no

Font
Theme

Chapter 29 ကျောင်းတက်ဖို့ လိုအပ်ချက်

သူမ ဘဝ မကောင်းစားခင်ကတည်းက ဟွာယုက သူမ စိတ်ကို လူတိုင်းနဲ့ ပေါင်းသင်နိုင်အောင် ပြုပြင်ထားခဲ့လေသည်။ ဟွာမိသားစုကို ပြန်မသွားခင် ကလည်း ဟွာယုသည် လူမူဆက်ဆံရေး ကျင့်ဝတ်များကို သူမကိုယ် သူမ သတ်မှတ်ပြီး လိုက်နာခဲ့လေသည်။

သူမ ဘဝ မကောင်းစားခင်တုန်းက အိပ်မက်တောင် မမက်ဖူးတဲ့ ချင်းလီ အထက်တန်းကျောင်းကို ဝင်ခွင့်ရအောင် စာကြိုးစားလေ့လာခဲ့လေသည်။ အဲ့နောက် သူမသည် ဟွာမိသားစုကို ပြန်သွားနိုင်ဖို့ ကြိုးစားခဲ့သည်။

လွန်ခဲ့တဲ့ နှစ်တွေက ဟွာယုက အဆင့်တွေလည်းကောင်းတယ် လူမှုဆက်ဆံရေးကလည်း ကောင်းတဲ့အတွက် ဆရာတော်တော်များများရဲ့ သဘောကျ နှစ်သက်ခြင်းကို ခံရလေသည်။

ဒါပေမယ့်လည်း ဟွာယု ဒီနှစ်တော့ သူမ ဆရာနဲ့ စာသင်ရတာ မပျော်တော့ပါ။ ဆရာပြောနေသမျှ စကားလုံးတိုင်းက သူမကို သတိပေးနေတာပဲဆိုတာ သူမ အတိအကျပြောနိုင်လေပေသည်။

ဟွာယု စိတ်တိုစွာနဲ့ ထိုင်ချလိုက်ပြီး သူမ ရင်ထဲ ဗလောင်ဆူနေလေသည်။ ဒီဆရာ မျက်လုံးကန်းနေတာလား သူက ဘာလို့ ဟွာတျန် လို အဆင့်လည်းမကောင်း ပြဿနာ အမြဲရှာနေတဲ့သူကို ငါ့ထက် မျက်နှာသာပေးနေတာလဲ

ဒီ ဟွာတျန်ပဲ ဖြစ်ပြန်ပြီ။ သူမက ဟွာမိသားစုက ထွက်သွားရတာကြောင့် ငါ့ကို မျက်စိဆံပင်မွှေး ဆူးနေတာနေမယ်။ ယုတ်ညံ့တဲ့ အတွေးတစ်ခုက ဟွာယု စိတ်ထဲပေါ်လာလေသည်။ ဟွာတျန် သူမကမ္ဘာထဲကနေ ထွက်သွားမှ သာလျှင် သူမ ဟွာတျန်လက်က လုံးဝ လွတ်မြောက်သွားမှာ မဟုတ်လား

မစ်စတာဝမ်က စင်ပေါ်မှာ အတန်းစည်းကမ်းတွေကို ပြောပြနေလေသည်။ ဒါပေမယ် ဘယ်သူမှ စိတ်မဝင်စားကြပါ။ နောက်အတန်းမှာရှိနေတဲ့ ယောက်ျားလေးတွေက မစ်စတာဝမ် သတိမထားမိခင် ဟွာတျန်ကို ခိုးကြည့်နေကြလေသည်။

သူမက နောက်ဆုံးတန်းက ထောင့်ဆုံးခုံမှာ တစ်ယောက်တည်း ထိုင်နေလေသည်။ ဆရာပြောတာကို နားထောင်နေရင်း သူမလက်ပေါ်ကို ခေါင်းတင်လိုက်လေသည်။ သူမက သူမမျက်ခွံတွေကို မနည်းထိန်းထားရလေသည်။ ဒါပေမယ့်လည်း တဖြည်းဖြည်း ပိတ်လာကြသည်။ ခဏကြာတော့ သူမ ခန္ဓာကိုယ်သည် စားပွဲပေါ်တွင် ခြေပစ်လက်ပစ် မှောက်ကျနေပြီး ပင်ပန်းတယ် ဆိုတဲ့ စကားလုံးကို ပြောစရာမလိုအောင် မြင်ယောင်နေစေလေသည်။

ကျောင်းပထမဆုံးရက်မှာ စာသင်ချိန်မရှိပါဘူး။ လူတိုင်းက အတန်း အစည်းအဝေးပြီးတာနဲ့ ထွက်သွားကြလေသည်။ မစ်စတာဝမ်က သူတို့ သက်သာသလို နေလို့ ရပါပြီလို့ ပြောလိုက်တဲ့ အချိန်မှာ တစ်ခြားအတန်းက ကလေးတွေက ပျော်ရွှင်နေကြပါပြီ။

တစ်ခြားအတန်းက ကျောင်းသားတစ်ချို့က အခန်းအပြင်ဘက်မှာ စောင့်နေကြလေသည်။ အဲ့အထဲက အထင်ရှားဆုံးကတော့ စီဟွမ် ကျောင်းဖန်နဲ့ ပိုင်ယင်းတို့ အဖွဲ့ပါပဲ။

စီဟွမ်နဲ့ ကျောင်းဖန်က ကျောင်းမှာ နာမည်ကြီးတဲ့ သူတွေ ဖြစ်တယ်။ဒါကြောင့် လူတိုင်းက ပိုင်ယင်း ဘယ်သူလည်းဆိုတာကို စပ်စုကြတော့တယ်။ တစ်ချို့ကျောင်းသားတွေက ဘာမှ မပြောနိုင်ကြပေမယ့် ဘယ်လို နောက်ခံမျိုးနဲ့ ထူးချွန်တဲ့ မိသားစုက လူမို့လို့ စီဟွမ်တို့နဲ့ အတူတူရပ်နေနိုင်တာလည်းဆိုပြီး အံဩနေကြလေသည်။ ဘယ်လို ထူးထူးခြားခြား လူမျိုးလည်းဆိုတာ အရမ်းသိချင်နေကြလေသည်။

မစ်စတာဝမ် အခန်းအပြင်ထွက်လာတော့ စီဟွမ်ကို တွေ့လိုက်ရသည်။ သူက စီဟွမ်က ဟွာတျန်လို ပညာရှင်ကို ရရှိအောင် အစည်းအဝေးပွဲမှာ ဘယ်လိုကြိုးစားပေးခဲ့တယ်ဆိုတာကို တွေးမိလိုက်သည်။ ဒါကြောင့် မစ်စတာဝမ်က စီဟွမ်ကို ဖော်ရွေသောပုံစံဖြင့် ပြုံးပြလိုက်သည်။

"စီဟွမ်လား မင်း ကျောင်းကောင်းစီ အလုပ်တွေနဲ့ နေသားကျပြီလား "

(အရင်အပိုင်းတွေမှာ ကျောင်းသားသမဂ္ဂလို့ သုံးခဲ့တာတွေ ရှိပါတယ်။ နောက်အပိုင်းတွေမှာ ကျောင်းကောင်စီလို့ပဲ သုံးပါမယ်။ )

စီဟွမ်က ပြောလိုက်လေသည်။ "ဆရာ စိုးရိမ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဟွာတျန်က ဆရာ့အတန်းမှာဆိုပြီး ကျောင်းအုပ်ကြီးဆီက ကြားခဲ့ရလို့ သူငယ်ချင်းတစ်ချို့နဲ့ သူမကို လာကြည့်တာ"

"မင်းတို့က ဟွာတျန်နဲ့ အဆင်ပြေတဲ့ပုံပဲ။ ငါ စိတ်ချပါပြီ။ သူမက အတန်းဖော်တွေနဲ့ သိပ်ဆက်ဆံရေးမကောင်းဘူးထင်တယ်။ မင်းတို့ကပဲ သူ့ကို သူငယ်ချင်းအနေနဲ့ ပိုဂရုစိုက်ပေးပါ။"

စီဟွမ်က ပြောလိုက်သည်။ "စိတ်မပူပါနဲ့ ဆရာ ကျွန်တော် ဟွာတျန်မိဘတွေကို သူမကို ဂရုစိုက်ပါမယ်လို့ ကတိပေးထာပြီးသားပါ။"

"စီဟွမ်! ပိုင်ယင်း! ငါနဲ့ စားဖို့ စောင့်နေတာလား ဟွာတျန် သူမ ခေါင်းကို အတန်းပြတင်းပေါက်နေ ထွက်ကြည့်လိုက်သည်။ ခဏစောင့်ဦး ဒီမှာ ငါ ပုံနှိပ်စာအုပ်တွေ ထုတ်နေလို့ "

ပိုင်ယင်းက ဟွာတျန်ကို လက်ပြပြီး နှုတ်ဆက်လိုက်သည်။ "အေးဆေးလုပ်ပါ အလျင်မလိုပါနဲ့"

ရုတ်တရက် အခန်းတံခါးကို တစ်ယောက်ယောက်က ကြမ်းကြမ်းတမ်းတမ်း ကန်ဖွင့်လိုက်ပုံရသည်။ အသံအကျယ်ကြီးထွက်သွားပြီး နောက် ဟွာယုက ကြမ်းတမ်းစွာ ထွက်လာလေသည်။ သူမက မစ်စတာဝမ်ကိုတောင် မမြင်ဘဲ ညာဘက်ကနေ ကျော်တက်သွားလေသည်။

စီဟွမ်က မျက်မှောက်ကြုံလိုက်ပြီး "ဟွာယုကလည်း ဒီအတန်းမှာလား"

မစ်စတာဝမ်က အလန့်တကြားရှင်းပြလေသည်။ "ဒီနှစ်မှာ ကျောင်းသား ၂ ယောက်က စနစ်အရ ကျပန်းဖြစ်သွားတာ။ ဆရာတွေက သူတို့ ပြောင်းချင်သလို ပြောင်းလို့မရဘူး"

စီဟွမ်က ပြောလိုက်သည်။ "ကျွန်တော်က ဟွာတျန် အပေါ် သက်ရောက်မှု ရှိလာမှာကိုပြောတာပါ။"

ပိုင်ယင်း လို စကားနည်းတဲ့ သူက ရုတ်တရက် ထပြောလိုက်လေသည်။ "အဲ့တာ အရေးမကြီးပါဘူး ဟွာတျန် ဒီကျောင်းမှာ မပျော်ဘူးဆိုရင် ငါတို့ အတူတူထွက်သွားကြမှာ တကယ်တော့ ငါတို့ အတွက် ကျောင်းဆိုတာ လိုမှ မလိုဘဲ"

စီဟွမ်က အေးဆေးပြောလိုက်လေသည်။ "ငါ မင်းတို့ ၂ယောက်အတွက် ဓာတ်ခွဲခန်း တစ်ခုဆောက်ပေးဖို့ ကျောင်းစီမံခန့်ခွဲရေး အဖွဲ့ကို ပြောပြီးပြီ မင်းတို့ နှစ်ယောက် အိမ်မှာလုပ်တာက ဒီ ကျောင်း ဓာတ်ခွဲခန်းမှာ လုပ်တာထက် ဘယ်လိုလုပ် ပိုသာမှာလဲ"

မစ်စတာဝမ်က စိတ်သက်သာစွာ သက်ပြင်းချလိုက်လေသည်။ "အဲ့တာ ဟုတ်တယ် ဟုတ်တယ် ပိုင်ယင်း မင်းကျောင်းတက်ရင် ဓာတ်ခွဲခန်းကို အလကားသုံးလို့ရမယ်။ ဘယ်လိုလုပ် ကျောင်းတက်ဖို့ မလိုဘူးဖြစ်ရမှာလဲ"

ပိုင်ယင်းက စီဟွမ်ကို ကြည့်လိုက်လေသည်။ "ဒါပေမယ့် မင်းကုမ္ပဏီမှာ ဓာတ်ခွဲခန်းရှိတယ် မဟုတ်ဘူးလား"

စီဟွမ်က ပြောလိုက်သည်။ "ငါတို့ ကုမ္ပဏီက ဘွဲ့မရသေးတဲ့ အသက်မပြည့်တဲ့သူတွေကို မခန့်ဘူး ပြီးတော့..."

အတန်းထဲက ထွက်လာတဲ့ ဟွာတျန်က စကားတစ်ဝက်တစ်ပျက်ကို ကြားလိုက်လေသည်။ "ကျောင်းတက်တာက အကျိုးရှိနေသေးတယ်။ ငါတို့ ဓာတ်ခွဲခန်းကို အလကားသုံးလို့ ရတာအပြင် ကမ္ဘာ့အဆင့် နည်းပညာတီထွင်မှု ပြိုင်ပွဲမှာ ငါတို့ ဝင်ပြိုင်လို့ရတယ်။ ငါတို့ အဲ့ကနေ နည်းပညာပိုင်းဆိုင်ရာ အောင်မြင်မှုတွေပိုရနိုင်တယ်။ ဒါကြောင့် လည်း ငါကျောင်းကိုလာပြီး အချိန်ဖြုန်းနေတာပေါ့"

မစ်စတာဝမ် က ဟွာတျန် စကားတွေကြောင့် ပြောစရာ စကားမဲ့သွားလေသည်။ ဒါပေမယ့် သူတို့ ဒီလို ပြောတာကို ဆရာတွေက ဘယ်လိုမှ စိတ်ထဲ မထားကြပါဘူး

ပိုင်ယင်းက ခေါင်ငြိမ့်ပြပြီး ပြောလိုက်လေသည်။ "ဒီလိုလား"

ဟွာတျန်က ထပ်ပြောလေသည်။ "ဒါပေမယ့် ပျော်ရွှင်ဖို့က ပိုအရေးကြီးတယ် သူတို့ ဒုက္ခပေးနေရင် ငါဘယ်တော့မှ ပြန်လာမှာမဟုတ်ဘူး"

မစ်စတာဝမ်က ကတိပေးလိုက်လေသည်။ "ဟွာတျန် မပူပါနဲ့ ဆရာ အတန်းကို သေချာထိန်းထားပါ့မယ် မင်းကို ဘယ်သူကမှ ပြဿနာမရှာစေရပါဘူး"

ဟွာတျန်က ဆရာ့ကို သတိထပ်ပေးလိုက်လေသည်။ "အထူးသဖြင့် အဲ့ ဟွာယုပေါ့"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment