တစ်ပတ်ဆိုသည့်အချိန်က အလျင်အမြန် ကုန်ဆုံးသွားခဲ့လေပြီ။
ကိုင်နာက လတ်တလော ဆေးလ်နှင့်ပတ်သက်၍ လောဘကြီးနေမိသည်။ သူက သူ(မ)အိပ်နေလျှင်တောင် နှိုးပြီး သူယူလာသော အစားအသောက်များကို အနည်းဆုံးတစ်ခုလောက်တော့ အတင်းစားခိုင်းတတ်သည်။ ဒါကြောင့်ပဲ ဆေးလ်ကလည်း ဒီရက်ပိုင်း ကိုယ်အလေးချိန်တက်လာခဲ့၏။
သူ(မ)က ပိန်သည်ဆိုသော်လည်း ကြည့်ရဆိုးသည်ဟု သူ(မ)သတ်မှတ်ထားသည့်ခန္ဓာကိုယ်က အတန်အသင့် ပြည့်လာခဲ့ပြီဖြစ်သည်။ အီနင်းကတော့ သူ(မ)ကိုအစားအသောက်စားရန် အတင်းလုပ်ယူနိုင်သည့်အနေအထားမဟုတ်သည့်အတွက် ကိုင်နာဂရုစိုက်ပေးသည်ကိုကြည့်ပြီး ဝမ်းသာနေမ်ိသည်။
"ကိုယ် တစ်ပတ်လောက် နန်းတော်မှာရှိမှာမဟုတ်ဘူး။"
"ဘာလို့လဲ။"
ထိုနေ့က နောက်တစ်ကြိမ်ဆက်ဆံပြီးသည့်နောက် ဆေးလ် မေ့လဲတော့မလိုဖြစ်သွားသဖြင့် သူက သူ(မ)ကို သူ့ရင်ခွင်ထဲမှီ၍ အနားယူခိုင်းခဲ့ရသည်။ ကိုင်နာက သူ(မ)ကို အာဟာရဖြစ်စေမည့် အသီိးများနှင့် သိုးသားများကျွေးသည့်အခါတိုင်း သူ(မ)က ငှက်ပေါက်လေးတစ်ကောင်ကဲ့သို့ ခေါင်းညိတ်ကာ ကျွေးသမျှစားလေ့ရှိသည်။ သူ(မ)က ဗိုက်ပြည့်လျှင် ချက်ချင်းအိပ်တော့မည်ကိုသိသဖြင့် သူက တစ်ခါမှတော့ သူ(မ)ကိုအလွန်ဗိုက်ပြည့်သည်အထိ မကျွေးခဲ့ပေ။
"ကိုယ့်ခမည်းတော်... သူဘယ်မှာရှိလဲ ကိုယ်သိရပြီ။"
ယခင်ဆူတန်အကြောင်း ပြောမိရာ ဆေးလ်၏ခန္ဓာကိုယ်က တွန့်သွားသည့်အတွက် ကိုင်နာ ပြန်၍နှစ်သိမ့်ပေးလိုက်၏။
"မကြောက်ပါနဲ့။ ကိုယ်က ကိစ္စတွေကို မြန်မြန်အဆုံးသတ်အောင် လုပ်မလို့ပါ။"
"အဆုံးသတ်မယ်ဆိုတာက ဘာကိုပြောတာလဲ။"
"သူ သေသွားမှ မင်းက ကိုယ့်ရဲ့ပန်းကလေးဖြစ်လာမှာလေ။"
အဖေကို သတ်ပစ်နိုင်တဲ့ သားတစ်ယောက်။
ဒီစကားများကို ကြားပြီးတော့မှ က်ိုင်နာက သွေးသားရင်းကိုပင် သတ်ပစ်ခဲ့သည့် သွေးအေးသည့်သူတစ်ယောက်ဆိုသည်ကို ဆေးလ် မှတ်မိသွားတော့သည်။ သူက သူ(မ)အပေါ်မှာတော့ နူးညံ့ကြင်နာတဲ့သူတစ်ယောက် ဖြစ်တာကို ဘယ်အရာတွေကများ သူ့ကို ဒီလိုဖြစ်အောင်လုပ်ခဲ့တာလဲ။
သူ(မ)က အစားအသောက် ထပ်မစားချင်တော့သည့်သဘောဖြင့် ပါးစပ်ပိတ်၍ ခေါင်းငုံ့ထားလိုက်သည့်အတွက် ကိုင်နာ စုတ်သပ်လိုက်မိသည်။
"ဘာလို့ ဒီလိုလုပ်နေတာလဲ။ ဒါတွေအကုန်လုံး စားလို့မပြီးဘူးဆိုရင် မင်းအိပ်လို့မရဘူးဆိုတာကို သိတယ်မလား။"
"အရှင်က တကယ်ပဲ တစ်ယောက်တည်းဖြစ်သွားတော့မှာလားဟင်။ ကျွန်မ ထင်တာတော့..."
"မင်းက ကိုယ့်အတွက်စိတ်မကောင်းဖြစ်နေတာလား။"
ကိုင်နာက ကိုင်ထားသည့်ပန်းကန်လုံးကို ဘေးရှိအစေခံတစ်ယောက်အား ကမ်းပေးလိုက်ရာ ထိုသူက ပန်းကန်လုံးကိုယူပြီး အသံတစ်သံမှမကြားလိုက်ရဘဲ ထွက်သွားတော့သည်။ ဆူတန်၏အိပ်ခန်းက အမြဲလိုလို ရဲမက်များ၊ အခြွေအရံများဖြင့်ပြည့်နေသဖြင့် သူတို့က အားလုံးကိုကြည့်နေကြသည်။ သို့သော်လည်း ထိုအရာက ဆေးလ်ကို သက်တောင့်သက်သာ မဖြစ်စေသည့်အတွက် အိပ်ခန်းထဲတွင်တော့ အမြဲလိုလို ကိုင်နာနှင့်ဆေးလ်တို့သာ ရှ်ိနေတတ်၏။
"ကျွန်မက ဘယ်လိုလုပ် အဲ့လိုခံစားချက်မျိုးရှိရဲမှာလဲ အရှင်ကိုင်နာ။"
သူတို့နှစ်ဦးတည်းသာ အခန်းထဲရှိနေချိန်တွင် သူ(မ)က သူ၏နာမည်ကို ရင်းရင်းနှီးနှီးခေါ်နိုင်သည့်အတွက် ကိုင်နာ အလွန်စိတ်ကျေနပ်ရသည်။
"ဒါဆိုရင် ဘာလို့လဲ။"
"ဒါက... အရှင်ကိုင်နာ တစ်ယောက်တည်းဖြစ်သွားမယ်ဆိုရင် အရမ်းအထီးကျန်သွားမှာမို့လို့ပါ။"
"မင်းက အခုထိ ကိုယ့်ကိုထားခဲ့ဖို့တွေးနေသေးတာလား။"
ဆေးလ် ဘာမှပြန်မပြောနိုင်ခဲ့။ ယခုအချိန်တွင် သူ(မ)အတွက် ဘယ်အရာကမှ မသေချာသေးပေ။ ကိုင်နာအတွက် သူ(မ)က တစ်ဦးတည်းသောအမျိုးသမီးမဖြစ်နိုင်။ မကြာခင်မှာပဲ ဒီမောင်းမဆောင်က လူပြည့်လာပြီး သူ(မ)ကလည်း တစ်နေ့နေ့မှာတော့ သူ၏ချစ်ခင်မှုကို ဆုံးရှုံးကာ ယခင်က အထီးကျန်ခဲ့ရသည့်နေရာသို့ ပြန်ရောက်သွားနိုင်သည်။
ဆေးလ် သူ(မ)၏ခါးကို ကိုင်ထားသည့် သူ၏လက်ကို ငုံ့ကြည့်လိုက်သည်။ သူ(မ) ထရန်ကြိုးစားနေသော်လည်း သူက ပြန်ဆွဲချနေ၏။
မောင်းမဆောင်က အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီလိုအရာမျိုးကို ဘယ်လိုသည်းခံနိုင်မှာလဲ။
ထိုအခိုက်အတန့်မှာပဲ ယခင်ဆူတန်၏ကိုယ်လုပ်တော်များ ဘယ်လိုခံစားခဲ့ရမည်ကို သူ(မ) နားလည်သွားခဲ့ရသည်။ သူတို့က အမြဲမနာလိုဖြစ်နေကြပြီး အခြားသူကို ထိခိုက်စေမည့် လုပ်ရပ်မျိုးလုပ်၍တောင် နေရာမဆုံးရှုံးရရန် ကြိုးစားခဲ့ကြသည်။ ဆူတန်၏ ချစ်မြတ်နိုးခြင်းခံရသူ ပြောင်းသွားခဲ့လျှင် ထိုအခြားအမျ်ိုးသမီးကို သတ်ပစ်ရန်အထိ လုပ်နိုင်ကြသည်။ ဆေးလ်က ထိုကဲ့သို့ မဖြစ်လိုပေ။
"မင်း ကိုယ့်အနားက ထွက်မသွားသရွေ့ပေါ့ ဆေးလ်။ မင်းတစ်သက်လုံး ကိုယ့်ဘေးနားမှာ နေလို့ရတယ်လေ။ ဒါဆို ကိုယ်လည်း အထီးမကျန်ရတော့ဘူးပေါ့။"
သူ(မ)လည်းပဲ အသက်ကြီးလာမည့်သူဖြစ်သည်။ အချိန်အတော်ကြာ ဆူတန်၏ချစ်မြတ်နိုးမှုကို ခံရလျှင်တောင် ဒါက သူတို့ငယ်ရွယ်ချိန်တွင်သာ ဖြစ်နိုင်သည့်အရာပင်။
"အရှင်ကိုင်နာ ကျွန်မကို လိုအပ်သေးသရွေ့ အရှင့်ဘေးနား ကျွန်မ ရှိနေပေးမှာပါ။ အဲ့ဒီအစား အရှင် ကျွန်မကို ချစ်မြတ်နိုးတဲ့စိတ် မရှိတော့ဘူးဆ်ိုရင်တော့ ကျွန်မကို ဒီနန်းတော်က ထွက်သွားခွင့်ပေးပါ။"
ထိုမှောင်မည်းနေသည့်အခန်းသို့ သူ(မ) ပြန်မသွားလိုပေ။ သူ(မ)က သူ(မ)၏နှလုံးသားကို သူ(မ)ကိုဂရုစိုက်ပေးကြသူများနှင့် ဤနေရာရှိနွေးထွေးသည့်နေရောင်ခြည်ထံ ပေးအပ်ခဲ့ပြီးဖြစ်၏။ ကိုင်နာ၏ ချစ်မြတ်နိုးမှု ဆုံးရှုံးသွားသည်နှင့် သူ(မ)က နန်းတော်မှထွက်သွားကာ ကန္တာရတစ်ခွင်သာ လျှောက်သွားလိုတော့သည်။
"မင်းက အခွင့်အရေးယူဖို့ တွေးနေသေးတာလား။ ကိုယ်မင်းကို ဘယ်တော့မှ ထွက်သွားခွင့်ပြုမှာမဟုတ်ဘူး။ မင်းရဲ့ နောက်ဆုံးထွက်သက်အချိန်ထိ ငိုပြီးတောင်းဆိုမယ်ဆိုရင်တောင် ကိုယ် နားထောင်မှာမဟုတ်ဘူး။"
"ဘာလို့လဲ... ကျွန်မ နည်းနည်း နားမလည်နိုင်ဖြစ်မိတယ်။ ဘာလို့ အရှင်ကိုင်နာက ကျွန်မကို လေးလေးစားစား ဆက်ဆံပေးနေတာလဲ။ ကျွန်မက သာမန်ခြေသလုံးအိမ်တိုင်မိသားစုက လူတစ်ယောက်ဖြစ်ပြီး ကျွန်မမှာ နောက်ခံလည်းမရှိသလို အခြားဘာမှလည်း မရှိပါဘူး။"
ကိုင်နာ နူးညံ့စွာပြုံးလိုက်၏။ သူ(မ) တကယ်ပဲ မမှတ်မိတာလား။
လွန်ခဲ့သည့် ငါးနှစ်အချိန်က သူ အရာအားလုံးကို စွန့်ပစ်ခဲ့သည်။ သူ၏သွေးသားရင်းများကိုလည်း စွန့်လွှတ်ကာ တိတ်တဆိတ်နေချင်သည့် သူ၏ဆန္ဒကိုလည်း စွန့်လွှတ်ခဲ့ရသည်။ သွေးသားရင်းဖြစ်သူက သူ့ကို ဓားဖြင့်ထိုးခဲ့ချိန်တွင် သွေးသားရင်းမဟုတ်သည့် ဆေးလ်ကတော့ သူ့ကိုကယ်တင်ခဲ့သည်။
"ဘာလို့ ကိုယ်မင်းကို ဆိုးဆိုးရွားရွား မဆက်ဆံတာလဲ၊ ဘာလို့ ကိုယ်က မင်းအတွက် ဆူတန်ဖြစ်လာခဲ့ရတာလဲ။ ဒါတွေကပဲ မင်း စဉ်းစားသင့်တဲ့အရာပါ ဆေးလ်။"
သူ(မ) မှတ်မိသွားရန် အချိန်ပေးရလိမ့်မည်။ သူ(မ)က အမှောင်ခန်းထဲတွင်သာ အတော်ကြာနေခဲ့ရပြီး နန်းတွင်းရှိအရာများအကြောင်း မသိသောကြောင့်ဖြစ်သည်။
သူ၏နှုတ်ခမ်းဖြင့် သူ(မ)လည်တိုင်ပေါ်တွင် အမှတ်အသားများလုပ်နေခဲ့ပြီး သူ(မ)ခန္ဓာကိုယ်၏ နေရာတိုင်းတွင် သူ၏အပိုင်ဟူ၍ အမှတ်အသားများ လုပ်ထားနိုင်ခဲ့လျှင် ဘယ်လိုခံစားရမည်ကို သူတွေးနေမိ၏။ သူ(မ)ကလည်း သူ့အပေါ် ထိုသို့လုပ်ခဲ့လျှင် သူတို့အချင်းချင်း မြင်လိုက်တိုင်း တစ်ယောက်နှင့်တစ်ယောက် သက်ဆိုင်ကြောင်းသိရသဖြင့် ပိုကောင်းလိမ့်မည်။
သို့သော်လည်း သူက သူ(မ)ကို ထိုအမှတ်အသားများကြောင့်တော့ နာကျင်မှုမခံစားစေလိုပါ။ စိတ်ထဲတွင် ဒွိဟဖြစ်နေခဲ့ပြီး သူ(မ)ကို သူ့အပိုင် အမှတ်အသားပြုချင်သည့်စိတ်ကို ခေတ္တမေ့ထားလိုက်၏။
"ကျွန်မ တကယ်မသိဘူး။"
"ရပါတယ်။ ကိုယ် မင်းကိုအပြစ်မတင်ပါဘူး။"
အတိတ်တစ်ချိန်တုန်းက သူ(မ)လို အသားဖြူဖြူပိန်ပ်ိန်သွယ်သွယ် မိန်းကလေးကို သူမြင်ခဲ့ချိန်က သူ့ကိုယ်သူ သေဆုံးသွားပြီဟုတောင် တွေးခဲ့မိသည်။ မဟုတ်လျှင် သက်ရှိလူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်ထိ အသားအရောင်ဖျော့နေပါ့မလဲ။
ကိုင်နာ သူ(မ)ကို ပို၍ တင်းတင်းဖက်ထားလိုက်သည်။
"ကိုယ့်ကို ဒီမှာပဲစောင့်နေ။ ကိုယ်ပြန်လာရင် မင်းကိုပြောစရာရှိတယ်။"
"ဟုတ်ကဲ့။"
ကိုင်နာက ဆေးလ်ကို နေ့တိုင်းလာတွေ့နေခဲ့သည့်အတွက် သူ့ကို တစ်ပတ်လောက်မတွေ့ရဘူးဟူသည့် အတွေးကြောင့် ဆေးလ်၏ရင်ထဲ တစ်ခုခုလစ်ဟာသွားသလို ခံစားမိသည်။ သို့သော်လည်း ဆေးလ်ကတော့ ခံစားချက်ထုတ်မပြဘဲ ခေါင်းသာညိတ်ခဲ့လိုက်သည်။ သူမရှိလျှင် ဒီနန်းတော်က ဘယ်လောက်တောင် အထီးကျန်စရာကောင်းလိုက်မလဲ။
သူ(မ)က အရင်ကလည်း တစ်ယောက်တည်းနေခဲ့ရသည့်အတွက် သူအနားမရှိသည့်အချိန်ခဏလေး အထီးကျန်ရလျှင်လည်း ဘာမှမဖြစ်ဟုဆို၍ ဆေးလ် စိတ်လျှော့ထားခဲ့သည်။ သို့သော်လည်း အခုတော့ သူ(မ)ကို တင်းတင်းဖက်ထားသော ဤနွေးထွေးသည့်ခန္ဓာကိုယ်ကို လက်လွှတ်မခံချင်တော့။
"နောက်တစ်ခါလည်း ကျွန်မကို ဒီလိုပဲဖက်ထားပေးပါနော်။"
ထိုစကားကြောင့် ကိုင်နာ သူ(မ)၏ပခုံးပေါ် မျက်နှာအပ်ကာ ရယ်မောလိုက်တော့သည်။
"မင်းစိတ်ထဲကပြောတဲ့စကားက ဒီလိုမဟုတ်ဘူးဆိုတာ သိပေမဲ့ ဒီလိုစကားမျိုး မင်းနှုတ်ခမ်းက ထွက်လာတဲ့အတွက် ကိုယ်အရမ်းဝမ်းသာတယ်။"
"ဘာလို့လဲ။"
"ဘာလို့လဲဆိုတော့ မင်းကိုဖက်ထားပေးပါဆိုတာကို ကိုယ်က ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဓိပ္ပါယ်သတ်မှတ်လိုက်မှာမို့လို့ပဲ။"
ကိုင်နာ၏လက်များက အခုမှပြန်ဝတ်ထားသော ခါးစည်းကြိုးအစွန်းနားသို့ ပြန်ရောက်သွားပြန်သည်။ ဆေးလ်က သူ၏ဆိုလိုရင်းကိုသဘောပေါက်သွားခဲ့ပြီး မျက်နှာများပင် နီရဲသွားတော့၏။
"မင်းရဲ့လည်တိုင်လည်း နီလာပြီ။"
ကိုင်နာက သူ(မ)၏ လည်ပင်းအောက်နားလေးကို နမ်းလိုက်ရင်း ပြောလိုက်ခြင်းပင်။
"မင်းနဲ့ တစ်ပတ်တောင်မတွေ့ရတော့မှာမို့ ကိုယ့်ကိုသနားပေးပါနော်။"
"အွန်း... အရှင်ကိုင်နာ။"
"မင်းရဲ့ခန္ဓာကိုယ်ကို ဖိအားတွေအများကြီး ပေးမိနေတယ်ဆိုတာသိပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုလက်ခံပေးနော်။ ကိုယ့်ကို သနားတဲ့စိတ်လေးထားပေးပါ။"
သူက သနားပေးရန်ပြောလာကတည်းက ဆေးလ်ထံတွင် သူ့ကို အဝေးတွန်းဖယ်ပစ်ရန် စိတ်ကူးမရှိတော့ပေ။ ထိုအစား သူ(မ)ကလည်း သူနှင့် တစ်ပတ်လုံးမတွေ့ရတော့မည့်အတွက် သူ့ကိုဖက်ထားလိုသည်။
"ကိုယ်ဖြည့်ထားတာက လျှံကျနေပြီထင်တယ်။"
သူက ဆေးလ်၏ခန္ဓာကိုယ်မှ သူ၏အရည်များ စီးကျနေသည့်နေရာကိုကြည့်ရင်း ပြောနေခြင်းပင်။
"ကိုယ် ထပ်ဖြည့်ဦးမှာ။ ဒါမှ မင်းရဲ့ကိုယ်ထဲ လွတ်မနေမှာ။"
ဆေးလ်က ဆိုဖာခုံကို မှီထားသည်။ မှိန်ပျပျအလင်းရောင်အောက်တွင် တဖြည်းဖြည်းနီးကပ်လာသည့် ကိုင်နာ၏ပုံရိပ်က သူ(မ)ကို ပို၍ခြိမ်းခြောက်နေသလိုလို။ သို့သော် သူမေးလိုက်သည့်အခါမှာလည်း သူ(မ)က မတွန်းဖယ်သည့်အပြင် ကိုင်နာ၏လက်ကိုဆွဲလိုက်ပြီး ရင်ခွင်ထဲ ဆွဲသွင်းလိုက်၏။
"ကျေးဇူးပြုပြီး...လုပ်ပေးပါ။"
ကိုင်နာ၏ စူးရှသည့်အကြည့်များက နူးညံ့သွားတော့သည်။ သူ(မ)၏အသံအရတော့ သတ္တိမွေး၍ ပြောနေသည်ဆိုသည်မှာ သိသာ၏။ သူတစ်ဦးတည်းကပဲ ခွဲရမည်ကိုသည်းမခံနိုင်သူ ဟုတ်ပုံမရပေ။ အခုတော့ ဒါကလုံလောက်သွားလေပြီ။
"ဘယ်လိုမျိုးလဲ။"
"အရှင်ကိုင်နာရဲ့ဟာနဲ့ ဖြည့်ပေးပါ။"
"ဒီတစ်ခါတော့ မင်းကိုယ့်ကိုဆွဲဆောင်နေတယ်ဆိုတာ သဘောပေါက်တယ်မလား။"
"အင်း ကျွန်မသိပါတယ်။"
သူ(မ)၏ပုံစံက ငွေရောင်လမင်းလေးလိုပင်။ သူ(မ)ကို လရောင်အောက်တွင် မြင်လိုက်ရသည့်အချိန်တိုင်း သူ(မ) ပျောက်သွားတော့မလားဟုပင် သူထင်မိသည်။ သူ တကယ်ပဲ လနတ်သမီးတစ်ပါးကို ရထားသည့်အတိုင်းပင်။ ဒါမှမဟုတ် လ၏ အစိတ်အပိုင်းတစ်ခုခုကပဲ လူအသွင်ပြောင်းထားသလားဟု ထင်မ်ိပြန်သည်။
သူ(မ)ကို လက်လွှတ်ရမည်စိုး၍ ကိုင်နာ ဆေးလ်၏ကိုယ်တွင်းသို့ တွန်းဝင်လိုက်၏။
သူက ချက်ချင်းဆိုသလို သူ(မ)၏ကိုယ်တွင်း စိုစွတ်သွားအောင်ဖြည့်လိုက်သည်။ ဖက်ထားရခြင်းကိုလည်း ဘယ်တော့မှလုံလောက်သလို မခံစားမိခဲ့။ သူ၏အောက်တွင် ညည်းတွားနေသည့်အမျိုးသမီးက တကယ်ကို လူသားစစ်စစ်တစ်ယောက်ပင်။ သူ(မ)က လူသားတစ်ယောက်ဖြစ်နေသရွေ့ သူ့ထံမှ ထွက်ပြေး၍မရသည်ကိုလည်း သူနားလည်ထား၏။
"အွန်း...အာ့..."
"ကိုယ် ဘာမှမပြင်ဆင်ဘဲ ဒီတိုင်းထည့်လိုက်ပေမဲ့ မင်းက အခုဆို ကိုယ့်ကိုကောင်းကောင်းလက်ခံနိုင်ပြီပဲ။"
"...ကျွန်မ...ကျွန်မ ရှက်တယ်။"
"ရပါတယ်။ ကိုယ်က အဲ့လိုပုံစံကို ပိုသဘောကျတာ။ ဒါက မင်းမှာ ကိုယ်နဲ့လိုက်ဖက်တဲ့ ပြီးပြည့်စုံတဲ့ခန္ဓာကိုယ်ရှိတယ်ဆိုတဲ့ သက်သေပဲလေ။"
သူ(မ)၏ မျက်နှာတစ်ခုလုံးကို နမ်းလိုက်ပြီးနောက် ကိုင်နာက အချစ်များပြည့်နေသည့်အကြည့်ဖြင့် ဆေးလ်ကို ငုံ့ကြည့်လိုက်သည်။ ညင်သာစွာ ရှေ့တိုးနောက်ဆုတ်လုပ်နေရင်း သူ(မ)၏ခန္ဓာကိုယ်အတွင်းမှာပဲ တစ်ညလုံး အချိန်ကုန်ဆုံးခဲ့လေသည်။
***
Aurora Novel Translation Team