Chapter 15 နည်းပညာ အင်ပါယာတစ်ခု၏ အစ
သူဌေး ဇူက စက်ရုပ်လက်နဲ့ အသုံးပြုလို့ရမယ့် နေရာတွေကို မိတ်ဆက်ပေးလာတာနဲ့ တင်းချန် ပိုပြီး စိတ်လှုပ်ရှားလာခဲ့လေသည်။
သူတို့ အချိန်ကြာကြာ ပိုပြောလေ ပိုပျော်လာကြလေဖြစ်ပြီး သူတို့ အားလုံး ရည်မှန်းချက် တစ်ခုတည်း ဖြစ်လာကြသည်။
တင်းချန်က သူဌေးဇူရဲ့ ပုခုံးကို ပုတ်လိုက်ပြီး "မင်းက တကယ်တော်တဲ့လူပဲ မင်းသာ ငါတို့ကို အားသာချက် အားနည်းချက်တွေကို ရှင်းမပြရင် တျန်တျန်က နည်းပညာတွေကို တစ်ခြားသူတွေကို လွယ်လွယ်ကူကူ ပေးမိနေမှာပဲ"
ငါ့တူမလေးက နည်းပညာပိုင်းတော်တယ်ဆိုပေမယ့် လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်ဖို့ အများကြီးလိုသေးတယ်။
သူဌေး ဇူက တင်းချန် ရိုက်လိုက်တဲ့ ပုခုံးကို ပွတ်သပ်နေပြီး ပြန်ပြောလိုက်လေသည်။
"ငါကတော့ တျန်တျန်က မင်းထက် ပိုတော်တယ်လို့ ထင်တယ်"
ဟွာတျန်က ထောက်ခံလိုက်လေသည်။ "အဲ့တာမှန်တယ် ဦးလေးက သမီးကို လိုက်ဝေဖန်နေတုန်းပဲ"
သေးငယ်ပြီး ပျက်စီးနေတဲ့ အိမ်ဝင်းလေးထဲမှာ သူတို့ သုံးယောက်က အနာဂါတ်မှာ ကမ္ဘာကြီးကိုတောင် ကိုင်လှုပ်နိုင်မယ့် နည်းပညာ အင်ပါယာ တစ်ခုကို အစပြုဖို့ ဆွေးနွေးနေကြလေသည်။ သို့သော်လည်း သူတို့ က လောလောဆယ်မှာ ကမ္ဘာကြီးကို ကိုင်လှုပ်ပြီး ပြောင်းလဲချင်သည့် ဆန္ဒမျိုး မရှိကြဘဲ ရိုးရိုးရှင်းရှင်း ချမ်းသာချင်ကြသည့် ဆန္ဒတစ်ခုတည်းသာ ရှိကြလေသည်။
အဲ့ဒီနောက် ကုမ္ပင်္ဏ လျှောက်ထားတာတွေ မူပိုင်ခွင့်တင်တာတွေကို လုပ်ဆောင်ခဲ့ကြသည်။ သူဌေး ဇူရဲ့ ကျေးဇူးကြောင့် အရာရာ အဆင်ပြေခဲ့လေသည်။ သူဌေးဇူက ငွေ အများဆုံး ရင်းနှီးမြုပ်နှံပြီး အလုပ်အများဆုံးလုပ်ခဲ့ရသူဖြစ်လေသည်။
တင်းချန် က သူ့သူငယ်ချင်းက အရမ်းကြီး ဆင်းရဲချို့တဲ့နေတာမျိုး မဟုတ်ဘူးဆိုတာကို သတိပြုမိလိုက်သည်။
တင်းချန် သက်ပြင်းချလိုက်ပြီး ကမ္ဘာကြီးအပေါ် သူ့အမြင်တွေ ပြောင်းလဲပြီး လက်ခံလိုက်ရသည်။
"အမှိုက်ပုံတစ်ခုကနေ ငွေ အများကြီး ဝင်နိုင်မှာတဲ့လား မင်းလိမ်နေတာပဲ ဟုတ်တယ်မလား"
သူဌေးဇူ က စီးကရက် အငွေ့တွေ မှုတ်ထုတ်လိုက်ပြီး အနည်းငယ် ဂုဏ်ယူရသလိုခံစားလိုက်ရသည်။
"ငါ အိမ်တွေ အများကြီးပိုင်နေတာ မင်းက ဘယ်လိုထင်လို့လဲ"
ဟွာတျန်ကတော့ သိပ်မအံဩပါ။ အမှိုက်ပုံစက်ရုံတွေ လုပ်တဲ့လူတွေက နှစ်တော်တော် ကြာတဲ့အခါမှာ သူဌေးတွေ ဖြစ်သွားကြတာကို သူမ သိပြီသားဖြစ်လေသည်။
သူဌေးဇူက ဟွာချန် သတ္တု အပိုင်းအစတစ်ခုကို တူနဲ့ ခေါက်နေတာကိုကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် တင်းချန်ကိုပြောလိုက်သည်။
"ငါတို့ ရွာလေးက တကယ်တော့ ရတနာသိုက်ကြီးပါ စွန့်ပစ်ထားတဲ့ ရပ်ကွက်လေးလို့ ထင်ရပေမယ့် တကယ်တော့ အရည်အချင်းရှိတဲ့သူတွေ အများကြီးပဲ"
တင်းချန်က စိတ်ပျက်စွာပြောလိုက်သည်။ "မင်းဘာတွေ ပြောနေတာလည်း ငါတို့ တျန်တျန်ကို ယှဉ်နိုင်တဲ့ နောက်ထပ် ပါရမီရှင်တစ်ယောက်ဆိုတာ ဒီလိုနေရာမှာ ရှိကို မရှိဘူး"
သူဌေးဇူက ပြုံးပြီး ပြောလိုက်လေသည်။ "အဲ့လောက်လည်း စိတ်မပျက်သွားပါနဲ့ကွာ မင်း ပိုင်လောင်ကို သိတယ်မလား" သူက လွန်ခဲ့တဲ့ နှစ်အနည်းက အနည်းငယ် မောက်မာခဲ့ပြီး ထောင်ကျခဲ့တယ်။ သူ့တူကလည်း ပါရမီရှင် တစ်ယောက်ပဲ ဒါပေမယ့် သူရဲ့ အဓိက ကျွမ်းကျင်မှုက ကွန်ပျူတာ ပရိုဂရမ်မင်း ပဲ သူက ဟိုးအရင်တုန်းက ပရိုဂရမ်တစ်ခုရေးပြီး ယွမ် သိန်းချီဝင်ခဲ့တယ်။
တင်းချန်က သတိရသွားပြီး ပြောလိုက်သည်။ "ငါမှတ်မိပြီ အဲ့ကလေးက အရမ်းသနားစရာကောင်းတယ်။ သူက တိတ်တိတ်ပုန်းကလေးတစ်ယောက်ဖြစ်ပုံရပြီး သူ့ခြေထောက်ဟာလည်း သူ့အဖေ မယားပါသားကြောင့် ကျိုးသွားတာ မလား သူ့ဦးလေးက သူ့အဖေကို လက်စားချေဖို့ သွားရှာပြီး ထောင်ဒဏ်နှစ်အနည်းငယ် ချမှတ်ခံလိုက်ရတာမလား သူက အခု သူ့အဒေါ်နဲ့ နေနေတာ မလား"
"အဲ့တာက သိပ်အဆိုးကြီးမဟုတ်သေးပါဘူး"
လူအိုကြီး ဇူက သက်ပြင်းချလိုက်သည်။ "သူ့ခြေထောက် ၂ ချောင်းလုံး ဖြတ်လိုက်ရတယ်။ သူ့ဦးလေး မိသားစုက သူတို့ ပိုင်ဆိုင်သမျှကို သူ့ကို ကုသဖို့နဲ့ တရားရင်ဆိုင်ဖို့ အတွက် သုံးစွဲခဲ့ကြတယ်။ သူ့အဒေါ်က သူ့ကို့ ဘာလို့ ထောက်ပံတာလည်းဆိုတော့ သူမ အဲ့လို မလုပ်ရင် ပိုင်လောင် ထောင်က ထွက်လာရင် သူမကို ပြဿနာရှာမှာဆိုးလို့ ပေါ့ မဟုတ်ရင် သူမက အစကတည်းက သူ့ကို နှင်ထုတ်ချင်နေတာ"
တင်းချန် သက်ပြင်းချလိုက်သည်။
"တကယ် မလွယ်ပါလား"
ဟွာတျန်က သူတို့ အတင်းပြောနေကြတာကို ခိုးနားထောင်ပြီး ပိုင်ယင်းလို့ခေါ်တဲ့ကောင်လေး အကြောင်း စပ်စုနေလေသည်။
သူမက မေးလိုက်သည်။ "ပိုင်ယင်းက အသက်ဘယ်လောက်ရှိပြီလဲ"
သူဌေးဇူ က ပြောသည်။ "သူ့ အသက် အတိအကျတော့ မသိဘူး ဒါပေမယ့် မင်းနဲ့ ရွယ်တူလောက်ပဲ အထက်တန်းကျောင်းအောင်ပြီးခါစပဲ ထင်တယ် သူတက္ကသိုလ် ဆက်တက် မတက်တော့ မသိဘူး"
ဟွာတျန် ခဏကြာအောင် တွေးတောနေလိုက်သည်။ "ကျွန်မ သူနဲ့ သိချင်တယ် သူ့အိမ်က ဘယ်မှာရှိလဲ"
သူဌေးဇူက ပြန်စပ်စုလိုက်သည်။ "သူကို ဘာလို့ ရှာချင်တာလဲ သူ့အဒေါ်က တော်ရုံတန်ရုံ အတွေ့ခံတာ မဟုတ်ဘူး"
ဟွာတျန်က ရယ်ပြီးပြောလိုက်သည်။ "သူပက ပိုက်ဆံ အများကြီးဝင်တယ်လို့ ပြောခဲ့တယ်မလား ကျွန်မ သူ့ဆီသွားပြီးတော့ စက်ရုပ်ခြေထောက် တစ်စုံလောက်လုပ်မလားလို့ သွားမေးမလို့ပါ"
သူဌေးဇူနဲ့ တင်းချန်က ဟွာတျန်ကို ရှုပ်ထွေးတဲ့ အမူအရာနဲ့ ကြည့်ပြီးတော့ တင်းချန်က ပြောလိုက်လေသည်။
"မင်းသွားချင်ရင်သွားပေါ့ သူငယ်ချင်း လုပ်ချင်လည်းလုပ် ဒါပေမယ့် အဲ့မှာ မှိုပေါက်အောင် တစ်နေကုန်လည်း နေမနေနဲ့ဦး"
ဟွာတျန်က ပိုင်ယင်း အိမ်လိပ်စာကို သူဌေးဇူဆီကနေရပြီးနောက် ပျော်ရွှင်စွာ ပြေးထွက်သွားလေသည်။
သူဌေးဇူက ဟွာတျန် နောက်ကျောကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ပြန်သည်။
"ဒီ မိန်းကလေးက အရမ်းကြင်နာတတ်တယ် ဒါပေမယ့်လည်း ကံမကောင်းရှာဘူး သူမက ဘာမှမလုပ်ပေမယ့်လည်း အကြွေးတွေ အများကြီး ဆပ်နေရတယ်"
တင်းချန်က သူ့ပါးစပ်ထဲက သွားကြာါ်ထိုးတံကို ထွေးထုတ်လိုက်ပြီး စကားကို ပြတ်ပြတ်ပြောလိုက်သည်။
"ကံဆိုးတယ်ဆိုတာ ဘာကိုပြောချင်တာလည်း ဟွာမိသားစုမှာ တစ်ချိန်လုံး အနိုင်ကျင့်ခံနေရတာကိုပြောတာလား အဲ့တာထက်ကို တျန်တျန်က အရမ်းတော်တယ် ငါတို့ ကုမ္ပဏီ ဖွင့်ပြီး မကြာခင် ဟွာမိသားစုက ပိုက်ဆံတွေ ပြန်ပေးလို့ရပြီ မဟုတ်လား ဟွာမိသားစုက သူတို့ တျန်တျန်ကို စွန့်ပစ်ခဲ့တဲ့ အတွက် နောင်တတောင် ရနေဦးမယ်"
"အဲ့တာတော့ အမှန်ပဲ ဟွာမိသားစု သာ အကဲခတ် မညံရင် ဒီ ဘုရားပေးတဲ့ ဆုလာဘ်က ငါတို့ လက်ထဲရောက်လာမှာမဟုတ်ဘူး"
"မင်းက ငါတို့ ဆိုတာ ဘာကိုဆိုလိုတာလဲ တျန်တျန်က ငါ့မိသားစုကွ"
ပိုင်ယင်းအိမ်က သိပ်မဝေးတာကြောင့် ဟွာတျန် ခဏလေးနဲ့ ရှာတွေ့သွားသည်။ သူမ တံခါးခေါက်လိုက်ပြီးနောက် အနည်းငယ် ကြောက်ရွံနေလေသည်။
ဟွာတျန်က ပါရမီရှင်နဲ့ သူငယ်ချင်းလုပ်ဖို့ ဒီကို လာခဲ့တာမဟုတ်ပါ။
သူမ မှတ်မိတာက စက်ရုပ်တော်လှန်ရေး သမိုင်းမှာ ပိုင်ယင်းလို့ခေါ်တဲ့ သိပ္ပံပညာရျင်က သာလွန် အသိဉာဏ်ရည်တု ကွန်ပျူတာ မော်ဒယ်ကို ရေးဆွဲခဲ့တယ်။ အဲ့ဒီနောက် လူတွေက သူ့ အယ်ဂိုရမ်သမ် ကို အခြေခံပြီး AI (ဉာဏ်ရည်တု ) နည်းပညာတွေကိုတီထွင်ခဲ့ကြတယ်။ ဒါပေမယ့် အဲ့ဒီ စက်ရုပ်တွေဟာ လူသားတွေကို ပြန် တိုက်ခိုက်ခဲ့ကြတယ်။
ကမ္ဘာကြီးရဲ့ ကံဆိုးမိုးမှောင်ကျတဲ့ နေရက်တွေ ကျော်လွန်ပြီးနောက်မှာတော့ လူသားတွေက စက်ရုပ် တီထွင်ပြုလုပ်တာတွေကို လေ့လာလာကြသည်။ သူတို့က ပိုင်ယင်းသည် သူ့ရဲ့ ဉာဏ်ရည်တု ပရိုဂရမ်မှာ ယိုပေါက်(error လို့ပဲ သိထားပေးပါ နည်းပညာဆိုင်ရာ အခေါ်အဝေါ်တွေမို့ မြန်မာလို့ ပြန်ရ အဆင်မပြေတာမျိုးလေးတွေရှိလို့ပါဗျ။)တွေ ချန်ထားခဲ့တယ်လို့ သံသယ ရှိနေကြသည်။ အဲ့ယိုပေါက်တွေကနေ သူ့ရဲ့ အမှောင်ဘက်ခြမ်းက စိတ် ရိုင်းတွေ ကို အမွေဆက်ခံပြီး စက်ရုပ်တော်လှန်ရေးကြီး ဖြစ်လာကာ လူသားမျိုးနွယ်ကို ဒုက္ခရောက်စေခဲ့ကြတယ်လို့ ယုံကြည်ကြလေသည်။