no

Font
Theme

ကောင်းကင်ထက်တွင် ယခင်ထက်ပို၍ လရောင်ထွန်းလင်းနေသော ညတစ်ညဖြစ်၏။ ကိုင်နာက သူ(မ)ထံမှ တစ်လက်မမှမခွာနိုင်သည့်အတိုင်း သူ(မ)ကို တင်းတင်းဖက်ထားပြီး သူ(မ)၏မျက်နှာကိုငုံ့ကြည့်ကာ ဖြည်းဖြည်းချင်းအသက်ရှူလိုက်သည်။ သူ(မ)၏ ခံနိုင်ရည်နှင့်ဆိုလျှင် သူ(မ)၏ကိုယ်ခန္ဓာက သူတို့၏ မွန်းတည့်ချိန်ကျော်သည်အထိ ကြာခဲ့သည့် ချစ်တင်းနှောခြင်းကို မခံနိုင်သည်က နားလည်၍ရသည်။ ယခု သူ(မ)က မျက်လုံးပင်မဖွင့်နိုင်တော့။


"အ.."


တုန်ရီနေသော မျက်ခွံများက မကြာမီမှာပဲ ဖြည်းဖြည်းချင်းပွင့်လာခဲ့၏။


"ကျွန်မက အရမ်းအားနည်းလို့ပါ။"


သူ(မ)က သူတွေ့ကြုံဖူးသော အခြားအမျိုးသမီးများနှင့် လုံးဝကွဲပြားသည်။


"မင်းအခုနိုးနေပေမဲ့ ညမဟုတ်ဘဲ မနက် ပြန်အိပ်ပျော်သွားနိုင်တယ်။ မင်း နေရောင်နဲ့မထိတွေ့ရဘူးဆိုရင် ပိုပြီးဖြူဖျော့လာလိမ့်မယ်။"


သူက သူ(မ)၏နို့နှစ်ရောင်ကဲ့သို့ ဖြူဖွေးနေသော အသားအရေကိုသဘောကျသော်လည်း သူ(မ)၏အသားအရေ အရောင်အဆင်းရှိလာရန်ကိုလည်း မျှော်လင့်မိသေးသည်။


"ကျွန်မရဲ့အသားအရေက အရင်ထဲကဒီလိုပါပဲ ဆူတန်။"


"ဟင်..."


"ကျွန်မရဲ့အသားအရေက နေရောင်ခြည်ကြောင့် ဘာသက်ရောက်မှုမှသိပ်မရှိဘူးလို့ အမေပြောဖူးတယ်။"


သူ(မ)က မိခင်ဖြစ်သူကို ဝိုးတဝါးမှတ်မိနေသေး၏။ ဆယ်နှစ်ကြာသည့်တိုင် သူ(မ)၏မိခင် ငို၍ သူ(မ)ကို နှုတ်ဆက်စကားပြောနေသည့်မြင်ကွင်းက ထင်ရှားနေသေးသည်။ အခြားသောမှတ်ဉာဏ်များက ဝိုးတဝါးဖြစ်နေသော်လည်း သူ(မ)ငိုနေသည့်မြင်ကွင်းကတော့ ဆေးလ်၏စိတ်ထဲ ယခုထိထင်ရှားလျက်။


သူ(မ)အမေကသာ သူ(မ)ကိုချစ်သည့် တစ်ဦးတည်းသောသူဖြစ်၏။


"မင်းအမေနဲ့တွေ့ချင်လား။"


"မဟုတ်ပါဘူး။ ကျွန်မ ငယ်ငယ်တည်းက အမေနဲ့ကွဲသွားတာမို့လို့...သိပ်မမှတ်မိတော့ပါဘူး။"


ဆေးလ်က အလျင်အမြန်ခေါင်းခါလိုက်သော်လည်း ကိုင်နာကတော့ သူ(မ)လိမ်ပြောနေသည်က်ို သိသဖြင့်ပြုံးလိုက်မိ၏။


"မင်း မလိမ်သင့်ဘူးနော်။ မင်းရဲ့ပါးနှစ်ဖက်လုံး နီရဲနေတာပဲ။"


လရောင်အောက်မှ နီရဲနေသည့် သူ(မ)၏ပါးများကို မြင်လိုက်ရတော့ သူအားရစွာပြုံးမိ၏။ ဒါက ဒီလိုအမူအရာမျိုးဖြင့် မိန်းကလေးမျိုးကို သူပထမဆုံးမြင်ဖူးခြင်းပင်။


ကိုင်နာနှင့် အကြည့်ချင်းမဆုံရဲသည့်ဆေးလ်က သူ(မ)၏လက်ချောင်းများကိုသာကြည့်နေလိုက်ပြီးနောက် သူအရယ်မရပ်သည့်အတွက် မျက်နှာကို ခေါင်းအုံးနှင့်အပ်ထားလိုက်တော့သည်။


"ကိုယ့်ဇနီးလေးက မလိမ်တတ်ဘူးပဲ။ မင်း ကိုယ့်ကိုသစ္စာဖောက်မယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။"


သူသိသော အမျိုးသမီးတိုင်း လိမ်ညာတတ်၏။ သူတို့က ပုံစံအမှန်ကိုဖုံးကွယ်ပြီး သူ့အနားကပ်လာခြင်းပင်။ အဓိက ဥပမာကတော့ သူ့ဘဝအတွက် ခြိမ်းခြောက်မှုပေးခဲ့သော အီရန်ရှားဖြစ်၏။ ထိုအချိန်က သွေးသားရင်းဆိုသည့်အရာက အဓိပ္ပါယ်မရှိသည်ကိုလည်း သူနားလည်ခဲ့ရသည်။ တစ်သွေးတစ်သားတည်းဖြစ်သော အစ်မအရင်းကတောင် ဤသို့ဆိုလျှင် အခြားသူများ၏အတွေးက ဘယ်လောက်တောင် ကြောက်စရာကောင်းနေမလဲ။


သူနှင့်ဆက်ဆံရေးရှိခဲ့ဖူးသည့် အမျိုးသမီးများက တစ်ခါတစ်ရံ လုပ်ကြံသူများဖြစ်နေတတ်၏။ သူက အိမ်ရှေ့စံနေရာအတွက် သင့်တော်သူတစ်ဦးဆိုသည့်သတင်းကြောင့် သူတို့၏ခန္ဓာကိုယ်များကိုပေးလိုသည့် အမျိုးသမီးများ မရေမတွက်နိုင်အောင်ရှိသည်။


ထို့နောက် ကိုင်နာက ဆေးလ်၏ပါးပြင်များကို လက်ဖြင့်နူးညံစွာပွတ်၍ ပြောလိုက်၏။


"ဒါဆို မင်းဘာလိုချင်လဲ။"


သူက ဆေးလ်အတွက် အရာအားလုံးကို အဆုံးရှုံးခံနိုင်သဖြင့် သူ(မ) သူနှင့်အဝေးကို ထွက်သွားလိုသည်ဆိုသောစကားမှလွဲ၍ အားလုံးကိုနားထောင်လိုသည်။


ဆေးလ်က ပြန်မဖြေဘဲ မကြားသလိုလုပ်နေ၏။ သူ(မ)အတွက် အချ်ိန်လိုမည်ကိုသိသော ကိုင်နာကတော့ စိတ်ရှည်ရှည်နှင့်စောင့်နေခဲ့သည်။


"...ကျွန်မ...ကျွန်မ လိုချင်တာက..."


သူ(မ)လိုချင်သည်က လွတ်လပ်ခွင့်ပင်။ သူ(မ) အဝေးသို့ပျံသန်းသွားလိုသည်။ သဲကန္တာရအပြင်ဘက် လောကကြီးသို့ ခြေဆန့်ချင်ပြီး ဓားပြများနှင့်လည်း ရဲရင့်စွာတိုက်ခိုက်လို၏။ ကမ္ဘာကြီး၏အဆုံးကိုလွှမ်းခြုံထားသည့် ပင်လယ်ဆိုသည့် စာအုပ်ထဲတွင်သာဖတ်ဖူးသည့်နေရာကိုလည်း ရောက်ဖူးချင်သည်။


"သေချာတွေးကြည့်လိုက်လေ။"


ကိုင်နာက တစ်ဘဝလုံးစောင့်ပေးနိုင်သည့်ပုံစံဖြင့် သူ(မ)၏ပါးကို နမ်းလိုက်၏။ သူ(မ)အလိုချင်ဆုံးအရာက သူမပေးနိုင်သည့်အရာဆိုသည်ကိုတော့ သူ(မ)သိနေလေသည်။


"ကျွန်မ စာကြည့်တိုက် သွားလို့ရမလား။"


လိုချင်တဲ့အရာကို တောင်းဆိုဖို့အခွင့်အရေးပေးနေတာတောင် စာကြည့်တိုက်သွားဖို့ကိုပဲ တွေးမိတာလား။ ဒီအမျိုးသမီး၏ ရိုးအမှုက ကိုင်နာကိုအံ့သြသွားစေ၏။ သူ(မ)က လက်ဝတ်ရတနာ၊ ပိုးထည်များနှင့် တန်ဖိုးကြီးပစ္စည်းများကို မလိုလားခဲ့။ ဆေးလ်အတွက်တော့ ထိုအရာများက ယခင်တည်းက မရှိခဲ့သလ်ိုပင်။ ဘယ်လိုတောင် ထူးဆန်းလိုက်တဲ့အမျိုးသမီိးလဲ။


"ရတာပေါ့။ မင်း ထွက်မသွားသရွေ့ ဒီနန်းတော်တစ်ခုလုံး စိတ်ကြိုက်သွားလာလို့ရတယ်။"


"အရှင် တကယ်ပြောတာလား။"


ဆေးလ်က မယုံနိုင်သည့်အကြည့်ဖြင့်ကြည့်လိုက်၏။ သူ(မ)က သူ့ကိုမယုံကြည်သည့်အကြည့်ဖြင့် ကြည့်နေသည့်တိုင် ကိုင်နာက ခေါင်းညိတ်ပြနေလိုက်ပြီး မကြာခင်မှာပဲ သူ(မ)၏မျက်နှာတွင် အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။


ကိုင်နာ အသက်ရှူရန်ပင် မေ့နေခဲ့လေသည်။ မျက်လုံးလေးများမှေးသွားသည်အထိ ပျော်ရွှင်မှုကိုပြသည့်ပုံစံဖြင့် သူ(မ)၏အပြုံးကို မြင်လိုက်ရချိန်တွင် သူ၏လည်ချောင်းထဲ၌ တစ်ခုခုစို့နင့်သွားသလိုပင်။


"ဒါဆို...မင်း သဘောကျရဲ့လား။"


ပြန်ဖြေရမည့်အစား ဆေးလ်က အဆက်မပြတ် ခေါင်းညိတ်လိုက်လေသည်။ သူ(မ) စာအုပ်အကြောင်း ပြောနေစဉ်ကလည်း ဤသို့မဟုတ်ပေ။ တစ်ယောက်ယောက်က သူ(မ)ကိုမြင်လျှင် ယဉ်ကျေးမှုမရှိသည့်အတွက် အော်ဟစ်နိုင်သော်လည်း ကိုင်နာကတော့ သူ(မ)ကို ဆူပူအပြစ်တင်လိုစိတ် လုံးဝမရှိချေ။


"ဘာလို့လဲ။"


သူ တကယ်ကို သိချင်မိသည်။ ဒီမိန်းကလေးပြောသည့် စကားတစ်ခွန်းချင်းက သူ့အတွက်တော့ ကမ္ဘာတစ်ခုလိုပင်။


"အဲ့ဒါက..."


ကိုင်နာ၏မေးခွန်းကြောင့် ဆေးလ်ခဏလောက် စဉ်းစားလိုက်သည်။


"ကျွန်မရဲ့ကမ္ဘာကြီးက..."


သူ(မ)က လက်နှစ်ဖက်ဖြင့် လက်ဖဝါးအရွယ်လောက်ရှိသည့်စက်ဝိုင်းပုံဆွဲပြလိုက်ပြီး လက်ကိုပြန်ဆန့်ကာ စက်ဝိုင်းအကြီးကြီးဆွဲပြလိုက်ပြန်သည်။


"ဒီလောက်ထိ ကြီးလာပြီ။"


ဒါက အဖြေမှန်ဟုတ်ရဲ့လား။ ဆေးလ်က ဝမ်းသာသည့်အမူအရာဖြင့် ကိုင်နာက်ိုကြည့်နေလိုက်သည်။ သူ(မ) တကယ်ကို ပျော်ရ၏။ နန်းတော်က သူ(မ)လည်ပတ်ရန် အလွန်ကျယ်လွန်းသည်ဆိုသော်လည်း မောင်းမဆောင်မှအမျိုးသမီးများ သွားခွင့်ရသည့်နေရာ အနည်းငယ်သာရှိသည်။ အခြားသော သူ(မ)ကိုအနိုင်ကျင့်လိုသည့် အမျိုးသမီးများကြောင့် သူ(မ)က အနောက်ဘက်ဥယျာဉ်သို့ နေသာသည့်နေ့များတွင် တစ်ခါမှသွားမလည်ခဲ့ဖူးပေ။


"ကိုယ် မင်းကို အပြင်ခေါ်သွားပေးရမလား။"


ရုတ်တရက်ဆိုသလို ကိုင်နာက ဆေးလ်၏စိတ်ထဲ ပထမဆုံးပေါ်လာသည့်မေးခွန်းကို ထုတ်မေးလာ၏။


"ရှင်?"


"ဒီလိုဆိုရင် မင်းလည်း ကိုယ့်ကိုအများကြီး သဘောကျသွားမယ်မလား။"


"အပြင်...အပြင်ဘက်.."


သူဆိုလိုသည့်သဘောကို တွေးနေရင်းနှင့် ဆေးလ်တစ်ယောက် ထအော်လိုက်တော့သည်။


"အရှင် ကျွန်မကို အပြင်ခေါ်သွားပေးမှာလား!"


ဆေးလ်က ထထိုင်လိုက်ပြီး သူ(မ)၏လက်များဖြင့် သူ၏ရင်ဘတ်ကို အဆက်မပြတ်သွားထိနေမိသည်။ သူ(မ)၏အသံက အလွန်ကျယ်လောင်သောကြောင့် အပြင်ဘက်ရှိ လုံခြုံရေးခေါင်းဆောင်ကလည်း 'အရှင်မင်းကြီး'ဟုခေါ်ကာ အခန်းတွင်းသို့ ဝင်လာတော့မလိုဖြစ်သွား၏။ သူ(မ)၏အမူအရာက အလွန်စိတ်ဝင်စားဖွယ်ကောင်းသည့်အတွက် ကိုင်နာက အစေခံများကိုပင် သတိမထားမိခဲ့တော့ပေ။


"ခေါ်သွားပေးမှာပေါ့။"


"ဘယ်တော့လဲဟင်။"


နောက်ထပ်တစ်ကြိမ် သူ(မ)၏ပါးပြင်များ နီရဲသွားပြန်လေပြီ။ ကိုင်နာက သူ(မ)၏ စိတ်အားထက်သန်မှုကြောင့် ပြုံးမိခဲ့ရပြီး သူ(မ)၏စိတ်လှုပ်ရှားမှုကို ဖော်ပြသည့်အတွက်လည်း ဝမ်းသာနေမိသည်။


"မကြာခင်ပေါ့။ အခုတော့ ကိုယ့်မှာ ဖြေရှင်းစရာလေးတွေ ရှိသေးတယ်လေ။"


သူက တကယ်ကိုအလုပ်ရှုပ်နေသည့်အတွက် သူ(မ)ကိုဂရုစိုက်ရန်ပင် အချိန်မရှိပေ။ သူ့တွင် ဆေးလ်နှင့်အတူဖြတ်သန်းရမည့်အချိန်ဟူ၍ တကယ်ကို လုံလုံလောက်လောက် ရှိမနေခဲ့။ ပျောက်နေသည့် ယခင်မင်းကြီးကို ရှာရန်နှင့် နန်းတက်ပွဲလုပ်ရန်တို့ကဲ့သ်ို့ လုပ်စရာကိစ္စများရှိသေးသည်။ ယခင်မင်းကြီး၏ လူများအားလုံးကိုရှင်းထုတ်ပြီး သူ၏လူများကိုနေရာချကာ စည်းမျဉ်းစည်းကမ်း အသစ်များချမှတ်ရမည်မှာလည်း သူ၏တာဝန်ပင်။


အမှန်တရားက နားလည်ရခက်သော်လည်း ဘုရင်တစ်ယောက်ဖြစ်ရသည်က သူတွေးထားသည်ထက်ပိုပြီး ပျင်းစရာကောင်းသည့်အလုပ်တစ်ခုဖြစ်သည်။ ပြီးတော့ သူ၏တစ်ဦးတည်းသော နှစ်သိမ့်ရာဖြစ်သည့် ဆေးလ်ကလည်း သူနှင့်အတူနေပြီးတိုင်း နေ့ထက်ဝက်လောက် မျက်လုံးမဖွင့်နိုင်တော့ပေ။


"မင်း အဲ့လောက်တောင်ပျော်တာလား။"


လူတွေ စုဝေးနေတဲ့နေရာ။ ဒီနေရာမှာလို အမည်မသိသူတွေ၊ မျက်နှာဖုံးစွပ်ထားသူတွေမဟုတ်ဘဲ လူအစစ်များရှိနေသည့်နေရာ။ ထိုအတွေးဖြင့် ဆေးလ် ခေါင်းညိတ်လိုက်မိပြန်သည်။


"မင်းက တကယ်ကို စိတ်ထဲရှိတဲ့အရာအားလုံး မျက်နှာမှာပေါ်လွင်နေတယ်နော်။"


"အာ..."


ဒီတစ်ခါမှာတော့ ဆေးလ်က နှာခေါင်းထိပ်များနီရဲသွားလောက်အောင် ရှက်သွားသဖြင့် ခေါင်းငုံ့ထားလိုက်တော့သည်။ သူ(မ) ခေါင်းငုံ့လိုက်ရာ သူ(မ)၏ ရှည်လျားသည့်ဆံနွယ်များက သူ၏ရင်ဘတ်ပေါ်ကျနေပြီး လက်များက ရင်ဘတ်ပေါ်ရှိနေသေးသည်ကိုလည်း သတိထားမိပုံမပေါ်ခဲ့။ ကိုင်နာက သူ(မ)၏လက်ကောက်ဝတ်များမှဆွဲပြီး သူ(မ)၏လက်များကို သူ၏လည်ပင်းတွင် ရစ်ပတ်လိုက်၏။


ဆေးလ်၏မျက်လုံးများက ဖြည်းဖြည်းချင်းပွင့်လာပြီးနောက် ကိုင်နာကို မြင်လိုက်ရ၏။ ထိုအခါမှ သူ(မ)ရော ကိုင်နာပါ ဝတ်လစ်စားလစ်ဖြစ်နေသည်ကို သူ(မ)သတိထားမိသွားတော့သည်။ တစ်ညလုံး သူ၏ကြမ်းတမ်းစွာ ဆက်ဆံခြင်းခံထားရသဖြင့် အထိမခံဖြစ်နေသော သူ(မ)၏ရင်သားထိပ်များကလည်း ကိုင်နာ၏ကိုယ်ဖြင့် ပွတ်သပ်မိနေ၏။


"မင်း ဘာလို့ ဒီလောက်ထိ ခုခံနိုင်စွမ်းမရှိရတာလဲ။"


ပြီးတော့ ဘာလို့ အမူအရာတွေကိုလည်း သိသိသာသာဖော်ပြရတာလဲ!


ကိုင်နာ ထပ်၍ရယ်ချင်လာသည့်စိတ်ကို ထိန်းထားရသည်။ သူက ဆေးလ်နှင့်စကားပြောနေချိန်တွင် ဝစ်လစ်စားလစ်ဖြစ်နေသဖြင့် သူ(မ)က တစ်နေရာရာတွင် ပုန်းနေလိုသည့်အမူအရာမျိုးဖြစ်နေသည့်အတွက် သူရယ်ချင်လာခြင်းဖြစ်၏။ သူအရမ်းရယ်နေလျှင် သူ(မ)စိတ်အားငယ်သွားမည်ကိုသိသဖြင့် ကိုင်နာ တိတ်တဆိတ်ပဲ သူ(မ)၏ကျောကို ပုတ်လိုက်လေသည်။


"ကိုယ် ထပ်ပြောပြမယ်၊ ဟန်မန်မှာတုန်းက ကိုယ်မင်းကိုအဲ့လိုလုပ်ဖို့ တကယ်မရည်ရွယ်ခဲ့ဘူး။"


သူ၏စိတ်ထဲတွင် သူ(မ)ကို ထပ်မစသင့်တော့ဟု တွေးမိနေသော်လည်း တစ်ဖက်မှာတော့ ပို၍စနောက်လိုသည့်စိတ်ကလည်း ရှိနေသေးသည်။


"ဟန်မန်..."


ရေချိုးဆောင်ထဲတွင် ဖြစ်ခဲ့သည့်အရာများကို ပြန်မှတ်မိသွားပြီး ဆေးလ် ရုတ်တရက် ကိုင်နာ၏လည်ပင်းကို ဖက်လိုက်မိ၏။ သူ(မ)က သူ၏ပခုံးပေါ်မျက်နှာအပ်ပြီး သက်ပြင်းချလိုက်လေသည်။ သူ(မ)၏အသက်ရှူသံက ကိုင်နာ၏ ခန္ဓာကိုယ်အောက်ပိုင်းကို အားအင်များပေးနေ၏။


"မင်း ကိုယ့်တစ်ကိုယ်လုံးကို မြင်ပြီးပြီမလား။"


အခြွေအရံများအားလုံးက ခေါင်းငုံ့ထားကြသော်လည်း သူတို့လုပ်ခဲ့သည့်အရာကို မသိသည်တော့မဟုတ်။ အနာဂတ်တွင် အီနင်းနှင့်ဘယ်လိုမျက်နှာချင်းဆိုင်ရတော့မည်ကိုတွေးရင်း ဆေးလ် သက်ပြင်းချလိုက်မိသည်။


"မျက်စိတွေပိတ်ပြီး မမြင်သလိုနေရတာ၊ နားတွေပိတ်ပြီး မကြားသလိုနေရတာက သူတို့ရဲ့အလုပ်ပဲလေ။"


"ဒါပေမဲ့..."


"ကိုယ်က ဆက်ပြီးတော့လည်း အချိန်မရွေး၊ နေရာမရွေး ဒီလိုလုပ်ဦးမှာမို့လို့ အမြဲတမ်း မင်းဒီလိုတုံ့ပြန်နေရင် မင်းပဲစိတ်ညစ်ရလိမ့်မယ်။"


ဆေးလ်၏လည်တိုင်များက နီရဲလာပြီး သူ(မ)က သူ့ကိုဖက်ထားကာ ပခုံးပေါ်မျက်နှာအပ်ထားလိုက်သည်။ ကိုင်နာကလည်း သူ(မ)၏ကိုယ်လေးကို ပြန်ဖက်ထားလိုက်၏။ သူသာ အားအနည်းငယ် ထပ်သုံးလိုက်လျှင် သူ(မ)၏ကိုယ်ခန္ဓာ ကျိုးကြေသွားမည်စိုး၍ တင်းတင်းတော့ ဖက်မထားခဲ့။


~~~


"ကျွန်မတို့ အတူသွားရမှာလား။"


"ဟုတ်ပါတယ်။ ကျွန်မတို့က အရှင်မကိုခစားမဲ့ အခြွေအရံတွေပါ။"


အီနင်း၏ အဖြေကြောင့် ဆေးလ် မျက်လွှာချလိုက်မိသည်။


သူ(မ)နိုးလာချိန်တွင် ကိုင်နာမရှိတော့ပေ။ သူ(မ)က နေ့လယ်ခင်းမှနိုးလာပြီး အစားအသောက်စားကာ မောင်းမဆောင်အပြင်သို့ထွက်လိုက်သော်လည်း ဘယ်သူကမှ သူ(မ)ကို မတားတော့ပေ။ အခြွေအရံများက သူ(မ)နောက် ဆက်၍လိုက်နေကြသော်လည်း မနေ့ညက ကိုင်နာပြောသွားသည်မှာ အမှန်တရားဆိုတာကိုတော့ သူ(မ)သိသည်။


ဆေးလ်က လမ်းလျှောက်ရာမှရပ်လိုက်သည်။


"ဒါပေမဲ့ ဒီလိုဆ်ိုရင် လူတွေသတိထားမိသွားမှာပေါ့။"


"ဒါကြောင့်ပဲ ကျွန်မတို့က အရှင်မနောက်ကို လိုက်နေတာလေ။ ဒါမှ နန်းတော်ထဲကလူတိုင်းက အရှင်မဘယ်သူဆိုတာကိုသိမှာပါ။"


ဆေးလ်က နန်းတော်ထဲတွင် နာမည်ကျော်နေပြီးသားဖြစ်၏။ သူ(မ)က မောင်းမဆောင်ရှိ တစ်ဦးတည်းသောအမျိုးသမီးဖြစ်ပြီး ဆူတန်က အလုပ်ရှုပ်သည့်ကြားမှ နေ့ထက်ဝက်လောက်ကို သူ(မ)နှင့်အတူ အချ်ိန်ကုန်ဆုံးပေးခြင်းခံရသူလည်းဖြစ်သည်။ မောင်းမဆောင်မှ လူအများစုနှင့် နန်းတော်တွင်းမှ လူအများက သူ(မ)ကို မမြင်ဖူးသည့်အတွက် သူ(မ)၏အခြေအနေနှင့် ဆူတန်၏အာရုံစိုက်ခြင်းကို ခံရသည့်အမျိုးသမီးက ဘယ်လိုလူဆိုသည်ကို သိချင်နေကြသည်။


ဆေးလ်က အခက်ကြုံရသလိုအကြည့်ဖြင့် နေရာတွင်ရပ်နေကာ သူ(မ)၏အနောက်မှအခြွေအရံများကိုကြည့်နေသည့်အချ်ိန်တွင် အီနင်းက ရှေ့တိုးလာပြီး ညှိနှ်ိုင်းပြောဆိုလိုက်၏။


"ကျွန်မ အရှင်မကို လမ်းပြခေါ်သွားနေတုန်း နောက်ထပ် အခြွေအရံတစ်ယောက်လောက်ပဲ ခေါ်သွားခွင့်ပေးပါ။"


ဒီစကားကြောင့် ဆေးလ် အနေရခက်စွာပြုံးလိုက်မိသည်။ သူ(မ) စိတ်ဝင်တစားလျှောက်သည့်ခြေလှမ်းတိုင်းကို နောက်မှအခြားသူများလိုက်နေခြင်းအား သူ(မ)လုံးဝသဘောမကျပေ။ သူ(မ)က ဆူတန်၏ကိုယ်လုပ်တော်တစ်ယောက် ဖြစ်သည့်တိုင် သူ(မ)ကိုခစားသည့် အခြွေအရံဟူ၍လည်း မရှိခဲ့ဖူးပေ။


"ကောင်းပါပြီ။"


"အရှင်မ အရမ်းရိုရိုသေသေပြောနေစရာမလိုပါဘူး။"


သို့သော်လည်း သူ(မ)ထက်အများကြီးအသက်ကြီးသည့် အီနင်းကို သူ(မ) မရိုမသေမပြောနိုင်ပေ။ ပြီးတော့ သူ(မ)က ဆူတန်၏အထိန်းတော်လည်းဖြစ်နေသေးသည်။


"ကျွန်မ နားလည်ပါပြီ။"


ဆေးလ်က ထပ်ပြီးယဉ်ကျေးစွာပြောနေပြန်သည့်အတွက် အီနင်းက ဘာမှမလုပ်နိုင်တော့သဖြင့် ပြောလိုက်၏။


"အရှင်မ ဖြည်းဖြည်းချင်း နေသားကျသွားမှာပါ။"


ဆေးလ်မသိသေးသည့်အရာများ အများကြီးရှ်ိသဖြင့် သင်ကြားပေးရန် ကိုင်နာကပြောထားသော်လည်း သူ(မ)က ဆေးလ်ကို အရာအားလုံးတော့ ပြောပြ၍မရပေ။ အီနင်းက ဆေးလ်ကို သူ(မ)၏နေနေကျပုံစံအတိုင်းနေခွင့်ပေးပြီး ဘယ်သွားသည်၊ ဘယ်သူနှင့်တွေ့သည်ကိုသာ တင်ပြရမည့်သူဖြစ်၍ သူ(မ)အား အမိန့်ပေးခိုင်းစေချက်များလုပ်ရန် တာဝန်ရထားသူတော့မဟုတ်ခဲ့။ အီနင်းက လေးလေးစားစားဆက်ဆံခံရရန် မလိုလားသော်လည်း ခဏလောက်တွေးကြည့်ပြီးနောက်မှာတော့ ပါးစပ်ပိတ်ထားလိုက်တော့သည်။


သူ(မ)၏သားအရင်းကဲ့သို့ သဘောထားဆက်‌ဆံခဲ့သည့် ဆူတန်က တစ်ခါမှ အမျိုးသမီးတစ်ယောက်ကို နှလုံးသားထဲထား၍ မချစ်ဖူးခဲ့သော်လည်း ယခုတော့ ဆေးလ်က ဆူတန်၏အမျိိုးသမီးဖြစ်နေလေပြီ။


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment