Chapter2 - ပွဲအတွင်းက လူပြက်တစ်ယောက်
ဟွာထျန်လို အနာဂါတ် နှစ်ရာပေါင်းများစွာကနေ ကူးပြောင်းလာသူတစ်ယောက် အနေနှင့် ပြောစရာ စကာားရှာမတွေ့ချေ။ သူမ တို့ အနာဂါတ်တွင် ကလေးတိုင်း၏ မျိုးရိုးဗီဇ လက္ခဏာတွေကို မမွေးသေးခင်ပင် အိမ်ထောင်စု စာရင်းထဲ ထည့်ပေးပြီးဖြစ်သည်။ AI နည်းပညာနှင့် ဖန်တီးထားတဲ့ သားအိမ်နှင့် မွေးကင်းစ ကလေး စောင့်ရှောက်ရေး က မိဘတွေ ကလေး မှားယူတဲ့ အမှားမျိုးကို အမှားခံမှာမဟုတ်ပါဘူး။
ဒါပေမယ့်လည်း အခုခေတ်က ရှေ့းကျတဲ့ ခေတ်မှာ ဆေးရုံးက မိသားစု နှစ်စုရဲ့ ကလေးတွေကို ရောပစ်လိုက်တာလားလို့တောင် ထင်မိတယ်။ တကယ့်ကို မယုံနိုင်စရာပါဘဲ။
ဟွာထျန် နိုးလားသောအခါ သူမ ခေါင်းကိုက်လာသည်။ သူမ မျက်နှာသစ် ချင်လာသဖြင့် ဆံပင်စည်း ခေါင်းရှင်းလိုက်ပြီးနောက် မှန်ကြည့်လိုက်သောအခါ သူမ လန့်ဖြန့်သွား၏။ "အမလေး အမေရေ " မှန်ထဲက သူမ ပုံရိပ်က ရှည်လျားပြီး ခရမ်းရောင်ဆံပင်တွေ မျက်ခြယ်တွေ နဲ့ မျက်နှာပေါ်မှာ မျက်ရည်စီးကြောင်း ၂ခု ကိုတွေ့လိုက်ရ၏။ သူမ အဝတ်အစားတွေဟာလည်း ဟိုနား တစ်ပေါက် ဒီနားတစ်ပေါက် ဖြစ်နေ၏။ "ဒီလိုဝတ်တာက စတိုင်တစ်မျိုးလား"
ဟွာထျန် မှန်တင်ခုံပေါ်က ပုလင်းတွေ နဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဘယ်လိုသုံးရမလဲ မသိပါ။ ထို့ကြောင့် ရိုးရိုးရှင်းရှင်း မျက်နှာပဲ သစ်ပြီး အခန်းထဲက ထွက်လာခဲ့လိုက်သည်။ ဟွာထျန် လှေကားနား ရောက်ရောက်ချင်း ပထမထပ်မှာရှိတဲ့ ဟောခန်းထဲကနေ သူမ ဆူဆူညံညံတွေ ကြားလိုက်ရတယ်။ လူတိုင်းက ရယ်မောနေကြပြီး ပျော်ရွှင်နေကြတယ်။
"ဪ "
ဟွာ မိသားစုက ပွဲတော် ကျင်းပမယ်လို့ ပြောထားတာကို မှတ်မိသွားဟန်တူသည်။ အဲ့ဒိက ထွက်ပေါ်နေတဲ့ သီချင်းသံနဲ့ အစားအစာတွေက ထွက်လာတဲ့ အနံအသက်တွေက အလွန်ကို ကောင်းလွန်းတယ်။ ဟွာထျန်က ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်က ဘာကြောင့် ဝိုင်ပုလင်တွေနဲ့ ပြတင်းပေါက်နားမှာပဲ အမြဲရှိနေလည်းဆိုတာ ရိပ်မိသွား၏။ သူမကို ဘယ်သူမှ ဂရုမစိုက်ကြဘူးဆိုတော့ သူမကလည်း ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုအပ်ပါ။
ဒါကြောင့် သူမ လှေကားပေါ်ကနေ အေးဆေး ဆင်းလာပြီး ပွဲထဲကို ဝင်သွားလိုက်သည်။ စာသူငယ်ကြား လင်းတ နားဆိုသလို သူမ အသွင်အပြင်က ပရိတ်သတ်တွေ ကြားထဲမှာ ပေါ်ပေါ်ထင်ထင်ဖြစ်နေပြီး လူတိုင်းက သူမကို အာရုံစိုက်လာကြသည်။
ဟွာထျန်က အချိုပွဲတွေယူပြီး စားပွဲရှည်ကြီးမှာ ဝင်ထိုင်လိုက်သည်။ အဝတ် အစား ကောင်း ကောင်း ဝတ်ထားတဲ့ ဧည့်သည်တွေက သူမ သူတို့နားက ဖြတ်သွားပြီးတာနဲ့ ဘေးနားက နီးရာလူနှင့် တီးတိုးပြောကြတော့၏။
"သူပေါ့ ဟွာမိသားစုက သူတို့ကလေး ထင်ပြီး မြောက်စားခဲ့တဲ့ သမီးတု ဆိုတာ "
"သူမကို ကြည့်စမ်းပါ ဘယ်နားကများ ဟွာမိသားစုနဲ့ တူနေလို့လဲ "
"ငါကြားတာကတော့ သူမ အမေရင်းက အငယ်အနှောင်း တဲ့ "
" ဘယ်မြေခွေးမ က တန်ဖိုးရှိတဲ့ ကလေးမျိုးကို မွေးနိုင်မှာ မို့လို့လဲ "
"နင်အဲ့တာကို ဘယ်က ကြားခဲ့တာလည်း "
"ငါသတိရပြီ သူမ အမေက လက်မထပ်ရသေးခင် ကလေးမွေးခဲ့တာမလား "
"သူမက အခု ဆင်းရဲသားရပ်ကွက်မှာ ဟွာမိသားစုရဲ့ ကလေးနဲ့ အတူ ဆင်းဆင်းရဲရဲ နေနေရတာလေ"
"တော်စမ်းပါ။ ဘယ်သူသိနိုင်မှာလည်း "
"ကံကောင်းလို့ ဟွာယုလေးက ထူးထူးချွန်ချွန် မွေးဖွားလာခဲ့ပြီး နေရာမှန်ကို ပြန်ရောက်လာခဲ့ပြီ"
ထိုသို့ မထီမဲ့မြင် ကြမ်းတမ်းသော စကားများက ခန္ဓာကိုယ်ပိုင်ရှင်ကို နာကျင်စေသောလည်း ဟွာထျန်က ဂရုမစိုက်ပါ။
ပွဲတော်မှာလုပ်ထားတဲ့ အချိုပွဲတွေ အကုန်လုံးက သေးပြီး လက်ရာမြှောက် လေ၏။ ဟွာထျန်က နည်းနည်းစီ လက်နဲ့ ကောက်ယူလိုက်ပြီး သူမ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။
ချိုပြီး နူးညံ တဲ့ အရသာလေး က သူမ အရသာခံထပ်ဖူးလေးတွေထဲကို စိမ့်ဝင်သွားလေသည်။ ကောင်းလိုက်တာ ရုပ်ရှင်တွေထဲကလို အချိုပွဲတွေ များလား မှတ်ရတယ်။
" အို အချိန်ခရီးသွား ဖခင် ကျွန်ုပ်ကို ကူးပြောင်းခွင့်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ "
ဟွာထျန်ကတော့ သူမ စားစရာရှိတာ ဆက်စားနေလေ၏။ သို့သော်လည်း သူမကိုကြည့်နေသူများကတော့ သူမ အမူအရာများနှင့်ပက်သက်ပြီး စိတ်ထဲ မသက်မသာ ဖြစ်ကြလေ၏။
ဒါပေမယ့် ဘယ်သူကမှတော့ ဟွာယုလောက် ခံစားချက်ပြင်းပြကြမှာ မဟုတ်ပါ။ ဒီနေ့ ဟွာယူက ဟွာမိသားစုရဲ့ အစစ်အမှန် မိသားစုဝင်အစြဖ် ဧည့်သည်တွေရှေ့ကို ထွက်လာရ၏။ ဒီအခိုက်အတန့်က သူမဘဝ အတွက် အရေးကြီး၏။
" ဟွာထျန်က ဘာလို့ ဒီမှာပေါ်လာရတာလဲ "
သူမ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံအရ ဟွာထျန်က သူမ မိဘတွေ စိတ်ပျော့သွားပြီး သူမကို မွေးစား သမီးအဖြစ်နဲ့ ဆက်လက်နေထိုင်ခွင့်ပြုဖို့ သူမရဲ့ လျှာကို ကောင်းကောင်း အသုံးချပြီး ဖြစ်ပေလိမ့်မည်။ ဒီလိုနဲ့ သူမ ပိုင်ဆိုင်တဲ့ အရာတွေကို ဟွာထျန်က ခဏခဏ ခိုးယူနေလိမ့်မည်။
" အခု အခြေအနေမှာတော့ သူမဟာ ဟွာထျန်ကို ဘယ်တော့မှ နောက်တစ်ကြိမ် ပြန်လာစေမှာမဟုတ်ပါဘူး။ "
ပွဲနဲ့ အံဝင်ခွင်မကျ မသင့်တော်တဲ့သူကိုပြပါ ဆိုလျှင် ဟွာထျန်ကလွဲပြီး တစ်ခြား မရှိချေ။ ဟွာယုက စားပွဲဆီကို တန်းတန်း မတ်မတ် လျှောက်လာလိုက်သည်။
"ဟွာထျန် နင်က အခုထိ အရှက်မရှိ ဟွာမိသားစုကနေ ထွက်သွားဖို့ ငြင်းဆန်နေတုန်းလား "
ဟွာထျန်က အစာ ဝါးနေရင်းနှင့်ပင် လှည့်ကြည့်လိုက်သောအခါ လှပရှည်လျားတဲ့ ဂါဝန် ကို ဝတ်ဆင်ထားတဲ့ ဟွာယုကို တွေ့လိုက်ရ၏။
အစားကို မျိုချလိုက်ပြီးနောက် ဟွာထျန်က ပြောလိုက်သည်။
"ငါတောင်းပန်ပါတယ် ငါဗိုက်ဆာနေလို့"
"ဟွာမိသားစုက ငါ့ကို ဗိုက်ဝအောင် ကျွေးချင်စိတ် မရှိဘူးလေ ဟုတ်တယ်မလား"
ဟွာယု မျက်နှာက မည်းမှောင်သွားလေ၏။ " ဟွာထျန် က ဘာပြောချင်တာလည်း "
"ဟွာမိသားစုက သူမကို ထမင်းမကျွေးဘူးလို့ ဧည့်သည်တွေ အများကြီးရှေ့မှာပြောနေတာလား သူမ ဆယ်နှစ်ကျော်ကျော် ကောင်းကောင်းနေ ကောင်းကောင်းစားခဲ့တဲ့ ဟွာမိသားစု ကျေးဇူးတွေကို မထောက်ဘူးလား "
"နင့်ဘာသာ နင့် အခန်းထဲနေပြီး အခန်းတံခါးပိတ်မထားရင် နင် အခုလို ၂ရက်လောက် ငတ်နေမှာမဟုတ်ဘူး "
ဟွာယု မျက်နှာ မဲ့မဲ့နှင့် ပြောလိုက်သည်။
" နင် အဖေနဲ့ အမေ့ဆီက ထွက်မသွားရဲဘူးဆိုတာ ငါသိပါတယ် ဒါပေမယ့် အခုက နင် ဒီလိုလုပ်နေရမယ့် အခြေအနေမဟုတ်ဘူး "
ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်က တံခါးကို သော့မခတ်ထားမှန်း ဟွာထျန် သတိရလိုက်သည်။ ဒါပေမယ့် အခု က စကားနိုင်လုနေတာမို့ သူမ လျစ်လျူရှူလိုက်ပြီး နောက်ထပ် ကိတ်တစ်ဖဲ့ သူမ ပါးစပ်ထဲကိုပစ်လိုက်လိုက်သည်။
ဟွာယုက သူမရဲ့ အရှက်ကင်းမဲ့မှုကြောင့် ဒေါသထွက်သွားသည်။