Chapter 14 ချမ်းသာဖို့ နည်းလမ်း
အမှိုက်ပုံ သူဌေးက တင်းချန်လို ဗဟုသုတ နည်းသူ တစ်ယောက်တော့မဟုတ်ပါ။အနည်းနှင့် အများတော့ သူက စက်ရုပ်တွေထုတ်တဲ့ စက်ရုံတွေဆီကို ရောက်ဖူးသည်။ သူက စက်ရုံတွေမှာ သူမြင်ခဲ့တဲ့ စက်ရုပ် လက် တွေကို ပြန်မှတ်မိသွားသည်။
အဲ့ဒီ စက်ရုပ်လက်တွေက ကွန်ပျူတာမှာ ပရိုဂရမ်ရေး ပြီး သူတို့ ထဲ ထည့်ပေးပြီးတဲ့အခါမှာ အလုပ်တွေကို သတ်မှတ်ပေးထားတဲ့အတိုင်း အတိအကျ လုပ်ဆောင်နိုင်ကြတယ်။
ဒါပေမယ့်လည်း တင်းမိသားစုရဲ့ စက်ရုပ်လက်တော့ ပိုထူးခြားပါတယ်။ စက်ရုံတွေမှာ တွေ့ခဲ့ရတဲ့ စက်ရုပ်လက်တွေလောက် မကြီးပေမယ့်လည်း ပိုပြီး သွက်လက် မြန်ဆန်ပေသည်။ အရေးအကြီးဆုံး ထူးခြားချက်မှာ စက်ရုပ်ကို အသံဖြင့် ခိုင်းစေလို့ ရခြင်းပင်ဖြစ်သည်။
တင်းချန်က ဂိုဒေါင် တံခါးခွင့်တို့ အောက်ထပ်က ပစ္စည်းတွေ အပေါ်ထပ်ကို တင်တို့ လို ရိုးရှင်းတဲ့ အမိန့်တွေ ပေးလိုက်တဲ့အခါမှ စက်ရုပ်က ချက်ချင်း အမိန့်နာခံပြီး လျင်လျင်မြန်မြန် လုပ်ဆောင်နိုင်ပေသည်။
အမှိုက်ပုံသူဌေးက စက်ရုပ်လက်ကို သေချာကြည့်ချင်လို့ ပိုပြီး အနားကပ်လာခဲ့ပေမယ့် ရုတ်တရက်သူက ခြေချော်ပြီး ပြုတ်ကျတော့မလိုဖြစ်သွားလေသည်။ အဲ့ဒီ အချိန်မှာ စက်ရုပ်လက်က အမိန် တစ်စုံတစ်ရာ မရဘဲ သူဌေးကို လှမ်းဆွဲထားလိုက်လေသည်။
"အံဩ စရာပဲ အရမ်းအံဩစရာကောင်းတယ်" သူဌေးက စက်ရုပ်လက်ကို စိုက်ကြည့်ပြီးတော့ ဒါက ရိုးရိုး robot မဟုတ်ဘူး smart robot ပဲ ဟု ပြောလိုက်လေသည်။စက်ရုပ်လက်က ရုတ်တရက်လှည့်သွားပြီး ဆူညံသံ တစ်ချို့ ပြုလုပ်ပြီး ထောင့်တစ်နေရာမှာ ပြန်သွားရပ်နေပြီး သူဌေးကို မျက်နှာမူထားလေသည်။ ထိုသို့ မျက်နှာမူထားချင်းက သူ့ကို စောင့်ကြည့်နေသလို ခံစားရစေလေသည်။
သူဌေးက သူအခုမြင်နေရတာက အိပ်မက် မဟုတ်ကြောင်း သိရဖို့ အတွက် အချိန် တော်တော် ကြာခဲ့သည်။ သူပြောပြီးတာနဲ့ ဟွာတျန် ရဲ့ခေါင်းက ဒုတိယထပ် အစွန်ဆုံး အခန်းထဲကနေထွက်လာလေသည်။ သူမရဲ့ ခရမ်းရောင် ဆံပင်တိုတိုက ရုပ်ပွနေပြီး ဧည့်သည်ကို စိတ်လှုပ်ရှားစွာကြည့်နေလေသည်။ " နောက်ဆုံးတော့ တစ်စုံတစ်ယောက်က ပစ္စည်းကောင်းဆိုတာကို သိခဲ့ပြီပဲ ဒါက အိမ်ကပစ္စည်းတွေနဲ့ လေးလံတာတွေသယ်ဖို့ လုပ်ထားတဲ့ ပထမဆုံး စက်ရုပ်မျိုးဆက် တစ်ခုပါ။ စိတ်ကြိုက် တစ်ခု လိုချင်တယ်ဆိုရင် တစ်ခုကို ယွမ် ၁၀၀၀၀ ပဲကျပါတယ် အတော်ကို တန်တဲ့စျေးပဲ " ဟုပြောလိုက်လေသည်။
သူဌေး က အမှိုက်ပုံရဲ့ စျေးကို အကြောင်းမပြန်ရသေးခင် သူက တင်းချန်က ဟွာတျန်ကို ခေါ်လိုက်တဲ့အသံကိုကြားလိုက်ရလေသည်။
"တျန်တျန် မင်းရဲ့ ပန်ဒါ မျက်လုံးကိုကြည့်စမ်း မင်းမနေ့က စောစောမအိပ်ပြန်ဘူးလား အဲ့လို ဆက်လုပ်နေရင် ငါရိုက်ရလိမ့်မယ်"
ဟွာတျန်က နှုတ်မစူပြီး "ဦးလေးက တစ်ချိန်လုံး ဆေးလိပ်နဲ့ အရက်ပဲသောက်နေတာ ဦးလေးလည်း မဟုတ်တာတွေနေတာ "
တင်းချန်က ကြမ်းကြမ်းတမ်းတမ်း ပြန်အော်လိုက်လေသည်။ ငါက အသက်ကြီးနေပြီ နေချင်သလို နေလို့ရတယ်
ဟွာတျန်က တံခါးကို ဖွင့်လိုက်ပြီး အခန်းပြင်ကိုထွက်လာလေသည်။
"အသေအချာပဲလေ သမီးက ငယ်သေးလို့ ဒါကြောင့် ဦးလေးက စံပြဖြစ်နေသင့်တယ် အဲ့တာကြောင့် နောက်ကျရင် သမီးက ဦးလေး လုပ်တဲ့အတိုင်း လိုက်လုပ်မယ် "
သူတို့ ရန်ဖြစ်လို့ မပြီးသေးခင် အပ်ချုပ်ဆိုင်ရဲ့ အနောက်တံခါးက ပွင့်လာခဲ့သည်။ တင်းရုံက မျက်နှာပျက်ပျက်နှင့် မတ်တပ်ရပ်နေပြီး "နှစ်ယောက်လုံး အတူတူပဲ ဘာမှ ပြောမနေကြနဲ့တော့ နောက်ကျရင် ကိုယ့်ခန္ဓာကိုယ် ဂရုမစိုက်ပဲ နေရဲနေကြည့် ငါ မင်းတို့ကို ရိုက်ပေးမယ်"
ဟွာတျန်ရော တင်းချန်ရော ပါးစပ်ပိတ်ပြီး တိတ်ဆိတ်နေကြသည်။ ဒီမိသားစုမှာ ဘယ်သူက အာဏာ အကြီးဆုံးလည်းဆိုတာ သိသာပါတယ်။
ဟွာတျန်က ဒုတိယထပ်ကနေဆင်းလာပြီး သူမက သူမ ဦးလေးရဲ့ဘေးမှာရှိနေတဲ့ သူဌေးကို သတိပြုမိလိုက်သည်။ သူမက မကြာသေးခင်ကပဲ အမှိုက်ပုံက ရတဲ့ ပစ္စည်းကောင်းတွေကို စီမံနေတဲ့ သူမို့လို့ သူတို့ နှစ်ယောက်က မစိမ်းကြပါဘူး။
"အိုး သူဌေး ဇူပါလား သူဌေးက ဉာဏ်ရည်တု စက်ရုပ်လက်ကို စိတ်ဝင်စားတယ်လို့ ကျွန်မ သိထားတယ် သူဌေး အလုပ်အတွက် နည်းနည်းလောက် ဝယ်ထားမလား "
တင်းချန်ကလည်း ဝင်ပြောလိုက်လေသည်။ "ဟုတ်တယ် သူဌေး ဇူ ခင်ဗျားအမှိုက်ပုံက အနံဆိုးထွက်နေတဲ့ အညစ်အကြေးတွေ အတွက်ဆိုရင် လူငှားချင်ရင်တောင် ငှားလို့ရမှာမဟုတ်ဘူး ဒီ စက်ရုပ်လက်တွေက ခင်ဗျားရဲ့ ဒုက္ခကို တော်တော်ကြီး သက်သာသွားစေလိမ့်မယ်"
စီးပွားရေး သမားတစ်ယောက်အနေနဲ့ အမှန်အတိုင်းပြောရရင် သူဌေး ဇူက ဉာဏ်ရည်တု စက်ရုပ် ပထမဆုံး မျိုးဆက်ကို လိုလည်းလိုချင်ပြီး ကုမ္ပဏီကြီးတွေနဲ့ပါ ပူးပေါင်းပြီး ဒီပရောဂျက်ကို လုပ်ပစ်လိုက်ချင်သည်။ သူက ၂နှစ် အတွင်းမှာ ကုဋေကြွယ် သူဌေးကြီး ဖြစ်လာပေလိမ့်မည်။
ဒါပေမယ့်လည်း သူဌေး ဇူက သူနဲ့ အတူတူကြီးပျင်းလာတဲ့ တင်းချန်ကို ကြည့်လိုက်သည်။ ထို့နောက် ဒီစက်ရုပ်လက်ကို လုပ်ခဲ့ပါတယ်ဆိုတဲ့ ဟွာတျန်ကိုလည်း ကြည့်လိုက်သည်။ သူ၏ စိတ်ထဲတွင် ဖြစ်နိုင်ပါ့မလားလို့ တွေဝေနေပေသည်။
သူဌေးဇူ က သက်ပြင်းချလိုက်ပြီး "ငါ မင်းတို့ ၂ယောက်ကို ဘယ်လိုပြောရမလဲ မသိတော့ဘူး မင်းတို့ မိသားစုက လူတွေက မိုက်မဲတဲ့လူတွေပဲ ဘာလို့ တစ်ခြားဟာတွေကို သတိမထားမိတာလဲ"
တင်းချန်ရော ဟွာတျန်ရော မိုက်မဲတယ်လို့ အပြောခံရတာကြောင့် ကြောင်နေပြီး စိတ်တိုနေကြသည်။ တင်းချန်က သူ့အင်္ကျီလက်ကို မတင်လိုက်ပြီး သူ့သူငယ်ချင်းနဲ့ ဆက်စကားပြောဖို့ ပြင်လိုက်သည်။ အဲ့နောက် သူဌေးဇူက သူတို့နှစ်ယောက်ကို စားပွဲမှာထိုင်ခိုင်းပြီး အားလုံကို ပြောပြလိုက်လေသည်။
အဲ့လိုနဲ့ သူတို့ နှစ်ယောက်လုံး အခု ခေတ်မှာ စက်ရုပ်လက်က ဘယ်လောက်ထူးထူးခြားခြား ဖြစ်နေတယ်ဆိုတာ သိလိုက်ရသည်။
ဟွာတျန်က အဲ့တာက နားလည်ရခက်တယ်ဆိုတာသိလိုက်ရသည်။ "ဒါပေမယ့် ကျွန်မက တစ်ချို့ အစိတ်အပိုင်လေးတွေပဲ ကောက်ပြီး အိမ်မှာပစ္စည်းတွေရွေ့ဖို့ ပရိုဂရမ် အနည်းငယ် အယ်ဂိုရမ်သမ် အနည်းငယ်ရေးပြီး ဒီစက်ရုပ်ထဲ ထည့်ပေးလိုက်တာပဲရှိတာလေ"
သူဌေး ဇူက မပြောချင်ပေမယ့် ရှင်းပြလိုက်သည်။ "ပုံမှန် လူတွေဆိုရင် ပစ္စည်းအတင်အချလုပ်ဖို့ လှည်းရှာမလား ဒါမှမဟုတ် ဝန်တင် လက်လှည့်စက်လိုမျိုးဟာ ငှားမှာလား"
ဟွာတျန် မင်သေနေမိပြီး သူမ အတွေးတွေက အခုခေတ်ကြောင့် ကန့်သတ်ခံထားရလေသည်။ ဒီခေတ်မှာက စက်တွေက သိပ်လူကြိုက်မများကြပါ။ လူတွေမှာရိုးရှင်းပြီးတော့ ပိုထိရောက်တဲ့ ဖြေရှင်းနည်းတွေ ရှိနေပေလေသည်။ ရက်အကြာကြီးရောင်းတာတောင် ဘယ်သူမှ စိတ်ကြိုက်ဆင်လို့ရတဲ့ စက်ရုပ်လက်တွေ မလိုချင်ကြတာကိုး
ဒါပေမယ့်လည်း တင်းချန်ကို စိတ်လှုပ်ရှားနေလေသည်။ ငါချမ်းသာဖို့ နည်းလမ်းရှာတွေ့ပြီ