no

Font
Theme

ဆူတန်က ချက်ချင်းဆိုသလို အဝတ်အစားများဝတ်ကာ ရဲမက်များ၊ အစေခံများနှင့်အတူ အခန်းထဲမှထွက်သွားတော့သည်။ ခဏလေးအတွင်းမှာ အခန်းထဲတွင် ဆေးလ်တစ်ယောက်တည်း ကိုယ်လုံးတီးဖြင့် ကျန်ခဲ့လေသည်။


"မင်းသား ကိုင်နာ..."


သူ(မ) သူ့ကိုသိသည်။ သူ(မ) သူ့ကို ခပ်လှမ်းလှမ်းကနေ မကြာမကြာမြင်ဖူး၏။ မောင်းမဆောင်တွင် ညအချိန်မှသာ လုံခြုံရေးတင်းကြပ်ခြင်းဖြစ်သည်။ နေ့အချိန်တွင် သတ်မှတ်ထားသည့်လူအချို့ကတော့ မောင်းမဆောင်အတွင်း ဝင်ထွက်၍ရသည်။


ဆေးလ်က နေ့အချိန်တွင် လူအများသွားလေ့မရှိသော ဆူတန်၏စာကြည့်ခန်းထဲ၌ အချိန်ကုန်ဆုံးလေ့ရှိသည်။ စာအုပ်များက အစစ်အမှန်ကို ပြပေးသည့်အတွက် သူ(မ) စာအုပ်ဖတ်ရခြင်းကို ကြိုက်နှစ်သက်သည်။


စာကြည့်ခန်းသို့ လာလည်သူများမှာ ဆေးလ်နှင့် နဝမမင်းသားသာ။ နောက်ကျတော့မှ သူ(မ)က သူ၏နေရာကို ဝင်ရောက်နှောင့်ယှက်မိခြင်းဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။ ထိုအရာကို သိရချိန်မှာ သူ(မ) ခါးသက်သက်သာ ရယ်မောနိုင်ခဲ့သည်။


တိုက်ခိုက်သံများက ပုန်ကန်မှုအမှန်တကယ်ဖြစ်နေကြောင်း သက်သေပြနေလေသည်။ ဓားများဖြင့်တိုက်ခိုက်နေသည့် ကျယ်လောင်သောအသံများက ဆေးလ်ကို ထထိုင်မ်ိသွားစေသည်။


ဒါက ငြိမ်နေရန် အချိန်ကောင်းမဟုတ်ပေ။ ဒါက သူ(မ)အတွက် ထွက်ပြေးရန် နောက်ဆုံးအခွင့်အရေး၊ ရှင်သန်ရန်၊ ပြင်ပမြေသို့ ခြေချနိုင်ရန် နောက်ဆုံးအခွင့်အရေး ဖြစ်သွားနိုင်သည်။


လက်ရှိဆူတန် နန်းချခံရလျှင် သူ၏ကိုယ်လုပ်တော်များက လွတ်မြောက်မှာလား ဒါမှမဟုတ် အသတ်ခံရမှာလား။


ဆေးလ်၏စိတ်ထဲ တွေးလိုက်မိသည်။


မင်းသားကိုင်နာက မောင်းမဆောင်မှအမျိုးသမီးများကို လွှတ်ပေးမည်လား။ သူ(မ)က သူ့ကိုအပေါ်ယံသာသိသဖြင့် သေချာမပြောနိုင်ပေ။


နှစ်ခုလုံးက အဆင်ပြေသည်။ သူ(မ) လွတ်မြောက်သွားလျှင် ပြင်ပလောကသို့ ခြေချ၍စွန့်စားသွားလာနိုင်သည်။ မဟုတ်လျှင်လည်း သေခြင်းက အဆင်ပြေ၏။


သူ(မ)ကိုမသတ်မီ သူတို့က ပြင်ပသို့ခြေချခွင့်ပေးလျှင်ကောင်းမည်ဟု သူ(မ)တွေးမိသော်ငြား မဖြစ်လာနိုင်သည်ကိုလည်း လက်ခံထားသည်။ အဆုံးမှာတော့ မောင်းမဆောင်သို့ရောက်လာချိန်ကတည်းက သူ(မ)၏ကံကြမ္မာက သတ်မှတ်ပြီးသားဖြစ်သည်။ ညအိပ်ဝတ်စုံဖြင့် ဝေးဝေးပြေး၍မရသည်ကို သူ(မ)သိသည်။ သို့သော်လည်း ဘာဖြစ်ဖြစ် သူ(မ)ကတော့ ဒီနေရာမှ ရအောင်ထွက်ပြေးလိုသည်။


သူ(မ)၏စိတ်ကို သေချာမပြင်ရသေးသော်လည်း သည်းမခံနိုင်တော့သည့်အတွက် သူ(မ) ထွက်ပြေးလိုက်တော့သည်။


ခပ်လှမ်းလှမ်းမှ အော်ဟစ်သံများကို ကြားနေရသဖြင့် တုန်လှုပ်နေခဲ့မိသော်လည်း ခြေထောက်များကတော့ ဆက်၍ပြေးနေခဲ့သည်။


သူ(မ) မောင်းမဆောင်သို့ပြန်ရောက်ချိန်တွင် အစေခံများနှင့် ကိုယ်လုပ်တော်များအားလုံးက တန်ဖိုးကြီးလက်ဝတ်လက်စားများကိုယူကာ ထွက်ပြေးရန် ပြင်နေကြလေပြီ။


ဆေးလ်က သူတို့ကိုလစ်လျုရှုပြီး မောင်းမဆောင်၏ ဥယျာဉ်ထံသို့ပြေးခဲ့သည်။ ဥယျာဉ်၏အနောက်တွင် ပြင်ပမှပစ္စည်းများပို့လေ့ရှိသော တံခါးတစ်ခုရှိသည်။ အစားအသောက်ပို့ရသည့်သူမှလွဲ၍ ထိုနေရာအား မည်သူမှမသိပေ။ ဆေးလ်ကသာ အမှတ်မထင်တွေ့ခဲ့ခြင်းဖြစ်သည်။


ဒီည အဲ့ဒီတံခါးကနေ ထွက်ပြေးနိုင်ပါ့မလား။


သူ(မ) ထိုတံခါးမှထွက်ပြေးရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ဖူးသည်။ သို့သော် လုံခြုံရေးသေချာချထားသည့်အတွက် အလျှော့ပေးခဲ့ရသည်။ ယနေ့ကတော့ ကွဲပြားနေလိမ့်မည်။


ချွန််ထက်နေသည့်ကျောက်တုံးများက သူ(မ)၏ခြေထောက်ကို လာစူးနေခဲ့သည်။ သူ(မ) ခြေဗလာဖြင့်ပြေးနေသည်ကို သိသော်လည်း မရပ်တန့်ခဲ့ပေ။


အားလုံးက သူ(မ)မျှော်လင့်ထားသည့်အတ်ိုင်းပင်။ တံခါးတွင် အစောင့်ရှိမနေပေ။ သူ(မ) တံခါးလက်ကိုင်ကိုကိုင်ကာ အားကုန်သုံး၍ဖွင့်လိုက်သည်။


တံခါးက အမြင်ကဲ့သို့ လေးမနေဘဲ အလွယ်တကူပွင့်သွားခဲ့၏။


သူ(မ) အပြင်သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။


ထိုအခိုက် ပူနွေးသည့်အရာတစ်ခုက သူ(မ)၏မျက်နှာပေါ်သ်ို့ ကျလာသည်။ သူ(မ) အပေါ်သို့မော့ကြည့်လိုက်၏။ ကြီးမားသည့်အရာတစ်ခုက ဘေးသို့ကျမသွားမီ သူ(မ)၏မြင်ကွင်းကို တားဆီးနေခြင်းပင်။ ခဏအကြာတွင် ထိုအရာက တံခါးကို စောင့်ကြပ်နေခဲ့သည့် ရဲမက်၏ခန္ဓာကိုယ်ဖြစ်သည်ကို သူ(မ) သဘောပေါက်သွားသည်။


"သူ(မ)က ဆူတန်ရဲ့အမျ်ိုးသမီးလား။"


မီးတုတ်များ၏အလင်းရောင်ကြောင့် သူ(မ)၏မျက်လုံးများစူးကာ ဘာမှမမြင်နိုင်ဖြစ်သွားခဲ့သည်။ သူတို့က အရိပ်ထဲတွင်နေခဲ့သောကြောင့် သူ(မ) သူတို့ကို သတိမထားမိခဲ့ခြင်းပင်။


သူ(မ)၏ဘေးမှအရာက သွေးမဟုတ်ဘူးမလား။


အလောင်းများက မြေပေါ်တွင် ပုံနေလေသည်။ သွေးနံ့များက သူ(မ)ကို မူးဝေစေ၏။ ယခုက ထိုသို့ဖြစ်ရန် အချိန်မဟုတ်သေးပေ။


သူ(မ) ခြေတစ်လှမ်းတိုးရန်လိုအပ်သည်။ သူ(မ)အနေနှင့် ခြောက်သွေ့သောမြေပေါ်တွင် ရပ်လိုခြင်းဖြစ်ပြီး ယခုလိုသွေးစိုနေသော မြေပေါ်တွင်မဟုတ်ပေ။


သူ(မ) လျစ်လျူရှု၍ ထိုအလောင်းများဘေးမှ ဆက်လျှောက်ရန် လုပ်လိုက်စဉ်-


"ရပ်လိုက်။"


ချွန်ထက်နေသော ဓားသွားတစ်ခုက သူ(မ)လည်ပင်းကို ရွယ်ထား၏။


ကြောက်ရွံ့ရမည့်အစား ဆေးလ် တောက်ပစွာပြုံးလိုက်သည်။ ဓား၏အစွန်းက အနည်းငယ်လှုပ်ခါသွား၏။ ထိုလူ အံ့သြသွားသည်ကို သူ(မ)ခံစားမိသော်လည်း သူ(မ)ရပ်တန့်၍မရပေ။


ထိုအစား ဆေးလ်က ဓားကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်လိုက်ရာ သွေးများက လက်မှစီးကျလာခဲ့သည်။


ပိုးသားညဝတ်အင်္ကျီက သူ(မ)၏ခန္ဓာကိုယ်ပေါ်မှ လျှောကျသွားတော့၏။


သူ(မ) ခြောက်သွေ့သောမြေရှိရာသ်ို့ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် သူ(မ)၏ ဗလာကျင်းနေသောခန္ဓာကိုယ်က မီးရောင်များအောက်တွင် ပေါ်လာတော့သည်။


ဆေးလ်က ဓားကိုဆုပ်ကိုင်ထားသည့်လက်ကို ဖြည်းဖြည်းချင်း လွှတ်လိုက်သည်။


"အခု လုံလောက်သွားပါပြီ။"


ဆေးလ် သူ(မ)ကို ဓားဖြင့်ရွယ်ထားသူကိုကြည့်ပြီး ပြုံးပြလိုက်၏။ ထိုအချိန်မှ ထိုလူက သူ(မ)အရွယ်လောက်သာရှိသော လူငယ်ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ ဒီလို ငယ်ရွယ်သည့် စစ်သည်တစ်ယောက်က မင်းသားကိုင်နာအတွက် အသက်စွန့်တိုက်ခိုက်သည်မှာ ဘယ်လောက်ထိရူးမိုက်ကြောင်း သူ(မ) တွေးနေမိသည်။


"ဘာကို လုံလောက်တာလဲ။"


မီးတုတ်ကိုင်ထားသည့် စစ်သည်၏အနောက်မှ အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။


ဆေးလ် ထိုမေးခွန်းကို မဖြေခဲ့ပေ။ ထိုအစား နောက်ဆုံးအကြိမ်အဖြစ် ကောင်းကင်ကိုသာ မော့ကြည့်နေခဲ့သည်။ ဤအချိန်မတိုင်မီက ဆူတန်၏အိိပ်ခန်းတွင် တောက်ပစွာထွန်းလင်းနေခဲ့သည့် လမင်းကြီးက ယခုထိ ဆက်လက်ထွန်းလင်းနေသေးသည်။ သူ(မ)၏အနားမှ မီးရောင်များကြောင့်သာမဟုတ်လျှင် လမင်း၏ဘေးရှ်ိ ကြယ်များကိုပါ မြင်နိုင်လိမ့်မည်။


သူ(မ) မသိလိုက်ခင်မှာပဲ လူတစ်ယောက်က သူ(မ)ကို အဝတ်အစားများဖြင့်ပတ်ကာ မြေပေါ်မှ ပွေ့ယူလိုက်သည်။


"ဟမ်?"


သေချာကြည့်လိုက်သောအခါ သူ(မ)က အနက်ရောင်ခြုံထည်ဖြင့် လွှမ်းခြုံခံထားရပြီး အမျိုးသားတစ်ယောက်၏ ရင်ခွင်ထဲသို့ရောက်နေလေသည်။ ထိုရင်ခွင်ပိုင်ရှင်ကို မှတ်မိသွားချိန်တွင် သူ(မ)၏ အသက်ရှူသံများပင် ရပ်တန့်သွားခဲ့သည်။


ထိုသူ၏ဆံပင်များက ညအရောင်ကဲ့သ်ို့ နက်မှောင်နေ၏။ နှာတံမြင့်မြင့်နှင့် မေးရိုးချွန်ချွန်ကို ပိုင်ဆိုင်ထားသည်။ မျက်ဝန်းများကလည်း ဆံပင်အရောင်နှင့် အတူတူပင်။ သူ(မ)တို့က သက်တူရွယ်တူဝန်းကျင်ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်က ဆေးလ်ထက် နှစ်ဆကြီးမား၏။


"မင်းသား...?"


ဆေးလ် သူ့ကိုခေါ်လိုက်သည့်အတွက် သူ၏အကြည့်က သူ(မ)ထံ ရောက်လာသည်။


ထိုစဉ် သူ(မ)သည်းခံထားခဲ့သော ပျို့အန်ချင်စိတ်က ပြန်ပေါ်လာ၏။ သူ(မ) သူ့ထံမှ ထွက်ပြေးရန်ကြိုးစားသော်လည်း သူက အလွတ်မပေးပေ။


အဆုံးမှာတော့ ဆေးလ် သူ့ပခုံးပေါ် အန်ချလိုက်မိတော့သည်။


"မင်းက ဓားကြောင့်သေမှာကိုတော့ မကြောက်ဘဲ ကိုယ့်ကိုယ်ပေါ်မှာ အန်မိမှာကိုတော့ ကြောက်တယ်ပေါ့။"


ဆေးလ် ဘာမှမစားရသေးသည့်အတွက် အန်လိုက်သည်ကလည်း အရည်များသာ။


မင်းသားက ပခုံးပေါ်မှအရာများကို စိတ်ထဲမထားဘဲ သူ(မ)ကိုပွေ့၍ မောင်းမဆောင်ထဲသို့ ဝင်သွား၏။


ပိုင်ဆိုင်မှုများနှင့်အတူ ထွက်ပြေးရန်လုပ်နေသည့် အမျိုးသမီးများက လက်နက်များဖြင့်ရဲမက်များကို တွေ့ရသည့်အတွက် အော်ဟစ်လိုက်ကြသည်။


"တိတ်ကြစမ်း!"


မင်းသားကိုင်နာ၏ ဘယ်လက်ရုံးက ဓားယမ်းကာ ခြိမ်းခြောက်လိုက်ချိန်တွင် အော်သံများက ပို၍ကျယ်လာခဲ့သည်။ ဘယ်လက်ရုံးကတော့ ထိုအမျိုးသမီးများ အသံမတိတ်လျှင် အသတ်ခံရတော့မည်ဟု တွေးမိနေသည်။ မင်းသားက ရှုပ်ထွေးဆူညံသည့်အခြေအနေကို သဘောမကျပေ။


"မင်းတို့အားလုံး ထပြီးထွက်သွားကြတော့။ မနက်အထိ ဒီမှာရှိနေတဲ့သူက အသတ်ခံရမယ်။"


နန်းတော်က ယခု သူ၏အပိုင်ဖြစ်သွားခဲ့ပြီ။ ယခင်ဆူတန်က ရဲမက်များနှင့်အတူ ထွက်ပြေးလွတ်မြောက်သွားနိုင်လောက်သော်လည်း မင်းသားက စိတ်မပူပေ။ ကျန်သောစစ်သည်ရဲမက်များက သူ့လက်အောက်ခိုလှုံသွားပြီဖြစ်သည့်အတွက် နန်းကျဆူတန် ဘယ်နေရာမှာပင်ပုန်းနေပါစေ သူရှာနိုင်မည်ဟုယုံကြည်သည်။


အစထဲက ပုန်ကန်မှုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက် တစ်ခုသာရှ်ိသည်။


ကိုင်နာ သူ၏ရင်ခွင်ထဲတွင်ရှိနေသေးသော ဆေးလ်ကိုကြည့်လိုက်သည်။ သူ(မ)၏မျက်လုံးများ ပိတ်နေသဖြင့် သူ(မ) သတိမေ့သွားခြင်းဖြစ်မည်။


"သမားတော်ကိုခေါ်လိုက်။"


"ကောင်းပါပြီ ဆူတန်။"


အားလုံးက ဆူတန်က်ိုင်နာ၏ ခြေရင်းတွင် ဒူးထောက်လိုက်ကြသည်။


***


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment