no

Font
Theme

Chapter 42.1

“ထန်မိသားစု”

“မင်းက အောင်သွယ်တော်ကို ကိုင်ပေါက်ခဲ့တဲ့လူပေါ့?!” ဝမ်ယင်က အာမေဋိတ်ပြုသည်။

တံခါးပိတ်ထားသော်လည်း အပြင်လူတွေကြားနိုင်ပြီး သူတို့မျက်နှာက အထဲကဝမ်ယင်လိုပင် အံ့အားသင့်နေကြသည်။ မူလကတော့ သူတို့မယုံခဲ့ပေမယ့် အမှန်ဖြစ်နေမယ်လို့ မမျှော်လင့်ခဲ့ပေ။

သူတို့က ဘာပြောရမှန်းမသိတော့။ ထို့အပြင် ဤလူက လူချမ်းသာမိသားစုမှဖြစ်ပုံရပြီး လက်ဆောင်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျလာပို့ခဲ့သည်။ သူ မင်ကောအာကို လက်ထပ်ဖို့ကမ်းလှမ်းနေတာလား?!”

 

ထန်ချွန်းရုံက သူ့မျက်နှာကိုဖွက်ထားလိုက်ချင်သည်။ သူ့အားမူက အရေးမကြီးသည့် စကားများကိုနားထောင်ပြီး အရေးကြီးတာကို မေ့နေသည်။

  

လီဖုန်းက မတ်မတ်ထိုင်ပြီး သူ့မျက်လုံးက တည့်တည့်ကြည့်နေသော်လည်း ခြေထောက်ပေါ်တင်ထားသည့် သူ့လက်ဖဝါးက အနည်းငယ်ချွေးစို့နေ၏။ ထန်ချွန်းမင်သာ ဤနေရာမှာရှိလျှင် လီဖုန်းက စိတ်လှုပ်ရှားတာဖြစ်ပြီး သူ့ပုံစံကြောင့် အထင်မလွဲဖို့ ဤနှစ်ယောက်အား ပြောပြပေးလိမ့်မည်။

  

လီဖုန်းက ဤကိစ္စကို သေချာရှင်းပြဖို့ လိုအပ်တယ်လို့ခံစားရသည်။ နောက်ကွယ်မှာ တခြားသူများကို မကောင်းပြောတတ်သူမဟုတ်သော်လည်း သူက ခက်ခက်ထန်ထန်ပြောလိုက်လေသည်။

“စိတ်ချပါ… ယောက္ခမ… အောင်သွယ်​တော်မှာ ရည်ရွယ်ချက်ဆိုးတွေရှိနေတာပါ။ သူမိတ်ဆက်ပေးခဲ့တဲ့လူက အရင်ဇနီးရဲ့ကလေးပါလာရုံတင်မရဘူး။ ပြဿနာများတဲ့မိသားစုပါ။ ပြီးတော့ အောင်သွယ်တော်ကလည်း မင်ကောအာကို လက်ထပ်ခွင့်တောင်းဖို့လာတာမဟုတ်ပဲ မင်ကောအာနဲ့အလုပ်တွဲလုပ်နေတဲ့ ကျင်းကျိစားသောက်ဆိုင်နဲ့ ပြိုင်ဖို့လာတာပါ။ အပြင်လူရှု့ထောင့်အရဆိုရင်တောင် ကျွန်တော် မင်ကောအာကို အရှက်မကွဲစေချင်ဘူး။”

 

ထန်ချွန်းရုံက ထိုစကားကြားတော့ ဒေါသထွက်ကာ တုန်လှုပ်နေ၏။ ဖျင်ရှန်ရွာအပြင်က လူတွေက သူ့အစ်ကိုကို အနိုင်ကျင့်မယ်လို့ သူမထင်ထားခဲ့ပေ။ ခဏလောက်တော့ သူက သူ့ရှေ့ကလူ နည်းလမ်းကျတယ်လို့ ခံစားမိသွား၏။

ရည်ရွယ်ချက်ဆိုးရှိသူများကို ယခုလိုဆက်ဆံသင့်တာဖြစ်၏။ မှားယွင်းသော အခါသမယသာမဟုတ်လျှင် သူက အော်ပစ်လိုက်ချင်သည်။ “ကောင်းလိုက်တဲ့ရိုက်ချက်!”

 

ဝမ်ယင်က သွေးအန်လုမတတ်ပင်။ အောင်သွယ်တော်မှာ ရည်ရွယ်ချက်ဆိုးရှိပြီး ကမ်းလှမ်းမှုက မကောင်းပေမယ့် ဤလူက နည်းလမ်းတကျပြောနေရုံ​​​ဖြင့် ရိုးသားတယ်လို့ မမြင်နိုင်ပေ။

သူ့သားမိုက်ကသာ သူ့ကို ကျေးဇူးရှင်အဖြစ် မှတ်ယူနိုင်သည်။ တကယ်တမ်းမှာ သူက မင်ကောအာကို သဘောကျနေ၍ တစ်ယောက်ယောက်က မင်ကောအာကို လုယူသွားမှာ စိုးရိမ်ခဲ့တာဖြစ်၏။ ရွာသားများရှေ့၌ သူသည် ထိုအောင်သွယ်တော်ကို မင်ကောအာ၏အိမ်မှ ကိုင်ပေါက်ထုတ်ခဲ့ပြီး ယင်းမှာ သူနဲ့မင်ကောအာ၏ဆက်ဆံရေးအကြောင်း ကောလာဟလထွက်စေခဲ့သည်။ အတိအကျဆိုရလျှင် သူက ဉာဏ်နီဉာဏ်နက်အများဆုံးလူဖြစ်၏။

 

သို့သော် သူယူလာသောလက်ဆောင်ကို ပြန်ကြည့်လိုက်တော့ ကျေးလက်သားတစ်ယောက်အတွက် ယင်းက အတော်လေးများသည်။ မုန့်ပဲသရေစာ၊ အဝတ်အစား၊ သကြား၊ အသားဆယ်ပေါင်နှင့် ရတနာလေးပါးတစ်စုံ…. ဆိုတော့ ဤလက်ဆောင်က အများကြီးကုန်ကျလိမ့်မည်။ ဤလူက နည်းနည်းလေးအကြံအစည်များပေမယ့် ရိုးလည်းရိုးသားသည်။ သူက သူ့လင်ပါသား၏အခြေအနေကိုသိသည်။ တခြားသူများ၏အမြင်တွင် သူက ဤလူအတွက် သင့်တော်သောလက်တွဲဖော်မဟုတ်ပေ။ ကလေးနှစ်ယောက်အဖေ ကောတစ်ယောက်က ဒီလိုကောင်းတဲ့မိသားစုကို ဘယ်လိုဝင်နိုင်မှာလဲ?

  

“မင်းက ဖျင်ရှန်ရွာကလား? ငါမင်းအကြောင်းလည်း မကြားဖူးပါဘူး။”

ဝမ်ယင်က ဘာထင်မြင်ချက်မှမပေးပဲ ထိုလူ၏နောက်ခံအကြောင်းမေးလိုက်သည်။ သူက အသေးစိတ်အချက်အလက်ကို လုံးဝမသိပေ။ သူ၏ရက်စက်ကြမ်းကြုတ်သော မျက်နှာကိုကြည့်လိုက်ရာ သူဟာ မကြာသေးမီက စစ်မြေပြင်မှပြန်လာကာ သူ့ဦးလေးနှင့် စကားများခဲ့သည့် ဖျင်ရှန်ရွာ၏ လီမိသားစုမှကောင်လေးဖြစ်ကြောင်း သူသိလိုက်သည်။

ဤလူက ကြင်နာမှုကင်းမဲ့တယ်လို့ ကောလာဟလထွက်နေပေမယ့် ဝမ်ယင်ကြားခဲ့တာ ရယ်စရာလို့ထင်မိသည်။ တူလေးရဲ့အိမ်နဲ့မြေကိုသိမ်းတာက ကြင်နာမှုလား?

သို့သော် ဤလူမှာ ထိုအရာအားလုံးကိုပြန်ယူရန် နည်းလမ်းရှိသဖြင့် ဦးလေးဖြစ်သူက သူ့တူအကြောင်း ကောလာဟလဖြန့်ရုံမှတစ်ပါး တခြားရွေးချယ်စရာမရှိခဲ့ပေ။

  

“နှစ်အစမှာ ကျွန်တော်မြောက်ပိုင်းက ပြန်လာခဲ့တယ်။ ဖျင်ရှန်ရွာက ကျွန်တော့်ဦးလေးနေတဲ့နေရာပါ။ ခင်ဗျားလက်ခံရင် သူတို့က ကျွန်တော့်ကိုယ်စား လာတောင်းပေးမှာပါ။” လီဖုန်းက တိတ်တဆိတ် လက်သီးဆုပ်ထားလိုက်သည်။

သူက ပိုပိုပြီး စိတ်လှုပ်ရှားနေပေမယ့် မျက်လုံးတွေကတော့ ခိုင်မာနေခဲ့သည်။ သူ့ရှေ့ကအနေအထားကိုကြည့်ကာ သူက မတုန်လှုပ်ခဲ့ပေ။ “ဖျင်ရှန်ရွာက ကောလာဟလအတွက်ကတော့ ကျွန်တော် မင်ကောအာကို စိတ်မပျက်စေရဘူးလို့ ခင်ဗျားနဲ့ ယောက်ဖကို ကတိပေးပါတယ်။ သူက အရမ်းကောင်းတဲ့ ကောတစ်ယောက်ပါ။”

 

ဖြစ်စဥ်၏အနှစ်သာရကို ကြည့်ရင်းဖြင့် မင်းမှာ ကောအာလေးရှိလျှင် ဤစကားများကိုကြားပြီး ရင်ထဲထိသွားလိမ့်မည်။.

တခြားအရာအားလုံးက မှားယွင်းပြီး လက်တွေ့ကျသော ဘဝမှာနေထိုင်ပြီး မင်းရဲ့ကောလေးကို ဂရုစိုက်တာက အရေးကြီးဆုံးဖြစ်သည်။ “ဒါက ကျွန်တော့်အစ်ကို သဘောတူလိုက်ပြီဆိုတဲ့သဘောလား? ဒါဆို ဘာလို့ ကျွန်တော်တို့အိမ်ကိုလာတာလဲ? ကျွန်တော်တို့မိသားစုနှစ်ခုရဲ့ လက်ရှိအခြေအနေကို ခင်ဗျားမသိဘူးလို့ ကျွန်တော်မထင်ဘူး။”

  

“အားရုံ……” ဝမ်ယင်က သူမ၏သားကို မအော်ဖို့ အကြည့်ဖြင့်တားလိုက်သည်။

  

“မင်ကောအာက သူ့ညီအားရုံကို အလေးထားတယ်။ ကျွန်တော် သူ့ကို ​နောင်တမရစေချင်ဘူး။ ပြီးတော့ မွေးမိသားစုရဲ့ ထောက်ပံ့မှုမရှိရင် မင်ကောအာ အားငယ်ရလိမ့်မယ်။”

“ကျွန်တော် ဂရုမစိုက်ပေမယ့် တခြားသူတွေ မင်ကောအာအကြောင်း မကောင်းပြောမှာကို မလိုလားဘူး။ ကျွန်တော့် ယောက္ခမနဲ့ ယောက်ဖက ဒီခရီးစဥ်ကို အတူလိုက်ပေးရင် ကျေးဇူးတင်မိမှာပါ။” လီဖုန်းက အလေးအနက်​ပြောလိုက်သည်။

 

ဝမ်ယင်က ဤစကားကိုကြားပြီးနောက် ပိုအဆင်ပြေလာသည်။ မင်ကောအာက သူ့ကို အလေးထားတယ်လို့ ပြောလာလျှင် သူက ဤလူကို အတုယောင်ဆန်တယ်လို့ထင်ကာ မသက်မသာဖြစ်ရလိမ့်မည်။ သူက အသိဉာဏ်ရှိတာကြောင့် လက်ဝေ့ယမ်းကာ ပြောလိုက်သည်။ “ဟုတ်ပြီ…. ထပ်မပြောနဲ့တော့… မင်ကောအာက လက်ခံလိုက်ပြီဆိုတော့ ငါတို့ သူ့အတွက် ဆုံးဖြတ်ပေးလို့မရတော့ဘူး။ သူနောင်တမရသရွေ့ အဆင်ပြေပါတယ်။”

“မင်းက ရက်သတ်မှတ်ပြီး တစ်ယောက်ယောက်နဲ့ စာပို့ခိုင်းလိုက်။ ငါတို့ သေချာပေါက်လာခဲ့မယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ မင်ကောအာက တခြားတစ်ယောက်အတွက် ဝတ်ပြုဆုတောင်းနေရဆဲမို့ မင်းက အလွန်အကျွံစီစဥ်ပြီး အတင်းအဖျင်းဖြစ်စေလို့မရဘူး။”

  

သူက စိတ်ထဲမှာ နည်းနည်းတော့အဆင်​မပြေပေ။ သူ့စကားက ပြတ်သားသွားလောက်သည်။ ဤလူနားထောင်ရတာ အဆင်ပြေပါ့မလားတော့မသိပေ။ သို့သော် သူမမှားပေ။ သူအဆင်မပြေလျှင် ဤလက်ထပ်ပွဲကိစ္စကို မေ့လိုက်သင့်သည်။ အားလင်းအကြောင်းတွေးလိုက်တော့ သူက စိတ်မကောင်းဖြစ်သွားပြန်သည်။ အားလင်းနဲ့ သူ့ပထွေးမှာ သူနဲ့မင်ကောအာလို ခက်ခဲသောဆက်ဆံရေးမရှိဖို့ ​မျှော်လင့်ထားသည်။

  

“ ကျေးဇူးတင်ပါတယ်… ယောက္ခမ.. မင်ကောအာလည်း အတွေးတူပါတယ်။ သေချာသွားတာနဲ့ ကျွန်တော်တို့က ရင်းနှီးတဲ့မိသားစုအချို့ကိုခေါ်ပြီး ညစာကျွေးမှာပါ။ ကျန်တာကတော့ မင်ကောအာရဲ့ ဝတ်ပြုဆုတောင်းကာလပြီးမှ ဆက်ပြောပါမယ်။”

လီဖုန်းက အဆင်မပြေဘူးလို့ မခံစားရပေ။ သူက မင်ကောအာကို ကျောက်တာဟူထက် နောက်ကျမှသိခဲ့ရတာကြောင့် ကျောက်တာဟူ၏တည်ရှိမှုကို ေဖျာက်ဖျက်လို့မရပေ။ သူက ထိုလူ၏အပြုအမူကို သဘောမကျသော်လည်း သူ့မှာ သူ့ကို အပြစ်တင်ခွင့်မရှိချေ။

 

လီဖုန်း၏အမူအရာမ ပြောင်းသွားတာကိုတွေ့ရတော့ ဝမ်ယင်က ပြန်မပြောနိုင်တော့ပေ။ ဝမ်ယင်က သူ့ကိုမော့ကြည့်လိုက်သည်။ ဝမ်ယင်က သူ့အိမ်ထောင်ဦးစီး၏ ပထမဇနီးအပေါ် မကျေမချမ်းဖြစ်နေဆဲပင်။

အိမ်ထောင်ဦးစီးကွယ်လွန်သွားသည့်တိုင် သူ၏နာကျည်းမှု ပျောက်ကွယ်မသွားခဲ့ချေ။ အကြောင်းမှာ သူ့ခင်ပွန်းက ပထမဇနီးကို သေသည်အထိ သတိရနေခဲ့လို့ဖြစ်၏။ သူအဆင်ပြေလျှင် ထူးဆန်းနေပေမည်။

သူက မတ်တပ်ရပ်ကာ ပြောလိုက်သည်။ “မပြန်ခင် မနက်စာစားသွားပါ။ အားရုံ.. မင်းက မင်းအစ်ကိုလီဖုန်းနဲ့နေပေးလိုက်။ ငါမီးဖိုချောင်ကို သွားကြည့်လိုက်ဦးမယ်။”

  

“ဟုတ်ကဲ့ပါ…. ဖေဖေ ..” ထန်ချွန်းရုံက တခြားဘာမှမလိုချင်တော့ပေ။

 

လီဖုန်းက ထန်အိမ်တော်မှာ မနက်စာစားခဲ့ပြီး​နောက် မပြန်ခင် သူ့ယောက်ဖကို ကျောင်းလိုက်ပို့ပေးခဲ့သည်။ သူ့အမြင်တွင် သူ့ယောက္ခမက စကားပြောရလွယ်သည်။

မင်ကောအာလက်ခံတယ်လို့ပြောတော့ သူဘာမှမပြောခဲ့ပေမယ့် သူ သူ့ယောက္ခမနဲ့ စကားပြောပြီး​နောက်မှာ သူ့ယောက်ဖက သူ့ကို မေးခွန်းများစွာကို မေးခဲ့သည်။ သူက သူ့အစ်ကိုအနိုင်ကျင့်ခံရမှာစိုးလို့ လီဖုန်း၏အတိတ်ကိုတူးဆွနေ၏။

 

လီဖုန်းက ဂရုမစိုက်ပေ။ မင်ကောအာ၏ညီလေး သူ့ကို ယခုလိုဆက်ဆံနေတာ မင်ကောအာကို ဂရုစိုက်လို့ဖြစ်သည်။ ကျောင်းရောက်တော့ မြင်းပေါ်ကဆင်းလိုက်ပြီးနောက် သူ့ယောက်ဖက ပြောလာသည်။ “ကျွန်တော်ကျောင်းပြီးရင် ကျွန်တော့်အစ်ကိုကို သွားတွေ့မယ်။” ထို့နောက် သူက ​နောက်လှည့်ကာ ကျောင်းထဲသို့ပြေးဝင်သွားလေသည်။ လီဖုန်းက စိတ်ထဲကနေရယ်လိုက်သည်။ ဤကလေးက သူ့အစ်ကိုကို တကယ်လက်ထပ်ချင်တာလားလို့ မေးလောက်သည်။

 

လီဖုန်းက မင်ကောအာနှင့် သူ့မိထွေးကြားရှိ ဆက်ဆံရေးကို ဖြေလျှော့ရန် ယနေ့မှာ ရက်ရောသောလက်ဆောင်ကြီးများ ပို့ပေးခဲ့သည်။ ထိုမှသာ မင်ကာအာကလေးမွေးလျှင် သူ့မိထွေးက မင်ကောအာကို စောင့်ရှောက်ဖို့ လာနိုင်လိမ့်မည်။ တကယ်တော့ သူ့လိုလူမှာ မသိတာနှင့် လုပ်ရအဆင်မပြေသည့်အရာ အများကြီးရှိ၏။

 

TL’s note: Tang Chunming’s mother

___________

Chpater 42.2

.

လီဖုန်း ကျန်းရှန့်ရွာမှ ထွက်သွားပြီးနောက် ထန်မိသားစု၏ရှေ့တံခါးက အလုပ်ရှုပ်​နေပြီး လူတွေက ဝမ်ယင်အား သူ့လင်ပါသားအကြောင်း ဆက်တိုက်မေးနေခဲ့သည်။

“အောင်သွယ်တော်ကို ကိုင်ပေါက်နှင်ထုတ်လိုက်ခြင်း”ဆိုသောစကားက အသေးအဖွဲကိစ္စများကို ပုံကြီးချဲ့တတ်သော ရွာသားများကို အံ့အားသင့်စေခဲ့သည်။ သူတို့က မင်ကောအာ၏ဝတ်ပြုဆုတောင်းချိန်မှာ ထိုကဲ့သို့ ကြမ်းတမ်းသောယောကျာ်းကို ရှာတွေ့ခဲ့မယ်လို့ မထင်ထားခဲ့ပေ။ ထို့အပြင် လီဖုန်းအပြင်ထွက်လာသောအခါ မပြန်သေးသော ရွာသားများက သူ့ကိုမြင်သွားခဲ့သည်။

သူ့အသွင်အပြင်က တကယ်ကိုကြမ်းတမ်းသည်။ သူ၏အေးစက်သောမျက်လုံးများက လူတွေရဲ့​ခြေထောက်ကို အားနည်းစေနိုင်သည်။ မင်ကောအာက ဒီလိုကြမ်းတမ်းတဲ့လူကို ဘယ်လိုလက်ထပ်ရဲတာလဲ? ဖိအားပေးခံရတာလား?”

 

ဝမ်ယင်က ဤလူများ၏စကားကိုကြားတော့ ရယ်မိသွားလေသည်။ သူ့လင်ပါသား၏ လက်ရှိစိတ်နဲ့ဆိုလျှင် ဘယ်သူမှသူ့ကိုဖိအားပေးလို့မရပေ။ သူ ယခုနှစ်မှ ဖျင်ရှန်ရွာကို တစ်ကြိမ်တည်းရောက်ဖူးသော်လည်း သူ့သားကတော့ မကြာခဏသွားဖူးပြီး သူ့လင်ပါယား၏ လုပ်ဆောင်ချက်ကောင်းများကို ပြန်သယ်လာလေ့ရှိသည်။ ဤအချက်များကြောင့် သူ့လင်ပါသားက တကယ်ပြောင်းလဲသွားပြီဟု ပြောနိုင်သည်။

 

ဟုတ်ပါ၏။ သူတို့က လီဖုန်းယူလာသော လက်ဆောင်များနှင့် စီးလာသောမြင်းကိုလည်း တွေ့ခဲ့ရသည်။ သူတို့က မင်ကောအာမှာ အမြင်ရှိတယ်လို့ ပြောနေသည်။ ဤလူက ကြမ်းတမ်းသော်လည်း ချမ်းသာသည်။ အနာဂတ်မှာ သူ့နောက်လိုက်ကာ ကောင်းမွန်သောဘဝမှာ နေထိုင်လို့ရသည်။ သူ ဘယ်လောက်ရက်ရောလိုက်လဲကြည့်ပါ….ထန်မိသားစုသည်လည်း အနာဂတ်မှာ အကျိုးအမြတ်ရနိုင်လေ၏။

 

ဝမ်ယင်က ဤလူများ၏စ​ကားကို ဂရုမစိုက်ပါ​ပေ။ သူတို့စကားများကို ရင်ထဲထည့်လိုက်လျှင် သူ ဤနှစ်များတစ်လျှောက် ရှင်သန်နိုင်ခဲ့မှာမဟုတ်​ပေ။ ဤလူတွေကို ဒေါသထွက်ခြင်းက သူ့ကို အသက်တိုစေမှာဖြစ်၍ သူက လွတ်ပေးထားတာကြာလေပြီ။

 

လီဖုန်း အိမ်ပြန်ရောက်တော့ အသေးလေးသုံးယောက်က မြင်းပေါက်လေးကို ပြုစုစောင့်ရှောက်နေသည်။ ကျင်းဖုန်းလို အဆင့်အတန်းမြင့်မားစေရန် ဤအသေးလေးသုံးယောက်က ဦးနှောက်သုံးကာ ထယွင်လို့ အမည်ပေးလိုက်၏။ ၎င်းက ငယ်သေးတာကြောင့် အမည်ပြောင်ကို ရှောင်ယွင်လို့ပေးကာ ရှောင်ယွင်လို့​​ပြောင်းခေါ်ခဲ့ကြသည်။

  

“ဦးလေးဖုန်း… သား ရှောင်ယွင်ကို မုန်လာဥကျွေးလိုက်တော့ သူက ပျော်ပျော်ကြီးစားလိုက်တယ်။” အားလင်းက ကြီးကျယ်ခမ်းနားသော အရာတစ်ခုကို ပြုလုပ်ခဲ့သလို စိတ်လှုပ်ရှားစွာ ပြောခဲ့သည်။

 

လီဖုန်းက အားလင်းကိုချီလိုက်ပြီး အပြင်ထွက်လာသော မင်ကောအာကို ကြည့်လိုက်သည်။ အားလင်း၏ သူ့အပေါ်ချစ်ခင်တွယ်တာမှုက လုံးဝမပြောင်းလဲသွားပဲ ယင်းမှာ သူ့နေရာပြောင်းသွားလျှင်ပင် စိတ်မရှိဘူးလို့ ပြသနေသည်။

 

လီဖုန်း ကျန်းရှန့်ရွာကို မနက်စောစောသွားခဲ့စဥ် ထန်ချွန်းမင်သည်ကား မနေ့ညကအိပ်ရာမဝင်ခင်မှာ လီဖုန်း၏သရုပ်သကန်ပြောင်းလဲတော့မည့်အကြောင်း အားလင်းနှင့်ဆွေးနွေးခဲ့သည်။ ထန်ချွန်းမင် အံ့အားသင့်သွားသည်မှာ အားလင်းက မငြင်းဆန်ခဲ့ပဲ လီဖုန်းကို သူတို့အိမ်မှာ အကြာကြီးနေထိုင်ခွင့်ပေးရန် စိတ်အားထက်သန်နေခဲ့သည်။

  

“ဦးလေးဖုန်းက အဖေ့ထက်ကောင်းတယ်။ ဦးလေးဖုန်းက အားလင်းကို ကစားဖို့ခေါ်သွားတယ်။ ဦးလေးဖုန်းက အားလင်းနဲ့ ဖေဖေ့ကိုလည်း ကာကွယ်ပေးလိမ့်မယ်။” အားလင်းက ဦးလေးဖုန်း၏ ကောင်းကျိုးများကို လက်ချောင်းလေးဖြင့် သေချာရေတွက်နေသည်။

နောက်ဆုံးမှာ သူက ထပ်​ပြောလိုက်သည်။ “ဦးလေးဖုန်းက အားလင်းကို နောင်မှာ ဒီထက်ပိုကောင်းပေးလိမ့်မယ်လို့ အစ်ကိုတာမောင်းနဲ့ အာမောင်းကလည်းပြောတယ်။” အားလင်းက ယခုရက်ပိုင်း စကားများလာသည်။ စကားတစ်ခွန်းစီကို ဘယ်လောက်ထိပီအောင်​ပြောနိုင်လဲပဲ ကြည့်ပါ…..

  

လူဆိုးလေးနှစ်ယောက်က အားလင်းကို သူ့​နောက်ကွယ်မှာ တစ်ခုခု​ပြောခဲ့မှန်းသိခဲ့ရသည်။ ဤသည်မှာ ထန်ချွန်းမင် မထင်မှတ်ထားသောအရာဖြစ်၏။ အစပိုင်းမှာ အားလင်းက လီဖုန်းကို ရန်လိုလာစေရန် ရွာထဲကကလေးတွေ အားလင်းကို တစ်ခုခုပြောလိုက်မှာ သူစိုးရိမ်နေခဲ့သည်။

ကံအားလျော်စွာ အားလင်းက ပို၍ ရွှင်လန်းတက်ကြွလာသော်လည်း သူက ရွာပြင်မထွက်ချင်သေးပေ။ အများဆုံးမှ သူက ဦးလေးကျောက်၏ မိသားစုမှ ရှောင်ကျိုးနှင့်သာ ကစားလေသည်။

မြင်းပေါက်လေးကြောင့် ကလေးသုံးယောက်က သူတို့ဦးလေးလီဖုန်းကို ပိုဂရုစိုက်လာကြသည်။ မြင်းကို အချိန်မှန်မှာဝယ်ခဲ့တာ တိုက်ဆိုင်မှုတစ်ခုမျှသာဖြစ်၏။ ယခုမူ လီဖုန်းက ပထွေးဖြစ်လာပြီးနောက် သူ့မယားပါသားကို ဆိုးဆိုးရွားရွားဆက်ဆံတယ်လို့ တစ်ယောက်ယောက်က ပြောလာလျှင်ပင် တခြားသူတွေက နားထောင်မှာမဟုတ်ပေ။

  

“အားလုံးပြေလည်သွားပြီ။ ချိန်းထားတဲ့ရက်မှပဲ ကိုယ်သူတို့ကို ကိုယ်တိုင်သွားခေါ်လိုက်မယ်။ ဒါနဲ့ အားရုံညနေကျရင် ရောက်လာလိမ့်မယ်။ ကိုယ် ညစာစားဖို့ တောရိုင်းတိရစ္ဆာန်နဲ့ ငါးနည်းနည်းသွားဖမ်းလိုက်မယ်။” လီဖုန်းက သူ၏စိတ်လှုပ်ရှားမှုကို စိတ်ထဲမှာချန်ထားပြီး ရှင်းပြလိုက်သည်။

  

“ကောင်းပါပြီ… သူလာမယ်လို့ ကျွန်တော်မှန်းဆထားပြီးပြီ။” ထန်ချွန်းမင်ကပြုံးလိုက်သည်။ ဤအချိန်အထိ သူစောင့်နိုင်သော တစ်ခုတည်းသော အကြောင်းပြချက်မှာ သူ့မိထွေး၏ ဖိနှိပ်မှုကြောင့်လို့ သူထင်သည်။

  I

ညနေတွင် ထန်ချွန်းရုံရောက်လာခဲ့သည်။ သို့သော် အခြေအနေက သူစဥ်းစားထားတာနဲ့ လွဲနေမယ်လို့ မထင်ထားခဲ့ပေ။ ဤလူက သူ့အစ်ကို၏အိမ်ကို ဝင်လာပြီး သူ့အိမ်လို သဘောထားနေသည်။

သူ့မျက်လုံးနှင့်မြင်လိုက်ရသောအခါ ထန်ချွန်းရုံက ချဥ်စူးသလို ခံစားလိုက်ရသည်။ အဆုံးမှာ သူနဲ့ သူ့အစ်ကိုက ရင်းနှီးလာခဲ့သော်လည်း ယခုမူ သူ့အစ်ကိုပြန်ပေးဆွဲခံတော့မယ်ဆိုတာ သိလိုက်ရသည်။

 

သူက ဆရာစာသင်နေတာကို တစ်နေကုန် ကောင်းကောင်းနားမထောင်နိုင်ခဲ့ပေ။ သူ့စိတ်က သူ့အစ်ကိုနှင့် လီဖုန်းထံသို့ရော​က်နေ့ပြီး သူတွေးလေ တစ်ခုခုမှားနေတာကို ခံစားမိလေပင်။ သူ့အစ်ကိုက သည်လောက်မြန်မြန် နောက်အိမ်ထောင်ပြုမယ်လို့ သူမထင်ထားခဲ့ပေ။ သူ့အစ်ကိုမမှားဘူးလို့ သူထင်သော်လည်း တခြားသူများ၏အမြင်တွင် သူဟာ အိမ်ထောင်ကျပြီး ကလေးမွေးထားတာကြောင့် မိသားစုကောင်းကောင်းရှာနိုင်မှာမဟုတ်ပေ။

သို့ဖြစ်၍ သူ့အစ်ကို အနာဂတ်မှာ မိသားစုကောင်းနှင့် နောက်အိမ်ထောင်ပြုနိုင်ရန် သူက အဆင့်ကောင်းရချင်ခဲ့ပြီး သူ့အစ်ကိုကို ထောက်ပံ့ချင်ခဲ့သည်။ သို့သော် မျက်စိတစ်မှိတ်အတွင်း သူ့အစ်ကိုက တခြားသူတစ်ယောက်နှင့် လက်ထပ်တော့မှာဖြစ်၏။

  

သူ့ရင်ထဲတွင် သူ့အစ်ကိုက ပညာတတ်ပြီး အမျိုးသားတွေထက် စွမ်းဆောင်ရည်ပိုရှိသည်။ ထိုအားသာချက်များဖြင့် သူ့အစ်ကိုက စစ်သားဟောင်းဖြစ်သည့် လီဖုန်းနှင့်ပင် မထိုက်တန်ဟု သူခံစားမိသည်။

သူ့အမြင်တွင် ဤစစ်သားက ကျောက်တာဟူနှင့် အတူတူနီးပါးကြမ်းတမ်းသည်။ ဒီတော့ သူက သူ့အစ်ကိုကို ဘယ်လိုဂရုစိုက်ရမလဲသိရဲ့လား? ယခင်နမူနာကို စိတ်ထဲမှာစွဲမှတ်ကာ ထန်ချွန်းရုံက ထိုအကြောင်းပိုတွေးလေ စိုးရိမ်လေဖြစ်၏။ ကျောင်းဆင်းချိန်မှသာ သူ ဖျင်ရှန်ရွာကို အပြေးလေးလာခဲ့ကြသည်။

  

“အစ်ကို.. ဒါတကယ်အဆင်ပြေရဲ့လား?” ထန်ချွန်းရုံက သူ့အစ်ကိုကို အိမ်ထဲသို့ခေါ်သွင်းလာပြီး လီဖုန်းနဲ့ ဝေးဝေးမှာ စကားပြောလိုက်သည်။ “သူ ဒီမှာတစ်ညလုံးနေမှာလား?” ဒါဆို သူသဘောမတူဘူး။

  

“မင်းဘာတွေတွေးနေတာလဲ?” ထန်ချွန်းမင်က သူ့ညီ၏နဖူးကိုပုတ်လိုက်သည်။ “သူ ညကျရင် သူ့အိမ်သူပြန်မှာ။ ပြီးတော့ မင်းအစ်ကိုရဲ့အခြေအနေကိုလည်း ကြည့်ပါဦး။ အိမ်အလုပ်ကို သူမလုပ်ရင် ဘယ်သူလုပ်မလဲ?”

 

ထန်ချွန်းရုံက သူ့ခေါင်းကိုကုတ်လိုက်သည်။ သူ့အစ်ကိုက ယခုချိန်မှာ လူချမ်းသာဖြစ်နေလေပြီ။ သူ့အစ်ကိုက ကလေးမလွယ်ထားရလျှင်ပင် သူဤအရာများကို တစ်​ယောက်တည်းကိုင်တွယ်နိုင်မှာမဟုတ်ပေ။

သူက သူ့အစ်ကိုအိမ်နှင့် အဝေးမှာရှိနေ၍ သူ့ကို ဂရုမစိုက်ပေးနိုင်တာ စိတ်မကောင်းဖြစ်မိသည်။ သို့သော် ထိုအေကြာင်းစဥ်းစားလိုက်တော့ သူက စိတ်မပါသလို ခံစားလိုက်ရ၏။ “ဒါဆို သူအလုပ်လုပ်ပြီးရင် ထွက်သွားလို့ရတယ်လေ။ လက်ရှိအခြေအနေနဲ့ အိမ်မှာနေတာက ဘာကွာနေလို့လဲ?”

 

ထန်ချွန်းမင်က တခစ်ခစ်ရယ်​ကာ ဆက်ပြောလိုက်သည်။ “သူက အိမ်မပြန်ချင်ဘူးဆိုပြီး အရှက်မရှိဖြစ်နေတာ ငါက ဘာလုပ်ရတော့မလဲ?”

 

ထန်ချွန်းရုံ၏မျက်နှာက နက်မှောင်သွားသည်။ “အစ်ကို…. ဒီလူက အရေထူပြီး တခြားသူတွေ​ရဲ့ အတင်းအဖျင်းကို ဂရုမစိုက်တဲ့သူပဲ။ ဒီလိုလူက ကောလာဟလတွေကို ကြောက်မှာမဟုတ်ဘူး။ သူ့အစ်ကိုကို ဖိအားပေးခဲ့တာလား?”

“ဟားဟား….” ထန်ချွန်းမင်က ကူကယ်ရာမဲ့နေ၏။ သူ့ညီလေးက ဘာလို့ ဒီလောက်ရယ်ရတာလဲ?

 

လီဖုန်းက အပြင်က အထိန်းအကွပ်မဲ့ရယ်မောသံကို ကြားလိုက်ရသောအခါ သူက ညီအစ်ကိုနှစ်ယောက်၏ တီးတိုးပြောသံကို ဂရုမစိုက်ပဲ ​ပြေးဝင်လာကာ ထန်ချွန်းမင်ကိုကိုင်ပြီး စိတ်ပျက်လက်ပျက်ပြောလိုက်၏။ “မင်းဒီလိုဆက်လုပ်နေရင် မင်းခြေထောက်တွေ ကြွက်တက်လိမ့်မယ်။ မင်းရဲ့ဗိုက်ကလည်း မသက်မသာဖြစ်လိမ့်မယ်။ ကိုယ့်ကိုယ့်ကို နည်းနည်းလေးတောင် မထိန်းချုပ်နိုင်ဘူးလား?” သူ​ပြောပြီးသည်နှင့် သူက ထန်ချွန်းရုံကို ကြည့်လိုက်သည်။

သူ့ယောက်ဖက မင်ကောအာကို ဘာပြောလိုက်လို့ ဒီလောက်ရယ်နေရတာလဲ? မနက်ခင်းက အဆင်ပြေပေမယ့် ညနေမှာတော့ သူ့ယောက်ဖ၏အကြည့်က ထူးဆန်းနေသည်။

 

ထန်ချွန်းရုံကလည်း လန့်သွားသည်။ သူက သူ့အစ်ကို၏ လှောင်ပြောင်မှုကို ဂရုမစိုက်ပဲ လီဖုန်း သူ့အစ်ကိုအား ခန်းကုတင်ပေါ်သို့ ပွေ့ချီသွားသည်ကို ကြည့်လိုက်သည်။ ထိုလူက သူ့အစ်ကို၏ ခြေထောက်နှင့်ခါးကို နှိပ်နယ်​ပေးနေသည်။

ထန်ချွန်းရုံက ကြောင်တက်တက်စိုက်ကြည့်ပြီး ဘာမှမလုပ်နိုင်ခဲ့ပေ။ ကောတစ်ယောက်မှာ ဘယ်လိုအခြေအနေမျိုးရှိလဲ သူမသိခဲ့၍ ယခုမူ ဤကဲ့သို့ရယ်မောခြင်းက ကိုယ်ဝန်သည်ကောတစ်ယောက်အတွက် မကောင်းကြောင်း သိခဲ့ရသည်။

  

“အစ်ကို… မရယ်နဲ့တော့… ကျွန်တော်ပြောတာရပ်လိုက်ပြီလေ။” သူပြဿနာရှာမိတာကိုသိသော် ထန်ချွန်းရုံက စိုးရိမ်လွန်းသဖြင့် သူ့အစ်ကိုကို ဖျောင်းဖျလိုက်ရသည်။ ဤလူက ယခင်ယောက်ဖနှင့် ကွာခြားပုံရပြီး သူ၏စိုးရိမ်နေသော အကြည့်များက အတုအယောင်မဟုတ်ပေ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment