no

Font
Theme

အချပ်ပို (၄)


"အဲ့ဒါက မင်း ယောက်ျားတစ်ယောက်နဲ့မအိပ်တာ တော်တော်ကြာနေတာကြောင့်လား။"


မီရ်ဂါက လိုင်၏စကားများကို လျစ်လျူရှုခဲ့သည်။ သူ(မ)၏အာရုံစူးစိုက်မှုက လိုင့်ကို ကိုင်နာ၏အကြိုက်အတိုင်း ပြင်ဆင်ခြယ်သပေးဖို့သာ အာရုံစိုက်ထားလေ၏။ သူ(မ)က တစ်ညတာအတွက်လား သို့မဟုတ် မောင်းမဆောင်ထဲ ဝင်နိုင်မလားကို ယနေ့ည အဆုံးအဖြတ်ပေးလိမ့်မည်။ သူ(မ) သေသေချာချာပြင်ဆင်ပေးဖို့လိုအပ်သည်။


မီရ်ဂါက သူ(မ)ယူလာခဲ့သော လက်ဆောင်ပဏ္ဏာများထဲမှ အဖိုးတန်ဆုံး လက်ဝတ်ရတနာများနှင့် ရေမွှေးကို ယူလာခဲ့ဖို့ အမိန့်ပေးလိုက်၏။


"မဟုတ်ပါဘူး။"


"မင်းက မင်းလိုအမျိုးသမီးဖြစ်ရတာ ပိုကောင်းတယ်လို့ ငါ့ကိုယုံကြည်စေခဲ့တဲ့ တစ်ဦးတည်းသောသူပဲ။"


မီရ်ဂါက လိုင့်ကိုကြည့်မနေဘဲ ဧကရာဇ်၏လက်နှင့်ထိလိုက်လျှင် အလွယ်တကူကျွတ်ကျသွားနိုင်သည့် ဝတ်စုံကို ဂရုတစိုက် စစ်ဆေးနေခဲ့၏။ ယနေ့ည ကိုင်နာ့အိပ်ရာပေါ်ကိုတက်မည့် လိုင့်ကို ဆင်မြန်းပေးရမည်။


လိုင်၏ခင်ပွန်းက သေဆုံးသွားပြီးနောက် သူ(မ) မောင်းမဆောင်ထဲကနေ ထွက်လာခဲ့ရသည်။ ကလေးမရှိသလို မိသားစုနောက်ခံနှင့် မိတ်ဆွေများလည်းမရှိသည့် လိုင်က မောင်းမဆောင်ထဲကနေထွက်လာပါက သူ(မ)၏ ထူးဆန်းသောအသွင်အပြင်ကြောင့် ကျွန်ကုန်သည်များဆီကနေ ပြန်ပေးဆွဲခံရနိုင်၏။ သူ(မ) လက်ထပ်နိုင်သည့် နည်းလမ်းရှိသော်လည်း တစ်ဖက်လူက သံသယမရှိ အသက်ကြီးကြီး လူချမ်းသာအဖိုးကြီးသာဖြစ်လိမ့်မည်။ သူ(မ) ထိုအရာကို သဘောမကျပေ။ သူ(မ)၏အနာဂတ်ကို ကိုယ်တိုင်ရွေးချယ်ချင်ခဲ့သည်။


ထိုအချိန်မှာ မီရ်ဂါက လိုင့်ဆီသို့ လက်ကမ်းပေးလာခဲ့၏။ မီရ်ဂါက လက်မထပ်ခင်မှာ အင်ပါယာ၏မင်းသမီးတစ်ပါးဖြစ်ခဲ့သည်။ ၎င်းတို့၏ခင်ပွန်း အသက်ရှိစဥ်အတွင်း မောင်းမဆောင်ထဲကအမျိုးသမီးများမှာ ရန်သူများဖြစ်ခဲ့ကြသည်။ သို့သော် ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီးနောက် သူ(မ) တစ်နည်းနည်းဖြင့် ရှင်သန်ဖို့လိုအပ်ရာ အချင်းချင်းကူညီပေးဖို့ ဆုံးဖြတ်လိုက်ကြလေ၏။


"မင်းကို အိပ်ရာပေါ်ခေါ်ခဲ့တာက မသိသာလွန်းဘူးလား။ မင်း မောင်းမဆောင်မှာ ငါ့ခင်ပွန်းကို မြှူဆွယ်ခဲ့သလိုမျိုး လုပ်ရုံပဲ။"


သူ(မ) ကျွန်ဘဝကနေ လွတ်မြောက်အောင်ရုန်းကန်ကာ ကိုယ်လုပ်တော်ဖြစ်လာခဲ့သည်။ သူ(မ)ကိုကြည့်လာဖို့ အမျိုးသား၏အလိုဆန္ဒကို သူ(မ)သေချာပေါက်ဖမ်းယူခဲ့၏။ နောက်ဆုံးမှာ သူ(မ)၏ခင်ပွန်းဖြစ်လာခဲ့သည့် ထိုအမျိုးသား၏မျက်လုံးများက လိုင့်အပေါ် အလိုရမ္မက်များနှင့် ပြည့်နှက်လာလေသည်။


သို့သော် ၎င်းက ဆူတန်အတွက် အလုပ်ဖြစ်မည်မဟုတ်ပေ။ မီရ်ဂါပြောသလို လိုင် အမျိုးသားတစ်ယောက်နှင့်အတူမရှိတာ ကြာပြီဖြစ်ရာ သူ(မ)၏အသိစိတ်များ ပျောက်ရှနေခဲ့သည်။


လိုင်က ငြိမ်သက်စွာထိုင်နေပြီး ညနေခင်းတာဝန်များကိုလည်းမလုပ်ဘဲ အတွေးထဲနစ်မြုပ်နေသည့်အတွက် မီရ်ဂါက သက်ပြင်းချလိုက်သည်။


"ရေမွှေးရွေးလိုက်။ ဆူတန်က အနံ့ပြင်းပြင်းတွေကို မကြိုက်ဘူး။ ဒါက ဟားစခိ လက်ရှိမှာသုံးနေတဲ့ဟာလို့ပြောတယ်။ မင်း တူညီတဲ့နည်းလမ်းအတိုင်း သွားဖို့စီစဥ်ထားရင် တစ်လမ်းတည်းသွားလိုက်တာက ပိုကောင်းတယ်။"


မီရ်ဂါက ကိုင်နာ၏အကြိုက်များကို သိပေ၏။


"သူက လူကောင်းတစ်ယောက်ပါ။ မင်း ဧကရာဇ်နဲ့ အိပ်ဆောင်ဝင်တဲ့အချိန်မှာ ငါ့အကြောင်းကို ပြောလို့ရတယ်။"


"အဲ့ဒါက အတင်းအဖျင်းဖြစ်သွားမှာမလား။"


မည်သို့ပင်ဆိုစေ ကနဦးတုန်းက မီရ်ဂါလည်း ထိုသို့တွေးခဲ့မိသည်။ လိုင်က မီရ်ဂါ့ကိုကြည့်နေပြီး သူ(မ)က ခေါင်းညိတ်ပြလာ၏။


မီရ်ဂါက စုတ်သပ်လိုက်သည်။


"တုံးအလိုက်တဲ့ကောင်မလေး။ ဆင်းရဲတဲ့ပုံစံကိုပုံဖော်ဖို့က လွယ်ကူမှာမဟုတ်ဘူး။"


လိုင်က တစ်လှေတည်းစီးသူဖြစ်သော်လည်း တစ်ဖက်ဖက်က အားနည်းချက်ရှိနေပါက ပြိုင်ဘက်ကို ချက်ချင်းဖြတ်ပစ်လိုက်နိုင်သည့် ကိုယ့်ကိုယ်ကိုယ်နှင့် မီရ်ဂါ့အကြောင်းကို တွေးလိုက်မိသည်။


ဆေးလ်၏နံဘေးမှာ ရပ်နေပြီး သူ(မ)ကို စူစိုက်ကြည့်လာသော ဧကရာဇ်ကို တွေးလိုက်မိသောအခါ သူ(မ)၏စိတ်က အတိုင်းအဆမရှိ ရှုပ်ထွေးလာခဲ့၏။


"ကိုင်နာရဲ့အကြိုက်က လောကကြီးအကြောင်း ဘာမှသိတဲ့အမျိုးသမီးပဲ။"


မီရ်ဂါက အာဏာဘက်မှာရပ်တည်ဖို့ အမြဲတမ်း အဆင်သင့်ပင်။ ထို့ကြောင့် လွန်ခဲ့သောရှစ်နှစ်က ပထမမင်းသား၊ စတုတ္ထမင်းသမီးတို့နှင့် ပူးပေါင်းခဲ့ပြီး လွန်ခဲ့သောသုံးနှစ်က ကိုင်နာ ရုတ်ခြည်းနိုးထလာသောအခါ သူ(မ)ကိုယ်သူ(မ) လက်ထပ်ရန်အမည်ခံ၍ ကိုယ်လွတ်ရုန်းသွားခဲ့သည်။ သူ(မ)က ကိုင်နာလက်လှမ်းမမီသော တိုင်းတစ်ပါးဆီ ထွက်ပြေးတိမ်းရှောင်ခဲ့၏။


တစ်နည်းအားဖြင့် သူ(မ)က အင်ပါယာ၏ ပဋိပက္ခအဖြစ်ဆုံးအချိန်မှာ အသက်ရှင်သန်နိုင်ခဲ့သည်။ သူ(မ)က ဝေးလံသောတိုင်းတစ်ပါးမှ မနာလိုမုန်းထားမှုများနှင့် တိုက်ပွဲများကြားမှာတောင် ရှင်သန်ဖို့ တတ်နိုင်သမျှလုပ်ဆောင်ခဲ့ပြီး အမှန်တကယ်ရှင်သန်နိုင်ခဲ့၏။ ထို့နောက် သူ(မ)၏ကိုယ်ကို အင်ပါယာဆီ တစ်ဖန်မြှုပ်နှံခဲ့သော်လည်း ကလေးမီးဖွားပြီးနောက်မှာ သူ(မ)၏အိမ်ဖြစ်သော ခင်ပွန်းဖြစ်သူ၏တိုင်းပြည်ဆီ ပြန်သွားဖို့လိုအပ်လိမ့်မည်။


ထိုအချိန်ထိ ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ဖို့ ကိုင်နာ၏နှလုံးသားကို လိုအပ်သည်။


တင်းမာသောဆက်ဆံရေးရှိခဲ့သည့် တိုင်းတစ်ပါးနှင့် မီရ်ဂါ၏လက်ထပ်ပွဲက ကိုင်နာ မီရ်ဂါကိုကယ်တင်ရသည့် အကြောင်းအရင်းဖြစ်လာခဲ့သည်။ အင်ပါယာက ပြည်တွင်းစစ်ကြောင့် ကမောက်ကမဖြစ်နေချိန်မှာ သူက အခြားသောတိုင်းပြည်များဆီကနေ လောင်စာထပ်ဖြည့်မခံချင်ပေ။


"ဒီနေ့ည မင်း ဘာပဲလုပ်ရလုပ်ရ ဆူတန့်ကို ဖမ်းစားရမယ်။ အဲ့ဒါမှ ငါတို့ ဒီမှာနေတဲ့အချိန်အတွင်းမှာ ဘေးကင်းလိမ့်မယ်။"


ကိုင်နာက သူ့အစ်မအရင်းကို ကွပ်မျက်ခဲ့သော်လည်း သွေးတစ်ဝက်တော်သော မီရ်ဂါ့ကို နိုင်ငံရေးအရ အသုံးဝင်နေသည့်အတွက် အသက်ရှင်ခွင့်ပေးထားခဲ့သည်။


"ငါက အသုံးမဝင်တော့ဘူးဆိုရင် ဒီမှာနေရတဲ့ဘဝက လွယ်ကူမှာမဟုတ်ဘူး။"


မည်သို့ပင်ဆိုစေ မီရ်ဂါ၏ဝမ်းထဲမှကလေးက သမီးလည်းဖြစ်နိုင်၏။


မီရ်ဂါ မျက်လုံးများမှိတ်လိုက်သည်။ ဧကရာဇ်က သူ(မ)၏အသက်ကို မည်မျှခြိမ်းခြောက်ခဲ့ပါစေ သူ(မ)နှင့်တစ်လှေတည်းရှိနေခဲ့သည့် အစ်မဖြစ်သူအား ရက်ရက်စက်စက် လက်တုံ့ပြန်ခဲ့သည်။ သူ(မ) ထိုအတိတ်ကို ဘယ်တော့မှ မေ့မည်မဟုတ်ပေ။


ယခုအချိန်၌ သူက သူ(မ)ကို ရွှင်ရွှင်ပြပြ ကြည့်နေပုံပေါ်သော်လည်း ပါးလျသောကြိုးက ကြာရှည်ခံမည်မဟုတ်ကြောင်း မီရ်ဂါက လူတိိုင်းထက်ပိုသိပေ၏။


"အဲ့ဒါက မြေခွေးတစ်ကောင်ရဲ့ပါးစပ်ထဲ မင်းရဲ့ဦးခေါင်းထည့်ပေးလိုက်တာထက် ပိုဆိုးလိမ့်မယ်။ ဒါပေမဲ့ ငါနဲ့ ငါ့ကလေးသာ သေသွားခဲ့မယ်ဆိုရင် မင်းလည်း အန္တရာယ်ကင်းမှာမဟုတ်ဘူး။ ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ဆွဲဆောင်ရမယ်။"


ကျေးဇူးပြုပြီး မင်းက သားလေးဖြစ်ဖို့လိုအပ်တယ်။


ဝမ်းဗိုက်ပေါ်တင်ထားသော မီရ်ဂါ၏လက်များက တုန်ယင်နေ၏။ လိုင်က ၎င်းအား အသံတိတ်ကြည့်နေခဲ့သည်။ ၎င်းတို့က မောင်းမဆောင်၏အမှောင်ထုရုန်းကန်မှုကနေ ခြေတစ်လှမ်းသာ ဝေးကွာနေသော်လည်း ၎င်းတို့၏အနာဂတ်က မသေချာပေ။ ၎င်းတို့ မည်သည့်အချိန်မှာ မည်သို့သေဆုံးရမလဲကို မသိနိုင်ကြပေ။ လက်ရှိ ဧကရာဇ်ဆီမှာ အချစ်ခံနေရသော ဆေးလ်ကတောင် သူ(မ)၏ကလေးအတွက် စိုးရိမ်ပူပန်နေရသည်။


"အဲ့ဒီနောက်ကျရော? အမျိုးသမီးတစ်ယောက်ကို တစ်ခါထားရစ်ခဲ့တဲ့ ဧကရာဇ်တစ်ပါးက မောင်းမဆောင်ထဲမှာ အမျိုးသမီးတွေ အပြည့်ဖြည့်လာလိမ့်မယ်။ အချိန်တစ်ခုပဲ။"


မီရ်ဂါ လိုင်၏လေသံထဲမှ နာကျင်မှုကို သတိပြုမိလိုက်သည်။


"ငါ့မှာ သူ မသေခင်က ချန်ထားခဲ့တဲ့ သေတမ်းစာတစ်စောင်ရှိတယ်။ ဒီကလေးက သားလေးဖြစ်မယ်ဆိုရင်..."


"သမီးဖြစ်နေရင်ရော?"


"အဲ့လိုမျိုးမပြောနဲ့လို့ မင်းကိုပြောထားတယ်လေ!"


"အဲ့ဒါက သားဖြစ်မယ်ဆိုရင်တောင် ဆက်ခံသူရဲ့မယ်တော်ဖြစ်လာမဲ့ သခင်မမီရ်ဂါက နိမ့်ကျတဲ့ ကျွန်မရဲ့လက်ကို ဆက်ပြီးဆုပ်ကိုင််ထားမှာလား။"


လိုင်က ၎င်းတို့၏ အပေါ်ယံဆန်သောမဟာမိတ်အကြောင့် ရယ်မောလိုက်၏။


မီရ်ဂါက လိုင်၏စကားလုံးများကို လျစ်လျူရှုကာ သူ(မ)လက်ပေါ်မှ ဖောက်မြင်နေရသောဝတ်ရုံကို ပစ်တင်ပေးလိုက်သည်။ သူ(မ)က လိုင့်ကို ထပ်ပြီးတွန့်ဆုတ်မနေဘဲ သွားဖို့တိုက်တွန်းလိုက်လေ၏။


ရုတ်တရက်ဆိုသလို လိုင် သူ(မ)ပြောတာကို နားထောင်ပေးရင်း သူ(မ)ကြုံတွေ့ခဲ့ရသော အခက်အခဲများအတွက် ငိုကြွေးကာ သူ(မ)ကြုံတွေ့ခဲ့ရသည့် ပျော်ရွှင်စရာများအတွက် ပြုံးနေခဲ့သော ဆေးလ်ကို သတိရမိသွား၏။


လိုင်က ကြင်နာမှုမရှိသောအမျိုးသမီးပင်။


သူ(မ)က မောင်းမဆောင်ထဲရှိ အမျိုးသမီးတိုင်း၏ ရန်သူများအဖြစ် ပုတ်ခတ်နှိမ့်ချခံရတာကို ကျင့်သားရနေပြီဖြစ်သော်လည်း တစ်စုံတစ်ယောက်က သူ(မ)စကားကိုနားထောင်ကာ နွေးနွေးထွေးထွေး ဆက်ဆံပေးလာချိန်၌ သူ(မ)၏နှလုံးသားက နွေးထွေးသွားခဲ့ရသည်။ သူ(မ) ယခုလိုမခံစားခဲ့ရသည်မှာ တော်တော်ကြာပြီဖြစ်သည်။


သူ(မ) ကျွန်အဖြစ် လူတစ်ဦးဆီကနေ အခြားတစ်ယောက်ဆီ ခဏခဏရောင်းချခံခဲ့ရသော်လည်း အဆုံးသတ်အထိ ရှင်သန်နိုင်ခဲ့၏။ သူ(မ)၏မျက်လုံးများနှင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရသော မောင်းမဆောင်အမျိုးသမီးများက သူ(မ)ကြုံတွေ့ခဲ့ရသည့် နိမ့်ကျသည့်အရာများကြောင့် နှာမှုတ်ကာ သရော်ခဲ့ကြသည်။ သို့သော် ဆေးလ်ကတော့ သူ(မ)၏လက်ကိုဆုပ်ကိုင်ကာ သူ(မ)အား ကောင်းကောင်းသည်းခံခဲ့တာပဲဟု နှစ်သိမ့်ကေးလာ၏။ လိုင် အသက်ရှင်နေသည့်အတွက် ဆေးလ်က ဝမ်းသာနေပြီး မျက်လုံးများထဲမှာလည်း မျက်ရည်များပြည့်နှက်နေခဲ့သည်။


မည်သည့်ဟန်ဆောင်ခြင်းမှမပါသည့် ကြင်နာမှုမျိုးပင်။


လွန်ခဲ့သောရက်များအတွင်း နှစ်ဦးသား စကားစမြည်ပြောဆိုရင်း အချိန်အများစုကို ကုန်ဆုံးခဲ့ပြီးနောက်မှာ ဆေးလ်က မီရ်ဂါပြောနေသလို တုံးအသည့်အမျိုးသမီးမဟုတ်ကြောင်း လိုင် တွေ့မြင်နိုင််ခဲ့သည်။ ထို့ကြောင့် မီရ်ဂါက ဆေးလ်နှင့်တူသောလိုင့်ကို နန်းတော်ထဲ အဘယ့်ကြောင့်ခေါ်လာခဲ့မှန်း မသိရလောက်အထိ သူ(မ)က တုံးအလိမ့်မည်မဟုတ်ပေ။


ဆေးလ်က ဧကရာဇ်ကို ထိုမျှယုံကြည်သည်လော။ ထိုသို့ဆိုလျှင် ဧကရာဇ်၏ လိုင့်အပေါ်စွဲမြဲနေသောအကြည့်များက မည်သည့်အဓိပ္ပါယ်ရှိသနည်း။ သူက လိုင့်ကို အဘယ့်ကြောင့် ထိုသို့ကြည့်ခဲ့ရသနည်း။


အကြောင်းပြချက်က မည်သည့်အရာပဲဖြစ်နေပါစေ၊ သူ(မ) ယနေ့ဖော်ထုတ်ရမည်။ လိုင် အဆင်သင့်ဖြစ်ကာ ထရပ်လိုက်လေသည်။


...


"ဒီလမ်းပါ။"


ညနက်သန်းခေါင်ယံအချိန်မှာ ဧကရာဇ်၏ အနီးကပ်ဆုံးလက်ထောက်ကို တွေ့လိုက်ရသောအခါ လိုင်၏မျက်နှာက နီရဲသွားလေ၏။ အဓိပ္ပါယ်ဖော်လို့မရသော အမူအရာနှင့် သူက သူကိုင်ထားသောမီးအိမ်ဖြင့် လမ်းပြနေပြီး ဧကရာဇ်၏အိပ်ဆောင်ကိုဦးတည်နေသည့် လျှို့ဝှက်လမ်းကြာင်းကနေ လျှောက်သွားခဲ့သည်။


အဝတ်များက ဖုံးဖိဖို့မဟုတ်ဘဲ ပြသဖို့အတွက်သာ။ ယနေ့ည ဧကရာဇ်အတွက် လိုင်၏ကိုယ်ပေါ်မှာ ပါးလျသောပိုးသားဝတ်ရုံသာရှိနေသည်။ တောက်ပနေသောအလင်းရောင်ကြောင့် ပိုးသားအောက်မှ ဖြူဖျော့သောအရေပြားနှင့် အောက်ဘက်မှ ငွေရောင်တောအုပ်လေးကိုတောင် မြင်တွေ့နေရသည်။ အနီရောင်ဘယ်ရီသီးများနှယ် သူ(မ)၏နို့သီးခေါင်းများက သဲကန္တရ၏အအေးဓါတ်ကို ခံနိုင်ရည်မရှိဘဲ မာထောင်လာခဲ့သည်။


အဖော်အချွတ်အခြေအနေနှင့် အမျိုးသမီးကို တွေ့မြင်နေရတာတောင် ဟာဆန်က မည်သည့်စိတ်ခံစားချက်မှမပြသဘဲ လိုင့်ကို အသံတိတ်လမ်းပြပေးခဲ့သည်။ စင်္ကြံတစ်လျှောက်မှာ ဟာဆန်နှင့် လိုင်တို့သာရှိနေသည်။


တော်ဝင်နန်းတော်ထဲ၌ တိတ်ဆိတ်သော ညတစ်ညပင်။


လိုင်၏ခြေသံများကသာ ပဲ့တင်ထပ်နေပြီး အဘယ့်ကြောင့် ယခုလောက််ထိ တိတ်ဆိတ်နေရသလဲဟု သူ(မ) တွေးမိသွားခဲ့၏။


သူ(မ) အထဲကို လျှောက်လာသည်နှင့်အမျှ တိုးလျသောအသံကို ကြားလိုက်ရသည်။


"အာ့၊ အမ်း၊ ဟင့်..."


တစ်စုံတစ်ယောက် နာကျင်နေသကဲ့သို့ သို့မဟုတ် သားရဲတစ်ကောင်၏အော်သံကဲ့သို့အသံမျိုးက သူ(မ)နားထဲ ဝင်ရောက်လာခဲ့သည်။ သို့သော် ထိုအသံက အစစ်အမှန်မည်သည့်အသံဖြစ်ကြောင်း လိုင် သိပေ၏။ ယင်းက အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ ထွေးပွေ့နေကြသော ည၏အသံပင်။


အင်အားကြီးမားသော ပုဂ္ဂိုလ်တစ်ယောက်က ညတစ်ညကို အမျိုးသမီးများစွာနှင့်ဖြတ်သန်းခြင်းက ဆိုးဝါးသည့်အရာမဟုတ်ပေ။


"ဒီတော့ ဒါက သူ့အကြိုက်ပေါ့။"


လိုင် တီးတိုးရေရွတ်လိုက်ရာ ဟက်ဆန်၏အကြည့်က သူ(မ)၏မျက်နှာပေါ် ကျရောက်လာခဲ့သည်။ ချိုမြိန်ပြီး အရည်ပျော်လောက်သည့် ရေမွှေးရနံ့က လေထုထဲ တဖြည်းဖြည်းပျံ့နှံ့နေပြီး သိပ်မကြာခင် ဧကရာဇ်၏အိပ်ခန်းရှေ့ကို ရောက်လာခဲ့ကြသည်။


လိုင် အခန်းထဲကိုဝင်ရန် ခြေလှမ်းလိုက်ချိန်မှာ လက်တစ်ဖက်က သူ(မ)၏ပခုံးကို ဆုပ်ကိုင်လာ၏။


"မင်း ဒီမှာစောင့်နေလိုက်။"


"ကျွန်မ..."


သူ(မ)ကို အိပ်ဆောင််ထဲဝင်လာဖို့ ဧကရာဇ်ကခေါ်ထားကြောင်း သူ(မ)ပြောတော့မည့်အချိန်မှာ ဟာဆန်က ခေါင်းယမ်းပြလာခဲ့၏။ ယင်းက ဧကရာဇ်၏အမိန့်မှန်း သဘောပေါက်သွားသောအခါ လိုင်၏အမူအရာက တင်းမာသွားခဲ့သည်။ သူ သူ(မ)ကိုခေါ်ခဲ့လျှင် အဘယ့်ကြောင့် ဤနေရာမှာ စောင့်နေခိုင်းရသနည်း။


အခန်းတွင်းမှာ မှိန်ဖျသောအလင်းရောင်ရှိနေသည်။


ကိုင်နာက အိပ်ရာပေါ်မှာထိုင်နေပြီး သူ့ပေါင်ပေါ်မှာ ကျောပြင်သေးသေးလေးက သူ့လည်ပင်းကိုပွေ့ဖက်ထားကြောင်း လိိုင် မြင်တွေ့လိုက်သည်။ ထိုအမျိုးသား၏ဒူးပေါ် ဖြာကျနေသော ငွေရောင်ဆံပင်များနှင့် ကြည်လင်ဖြူဖွေးနေသော အရေပြားတို့က လရောင်သဖွယ်ထင်ရစေသည်။


ထိုသူက ဆေးလ်ပင်။


"ကျေးဇူးပြုပြီး၊ ဟင့်... အရှင်ကိုင်နာ။"


"ကိုယ်က မင်းယူနိုင်သလောက်ပဲ ထည့်လို့ရအောင် စောင့်ပေးရင်း သိပ်ကိုညှာတာပေးထားတာနော်။ မင်းက အချိန်တိုင်း အစားမှားသလိုမျိုး မောဟိုက်နေတော့တာပဲ။"


နက်ရှိုင်းသောရယ်သံနှင့် ရောယှက်နေသည့် ထိုလူ၏အသံက စကားလုံးများဖြင့်ဖော်မပြနိုင်သည့် ပျော်ရွှင်မှုတို့နှင့် ပြည့်နှက်နေသည်။ လိုင် အနီးကပ်ကြည့်လိုက်ပါက ဆေးလ်သည် ကိုင်နာ့ကိုပွေ့ဖက်ကာ သူ့အပေါ်မှာထိုင်နေပြီး သူ(မ)၏တင်ပါးများက ကိုးရိုးကားရားမြှောက်ကြွနေကြောင်း တွေ့ရပေလိမ့်မည်။


သူ၏လိင်တံကို တစ်ဝက်လောက်ဝါးမျိုထားရင်း အောက်သို့ထိုင်မချနိုင်သလို အပေါ်ကိုလည်းမကြွနိုင်ဘဲ သူ၏လည်ပင်းကိုသာ သိုင်းဖက်ထားရ၏။ သူ(မ)ကိုနှစ်သိမ့်နေသကဲ့သို့ သူ(မ)၏ကျောပြင်ကို ညင်သာစွာပွတ်သပ်ပေးနေသည့် ကိုင်နာမျက်လုံးများက အမှောင်ထုထဲကို ဖြတ်သန်းလာခဲ့သည်။


လိုင်ရှိနေသည့်နေရာဆီကိုပင်။


"အာ့...!"


ရုတ်တရက်ဆိုသလို ဟာဆန်က ကိုင်ထားသောမီးအိမ်ကိုငြိမ်းလိုက်ရာ စင်္ကြံက မှောင်မည်းသွားခဲ့လေသည်။ အိပ်ခန်းထဲမှအလင်းရောင်ခပ်မှိန်မှိန်က ထိုနေရာအထိမရောက်နိုင်ခဲ့ပေ။ သို့သော် ကိုင်နာက လိုင်ရှိသည့်နေရာကို တိတိကျကျသိနေသကဲ့သို့ သူ(မ)ကို စိုက်ကြည့်နေခဲ့သည်။


ကြီးမားသောလက်တစ်ဖက်က ဆေးလ်၏ခါးကနေ သူ(မ)၏တင်ပါးဆုံအရိုးကို ပွတ်သပ်နေခဲ့၏။ ထို့နောက် သူ(မ)က သူ(မ)၏အပေါက်နှင့်ဆက်ထားသော သူ၏လိင်တံအပေါ် မြင်းစီးတော့သည်။ ကိုင်နာက သူ(မ)၏အပေါ်ကနေ စီးကျလာသောအရည်များကို သူ၏လက်ချောင်းဖြင့်ပွတ်သပ်ကာ သူ့ပါးစပ်ထဲ ယူဆောင်လာခဲ့၏။


"မင်း အခုလိုမျိုး ဘယ်အချိန်ထိရွှဲနေမှာလဲ။"


"ဟား... အထဲမှာက..."


"ထိုးဖောက်နေသလိုပဲ၊ ဟုတ်တယ်မလား။"


ဤအနေအထားက ဆေးလ်အတွက် သူ့ကို နက်နက်ရှိုင်းရှိုင်းလက်ခံဖို့ အခက်ခဲဆုံးဖြစ်ပြီး ဆေးလ်က အခက်တွေ့နေသော်လည်း ကိုင်နာကတော့ သူ(မ)နှင့် မျက်နှာချင်းဆိုင်ပွေ့ဖက်ထားရတာကို ပျော်ရွှင်နေ၏။ သူ၏လက်နှစ်ဖက်က သူ(မ)၏တင်ပါးကို ကျယ်ကျယ်ဆွဲဟလိုက်သည်။ ကိုင်နာက သူ့ဇနီး၏အရည်များကို သူ့လက်ချောင်းများနှင့်ယူ၍ စားသုံးနေတာတောင် ဆေးလ်က သတိမထားမိဘဲ သူ၏အင်္ဂါနှင့် ရုန်းကန်နေခဲ့ရသည်။ သွယ်လျသော သူ(မ)၏လက်ဖျံလေးနှင့် သူ့လည်ပင်းကို တင်းကျပ်စွာသိုင်းဖက်လာချိန်မှာ ဆူတန်က ပြုံးလိုက်ပြီး သူ၏သားရဲလိုအစွယ်များကို ထုတ်ပြလာခဲ့သည်။


သူ(မ)တင်ပါးက ကျယ်ကျယ်ပွင့်ဟသွားသည်နှင့် သူ(မ)၏အပေါက်ကပါ ခပ်ကျယ်ကျယ်ပွင့်လာပြီး ဆေးလ်တစ်ယောက် အမောတကော အသက်ရှူရှိုက်နေခဲ့ရသည်။ သူ(မ)က သူ့လည်ကုပ်ကိုကိုက်ကာ ညည်းညူသံများကို ထိန်းချုပ်ထားခဲ့၏။


"မင်း ဆန္ဒရှိသလောက် အော်ညည်းလို့ရတယ်။ ဘယ်သူကမှ နားထောင်မနေဘူးလေ။"


သို့သော် ကိုင်နာက လိုင့်ကို စိုက်ကြည့်နေဆဲပင်။


ယင်းက...


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment