no

Font
Theme

Chapter 22 သမီးအရင်းက ပြဿနာရှာခြင်း

ဟွာတျန် ကဟွာမိသားစုရဲ့ မသင့်လျော်တဲ့ ပညာရေးကို ပြောလိုက်တဲ့အခါ ဟွာယု မျက်နှာက ထိန်းချုပ်မရတော့ဘဲ ပုံပျက်ပန်းပျက် ဖြစ်လာလေသည်။ သူမ အတိတ်မှာ သူမ ဟွာမိသားစုကို ရောက်လာတုန်းက သူမ မိဘတွေက သူမကို သိပ်မဂရုမစိုက်ခဲ့ကြပေ။ သူမကို ကျင့်ဝတ်ဆိုင်ရာ သင်ခန်းစာ အချို့ သင့်ကြားပေးပြီး ဟွာမိသားစုနှင့် လိုက်ဖက်သော မိသားစုတစ်ခုနှင့် လက်ထပ်ပေးဖို့ စီစဉ်ခဲ့ကြသည်။

နိုင်ငံရေး အကျိုးရလဒ် အတွက်နှင့် လက်ထပ်ခဲ့သော အိမ်ထောင်ရေးသည် ဟွာယု ရဲ့ စိတ်ချမ်းသာမှုတို့ ပျောက်ဆုံးလာခြင်း၏ အစပင်ဖြစ်သည်။ ဒါကြောင့် သူမ အသိပြန်ဝင်လာတဲ့အခါ သူမကံကြမ္မာကို ပြောင်းလဲနိုင်ဖို့ အလုပ်အရမ်းကြိုးစားလုပ်လေသည်။ ပထမအဆင့်အနေဖြင့် သူမ ကဟွာတျန်ကို ကန်ထုတ်ပြီး သူမ မိဘတွေရဲ့ တန်ဖိုးအထားရဆုံးသူ ဖြစ်လာအောင် လုပ်ရမည်ဖြစ်သည်။

ဒါပေမယ့်လည်း ဟွာယုက သူမိဘတွေရဲ့ သူတို့ ကလေးတွေအပေါ် ထိန်းချုပ်ချင်တဲ့ ဆန္ဒကို မသိရှိနိုင်ခဲ့ပါ။ သူတို့က သူမကို တန်ဖိုးထားပြီး ဂရုစိုက်ကြပေမယ့်လည်း သူတို့ မျှော်လင့်ထားသည့် အတိုင်းဖြစ်လာသည့်အခါ ဖခင်ဖြစ်သူ၏ ကဲ့ရဲ့ ပြစ်တင်ခြင်းကို ခံရပြီး မိခင်၏ လှောင်ပြောင် ပြောဆိုမှကို ခံရပေလိမ့်မည်။

ဒါက ဟွာယု အိပ်မက်မက်ခဲ့တဲ့ ချမ်းသာတဲ့ သူဌေးသမီးဘဝ ပေမယ့် သူမက သူမ အခုလို စိတ်ပျက်လက်ပျက်ဖြစ်နေတာကို ဟွာတျန်ကို မသိစေချင်ပါဘူး။

ဟွာယုက ရယ်လိုက်သည်။ "နင့်ကိုနင် ပြန်ကြည့်ပါဦး နင့်ပုံစံက နင့် တစ်သက်လုံး တစ်ခါမှ ကောင်းကောင်း မအိပ်ရသေးတဲ့ ပုံစံပဲ။ နင့်အကြွေးတွေ ပြန်ဆပ်နိုင်ဖို့ အရမ်းကြိုးစားနေတာလား"

သူမ နောက်လိုက်တွေ အကုန်ရယ်လိုက်ကြပြီး တစ်ယောက်က လိုက်ပြောလေသည်။ "ဟုတ်တယ် ဟွာတျန် က ဒုက္ခ မရောက်နေဘူး ဟုတ်လား အဲ့ဒါဆို ဘာလို့ အရိုက်ခံထားရတဲ့ ခွေးတစ်ကောင်နဲ့ တူနေတာလဲ"

"သူမက အခု ဟွာမိသားစုကမှ မဟုတ်တော့တာ သူမ ဘယ်လိုလုပ် စွာရဲမှာလဲ ဟုတ်သားပဲ သူမ ကျောင်းကို ငွေလာညစ်တာပဲ နေမယ်"

သူမ စာမေးပွဲ မအောင်ရင် ချက်ချင်း ကျောင်းထွက်ရမယ်ဆိုတဲ့ အတွေးကြောင့် ဟွာတျန် စိတ်ဓာတ်ကျသွားလေသည်။

ဟွာယုနဲ့ သူမ နောက်လိုက်တွေကတော့ ချက်ကောင်းထိသွားပြီ ထင်ပြီး သူတို့ ဘာသာ ကျေနပ်နေကြလေသည်။

ဟွာယုက စိုးရိမ်ပူပန်ဟန် ဆောင်ပြီး "အိုး မြတ်စွာဘုရား ငါတို့ ဘယ်လိုလုပ်ကြမတုန်း ချင်းလီကျောင်းက ထွက်သွားပြီးရင် နင့်ကို လက်ခံမယ့် အထက်တန်းကျောင်းရှိပါ့မလား"

သူမ နောက်လိုက်တစ်ယောက်က ပြောလိုက်လေသည်။ "စာမေးပွဲတိုင်းမှာ ရလဒ် အားလုံးပေါင်းမှ ဂဏန်း ၂လုံးပဲ ရတဲ့ သူကို ဘယ်ကျောင်းက လက်ခံမှာလဲ"

လူတိုင်းက ရယ်လိုက်ကြသည်။

ပိုင်ယင်းက မျက်မှောင်ကြုတ်ပြီး ဟွာတျန်ကို စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

"သူတို့ မျောက်လို လုပ်နေကြတာ ကြည့်ရတာ ပျော်ဖို့ ကောင်းလား အခု သူတို့ မင်းအချိန် ၅ မိနစ်ကို ဖြုန်းတီးလိုက်ပြီး အခုထိ ထွက်သွားဖို့ စိတ်မကူးသေးဘူးလား"

ဟွာတျန်က ဖြည်းဖြည်းချင်းရှင်းပြလေသည်။ "ငါက သရုပ်ပြကွက် တစ်ချို့ လောက်ကြည့်ပြီး ခဏ အနားယူနေတာပါ။ တကယ်လည်း ငါက တစ်ချို့ ဘာသာရပ်တွေမှာ အားနည်းတယ်လေ"

ဟွာယုနဲ့ တစ်ခြားသူတွေက သူတို့ ကို မျောက်ပြပွဲနှိင့် နှိုင်းခံလိုက်ရတာကို သိသွားကြလေသည်။ သူတို့ အားလုံး ဒေါသထွက်သွားကြသည်။

ဟွာယုတောင်မှ သူမ တည်ငြိမ်မှုကို မထိန်းနိုင်တော့ပါဘူး။ သူမက လျှာပါးပါးဖြင့်ပြောလိုက်သည်။ "နင်က ဘယ်သူမို့လို့လည်း ငါ့ကို ဒီလိုပြောရဲတယ်ပေါ့"

မိန်းကလေးတစ်ယောက် ရောက်လာပြီး ပိုင်ယင်းကို ဆွဲထုတ်လိုက်ပေမယ့်လည်း ပိုင်ယင်းက ပိန်ပိန်လေးနဲ့ အရပ်ပုတယ်ထင်ရပေမယ့် သူ့က မြေကြီးမှာ အမြစ်တွယ်ထားသလို လှုပ်ပင်မလှုပ်ပေ။

သူက သူ့လက်ကောက်ဝတ် ကို ဆွဲနေတဲ့ ကောင်မလေးကို ကြည့်ပြီး ရွံလာမိလေသည်။ ထို့ကြောင့် လက်ကို ခါထုတ်လိုက်ပြီး ကောင်မလေးက လဲကျလုမတတ်ဖြစ်သွားလေသည်။

ဟွာယုက ပိုင်ယင်းကို အံဩစွာဖြင့် ကြည့်နေပြီး သူမက တစ်ခုခုကို တွေးပြီး ဟွာတျနကို လှောင်ပြောင်လိုက်သည်။

နင်က ကျောင်းကလူတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမရှိတာ နင်သိတယ်ထင်တယ်။ ကျောင်းမှာငွေလာထုတ်ဖို့တောင် ကိုယ်ရံတော် တစ်ယောက် ငှားလာသေးတာပေါ့။ ဒါပေမယ့်လည်း အခု နင့်ဝင်ငွေနဲ့ဆိုရင် ကိုယ်ရံတော် တစ်ယောက်ငှားဖို့ တော်တော် ခက်ခဲမှာပဲ မလား။

ကြည့်ရတာ နင် နဂို မူလ ဘဝကို ပြန်ရဖို့ မသေချာသေးဘူးနဲ့ တူတယ်။ဟွာယုက မျက်နှာ မည်းမှောင်နေသော ပိုင်ယင်းကို ကြည့်လိုက်ပြီး "ရှင့် ခန္ဓာကိုယ် တည်ဆောက်ပုံက ကောင်းသားပဲ ဟွာတျန်က ရှင့်ကို ဘယ်လောက်ပေးထားတာလဲ ဟွာမိသားစုဆီမှာ မလုပ်ချင်ဘူးလား ငါသူ့ထက်ပိုပေးနိုင်တယ်"

ပိုင်ယင်းက အခုလို မောက်မာနေတဲ့သူမျိုး အရင်တုန်းက မမြင်ခဲ့ဖူးပါ။ သူက ဝင်မပြောပေမယ့်လည်း ဟွာတျန်ကို သံသယဝင်နေတဲ့ ပုံနှင့် မေးလိုက်လေသည်။

"သူက ဦးနှောက် မကောင်းဘူးလား"

"ငါနင့်ကို ပြောပြီးသားလေ ငါက ဇီဝနည်းပညာမှာ မကျွမ်းကျင်ပါဘူးဆိုမှ ငါက ဘယ်လိုလုပ်သူ့ခေါင်းကို ငါ့မျက်လုံးနဲ့ မြင်ရုံနဲ့ ကောင်းမကောင်း ဘယ်လိုလုပ်သိမှာလဲ"

ဟွာတျန်က အားတင်းပြီး ဆက်ပြောလိုက်သည်။ "ဒါပေမယ့် သူမမှာ ဖြစ်နိုင်ချေရှိတဲ့ လက္ခဏာတွေ ရှိနေတာကြောင့် သူ့ဦးနှောက်က သိပ်မကောင်းဘူးလို့ ငါထင်တယ်။"

"ဟွာတျန် နင်က ငါ့ကို ဦးနှောက်မကောင်းဘူးလို့ ပြောရဲတယ်ပေါ့လေ"

ဟွာယုက စိတ်အဆိုးလွန်ပြီး မျက်နှာပါနီရဲလာလေသည်။ သူမက အံကြိတ်လိုက်ပြီး "မင်းရဲ့ မောက်မာမှုတွေကို မပြောင်းလဲနိုင်သေးဘူးနဲ့ တူတယ်။ အရင်တုန်းက လူတိုင်းက နင့်ကို သည်းခံခဲ့ကြပေတယ်။ အခုနင်က ဟွာမိသားစု က ဟုတ်သေးလို့လား"

ဟွာယုက ဒီလိုပြောလိုက်ပြီးနောက် သူမ နောက်လိုက်တွေက အချက်ပြမှုကို မြင်လိုက်ရသလို အကုန်လုံးက ဟွာတျန်နဲ့ ပိုင်ယင်းဆီကို တိုက်ခိုက်တော့မယ့်ပုံစံဖြင့် ချဉ်းကပ်လာကြလေသည်။

ပိုင်ယင်းက အော်ဟစ်လိုက်သည်။ "ဒါဆို ချင်းလီ က ဒီလိုမျိုးပေါ့ ငါက စီဟွမ်ရဲ့ ဖိတ်ခေါ်မှုကို လက်ခံလိုက်မိတာ နောင်တရတယ်။"

ဟွာတျန်က ချက်ချင်း အကြံပေးလိုက်လေသည်။ "ငါလည်း ဒီကျောင်းက အရမ်းစိတ်ပျက်စရာကောင်းတယ်ဆိုတာ သိသွားပြီ ငါတို့ အတူတူထွက်သွားပြီး တစ်ခြားကျောင်းသွားတက်ရအောင် ဘာပဲဖြစ်ဖြစ် နင်လည်း ကျောင်းမှ မအပ်ရသေးတာ စီဟွမ်ကို အသိပေးလိုက်ရုံပဲလေ"

"တင်ပြချက် ငြင်းပယ်တယ်"

အေးစက်ပြီး အာဏာရှိတဲ့ အသံ တစ်သံထွက်ပေါ်လာသည်။ လူတိုင်းက ကြည့်လိုက်ပြီး ကျောင်းကောင်စီ လက်ပတ်ဝတ်ထားတဲ့ စီဟွမ်နှင့် ကျောင်းဖန်ကို တွေ့လိုက်ကြရသည်။

သူတို့က ကျောင်းမှာ အလွမ်းမိုးနိုင်းဆုံးသူတွေပဲ အထူးသဖြင့် ဒီနှစ်ရဲ့ ကျောင်းသား သမဂွ ဥက္ကဌ ဖြစ်လာတဲ့ စီဟွမ်ပေါ့။ ကျောင်းမှာကို သူ့ကို မလေးမစားလုပ်ရဲတဲ့သူ မရှိပါ။

စီဟွမ်က ပြောလိုက်လေသည်။ "နွေရာသီ ကျောင်းတစ်ခါပိတ်လိုက်တာနဲ့ ဟွာတျန်က ကျောင်းသားရေးရာ ရုံးခန်းကို မေ့သွားတာလား ဆရာတွေက နာရီဝက်လောက်တောင် စောင့်နေကြရတာ မြန်မြန်လာခဲ့"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment