အချပ်ပို (၁)
သုံးနှစ်အတွင်း မီရ်ဂါက အင်ပါယာသို့ ပထမဆုံးအကြိမ်ပြန်ရောက်လာခဲ့သည်။
ယခင်ဆူတန်၏မောင်းမဆောင်ထဲရှိ အမျိုးသမီးများစွာမှ မွေးဖွားလာသော များလှစွာသောမင်းသမီးများထဲက တစ်ယောက်ဖြစ်သည့် မီရ်ဂါက တိုင်းတစ်ပါးသားနှင့်လက်ထပ်ခဲ့သည့် ဆဌမမင်းသမီးဖြစ်ပြီး ကိုင်နာ၏ သွေးတစ်ဝက်တော်စပ်သောအစ်မဖြစ်သည်။
သူ(မ)က ကိုင်နာ၏အစ်မ၊ ကိုင်နာ့ရင်ဘတ်ထဲကို ဓါးတစ်လက်ထိုးစိုက်ခဲ့သူ စတုတ္ထမင်းသမီးအီရန်ရှားနှင့် ရင်းနှီးသောဆက်ဆံရေးရှိသည်ဟု ကောလာဟလများရှိခဲ့သော်လည်း အီရန်ရှား သုတ်သင်ခံရပြီးနောက် ထွက်ပြေးသွားသကဲ့သို့ သူ(မ)က အခြားတိုင်းပြည်မှ တော်ဝင်မိသားစုနှင့်လက်ဆက်ကာ ထွက်ခွာသွားခဲ့သည်။ ထို့နောက် ခင်ပွန်းဖြစ်သူ ဆုံးပါးသွားပြီးနောက် အင်ပါယာသို့ပြန်လာမည်ဟု ကောလာဟလများထွက်လာသောအခါ နန်းတော်က ချက်ချင်းသက်ဝင်လာခဲ့သည်။
"သူ(မ)က ဘယ်လိုလူမျိုးလဲ။"
ဆေးလ်က ပြတင်းပေါက်အပြင်ကိုငေးလျက် မေးမြန်းလာသောအခါ အီနင်း၏အမူအရာက မည်းမှောင်သွားခဲ့သည်။ သူ(မ) သူ(မ)၏သခင်ဖြစ်သူကို မလိမ်ညာနိုင်ပေ။ ကလေးမွေးပြီးနောက်မှာတောင် ဆေးလ်က ပထမဆုံးအကြိမ်တွေ့ခဲ့ချိန်ကအတိုင်း နုနယ်နေဆဲပင်။ ဆေးလ်နှင့်ပတ်သက်လာလျှင် ကိုင်နာက အလွန်ဂရုစိုက်ကာ ဆတ်ဆတ်ထိမခံဖြစ်တတ်ပြီး သူ၏ဒေါသများကိုလည်း အလွယ်တကူ ထိန်းချုပ်မှုလွတ်သွားစေတတ်သည်။
ဆူတန်အတွက် ကလေးမွေးဖွားပေးသည့်အမျိုးသမီးကို ပေးအပ်သည့် 'ဟားစခိ ကေဒင် ပယ်ဖန်ဒီ' ဘွဲ့ရရှိသူက သန်မာနေမှဖြစ်မည်။ ၎င်းက အန္တရာယ်မျိုးစုံဝန်းရံနေသော ဤနန်းတော်ထဲမှာ ကလေးနှင့် သူ(မ)ကို ကာကွယ်ဖို့အတွက်ဖြစ်၏။
ယခု ၎င်းတို့အတွက် ခြိမ်းခြောက်မှုဖြစ်လာစေနိုင်သည့် အခြားကိုယ်လုပ်တော်များ မရှိသော်လည်း ကလေးက အရွယ်ရောက်လာသည်နှင့်အမျှ ပြိုင်ဘက်အသစ်များ သို့မဟုတ် အန္တရာယ်ရှိသောလူများ ပေါ်ပေါက်လာနိုင်သည်။
"သူ(မ)က တက်ကြွပြီး လှပတဲ့သူတစ်ယောက်ပါ။"
"အရှင်မင်းမြတ်နဲ့ တော်တော်လေးတူလားဟင်။"
ဆေးလ်၏ နူးညံ့သောလေသံထဲမှာ အဓိပ္ပါယ်တချိုု့ပါဝင်နေကြောင်း အီနင်း သတိပြုမိလိုက်သည်။ အမေမတူလျှင်တောင် သူ(မ)က သွေးတစ်ဝက်တော်စပ်သောအစ်မဖြစ်ရာ သူနှင့် ရုပ်ချင်းဆင်ပေလိမ့်မည်။
"သူတို့က တော်တော်လေး ရုပ်ဆင်ကြပါတယ်။ တစ်ချက်ကြည့်လိုက်တာနဲ့ အရှင်မင်းမြတ်နဲ့ သွေးသားတော်စပ်တယ်ဆိုတာကို ပြောနိုင်ပါလိမ့်မယ်။"
"သူ(မ)က အလှလေးပဲဖြစ်ရမယ်။"
ဆေးလ်က အသံတိတ်ရယ်မောလိုက်သည်။
ထိုအခါမှ သူ(မ)၏မျက်နှာက တင်းမာနေကြောင်း အီးနင် သတိပြုမိလိုက်ပြီး ရေးရေးလေးပြုံးလိုက်လေ၏။
"အင်း၊ သူ(မ)က နန်းတော်တစ်ခွင်လုံး ကောလာဟလတွေပျံ့စေတဲ့အထိ ချောမောတဲ့အလှလေးတစ်ယောက်ပါ။"
သူ(မ)က ယခင်ဆူတန်၏ အနှစ်သက်ဆုံး သမီးတစ်ယောက်ဖြစ်သည်။ များသောအားဖြင့် မင်းသမီးများက အချစ်မခံရသလို၊ ဂရုလည်းအစိုက်မခံရဘဲ နိုင်ငံရေးအတွက်သာ အသုံးချခံရတတ်ကြသည်။ ယခင်ဆူတန့်မှာ သားသမီးများစွာရှိပြီး သူက အားလုံး၏မျက်နှာနှင့် နာမည်များကို မမှတ်မိပေ။ သို့သော် သူက ဆဌမမင်းသမီး မီရ်ဂါကို ဂရုစိုက်ပြီး သူ(မ)၏နာမည်နှင့် မျက်နှာ၊ နှစ်မျိုးလုံးကို မှတ်မိနေပေ၏။
တကယ်တမ်းပြောရလျှင် မီရ်ဂါက ကိုင်နာ၏သွေးအပြည့်တော်စပ်သည့်အစ်မထက် အာဏာကို ပို၍မက်မောသည်။ ကိုင်နာ၏ချစ်သူဖြစ်လာစေဖို့ အစွမ်းကုန်ကြိုးစားနေခဲ့သော မီရ်ဂါက ရုတ်တရက် အရာအားလုံးကိုစွန့်လွှတ်၍ ထွက်ခွာသွားခဲ့စဥ် အီနင်း အံ့အားသင့်ခဲ့ရသေးသည်။ မီရ်ဂါကလည်း ကိုင်နာ့ကိုလုပ်ကြံသည့်ကိစ္စမှာ ပါဝင်ပတ်သက်ခဲ့လောက်သည်။ အီရန်ရှားက သူ(မ)ဘာသာ အစပျိုးလာသောအချိန်မှာ သူ(မ) တွန့်ဆုတ်နေခဲ့သည့်အတွက် လက်ထပ်ရန်ဟုဆိုကာ အခြားတိုင်းပြည်သို့ ဦးတည်ခဲ့ခြင်းဖြစ်လောက်သည်။
"သူ(မ)က ဘယ်လိုလူမျိုးလဲဆိုတာ သိချင်မိတယ်။"
"ရင်းရင်းနှီးနှီးမနေတာ ပိုကောင်းပါတယ်။"
"ကျွန်မ ဂရုစိုက်သင့်တာလား။"
"အရှ်မက လူတိုင်းကို သတိထားရမဲ့နေရာမှာရှိနေတာပါ။"
ကိုင်နာ သူ(မ)ကို မည်မျှထောက်ပံ့နေပါစေ၊ ဆေးလ်က ဧကရာဇ်၏ တစ်ဦးတည်းသောကိုယ်လုပ်တော်ဖြစ်ပြီး အချိန်မရွေး တစ်နည်းနည်းဖြင့် တွန်းထုတ်ခံရနိုင်၏။ သူ(မ) အရာအားလုံးကို ဂရုစိုက်ဖို့လိုအပ်သည်။ ကိုင်နာ သူ(မ)နှင့်အတူမရှိချိန်မှာ အီနင်းက ဆေးလ်တစ်ယောက်တည်းအတွက်သာ အကြွင်းမဲ့အာဏာကို ဆုပ်ကိုင်ထားရသည့် အကြောင်းအရင်းလည်းဖြစ်၏။
အရှင်မင်းမြတ်က ဆေးလ်ဆီကနေ ဘာကိုမှမတောင်းဆိုခဲ့ပေ။ ထိုအစား သူ(မ)၏ပတ်ဝန်းကျင်ကို ပို၍သန်မာလာအောင် ပြုလုပ်ပေးခဲ့သည်။
သူက အီနင်းကို အာဏာအပြည့်ပေးထားသော်လည်း သူက သူ(မ)ကို အဆက်မပြတ် စမ်းသပ်နေခဲ့ပြီး စောင့်ကြည့်နေကြောင်းကို အီနင်းသိပေ၏။ ကိုင်နာက မည်သူ့ကိုမှမယုံကြည်ပေ။ သူ့ကိုမွေးဖွားလာကတည်းက ပြုစုစောင့်ရှောက်ခဲ့သော အီနင်းကိုတောင်မှ အယုံအကြည်မရှိသည့်အတွက် သူက ဆက်ပြီးမေးခွန်းထုတ်ကာ စမ်းသပ်နေခဲ့သည်။ အရှင်မင်းမြတ်က ယခု အီနင်း၏မျက်စိရှေ့တွင်ရှိသော သွယ်လျသည့်အမျိုးသမီးကိုသာ ယုံကြည်ခဲ့သည်။ အကယ်၍ မောင်းမဆောင်ကသာ အရင်အတိုင်းအသက်ဝင်ခဲ့ပါမူ ဆေးလ်တစ်ယောက် ကလေးမွေးဖွားပြီးချိန်မှာ အသတ်ခံနေရလောက်ပြီဖြစ်၏။
"တကယ်တော့ သူ(မ)သာ လက်မထပ်ဘဲနဲ့ ဒီနန်းတော်ကနေထွက်သွားခဲ့တာဆိုရင် ပြည်ပြေးတစ်ယောက်လို့ပဲ မြင်မိမှာပါ။ သူ(မ) ဒီကနေထွက်ခွာသွားတဲ့အချိန်တွေက သူ(မ)အတွက် သင်ခန်းစာဖြစ်ပါစေလို့ပဲ မျှော်လင့်တယ်။"
အီနင်းက မီရ်ဂါနှင့်ပတ်သက်၍ တည်ငြိမ်စွာဖြင့် အတိုချုပ်ရှင်းပြခဲ့သည်။ ဆေးလ်က အံ့သြတုန်လှုပ်ခြင်းမရှိဘဲ ခေါင်းညိတ်ပြခဲ့၏။
လူတွေက လွယ်လွယ်နဲ့မပြောင်းလဲတတ်ကြပါဘူး။
အီနင်း အနှီစကားလုံးများကို ထပ်ဖြည့်ပြောချင်သော်လည်း ဘာမှဖြစ်မလာသေးရာ သူ(မ)၏သခင်အား အခြားသူများအကြောင်း မကောင်းသည့်အရာများကို တီးတိုးပြောတတ်သည့် အစေခံမဖြစ်ချင်ပေ။ အရှင်မင်းမြတ်၏ တစ်ဦးတည်းသောကိုယ်လုပ်တော်က စိိတ်အဆင်မပြေဖြစ်လျှင် အရှင်မင်းမြတ်ကလည်း တုန်လှုပ်သွားလိမ့်မည်။ ထို့ကြောင့် ဉာဏ်အမြော်အမြင်ရှိသောအစေခံက ပါးစပ်ပိတ်ထားသင့်သည်။
...
မဆုံးနိုင်သော ရထားလုံးတန်းကြီးက တော်ဝင်နန်းတော်ထဲ ဝင်ရောက်လာခဲ့သည်။ တဖျပ်ဖျပ်တောက်ပနေသော ကျောက်မျက်ရတနာများနှင့် ရှားပါးပစ္စည်းများ တင်ဆောင်လာသည့် ရထားလုံးတွဲများမှာ နန်းတော်ထဲသို့ ခိုင်ခံ့သောကျောထောက်နောက်ခံရှိသည့် ကိုယ်လုပ်တော်မှ ယူဆောင်လာသော ခန်းဝင်ပစ္စည်းနှင့်တူသည်ဟု လူအများက တီးတိုးပြောဆိုနေကြသည်။ နန်းတော်က ယခုလိုဆူညံမှုမရှိခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီမို့ ဆေးလ်တစ်ယောက် မြင်ကွင်းကို ကောင်းကောင်းမြင်ရသည့်နေရာကနေ ရထားလုံးတန်းကြီးကို ငေးကြည့်နေခဲ့သည်။
"မင်းက အရမ်းပျော်နေတာပဲလား။"
သူက သူ(မ)နားထဲ တီးတိုးပြောကာ သူ(မ)အနောက်သို့လှည့်မကြည့်ခင် သူ(မ)၏ခါးကို ဖမ်းဆုပ်လိုက်သည်။ အကျွမ်းတဝင်ရှိလှသော လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ခံလိုက်ရသည့် ဆေးလ်မှာ ပြတင်းပေါက်အပြင်မှ ရထားလုံးတန်းကြီးဆီကနေ နှမြောတသစွာဖြင့် အကြည့်ခွာလိုက်ရ၏။
"မင်းက ကိုယ့်ကိုစိတ်အဝင်စားဆုံးလို့ ထင်နေခဲ့တာ။"
ဝမ်းနည်းမှုများပြည့်နှက်နေသည့် မကျေမနပ်အသံကြောင့် သူ(မ) ပြုံးလိုက််မိ၏။
"ကလေးက အခုမှအိပ်သွားတာနော်၊ အရှင်ကိုင်နာ။"
သူ(မ)နှင့်လက်တစ်ကမ်းရှိ ပုခက်ထဲတွင်အိပ်နေသည့် ကလေးက သူ့အမေ၏စရိုက်နှင့်တူပုံရပြီး သိမ်မွေ့ပေသည်။ ကိုင်နာနှင့် ဆေးလ်တို့ မွေးဖွားခဲ့သောသားလေးက နှစ်နှစ်ရှိပြီဖြစ်၏။ ကလေးမွေးပြီးပြီးချင်း ကိုင်နာက သူ့ကို ဗာလစ်ဒါခ်အဖြစ် ဘွဲ့ချီးမြှင့်ချင်ခဲ့သော်လည်း သူ၏အစေခံများက ထိုကဲ့သို့ စံနမူနာမရှိခဲ့ကြောင်းပြောကာ ကန့်ကွက်ခဲ့ကြသည်။
သို့သော် ထိုကဲ့သို့နှောင့်နှေးမှုက တစ်နေ့မှာ ၎င်းတို့၏သားဦးလေးက ဗာလစ်ဒါခ်အဖြစ် ဘွဲ့ချီးမြှင့်ခံရပြီး နောက်ဆုံးမှာ ဆူတန်ဖြစ်လာမည့်အချက်ကို မပြောင်းလဲနိုင်ပေ။
"အထိန်းတော်က သူ့ကို ဂရုစိုက်ပါလိမ့်မယ်။"
"အရှင်ကိုင်နာကလည်း ဒီလိုပဲကြီးပြင်းလာခဲ့တာလား။"
"ကိုယ်က ကောင်းကောင်းမကြီးပြင်းခဲ့လို့လား။"
သူ(မ)ဦးခေါင်းထက်ရှိ ကိုင်နာ၏အသံက ပိုလို့တောင်တိုးလာ၏။ သူက စနောက်ဖို့ကြိုးစားနေသလို သို့မဟုတ် တစ်စုံတစ်ခုလုပ်ချင်နေသလို ရယ်သံစွက်၍ တီးတိုးပြောလာခဲ့သည်။
"ကိုယ် ညတိုင်း မင်းကို ကျေနပ်အောင်လုပ်ပေးနိုင်တယ်ဆိုတော့ ကောင်းကောင်းကြီးထွားလာခဲ့တာ အမှန်ပဲဖြစ်ရမယ်။"
ဆေးလ်က သူ့ကျောကို ရိုက်ချလိုက်သည်။ ကောင်းကောင်းကြီးထွားလာသည်ဟု သူပြောနေသည့် ခပ်မာမာအရာကြီးက သူ(မ)ကိုလာထောက်နေသည့်အတွက် ဆေးလ်၏ပါးပြင်များက နီမြန်းလာခဲ့၏။
ကိုင်နာက ၎င်းတို့၏သားဦးလေးကို ဗာလစ်ဒါခ်အဖြစ် တင်မြှောက်လိုသည်မှာ သားအတွက်သာမက ဆေးလ်ကို မည်သူမှ ခြိမ်းခြောက်လို့မရစေရန်၊ ဆေးလ်၏အရိပ်ကို မည်သူကမှ မော်မကြည့်ဝံ့စေရန်အတွက်ရည်ရွယ်ကြောင်း ဆေးလ်က မသိခဲ့ပေ။
သို့သော်လည်း ကလေးကို ဗာလစ်ဒါခ်အဖြစ် တင်မြှောက်လိုက်ပါက ကလေး၏လုံခြုံရေးက အန္တရာယ်ရှိလာမည်ကိုစိုး၍ ဆေးလ်က အချိန်ကို အနည်းငယ်ရွှေ့ဆိုင်းချင်ခဲ့သည်။
"ဒီနေ့စိတ်ကူးယဥ်ခဲ့တဲ့ စွန့်စားခန်းတွေကို ကိုယ့်ကိုပြောပြပါဦး။"
သူက ဆေးလ်အား အပြင်ထွက်ပြီး သူ(မ)၏ စိတ်ကူးယဉ်စွန့်စားခန်းများအားလုံးကို ဖြည့်ဆည်းရန် ခွင့်မပြုသော်လည်း အနည်းဆုံးတော့ နားထောင်ပေးခဲ့သည်။
"အရှင်မင်းကြီး။"
"မင်းက တစ်ခုခုအားမသာတော့တဲ့အချိန်ကျမှ ကိုယ့်ကို 'အရှင်မင်းကြီး' လို့ ခေါ်ဖို့ကို ဘယ်မှာသင်ယူခဲ့တာလဲ။"
ကိုင်နာ၏ ရွှတ်နောက်နောက်စကားများကြောင့် ဆေးလ် ရှက်ရွံ့ကာ နှုတ်ခမ်းကိုက်လိုက်သည်။
"မင်းသမီးမီရ်ဂါကို ကြိုဆိုဖို့..."
"ဒီကမ္ဘာပေါ်မှာ ဘယ်လိုဧကရာဇ်မျိုးက ကိုယ့်ထက်နိမ့်ကျတဲ့သူကို ကြိုဆိုလို့လဲ။"
"ဒါပေမဲ့ ကျွန်မကိုတော့..."
ဆေးလ်၏အဖြေကြောင့် သူက ရယ်မောလိုက်လေ၏။
"မင်းမပါဘူး။ မင်း ဘယ်သူ့ကိုသွားတွေ့မလို့လဲဆိုတာ ကိုယ်မသိဘူး။"
သူ မကြည့်လျှင်တောင် ဆေးလ်၏မျက်နှာက နီမြန်းနေပြီဖြစ်ကြောင်း ပြောနိုင်ပေ၏။ ကိုင်နာက သူ(မ)ကို သူနှင့်မျက်နှာချင်းဆိုင်ဆွဲလှည့်ကာ သူ(မ)ဆီသို့ ခေါင်းငုံ့သွားလိုက်သည်။
ကိုင်နာ၏နှုတ်ခမ်းများက ဖြူလုံးလုံးနှာဖျားလေးကို ဖိကပ်လိုက်၏။ ထို့နောက် သူ(မ)၏နှုတ်ခမ်းတို့ကို ဖိကပ်ကာ အောက်သို့ဆင်းသွားခဲ့သည်။ ရုတ်တရက်ဆိုသလို ကိုင်နာက ဒူးထောက်ကာ သူ(မ)၏ကျောကို လက်တစ်ဖက်ဖြင့် မြဲမြံစွာကိုင်ထားပြီး သူ၏မျက်နှာနှင့် ဆေးလ်၏ခြေထောက်နှစ်ဖက်ကြားကို ညင်သာစွာပွတ်သက်နေခဲ့သည်။
သူ၏လိင်တံကဲ့သို့ ယခုတစ်ခေါက်မှာ သူ၏နှာတံချွန်ချွန်က နှုတ်ခမ်းသားများကြား ညင်သာပြီး ကျွမ်းကျင်မှုရှိသည့်နည်းလမ်းဖြင့် ထိတွေ့လိုက်လေ၏။
"အမ်း။"
ကိုင်နာက သူ(မ)၏ကိုယ်ကို အနံ့ခံနေသကဲ့သို့ အသက်ပြင်းပြင်းရှူလိုက်ချိန်မှာ ဆေးလ်တစ်ယောက် အားအင်များကုန်ခန်းသွားခဲ့ရာ ကိုင်နာက လည်ချောင်းသံဖြင့်ရယ်လိုက်၏။
"အရှင်ကိုင်နာ။"
သူ(မ)နောက်မှာ ပြတင်းပေါက်ရှိနေရာ အနောက်သို့ ဆုတ်လို့မရတော့ပေ။ သူ(မ) ပြတင်းပေါင်ကနေပြုတ်ကျတော့မလို ခံစားနေရသဖြင့် ပြတင်းပေါက်ဘောင်ကို လက်နှစ်ဖက်ဖြင့် ထောက်ထားလိုက်သည်။
သူ(မ)အနောက်မှ ဆူညံသံများက ပို၍ကျယ်လာခဲ့၏။ ယနေ့ ရထားလုံးတန်းကို စောင့်ဆိုင်းနေခဲ့သည့်ပုဂ္ဂိုလ်၏ ကြေညာသံက အဝေးတစ်နေရာကနေ ထွက်ပေါ်လာခဲ့သည်။ ကိုင်နာက ၎င်းအား လျစ်လျူရှုထားပြီး အဝတ်ပါးလေးများဖြင့် ရစ်ပတ်ထားသည့် ဆေးလ်၏ခန္ဓာကိုယ်ကိုပဲ အာရုံစိုက်ထားလေ၏။ သူ၏ဝင်စသက်ထွက်သက်များက ပါးလွှာသောအဝတ်ကိုဖြတ်ကာ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ မနေ့ညက ယခုလိုမျိုး သူ(မ)၏လျှို့ဝှက်နေရာကို သူလျက်ပေးလာပုံအား ပြန်တွေးမိလိုက်ပြီး ဆေးလ်တစ်ယောက် ခြေထောက်များကို အလိုလိုပြန်စေ့လိုက်သည်။
"အိုး၊ အချစ်ရယ်။ မင်း အဝတ်တွေကိုတောင် မချွတ်ရသေးဘူး တုံ့ပြန်နေပြီ။ ကိုယ် အနံ့မရှူရင်တောင် အဲ့ဒီနေရာမှာ စိုနေပြီဆိုတာ ကိုယ်သေချာပြောနိုင်တယ်။"
အရသာရှိသောအစားအသောက်ရှေ့မှ လောဘကြီးသောမျက်နှာထားမျိုးနှင့် ကိုင်နာက ဆေးလ်ကိုမော့ကြည့်ကာ ထိုသို့ပြောလာခဲ့သည်။ ဆူတန့်နောက်ကို အမြဲလိုလိုလိုက်ပါလေ့ရှိသော နောက်လိုက်များက အခန်းထဲကနေ ပျောက်ကွယ်သွားကြရာ သူက စိတ်ပိုင်းဖြတ်ပြီး သူ(မ)ဆီရောက်လာကြောင်း ဆေးလ် သတိပြုမိသွား၏။ သူ(မ) အာခြောက်လာခဲ့သည်။
"အဲ့ဒါက-"
"ဘာလို့လဲ။ ကိုယ်တို့ တစ်ညလုံးလုပ်ခဲ့ပြီးပြီလို့ ဆင်ခြေပေးမလို့လား။"
"ဟမ်း။ မဟုတ်ပါဘူး။ အဲ့လိုမဟုတ်ပါဘူး..."
သန်မာသော သူ၏လက်နှစ်ဖက်က သူ(မ)၏ဒူးနှစ်ဖက်ကို ဆုပ်ကိုင်ကာ ဆွဲကားလိုက်သည်။ နန်းတော်ထဲရှိ အေးမြနေသောလေထုလေးက မည်သို့ဖြင့် ပူလောင်လာရသနည်း။ ဆေးလ်၏လည်တိုင်မှ ချွေးသီးများက ညှပ်ရိုးပေါ်သို့ စီးဝင်ပျောက်ကွယ်သွားခဲ့သည်။
ခြေချင်းဝတ်ကနေ ဖြည်းဖြည်းချင်းဆွဲမခံလိုက်ရသော သူ(မ)၏ဝတ်ရုံအနားစက အကာအကွယ်မဖြစ်တော့ပေ။
"ဒီမှာစိုနေတယ်။"
ကိုင်နာက ဖြူဆွတ်နေသော သူ(မ)၏ပေါင်ခြံအတွင်းသားတို့ကို ရမ္မက်ဆန်စွာပွတ်သပ်ရင်း တီးတိုးပြောလာလေ၏။
"အ့..."
အောက်ဘက်မှာ ဘာနှင့်မှဖုံးအုပ်မထားသည့် ငွေရောင်တောအုပ်လေးက အရည်များစိုရွှဲနေ၏။ ကိုင်နာက အမြဲတမ်းလိုလို ငွေရောင်အမွေးများရှိနေသည့် ထိုနေရာလေးအား အံ့သြမှင်တက်စွာ ငေးစိုက်ကြည့်လေ့ရှိသည်။
သူ(မ)၏အဝတ်အောက်မှာ ဘာမှဝတ်ခွင့်မပေးသည့် အကြောင်းပြချက်က သူ(မ)ခြေလှမ်းလိုက်တိုင်း ရှက်ရွံ့နေသည့်အမူအရာလေးကို မြင်တွေ့ရသည်မှာ သာယာမှုကိုပေးစွမ်းသောကြောင့်ပင်။ ကလေးတစ်ယောက်မွေးပြီး ညပေါင်းမျာစွာကို ဖြတ်သန်းခဲ့ပြီးတာတောင် သူ(မ)က အကြိမ်တိုင်း ရှက်ရွံ့နေဆဲပင်။
"ကိုယ် မင်းကိုလာခေါ်မယ်ပြောတိုင်း မင်းရဲ့ဒီနေရာလေးက စိုနေရောပဲ။"
ကိုင်နာက မြတ်နိုးယုယစွာကြည့်လိုက်ရာ ဆေးလ်က သူ(မ)၏ပါးစပ်ကို သွယ်လျသောလက်ဖြင့် ဖိပိတ်ထားလိုက်သည်။
"ဆေးလ်ကမှ ကိုယ့်ထက် ကျင့်ဝတ်တွေကို မလိုက်နာတာမဟုတ်ဘူးလား။"
သူက သူ၏မျက်နှာကို ဆေးလ်၏ချုံပင်များကြားမှာ မြှုပ်နှံထား၏။ သူက ဆေးလ်အပေါက်တည့်တည့်မှာ ပူနွေးသောအသက်ရှူသံများကိုထုတ်၍ တမင်သက်သက်ကျီစယ်နေခဲ့သည်။
"အရှင်ကိုင်နာ!"
"မင်း ခြေချော်မသွားအောင် ကောင်းကောင်းကိုင်ထားနော်။"
သူက ဝပ်တွားလျက် သူ(မ)၏ဝတ်ရုံကိုဆုပ်ကိုင်ထားသည်။ သူ(မ) ပါးစပ်အုပ်ထားချိန်ဆို သူက သဘောမကျပေ။
"မင်းက ကျင့်ဝတ်တွေထိန်းဖို့ အရမ်းကြိုးစားနေတာဆိုတော့ ကိုယ့်မှာ ရွေးချယ်စရာမရှိတော့ဘဲ ကူညီပေးရတော့မှာပေါ့။ မင်းသမီး ဒီကိုမရောက်လာခင်အထိ ကိုယ် မင်းကို ကူပြီးသန့်ရှင်းပေးမယ်။"
သူ၏ ညစ်ညမ်းသောဆန္ဒများကို ရှင်းရှင်းလင်းလင်း မြင်နေရသော်လည်း၊ အပြစ်ကင်းသော မျက်နှာလေးဖြင့် ပြောနေသောစကားများက မုသားဖြစ်ကြောင်း သူ(မ) သိသော်လည်း ဆေးလ်တစ်ယောက် သူ့ကို မငြင်းနိုင်ခဲ့ပေ။ သူ(မ) လွတ်မြောက်ဖို့ ပိုကြိုးစားလေ၊ သူက သူ(မ)ကို ပို၍ကပ်တွယ်လေပင်။ ထို့ကြောင့် စိတ်ရှည်ရှည်ထားတာ ပိုကောင်းပေသည်။
"ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး မြန်မြန်လုပ်ပေးပါ။"
***
Aurora Novel Translation Team