no

Font
Theme

Chapter12 အသက်မွေးဝမ်းကြောင်းစတင်ချင်း

စီဟွမ်နဲ့ ကျောင်းဖန်က ကားနဲ့ ထွက်လာခဲ့ပြီးတာတောင်မှ ကျောင်းဖန်က သက်ပြင်းချနေဆဲဖြစ်သည်။ "ဟွာတျန်ရဲ့ အသိုင်းအဝိုင်းက အဲ့လိုဖြစ်လိမ့်မယ်လို့ ငါမထင်မိဘူး။" "ဟျောင့် မင်း ဟွာတျန်က စိတ်ဝင်စားဖို့ ကောင်းတယ်လို့ မထင်ဘူးလား"

"သူမက လည်း မင်းအပေါ် အကောင်းမြင်နေတာပဲ မင်းသူမကို လိုက်ကြည့်ပါလား မဟုတ်ရင် မင်းတော့ ကျန်ခဲ့တော့မှာပဲ"

စီဟွမ် က ခပ်တည်တည် ပြောလိုက်လေသည်။ "မင်းရဲ့ ဘယ်မျက်လုံးနဲ့ကြည့်လို့ သူမက ငါ့ကိုကြိုက်နေတယ်လို့ ထင်နေတာလဲ"

ကျောင်းဖန်က သူ့မျက်လုံးတွေကို လက်ညှိုးနဲ့ ညွှန်ပြပြီး "ဟော့ဒီ မျက်လုံး ၂ လုံးနဲ့ မြင်ခဲ့တာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကို ပြန်သွားလို့ရရင် သူမ လက်ထပ်စာချုပ်ကို သဘောတူမယ်လို့ မပြောခဲ့ဘူးလား အဲ့တာက မင်းကို သဘောကျနေလို့ မဟုတ်ရင် ဘာလဲ"

ဒါပေမယ့်လည်း စီဟွမ်ကတော့ ကျောင်းဖန်ရဲ့ ထင်မြင်ယူဆချက်ကို လက်မခံနိုင်ပါ။ သူက ဟွာတျန် က သူ့ကို ကြည့်တုန်းက သူမရဲ့ တောက်ပနေတဲ့ မျက်လုံးတွေကို ပြန်မြင်ယောင်နေလေသည်။ သူမ မျက်လုံးတွေမှာ ပြင်းပြတဲ့ ခံစားချက်တွေ ပါမနေပဲ သူမက ဒီတိုင်း အလှတစ်ခုကို မြတ်နိုး သလိုမျိုး သဘောကျတဲ့ အဆင့်လောက်သာရှိလေသည်။ ရူးရူးမူးမူး ချစ်ခင်နှစ်သက်နေတာမျိုး မဟုတ်ပါ။

အဲ့ဒီ အချိန်မှာ သူက ဟွာတျန် သူ့ကိုကြည့်နေတဲ့ပုံတွေက သူကပဲ အမွေတွေ ဆက်ခံပြီး လက်တွဲဖော် ရှာနေတဲ့သူ တစ်ယောက်လိုမျိုး ထင်နေသလိုပဲ။

စီဟွမ်ကတော့ သူ့အတွေးတွေက ယုတ်တိမရှိရင်တောင် သူ့အတွေး တွေကို ထုတ်ပြောမှာမဟုတ်ပါဘူး။ ဟွာတျန်က ဟွာမိသားစုကနေ မောင်းထုတ်ခံရတဲ့ ဆင်းရဲတဲ့ မိန်းကလေးဖြစ်ပြီး အခုဆို အကြွေးပါတင်နေသေးသည်။ သူမက သူ့အတွက် ဘယ်လိုလုပ် အကောင်းဆုံး လက်တွဲဖော် ဖြစ်နိုင်မှာလဲ

သူတို့ အိမ်ပြန်ရောက်လာတော့ တင်းချန် က စိတ်ဆိုးနေတုန်းပင်ဖြစ်သည်။

တင်းရုံ က သူ့မျက်နှာပေါ်က ဒဏ်ရာတွေကြောင့် လန့်သွားပြီး

"နင် ထပ်ပြီး ရန်ဖြစ်လာပြန်ပြီလား တျန်တျန် က ရှင်နဲ့ ပါသွားတာလေ ရှင်ဘယ်လိုလုပ်လာတာလဲ"

တင်းချန်က တင်းရုံ ၏ ပါးရိုက်ချက်ကို ရှောင်လိုက်ပြီး စိတ်လျော့ဖို့ပြောလိုက်သည်။ "အစ်မကလည်း ငါ့ကို မရိုက်ပါနဲ့တော့ ငါရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ပါဘူး ပြီးတော့ တျန်တျန်လည်း ဒဏ်ရာ မရလာဘူးလေ စိတ်မပူစမ်းပါနဲ့"

တင်းရုံ က ဟွာတျန်ကို ခေါင်းအစ ခြေအဆုံး စစ်ဆေးလိုက်ပြီး စိတ်သက်သာရာရသွားလေသည်။ သူမက စေ့စေ့ပေါက်ပေါက် မေးလေတော့သည်။ "ရှင်တို့ ဖုန်းသွားဝယ်တာမဟုတ်ဘူးလား ဘာလို့ ဒီလို ရှုပ်ရှုပ်ယှက်ယှက်တွေ ဖြစ်လာတာတုန်း"

ဟွာတျန်က ပြောလိုက်သည်။ "ဖုန်းခေါ်လို့ ရတဲ့ ဖုန်းအဟောင်းထက် သမီး ကွန်ပျူတာ ဝယ်ဖို့ စုချင်လို့ပါ"

တင်းရုံ က ပြုံးလိုက်ပြီး ဟွာတျန် နဖူးလေကို ထိလိုက်လေသည်။ "အရူးမလေ အမေက သမီးလေး လိုချင်ရင် ကွန်ပျူတာဝယ်ပေးမှာပေါ့ မနက်ဖြန် သမီးဦးလေးနဲ့ သွားဝယ်လိုက်နော်"

ဟွာတျန်က တစ်ခုခုတွေးမိပြီး ဆက်ပြောလေသည်။ "အရမ်းအကောင်းကြီးမဟုတ်ပါဘူး သုံးပြီးသား အကျဆိုလည်းရပါတယ် အဲ့တာဆို စျေးသိပ်ရှိမှာမဟုတ်ဘူး ဟုတ်တယ်မလား"

ဘေးမှာ ရပ်နေတဲ့ တင်းချန်ကတစ်ခုခု တွေမိဟန်ဖြင့် "သုံးပြီးသားကွန်ပျူတာကလည်း အလုပ်လုပ်နိုင်သေးတာလား ငါ ထဲမှာ အဟောင်းတစ်လုံးရှိတယ် အဲ့တာဆို လုံးဝအလကားနီးပါးပဲ"

ဟွာတျန်က သူမ ဘာသာတွေးနေလေသည် ပညာရှင်တစ်ယောက်က ကွန်ပျူတာ မပြင်တတ်ဘူးဆိုတာ မဖြစ်သင့်ဘူးမလား ဒါပေမယ့်လည်း သူမ အဲ့တာကို အတိအကျ မဆိုလိုပါဘူး။ "အဲ့လို ကိစ္စမျိုးက ကွန်ပျူတာပေါ်မှာလည်းမူတည်ပါတယ်။ အစားထိုးဖို့ အစိတ်အပိုင်းတွေ ရှိရင်တော့ ပြန်ပြင်ဆင်လို့ရနိုင်ပါတယ်။"

တင်းချန်က ပြောလိုက်သည်။

"ငါကွန်ပျူတာကိုပြန်ယူလာပေးမယ့် သမီး တစ်ချက်စစ်ကြည့်လိုက်ပေါ့"

အဲ့လိုပြောပြီး ထွက်သွားလေသည်။

တင်းရုံက တင်းချန်ထွက်သွားတာကိုကြည့်ပြီး ဟွာတျန်ကိုပြောလိုက်လေသည်။"သမီး ဦးလေးက သိပ် စိတ်မချရဘူး ကွန်ပျူတာပြင်တယ်ဆိုတာက နည်းပညာပိုင်းဆိုင်ရာ အလုပ်တစ်ခုလေ အဲ့လောက်ဘယ်လွယ်ပါ့မလည်း တျန်တျန် အသစ်ပဲ ဝယ်လိုက်ပါလား အဲ့တာ ပိုကောင်းမယ်ထင်တယ် "

ဟွာတျန် က သူမအမေကို ပြောပြီး နှစ်သိမ့်လိုက်လေသည်။

"အမေ မစိုးရိမ်ပါနဲ့ သမီးက ကြိုးစားကြည့်ရုံတင်ပါ ပြင်လို့ရသွားတော့လည်း ပိုက်ဆံမကုန်တော့ဘူးပေါ့ ကိုယ့်ဘက်က ဘာမှ ရှုံးမှ မရှုံးတာ ဟုတ်ဘူးလား"

တအောင့်လောက်ကြာတော့ တင်းချန် လက်တော့ပ် တစ်လုံးယူပြီး ပြန်လာလေသည်။ laptop ပေါ်မှာ အစင်းတွေထင်နေပြီး ဖွင့်လိုက်တဲ့အခါမှာ ဖုန်တွေ အများကြီး ထွက်လာလေသည်။ ပလပ်ထိုးပြီး ဖွင့်ကြည့်လိုက်တော့ ကွန်ပျူတာက ပွင့်မလာပါ။

ဟွာတျန်က သေသေချာချာ စစ်ဆေးပြီး "ဒါက သိပ်ကြီးကြီး မားမား မပျက်စီးသေးပါဘူး နည်းနည်းပြန်ပြင်ပြီး window ပြန်တင်လိုက်ရင်ရတယ်"(အခုခေါတ် နားလည်တဲ့ပုံစံဖြစ်အောင်ရေးထားပါတယ်)

