no

Font
Theme

"ကျွန်မက မိသားစုကြီးတစ်ခုကလူမဟုတ်ပါဘူး။ ကျွန်မက အယောက် ၂၀ လောက်ပဲရှိတဲ့ ခြေသလုံးအိမ်တိုင်မျိုးနွယ်စုက လာတာပါ။ သူတို့က အရင်မင်းကြီးဖြတ်သွားတဲ့အချိန်မှာ အသက်သေရမှာကြောက်တဲ့အတွက် ကျွန်မကို ရောင်းစားခဲ့ကြတာပါ။ ကျွန်မ ဒီနန်းတော်ကိုသဘောကျပေမဲ့ ကျွန်မက တကယ်ကို သင့်တော်တဲ့သူ မဟုတ်ပါဘူး ဆူတန်။"


ဆေးလ်က ခေါင်းမော့၍ပြောနေသည်ဆိုသော်လည်း မျက်လွှာချထားကာ သူနှင့်တော့ အကြည့်ချင်းမဆုံခဲ့ပေ။ သူ(မ)ပြောချင်သည်ကို သဘောပေါက်သည့်အတွက် ကိုင်နာပြုံးလိုက်မိ၏။


"ဒါဆို မင်းကိုလွှတ်ပေးရမယ်လို့ ပြောချင်တာလား။"


"...ကျွန်မက အရှင့်အတွက် သင့်တော်တဲ့သူမဟုတ်တာပါ။"


ဆေးလ်က ကြက်တူရွေးတစ်ကောင်ကဲ့သို့ ထိုစကားများကိုသာ ထပ်ခါထပ်ခါပြောနေခြင်းပင်။


"ကိုယ်က အဲ့ဒါနဲ့ဘာလုပ်ရမှာလဲ။ ကိုယ်က မင်းအတွက်ဆူတန်ဖြစ်လာခဲ့တာကို မင်းကထွက်သွားမယ်ဆိုရင် ကိုယ်ဘာလုပ်ရတော့မှာလဲ။"


အစေခံများခမျာ စိတ်ထဲမှသာ အော်ဟစ်နေနိုင်ပြီး အပြင်ဘက်သို့အသံထွက်သွားမည်စိုး၍ ပါးစပ်ကို လက်ဖြင့်အုပ်ထားကြ၏။ သူတို့၏အော်သံကြောင့် ဆူတန်ဒေါသထွက်သွားမည်ကို စိုးရိမ်ကြခြင်းဖြစ်သည်။


ဒါက ဘယ်လိုတောင် အဓိပ္ပါယ်မရှိတဲ့အရာလဲ။ သူတို့ရဲ့ဘုရင်က မိန်းကလေးတစ်ယောက်ရှေ့တွင် ဒူးထောက်ကာ သူ(မ)အတွက် ဘုရင်ဖြစ်အောင်ကြိုးစားခဲ့သည်ဟု စကားလုံးချိုချိုများဖြင့်ဝန်ခံနေသည်ကို ဘယ်လိုလူက ယုံကြည်နိုင်မှာလဲ။


"မနောက်ပါနဲ့ အရှင်မင်းကြီး။"


ဆေးလ်၏ ခဲနက်ရောင်မျက်ဝန်းများက ခဏလောက်လှုပ်ခတ်သွားသော်လည်း အနည်းငယ်အကြာမှာတော့ ပြန်၍တည်ငြိမ်သွားသည်။ သူ(မ)က သူ၏စကားများကိုအဓိပ္ပါယ်မရှိသည့် စကားများဟု ကောက်ချက်ချလိုက်သည်မှာ ကိုင်နာအတွက်တော့ စိတ်ကျေနပ်စရာမဟုတ်ခဲ့။ သူက သူ၏အကြည့်များကိုရှောင်နေသည့် ထိုမျက်ဝန်းများကို ငုံ့ကြည့်လိုက်သည်။


"ဘယ်သူမှ မယုံဘူးဆိုရင်တောင် မင်းကတော့ ကိုယ့်ကိုယုံကြည်ရမယ် ဆေးလ်။ မင်းက အရင်ဆူတန်ရဲ့ ပန်းလေးတစ်ပွင့်ဆိုတာကိုသိလို့ ကိုယ် ဆူတန်ဖြစ်ဖို့ ကြိုးစားခဲ့တာ။"


ထိုခဲနက်ရောင် မျက်ဝန်းများ၏အမြင်မှာတော့ က်ိုင်နာက သူ(မ)ကို စိတ်ကျေနပ်စွာဖြင့်ကြည့်နေရင်း တောက်ပစွာပြုံးနေခဲ့၏။


