Chapter 41.1
“စည်းမျဥ်း”
တာရှန်က စျေးနှုန်းအမှန်ကို လိုအပ်လို့မေးခဲ့တာမဟုတ်ပဲ အမှုမဲ့အမှတ်မဲ့မေးကာ လီဖုန်း၏အပြုအမူကနေ တစ်ခုခုကို ခန့်မှန်းမိခဲ့သည်။
လီဖုန်းက တာရှန်၏မိသားစုကို အရူးလုပ်ခဲ့ပေမယ့် ရွာလူကြီးကတော့ လီဖုန်းနဲ့အတူ မြင်းပုလေးသွားဝယ်ခဲ့တာဖြစ်၍ အမှန်တရားကိိိုသိပြီး နောက်ဆုံးညှိုနှိုင်းခဲ့သော စျေးက သူ့ကိုထိတ်လန့်စေခဲ့သည်။ သူက လီဖုန်းငွေအမြန်ထုတ်နေတာကိုမြင်၍ မတားဆီးနိုင်ခဲ့ပေ။
အိမ်ပြန်ရောက်၍ ရွာသားများ လူစုခွဲသွားပြီးနောက် သူက သူ့ဇနီးကိိုပြောလိုက်သည်။ “ဖုန်းရှောင်ကျစ်က အပြင်မှာ တကယ်ချမ်းသာတယ်လို့ မထင်ထားခဲ့ဘူး။ လီစုန့်ကမ်းရဲ့မိသားစုက အမြင်ကျဥ်းတာပဲ။ သူတို့ ဖုန်းရှောင်ကျစ်ကို လွန်လွန်ကဲကဲမလုပ်ခဲ့ရင် လီဖုန်းက သူ့ဦးလေးမိသားစုကို ဆိုးဆိုးရွားရွားဆက်ဆံပါ့မလား? သူတို့က ခုချိန်ထိ ပြဿနာအရင်းအမြစ်ကို အဖြေမရှာပဲ ဖုန်းရှောင်ကျစ်ဆီက ငွေရဖို့တွေးနေတုန်းပဲ။”
ထိုစကားကြားတော့ ရှန်းဖူလန်က “လူကောင်းလေး”လို့အော်ကာ သူ့ရင်ဘတ်ကိုပုတ်လိုက်သည်။ ဖုန်းရှောင်ကျစ်က မျက်တောင်တစ်ချက်တောင်မခတ်ပဲ မြင်းပေါက်တစ်ကောင်ဝယ်ဖို့ ငွေပြားဒါဇင်လောက်သုံးခဲ့သည်။
တစ်ဖက်တွင် ဖုန်းရှောင်ကျစ်က အားလင်းကို တုန်နေအောင်ချစ်ပြီး နောက်တစ်ဖကိမှာတော့ သူက ချမ်းသာ၍ ငွေဒါဇင်လောက်ကို ဂရုမစိုက်ကြောင်းပြနေသည်။ တချို့မိသားစုများက ရွာထဲ၌ ချမ်းသာသောမိသားစုလို့ သတ်မှတ်ခံရပေမယ့် ဘယ်သူကမှ ဖုန်းရှောင်ကျစ်လောက်မချမ်းသာပေ။
“အဲ့ဒီကလေးက လွင်တီးခေါင်တောင်ကုန်းကို ငွေငါးရာနဲ့ဝယ်ပြီး မင်ကောအာရဲ့နာမည်အောက်မှာ မှတ်ပုံတင်လိုက်သေးတယ်။”
“ငါသူ့ကိုအကြံပေးခဲ့ပေမယ့် ဒီခေါင်းမာတဲ့ကလေးက စိတ်မပြောင်းသွားဘူး။ ငွေငါးရာနဲ့ ဘာတွေလုပ်နိုင်လဲ? သူက သူ့အပိုင်မဟုတ်တဲ့ လွင်တီးခေါင်တောင်ကုန်းအတွက် သုံးခဲ့တယ်။ တကယ်လို့ မင်ကောအာက….”
ရွာလူကြီးက သူစိတ်ပူတာလုံလောက်ပြီလို့ တွေးလိုက်သည်။ နောက်ကျနေပြီဖြစ်၍ သူက ခန်းကုတင်ပေါ်မှာလူးလှိမ့်ကာ အိပ်မပျော်နိုင်ဖြစ်နေ၏။
“ဘာ!” ရှန်းဖူလန်က လီဖုန်းငွေငါးရာသုံးခဲ့တယ်ကြားတော့ ထိတ်လန့်သွားပေမယ့် နောက်ဆက်တွဲကို မကြားချင်ပေ။ သူက စောင်ကိုမကာ ရုတ်တရက်ထထိုင်လိုက်၏။ “ခင်ဗျား မင်ကောအာကို သဘောမကျလို့ လီဖုန်းအတွက် လူပျိုကောတစ်ယောက်ကိုရှာချင်တာ ကျွန်တော်သိပေမယ့် သူတို့ ဘယ်လိုလူစားမျိုးလဲ ခင်ဗျားတွေ့ဖူးလို့လား?။ အရင်က ဖုန်းရှောင်ကျစ်ရုပ်ဆိုးလို့ သူရဲ့ကြမ်းတမ်းတဲ့ပုံစံကို မကြိုက်ဘူးလို့ တွေးခဲ့ပေမယ့် အခုသူ ချမ်းသာတာကိုတွေ့တော့ ချက်ချင်းသဘောကျသွားပြီလား… ဒီလူတွေက ဖုန်းရှောင်ကျစ်ကို ချမ်းသာလို့ သဘောကျတာလား လူတစ်ယောက်အဖြစ် သဘောကျတာလား? ဒီလိုလူတွေနဲ့ အတူနေထိုင်ဖို့ သင့်တော်ပါ့မလား?”
“ဟုတ်ပါပြီ…ဟုတ်ပါပြီ…” ရွာလူကြီးက အမြန်အရှုံးပေးလိုက်သည်။ သူက မင်ကောအာနဲ့ပတ်သက်ပြီး မပြောသင့်ပါ။ သူ့ဇနီးက မင်ကောအာကို အမြဲဘက်လိုက်သည်။ “ဒီအတိုင်းပြောလိုက်တာပါ။ ပြီးတော့ ဖုန်းရှောင်ကျစ်က ခေါင်းမာလို့ စိတ်ပြောင်းမှာမဟုတ်ဘူး။ သူဒုက္ခရောက်မှာ ငါမစိုးရိမ်ရဘူးလား?”
ရှန်းဖူလန်က သူ့ကို တစ်ချက်စိုက်ကြည့်လိုက်သည်။ ညသန်းခေါင်မှာ သူများအတွက်စိတ်ပူနေပြီး အိပ်မပျော်နိုင်တာဘာလို့လဲ?
“ခင်ဗျားတခြားတစ်ယောက်ရှာပေးလို့ ဖုန်းရှောင်ကျစ်ဒုက္ခရောက်မှာ စိတ်မပူဘူးလား… မင်ကောအာက ဖုန်းရှောင်ကျစ်ရဲ့ရုပ်ကို အစတည်းက သဘောမကျမဖြစ်ခဲ့ဘူး။”
ရွာလူကြီးက သက်ပြင်းချသည်။ သူ့စိတ်ထဲမှာ ကွဲလွဲမှုတချို့ရှိနေသည်။ သူ့ဇနီးပြောသလိုပဲ သူ ကောတစ်ယောက်ရှာပေးရင် အဲ့ဒီကောက ဘဝကောင်းမှာနေမယ့်အစား ငွေကိုပဲဂရုစိုက်နေမလား?
သူတို့သဟဇာတမဖြစ်လျှင် သူ့အပြစ်ဖြစ်လာမလား? ပြီးတော့ ဖုန်းရှောင်ကျစ်က အတွေးအခေါ်ရှိသူဖြစ်လို့ သူ့ကို လွမ်းမိုးနိုင်မှာတော့မဟုတ်ပေ။
ရှန်းဖူလန်က ထပ်မံလဲလျောင်းလိုက်ပြီး သူ့နောက်ကျောကလူကိုပြောလိုက်သည်။ “အိပ်တော့… ခင်ဗျားတစ်ညလုံး လူးလှိမ့်နေတော့ ပင်ပန်းနေမှာပေါ့။ မနက်ဖြန် မျိုးနွယ်စုကလူတွေနဲ့ ကျောက်မိသားစုက လာနှောင့်ယှက်ဦးမှာ။”
“ဖုန်းရှောင်ကျစ်နဲ့ မင်ကောအာကိုတော့ ကျွန်တော်ယုံတယ်။ ခင်ဗျားမြင်မှာပါ။ သူတို့အနာဂတ်ဘဝက တခြားမိသားစုတွေထက် ပိုကောင်းလာလိမ့်မယ်။”
ဟင်း… မင်ကောအာက ကျန်းရှို့နှင့် အားမော့ကို ငွေရအောင်ကူညီပေးခဲ့တာ သူသတိထားမိသည်။ ထိုသဘောထားကြီးသော ကောလေးတစ်ယောက်က တစ်ယောက်တည်း အကျိုးအမြတ်ကို ခံစားရမယ့်အစား တခြားသူတွေကိုပါ ဂရုစိုက်ပေးခြင်းသည် အမျိုးသားများစွာထက် ပိုကောင်းလေသည်။
ရွာလူကြီးက တစ်ဖက်လှည့်ကာ နံရံကိုမျက်နှာမူထားသည်။ သူ့ဇနီး၏စိတ်ရှည်သည်းခံမှုက ပိုဆိုးလာ၏။ သူက အပြင်မှာ ဖုန်းရှောင်ကျစ် ဘယ်လောက်ရာထူးမြင့်လဲ ပြောပြချင်နေသည်။
သူ့ကြည့်ရတာ ရာထူးဖြုတ်ခံရလို့ ယခုအိမ်ပြန်ရောက်နေတယ်လို့ ထင်ရသော်လည်း တကယ်က ထိုသို့မဟုတ်ပေ။ လီမိသားစုတစ်ခုလုံးနှင့် ဖျင်ရှန်ရွာက အနာဂတ်မှာ ဖုန်းရှောင်ကျစ်အပေါ် မှီခိုရနိုင်သည်။ ကျောက်မိသားစုမှ ကျောက်လောင်စန်းကိုတော့ ရွာလူကြီးက စဥ်းစားရင်း ခေါင်းခါလိုက်လေသည်။
သူက ယခုထိမအောင်မြင်သေးပဲ ထိုအရာမျိုးလုပ်ခဲ့သည်။ သူ အနာဂတ်မှာ ချမ်းသာလာလျှင် ဖျင်ရှန်ရွာက လူတွေကိုပါ သူနဲ့တူတူ သာယာဝပြောလာအောင် လုပ်ပေးမယ်ဆိုသော စကားက အဓိပ္ပါယ်မဲ့သော အတွေးတစ်ခုသာဖြစ်၏။
ပညာရှင်စာမေးပွဲမအောင်ခင်က ရွာသူကြီးသည် သူ့ကို မလေးစားခဲ့ပေ။ အနာဂတ်မှာ ဘာကိုမျှော်လင့်နိုင်မှာလဲ? သူ့သားနှစ်ယောက် စာမေးပွဲအောင်ဖို့ မျှော်လင့်တာက ပိုကောင်းဦးမည်။
တစ်ညလုံးလူးလှိမ့်ပြီးနောက် သူ အိပ်ပျော်သွားခဲ့သည်။ သူ့အိပ်မက်ထဲတွင် ချပ်ဝတ်တန်ဆာဝတ်ထားပြီး မြင်းစီးကာ လူရိုင်းများကိိုသတ်နေသည့် ဖုန်းရှောင်ကျစ်ကို မြင်လိုက်ရသည်။ ထို့နောက် သူက သူ့သားနှစ်ယောက်လုံးစာမေးပွဲအောင်တာကို မြင်လိုက်ရပြီး သူနဲ့သူ့ဇနီးက ခြံထဲမှာ ဧည့်ခံနေသည်။ တစ်ရွာလုံးက လူတွေက သူ့တို့ကိုဂုဏ်ပြုဖို့ လာခဲ့ကြသည်။
ကလေးသုံးယောက်က ဦးလေးဖုန်းအနားတွင် စကားပြောနေပြီး ထန်ချွန်းမင်ကို ခေါင်းကိုက်စေသည်။ သူ အေးအေးဆေးဆေး တစ်ရေးမအိပ်နိုင်ခင်မှာ သူက လီဖုန်းအပါအဝင် သူတို့အားလုံးကို မောင်းထုတ်ခဲ့သည်။
နိုးလာပြီးနောက် သူ့မှာ မအီမသာမျက်နှာရှိနေ၏။ အားလင်းက သူ့အားမူအနားသွားဖို့ပင် အတန်ငယ်ကြောက်နေသည်။ သူ့အားမူက စိတ်ဆိုးနေသည်။ ထန်ချွန်းမင်က ကလေးသုံးယောက်၏ မဝံ့မရဲမျက်နှာကိုတွေ့တော့ ပြုံးလိုက်လေသည်။
သူက အိပ်ရာထလာလို့ စိတ်မကြည်ခြင်းဖြစ်သည်။ လီဖုန်းက သူ လန်းဆန်းသွားစေရန် သိုးနို့တစ်ခွက်ယူလာပေးမှသာ သူက ကလေးသုံးယောက်အား ခန်းကုတင်ကိုပုတ်ပြကာ ပြောလိုက်၏။ “လာထိုင်ကြ.. ငါမင်းတို့ကို စည်းမျဥ်းတချို့ ချမှတ်ပေးမယ်။”
သူ့အားမူပြုံးနေတာကိုတွေ့တော့ အားလင်းက မတ်တပ်ထကာ သူ့အားမူကိုဖက်လိုက်သည်။ “ဖေဖေ… စည်းကမ်းတွေကဘာတွေလဲ?” သူက မျက်လုံးကို စိတ်ဝင်တစားခတ်လိုက်သည်။
လီဖုန်းက မျက်ခုံးပင့်ကာ မင်ကောအာကိုကြည့်လိုက်သည်။ တကယ်တော့ ယင်းမှာ သူရွေးချယ်ထားသော ကောဖြစ်၏။ ကလေးများကို အလိုလိုက်ခြင်းက စည်းကမ်းမရှိလို့မရပေ။
မူလက သူသည် ဤအကြောင်းကိုပြောဆိုရန် မြင်းပေါက်လေးကိစ္စကို အသုံးချလိုသော်လည်း မင်ကောအာက သူ့ထက်ဦးသွားခဲ့သည်။
“အရင်က တာမောင်းနဲ့အာမောင်းကိုပေးခဲ့တဲ့ အိမ်စာလိုပဲ။ သူတို့နေ့တိုင်း လက်ရေးလှရေးရမယ်။ ရေးလို့မပြီးရင် သူတို့ကိုအပြစ်ပေးမယ်။ သူတို့ကို အပြင်ထွက်ကစားခွင့်မပေးဘူး ဒါမှမဟုတ် နောက်နေ့မှာ စာလုံးရေဆယ်ဆလောက်ရေးရမယ်။ အရင်တုန်းက အားလင်းလည်း စည်းကမ်းမလိုက်နာပေမယ့် အခုအားလင်းက တာမောင်း၊အာမောင်းတို့နဲ့ တူတူဖြစ်သွားပြီ… နားလည်လား?”
တာမောင်းက အဆင်ပြေပေမယ့် အာမောင်းက ငယ်သေးသလို အိမ်စာများသည့်အခါ ပျင်းရိချင်တာကြောင့် သူက မင်အားမော့၏ အပြစ်ပေးခံခဲ့ရပြီး သူ ထိုအရာကို သေချာမှတ်မိသေးသည်။
ထို့ကြောင့် ယခုအာမောင်း၏အမြင်အရ မင်အားမော့က မိသားစုထဲမှာ သဘောအကောင်းဆုံးဖြစ်သော်လည်း တကယ်တော့ သူက ဦးလေးဖုန်းထက်ပင် အင်အားကြီးသည်။ ထိုအချိန်က သူအမှားလုပ်ခဲ့စဥ် သူ့လက်တွေက စာရေးရလွန်းလို့ နာကျင်လာသော်လည်း မင်အားမော့က သူ့ကို အလွတ်မပေးခဲ့ပေ။
ထို့ကြောင့် သူ ယခု မင်အားမော့ပြောသောစကားကို ကြားလိုက်ရသောအခါတွင် သူ့ဦးရေပြားက တင်းမာလာပြီး မတ်မတ်ထိုင်ကာ မျက်လုံးတဖျပ်ဖျပ်ခတ်ရင်း မင်အားမော့ အရမ်းမတင်းကျပ်ဖို့ မျှော်လင့်နေသည်။
“အို ..သားနားလည်ပြီ. အဲ့ဒါက အစ်ကိုအာမောင်းလိုပဲ” အားလင်းက လက်ခုပ်တီးကာပြောလိုက်၏။ သူက အာမောင်းအပြစ်ပေးခံရတာကို မှတ်မိသည်။
“ကျွန့်တော့်ကို စာရွက်နဲ့ စုတ်တံယူလာပေးပါ…အားဖုန်း” ထန်ချွန်းမင်က လူတွေကို အမိန့်ပေးရင်း ထိုင်နေသည်။ လီဖုန်းက မလိုက်နာပဲ ဘယ်လိုနေနိုင်မလဲ? မင်ကောအာ ကလေးများအား သင်ပြပေးနေပုံကိုလည်း သူမြင်ချင်သည်။
မှင်ကိုကြိတ်ကာ စာရွက်ကိုဖွင့်ပြီးနောက် ထန်ချွန်းမင်က လီဖုန်းကိုပြောလိုက်သည်။ “ခင်ဗျားပြော…. ကျွန်တော်ရေးမယ်… မြင်းပေါက်မွေးဖို့ လိုအပ်တဲ့အရာအားလုံးကို တစ်ခုမကျန်ပြောပါ။ ဘယ်အချိန်အစာကျွေးမလဲ..ဘယ်အချိန်ရေတိုက်မလဲ.. ဘယ်အချိန်ရေချိုးပေးမလဲ… ဘယ်အချိန် လမ်းလျှောက်ထွက်ပေးမလဲ… ကျွန်တော်အားလုံးကို စာရင်းပြုစုမယ်။”
“အခုကစပြီး မြင်းပေါက်လေးကို မင်းတို့ပြုစုပျိုးထောင်ရမယ်။ စည်းမျဥ်းချိုးဖောက်ရင် မင်းတို့ မြင်းပေါက်လေးနဲ့ အချိန်တစ်ခုအထိ မကစားရဘူး။ အမှားအများကြီးလုပ်မိရင် မြင်းနဲ့တွေ့ခွင့်မရှိတော့ဘူး။ တစ်ချိန်တည်းမှာ မင်းတို့က ဦးလေးဖုန်းနဲ့ ငါပေးတဲ့ အိမ်စာတွေကို မပျင်းမရိလုပ်ရမယ်။ မပြီးဘူးဆိုရင် မြင်းပေါက်လေးအနားကို ကပ်ခွင့်မပေးဘူး။”
လီဖုန်းက ပြောစရာမရှိပေ။ မင်ကောအာလုပ်နေတာတွေက ကလေးတွေရဲ့ ကောင်းကျိုးအတွက်ဖြစ်ပြီး သူတို့လေးတွေရဲ့ တာဝန်နှင့် ဇွဲလုံ့လကို ပျိုးထောင်ပေးဖို့ဖြစ်သည်။
မြင်းမဝယ်ခင်မှာ သူက အများကြီးမတွေးခဲ့တာကြောင့် မင်ကောအာနဲ့အတူ အဓိကအချက်များကို သေချာဖော်ပြပြီး စာရင်းပြုစုခဲ့သည်။ ယင်းမှာ မင်ကောအာက ကလေးများကို အလုံးစုံတာဝန်လွှဲအပ်လိုက်တာတော့မဟုတ်ပေ။
.
လီဖုန်းက ကြီးကြပ်ရမည်ဖြစ်ပြီး သူတို့တာဝန်တွေပြီးမြောက်ရဲ့လား စစ်ဆေးရန်နှင့် အထူးသဖြင့် အစပိုင်းတွင် သူတို့နဲ့အတူ အတူလုပ်ဆောင်ကာ သင်ပြပေးရမည်ဖြစ်သည်။
အာမောင်းက သူကြားတာကို သိပ်နားမလည်ပေမယ့် အလွန်လေးနက်ပုံရသည်။ သို့သော် သတင်းကောင်းတော့ရှိသည်။ မင်အားမော့က မြင်းပေါက်လေးကို ပြုစုပျိုးထောင်ရန် သူတို့အား တာဝန်ပေးခဲ့သည်။ သူက အင်မတန်ပျော်ရွှင်သွားတာကြောင့် ခန်းကုတင်ပေါ်မှ ခုန်ချလိုက်ချင်မိသည်။
မင်အားမော့စာရေးနေပြီး သူတို့ကို အာရုံမစိုက်တာကိုတွေ့တော့ သူက သူ့အစ်ကို၏လက်မောင်းကိုကိုင်ကာ တီးတိုးရေရွှတ်လိုက်သည်။ “အစ်ကို… မင်အားမော့က မြင်းပေါက်လေးကိုပျိုးထောင်ဖို့ ပြောနေတာလား?”
ဒါကောင်းလား? သူတို့အားမူက သူတို့ကို နမော်နမဲ့နိုင်တယ်လို့ပြောခဲ့ပြီး အိမ်က ကြက်တွေလန့်စေမှာစိုးလို့ ပေးမထိပေ။
.
သို့သော် တာမောင်းက ထိုမျှလောက်မရိုးရှင်းဟု ခံစားရသည်။ သူက ဦးလေးဖုန်းပြောသော လိုအပ်ချက်ကိုနားထောင်လိုက်သည်။ သူတို့စကားနားထောင်ပြီးနောက် ထိုအရာက အလွန်ခက်ခဲမယ်လို့ သူမထင်ခဲ့ပေ။
ထို့အပြင် ခက်ခဲလျှင်ပင် သူက မြင်းပေါက်လေးအတွက် ကြိုးစားမည်။ အာမောင်း၏မေးခွန်းကို တုံ့ပြန်သည့်အနေဖြင့် သူကပြန်ဖြေလိုက်သည်။ “မင်အားမော့ပြောတာ အကုန်အမှန်ပဲ။”
ဤသည်မှာ သူ့အားမူနှင့် ကွာခြားသည်။ ဥပမာအားဖြင့် သူတို့အိမ်စာကောင်းကောင်းလုပ်လျှင် မင်အားမော့က သူပြောသလိုဆုချမည်။ “ဒါပေမယ့် နောင်မှာ မပျင်းမိစေနဲ့။ မဟုတ်ရင် မင်အားမော့က မင်းကို မြင်းပေါက်လေးနဲ့ ထိခွင့်ပေးမှာမဟုတ်ဘူး။” တာမောင်းက သူ့ညီငယ်လေးကို သင်ပေးလိုက်သည်။
“ကောင်းပါပြီ။ သားက မင်အားမော့ပြောတာကို သေချာပေါက်နားထောင်မှာ။” အာမောင်းက လက်သီးဆုပ်ကာ ကတိပေးလိုက်သည်။ မဟုတ်လျှင် သူ မြင်းပေါက်လေးကိုထိလို့ရမှာမဟုတ်ပေ။ သူ ဝမ်းနည်းရုံတင်မကပဲ တခြားကလေးများ၏ လှောင်ပြောင်ခံရလိမ့်မည်။ သူ မြင်းပေါက်မွေးနိုင်တာကို သိလျှင် ရွာထဲက ကလေးများက သူနဲ့တာမောင်းကို အားကျနေမှာဖြစ်၏။
ထန်ချွန်းမင်နှင့် လီဖုန်းက နားထောင်လိုက်ပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်သည်။ တကယ်တော့ သူတို့လေးတွေက အစပိုင်းမှာ ကောင်းကောင်းလုပ်နိုင်လိမ့်သည်။ အဖိုးတန်ဆုံးအရာမှာ နေ့စဥ်ရှင်သန်ခြင်းဖြစ်၏။ သူတို့လောလောဆယ် လုပ်နိုင်မလားမသိပေမယ့် ၎င်းက သူတို့အနာဂတ်စွမ်းဆောင်ရည်ပေါ်် မူတည်သည်။
ထန်ချွန်းမင်က စာရွက်အပြည့်အစုံကိုဖြည့်လိုက်ပြီး ကလေးသုံးယောက်ကို ဖတ်ပြလိုက်သည်။ ထို့နောက် နောက်တစ်စောင်ထပ်ရေးကာ တင်းကုပ်ထဲတွင် ကပ်ထားလိုက်မည်။
တာမောင်းက စာလုံးအများစုကို နားလည်တာကြောင့် ထန်ချွန်းမင်က သူ့အတွက် စကားလုံးအသစ်များကို ဝိုင်းပေးထားသည်။ သူ ထိုစကားလုံးများကိုဖော်ထုတ်သည့်အခါ မှတ်မိနိုင်လိမ့်မည်။ သူ၏လမ်းညွှန်မှုဖြင့် ကလေးနှစ်ယောက်က ထိုအကြောင်းအရာများကို ကောင်းကောင်းမှတ်မိသွားသည်။
မှင်ခြောက်သွားတော့ ထန်ချွန်းမင်က လီဖုန်းကို ကမ်းပေးလိုက်သည်။ “တင်းကုပ်ထဲမှာကပ်ထားပါ။ ခင်ဗျားအခုကစပြီး သူတို့ကို ကြီးကြပ်ရမယ်နော်။ သူတို့ကို တိတ်တိတ်လေးမကူညီရဘူး… မဟုတ်ရင်တော့ အဟွန်း….ခင်ဗျားကိုလည်း အပြစ်ပေးမှာ။
လီဖုန်းက ပြုံးလိုက်သည်။ သူက မင်ကောအာ ဘယ်လိုအပြစ်ပေးမလဲသိချင်နေသည်။ သို့သော် ယခု ဤနေရာမှာ ကလေးတွေရှိနေတော့ မေးဖို့မလွယ်ပေ။ သို့ဖြစ်၍ သူက ကလေးတွေကို ခေါ်ထုတ်သွားလိုက်သည်။ “လာ…. မြင်းတင်းကုပ်ကိုသွားမယ်။ နောက်နှစ်ရက်အတွင်း နည်းနည်းစီသင်ယူကြ။ သင်ပြီးတာနဲ့ မင်းတို့ကို ပျိုးထောင်ခွင့်ပေးမယ်။”
“ဟုတ်ကဲ့!” ကလေးသုံးယောက်က အော်ဟစ်ပြီး သူတို့နောက်လိုက်သွားခဲ့သည်။
&&&&&&&&
Chapter 41.2
အပြင်မှာ အလုပ်ပြီးတာနဲ့ လီဖုန်းက အိမ်ထဲပြန်ဝင်သွားသည်။ သူ့ကောအာလေး ပျင်းရိငြီးငွေ့စွာ ထိုင်နေတာကိုတွေ့တော့ သူက စိတ်မကောင်းဖြစ်သွားခဲ့သည်။ သူက သူ့နားလျှောက်သွားကာ သူ့နဖူးကိုထိလိုက်သည်။ ထန်ချွန်းမင်က ခေါင်းစောင်းငဲ့လျက် ဖြေလိုက်သည်။ “ကျွန်တော်အဆင်ပြေပါတယ်… ပျင်းနေလို့ပါ။”
“ကောင်းပါပြီ … ခဏနေရင် ကိုယ်ငါးနှစ်ကောင်ဖမ်းပြီး ညစာချက်စားကြမယ်။” လီဖုန်းက စိတ်အေးသွားပြီး သူက သူ့ကော၏ဘေးမှာထိုင်ကာ သူ့လက်ကိုယူလိုက်သည်။ မကြာခဏ လယ်လုပ်ရတာကြောင့် သူ့ကော၏လက်က အနည်းငယ်ကြမ်းတမ်းသည်။ဒါပေါ့… လီဖုန်းက မကြိုက်တာတော့ လုံးဝမဟုတ်ပေ။ သူက သူ့ကောလေး၏လက်ကို တစ်နေကုန်မငြီးငွေ့ပဲ ကိုင်နေနိုင်သည်။
ထန်ချွန်းမင်က လီဖုန်း၏လက်ဖဝါးကြီးဖြင့် ကစားနေသည်။ သူ့ခန္ဓာကိုယ်က ပိန်ပါးပြီး လက်ဖဝါးကလည်း လီဖုန်းထက်သေးနေကာ သူ တကယ်ကို မနာလိုဖြစ်ရသည်။ သူကပြုံးကာပြောလိုက်သည်။ “အရမ်းမခက်ခဲသရွေ့ပေါ့… ခင်ဗျားမြစ်ထဲဆင်းရင် သတိထားပါ။ ခင်ဗျား ကျွန်တော့်ကို ဘာပြောချင်ခဲ့တာလဲ ကျွန်တော်နားထောင်နေတယ်။”
လီဖုန်းက အနည်းငယ်ရှက်သွားသော်လည်း သူက မျက်နှာပေါ်တွင် မပြခဲ့ပေ။ သူက သူ့ကောလေးကိုမော့ကြည့်ပြီး မျက်နှာလွှဲလိုက်သည်။
သူက လေးနက်နေပေမယ့် ထန်ချွန်းမင်ကို ရယ်သွားစေသည်။ “မနက်ဖြန်မနက်စောစော ကျန်းရှန့်ရွာကို ပစ္စည်းနည်းနည်းယူသွားရင်ကောင်းမလားလို့။ ကိုယ်တို့ကိစ္စကို အရင်ရှင်းမလို့။ ကိုယ်တို့ ထန်မိသားစုကို အသိပေးထားတာ မဆိုးဘူးထင်တယ်။”
ပြောပြီးနောက် သူက သူ့ကောလေးလက်ခံပါ့မလား စိတ်လှုပ်ရှားနေသည်။ အောင်သွယ်တော်ရောက်လာကတည်းက သူက သူ့ကောလေးကို သူ့အပိုင်အဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။
အဓိကတစ်ချက်တော့လိုနေပေမယ့် သူက ထိုအရာကို ဘယ်လိုပြောရမလဲမသိပေ။ သူ့ကောက သူ့ကိုစဥ်းစားပေးမယ်ဆိုပြီး ရှန်းအားမော့အား ပြောထား၏။ သူက အားလင်းလက်ခံမလား လက်မခံဘူးလား မသိပေမယ့် ရွာလူကြီးပြောတာ အဓိပ္ပါယ်ရှိသည်။
သူ မင်ကောအာကို ရွေးချယ်ပြီးလျှင် မလိုလားအပ်သော ဖြစ်ရပ်များကိုရှောင်ဖို့ အောင်သွယ်တောင်တစ်ယောက်ကို ဖိတ်သင့်တယ်လို့ မနေ့ကအပြန်လမ်းမှာ သူ့ဦးလေးကပြောခဲ့သည်။
အထူးသဖြင့် လွင်တီးခေါင်တောင်ကုန်းတစ်ခုဝယ်ခဲ့တာဖြစ်၏။ သတင်းက ရွာမှာပျံ့သွားတာနဲ့ လီမိသားစုအပါအဝင် အားလုံးကစိတ်ဝင်စားလာပြီး သူနဲ့မင်ကောအာ၏ အိမ်ထောင်ရေးကို ဝင်စွက်ဖက်မှာစိုးရိမ်မိသည်။
သူ လီမိသားစုကိုမကြောက်သလို မင်ကောအာကလွဲ၍ ဘယ်သူ့ကိုမှစိတ်မဝင်စားပေ။ သို့ပေမယ့် ဤလူများက မင်ကောအာကို အနှောင့်ယှက်ပေးမှာ သူစိုးရိမ်သည်။ မင်ကောအာမှာ ကိုယ်ဝန်ရှိနေပြီး စိတ်အနှောင့်အယှက်ဖြစ်လို့မရပေ။ သူက နောင်တရစေမည့် ကိစ္စရပ်မျိုးဖြစ်လာမှာကို မလိုလားပေ။
ထို့ကြောင့် သူက ထိုလူများဘာမှမပြောနိုင်စေရန် သူတို့ဆက်ဆံရေးကို အမြန်ဆုံးတရားဝင်ဖြစ်စေချင်သည်။ သူနဲ့ မင်ကောအာ၏ဆက်ဆံရေးက မင်ကောအာ၏ ဂုဏ်သိက္ခာမပျက်စီးစေရန် တရားဝင်မှရမည်။
မင်ကောအာသဘောတူလျှင် အောင်သွယ်တော်ဖိတ်လို့ရသော်လည်း မင်ကောအာနှင့် သူ့မိထွေးမှာ အေးစက်သောဆက်ဆံရေးရှိပေမယ့် သူပြန်ရောက်လာတော့ မင်ကောအာမှာ ညီငယ်လေးနဲ့ ကောင်းမွန်သောဆက်ဆံရေးရှိကြောင်း သူကြားခဲ့ရသည်။
သူ့မိထွေး ထိုနေ့က သူ့အတွက်ပြောပေးခဲ့ခြင်းမှာ နှစ်ယောက်ကြားက ဆက်ဆံရေးမဆိုးကြောင်း ပြသခဲ့သည်။ ထန်မိသားစုမှလူများကို ဖိတ်ခေါ်ခြင်းက မင်ကောအာ၏ဂုဏ်သိက္ခါကို ကာကွယ်ပေးပြီး သူ့ယုံကြည်မှုကိုလည်း တိုးစေလိမ့်မည်။
တခြားသူများ၏အမြင်၌ မွေးမိသားစုမရှိလျှင် ကောတစ်ယောက်က နှိမ်ချခံရမှာဖြစ်၏။ မင်ကောအာက ဂရုမစိုက်ပေမယ့်လည်း လီဖုန်းက မင်ကောအာကို မျက်နှာရစေချင်သည်။
ထန်ချွန်းမင်က ဤရက်များမှာ အလွန်ပျော်ရွှင်နေသည်။ အရင်ကဘာဖြစ်ခဲ့လဲ သူမသိသော်လည်း ယခုမူ သူ ဤလူကိုရွေးချယ်ခဲ့လို့ နောင်တမရပေ။
မိထွေးနှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခု တည်ဆောက်ရန် ကူညီပေးလိုကြောင်း တွေ့လိုက်ရသောအခါဝယ် သူက လက်မခံပဲမနေနိုင်တော့ချေ။ ထို့အပြင် ဤကိစ္စနှင့်ပတ်သက်သော သတင်းက ထိုဘက်ကိုရောက်မှာဖြစ်၏။ သူ့ညီလေးအားရုံက အပြေးအလွှားလာမမေးခင် လီဖုန်းကိုယ်တိုင်သွားပြီး သူ့မိထွေးအား မျက်နှာပြလိုက်တာပိုကောင်းမည်။
သူ့မွေးဖခင်က လူရွေးတော်ပေမယ့် သူကတော့ အမျိုးသားရွေးချယ်ရာမှာ သူ့မိထွေးလောက်မတော်ပေ။ မဟုတ်ရင် သူက ကျောက်တာဟူကို ရွေးချယ်ခဲ့ပါ့မလား?
လီဖုန်း၏စိုးရိမ်ပူပန်မှုနှင့် စိတ်မသက်မသာဖြစ်မှုကိုတွေ့တော့ ထန်ချွန်းမင်က သူ့လက်ကိုဆွဲကာ သူ့ကိုကြည့်လိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။ “ကောင်းပြီ… ကျေးဇူးပြုပြီး ဖေဖေနဲ့ အားရုံဘာလုပ်နေလဲ သွားကြည့်ဖို့ကူညီပေးပါ”
“ဖေဖေ့မှာ လွယ်ကူတဲ့ဘဝမရှိခဲ့ဘူး။ သူက ကျွန်တော်နဲ့မရင်းနှီးပေမယ့် ဆိုးဆိုးရွားရွားမဆက်ဆံဖူးဘူး။ အားရုံကလည်း ကျွန်တော့်ကို အစ်ကိုလို့သတ်မှတ်ထားတာ။ ကျွန်တော့်ဘဝအဆင်ပြေလာတော့ ကျွန်တော်က ဖေဖေနဲ့ အားရုံကို ကူညီချင်တယ်။” ထန်ချွန်းမင်က လီဖုန်းအား သူ့အတွေးများကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။ သူတို့အနာဂတ်မှာ ပေါင်းစည်းဖြစ်ခဲ့လျှင် ရင်ထဲမှာအထုံးတစ်ခုမဖြစ်စေရန် ကြိုတင်ပြောပြခဲ့တာဖြစ်သည်။
“ဟီး….!” လီဖုန်းက ရုတ်တရက်ပြုံးလိုက်သည်။ မင်ကောအာ သဘောတူလိုက်တာလား? သူက သူ့ကိုလက်ထပ်ဖို့ လက်ခံလိုက်တယ်! မင်ကောအာ၏အခြေအနေကြောင့်သာမဟုတ်လျှင် လီဖုန်းက သူ့ကိုပွေ့ဖက်လိုက်ပြီဖြစ်၏။ ထောက်ပံ့တာနှင့်ပတ်သက်၍ သူက မင်ကောအာပြောသမျှလုပ်ပေးနိုင်သည်။ “ကိုယ်မင်းပြောတာနားထောင်ပါ့မယ်။ မနက်ဖြန်စောစောသွားလိုက်မယ်!”
“တုံးလိုက်တာ!”
“ဟီး….”
ထန်ချွန်းမင်:.....
ထန်ချွန်းမင်တွေးထားသလိုပင် ကောလာဟလက ကျန်းရှန့်ရွာကို ပျံ့သွားခဲ့သည်။ ဝမ်ယင်က စိတ်ဓာတ်သန်မာသူဖြစ်ပြီး သူက သူ့သားကို အိမ်တွင်းရော အိမ်ပြင်မှာပါ ကောင်းကောင်းပျိုးထောင်ထားသော်လည်း တချို့လူတွေကို သူဖြစ်နေ၍ သဘောမကျတာဖြစ်၏။
ဝမ်ယင်၏လင်ပါသား လက်ထပ်တော့မည့်အကြောင်းကြားသည်နှင့် မှန်မမှန်မစဥ်းစားပဲ ထိုလူတွေက ဇာတ်လမ်းတစ်ပုဒ်ချဲ့ထွင်ခဲ့ကြသည်။
ထန်ချွန်းမင်က မိဘတွေကို မသိတတ်ဘူးလို့ ပြောခဲ့သည်။ သူ့အိမ်ကိုရောက်လာသော အောင်သွယ်တော်ကလည်း ကန်ထုတ်ခံခဲ့ရသည်။ ဝမ်ယင်က သူ့လင်ပါသားအကြောင်း ဂရုမစိုက်သော်လည်း သူ့ဂုဏ်သတင်းပျက်ပြားသွားလျှင် အနီးနားကရွာများသည် ကျန်းရှန့်ရွာက ကောများကို မဟုတ်တာပြောကြလိမ့်မည်။
ဝမ်ယင်က အကျပ်ရိုက်နေသည်။ သူက သူ့လင်ပါသားကို ဘာပြောရမလဲမသိပေ။ သူ ယခင်က သူ့ဆီက ထူးခြားတာတစ်ခုခုကို သတိထားမိခဲ့သော်လည်း ယခုတော့ ပို၍ပင်ဆိုးနေလေသည်။
သူ့စိတ်နေစိတ််ထားက အိမ်မှာရှိနေစဥ်က ကောလိုပင် နာခံမှုသိပ်မရှိတော့ပေ။ ကိစ္စများက တစ်ခုပြီးတစ်ခုဖြစ်ပျက်နေသည်။ ဘယ်ကောက ကလေးလွယ်ထားရပြီး သဂြိုလ်ဝတ်ပြုနေချိန်မှာ ဂနာမငြိမ်ဖြစ်လို့လဲ?
သူ့သားမိုက်က သူ့အစ်ကိုအကြောင်းပဲ တစ်ချိန်လုံးတွေးနေသည်။ ကောလာဟလများကြားပြီးနောက် သူက ဖျင်ရှန်ရွာကိုပြေးသွားကာ ဘာတွေဖြစ်နေလဲ မေးချင်ခဲ့သည်။
သူ့အမြင်တွင် သူ့အစ်ကိုမမှားပေ။ ယင်းက ဖျင်ရှန်ရွာရှိလူတွေ သူ့အစ်ကိုကို ထပ်အနိုင်ကျင့်တာပဲဖြစ်ရမည်။ ကံအားလျော်စွာ ဝမ်ယင်က သူ့ကို စိတ်အေးအေးထားဖို့ ဖျောင်းဖျပြီး ကျောင်းပိတ်မှ သူ့အစ်ကိုဆီသွားဖို့ပြောခဲ့သည်။
လယ်ကွင်းထဲက ပေါင်းမြက်များကို ဆွဲနှုတ်ပြီးနောက် ဝမ်ယင်က နဖူးပေါ်ကချွေးကိုသုတ်လိုက်သည်။ သူ့သားလေးမှာ တောက်ပသောအနာဂတ်ရှိနေသရွေ့ သူ တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်းလုပ်ရလည်း ကိစ္စမရှိပေ။
သားဖြစ်သူအဆိုပြုထားသော သဘောတူညီချက်ကြောင့် သူသည်လည်း စိတ်လှုပ်ရှားခဲ့သည်။ တကယ်တမ်းမှာ ယင်းက သူ့သား၏တောင်းဆိုမှုဖြစ်နေလို့ပင်။ စာမေးပွဲကျလို့ အိမ်ပြန်ပြီးလယ်စိုက်ရင် သူ သူ့သားကိုအပြစ်မြင်မှာမဟုတ်ပေ။ သူ့သားက သူ့အတွက်နာမည်ကောင်းတစ်ခု တည်ဆောက်ပေးချင်တာကိုသိရတော့ ဖခင်တစ်ယောက်အနေနဲ့ သူ စိတ်ပျော့သွားခဲ့သည်။ သူ့လုပ်သမျှက သူ့သားအတွက်သာဖြစ်သည်။
“ဝမ်အားမော့…. ပြန်လာတာစောနေပါလား?”
“အေ.. အားရုံက ကျောင်းသွားရမယ်။ ငါ သူ့အတွက် မနက်စာလုပ်ပေးရမှာမို့ ပြေးလာတာ။” ဝမ်ယင်က တက်တက်ကြွကြွဖြေသည်။
“ခင်ဗျားရဲ့ကောင်လေးက ဉာဏ်ကောင်းတယ်။ ခင်ဗျားအပြင်မှာအလုပ်ရှုပ်နေချိန် သူလည်းအိမ်မှာ ပျင်းရိမနေဘူးး။” အားရုံအလုပ်ကြိုးစားတာအားလုံးသိသည်။ စာနည်းနည်းလောက်ဖတ်ပြီး အိမ်အလုပ်လုပ်မလုပ်ချင်သည့် လူမျိုးမဟုတ်ပေ။
“မဟုတ်တာ.. အားရုံက သူ့အားမူဖြစ်တဲ့ ငါ့အတွက် စိတ်မကောင်းဖြစ်နေလို့ပါ။” တခြားသူတွေ သူ့သားကိုချီးကျူးနေလျှင် ဝမ်ယင်ပျော်သည်။
“ဝမ်အားမော့. .တစ်ယောက်တည်းကိုပဲဂရုစိုက်ပြီး နောက်တစ်ယောက်ကိုမေ့မထားပါနဲ့။ ပြီးတော့ အဲ့ဒီကလေးက အရင်ဇနီးချန်ထားခဲ့တဲ့တစ်ယောက်မလား။ အခုသူရှုပ်ထားတာတွေများတော့ အခုနေ ခင်ဗျားသူ့ကို သေချာဂရုမစိုက်ရင် သူနာမည်ပျက်သွားလိမ့်မယ်။”
သို့သော် တစ်စုံတစ်ယောက်က မတူညီသောသံဇဥ်ကို သီဆိုခဲ့ပြီး ဝမ်ယင်၏အနာကို တမင်တကာထိုးဆွခဲ့သည်။ အားရုံ၏ဖခင်က ဝမ်အားမော့ထက် အရင်ဇနီးကို ပိုသဘောကျတာ လူတိုင်းသိသည်။
“ဟင်း… ဘာဖြစ်နေလဲ အရင်စောင့်ကြည့်တာပေါ့… ဘာပဲဖြစ်ဖြစ် ငါပျိုးထောင်ခဲ့တဲ့ကလေးက မင်းပြောသလိုလုံးဝမဟုတ်ဘူး။ ဖျင်ရှန်ရွာမှာတောင် မိသားစုတိုင်း သူ့ကို ဝတ္တရားကျေလို့ ချီးကျူးနေတာ။”
ဝမ်ယင်က မကျေမနပ်ဖြေလိုက်သည်။ သူက တခြားသူများ၏ဝေဖန်မှုကို ဂရုမစိုက်ပေ။ ဘာပဲဖြစ်နေပါစေ သူ့လင်ပါသားက ထန်မိသားစုဝင်ဖြစ်ပြီး တခြားသူတွေဝေဖန်ခွင့်မရှိပေ။
ပြီးတော့ မင်ကောအာက ဝတ္တရားမကျေပွန်ဘူးလို့ ဘယ်သူပြောရဲတာလဲ? စာရင်းစာအုပ်ထွက်လာတာတောင် အဲ့ဒီစကားပြောရဲတဲ့သူတွေက သူ့ကိုဆန့်ကျင်နေတဲ့သူတွေပဲ။ ဘယ်သူက မင်ကောအာထက် ပိုကောင်းနိုင်မှာလဲ?
“ဟုတ်တယ်… မင်ကောအာလက်မထပ်ခင်က ဘယ်သူက သူ့ကိုမချီးကျူးလို့လဲ? တစ်နေရာမှာနားလည်မှုလွဲနေတာဖြစ်မယ်။” ငြိမ်းချမ်းရေးသမားတစ်ယောက်က ဝင်ပြောသည်။
ဝမ်ယင်က စကားတစ်ခွန်းမှမပြောပဲ အိမ်သို့ဆက်လျှောက်သွားခဲ့သည်။ သူ လယ်ကွင်းတောင်ကြောမှာရှိနေစဥ် လူတစ်ယောက်က သူ့ဆီကိုပြေးလာခဲ့သည်။ “ဝမ်အားမော့…အိမ်မြန်မြန်ပြန်ပါ။ အားမော့တို့အိမ်မှာ ဧည့်သည်တွေရောက်နေတယ်။ သူတို့ကမြင်းကြီးနဲ့ ပစ္စည်းတွေအများကြီးသယ်လာတယ်။”
ဝမ်ယင်မှာ စူးရှသောမျက်လုံးများရှိပြီး သူ့ကိုလာခေါ်သူက အိမ်နီးချင်းမှန်းသိလိုက်သည်။ သူက ဘာတွေဖြစ်နေလဲမေးဖို့ အမြန်လျှောက်သွားလိုက်သည်။ ဘယ်သူက သူတို့အိမ်ကို မနက်စောစောရောက်လာတာလဲ? သူ့မှာ ချမ်းသာတဲ့ဆွေမျိုးတွေမရှိပါဘူး။
ဝမ်ယင်က ရှုပ်ထွေးနေရုံတင်မကပဲ ကြားလိုက်ရသော ရွာသားများပင် စပ်စုမိသွားသည်။ ဝမ်ယင်ထွက်သွားပြီးနောက် လူတိုင်းက ထိုအကြောင်းကိုပြောနေကြသည်။
“ထန်မိသားစုမှာ မြင်းစီးနိုင်တဲ့ဆွေမျိုးရှိလား?”
“သူ့မိသားစုရဲ့ အိမ်ထောင်ဦးစီး ဟိုအရင်က သိတဲ့လူများလား?”
“သူတို့က ဧည့်သည်တွေလို့ပဲပြောပြီး ဆွေမျိုးတွေလို့မပြောပါဘူး။ မင်းက ဝမ်ယင်ကိုဖားဖို့ စိတ်မရှည်တော့ဘူးလား?”
အစောပိုင်းက ရိုင်းရိုင်းစိုင်းစိုင်းပြောခဲ့သူက ဝမ်ယင်အဆင်ပြေသွားမှာကို မခံမရပ်နိုင်ဖြစ်နေ၏။
“ငါတို့က အပျော်ကြည့်မိရုံနဲ့ ဖားတယ်ဖြစ်သွားရောလား? ဒါဆိုလည်း မင်းမိသားစုနဲ့ စကားမပြောတော့ဘူးလေ….တော်ကြာ ဖားနေတယ်ဖြစ်ဦးမယ်။”
“အို…ငါနောင်မှာ မင်းကိုတွေ့ရင် ခပ်ဝေးဝေးနေမယ်။ ဒါမှ မင်းမိသားစုကို အမြတ်ထုတ်နေတယ်ဆိုပြီး စွပ်စွဲမခံရမှာ။”
ထိုလူက ဒေါသထွက်လွန်းလို့ မနက်အစောကြီး လယ်ကွင်းထဲက လူတွေကိုနှောင့်ယှက်နေသည်။
တခြားသူများ၏လှောင်ပြောင်ခံရပြီးနောက် သူကစကားပြောတာကိုရပ်လိုက်ပြီး သူ့အလုပ်ကိုအာရုံစိုက်နေသည်။ ထန်မိသားစုမှဧည့်သည်အကြောင်းကိုတော့ သူပြန်ရောက်တာနဲ့ သေချာပေါက်သတင်းဖွမှာဖြစ်၏။
“ဝမ်ယင်က မင်ကောအာကို ချီးကျူးနေတယ်။ မင်ကောအာလက်ထပ်ပြီးကတည်းက သူ့မိထွေးနဲ့ အဆက်အသွယ်ဖြတ်ခဲ့တာကို လူတိုင်းသိတယ်။ လူတိုင်းက သူတို့မိသားစုကိစ္စတိုင်းကိုသိသည်။ ဝမ်ယင်က မင်ကောအာကို ကောင်းကောင်းဆက်ဆံတယ်ဆိုရင် မင်ကောအာက သူ့မိထွေးကိုလာတွေ့ရမှာမဟုတ်ဘူးလား?”
သို့ပေမယ့် ဘယ်သူကမှ သူ့ကိုအာရုံမစိုက်ပေ။ မိထွေးနဲ့လင်ပါသားအဆင်ပြေဖို့ခက်သည်။ ထို့အပြင် သူတို့နှစ်ယောက်ဆက်ဆံရေးမကောင်းတာ ဝမ်ယင်တစ်ယောက်တည်း၏တာဝန်မဟုတ်ပေ။
ဝမ်ယင်က မင်ကောအာလက်ထပ်တော့ ဆိုးဆိုးရွားရွားမဆက်ဆံခဲ့ပါပေ။ ရွာထဲကမိထွေးအားလုံးက သူတို့ကလေးတွေကို ယခုလိုဆက်ဆံနိုင်ပါက တစ်ရွာလုံးအေးချမ်းနေမည်။
ဝမ်ယင်က အိမ်အမြန်ပြန်ပြီး သူက တံခါးဝတွင် အရပ်ရှည်ရှည် ခမ်းနားကြီးကျယ်သော မြင်းတစ်ကောင်ကိုတွေ့လိုက်ရပြီး အပျော်တမ်းကြည့်နေသော ကလေးများလည်းရှိနေ၏။ သို့သော် လူကတော့ တံခါးနားမှာမရှိတော့ပေ။ ကြည့်ရတာ အားရုံက အထဲဝင်ခွင့်ပြုလိုက်ပြီထင်၏။
ဝမ်ယင်က ပို၍ပင်စိုးရိမ်လာသည်။ အားရုံက သေချာမမေးမြန်းပဲ လူကိုဝင်ခွင့်ပြုလိုက်သည်။ ဤမိုက်မဲသောသားကိုတော့ ဘာပြောရမှန်းမသိတော့ချေ။
သူ့အမြင်အရတော့ သူ့သားက ဘာမှမမှားပေ။ သူ၏နူးညံ့သောစိတ်ထားက ချွင်းချက်ဖြစ်ပြီး ၎င်းက သူနဲ့မတူသလို သူ့အိမ်ထောင်ဦးစီးနဲ့လည်းမတူပေ။
I