တင်းရုံနဲ့ တင်းချန်က ဟွာတျန်လုပ်သမျှကို ထိုင်ကြည့်နေကြသည်။ ဟွာတျန်က အိမ်မှာရှိတဲ့ပစ္စည်းတွေကို သုံးပြီး ကွန်ပျူတာဖွင့် လိုအပ်တာတွေ ပြန်လည်တပ်ဆင်ပြီးနောက် ကွန်ပျူတာ အဖုံးကို ပြန်ပိတ်ပြီး ဖွင့်ကြည့်လိုက်လေသည်။ ထို့နောက်ကွန်ပျူတာကိုဖွင့်ကြည့်လိုက်လေသည်။

တင်းချန်နဲ့ တင်းရုံ အံဩသွားကြသည်။ "ပြင်တာ အဲ့လောက်လွယ်တာလား"

ဟွာတျန် လက်ချောင်းတွေက ကီးဘုတ်ပေါ်မှာ ပြေးလွှားနေပြီး သူမက လှည့်မကြည့်ပဲ ပြောလိုက်သည်။ "မမြန်ပါဘူး window တင်ဖို့ ကျန်သေးတယ် ကောင်းပြီး အခု သူ့ဘာသာ ပရိုဂရမ်က သွင်းသွားလိမ့်မယ်"

တင်းချန်က သူ့လက်တွေကို စိတ်လှုပ်ရှားစွာပွတ်လိုက်ပြီး "တျန်တျန် သမီးက အရမ်းမိုက်တာပဲ တစ်ခြား ကွန်ပျူတာ ပြဿနာတွေကိုရော ပြင်နိုင်လား"

"ဟွာတျန်က ပြန်ပြောလိုက်လေသည်။ သမီးကြိုးစားကြည့်လို့ရပါတယ် ဒါပေမယ့် ပြဿနာ အများစုကို သမီးဖြေရှင်းတတ်ပါတယ်"

တင်းချန် ရယ်လိုက်သည်။ "ကောင်းတာပေါ့ ငါက အသုံးပြုပြီးသား ကွန်ပျူတာတွေလိုက်ရှာမယ် သမီးက အဲ့တာတွေကို ပြန်ပြင် ပြီးတော့ ပြန်ရောင်း ငါတို့ တူဝရီးနှစ်ယောက်ချမ်းသာတော့မယ်ကွ"

ဒါက ဟွာတျန် မတွေးခဲ့ဖူးတဲ့ ငွေရှာတဲ့ နည်းလမ်းတစ်ခုဖြစ်လေသည်။ ဒါပေမယ့်လည်းသူမ အိတ်ကပ်ထဲက ပိုက်ဆံက သူမမျက်မှာလိုပဲ ပြောင်ရှင်းနေတာကြောင့် ငွေကြေး နည်းနည်းလေးသုံးရင်တောင် တွက်ချက်ပြီးသုံးနေရလေသည်။

ဒါကြောင့် ဟွာတျန် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "ကောင်းတာပေါ့ ဦးလေးက အသုံးပြုပြီးသား ကွန်ပျူတာတွေ ရှာနိုင်ရင် သမီးဆီ အကုန်ယူလာလို့ရတယ် သမီး မပြင်နိုင်ရင်တောင် အဲ့ က အစိတ်အပိုင်းတွေကို ပြန်သုံးလို့ရသေးတယ်"

တင်းချန်က ပျော်ပျော်ရွှင်ရွှင်နဲ့ ထပ်ထွက်သွားပြန်လေသည်။ ဟွာတျန် တင်းရုံကို တစ်ခုတည်းသော မေးလိုက်တဲ့ မေးခွန်းက "အမေ ဦးလေးက လက်တော့ပ်ကို ဘယ်ကသွားရှာလာတာလည်းဟင် အဲ့တာက တကယ်ကြီး အလကားရတာလား"

တင်းရုံက ပြောလိုက်သည် "ဒီနားမှာ အမှိုက်ပုံ တစ်ခုရှိတယ် သမီးဦးလေးက အဲ့ကနေယူလာတာ ဖြစ်မယ်ထင်တယ် ဒါပေမယ့် အလကားတော့ မဟုတ်လောက်ဘူး အဲ့ အမှိုက်ပုံ ပိုင်ရှင်သူဌေးကို ယွမ် နည်းနည်းလောက်ပေးလိုက်တာနေမယ်"

ဟွာတျန်ရဲ့ မျက်နှာအမူအရာက ရှုပ်ထွေးသွားပုံရသည်။ သူမ အရင်ဘဝတုန်းက ကျူရှင်လခအတွက် အမှိုက်ပုံတွေကနေ စက်ရုပ်အပိုင်းအစတွေ လိုက်ကောက်ခဲ့ရလေသည်။ ဒီဘဝမှာလည်း သူမရဲ့ အသက်မွေးဝမ်းကျောင်း အလုပ် စတင်ခဲ့တာကလည်း အမှိုက်ပုံက နေပဲလား

"သူမ အမှိုက်ကောက်ရဖို့ ဆုတောင်းမှားခဲ့လေသလား"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment