no

Font
Theme

Chapter 21 ဟွာမိသားစုစီ ပြန်လာခွင့်ပြုတယ်

သူမရဲ့ အရင် ဘဝတုန်းက ဟွာတျန်က စာမေးပွဲကို မုန်းတီးသူတစ်ယောက်ဖြစ်သည်။ သူမက ဉာဏ်ကြီးရှင် တစ်ယောက်ဖြစ်ပေမယ့်လည်း တစ်ချို့ ဘာသာတွေမှာသာ ထူးချွန်တာဖြစ်တယ်။ သူမရဲ့ မနုဿဗေဒ ဘာသာရပ်မှာဆိုရင် ရလဒ်တွေက ကြည့်ချင်စရာ မရှိလောက်အောင်ကို ညံဖျင်းပါတယ်။

ဟွာတျန်က သူမ ကမ္ဘာပြောင်းလာခဲ့ပြီးတာတောင် စာမေးပွဲဖြေနေရဦးမယ်လို့ မထင်ထားမိခဲ့ပါဘူး။ တင်းရုံက သူမကို မှာလိုက်လေသည်။ "စာမေးပွဲ မဖြေ ရင် ကျောင်းဆက်တက်လို့မရဘူး"

ဒါကြောင့် တင်းချန်က သူမနဲ့ ပိုင်ယင်းကို ကျောင်းလိုက်ပို့တဲ့အခါ ထိတ်လန့် ကြောက်ရွံ့နေလေသည်။ သူ့ ရဲ့ ကျောင်းက လက်ခံစာကလွှဲပြီး ဘာမှ မယူလာတဲ့ ပိုင်ယင်းက ဟွာတျန် ဘာလို့ ထိတ်လန့်နေလည်းဆိုတာ နားမလည်ခဲ့ပါ။ သူက ဟွာတျန်ကို နည်းနည်း စပ်စုလိုက်တယ်။

"ဟွာတျန် ဘာလို့ မအီမသာဖြစ်နေတာလဲ ကျောင်းပိတ်ရက် အိမ်စာ မပြီးသေးခဲ့လို့ လား"

ဟွာတျန်သာ ထိုင်ခုံ ခါးပတ် မပတ်ထားရင် သူမ ခုန်ထွက်သွားလောက်ပေသည်။ "ဘာ... ကျောင်းပိတ်ရက် အိမ်စာ ဟုတ်လား"

ပိုင်ယင်းက ကြောင်သွားခဲ့သည်။ "ချင်းလီ အထက်တန်းကျောင်းက ကျောင်းပိတ်ရက် အိမ်စာ မလုပ်ရဘူးလား"

ဟွာတျန်က သူမ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေကို ရှာဖွေကြည့်လိုက်ပြီး ထိုင်ခုံပေါ် ကူရာမဲ့ လဲကျသွားလေသည်။

ချင်းလီ အထက်တန်းကျောင်းမှာ ကျောင်းပိတ်ရက် အိမ်စာရှိတာပေါ့ ဆရာမတွေက နောက်ဆုံး စာမေးပွဲပြီးလို့ အိမ်စာပေးတုန်းက အရင်ဟွာတျန်က ချမ်းသာပြီး စည်းကမ်းမလိုက်နာတဲ့ သူအဖြစ်ရှိနေတာဆိုတော့ ဆရာ့စကားတွေကို ဂရုမစိုက်တာ သဘာဝပါပဲ။

ဒါကြောင့် ဟွာတျန်က ကျောင်းပိတ်ရက် တစ်ချိန်လုံး ဘာအိမ်စာမှ မလုပ်ခဲ့ပါ။

ပိုင်ယင်းက အခုဆိုရင် သူ့ခြေတုတွေကို ကောင်းကောင်းထိန်းချုပ်နိုင်နေပြီး ဘောင်းဘီရှည်ဝတ်ထားတာကြောင့် ဘယ်သူမှ သူ့ကို မသန်စွမ်းလို့ ထင်ကြမှာမဟုတ်ပါဘူး။

ဟွာတျန်နဲ့ ပိုင်ယင်းတို့က ဘေးချင်းယှဉ်ရပ်ပြီး ကျောင်းထဲ ဝင်လာကြတယ်။ ချက်ချင်းပဲ သူတို့က အာရုံစိုက်ခံလိုက် ကြရတယ်။

ပြောခဲ့တဲ့ အတိုင်းပဲ ချင်းလီ အထက်တန်းကျောင်းက ကျောင်းသားတွေက ချမ်းသာတဲ့ မိသားစုတွေ ဆီက လာတာမို့လို့ ပထမဆုံးကျောင်းတက်ရက်မှာ ဘယ်သူမှ ကျောင်းဝတ်စုံမဝတ်ကြဘဲ သူတို့ ကြိုက်တဲ့ အဝတ်တွေသာ ဝတ်လာကြတယ်။ သူတို့ ဝတ်လာတဲ့ အဝတ်ပေါ် မူတည်ပြီး ဘယ်သူက ဘယ်လောက်ချမ်းသာတယ်ဆိုတာ ကို ဆုံးဖြတ်ကြတယ်။

ဟွာတျန်နဲ့ ပိုင်ယင်းလို့ အသစ်လည်းမဟုတ် အဟောင်းလဲမဟုတ် ဝတ်ထားတဲ့ သူတွေကတော့ ကျောင်းကို သူတိ့ရဲ့ ထူးချွန်တဲ့ ရလဒ်ကြောင့် အထူးဝင်ခွင့်ရထားတဲ့ သူတွေပေါ့။

ဒါပေမယ့်လည်း ဆင်းရဲတဲ့ ကျောင်းသားတစ်ယောက်က ဘာလို့ ဆံပင်ကို ခရမ်းရောင်ကို ပေါ်ပေါ်ထင်ထင် ဆိုးထားတာလည်းဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး။

သူတို့ ဆင်းရဲသား ကျောင်းသားတွေက ကျောင်းစည်းကမ်းတွေ ကို တစ်စက်ကလေးတောင်မှ မဖောက်ရဲဘူး မဟုတ်လား

တစ်ချို့ ကျောင်းသားတွေက သူမကိုမြင်ပြီး အံဩသွားကြသည်။

ကောင်လေးတစ်ယောက်က သူ့သူငယ်ချင်းကို sneakers အကန့်အသတ်ထုတ် ဖိနပ်ကို ကြွားနေစဉ် ဟွာတျန်ကို မြင်သွားလေသည်။ ဒါကြောင့် သူ့သူငယ်ချင်းကို တိုးတိုးပြောလိုက်လေသည်။ "အဲ့တာက ဟွာတျန်ပဲ သူမကို ဟွာမိသားစုက မောင်းထုတ်လိုက်ပြီမဟုတ်ဘူးလား ဘာလို့ သူမက ငါတို့ကျောင်းမှာ ဆက်တက်ဖို့ ပိုက်ဆံရှိနေတာလဲ"

ထိုသူငယ်ချင်းက ဟွာမိသားစု ကောလဟာလတွေ အကြောင်း သိပ်မသိပါ။ "သူက ဟွာမိသားစုရဲ့ အယောင်ဆောင် သမီးလေ ဟွာမိသားစုက သူမကို ငွေနည်းနည်းပေးပြီးထွက်သွားခိုင်းလိုက်သလားမှ မသိတာ" ဘာပဲဖြစ်ဖြစ် သူတို့ သမီးအရင်းလို ဆယ်နှစ်ကျော်တောင် မြေတောင်မြှောက်ပေးလာတာပဲလေ။ အဲ့တော့ သူတို့ သိပ်မရက်စက်နိုင်ဘူးနေမှာပေါ့။

"ဘယ်သူ သိလို့လဲ"

သေစမ်း ကြည့်လိုက်စမ်း တကယ့်သမီးအစစ်က ရောက်လာပြီ။ "အိုး သေစမ်း သူတို့ ရန်ထဖြစ်ကြမယ်ထင်တယ် "

ကျောင်းသားတွေက ပြပွဲတစ်ပွဲကိုကြည့်ရဖို့ မျှော်လင့်နေကြသည်။ ကျောင်းဧရိယာထဲမှာ ဘယ်သူမှ ရန်မဖြစ်ဖို့ မတားကြပါဘူး။

ပိုင်ယင်းက ဟွာတျန်ကို ပညာရေးမှူးရုံးကို ဦးဆောင်ပြီး ခေါ်သွားနေစဉ် သူမကတော့ ပင်ပန်းနွမ်းနယ်ပြီး သန်းဝေနေလေသည်။ သူမက သူမဘေးနားမှာ ဘယ်သူရှိနေတယ်ဆိုတာတောင် မကြည့်မိပါဘူ။ ပိုင်ယင်းလည်း သူ့ရှေ့မှာရပ်နေတဲ့ ဟွာယုကို သတိမထားမိခဲ့ပါ။ သူကတော့ သူ့ရှေ့မှာ နောက်လိုက် တသိုက်နဲ့ ဦးနှောက် မမှန်တဲ့ တစ်ယောက် လာပိတ်ရပ်နေတယ်လို့ ခံစားလိုက်ရလေသည်။

ပိုင်ယင်းက ဟွာတျန်အင်္ကျီလက်ကို ဆွဲလိုက်ပြီး "ဒီဘက်က သွားရအောင် သူများတွေကို မတိုက်မိစေနဲ့ဦး"

ဟွာတျန် က သူပြောတဲ့အတိုင်း ညာဘက်ကို အပို့ခံလိုက်ရသည်။ခြေလှမ်း ဆယ်လှမ်းလောက်လျှောက်ပြီး နောက်ဟွာယုက သူမက လျစ်လျူရှူခံလိုက်ရတယ်ဆိုတာ သိသွားလေသည်။ သူမ အံကြိတ်လိုက်သည်။ ဒါပေမယ့် ဟွာမိသားစုမှာ တင်းကြပ်တဲ့ လေ့ကျင့်မှုကို ဖြတ်သန်းပြီးနောက် သူမသည် သူ၏ခံစားချက်များကို လူတိုင်းရှေ့တွင် လွတ်လွတ်လပ်လပ် မထုတ်ဖော်တော့ပါ။

ကံကောင်းစွာဖြင့် လူတွေရဲ့ ခံစားချက်တွေကို ဖတ်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ ကျောင်းယွမ်ဆိုတဲ့ မိန်းကလေးတစ်ယောက်ရှိနေလေသည်။ သူမက "ဟွာတျန် နင်ကန်းနေတာလား ငါတို့က နင့်ကို စောင့်နေတာ မမြင်ဘူးလား" ဟု အော်ပြောလိုက်သည်။

ဟွာတျန်က သန်းဝေပြီး လန့်နိုးသွားတယ်။ သူမက လှည့်ကြည့်လိုက်တော့ သူမနားမှာ စိတ်တိုပြီး ဝိုင်းကြည့်နေတဲ့ မိန်းကလေးတွေ အများကြီးကို တွေ့လိုက်ရတယ်။ သူမရှေ့က မိန်းကလေးကို နည်းနည်းရင်းနှီးနေသလိုပဲ။

ပိုင်ယင်းက ဟွာတျန်ကို မေးလိုက်သည်။ "နင် သူတို့ကို သိလို့လား"

"သူတို့ထဲက ခေါင်းဆောင်က ငါသိတဲ့ တစ်ယောက်နဲ့ တူတယ်" ဟွာတျန်က ခဏလောက် ခေါင်းငုံ့ပြီး စဉ်းစားလိုက်တယ်။ နောက် သူမ ရုတ်တရက်မှတ်မိသွားပြီး ပြောလိုက်တယ်

"ငါအခု မှတ်မိပြီ သူမက ဟွာမိသားစုရဲ့ သမီးအရင်းပဲ"

ဟွာယုက ဟွာတျန် သူမကို မမှတ်မိသည့် အတွက်ဒေါသထွက်နေလေသည်။ ဒါပေမယ့်လည်း

ဟွာယု ရဲ့ နောက်ထပ် အတွေးတစ်ခုကတော့ ဟွာတျန်က ယုံကြည်မှု မရှိလို့ သူမကို မမှတ်မိချင်ယောင်ဆောင်နေတာလို့ တွေးနေလေသည်။

ဟွာယုက ပိုပြီး မောက်မာလာခဲ့သည်။

ဟွာယုက ဟါာတျန်နဲ့ ပိုင်ယင်းဆီကို သူမရဲ့ နောက်လိုက် တသိုက်နဲ့ လမ်းလျှောက်လာခဲ့သည်။ ထို့နောက် ဟန်ဆောင်ထားတဲ့ အသံဖြင့် "အိုက်ယား ဟွာမိသားစုက ထွက်သွားပြီးနောက်ပိုင်း မင်းကို အဲ့လောက် ဆင်းရဲတဲ့ အနေအထားမျိုးနဲံ့ တွေ့ရမယ် မထင်မိဘူး ငါအိမ်ပြန်ပြီး ငါ့မိဘတွေ မင်းကို ပြန်ခေါ်ဖို့ သွားတောင်းပန်ပေးရမလား"

သူမ နောက်လိုက်တွေက ချက်ချင်းဝိုင်းပြောကြလေသည်။

"ဟွာယုက ဟွာတျန်လို လူကိုတောင် အရမ်းရက်ရောတာပဲ မင်းကအရမ်းကြင်နာတတ်လွန်းတယ်"

ဟွာတျန်က အိပ်ငိုက်နေတဲ့ လေသံဖြင့်ပြောလိုက်လေသည်။

"နင့်မျက်လုံးတွေ ကန်းနေတာလား ငါက ဘယ်လိုလုပ် ဆင်းရဲတဲ့ ဘဝမှာနေရမှာလဲ နင့်လို ဟွာမိသားစုရဲ့ ဦးနှောက်ဆေးပေးတဲ့ သင်ခန်းစာတွေကို သင်ထားရတာမဟုတ်ဘူး ငါ့ကို ဘာလို့ လာဆွဲထည့်နေတာလဲ"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment