က စောက်ရှက် မရှိတာဘဲ ဘယ်သူက နင့်ကိုကြိုက်နေလို့လဲ" ဟွာယုက သူမလက်သီးဆုပ်ထားပြီး ဟွာတျန်ကို ပါးရိုက်လိုက်ချင်ပေမယ့် စောင့်ကြည့်ကင်မရာကို သတိရသွားပြီး သူမ ဒေါသကို ထိန်းထားနိုင်ခဲ့သည်။
အဲ့ဒီ အချိန်မှာပဲ ခြေသံတစ်ချို့ ထွက်ပေါ်လာလေသည်။ ဆရာဝမ်က တံခါးကို တွန်းဖွင့်ပြီး အထဲဝင်လိုက်တဲ့အခါ သူ့ထိုင်ခုံရှေ့မှာ တစ်ယောက်က ထိုင်ပြီး တစ်ယောက်က မတ်တပ်ရပ်တဲ့ လူ၂ ယောက်ကို မြင်လိုက်ရလေသည်။
သူက ဟွာယုကို ခေါင်းငြိမ့်ပြလိုက်လေသည်။ "သမီး ဘယ်သူ့ကို ရှာနေတာလဲ နေရာလွတ်တစ်ခုခုမှာ ထိုင်နေလိုက်ပါ တစ်ခြားဆရာတွေ မကြာခင်ပြန်လာကြလိမ့်မယ်"
"ဆရာ သမီး..."
ဟွာယုက သူမက ဆရာဝမ် အတန်းက ဆိုတာကို ပြောလိုက်ချင်ပေမယ့် ဆရာက သူမကို အာရုံမစိုက်ဘူးဆိုတာ သတိထားမိသွားလေသည်။
ဆရာဝမ်က သူ့ထိုင်ခုံရှေ့မှာ ထိုင်နေတဲ့ ဟွာတျန်ကို သာ စိုက်ကြည့်နေပြီး "ဟွာတျန် စောင့်ရတာ ပျင်းနေပြီလား"
ဟွာတျန်က မတ်တပ်ထရပ်လိုက်ပြီး သူမ နေရာကို ဆရာဝမ်အတွက် ဖယ်ပေးလိုက်လေသည်။ ဒါပေမယ့် သူက ဟွာတျန် ပုခုံးကို ပြန်ဖိချလိုက်သည်။ "ဟုတ်ပါပြီ သမီးဆက်ထိုင်နေပါ ဆရာဘေးကပဲ ရပ်နေပါ့မယ်"
ဟွာတျန်က ကျောင်းသားမှတ်တမ်းဖောင်ကို ဆရာဝမ်ကို ပေးလိုက်ပြီး "ဆရာ ဒါသမီး ဖောင်ပါ"
ဆရာဝမ်က ဖောင်ကို တစ်ချက်ကြည့်လိုက်ပြီး ပျော်သွားဟန်ဖြင့် "မဆိုးပါဘူး..."
ဟုပြောလေသည်။ ဟွာတျန်က ဆရာက ဘာလို့ ပျော်သွားလည်းဆိုတာ မသိပါ။ သူမ က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။ "မဆိုးဘူးဆိုတာက ဘာကိုပြောတာလည်းဟင် သမီး လက်ရေးက သာမာန်ဖြစ်နေလို့လား"
ဟွာယုက သူတို့ ပြောတာကို နားထောင်နေရင်း ဘာမှ မပြောနိုင်ပေမယ့် သူမ တိုးတိုးလေး ပြောလိုက်လေသည်။ "ဒါကို ဘယ်လိုလို သာမာန်လို့ ပြောရဲတာလဲ"
ဆရာဝမ်က တော့ ပုံမှန်လူတွေရဲ့ အကြားအာရုံပဲ ရှိတာမို့ မကြားနိုင်ပေမယ့် ဟွာတျန်ကတော့ အကြားအာရုံကောင်းပြီး နားပါးတဲ့ အတွက် ဟွာယုပြောတာကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရလေသည်။
ဟွာတျန်က ဟွာယုနဲ့ ရန်ဆက်မဖြစ်ချင်တော့ပါ။ ဒါကြောင့် သူမ ဆရာကို မပျော်မရွှင်ဖြင့်ပြောလိုက်လေသည်။ "ဆရာဝမ် သမီး လုပ်စရာလေးတွေ ရှိသေးလို့ ဘာကိစ္စမှ မရှိတော့ရင် သမီး အိမ်ပြန်လိုက်တော့မယ်"
ဟွာယုက အံဩသွားပြီး ဝင်ပြောလိုက်လေသည်။ "ဟုတ်သားပဲ ဆရာဝမ် ဟွာတျန်ရဲ့ ငွေထုတ်မယ့် လုပ်ငန်းစဉ်ကို မြန်မြန်လုပ်ပေးလိုက်ပါလား ဆရာ သူမ အလုပ်ကို အနှောက်အယှက် မပေးသ့င်ဘူး" နောက်ဆုံးတော့လည်းဟွာတျန်က အနာဂါတ်မှာ သူမကိုယ် သူမ ပဲ အားကိုးရတော့မှာပါပဲလေ။
ဆရာဝမ်က ဟွာယုကို တစ်ချက် ကြည့်လိုက်လေသည်။ သူ့မျက်နှာက ဘယ်လိုမှ ဖော်ရွှေတဲ့ ပုံစံ ဖြစ်မနေတော့ပါ။ သူ့ရဲ့ ခပ်တည်တည် အကြည့်က ကျောင်းသားဆိုး တွေတောင်မှ ကြောက်လန့်သွားစေနိုင်လေသည်။ ဟွာယု က ဆရာဝမ် အကြည့်တွေရဲ့ ဖိအားတွေအောက်မှာ ခက်ခက်ခဲခဲ ရပ်နေရလေသည်။
"ကျောင်းသူ ဆရာ မင်းဘယ်အတန်းကလည်းဆိုတာ မသိဘူး ဒါပေမယ့် ကျောင်းသားတိုင်းက ဆရာတွေကို လေးစားသင့်တယ်။ ဆရာတစ်ယောက် က တစ်ယောက်ယောက်နဲ့ စကားပြောနေတုန်းမှာ ကြားဖြတ် မပြောဘဲ တိတ်တိတ် နေပေးရတယ်ဆိုတာ အခြေခံ စည်းကမ်းပဲလေ"