Chapter 19 ကျောင်းတာဝန်ရှိသူများ အစည်းအဝေး
တင်းရုံနဲ့ တင်းချန်က စီဟွမ်ကို လုံးဝ ငြင်းဆန်နေကြပေမယ့်လည်း စိဟွမ်က ဟွာတျန်ရဲ့ စက်ရုပ် ခြေတုလက်တု ပရောဂျက်ကို ရင်းနှီးမြုပ်နှံမယ်လို့ မြင်ယောင်လာကြတဲ့အခါ သူတို့က စီဟွမ်နဲ့ အနာဂါတ်မှာ ဆက်ဆံဖို့ လုံးဝ တားဆီးမရတော့ပါဘူး။
အမှန်တော့ သူဌေးဇူက သာမာန် သူဌေးမျှသာဖြစ်သည်။ သူဌေးဇူရယ် တင်းချန်ရယ် ဟွာတျန်ရယ် အတူတူ အလုပ်လုပ်ကြမယ့် ကုမ္ပဏီလေးဟာ သိပ်မကြီးမားပါဘူး။ အစတုန်းကတော့ သူတို့က နည်းပညာအားလုံးကို ဟွာတျန် နာမည်နဲ့ပဲ မူပိုင်ခွင့် မှတ်ပုံတင်ချင်ကြတယ်။ ဒါပေမယ့်လည်း စီဟွမ်က သူတို့ရဲ့ ရိုးရှင်းတဲ့ စီးပွားရေးကို ကြားပြီးနောက်မှာတော့ ရင်းနှီးမြုပ်နှံချင်ဖို့ ပြောလာခဲ့လေသည်။
စီဟွမ် နောက်မှာ သူ့မိသားစု စီးပွားရေး တစ်ခုလုံး ကျောထောက်နောက်ခံရှိပေ၏။ သူက ဟွာတျန်ရဲ့ မူပိုင်ခွင့်ကို စီးပွားဖြစ် တိုက်ရိုက်ရောင်းချဖို့ အကြံပြုခဲ့တယ်။ ဒီနည်းလမ်းက ကုမ္ပဏီ အစုရှယ်ယာ တည်ဆောက်ပုံက ကြီးမားတဲ့ အပြောင်းအလဲဖြစ်လာပေလိမ့်မည်။ စီဟွမ်က ရှယ်ယာ အများဆုံး ပိုင်ဆိုင်သူ ဖြစ်လာပေလိမ့်မည်။ သူဌေးဇူနှင့် တင်းချန်က ဒါကို ဆွေးနွေးပြီးတဲ့နောက် သူတို့ နှစ်ယောက်လုံးက ကြီးမားတဲ့ နောက်ခံတစ်ခု ရှိနေတာ ပိုကောင်းတယ်လို့ ထင်မိကြလေသည်။ ဒါကြောင့် နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရသွားကြလေသည်။
ဟွာတျန်ကတော့ အရာအားလုံးဆွေးနွေးပြီးတဲ့ နောက်မှာ စီဟွမ်က သူမရဲ့ လုပ်ငန်း ပါတနာဖြစ်လာတယ်ဆိုတာသာ သိခဲ့ရလေသည်။ ဒါပေမယ့် ဟွာတျန် မကျေမနပ် မဖြစ်ခဲ့ပါ။ သူတို့ အရင်သိခဲ့ကြတဲ့အချိန်တုန်းက စီဟွမ်က အရမ်းရက်ရောတဲ့သူတစ်ယောက်ဖြစ်ကြောင်း သူမ သိပြီးသားဖြစ်သောကြောင့် ဖြစ်သည်။
စီဟွမ် က သူတို့ကို ပိုင်ယင်းအတွက် စက်ရုပ်ခြေထောက်လုပ်တဲ့နေရာမှာ အများကြီး ပံပိုးပေးခဲ့ လေသည်။ သူက ပိုကောင်းတဲ့ သတ္တုတွေရရှိဖို့ ပိုက်ဆံတွေ အများကြီးသုံးခဲ့ပေးပြီး ခြေတုလက်တုတွေ ထုတ်လုပ်ဖို့ သူတို့ ကုမ္ပဏီ စမ်းသပ်ခန်းကိုပါ ငှားရမ်းပေးခဲ့လေသည်။
ပိုင်ယင်းက ဟွာတျန် အသစ်လုပ်ထားတဲ့ ခြေတုကို စတင်အသုံးပြုပြီး သူ့ဘဝက ပိုအဆင်ပြေလာခဲ့လေသည်။ အိမ်သာ သွားရတာ အဆင်မပြေတဲ့အတွက် တစ်နေကုန် ရေမသောက်ဘဲနေရမှာ မကြောက်တော့ပါဘူး။ သူက အရင်ကထက်စာရင် တော်တော်ကို အဆင်ပြေလာခဲ့လေသည်။
ဒီရက်ပိုင်းတွေမှာ ပိုင်ယင်းက ဟွာတျန်အိမ်ကို မကြာခဏ သွားလေ့ရှိသည်။ ဒါက ပါရမီရှင် နှစ်ယောက်ကြားက အတွေးအခေါ် တိုက်ပွဲတွေ ဖြစ်နိုင်သလို သူတို့ ရဲ့ မကြာခဏ ပေါ်လာတဲ့ ထူးဆန်းတဲ့ အတွေးတွေကို နားလည်ကြဖို့ အတူတကွ အလုပ်လုပ်ကြတာလည်းဖြစ်နိုင်ပါတယ်။
ဟွာတျန် က လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက ပါရမီရှင်တွေနဲ့ အလုပ်လုပ်ရသလို အရမ်းပျော်နေလေသည်။ သူမက ကျောင်းတက်ရဖို့ အခက်ခဲနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကိုတောင် သတိမရတော့ပေ။
နွေရာသီ အားလပ်ရက် ပြီးဆုံးဖို့ တစ်ပတ် အလိုမှာတော့ ချင်းလီ အထက်တန်းကျောင်းက ကျောင်းပြန်ဖွင့်ဖို့ စီစဉ်နေကြလေပြီ။ လာမည့်နှစ် ပညာသင်နှစ်အတွက် ကျောင်းကောင်စီ ဥက္ကဌ ဖြစ်တဲ့ စီဟွမ် တစ်ယောက် ကျောင်းနှင့် ပက်သက်သည့် ကိစ္စ များစွာတွင်ပါဝင်ဆောင်ရွက်ရလေသည်။ ယနေ့တွင် ချင်းလီ အထက်တန်းကျောင်းမှ ခေါင်းဆောင်များက ပြီးခဲ့တဲ့ နှစ်က ကျောင်းသားခေါ်ယူခဲ့တဲ့ လုပ်ငန်းစဉ် အကျဉ်းချုပ်ကို ပြန်လည် ဆွေးနွေးနေကြလေသည်။ စီဟွမ်က ဒီနှစ် ကျောင်းသားစုဆောင်းရေးအတွက် အဓိက တာဝန်ရှိသူဖြစ်လေသည်။ အစည်းအဝေးတွင်းမှာ သူ့ရှင်းပြတဲ့ သူ့အလုပ်ရဲ့ ရလဒ်တွေကို ကျောင်းစီမံခန့်ခွဲရေး တာဝန်ရှိသူတွေက ကျေနပ်ကြလေသည်။
စုဆောင်းရေး အစီအစဉ်တွေ ဆွေးနွေးပြီးနောက် ပညာရေးဆိုင်ရာ ဒါရိုက်တာက ကျောင်းစည်းကမ်း ဖောက်ဖျက်ထားတဲ့ သူတွေကို ကျောင်းက ထုတ်ပယ်ဖို့ ပြဿနာကို ဆွေးနွေးဖို့ ပြောလာခဲ့သည်။ သေချာတာ တစ်ခုက ဟွာတျန် နာမည်ကလည်း စာရင်းထဲမှာ ပါနေတာပါပဲ။
ဟွာမိသားစုက ဟွာတျန်ကို စွန့်ပစ်လိုက်ပြီးနောက် သူမလို အဆင့်ဟိုးအောက်ဆုံးမှာရောက်တဲ့ သူကို ကျောင်းမှာ ဆက်ထားစရာ အကြောင်းမရှိတော့ပါဘူး။ ဒါကြောင့် အကြီးအကဲက သူမနာမည်ကိုပဲ အစည်းအဝေးမှာ နမူနာအနေနှင့် အဓိက ထားပြောလိုက်လေသည်။ သူတို့က ကန့်ကွက်သံ ကြားရမည်ဟု မမျှော်လင့်ထားကြပေ။
ကျောင်းစီမံခန့်ခွဲရေးက နောက်ပြဿနာတစ်ခုကိုဆွေးနွေးကြတော့မယ့်အချိန်မှာ စီဟွမ်က သူ့လက်ကို မြောက်ပြီး ပညာရေး ဒါရိုက်တာကို ကြားဖြတ်ပြောလိုက်တယ်။
"ဆရာ ဟွာတျန်ဆိုတဲ့ ကျောင်းသူနဲ့ ပက်သက်ပြီး ဒီထက်ပိုဆွေးနွေးဖို့ လိုလိမ့်မယ်လို့ ကျွန်တော်ထင်တယ်"
စီဟွမ် က မတ်တပ်ရပ်လိုက်တယ်။ ဆရာက စကားပြောနိုငသည်ဟု ပြောလိုက်ပြီးနောက် "ကျွန်တော် သိသလောက်ဆိုရင် ဟွာတျန်က အရင်နှစ်တုန်းက ဘယ်ကျောင်းစည်းကမ်းကိုမှ မချိုးဖောက်ထားပါဘူး။ ကျောင်းရဲ့ သမိုင်းမှာလည်း အဆင့်မကောင်းလို့ ဆိုပြီး ကျောင်းထုတ်ခံခဲ့ရတဲ့ ကျောင်းသားမရှိပါဘူး အလွန်ထူးချွန်တဲ့ ကျောင်းသားတွေတောင် ပတ်ဝန်းကျင် အသစ်နဲ့ အဆင်မပြေလို့ အဆင့်တွေ ကျသွားခဲ့ကြတာတွေ အများကြီးပါပဲ။ ဆရာတို့ ဟွာတျန်ကို အခွင့်အရေးထပ်ပေးနိုင်မယ်လို့ ထင်ပါတယ်။"
ကျောင်းစီမံခန့်ခွဲရေးက စီဟွမ်ကြောင့် စိတ်တိုသွားကြပြီး သူတို့ အဆိုပြုချက်ဟာ ဘယ်တုန်းကမှ ငြင်းဆို မခံခဲ့ရသေးကြောင့်လည်းဖြစ်သည်။
ကျောင်းအုပ်ကြီးက ရှင်းပြလေသည်။
"စီဟွမ် မင်းက ကြင်နာတတ်တဲ့ ကလေးတစ်ယောက်ဆိုတာ ငါသိပါတယ်။ ဟွာတျန်ရဲ့ ဘဝက ကြီးမားတဲ့ အပြောင်းအလဲတွေကြောင့် သူမ ခံစားရတာတွေကို မင်းမခံစားနိုင်ဘူးဆိုတာ ငါသိပါတယ်။ ဒါပေမယ့်လည်း အစိုးရ အထက်တန်းကျောင်းတွေဆီကနေ အဆင့်ကောင်းတဲ့ သူတွေကိုပဲ ခေါ်မယ်ဆိုရင်တောင် ဟွာတျန် အလယ်တန်း ကျောင်းက ရလဒ်နဲ့ ငါတို့ ကျောင်းကို ရောက်မလာနိုင်ဘူး အခု သူမက ဘာကြေးမှ မပေးနိုင်တော့ဘူးဆိုတော့ ကျောင်းစီမံခန့်ခွဲရေး အဖွဲ့က ဒီအမှားကို ပြင်ဖို့ လုပ်နေတာပါ။"
စီဟွမ် ခေါင်းငြိမ့်ပြပြီးပြောလိုက်သည်။
"ကျွန်တော် နားလည်ပါတယ်ခင်ဗျာ။ ဒါပေမယ့်လည်း ဟွာတျန်ကို သနားလို့ နောက်ထပ်အခွင့်အရေး တောင်းဆိုပေးနေတာမဟုတ်ပါဘူးခင်ဗျာ။ ကျွန်တော်က ကျောင်းက ပါရမီရှင်တစ်ယောက် ဆုံးရှုံးသွားမှာကို မလိုချင်လို့ပါ။"
ကျောင်းစီမံခန့်ခွဲရေးနဲ့ ကျောင်းကောင်စီက လူတွေ အကုန်လုံးက ဝိုင်းရယ်ကြလေသည်။ ဟွာတျန် က ကျောင်းကို ရောက်ရောက်ချင်း သူမ ဂုဏ်သတင်းက ပျံနှံခဲ့ပြီး ဖြစ်လေသည်။ သူမက ပါရမီရှင် ဆိုသည့် စကားလုံးနှင့် နည်းနည်းလေးမှ မသက်ဆိုင်ပေ။
ဟွာတျန် ဆရာမဆီက ကြားခဲ့ရတာက တစ်နှစ်လုံးမှာ သူမနာမည် ကြားရတိုင်း ခေါင်းကိုက်သလိုခံစားခဲ့ရတယ်တဲ့။
"စီဟွမ် ဟာသလုပ်မနေနဲ့တော့ အရင်နှစ်တုန်းက ဟွာတျန်က ငါတို့ အတန်းထဲမှာ ဘယ်တော့မှ သင်ခန်းစာတစ်ခုပြီးအောင် မနေဘူး ပြီးတော့ သူမက စာမေးပွဲတိုင်းမှာ ဆယ်မှတ်ပြည့်အောင်ကို မရဘူး။ သူမက လေ့လာတဲ့နေရာမှာလည်း ထူးထူးခြားခြား အရည်အချင်းတွေ ထုတ်ပြထားတာမရှိဘူး သူမက ဘယ်လိုလုပ် ပါရမီရှင် ဖြစ်နိုင်မှာလဲ"
"ဆရာတွေရဲ့ အမြင်က အရမ်းစူးရှတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒီနွေရာသီ မတိုင်ခင်မှာ ကျွန်တော့် အမြင်တွေက တော့ တစ်ခြားသူတွေနဲ့ လုံးဝ ကွဲပြားသွားခဲ့တယ်။ ဘာကြောင့်လည်းဆိုတော့ သူမရဲ့ ပါရမီ ရှိတဲ့ အရည်အချင်းကို မြင်တွေ့ခွင့်ရလိုက်လို့ပါပဲ"
စီဟွမ်က သူ့ကွန်ပျူတာကနဲ့ ပရိုဂျက်တာကို ချိတ်လိုက်ပြီး ဟွာတျန်က ဆင်ခြေဖုံး ရွာလေးမှာ ဘယ်လောက်တောင် အံဩစရာကောင်းတဲ့ တီထွင်မှုကို လုပ်ခဲ့သလည်းဆိုတာ လူတိုင်းကို ပြသလိုက်သည်။