အချပ်ပို (၂)
"ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး မြန်မြန်လုပ်ပေးပါ။"
"မင်းရဲ့တောင်းဆိုချက်ကို လိုက်လျောဖို့ ကိုယ့်အတွက် မင်းရဲ့ခြေထောက်တွေကိုကားပြီး *ဖုတ်ကို ဖြဲထားပေးဖို့လိုတယ် ဆေးလ်။"
လှပသော ငွေရောင်အမွေးများနှင့် ရှုပ်နေသည့်နေရာလေးအား ဖော်ထုတ်ပြမည့်မြင်ကွင်းကို သူ လက်မလွှတ်နိုင်ပေ။ ကိုင်နာက ဆေးလ်၏ နွေးထွေးသောနေရာလေးထဲ မျက်နှာအပ်လိုက်ရာ ဆေးလ်က ကျယ်လောင်စွာသက်ပြင်းရှိုက်လိုက်သည်။ သူက ဆေးလ်၏ရနံ့တို့ကို အလုံးစုံရှူရှိုက်တော့မလိုမျိုး အသက်ရှူသွင်းလိုက် ရှူထုတ်လိုက်လုပ်နေ၏။
နူးညံ့သောလျှာလေးက သူ(မ)၏ပေါင်ခြံပေါ် ဖြတ်သန်းလာခဲ့သည်။ သူ(မ)၏ခြေထောက်များက ပြိုလဲတော့မလိုမျိုး တုန်ယင်လာကာ အနောက်သို့ယိုင်သွားခဲ့သည်။ သူက သန့်ရှင်းပေးသည်ဆိုသော ခေါင်းစဥ်အောက်မှာ လောဘကြီးစွာ စုပ်ယူကာ လျက်နေခဲ့ပြီး ဆေးလ်တစ်ယောက် ပိတ်ထားသောနှုတ်ခမ်းသားများဖြင့် ငိုသံကဲ့သို့ ညည်းညူနေခဲ့၏။
အောက်ဘက်မှာ ကိုင်နာ သူ(မ)ကိုစုပ်ယူနေသည့်အသံများအား ဆေးလ် ကြားနေရသည်။
"အာ၊ ကျေးဇူးပြုပြီး..."
"ကိုယ် ဖြည်းဖြည်းချင်း စုပ်ပေးနေတဲ့အချိန်မှာတောင် မင်းဆီကနေ အရည်တွေတတောက်တောက်ကျနေတာက အကျင့်ဖြစ်လာတဲ့ပုံပဲ။"
"အရှင်ကိုင်နာက အခုလိုလုပ်နေတာကိုး..."
သူ(မ)က မျက်ရည်များဝဲနေသော်လည်း ပြောချင်သည့်အရာကို ပြောင်ပြောင်တင်းတင်း ပြောလိုက်လေ၏။ သူ(မ)၏စကားထဲမှာ သူ့အပေါ် မကျေနပ်ချက်များပါနေသော်လည်း ကိုင်နာကတော့ ကျယ်လောင်သောအသံနှင့်အတူ ဆေးလ်ကို စားသုံးနေခဲ့သည်။ သူ၏နှုတ်ခမ်းများ၊ မေးစေ့နှင့်၊ မေးရိုးအောက်ပိုင်းတစ်ခုလုံး သူ(မ)၏အရည်များနှင့် စိုရွှဲသွားခဲ့လျှင်တောင် ပြဿနာမရှိချေ။
"အရှင်မင်းကြီး၊ ဆဌမမင်းသမီးမာရ်ဂါက တွေ့ခွင့်တောင်းနေပါတယ်။"
တံခါးအပြင်ဘက်မှ ဟာဆန်၏အသံကြောင့် ဆေးလ် ကိုင်နာ၏ဦးခေါင်းကို တွန်းဖယ်လိုက်သည်။ ထိုအခိုက်အတန့်၌ သူ၏ပုံရိပ်ထင်ဟပ်နေသော သူ(မ)၏ မီးခိုးရောင်မျက်ဝန်းများက စိုစွတ်နေခဲ့သည်။ ဆေးလ် ၎င်းအားမသုတ်နိုင်ခင် ကိုင်နာ၏အဖြေက ထွက်ပေါ်လာခဲ့သည်။
"ဝင်လာခဲ့။"
ချက်ချင်းဆိုသလို အမျိုးသမီးတစ်ယောက်က ဝင်ရောက်လာသည်နှင့် ဆေးလ် ရှက်ရွံ့သွားလေ၏။ အီနင်းပြောခဲ့သလို သူ(မ)က ချောမောသောအလှလေးတစ်ယောက်ပင်။ သူ(မ)က မျက်နှာထက် ပဝါအုပ်ထားသော်လည်း အလွန်ပါးလျနေသည့် ငွေရောင်ပဝါက သူ(မ)၏အလှကို ပို၍တိုးလာစေခဲ့၏။
မီရ်ဂါ အခန်းထဲကိုဝင်လာချိန်၌ ကိုင်နာက ဆေးလ်၏အရှေ့မှာ ဒူးထောက်နေပြီး သူ၏မျက်နှာကို သူ(မ)၏ခန္ဓာကိုယ်အောက်ပိုင်းမှာ မြှုပ်နှံထားကြောင်း တွေ့လိုက်ရလေ၏။
"...အရှင်မင်းကြီး?"
"မင်းက အစ်မတစ်ယောက်မဟုတ်တော့ဘူး။ ဘာလဲ ကျင့်ဝတ်တွေကိုမေ့သွားပြီလား။"
ဆေးလ်က သူ့ကိုတွန်းထုတ်နေတာတောင် ကိုင်နာက နောက်ဆုတ်မသွားဘဲ သူ(မ)၏လျှို့ဝှက်နေရာကို ဆက်ပြီးလျက်နေကာ သြရှရှအသံဖြင့် ပြောလိုက်သည်။ သူက မီရ်ဂါကို တစ်ချက်ကလေးတောင် လှည့်မကြည့်ခဲ့ပေ။
မီရ်ဂါ့ကို မျက်နှာချင်းဆိုင်နေရသူက တုန်ယင်နေသောခြေထောက်များဖြင့် ရပ်နေသည့် ဆေးလ်တစ်ယောက်တည်းသာ။ ဤသည်မှာ ၎င်းတို့၏ ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်၏။
အစပိုင်းမှာ မီရ်ဂါက အံ့အားသင့်သွားခဲ့သော်လည်း သိပ်မကြာခင် တောက်ပစွာပြုံးကာ ဒူးထောက်၍ နဖူးနှင့်ကြမ်းပြင်ကိုထိကပ်လိုက်သည်။
"ဆူတန်ကို ဂါရဝပြုပါတယ်။"
"ထတော့။"
ကိုင်နာက သူ(မ)ကို တစ်ချက်ကလေးတောင်မကြည့်ဘဲ ပြောလိုက်သည်။
သူ၏ခန္ဓာကိုယ်ကြီးက ပါးလျသောစကတ်အောက်မှာ ဖုံးကွယ်နေသော်လည်း သူ ဘာလုပ်နေကြောင်း သူ(မ)မပြောနိုင်ပေ။ ဆေးလ်တစ်ယောက် မူးဝေလာပြီး မျက်လုံးများကို တင်းကျပ်စွာဖိမှိတ်ထားလိုက်သည်။
"မတွေ့တာကြာပြီကို ကျွန်မကို မျက်နှာချင်းမဆိုင်တော့ဘူးလား။ ကျွန်မရဲ့နှလုံးသားလေး ကြေကွဲရပါတယ် အရှင်မင်းကြီး။"
ကိုင်နာက ဆေးလ်ဆုပ်ကိုင်ထားခဲ့သော သူ့ဝတ်ရုံကို သူ(မ)လက်ထဲကနေ ညင်သာစွာဆွဲယူလိုက်ပြီး သူ၏ဝတ်စုံကို ပြန်ပြင်လိုက်၏။ သွေးသားတော်စပ်သော မောင်နှမများကြားက ဖော်ရွေမှုတို့မရှိသကဲ့သို့ ဆေးလ်နှင့်အကြည့်ချင်းဆုံတော့မှသာ နူးညံ့သွားတတ်သည့် သူ၏မျက်ဝန်းများက အေးစက်နေခဲ့သည်။
"ဒါက ကိုယ့်ကိုယ််ကိုယ်အတွက် အမည်တစ်ခုရယူနိုင်ခဲ့တဲ့ အင်ပါယာရဲ့ တစ်ဦးတည်းသောကိုယ်လုပ်တော်ဆိုတာပဲကိုး။"
ဝင်ဝင်လာချင်း ဆေးလ်ကိုတွေ့လိုက်ရပြီး ထိုကဲ့သို့ပြောလာသည့် မီရ်ဂါ၏မျက်လုံးများက ယုံကြည်ချက်အပြည့်ရှိနေ၏။
ဆေးလ် သူ(မ)ဆီကနေ သဘောကျမှုကို မလိုချင်သော်လည်း မီရ်ဂါက ရန်လိုနေဖို့တော့ မလိုအပ်ပေ။
သူ(မ)၏ရည်ရွယ်ချက်များကို နားမလည်သော ဆေးလ်၏အရှေ့မှာ မီရ်ဂါ၏နှုတ်ခမ်းများက စွဲမက်ဖွယ်ကောင်းစွာဖြင့် ပင့်တက်သွားခဲ့သည်။
"ကောလာဟလတွေအရ သူ(မ)က မျိုးဆက်ပေါင်းများစွာ မြင်ဖူးသင့်တဲ့ ကြီးမြတ်သူတစ်ဦးကို လက်ဝါးကြီးအုပ်ထားတဲ့ ရှားရှားပါးပါး အမျိုးသမီးတစ်ဦးပဲဆို။"
"မီရ်ဂါ။"
သူ(မ)က သူ၏အစ်မကြီးဖြစ်သည်။ အသက်ဆယ့်ငါးနှစ်အရွယ် သူ(မ) နန်းတော်ကိိုပြန်ရောက်ကတည်းက သူ(မ)က စတုတ္ထမင်းသမီးအီရန်ရှားနှင့် တစ်ပူးပူးတစ်တွဲတွဲပင်။
ကိုင်နာက သူ(မ)၏နာမည်ကိုခေါ်လိုက်သည့်အတွက် မီရ်ဂါက ရယ်လိုက်သော်လည်း ၎င်းမှာ သတိပေးချက်ဖြစ်သည်။ ကိုင်နာက ဝမ်းကွဲနှင့်မဟုတ်ဘဲ သူစိမ်းတစ်ယောက်နှင့် မျက်နှာချင်းဆိုင်နေရသကဲ့သို့ ခန့်မှန်းရခက်သောအကြည့်များဖြင့် ဆေးလ်၏နံဘေးမှာ မတ်တတ်ရပ်လိိုက်သည်။
"သူ(မ)ကို ဘယ်လိုလူမျိုးလဲလို့ သိချင်နေခဲ့တာ။ အခုလို လှပပြီး နူးညံ့တဲ့မိန်းကလေးဖြစ်နေမယ်လို့ ထင်မထားခဲ့မိဘူး။ ဂါရဝပြုပါတယ် ဟားစခိ ကေဒင် အယ်ဖန်ဒီ။"
မီရ်ဂါက ဦးညွတ်ကာ ဆူတန်၏ကလေးအား မွေးဖွားပေးခဲ့သည့် ကိုယ်လုပ်တော်၏ 'ဟားစခိ' ဆိုသည့်ဘွဲ့ကို ဖိပြောလိုက်သည်။
"တွေ့ရတာဝမ်းသာပါတယ်၊ မင်းသမီး။"
ဆေးလ်၏မျက်လုံးများက အနည်းငယ်ပူနေသော မီရ်ဂါ၏ဝမ်းဗိုက်ပေါ် ကျရောက်သွားခဲ့သည်။ သူ(မ) မီရ်ဂါကိုယ်ဝန်ရှိနေသည်ဟု မကြားမိခဲ့ပေ။
မီရ်ဂါက ဆေးလ်၏အကြည့်များကို အာရုံခံမိပြီး သူ(မ)၏ဝမ်းဗိုက်ကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်လိုက်သည်။
"ဒါက ကျွန်မခင်ပွန်းချန်ခဲ့တဲ့ အမွေပါ။"
သုံးနှစ်တာအိမ်ထောင်ရေးပြီးနောက် တိုင်းတစ်ပါး၏တောင်ဝင်မိသားစုဝင်ဖြစ်သော ခင်ပွန်းသည်ဆုံးပါးသွားချိန်၌ ကလေးတစ်ယောက်ကိုလွယ်၍ အင်ပါယာသို့ အဘယ့်ကြောင့်ပြန်လာခဲ့မှန်း ဆေးလ် နားလည်သွားခဲ့သည်။
"တချို့က တို့ဝမ်းထဲကကလေးကို သားယောက်ျားလေးဖြစ်မှာ စိုးရိမ်နေကြတယ်။ အရှင်မင်းမြတ် တို့ကိုကာကွယ်ပေးမယ်မလား။"
ဆေးလ်လည်း ကလေးမွေးဖူးသည့်အတွက် ၎င်းအား နားလည်နိုင်ပေသည်။ သူ(မ) ဆေးလ်ကို ရန်လိုနေသည့်အခိုက်အတန့်တုန်းက သူ(မ)၏ကလေးကိုကာကွယ်ချင်သည့် သူ(မ)၏သတိကြောင့်ဖြစ်နိုင်သည်။
"အရှင်မင်းမြတ်။"
ဆေးလ်ကလည်း ကိုင်နာ့ကို ခေါ်လိုက်လေ၏။ သူ(မ)လက်ထပ်ထားသောနေရာ၌ ကောင်းကောင်းမမွေးဖွားနိုင်လောက်ပေ။ မိသားစုဝင်အများစုက ကိုင်နာ၏လက်ထဲမှာ အသက်ပျောက်ခဲ့ကြပြီး သူ(မ)မှာ တစ််ဦးတည်းသောမိသားစုဆိုလို့ ၎င်းတို့၏သွေးသားများကို သုတ်သင်ခဲ့သည့် ကိုင်နာတစ်ယောက်တည်းသာ ကျန်တော့သည်။ မီရ်ဂါရရှိထားသော ခြိမ်းခြောက်မှုများက မည်မျှကြောက်စရာကောင်းလိုက်မည်နည်း။ ဆေးလ် တံတွေးမျိုချလိုက်သည်။
"သဘောမနောကောင်းလှတဲ့ ကိုယ့်ရဲ့ကေဒင်လေးက တောင်းဆိုလာတာဆိုတော့ ကိုယ် နားထောင်ပါ့မယ်။ တစ်ခုတော့ရှိတယ် မင်း ကလေးမွေးပြီးတဲ့အထိပဲ။ မင်းရဲ့ကလေးကို တိုင်းတစ်ပါးတော်ဝင်မိသားစုရဲ့ ဆက်ခံသူဖြစ်စေချင်ရင် မင်းဘာသာမင်းပဲလုပ်။ အဲ့ဒါက ဒီကိုလာရတဲ့ တကယ်ရည်ရွယ်ချက်အစစ်အမှန်ပဲမလား မီရ်ဂါ?"
မီဂါရ်သာဆို သူ(မ)က ကိုယ်လုပ်တော်များကြားတိုက်ပွဲမှာ အလွယ်တကူရှင်သန်နိုင်သည်။ ဆိုလိုသည်မှာ သူ(မ)က ကလေးမွေးဖွားသည့်အကြောင်းပြချက်ဖြင့် ဤနေရာကနေထွက်ပြေးသွားခဲ့လျှင် တစ်ဖက်က ပျော်ရွှင်နေမည်မဟုတ်ပေ။
"ကျေးဇူးတင်ပါတယ် ကေဒင်။ ကျွန်မ အင်ပါယာရဲ့ တစ်ဦးတည်းသော ဟာစခိ ကေဒင် အယ်ဖန်နီအတွက် သိပ်ကိုကောင်းမွန်တဲ့ လက်ဆောင်တစ်ခုပြင်ထားပါတယ်။"
မီရ်ဂါ၏မျက်ဝန်းများက ကြယ်လေးများလို တောက်ပနေသည်။
မီရ်ဂါက အပြင်ဘက်ကနေ တစ်စုံတစ်ယောက်ကို ခေါ်လိုက်၏။ သိပ်မကြာခင် မီရ်ဂါပြောလာသော လက်ဆောင်က သက်မဲ့ပစ္စည်းမဟုတ်ဘဲ သက်ရှိဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ သူ(မ)လိုငွေရောင်ဆံပင်ရှိပြီး မျက်ဝန်းနီများနှင့်အမျိုးသမီးက ဖြောင့်မတ်နေသောကျောပြင်နှင့်အတူ အခန်းထဲသို့ဝင်လာခဲ့သည်။
"ဒီကလေးက ကျွန်မခင်ပွန်းရဲ့ ကိုယ်လုပ်တော်ဖြစ်လာခဲ့တာလေ။ ကျွန်မ သူ့ကို ခြေလက်တွေအဖြစ်အသုံးပြုဖို့ ခေါ်လာခဲ့တာ၊ ဟားစခိလည်း သူ(မ)ကို သဘောကျမှာသေချာပါတယ်။"
ခင်ပွန်းသည်ဆုံးပါးသွားပါက အထူးတလှယ်ဆန္ဒမရှိလျှင် ကိုယ်လုပ်တော်များက လွတ်လပ်ပြီဖြစ်၏။ သို့သော်လည်း ထိုလွတ်လပ်မှုက စစ်မှန်သောလွတ်လပ်မှုတော့မဟုတ်ပေ။