"ဘာလို့ ဒီလိုစကားမျိုးတွေပြောရတာလဲ ဆူတန်။"


သူ(မ)၏မေးခွန်းကို ပြန်ဖြေမည့်အစား သူက သူ(မ)ကို ကလေးတစ်ယောက်ကဲ့သို့ ညင်သာစွာပွေ့ချီိလိုက်လေသည်။


"အီနင်း၊ ဆေးလ် ရေချိုးဖို့အတွက် အသင့်ဖြစ်ပြီလား။"


"ဖြစ်ပါပြီ အရှင်မင်းကြီး။"


အစေခံများ၏နောက်မှ သူတို့စကားပြော၍ပြီးမည့်အချိန်ကို တိတ်တဆိတ်စောင့်နေခဲ့သော အီနင်းက ဦးညွတ်၍ပြန်ဖြေလိုက်ခြင်းပင်။ ကိုင်နာက သူတို့ကို လက်ကာပြပြီး မောင်းမဆောင်၏ ရေချိုးဆောင် ဟန်မန်သို့ ဦးတည်လိုက်တော့၏။


ကိုင်နာက ထွက်ပြေးရန်ကြိုးစားနေသော ခန္ဓာက်ိုယ်လေးကို တင်းတင်းဖက်ထားကာ ရေချိုးဆောင်မှ ရေပူစိမ်သည့်နေရာသို့ ခေါ်လာခဲ့သည်။


ရေချိိုးကန်ဘေးတွင် အခြွေအရံများက ခေါင်းငုံ့လျက်ဖြင့် သူတို့က်ိုခစားရန် စောင့်နေကြ၏။ ဆူတန်၏ ခွင့်ပြုချက်မရှိဘဲ ခေါင်းမော့မကြည့်ရဲသလို အသက်လည်းမရှူရဲဘဲ မရှိသလိုသာ ရပ်နေကြလေသည်။


"အရှင်မင်းကြီး၊ အရှင်မကို ကျွန်မတို့ ရေချိုးသန့်စင်ပေးလိုက်ပါ့မယ်။"


အီနင်းကသာ ခေါင်းမငုံ့ဘဲ က်ိုင်နာကို တည်ငြိမ်သည့်အသံဖြင့် စကားပြောရဲသည့် တစ်ဦးတည်းသောသူပင်။


"အီနင်း၊ အခုတော့ ကျွန်တော် သူ(မ)နဲ့ ခဏလေးတောင် ဝေးမနေချင်တော့ဘူး။"


ကိုင်နာက သူ့ပွေ့ဖက်မှုအောက်မှာ ငြိမ်ငြိမ်လေးရပ်နေသော ဆေးလ်၏ပခုံးကို ညင်သာစွာကိုက်လိုက်၏။


တစ်ခဏအတွင်းမှာ ဆေးလ်၏ခန္ဓာကိုယ်ရှိ တင်းမာနေမှုများ ပျောက်သွားခဲ့သော်လည်း ဆေးလ်က ရှက်ရွံ့မှုကြောင့် နီရဲနေသည့်မျက်နှာဖြင့် ကိုင်နာ၏ရင်ဘတ်ကို မှီထားသေး၏။ သူ(မ)က သူ၏ရင်ခွင်ထဲ ယခုလို မတ်မတ်ရပ်နေသည်နှင့်ပင် အားအင်များ ကုန်ခမ်းသွားခဲ့လေပြီ။ သူဖက်ထားသည့်နေရာက နာကျင်မှုတစ်ခုကို ဆေးလ် ခံစားမိနေသေးသည်။


ကိုင်နာ၏ အနည်းငယ်လှုံ့ဆော်ပေးမှုကြောင့် သူ(မ)ခန္ဓာကိုယ်ရှိ တင်းမာမှုများအားလုံး ပျောက်ကွယ်သွားသော်ငြား သူ(မ)၏ခန္ဓာကိုယ်က ယခုထိ အားပြန်မပြည့်သေးပေ။ ကိုင်နာက ဆေးလ်၏ နားရွက်များကို ကိုက်နေစဉ် ဆေးတစ်ယောက် ဒီအခြေအနေမှ ဘယ်လိုရုန်းထွက်ရမည်ကိုတွေးနေ၏။


"အီနင်းက ကိုယ့်အထိန်းတော်လေ။ အခု သူက မင်းအနားမှာ ရှိနေတော့မှာ။"


ကိုင်နာ၏စကားများကြောင့် အီနင်း၏မျက်နှာတွင် ပြုံးရိပ်သန်းလာခဲ့သည်။


သူ(မ)က တစ်ညအရွယ်ပင်မရှိသေးသော မင်းသားငယ်လေးနှင့်အတူ တွာရက်မိသားစုထံသွားခဲ့စဉ် ကလေးက ခရီးရှည်ကိုတောင့်မခံနိုင်ဘဲ သေဆုံးသွားနိုင်သည်ဟု ထင်ခဲ့၏။ သို့သော်လည်း ထိုအချိန်က ရှင်သန်နိုင်ခဲ့သည့် မင်းသားလေးက ယခုအချိန်မှာ ဆူတန်ဖြစ်လာပြီဖြစ်သည့်အတွက် သူ(မ)အတွက်တော့ ဂုဏ်ယူစရာတစ်ခုပင်။


"ကျွန်မ တစ်ဘဝလုံး အရှင်မကို ခစားသွားပါ့မယ်။"


အီနင်းက ဆေးလ်ဘက်လှည့်ပြီး ဦးညွတ်လိုက်၏။ ကိုင်နာက ဆေးလ်၏မေးစေ့ကို လက်ဖြင့်က်ိုင်ကာ သူ့ဘက်ပြန်လှည့်လိုက်သည်။


"ဘာလို့ အကြည့်လွှဲနေပြန်တာလဲ။"


တကယ်ကိုပဲ ဘာလို့ဆူတန်က သူ(မ)ကို ဒီလိုလုပ်နေတာလဲ။ ဆေးလ် ထိုမေးခွန်းကို အကြိမ်များစွာမေးခဲ့သည့်တိုင် ယခုထိ ရှင်းလင်းသည့်အဖြေကိုမရခဲ့ပေ။


"ရဖို့ခက်လေလေ ပိုပြီးအရသာရှိလေလေဆိုတာ မင်းမသိဘူးလား။"


ကိုင်နာက သူ(မ)၏လည်တိုင်ကို နမ်းနေရာမှ ဖြည်းဖြည်းချင်း အောက်နှုတ်ခမ်းရှိရာသို့ရောက်လာတော့၏။


"ကိုယ်တို့က ခန္ဓာကိုယ်ချင်း နှီးနှောပြီးပြီဆိုပေမဲ့ မင်းကအခုထိ ကိုယ့်ကို သူစိမ်းလိုဆက်ဆံနေတုန်းပဲ။"


ကိုင်နာ၏အင်္ဂါက ဆေးလ်၏ အနူးညံ့ဆုံးနေရာကို ပွတ်သပ်နေလေသည်။


"ကျွန်မ... ကျွန်မ မလိုချင်ဘူး။"


မနေ့ညက အဖြစ်အပျက်ကိုပြန်တွေးကာ ဆေးလ်တစ်ယောက် ခေါင်းခါပြီး သူ၏ရင်ခွင်ထဲမှ ထွက်ပြေးရန်ကြိုးစားတော့သည်။ 


"ရှူး... အဆင်ပြေပါတယ်။ ကိုယ်မင်းကို ဒီမှာ ဘာမှမလုပ်ပါဘူး။"


သို့သော်လည်း သူ၏အင်္ဂါကတော့ သူ(မ)၏ကိုယ်အတွင်းသို့ နောက်တစ်ကြိမ်တွန်းဝင်ချင်နေပြန်၏။ သူ(မ) ရုန်းရန်ကြိုးစားလေလေ ထိုအရာက သူ(မ)၏ပွင့်ချပ်များထဲ ပို၍တွန်းဝင်လာလေလေဖြစ်ကာ ကိုယ်တွင်းသို့ဝင်အံ့ဆဲဆဲအနေအထားဖြစ်နေလေပြီ။


"မင်းကိုယ့်ကို ဒီလိုနဲ့ ထပ်ပြီးဝါးမျိုတော့မှာမဟုတ်လား။"


ဆေးလ် မျက်ခုံးတွန့်လိုက်မိ၏။ သူ(မ) တမင်ရည်ရွယ်၍ လုပ်ခြင်းမဟုတ်ပေ။ သူ၏ပေါင်ပေါ်ထိုင်နေရင်း ရုန်းကန်နေသည့်အတွက် သူ၏အရာက သူ(မ)၏စိုစွတ်နေသည့်နေရာသို့ တွန်းဝင်လာနေခြင်းပင်။ ပွင့်ချပ်များပွင့်သွားပြီး သူ၏အရာက သူ(မ)ကိုယ်တွင်း ဝင်ရောက်လာတော့၏။


"...အား!"


ဆေးလ် အလန့်တကြားဖြင့် ကိုင်နာ၏ပခုံးကို ကုတ်ဆွဲလိုက်မိသည်။


သူက သူ(မ)ကို ခါးမှကိုင်ရင်း ကိစ္စများ ပိုမပြင်းထန်လာခင် ပြန်ထုတ်ရန်အတွက် ကြိုးစားလိုက်သည်။ သို့သော်လည်း သူ(မ)က ငိုမဲ့မဲ့မျက်နှာဖြင့် သူ၏ပခုံးကို အတင်းကုတ်ဆွဲနေသည်ကို မြင်ရတော့ သူ စိတ်ပြောင်းသွားခဲ့သည်။ ကိုင်နာက သူ(မ)၏တင်ပါးဆုံရိုးကို လက်နှစ်ဖက်လုံးဖြင့်ဆုပ်ကိုင်လိုက်၏။


"မင်းဘာသာမင်း ထည့်လိုက်။"


သူ(မ)က မလုပ်ချင်သည့်အတွက် အနည်းငယ် ညည်းညူလိုက်၏။


"အရှင်မင်းကြီး..."


သူ၏အရာက သူ(မ)ကိုယ်ထဲဝင်နေပြီဖြစ်ပြီး မနေ့ညကလည်း လုပ်ထားသေးသည့်အတွက် ချောချောမွေ့မွေ့ဝင်သွားခြင်းပင်။


"အား!"


"ကျပ်နေသေးတာပဲ။"


သူ တစ်ညလုံး သူ(မ)နှင့်ဆက်ဆံခဲ့သော်လည်း သူ(မ)၏အတွင်းသားများက အလွန်တင်းကျပ်နေသေးသည့်အတွက် သူ့ထံမှ ညည်းသံအချို့ထွက်လာ၏။


"အွန်း! ဟ..ဟား!"


"ကြည့်ရတာ မနာတော့ဘူးထင်တယ်။"


သူ(မ)တို့အနီးရှိရေထက် ပိုပူသည့်အရာတစ်ခုက သူ(မ)ခန္ဓာကိုယ်၏ အနက်ရှ်ိုင်းဆုံးနေရာအထိ ထိုးဖောက်ဝင်ရောက်နေသည်။


သူ(မ)စိတ်ထဲ ဘာမှမရှိတော့ပေ။ သူ(မ)၏တင်ပါးဆုံရိုးများကို ကိုင်ထားသည့် က်ိုင်နာ၏လက်များ ဘယ်လောက်ထိ တင်းကျပ်နေပါစေ ဆေးလ်တစ်ယောက် ထွက်ပြေးနိုင်ရန်ကြိုးစားနေသေး၏။


"မင်းခြေထောက်တွေကို ကိုယ့်ခါးမှာချိတ်လိုက်။"


ချိုမြိန်သော်လည်း ပူလောင်သည့်အသံ ထွက်ပေါ်လာသည့်အခါ သူ(မ)က တုန်နေသည့်ခြေထောက်များကို သူပြောသည့်အတိုင်း လုပ်လိုက်လေသည်။ သူတို့နှစ်ဦး၏ ခန္ဓာကိုယ်ချင်း ထိစပ်သွားသည့် ထိုအခိုက်အတန့်တွင် သူက ထလိုက်၏။


သူထလိုက်သည်နှင့် ရေစက်များက ရေချိုးဆောင်ကြမ်းပြင်ပေါ်သ်ို့ ကျသွားသော်လည်း ဘယ်သူကမှ စိတ်ထဲမထားပေ။ ဆေးလ်၏ခန္ဓာကိုယ်နှင့်ထိစပ်နေလျက် သူက သူ(မ)၏ခန္ဓာက်ိုယ်ကို အနှိပ်ခံသည့်ခုံပေါ် လှဲချလိုက်တော့သည်။


"အခု ပြန်လှည့်လို့မရတော့ဘူးနော်။"


ဆေးလ်၏ခြေထောက်များက လျော့ကျလာသည့်အတွက် သူက သူ(မ)ခြေထောက်များကို သူ၏ပခုံးပေါ်တင်ကာ သူ(မ)၏အတွင်းထဲသို့ နက်ရှိုင်းစွာထိုးသွင်းလိုက်ပြန်၏။


"ဟ! အရှင်မင်းကြီး..."


"ကိုယ်မင်းကို တစ်ညလုံးသင်ပေးပြီးပြီ။ ကိုယ့်နာမည်ကိုခေါ်။"


သူက ဆေးလ်၏ရင်သားထိပ်များကို လက်ဖြင့်ချေ၍ ကျီစယ်လိုက်၏။


"ဟာ့! ကိုင်...ကိုင်နာ!"


သူ(မ)ရဲ့အသိစိတ်တွေ ဘာဖြစ်သွားတာလဲ။ ဒီရေချိုးကန်ထဲက ရေပူငွေ့တွေကြောင့်ပဲလား။


ဆေးလ် ပါးစပ်ပိတ်လိုက်ချင်သော်လည်း သူ(မ)၏ဆန္ဒအလျောက်မဟုတ်ဘဲ ကိုင်နာ၏အမည်ကို ဆက်ခေါ်နေမိခြင်းပင်။


"ရပ်ပေးပါတော့ အရှင်မင်းကြီး။"


"မင်းကအရင် ကိုယ့်ကိုဝါးမျိုသွားတာမလား။ မင်းပဲ ခြေထောက်ကားထားပြီး တစ်ညလုံးစိုနေခဲ့တဲ့နေရာကို ကိုယ့်ကိုဖိတ်ခေါ်ခဲ့တာလေ။"


သူက ထိုသို့ပြောပြီး ခေါင်းငုံ့ကာ ဆေးလ်၏ ရင်သားထိပ်များက်ို ကိုက်လိုက်ပြန်သည်။ ညည်းသံများနှင့်အတူ ဆေးလ်၏မျက်ရည်များက ခုံပေါ်ကျသွားတော့၏။


"မင်းရဲ့ခန္ဓာက်ိုယ်က တစ်ခါမှ ယောက်ျားတစ်ယောက်နဲ့ မထိတွေ့ဖူးပေမဲ့ အရမ်းရမ္မက်ပြင်းတာပဲ။"


ဒါက သူ့ကို စိတ်ကျေနပ်စေသည်။ သူပို၍ သဘောကျသည့်အရာက သူ(မ)တစ်ချိန်လုံး သူ၏အရည်များဖြင့် စိုနေခြင်းပင်။ ထိုနေရာကို ဘယ်တော့မှ ခြောက်သွေ့မနေစေလိုသည့်စိတ်ဖြင့် ကိုင်နာ သူ(မ)ကိုယ်တွင်းသို့ ပို၍ပြင်းထန်စွာ ထိုးသွင်းနေမိ၏။


"အင့်! အာ့!"


"မင်းရဲ့အထဲမှာ ဘယ်လောက်ထိစိုနေလဲဆိုတာ မင်းရော ခံစားမိလား။"


ဒါက သူ(မ)၏ကိုယ်ပိုင်ခန္ဓာကိုယ်ပင်။


ထိုနေရာက သူ(မ)၏ ကိုယ်ပိုင်အရည်များဖြင့်ပြည့်နေသည့်နေရာဖြစ်၏။ ဤသီးသန့်နေရာသို့ အနီးကပ်သွားလိုက်လျှင် ထိုသန်မာသည့်လူသား၏ မျိုးစေ့များရနံ့ကို ရနိုင်လောက်သည်။


သူ(မ)တွင် ဆက်၍အသံထွက်နေနိုင်ရန် အင်အားမရှိတော့သည့်အတွက် ဆေးလ် အသက်ကိုသာ ပြင်းပြင်းရှူနေနိုင်တော့သည်။ သူ(မ)က အသိစိတ်ထက်ဝက်လောက် လွတ်နေပြီကိုမြင်လိုက်ရသည့်အတွက် ကိုင်နာ စုတ်သပ်လိုက်ကာ သူ(မ)၏ကိုယ်အတွင်းသို့ သူ့ကိုယ်သူ နှိမ့်ချလိုက်တော့၏။ ပူနွေးသည့်အရည်များက သူ(မ)၏ဝမ်းဗိုက်အတွင်းပိုင်းတွင် ပြည့်သွားသည့်အတွက် ဆေးလ်၏ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ခါသွားလေသည်။ 


"အဲ့ဒီတင်းကျပ်နေပြီး ကိုယ့်ကိုအလွတ်မပေးတဲ့အရာနဲ့ ကိုယ်ဘာဆက်လုပ်ရတော့မှာလဲ။"


ကိုင်နာက ထိုပြဿနာကို ပြောပြနေသည်ကိုကြားရသော်လည်း ဘယ်လိုဖြေရှင်းပေးရမည်ကိုတော့ သူ(မ)မသ်ိခဲ့။ သူ(မ)၏ အတွင်းပိုင်းက သူ့ကိုဆွဲထားသည်ကိုရပ်တန့်ရန် ဘယ်လိုလုပ်ရမည်က်ို သူ(မ)မသိပေ။ ဆေးလ် အကူအညီမဲ့စွာ ခေါင်းခါနေရင်း သူ(မ)၏အသိတရားများက နောက်ထပ်တစ်ကြိမ် ပျောက်ကွယ်သွားပြန်လေပြီ။


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment