Chapter 27 ဆရာဆိုသည်မှာ
ဟွာယု မျက်နှာက ဖြူဖျော့သွားလေသည်။ သူမ ဆရာက သူမကို အဲ့လောက်ထိ ခါးခါးသီးသီး ပြောလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပါဘူး။
သူမ တုန်တုန်ယင်ယင်ဖြင့် ပြန်ရှင်းပြလေသည်။ "ဆရာ သမီးက ကျောင်းထွက်ရတော့မယ်သူတစ်ယောက်အတွက် ဆရာ့အချိန်တွေကို အလကားမဖြုန်းတီးမိစေချင်ရုံတင်ပါ။ ဆရာ အာရုံစိုက်တာကို စောင့်နေကြတဲ့ ကျောင်းသားတွေ အများကြီးပဲ"
မစ်စတာဝမ်က ပိုပြီး တော့တောင် မျက်မှောင်ကြုတ်လိုက်လေသည်။ သူက ဟွာယုနဲ့ အတူတူရပ်လိုက်ပြီး စိတ်ပျက်စွာမေးလိုက်လေသည်။ "သမီးက ဆရာ့အတန်းကလား"
ဟွာယု က ခေါင်းငုံကာ အသံတိုးတိုးဖြင့် ပြောလေသည်။ "ဟုတ်ပါတယ်ဆရာ ဆရာက အတန်းခေါင်းဆောင်ရွေးခိုင်းထားတာကြောင့် အတန်းသားတွေက သမီးကို အတန်းခေါင်းဆောင်လုပ်ဖို့ မဲပေးကြတယ်။ ဒါကြောင့် လူတိုင်းရဲ့ ရွေးချယ်မှုကြောင့် သမီးက ဒီကိုလာပြီး ဘာတွေ လုပ်ရမလဲဆိုတာလာမေးတာပါဆရာ"
မစ်စတာဝမ် လက်ကာပြလိုက်ပြီး "ကောင်းပြီး သမီးအရင်ပြန်သွားလိုက်ပါ။ သမီး အတန်းသားတွေကို ပတ်ပြေးမနေကြဖို့ ပြောလိုက်ပါ။ ဆရာ တစ်ချို့ ကြေငြာစရာလေးတွေ ပြင်ဆင်စရာရှိလို့"
ဟွာယုက ရုံးခန်းထဲကနေ ခပ်သုတ်သုတ် ထွက်သွားလေသည်။ ဟွာတျန်က မှုန်ကုပ်ကုပ်ဖြင့် ပြောလိုက်သည်။ "ဟွာယုက သမီးနဲ့ တစ်ခန်းတည်းဆိုတာ သမီး မသိလိုက်ဘူး"
မစ်စတာဝမ်က ဟွာတျန် ပြောတဲ့ လေသံကို ကြားလိုက်ရတော့ သူ့လက်ထဲ ရောက်လာတဲ့ ရတနာက ဘယ်သူ့လက်ထဲမှ ပါမသွားစေရဘူးလို့ တွေးလိုက်တယ်။
ဒါကြောင့် သူက ဟွာတျန်နဲ့ စိတ်ချင်း နှလုံးသားချင်း ဆက်စပ်နေသလိုမျိုး ပြသလိုက်သည်။ "ဘာဖြစ်လို့လဲ ဟွာတျန် အဲ့ကျောင်းသူနဲ့ မတည့်လို့လား"
ဟွာတျန်က သက်ပြင်းချပြီးပြောလိုက်လေသည်။ "သူမက ဟွာယုလေ သမီးနဲ့ လူမှားခဲ့တဲ့သူပေါ့။ သမီးတို့ ၂ယောက်ကြားထဲမှာ ဘာအဖုအထစ်မှ မရှိပါဘူး ဒါပေမယ့် ဟွာယုက သမီးသူ့အပေါ် အကြွေးတင်နေတယ်လို့ ထင်နေလားမသိဘူး သူမ ခဏခဏ ပြဿနာလာရှာပြီး သမီးအချိန်တွေ ဖြုန်းနေတာ ဆရာ သမီး အတန်းချိန်း..."
မစ်စတာဝမ် ရင်တုန်သွားပြီး ဟွာတျန်ကို ကြားဖြတ်ပြောလိုက်သည်။ "ဪ ဒီလိုလား ဆရာနားလည်ပြီး နောက်ကျရင် ဆရာ တစ်တန်းလုံးကိုပြောထားလိုက်မယ် သမီးကို မနှောက်ယှက်ကြဖို့ နောက်ကျရင် တစ်ခြားကျောင်းသားတွေနဲ့ အဆင်မပြေရင် ဆရာ့ကို ချက်ချင်းပြော"
ဟွာတျန်က သူမသာ အတန်းချိန်းလိုက်ရင် လုပ်ထုံးလုပ်နည်းတွေ နဲ့ ပြဿနာတွေ ရှုပ်ကုန်မှာစိုးတာရယ် ဟွာယုကို ကြောက်သလို ဖြစ်သွားလိမ့်မယ်လို့ ခံစားလိုက်ရသည်။ တကယ်လို့ သူမ ဆရာက ဟွာယုနဲ့ သူ့နောက်လိုက်တွေကို တားနိုင်ခဲ့ရင်တောင်မှ သူမ ဘယ်အခန်းမှာရှိနေနေ အတူတူပင်ဖြစ်လိမ့်မည်။ (ဟွာယုက ပြဿနာလိုက်ရှာမှာကိုပြောတာပါ။)
ဒါကြောင့် ဟွာတျန် ခေါင်းငြိမ့်လိုက်ပြီး "သမီး နားလည်ပါပြီ ဆရာ"
မစ်စတာဝမ် သက်ပြင်းရှည်ကြီးချလိုက်ပြီး သူက ကံကောင်းတယ် စဉ်းစားမိနေလေသည်။ ပါရမီရှင်လေးဟာ တစ်ခြားဘယ်သူ့ဆီကိုမှ မရောက်သွားပါဘူး။
သူက ဟွာတျန်ကို ကျောင်းသာကဒ် ထုတ်ပေးလိုက်သည်။ "ဆရာ ထောက်ပံရေးဌာနကိုသွားပြီး မင်းရဲ့ နေ့လည်စာကတ်ကို သွားယူခဲ့တယ်။ ထောက်ပံရေးဌာနက လတိုင်း နေထိုင်စားသောက်မှု စရိတ်တွေကို ကတ်ထဲ လွှဲပေးလိမ့်မယ်။ ဒီ စာလည်းပါတယ်။ အတန်းပြီးရင် ဒီမှတ်စုကိုယူပြီး ထောက်ပံရေးဌာနာဆီကို ပြလိုက်ရင် သူတို့က မင်းကို ကျောင်းဝတ်စုံ အခမဲ့ ထုတ်ပေးလိမ့်မယ်။
ဟွာတျန်က မစ်စတာဝမ် လုပ်ပေးခဲ့တာတွေ ကြည့်ပြီး ကျေးဇူးတင်ပါတယ် ဆရာ
ရပါတယ် ဒါငါလုပ်သင့်တဲ့ အလုပ်ပါ။ မစ်စတာဝမ်က ပြောစကားနားထောင်ပြီး ယဉ်ကျေးတဲ့ ဟွာတျန်က ကောလဟာလတွေနဲ့ တစ်ခြားစီပဲ ဆိုတာ သိလိုက်ရသည်။ သူတို့ အကုန်လုံးကဟွာယုက သိမ်မွေ့တယ် ရက်ရောတယ် ဟွာတျန်ကတော့ စိတ်တိုလွယ်တယ် လို့ ထင်နေကြပေမယ့် တတယ်တော့ သူတို့က ပြောင်းပြန်ပင် ဖြစ်သည်။
မစ်စတာဝမ်သည် ဟွာတျန်ကို ပြတိုက်ထဲက ရတနာတစ်ခု သယ်ဆောင်ရသလိုလုပ်ပြီး လှည့်ပတ်သွားလာနေခဲ့လိုက်သည်။
ဆရာ တစ်ယောက်နဲ့ တွေ့တိုင်း သူတို့ကိုယ် သူတို့ မိတ်ဆက်သွားကြလေသည်။ ဟယ်လို မစ္စတာ လု ဒီကျောင်းသူက ငါတို့ အတန်းကလေ သူမက သိပ္ပံဘာသာရပ်အကုန် အမှတ်ပြည့်ရတယ်။
မစ်စတာလျို့ အတန်းတင်စာမေးပွဲမှာ ပထမနေရာရခဲ့တဲ့ ကလေးက မင်းအတန်းမှာလား သိပ်ကောင်းတာပဲ ငါတို့ အတန်းတွေမှာ ဒီလို ထူးချွန်တဲ့ ရလဒ် ဘယ်သူမှ မရကြဘူး။ ဟွာတျန်က အနာဂါတ်မှာ ငါတို့ကို ဂုဏ်ယူစရာတွေ လုပ်ပြလိမ့်မယ်
ဟေး.. မစ်စတာ
ရုံးခန်းက နေ စာသင်ခန်းအထိ ဟွာတျန် သူမ မျက်လုံးဖြင့် ကိုယ်တိုင်မြင်နေရလေသည်။ သူမဆရာက ဆရာတွေ အများကြီးကို လိုက်နှုတ်ဆက်နေတာကို သူမမြင်ရပါများလာတော့ သူမ ရှက်လာလေသည်။
ဟွာတျန် သူမတို့ အတန်းနားရောက်ခါနီးလာတဲ့အခါမှ သူမ ဆရာကို သက်ပြင်းချလိုက်ပြီး "ဆရာက သိပ်နာမည်မကြီးသလိုပဲနော်" ဟုပြောလိုက်လေသည်။
မစ်စတာဝမ်က ပြုံးလိုက်ပြီး သူ့ကိုယ်သူ ပြန်စစ်ဆေးလိုက်ပြီးနောက် ဟွာတျန်ကို အတည်ပေါက်ပြောလိုက်လေသည်။ "ဒီနေ့ ဆရာမင်းကို နိယာမ တစ်ခုသင်ပေးမယ်။ သူများ မနာလိုတာတွေကို ဂရုမစိုက်ပဲ နေနိုင်တဲ့ သူတွေက အလယ်အလတ် လမ်းစဉ်သမားတွေပဲ ဟွာတျန် သမီးက လူတိုင်းရဲ့ ရှေ့ကိုရောက်ဖို့ ဆန္ဒရှိတယ်မလား ဒါဆို တစ်ခြားသူတွေရဲ့ မနာလိုတာတွေ ဆဲဆိုတာတွေ နဲ့ နစ်မွန်းမနေစေနဲ့ သူတို့ နားလည်လာအောင်လည်း ကြိုးစားမနေနဲ့ ကိုယ့်လမ်းကိုယ်ပဲ မှန်မှန်လျှောက်ပါ။"
ဟွာတျန်က မစ်စတာဝမ်ကို အကြာကြီး စိုက်ကြည့်နေခဲ့လေသည်။ နောက်လာမယ့် နှစ်ရာပေါင်းများစွာမှာ ပညာရေး ဆိုင်ရာ အလုပ်တွေ အကုန်လုံးက အသိဉာဏ်တု နဲ့ အကုန် အစားထိုးခံလိုက်ရလေသည်။ ဆရာ အလုပ်သည် သမိုင်းမှာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ ကူးပြောင်းလာပြီးနောက်ပိုင်း မူလ ဟွာတျန်ဆီမှ အချက်အလက် တွေက ဆရာများတွေကို လေးစားရမည်ဟုသာပြောနေလေသည်။ ဘာပဲဖြစ်ဖြစ် သူမ လုံးဝ နားမလည်သည့်အရာကတော့ "ဆရာ"ဆိုသည့် အသက်မွေးဝမ်းကျောင်းတစ်ခုကို ဘာဖြစ်လို့ လေးစားရမှာလည်းဆိုသည့် မေးခွန်းပင်ဖြစ်သည်။
အဲ့အချိန်မှာ ဟွာတျန် နားမလည်ခဲ့တာက ဆရာတွေက အသိပညာတွေ သင်ပေးတဲ့အပြင် ဘဝအတွက်ပါ လမ်းညွှန်ပြသမှုတွေ လုပ်ဆောင်ပေးလို့ ဆရာတွေကို လေးစားရမယ်ဆိုတာကို နားမလည်ခဲ့တာပါ။
ဟွာတျန်ရဲ့ မှင်သက်နေတဲ့ အကြည့်က တော်တော် လေး ချစ်စရာကောင်းတယ်လို့ မစ်စတာဝမ်က ခံစားမိလေသည်။ သူက ဟွာတျန်ခေါင်းကို ပွတ်သပ်လိုက်ပြီး "ကောင်းပြီ ဒါဆို အတန်းထဲ ဝင်ကြတာပေါ့"
တံခါးဖွင့်လိုက်ပြီးတဲ့နောက် အတန်းထဲက ဆူညံသံတွေ ချက်ချင်း တိတ်သွားကြလေသည်။
မစ်စတာဝမ်က စင်ပေါ်မှာ မတ်တပ်ရပ်လိုက်ပြီး တစ်တန်းလုံးကို ပြောလိုက်လေသည်။ "အတန်းသားတို့ ဆရာ တစ်ချို့ ကိစ္စလေးတွေ ပေါ်လာလို့ အတန်းသစ်အတွက် သင်ခန်းစာတစ်ခုခုမပေးရသေးခင် ချက်ချင်းသွားလိုက်ရပြီး မင်းတို့ကို အကြာကြီး စောင့်ခိုင်းထားရလို့ တောင်းပန်ပါတယ်။အခု ဒီအတန်းမှာ တက်မယ့် အတန်းဖော်တစ်ယောက်ကို ဆရာမိတ်ဆက်ပေးချင်တယ်"
သူက တံခါးဆီကိုကြည့်လိုက်ပြီး ပြောလိုက်လေသည်။ "ဟွာတျန် ကိုယ့်ကိုကိုယ်လာပြီး မိတ်ဆက်လိုက်"
မစ်စတာဝမ် စကားလည်းဆုံးရော ရုတ်ခြည်း အသံတွေ ထွက်လာတော့လေသည်။ "သူမက ဘယ်လိုလုပ် ကျောင်းဆက်တက်ခွင့်ရသွားတာလဲ"