"လိုင်၊ ဂါရဝပြုလိုက်။"
"အင်ပါယာရဲ့ဧကရာဇ် အရှင်မင်းမြတ်နဲ့ တစ်ဦးတည်းသော ဟားစခိ ကေဒင် အယ်ဖန်ဒီကို ဂါရဝပြုပါတယ််။"
ကြည်လင်ရှင်းသန့်သောအသံဖြင့် ပြောလာသည့်အမျိုးသမီးက ဦးခေါင်းကို ကြမ်းပြင်နှင့်ထိကပ်ကာ ဒူးထောက်ထား၏။ သူ(မ)က ထိုနေရာမှာဝပ်တွားနေဆဲဖြစ်ပြီး ကိုင်နာက သူ(မ)ကို ခေါင်းမော့လာဖို့ အမိန့်မပေးခဲ့ချေ။
"အရှင်မင်းမြတ်?"
ကိုင်နာ၏မျက်ဝန်းများက ကြမ်းပြင်ပေါ်မှာ ဝပ်တွားနေသောအမျိုးသမီးဖြစ်သူ လိုင်ဆီကနေ အကြည့်မခွာခဲ့ချေ။
လူနည်းစုမှာသာ ငွေရောင်ဆံပင်ရှိတတ်ကြသည်။ လိုင့်မှာသာ ဆေးလ်လို မျက်လုံးအရောင်တူရှိလျှင် ပိုကောင်းမည်ဖြစ်သော်လည်း မီရ်ဂါကတော့ ယခုအရာနှင့်ပင် ကျေနပ်နေပြီဖြစ်၏။ မီရ်ဂါ ကိုင်နာ၏မျက်လုံးများကို ကြည့်လိုက်သောအခါ သူ(မ)၏မှန်းဆချက်က မှန်ကန်သည်ဟုထင်သွားခဲ့၏။ မီရ်ဂါက လက်ဆောင်ကို ဆေးလ်အတွက်ဟုပြောခဲ့သော်လည်း အစကတည်းက ကိုင်နာ့အတွက်ရည်ရွယ်ခဲ့သည်။
ကိုင်နာ၏အကြိုက်က ထိုသို့ဆိုလျှင် ယင်းက ရှားပါးပြီး ရှာဖွေရခက်လျှင်တောင် သူ(မ)မလုပ်နိုင်တာ ဘာမှမရှိချေ။
"မီရ်ဂါ။"
ကိုင်နာက လိုင့်ကိုကြည့်နေ၏။ ဆေးလ်ကိုကြည့်နေခဲ့သော မီရ်ဂါက ထိုအခါမှ သူ့ဘက်သို့ ပြန်လှည့်ကြည့်လိုက်ရာ ကိုင်နာ သူ(မ)ကိုခေါ်လာသည်အား ပြန်ဖြေဖို့အတွက် နောက်ကျသွားခဲ့သည်။
ပုံမှန်အမျိုးသမီးတစ်ယောက်က ခင်ပွန်းသည်အတွက် တစ်ဦးတည်းသောသူဖြစ်နေချိန်မှာ အထူးတလှယ်တစ်စုံတစ်ခုနှင့် ခြိမ်းခြောက်ခံရပါက မနာလိုခြင်းနှင့် စိုးရိမ်ကြောင့်ကြမှုတို့ကို ပြသလိမ့်မည်။ သို့သော် မီရ်ဂါ သူ(မ)၏မျက်နှာပေါ်မှာ မြင်လိုက်ရသည့်အရာက အံ့အားသင့်မှုနှင့် စူးစမ်းလိုစိတ်တို့သာ။
မီရ်ဂါ မျက်မှောင်ကြုတ်လိုက်၏။
စူးစမ်းလိုစိိတ်။ အနာဂတ်က မည်သို့ဖြစ်လာမလဲကို သူ(မ) သိလိုက်လေပြီ။ အရှေ့ကို တစ်လက်မလေးတောင်ကြိုမမြင်နိုင်သည့် ကေဒင်တစ်ယောက်က မည်မျှရူးမိုက်လိုက်သနည်း။
အမျိုးသားတစ်ယောက်၏ ချစ်ခြင်းမေတ္တာတို့က အမျိုးသမီးတစ်ယောက်မှ အခြားတစ်ယောက်အပေါ် အလွယ်တကူပြောင်းလဲတတ်သည်။ ကိုင်နာ မင်းသားဘဝတုန်းက အမျိုးမျိုးသောမိန်းကလေးများကို တွေ့ခဲ့ဖူးပြီး စေ့စပ်ပွဲတောင် လုပ်ခဲ့သေးသည်။ သူက အသက်နှစ်ဆယ်ပြည့်တော့မှသာ ရပ်တန့်သွားခဲ့၏။ သို့သော် ယခု သူက ဧကရာဇ်ဖြစ်လာပြီး အကျင့်များက ပြောင်းလဲသွားပြီဟု မည်သူပြောနိုင်သနည်း။
ဆူတန်၏ကလေးကို မွေးဖွားပေးနိုင်သော ကိုယ်လုပ်တော်အများစုက ဘယ်သောအခါမှ ထပ်တလဲလဲ မွေးဖွားမပေးနိုင်ချေ။
"မီရ်ဂါ။"
ကိုင်နာက ထပ်ပြီးခေါ်လိုက်သည်။ ထိုအခါမှ မီရ်ဂါက ဆေးလ်ဆီကနေအကြည့်ခွာကာ ပြန်ဖြေခဲ့၏။
"အမိန့်ရှိပါ အရှင်မင်းမြတ်။"
"မင်းက ဘယ်လိုအသက်ရှင်ရမလဲဆိုတာကို သိတယ်။ ထွက်သွားဖို့ ဆုံးဖြတ်ခဲ့တာက ပညာရှိတဲ့ဆုံးဖြတ်ချက်ပဲ။"
ကိုင်နာ၏မျက်လုံးများက ဆေးလ်ကို စူးစိုက်ကြည့်နေသည်။ စူးစမ်းနေသော မီးခိုးရောင်မျက်ဆံများက လဲလျောင်းနေသော လိုင်ကို စိုက်ကြည့်နေခဲ့၏။ ဆေးလ်ကိုကြည့်နေရင်း ကိုင်နာက သူ့နှုတ်ခမ်းထောင့်တစ်ဖက်ကို တွန့်ချိုးလိုက်လေသည်။
"စိတ်ဝင်စားဖို့ကောင်းသားပဲ။ သခင်မလေးဆေးလ်၊ မင်း ဘယ်လိုလုပ်ချင်လဲ။ ဒီလက်ဆောင်ကို လိုချင်ရင် အင်းလို့ပြောလိုက်ရုံပဲ။"
ကိုင်နာက သူ့ပါတနာ၏နာမည်ကို လေးလေးစားစားနှင့် မြတ်နိုးစွာခေါ်လိုက်ပုံကြောင့် မီရ်ဂါ အံ့အားသင့်သွား၏။ ထိုအမျိုးသမီးရှေ့မှာ ဒူးထောက်တာတောင် မလုံလောက်သေးပေ။ သူက သခင်ကိုခစားနေသည့် အစေခံတစ်ယောက်လို သူ့နှလုံးသားတစ်ခုလုံးနှင့် ပြုမူနေခဲ့သည်။ ဤသည်မှာ ပြဇာတ်လေလော၊ ပြက်လုံးလေလော။ မီရ်ဂါ၏မျက်လုံးများက တောက်ပလျက် ဧကရာဇ်၏စိတ်အလိုမကျမှုကို ရှာဖွေနေခဲ့သည်။
"...ကျွန်မ သူ(မ)ကိုစကားပြောကြည့်ချင်တယ်။"
ဆေးလ်က လက်ဆောင်ကို ငြင်းလိုက်လျှင် မီရ်ဂါ့ကိုစော်ကားသလိုဖြစ်သွားလိမ့်မည်။ သို့သော် သူ(မ) လက်ခံလိုက်လျှင် လိုင်က အသံတိတ်ရောက်လာနိုင်သဖြင့် သူ(မ) ဒုက္ခရောက်လိမ့်မည်။ မီရ်ဂါက ဆေးလ်၏တုံ့ပြန်မှုကို သိချင်နေသော်လည်း သူ(မ)၏အဖြေက မမျှော်လင့်စွာထွက်ကျလာခဲ့၏။
လက်ခံသည်လည်းမဟုတ်၊ ငြင်းဆန်ခြင်းလည်းမဟုတ်သည့် မသဲကွဲသည့်စကားလုံးပင်။
ကိုင်နာကလည်း အတူတူပင်ခံစားရသကဲ့သို့ ဆေးလ်၏မေးစေ့ကို ဆုပ်ကိုင်လိုက်ပြီး သူ(မ)၏အာရုံစိုက်မှုကို သူ့ဆီပြောင်းယူလိုက်သည်။
"သူ(မ)ကို ယူမယ်လို့ပြောနေတာလား။"
ဒုက္ခရောက်နေသောအကြည့်က သူ(မ)၏မျက်နှာထက် ပျံ့နှံ့သွား၏။ သူ(မ) လူတစ်ယောက်ကို လက်ဆောင်ယူရမည်အား မယုံကြည်နိုင်ခဲ့ပေ။
"မင်း သေချာဖြေပေးဖို့လိုတယ်။ မင်းလက်ခံလိုက်ပြီဆိုတာနဲ့ အဲ့ဒါက သခင်မလေးဆေးလ်ရဲ့တာဝန်ဖြစ်သွားပြီ။"
တာဝန်တွေက တန်ကြေးတစ်ခုနဲ့လာတတ်တယ်။ ကိုင်နာက သူ့စိတ်ထဲမှာ ထပ်ပြောလိုက်သည်။
"ကျွန်မ သူ(မ)ကိုယူပါ့မယ်။"
ခဏတာရုန်းကန်နေခဲ့ရသည် ဆေးလ်၏ဆုံးဖြတ်ချက်က မီရ်ဂါ၏အပြုံးကို အနည်းငယ်မှောင်မိုက်သွားစေခဲ့သည်။ မီရ်ဂါက ဆူတန် သို့မဟုတ် ဆေးလ်တို့ စိတ်ပြောင်းသွားမလားဆိုတာကိုကြည့်ရန် သူ(မ)၏ပါးစပ်ကို အမြန်ဖွင့်ဟလိုက်သည်။
"ခရီးရှည်ကြီးကြောင့် သူ(မ)က ရှုပ်ပွနေတာပါ။ ရေမိုးချိုး၊ အဝတ်အစားလဲပြီးရင် သူ(မ)ကို လိုက်ပို့ပေးလိုက်ပါ့မယ်။ ဟားစခိက ကျွန်မရဲ့လက်ဆောင်ကို လက်ခံပေးတဲ့အတွက် ဝမ်းသာမိပါတယ်။
ကိုယ်လုပ်တော်အမျိုးသမီးကို မည်သို့ဖျက်ဆီးရကြောင်း ကောင်းကောင်းသိထားသော မီရ်ဂါနှင့် ပြီးပြည့်စုံသော ကိုယ်လုပ်တော်အမျိုးသမီးမဖြစ်ဖူးသည့် ဆေးလ်တို့ကို နှိုင်းယှဉ်စရာတောင်မလိုချေ။ သူ(မ)က ရင်ဆိုင်ရလွယ်ကူသော ပြိုင်ဘက်တစ်ဦးသာ။
မီရ်ဂါက ဤနေရာမှာရှိနေနိုင်ဖို့ ပြုလုပ်နိုင်ခဲ့သည်။ သူ(မ) ကလေးကို ဘေးကင်းစွာ မွေးဖွားပြီးချိန်အထိ သို့မဟုတ် သူ(မ)၏ကလေး ကြီးပြင်းလာတဲ့အချိန်အထိ ကိုင်နာဆီမှာ ကပ်နေရမည်။
မီရ်ဂါက ဆေးလ်ကို မယုံကြည်ပေ။ ဆေးလ်က နုံအကာ တုံးအပုံပေါက်နေသော်လည်း မီရ်ဂါက ၎င်းတို့၏စစ်မှန်သောသဘာဝကို ဖုံးကွယ်ကာ ပြိုင်ဘက်များကို သေတဲ့အထိ အန္တရာယ်ပြုနိုင်သည့် အမျိုးသမီးအများအပြားကို မြင်တွေ့ခဲ့ဖူးသူဖြစ်၏။ အခြားအမျိုးသမီးများအားလုံးကို သတ်ဖြတ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းနှင့် ဧကရာဇ်နံဘေးမှ တစ်ဦးတည်းသောဆေးလ်ကို ယုံကြည်ခြင်းက မိုက်မဲခြင်းသာဖြစ်လိမ့်မည်။
မီရ်ဂါ ငယ်စဉ်ကတည်းက မောင်းမဆောင်ကအမျိုးသမီးများနှင့်လည်း ဆက်ဆံခဲ့ဖူးပြီး လုပ်ကြံသတ်ဖြတ်ရန် ဆိုးဆိုးဝါးဝါးကြိုးပမ်းမှုများကို သူ(မ) မြင်တွေ့နိုင်ခဲ့တာတောင် တိုက်ပွဲထဲသို့ တွန်းပို့ခံခဲ့ရပြီး ထွက်ပြေးရသည့်အခြေအနေသို့ ကျရောက်ခဲ့သည် မဟုတ်လော။
သူ(မ)ခင်ပွန်း မသေမီက မီရ်ဂါ့ကို ကတိပေးခဲ့၏။ မွေးဖွားမည့်ကလေးသည် ယောက်ျားလေးဖြစ်လျှင် သူက အောင်နိုင်လိမ့်မည်ပင်။
သူ(မ)၏ဝမ်းထဲမှကလေးက ယောက်ျားလေးဖြစ်ရမည်။ ဖြစ်ကိုရမည်။ သို့မှသာ မီရ်ဂါက သူ(မ)၏ကလေးနှင့်အတူ အောင်နိုင်သူအဖြစ် စစ်မြေပြင်သို့ ပြန်သွားနိုင်လိမ့်မည်။
ထိုသို့ပြုလုပ်ရန်အတွက် သူ(မ)လုံးဝမသိသည့် ကိုင်နာ၏ကိုယ်လုပ်တော်ထက် သူ(မ)၏စိတ်နှလုံးကို အသုံးချနိုင်သော လိုင််ရှိနေခြင်းက ပိုကောင်းပေ၏။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့က တစ်ယောက်နှင့်တစ်ယောက် လိုချင်သည့်အရာများက ရှင်းလင်းနေသောကြောင့်ပင်။ သူ(မ)က လိုင်ကို ဧကရာဇ်အရှေ့ အရောက်ပို့ပေးမည်ဟု ကတိပေးခဲ့ပြီး လိုင်က သူ(မ)၏ကလေးကို ဘေးကင်းလုံခြုံစွာမွေးဖွားနိုင်ရန် ကူညီပေးဖို့ သဘောတူခဲ့သည်။
လိုင်က သူ(မ)ခင်ပွန်း၏ ကိုယ်လုပ်တော်ဖြစ်သည့်အချက်က အရေးမကြီးပေ။ ကလေးမရှိသော ကိုယ်လုပ်တော်တစ်ဦးက ခင်ပွန်းဖြစ်သူသေဆုံးပြီးနောက်မှာ ဘာမှမကျန်ရစ်ခဲ့ပေ။ သူ(မ)က လွတ်လပ်သော်လည်း ဘာလုပ်နိုင်မည်နည်း။ သူ(မ) အခြားမိသားစုထဲသို့ ဝင်ရောက်နိုင်သော်လည်း အင်ပါယာ၏ဧကရာဇ်ထက် သာလွန်သောအဖော်မရှိနိုင်တော့ပေ။
"ကိုယ့်ဇနီးလေး လက်ဆောင်ရခဲ့လို့ ဝမ်းသာပါတယ်။"
၎င်းက ဆိုးဝါးသော စတင်ခြင်းတော့မဟုတ်ခဲ့ပေ။
ကိုင်နာက လိုင့်ကို ခဏလောက် စိုက်ကြည့်နေသည်အား မြင်လိုက်ရသောအခါ မီရ်ဂါက ပို၍ယုံကြည်သွားခဲ့သည်။
***
Aurora Novel Translation Team