no

Font
Theme

[သူက ကျွန်တော်လိုချင်တဲ့ တစ်ဦးတည်းသောသူပဲ အီနင်း။]


ဆေးလ် မူးလဲသွားသည့်အချိန်က ကိုင်နာ ဤသို့ပြောခဲ့၏။ သူ(မ)၏သွင်ပြင်ကလည်း ဖော်မပြနိုင်လောက်အောင် သ်ိမ်မွေ့ပြီး တည်ငြိမ်သည့်ပုံစံပေါ်သည်။ ဒါကြောင့်ပဲ အီနင်းက ဆေးလ်ကို သဘောကျ၏။


[သူ(မ)က စိတ်ထားဖြူစင်တဲ့ ကလေးတစ်ယောက်။ ဒါကြောင့် သူ(မ)ရဲ့အတွေးတွေကိုလည်း လူတိုင်းမြင်နိုင်တာပေါ့။]


ဆူတန်က ထိုသို့ပြောပြီး ပြုံးနေခဲ့သည်။ ထိုအပြုံးက မြင်နေကျဖြစ်သည့် စိတ်မပါသည့်နိုင်ငံရေးအပြုံးများကြားမှ ကိုင်နာ၏အပြုံးအစစ်ကို ပထမဆုံးအကြိမ်အဖြစ် အီနင်းမြင်ဖူးခဲ့ခြင်းပင်။ သူ၏ စိတ်ခံစားချက်အမှန်ကို ထုတ်ပြသည်ကို မြင်ခဲ့ရသဖြင့် သူ(မ) စိတ်အေးခဲ့ရသေးသည်။ ကိုင်နာပြောသည့်အတိုင်း ဆေးလ်က နားလည်ရလွယ်သူဖြစ်သည်။ သူ(မ)အခက်ကြုံနေချိန်၊ တစ်ခုခုကိုစိတ်ပူနေချ်ိန်နှင့် အတွေးလွန်နေချိန်များတွင် သူ(မ)၏မျက်နှာ၌ အားလုံးပေါ်လွင်နေ၏။


ဆေးလ်က ရှေ့ဆက်လျှောက်သွားနေရင်း နေရာအားလုံးကို လှည့်ပတ်ကြည့်နေခဲ့သည်။


"အဲ့ဒီနေရာက ဘာလဲ။"


"အဲ့ဒါက မိဖုရားကြီးနေရတဲ့ အလ်ခမာ နန်းဆောင်ပါ။"


အဖြူရောင်စကျင်ကျောက်များဖြင့် ဆောက်လုပ်ထားပြီး နေရောင်အောက်တွင် တောက်ပနေသည့် နန်းဆောင်တစ်ခု။ ဆူတန်၏ နန်းဆောင်နှင့် မျက်နှာချင်းဆိုင်တွင် မောင်းမဆောင်ထဲမှသူများအနက် ကိုယ်ပိုင်နန်းဆောင်ရသည့် တစ်ဦးတည်းသောသူဖြစ်သည့် မိဖုရားကြီး၏နန်းဆောင်ရှိသည်။


"အခုတော့ နေရာအလွတ်ပါပဲ။"


သို့သော်လည်း သူ(မ)အရှေ့မှအမျိုးသမီးက မကြာမီမှာ ထိုနေရာ၏ပိုင်ရှင်ဖြစ်လာမည်ဟုတော့ အီနင်း သေချာသ်ိသည်။


"အထဲ ဝင်ကြည့်ဦးမလား။"


မိဖုရားကြီးနန်းဆောင်ကို စောစောကြိုဝင်ကြည့်ထားသည်ကလည်း မဆိုးဟု အီနင်းတွေးမိသည်။


ပုံမှန်ဆိုလျှင် ထိုနေရာက မိဖုရားကြီးမှလွဲ၍ အခြားသူများဝင်မရသည့်နေရာဖြစ်၏။ သို့သော်လည်း ဆေးလ်ကတော့ ထူးခြားသူဖြစ်သည်။ နန်းတော်တစ်ခုလုံးတွင် သူ(မ)ဝင်၍မရသော နေရာဟူ၍မရှိ။


"မဝင်တော့ပါဘူး။"


ထိုနေရာက အလွန်တောက်ပနေသဖြင့် တံခါးပိတ်ထားသည့်တိုင် ဆေးလ်အတွက် ဝင်ကြည့်လိုစိတ်များ ပေါ်လာစေသည်။ သို့သော်လည်း ထိုနေရာတွင် သူ(မ)က အမည်းစက်တစ်ခုသာသာဆိုသည်ကို ဆေးလ်သိသည်။ သူ(မ) ဘယ်တော့မှ မရောက်နိုင်မည့်နေရာဖြစ်သည့် မိဖုရားကြီးနန်းဆောင်မှ သူ(မ) လှည့်ထွက်လာခဲ့တော့သည်။


ဆေးလ် ဦးတည်ရာမဲ့စွာဖြင့် နန်းတော်တစ်ခုလုံး လျှောက်သွားနေခဲ့သည်။ နေရာတစ်ခုသ်ို့ရောက်တိုင်း အီနင်းက ရှင်းပြကာ အထဲဝင်ကြည့်ချင်လားမေးသော်လည်း ဆေးလ်က ခေါင်းသာခါနေခဲ့လေ၏။


အစတည်းက ဒီလိုလျှောက်လည်ရခြင်း၏ရည်ရွယ်ချက်မှာ ဘာအဓိပ္ပါယ်မှမပါဘဲ လွတ်လွတ်လပ်လပ် လျှောက်သွားလိုခြင်းသာ။ သူ(မ) သေချာပေါက် မြောက်များစွာသော နေရာများ၊ အခန်းများကို ဝင်ကြည့်ချင်သော်လည်း သူ(မ)၏လောဘစိတ်ကို ထိန်းထားရ၏။ ကိုင်နာက သူ(မ)ကို ကြိုက်သည့်နေရာတိုင်း သွား၍ရသည်ဟု ပြောခဲ့သည့်တိုင် ဆေးလ်၏အကျင့်အရ သူ(မ)အနေနှင့် အခန်းတံခါးများကို မဖွင့်ရဲပေ။ သူ(မ)၏အနေအထားဖြင့် ပြဿနာများကြုံလာရမည်ကို ကြောက်နေမိသည်။


ကြမ်းပြင်ကို ကြည့်နေချိန်မှာပဲ ရဲမက်နှစ်ယောက်က သူ(မ)၏လမ်းကို ပိတ်လိုက်လေ၏။


"အရှင်မက ဘယ်သူလဲဆိုတာ မင်းတို့သိရဲ့လား!"


အီနင်းက အလိုမကျစွာဖြင့် သူတို့ကိုအော်လိုက်၏။


"အာ... ဒါက ဘယ်နေရာလဲ။"


"ဒါက ဆူတန်ရဲ့ မှူးမတ်တွေ အုပ်ချုပ်ရေးကိစ္စတိုင်ပင်ဆွေးနွေးကြတဲ့နေရာပါ။"


အမျိုးသမီးများက ထိုနေရာသို့ဝင်ခွင့်မရှိပေ။ ဆေးလ်သာမက အခြားအခြွေအရံအမျိုးသမီးများလည်း ဝင်၍မရသောနေရာဖြစ်သည်။ ဆူတန်၏အစေခံများ၊ မှုးမတ်များနှင့် တော်ဝင်မျိုးနွယ်များကသာ နိုင်ငံရေးကိစ္စများအတွက် ဝင်ရောက်နိုင်၏။


"ပြန်ကြရအောင်။"


"သေချာပြီလား အရှင်မ။ ကျွန်မ နေ့လယ်စာ ပြင်ခိုင်းလိုက်ရတော့မလား။"


"ကျွန်မ အဆင်ပြေပါတယ်။"


ဆေးလ်က ယခင်တည်းက အချိန်မှန်စားလေ့မရှိ။ ယခုဆိုလျှင် သူ(မ)အတွက် အစားအသောက်စားမည့်အချ်ိန်တိုင်းကို ဂရုတစိုက်ပြင်ပေးမည့်သူများ ရှိလာသည်ကလည်း ဝန်ထုပ်ဝန်ပိုးတစ်ခုလိုပင်။ ကိုင်နာ အနားတွင်မရှိလျှင် ဆေးလ်က အစားအသောက်မစားသည့်အချိန်များသည်က်ို အီနင်းသိသော်လည်း နောက်တစ်ကြိမ်ထပ်ပြောလိုက်မိပြန်သည်။


"အရှင်မင်းကြီးသာ သိသွားမယ်ဆိုရင် ကျွန်မတို့ခေါင်းတွေအားလုံး လေပေါ်ပျံသွားပါလိမ့်မယ်။"


"အစ်မအီနင်းသာမပြောရင် သူသိနိုင်ပါ့မလား။"


သူ(မ)ဘာလို့ အစားများများ မစားနိုင်သည်ကို အီနင်းသိသည်။ ဆေးလ်က သူ(မ)ကိုယ်သူ(မ) ဖိအားပေး၍ အတင်းစားလျှင်လည်း စ်ိတ်ပါမည်မဟုတ်။


"အစ်မအီနင်း မဟုတ်ပါဘူး။ အီနင်းလို့ပဲ လွတ်လွတ်လပ်လပ်ခေါ်ပါ။"


"ဒါပေမဲ့ ရှင်က အရှင်မင်းကြီးရဲ့အထိန်းတော်လေ။"


သူ(မ) လွတ်လွတ်လပ်လပ် စကားမပြောနိုင်သေးသည်ကို နားလည်သွားသဖြင့် အီနင်း အခက်တွေ့သွားရသည်။ သူ(မ)ကိုကြည့်နေသည့် အီနင်း၏အကြည့်များတွင်လည်း သနားကြင်နာမှုများပြည့်လျက်။


ဆေးလ်၏ ဤသို့နူးညံ့သောစ်ိတ်ထားမျိုးဖြင့် ဒီလိုအယောင်ဆောင်များပြည့်နေသောနေရာတွင် ဘယ်လိုရှင်သန်နိုင်မည်ကို အီနင်း စိတ်ပူလာတော့သည်။ ဒါကြောင့်ပဲ သူ(မ)၏သခင်ဖြစ်သော ဆူတန်က သူ(မ)ကို ဆေးလ်၏အနီး ပို့ခဲ့ခြင်းဖြစ်မည်။


"ဆေးလ်!"


ဆေးလ် လှည့်ပြန်တော့မည့်အချိန်တွင် ရင်းနှီးသည့်အသံတစ်ခုကို ကြားလိုက်ရခြင်းပင်။ သူ(မ) လျစ်လျူရှုရန်ကြိုးစားလိုက်သော်လည်း လက်တစ်စုံက သူ(မ)၏ခါးကိုဖက်ကာ သူ(မ)ကို ပွေ့ချီလိုက်လေပြီ။


"အ!"


ဆေးလ် အော်လိုက်ရင်း မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ(မ)၏မြင်ကွင်းက ပုံမှန်ထက်မြင့်နေလေသည်။ နူးညံ့သည့်အနက်ရောင်ဆံပင်များက သူ(မ)၏လည်တိုင်ကို လာထိနေခဲ့သည်။


"အရှင်မင်းကြီး။"


"မင်း ဒီမှာ ကိုယ့်ကိုလာတွေ့တာလား။"


ကိုင်နာ၏ဆံပင်များကသာ သူ(မ)လည်ပင်းကို လာထိနေခြင်းမဟုတ်ဘဲ သူ၏ စိုစွတ်သောနှုတ်ခမ်းအထိအတွေ့ကိုလည်း သူ(မ) ခံစားရသည်။ 


"ကျွန်မ ဘယ်နေရာဆိုတာမသိဘဲ သွားရင်းနဲ့..."


အီနင်းမှာ အနောက်မှနေ၍ တိတ်တဆိတ်ဖြင့် သက်ပြင်းချလိုက်မိသည်။ ဆေးလ်အနေနှင့် အရှင်မင်းကြီး၏ရင်ထဲပျော်ရွှင်သွားစေရန် လာတွေ့သည်ဟု ပြောခဲ့သင့်သည်။ ဒီက်ိုယ်လုပ်တော်လေးကို သင်ပေးရမည့်အရာ အများကြီးရှ်ိသေး၏။


"ကိုယ်နဲ့အတူ အထဲဝင်မယ်လေ။"


သူ(မ)၏အနောက်တွင် ရပ်နေသေးသည့် ကိုင်နာ၏လက်များက သူ(မ)၏ခါးမှတစ်တင့် ရင်ဘတ်ရှိရာသို့ ရောက်သွားတော့သည်။ သူ၏လက်ချောင်းများဖြင့် သူ(မ)၏ရင်သားထိပ်ပိုင်းကို လာထိသည့်အခါ သူ(မ)၏မျက်နှာက ရဲတွတ်သွားတော့၏။


ဆေးလ်တစ်ယောက် စိတ်ပူပင်စွာဖြင့် ပတ်ဝန်းကျင်ကို ပတ်ကြည့်လိုက်မိသည်။ အစေခံများအားလုံးက ဆူတန်ရောက်လာတည်းက ခေါင်းငုံ့ထားကြလေပြီ။ သူ သူ(မ)၏ရင်သားများကို ကိုင်နေသည်ကို ဘယ်သူမှမမြင်ရဟု နားလည်သွားပြီးနောက် ဆေးလ် ထိုလက်ကို ဖယ်ပစ်ချင်သည့်တိုင် နှုတ်ခမ်းကိုကိုက်ကာ စိတ်တည်ငြိမ်အောင်ပြုလုပ်လိုက်ရသည်။


"ဟေး၊ မင်း သွေးထွက်တဲ့အထိ ကိုက်မလို့လား။"


ကိုင်နာက သူ(မ)ကို အောက်ချပေးပြီး မျက်နှာချင်းဆိုင်မေးလိုက်ခြင်းပင်။


"ဒါပေမဲ့ အရှင်မင်းကြီး..."


"မင်း ရှက်နေတာဆိုတော့လည်း ဘာတတ်နိုင်မှာလဲ။ အထဲဝင်ရအောင်။"


သူတို့ကြားမှပြဿနာက အနည်းငယ်စကားစစ်ထိုးနေကြခြင်းဖြစ်၏။ ကိုင်နာက သူ(မ)၏လက်ကိုဆွဲပြီး သူ(မ)နှင့်အတူ ရုံးထဲဝင်မည်အလုပ် ဆေးလ်က ရှိသမျှအားဖြင့် လက်ကိုပြန်ဆွဲလိုက်သည်။


"ဘာဖြစ်လို့လဲ။"


"ဒါက ကျွန်မ ဝင်ခွင့်မရှိတဲ့နေရာပါ။"


ဆေးလ်က ကိုင်နာကို ဘာပြောရမည်မသိဘဲ စိတ်ဖိစီးနေသော အစေခံများကိုကြည့်လိုက်၏။ ဆေးလ်၏ ပြတ်သားသည့်အသံကြောင့် ကိုင်နာ ပြုံးလိုက်မိသည်။


"အဲ့လိုလား။"


စကားနားမထောင်သည့်ဆေးလ်ကို ရင်ခွင်ထဲထည့်ကာ ကိုင်နာက မဆိုင်းမတွဘဲ သူ၏ရုံးတော်ထဲ ဝင်သွားလိုက်သည်။


"အရှင်မင်းကြီး!"


"မင်း မသိတာရှိသေးတယ် ဆေးလ်။ အမျိုးသမီးတိုင်း ဝင်ခွင့်မရှိတာမဟုတ်ဘူး။"


"ဘာကိုပြောတာလဲ။"


"မိဖုရားကြီးက ဆူတန်လိုပဲ ဝင်ခွင့်အာဏာရှိတယ်။"


ထိုအခိုက် သူ(မ)ဖြတ်လျှောက်လာခဲ့သည့် မိဖုရားကြီးနန်းဆောင်လွတ်ကို ပြန်တွေးမိသွား၏။ ဆေးလ်က ကိုင်နာ၏ဆိုလိုရင်းကို သဘောမပေါက်နိုင်လောက်သည်အထိတော့ မတုံးအပေ။ သို့သော်လည်း သူ(မ)စိတ်ထဲထင်သည့်အရာများကိုတော့ ထုတ်ပြော၍မရ။


သူက နောက်မှခြေသံဖွဖွဖြင့်လိုက်လာသော အစေခံများနှင့်အတူ အထဲဝင်သွားသည်နှင့် တံခါးပိတ်သွားပြီး ဆေးလ်ကို သူ၏စားပွဲပေါ်တင်လိုက်၏။


စားပွဲပေါ်ရှ်ိ စာရွက်စာတမ်းများကိုလည်း ဘာမှဂရုမစိုက်တော့ဘဲ အောက်သို့တွန်းချ၍ ဆေးလ်အနီးသို့ ကပ်သွားလိုက်တော့သည်။


"မင်းခြေထောက် သက်သာရဲ့လား။"


ကျောက်ဖြင့်ထိသွားခဲ့သည့် ခြေထောက်ဒဏ်ရာအကြောင်း မေးနေသည်ကို သဘောပေါက်သွားသဖြင့် သူ(မ) ခေါင်းညိတ်ပြလိုက်၏။


"ဒဏ်ရာက အရမ်းမနက်လို့ သွားရလာရတာ ပြဿနာမရှိပါဘူး။"


"အင်း၊ ကိုယ်သိပြီ။"


သူ၏မျက်ဝန်းထောင့်များက သူပြုံးလိုက်ချိန်တွင် ခံ့ညားစွာကွေးသွား၏။ ပထမဆုံးအကြိမ်အဖြစ် ယခင်ကလည်း စာကြည့်တိုက်တွင်တွေ့ဖူးနေသော တည်ငြိမ်သည့်အမူအရာဖြင့်သူက ပြုံးနေလျှင် ပို၍ကြည့်ကောင်းသည်ဟု သူ(မ)တွေးလိုက်မိသည်။ သူ(မ) ကိုင်နာ၏မျက်နှာကို စူးစိုက်ကြည့်နေချိန်တွင် သူက လက်ချောင်းများဖြင့် ဆေးလ်၏ဆံနွယ်များကို ခေါင်းဖြီးသလိုလုပ်နေပြီး လက်ကိုပြန်ဆွဲလိုက်၏။


"အ.."


"မင်းရဲ့အမူအရာတွေက ဖတ်ရလွယ်ပေမဲ့ တစ်ခါတစ်ခါကျရင် မင်းဘာတွေးနေတယ်ဆိုတာ ကိုယ်တကယ်မသိဘူး။"


"အဲ့ဒါက ဘာမှမဟုတ်ပါဘူး အရှင်မင်းကြီး။"


"တကယ်လား။ ဒါဆို မင်းအခု ဘာတွေးနေခဲ့တာလဲ ကိုယ့်ကိုပြောပြ။"


"အရှင်မင်းကြီး ပြုံးရင် ကြည့်ကောင်းတယ်လို့တွေးနေတာပါ။"


မထင်မှတ်ထားဘဲ ကိုင်နာ၏အမူအရာက ခက်ထန်သွားပြန်သည်။ သူ(မ) စကားပြောမှားသွားပြီလားဟူသည့်အတွေးဖြင့် ဆေးလ် တိတ်တဆိတ် သူ၏ မျက်နှာအမူအရာကို လေ့လာနေလိုက်၏။


"မင်းရှေ့မှာပဲ ပြုံးတာပါ။"


"အရှင်မင်းကြီး ကျွန်မအပေါ် ဘာလို့ အရမ်းကြင်နာရတာလဲ။"


"မင်းကအရင် ကိုယ့်အပေါ်ကြင်နာခဲ့တာမလား။"


သူ၏လက်ချောင်းများက ဆေးလ်၏ပါးပြင်ပေါ် ရောက်သွားတော့သည်။ ထို့နောက် လက်က်ိုအောက်ချပြီး သူ(မ)၏ ပေါ်လွင်နေသော လည်တိုင်ထံရောက်သွားပြီး ထိုမှတစ်ဆင့် အဝတ်အစားများအပေါ်မှ သူ(မ)၏ရင်သားများရှိရာကို ရောက်သွားပြန်၏။


"အရှင်မင်းကြီး..."


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment