no

Font
Theme

မွန်ဂိုလီးယားပြည်တွင်း၌ ​ဆောင်းဦးဝင်ချိန်ဖြစ်၍ စတင်​အေး​နေပြီဖြစ်​သော်လည်း လယ်ကွင်းများက​တော့ စိမ်းစို​နေ​ဆဲပင်။ ယခုတစ်ကြိမ်တွင်​တော့ ယွမ်ယယ်တစ်​ယောက် သူ၏ကင်မရာကို မ​မေ့ခဲ့​ပေ။ 


သူက အစိမ်း​ရောင်မြက်ခင်းပြင်များကို မြတ်နိုး​ပေသည်။ အဆုံးမရှိကျယ်​ပြောလှ​သော ထိုအစိမ်း​ရောင်ကွင်းပြင်ကျယ်ကြီးက တစ်စုံတစ်ဦး၏စိတ်ကို လွတ်လပ်မှုတို့ ခံစားရ​စေနိုင်သည်။ ယွမ်ယယ်တစ်​ယောက်​ မနှစ်မြို့စရာအနံ့နှင့်ဖြတ်​ကျော်သွား​သော သိုးတစ်အုပ်နှင့်အတူ ရိုးသားပြီး ရိုးရှင်း​သော ဤနေရာ၏ဘဝ​နေထိုင်မှုမျိုးကို သ​ဘောကျ​ပေ​​၏။ 


ယွမ်ယယ်က ကင်မရာအားကြည့်ကာ အနည်းငယ်နူးညံ့​သောအပြုံးကို ထုတ်​ဖော်ပြလိုက်သည်။ "အတိတ်တုန်းက ကျွန်​တော် ဖန်း​လောင်ရှီးကို​ပြောဖူးတယ်၊ ကျွန်​တော်တို့ အသက်​တွေကြီးမလာခင် ဒီမြက်ခင်းပြင်ကြီးမှာ လာအနားယူသင့်တယ်လို့​လေ။ ကျွန်​တော်တို့ အသား​ကင်တွေစားမယ်၊ အရက်​သောက်ကြမယ်၊ ​ပြီး​တော့ နေ့တိုင်း ​နေဝင်ချိန်ကို ​စောင့်ကြည့်လို့ရနိုင်တယ်​။" 


လင်းထျန်က သူ့​ဘေးမှဖြတ်​လျှောက်​သွားရင်း တခစ်ခစ်ရယ်လျက် ​​မေးလာခဲ့၏။ "ဖန်း​လောင်ရှီးက ဘယ်လိုတုံ့ပြန်ခဲ့လဲ။" 


ယွမ်ယယ် သူ့​အနောက်က​နေ ​ခြေလှမ်းအနည်းငယ်သာ ​ဝေး​သော ဖန်း​ရှောက်ယိကို လှည့်ကြည့်လိုက်သည်။ ထို့​နောက် ရယ်​မောလျက် ​ပြောလိုက််​လေ၏။ "ဖန်း​လောင်ရှီးက ကျွန်​တော်နဲ့ ဒီမှာအတူ​နေဖို့​တော့ အဆင်​ပြေတယ်၊ ဒါ​ပေမဲ့ ​နေ့တိုင်း အရက်​ချည်းသောက်ပြီး အသားပဲမစားနိုင်ဘူးတဲ့။ ဖန်း​လောင်ရှီးရဲ့ ကြယ်ပွင့်ပုံရိပ်က အရမ်းကြီးမားတယ်​လေ။ သူက သူ့ကိုယ်သူ ခပ်ဝဝလူအိုကြီးတစ်​ယောက်လို ​ပြောင်းလဲသွားခွင့်မ​ပေးနိုင်ဘူး။"


လင်းထျန်က ​ပြောလာ၏။ "တကယ်လို့ ကျွန်မဆိုလည်း ငြင်းမိမှာပဲ။ တဖြည်းဖြည်း အသက်အရွယ်ရလာတာက ဘဝရဲ့အစိတ်အပိုင်းတစ်ခု​ဆိုပေမဲ့ ကျွန်မက​တော့ လှလှပပ​လေးပဲ အသက်ကြီးချင်တယ်!" 


ယွမ်ယယ်က ​ခေါင်းညိတ်လိုက်သည်။ သူက လက်နှစ်ဖက်လုံးကို အိတ်ကပ်ထဲထည့်ကာ သက်ပြင်းရှည်ကြီးချ၍ ​ပြောလိုက်​လေ၏။ "အင်း၊ ဖန်း​လောင်ရှီးကလည်း အသက်ကြီးလာရင်​တောင် ​အခုလိုမျိုး ချော​နေဦးမှာပါပဲ။" 


ထိုစဥ် ဖန်း​ရှောက်ယိက ​သူ့ဆီလျှောက်လာပြီး ​ပြောလာခဲ့သည်။ "အရင်တစ်​ခေါက်က ကိုယ့်ကိုအို​နေပြီလို့​ပြောတာ ကိုယ်မှတ်မိသလိုပဲ။" 


"မဟုတ်တာ၊ မ​ပြောမိပါဘူး။" ယွမ်ယယ်က သူ၏ လက်​မောင်းကိုပုတ်ကာ အပြုံး​ဘေးဖြင့် ​ပြောလိုက်သည်။ "မင်းက ​ချောလည်း​ချော ငယ်လည်းငယ်ပါတယ်။" 


မ​နေ့ညက ဖန်း​ရှောက်ယိ၏ တစ်ခွန်းတည်း​သောအ​မေးစကားသည် ယွမ်ယယ်ကို ညတစ်ဝက်​လောက်ထိ အိပ်မ​ပျော်​စေခဲ့​ပေ။ သူ ထို​မေးခွန်းကို ပြန်မတုံ့ပြန်နိုင်ခဲ့​​သော်ငြား သူတုံ့ပြန်ရန်လည်း မလိုအပ်ခဲ့​ပေ။ သူတို့နှစ်ဦးကြား ထိုကဲ့သို့စကားဝိုင်းမျိုးက ဘာအဓိပ္ပါယ်မှမရှိ​​သလို ကိစ္စများက သူ့နည်းသူ့ဟန်အတိုင်းရှိ​နေပြီဟု ​တွေးလိုက်လျှင် ၎င်းမှာ အသုံးမဝင်တော့​​ချေ။ စကားအများကြီး​ပြောခြင်းက ပင်ပန်း​စေလိမ့်မည်။ 


ယ​နေ့ သူတို့၏ အ​ရှေ့​ရော အ​နောက်က​နေပါ လိုက်ပါရိုက်ကူး​နေ​သော ကင်မရာများက သူတို့နှစ်ဦးကြား ​နေရခက်​သော​လေထုကို အနည်းငယ် ​ပျောက်ကွယ်သွား​​စေခဲ့၏။ ၎င်းတို့က ကင်မရာ​ရှေ့မှာသာ တစ်​ယောက်နှင့်တစ်​ယောက် ပုံမှန်အတိုင်းပြောဆိုနိုင်ကြ​ပေလိမ့်မည်။ ​


နေ့လယ်စာအတွက် ၎င်းတို့အားလုံး မွန်ဂိုလီးယားအစားအစာကို စားခဲ့ကြပြီး အများစုက အသားများသာဖြစ်သည်။ ယွမ်ယယ်တစ်​ယောက် ဒိန်ချဥ်က အရသာရှိလွန်းသည်ကိုသာ မှတ်မိပေ၏။ တစ်ဝိုင်းလုံးတွင် ယွမ်ယယ်နှင့် ချန်ရု၏ချမ်းသာ​သောအမျိုးသားတို့ကသာ အများဆုံး စားခဲ့ကြသည်။ စား​သောက်ချိန်တိုင်း အခြားသူများက စကားစမြည်​ပြောတတ်ကြ​သော်လည်း သူတို့နှစ်ဦးက​တော့ တိတ်တဆိတ်စား​နေခဲ့ကြ၏။ 


​နောက်ဆုံးတွင် ဖန်း​ရှောက်ယိက သူ၏ဒိန်ချဥ်ပန်းကန်ကိုပါ ယွမ်ယယ်ကို ​ပေးလာခဲ့သည်။ ယွမ်ယယ် လှည့်ကြည်ကာ သူ့ကို တိုးတိုး​လေး​မေးလိုက်၏။ "အဆင်မ​ပြေဘူးလား။ မင်း ဘာလို့ ဘာမှမစားတာလဲ။" 


ဖန်း​ရှောက်ယိက သူ့နားနားကပ်​ကာ ပြန်​ပြောလိုက်သည်။ "အရမ်းအီတယ်။ ကိုယ် စားချင်စိတ်သိပ်မရှိဘူး။" 


သူအ​အေးမိခြင်းက အ​တော်​လေးဆိုးလာခဲ့သည်။ သူစကား​ပြော​နေစဥ် ယွမ်ယယ်၏နားကို လာ​ရောက်ထိခတ်​သော ​လေက​တောင် ပူ​နေခဲ့​ပေ၏။ လူအုပ်ကြားထဲတွင် ထိုကဲ့သို့ ​သေးငယ်​သောအပြုအမူက အလွန်ရင်းနှီးလှ​ပေသည်။ ယွမ်ယယ်၏နှလုံးသားက ဖန်း​ရှောက်ယိ၏ အသက်ရှူသံတို့​ကြောင့် ​နွေး​ထွေးသွားခဲ့သည်။ 


ယွမ်ယယ်က သူ့ဘက်သို့ ဒိန်ချဥ်ပန်းကန်ပြန်တွန်းပို့လိုက်၏။ "ဒါ​သောက်ကြည့်၊ အရမ်း​ကောင်းတယ်။" 


ဖန်း​ရှောက်ယိက ​ခေါင်းယမ်းပြခဲ့သည်။ သူမ​သောက်ချင်​ပေ။ 


ထို့​ကြောင့် ယွမ်ယယ်တစ်​ယောက် ထိုဒိန်ချဥ်တစ်ပန်းကန်းကိုလည်း ​သောက်ခဲ့လိုက်သည်။ ထို့​နောက် ပါးစပ်သုတ်ကာ စားပွဲက​နေ တိတ်တိတ်​လေး ထထွက်လာခဲ့လိုက်၏။ 


မိနစ်နှစ်ဆယ်ခန့်ကြာပြီး​နောက် ယွမ်ယယ် ပြန်​ရောက်လာခဲ့သည်။ သူပြန်မလာခင် လူတိုင်း စားပြီးသွား​လောက်ပြီဟု ​တွေးလိုက်မိ​သော်လည်း ၎င်းတို့က အချိန်အများကြီးယူလိမ့်ဟု မည်သူသိလိမ့်မည်နည်း။ စား​သောက်ချိန်မှာ မိနစ်​လေးဆယ်​လောက်ရှိနေပြီဖြစ်​သော်လည်း အားလုံး နေ့လယ်စာစားမပြီး​သေး​ချေ။ ယွမ်ယယ်တစ်​ယောက် အထဲကို ​ခြေလှမ်းလိုက်ပြီးဖြစ်ရာ ​နောက်ပြန်လှည့်လို့ မရ​တော့​ပေ။ လင်းထျန်က သူ့ကို ​မေးလာခဲ့သည်။ "ယယ်​ကောက ဘာသွားလုပ်တာလဲ။" 


ယွမ်ယယ် သူ့​နေရာကိုပြန်သွားကာ ​ပြောလိုက်သည်။ "ဖန်း​လောင်ရှီးက အသားများများစားလို့မရဘူး​​လေ။ ဒါရိုက်တာက သူ့ကို ကိုယ်အ​လေး​လျှော့ဖို့ ​ပြောထားတာဆို​တော့ သူ့အတွက် ​ခေါက်ဆွဲသွားပြုတ်​ပေးတာပါ။"


သူ ဖန်း​ရှောက်ယိအ​အေးမိ​နေ​ကြောင်း မ​ပြောပြခဲ့​ပေ။ ၎င်းက တည်းဖြတ်​နေစဥ်အတွင်း ​ဆွေး​နွေးမှုအ​ကြောင်းအရာဖြစ်လာနိုင်ပြီး ယခု သူ့နားမှာရှိ​နေသူတိုင်းက ထိုအ​ကြောင်းကို ​မေးမြန်း​နေကြလိမ့်မည်။ ပုံမှန်အားဖြင့် သူက ​အ​မေးတစ်ခွန်း အ​ဖြေတစ်ခွန်းသာ ​ပြောတတ်​သော်လည်း ကင်မရာများ​ရှေ့မှာ အဆက်မပြတ်သတိထားကာ အခြားသူများကိုလည်း အာရုံစိုက်ဖို့လို​ပေ၏။


သူ ၎င်းကို သ​ဘောမကျသလို ဖန်း​ရှောက်ယိကလည်း သ​ဘောမကျ​ကြောင်း သိ​ပေသည်။ ဖန်းရှောက်ယိက သူ၏ဒဏ်ရာများ သို့မဟုတ် နာမကျန်းမှုတို့ကို အခြားသူများအား​ ဘယ်​တော့မှမ​ပြောတတ်​ပေ။ သူက အာရုံစိုက်ခံရသည်ကိို သ​ဘောမကျသလို အားနည်းသူအဖြစ် အကြည့်ခံရတာကိုလည်း မနှစ်သက်​ချေ။


ကင်မရာဆရာက ​ခေါက်ဆွဲပန်းကန်ကို အနီးကပ်ရိုက်ကူးချင်​နေ၏။ ယွမ်ယယ်က ပြုံးကာ ၎င်းကို ကာလိုက်ပြီး ရိုက်ကူးခွင့်မ​ပေးခဲ့​ပေ။ "ကျွန်​တော့်ရဲ့ ဆိုးဝါးတဲ့ဟင်းချက်စ​ကေး​တွေကို မရိုက်ပါနဲ့။ ကျွန်​တော့်ရဲ့​ခေါက်ဆွဲ​တွေကို သူတစ်​ယောက်တည်းပဲစားနိုင်တာ။" 


ယွမ်ယယ်က ပန်းကန်လုံးကို ဖန်း​ရှောက်ယိဘက်တွန်းလိုက်သည်။ သူ​လျှောက်ဝင်လာကတည်းက ဖန်း​ရှောက်ယိ၏မျက်လုံးများသည် သူ့မျက်နှာတွင်သာ ကပ်​ညှိနေခဲ့သည်။ ယခု​တောင် ယွမ်ယယ်ကိုကြည့်​နေဆဲပင်။ ယွမ်ယယ်က အသံနိမ့်ကာ သူ့ကို​ပြောလိုက်၏။ "အသား​တုံး​သေး​သေး​လေး​တွေကို နည်းနည်းပဲ ထည့်လာခဲ့တယ်၊ စားလိုက်ဦး။" 


ဖန်း​ရှောက်ယိက မျက်လွှာချလိုက်ပြီး လေသံတိုးတိုး​လေးဖြင့် ပြန်​ပြောလာခဲ့သည်။ "​ကျေးဇူးတင်ပါတယ်။" 


ယွမ်ယယ် ​အေးခဲသွားခဲ့ပြီး ခဏအကြာတွင် သူက ရယ်ရယ်​မော​မောဖြင့် ​ခေါင်းယမ်းကာ ​ပြောလိုက်သည်။ "အဲ့ဒါကို ​ပြောစရာလိုလို့လား။" 


စား​သောက်ပြီး​နောက် သူတို့အားလုံးအနားယူရန် တဲအိမ်​​လေးများဆီ ပြန်သွားခဲ့ကြသည်။ ဖန်း​ရှောက်ယိက ပြန်သွားပြီး​ ခဏအနားယူခဲ့​​သော်လည်း ယွမ်ယယ်က​တော့ ပြန်မသွားခဲ့​ပေ။ သူက ​ဒေသခံတစ်​ယောက်ဆီက​နေ မြင်းတစ်​ကောင်ကို ငှားရမ်းလိုက်သည်။ 


ဒါရိုက်တာငယ်​လေးမှာ အစပိုင်းတွင် သူ့ကို တစ်​ယောက်တည်း မြင်းစီးခွင့်မပြုရဲ​ခဲ့ပေ။ သူ ပြုတ်ကျသည်ဖြစ်​စေ၊ မ​တော်တဆတစ်ခုခုဖြစ်သည်ဖြစ်​စေ၊ သူတာဝန်ယူနိုင်သည့်အ​နေအထားမှာ မရှိ​သော​ကြောင့်ဖြစ်၏။ ယွမ်ယယ်က သူပြုတ်မကျပါဘူးဟု ထပ်တလဲလဲအာမခံပြီး သူ(မ)မှာ တာဝန်မရှိ​ကြောင်း​ကို​တောင် လက်​ရေးစာဖြင့်​ကတိစာချုပ်​ရေး​ပေးခဲ့သည်။ ထို့​နောက် သူက လက်ပြကာ ထွက်ခွာလာခဲ့​တော့သည်။ 


ကင်မရာဆရာများက သူ့အ​​နောက်ကို ​လိုက်လာကြ​သော်လည်း ခဏအကြာတွင် နောက်ကျကျန်​နေခဲ့ရာ ယွမ်ယယ်က သူတို့ကို ​ပြောလိုက်သည်။ ကျွန်​တော် နာရီဝက်အတွင်း ပြန်လာခဲ့မယ်။ ဒီအပိုင်းကို မရိုက်ပါနဲ့။ ကျွန်​​တော်အနားယူဖို့သွားတယ်လို့သာ ဟန်​ဆောင်​ပေးပါ။" 


ယွမ်ယယ်တစ်​ယောက် မြင်းစီး​နေတုန်း ပြုတ်ကျနိုင်ဖို့ဆိုသည်မှာ မည်သို့ဖြစ်နိုင်လိမ့်မည်နည်း။ သူက က​လေးဘဝကတည်းက မြင်းများနှင့် ​ဆော့ကစားလာခဲ့သူဖြစ်သည်။ သူ ငယ်ငယ်က လမ်း​ပေါ်တွင် ယခု​လောက်ထိ ကားများအများကြီးမရှိ​ပေ။ အရင်က သူ၏အဖိုး၊အဖွားများ မြို့ထဲသို့ ခရီးသွားစရာရှိလျှင် မြင်းလှည်း​လေးဖြင့် သွားကြရသည်။ ထိုအချိန်ဆို ယွမ်ယယ်က မြင်းကုန်းနှီး​ပေါ်ရှိ​နေမည်ဖြစ်ပြီး သူ၏အဘိုးက လှည်းကိုထိန်းရန် အ​နောက်တွင်ရှိ​နေလိမ့်မည်။ က​လေးများက လူ​ကောင်မကြီး​သော​ကြောင့် အမြင့်တွင်ထိုင်နေရခြင်းသည် ကိုယ့်ကိုယ်ကိုယ် မြင့်မြတ်ကာ စွမ်းအားကြီးမားသည်ဟု ခံစားရ​စေ၏။ 


ယခုလက်ရှိမှာ ယွမ်ယယ်က မြင်း၏လည်ပင်းကို ပွတ်သပ်​ပေးကာ ​ပြောလိုက်သည်။ "​ဟေး၊ ငါ့​ကောင်ကြီး၊ ငါ့ကို ​ပြေးဖို့ ​ခေါ်သွား​ပေးမလား။" 


မြင်းက သူ့အမြီးကို ​ဝှေ့ယမ်းကာ လှပ​သော မျက်လုံးဝိုင်းဝိုင်းကြီးများက ​လောကကြီးကို ဂရုမစိုက်ဘဲ မျက်​တောင်ခတ်လိုက်သည်။ 


ယွမ်ယယ်က ထပ်​ပြောလိုက်၏။ "တစ်ပတ်​လောက်သွားပြီး ​လေကိုခံစားလိုက်ကြရ​အောင်။" 


ယွမ်ယယ် လက်တစ်ဖက်ဖြင့် မြင်းဇတ်ကြိုးကိုကိုင်လျက် အခြားတစ်ဖက်က ကြာပွတ်နှင်တံကို ကိုင်ထား​လေသည်။ ထို့​နောက် မြင်း၏တင်ပါးကို အသာ​လေးထိလိုက်ပြီး ​ရှေ့သို့ဆက်သွားရန် နူးညံ့စွာ ​​​တိုက်တွန်း​​လိုက်​၏။ ကြီးမား​သော အနီ​ရောင်မြင်းကြီးက ၎င်း၏အရှိန်ကို တဖြည်းဖြည်းချင်း မြှင့်လိုက်ပြီး​နောက် ​လယ်ကွင်းပြင်များထဲ လွတ်လပ်စွာ ဒုန်းစိုင်း​ပြေးသွားခဲ့သည်။


ယွမ်ယယ်တစ်​ယောက် ရယ်​​မောရင်း ​ကောင်းကင်ကို​မော့ကြည့်လိုက်၏။ ထို့​နောက် မျက်လုံးများမှိတ်ကာ သူ့မျက်နှာကိုဖြတ်တိုက်လာ​သော ​လေညှင်း​လေးများကို ခံစားလိုက်သည်။ ဤသည်မှာ သူ၏သဘာဝ၊ သူ၏စိတ်အားထက်သန်မှုပင်။ သူ့နှလုံးသားထဲရှိ ​မှောင်မိုက်​​နေသော အ​တွေးများအားလုံး ​လေနှင့်အတူ ​ပျောက်ကွယ်သွားခဲ့ပြီး သူနှင့် ထိုမြင်းတို့ ​ပျော်ရွှင်ခဲ့ကြပြီး ပြန်​ရောက်တဲ့အထိ သူ၏မျက်နှာ​ပေါ်တွင် အပြုံးအရိပ်အမြွက်ရှိ​နေဆဲပင်။ 


ဖန်း​ရှောက်ယိက ၎င်းတို့၏ရွက်ဖျင်တဲ​ရှေ့မှာ လူငယ်ဒါရိုက်တာနှင့် စကား​ပြော​နေသည်။ ယွမ်ယယ် မြင်းဇတ်ကြိုးကိုဆွဲကာ အရှိန်​​လျှော့လိုက်ပြီး သူတို့ဆီ ဦးတည်သွားလိုက်၏။ ထိုအခါ ဖန်း​ရှောက်ယိက ဒါရိုက်တာကို ​ပြောလိုက်သည်။ "​တွေ့လား။ သူအဆင်​ပြေမှာပါလို့ ​ပြောသားပဲ။ သူလုပ်ချင်တာကို လုပ်ခွင့်​ပေးလိုက်ပါ။ သူ့ရဲ့အကန့်အသတ်ကို သူသိပါတယ်။" 


လူငယ်ဒါရိုက်တာမှာ ရယ်ရမလား၊ ငိုရမလားပင်မသိ​တော့​ချေ။ "ဖန်း​လောင်ရှီးက ခွင့်ပြုရဲ​ပေမဲ့ ကျွန်မတို့က​တော့မရဘူး။ တကယ်လို့ တစ်ခုခုသာဖြစ်သွားရင် ​ဘော့စ်က ကျွန်မကိုသတ်လိမ့်မယ်။" 


ယွမ်ယယ်က မြင်း​ပေါ်တွင် ရှိ​နေဆဲပင်။ ဖန်း​ရှောက်ယိက သူ့ကိုကြည့်လာခဲ့၏။ နူးညံ့မှု​လေးက သူ၏မျက်ဝန်းများထဲ ​ပေါ်​ပေါက်လာခဲ့ပြီး ​ခေါင်းယမ်းလျက် ​ပြောလိုက်​လေသည်။ "ကျွန်​တော်​တောင် ဒီအတွက် စိတ်ချတာကို တခြားလူ​တွေက ဘာလို့မလုပ်နိုင်ရတာလဲ၊ အဲ့ဒါကို​ရော မ​တွေးမိဘူးလား။" 


အစက လူငယ်ဒါရိုက်တာမှာ နားမလည်ခဲ့​ပေ။ ခဏအကြာတွင် သူ(မ)ကပြုံးကာ ​ပြောလိုက်​လေ၏။ "ဟုတ်ပါတယ်။ ​ဖန်းလောင်ရှီးက သူ့ကို အသိဆုံးပါပဲ။" 


​စော​စောက သူ(မ)သည် ယွမ်ယယ်ကို လွှတ်​ပေးလိုက်သည်အား ​နောင်တရ​နေခဲ့၏။ သူ(မ) သူ့ကို တစ်​ယောက်တည်းမြင်းသွားစီးဖို့ ခွင့်မ​ပေးလိုက်သင့်ဘူးဟု ခံစား​နေခဲ့ရသည်။ ဘာမှမဖြစ်လျှင် အားလုံးအဆင်​ပြေမည်ဖြစ်​သော်လည်း အ​သေးငယ်ဆုံး​သော မ​တော်တဆဖြစ်​ခဲ့လျှင်​တောင် သူ(မ)က ​ဖြေရှင်း​ပေးရန် ပထမဆုံး တာဝန်ရှိသူပင်။ ခြစ်ရာ​လေးက​တောင် ကိစ္စကြီးတစ်ခုဖြစ်​နိုင်​ပေ၏။ ​ထို့​နောက်တွင် သူ(မ) မည်သို့မျှစိတ်​အေး​အေးမထားနိုင်​တော့သည်မို့ ဖန်း​ရှောက်ယိကို လာရှာခဲ့​လိုက်သည်။ သူ(မ)က သူ့ကို ယွမ်​လောင်ရှီးပြန်ရောက်ပြီလားဟု ​မေးမြန်းခဲ့သည်။ 


ဖန်း​ရှောက်ယိမှာ လုံးဝ တထိတ်တလန့်ဖြစ်မ​နေ​​ချေ။ သူက သူ(မ)ကို စိတ်​အေး​အေးထားဖို့​တောင် ​ပြောခဲ့သည်။ ပြန်​တွေးကြည့်လျှင် သူ​ပြောတာမှန်​မှန်း သိလိုက်ရ​လေ၏။ အခြားသူများ၏စိုးရိမ်မှုက အတွဲများကြား ဘာနဲ့မှယှဥ်လို့မရနိုင်​ပေ။ ဖန်း​ရှောက်ယိတစ်​ယောက် လုံးဝစိတ်ပူမ​နေခြင်းမှာ အမှန်တကယ် စိတ်ပူစရာမလို​သော​ကြောင့်ပင်။ 


ယွမ်ယယ်က မြင်း​ပေါ်ထိုင်​နေပြီး ၎င်းတို့ကို အ​ပေါ်က​နေငုံ့ကြည့်လျက် ​မေးမြန်းလိုက်၏။ "ကျွန်​တော့်​နောက်ကွယ်မှာ ​မ​ကောင်းတာတစ်ခုခု ပြော​နေကြပြန်ပြီလား။" 


လူငယ်ဒါရိုက်တာက လျှာသပ်လိုက်ပြီး ​ပြောလာခဲ့သည်။ "ကျွန်မက ​လောင်ရှီးတစ်​ယောက်တည်း အ​ဝေးကြီး​ရောက်သွားပြီး ပြန်လမ်းရှာမ​တွေ့မှာကို အရမ်းစိတ်ပူ​နေခဲ့တာ။" 


ယွမ်ယယ်က ပြုံးလိုက်ပြီး မြင်း၏လည်ပင်းကို ထပ်မံပွတ်သပ်​ပေးလိုက်သည်။ "မြင်း​တွေကို သူတို့ရဲ့ပိုင်ရှင်​တွေက စီးဖို့အတွက် ​မွေးမြူ​ပေးထားတာ​လေ။ သူတို့က အရမ်းနာခံမှုရှိတယ်။ အရင်က ကျွန်​တော်တို့​မွေးခဲ့တဲ့မြင်းဆိုရင် ဒီမြင်းထက်​တောင် ထိန်းရခက်တယ်။ ကျွန်​တော် အဲ့မြင်းကို ဘယ်လို​လေ့ကျင့်​ပေးခဲ့လဲဆိုတာ ဖန်း​လောင်ရှီးကို ​မေးကြည့်လိုက်။" 


ဖန်း​ရှောက်ယိက သ​ဘောတူ​ကြောင်း အသံပြုလိုက်၏။ ထို့​နောက် ယွမ်ယယ်မြင်း၏လည်ဆံ​​​မွေးကို ပွတ်သပ်လိုက်ပြီး သူ၏လက်ဖမိုးနှင့် နူးညံ့စွာ ထိ​တွေ့​နေခဲ့သည်။ "ကျွန်​တော့်ရဲ့မြင်း​တွေက ဘယ်​တော့မှ မနာခံတတ်ဘူး။" 


ယွမ်ယယ် သူ့ကို တစ်ချက်ကြည့်လိုက်၏။ ထို့​နောက် နှုတ်ခမ်းကို​စေ့ပိတ်ကာ မြင်း​ပေါ်က​နေ ခုန်ချလိုက်ပြီး မြင်းကို ပိုင်ရှင်ဆီပြန်​ပေးရန် ​လျှောက်သွားခဲ့သည်။ လူငယ်ဒါရိုက်တာက သူ့ကို​​အော်ပြောလာ၏။ "ကျွန်မတို့ ရိုက်ကူး​ရေးပြန်စ​တော့မှာ​နော် ယွမ်လောင်ရှီး! ​ထပ်ပြီး ​လျှောက်မသွားပါနဲ့​တော့!" 


ယွမ်ယယ် မြင်းကိုထိန်းကိုင်ထားရင်း နောက်လှည့်မကြည့်ဘဲ လက်​မြှောက်ပြီးသာ ​ဝှေ့ယမ်းပြခဲ့သည်။ 


ထို​နေ့လယ်က အစီအစဥ်နှင့်ပတ်သက်၍ အဆင်မ​ပြေသည့်အရာများ များစွာရှိခဲ့သည်။ ယွမ်ယယ် အလွန်​ပင် ပြောစရာစကား​ပျောက်ရှ​နေ​သော်လည်း ရိုက်ကူး​ရေးကို အ​ကောင်းဆုံးဆက်လုပ်​နေရဆဲဖြစ်၏။ ၎င်းမှာ တူညီ​သောသ​ဘောတရားပင် - သူက ၎င်းတို့၏​ငွေကိုလက်ခံထားပြီးဖြစ်ရာ ​ပေးထား​သောအ​ကြောင်းအရာကို ကြိုးစား​ပေးရ​ပေမည်။ 


ထုတ်လုပ်​ရေးအဖွဲ့က ၎င်းတို့အားလုံးကို ပိုးမွှားကာကွယ်​ရေးဝတ်စုံများ လဲဝတ်​စေခဲ့ပြီး ​ခေါင်းက​နေ ​ခြေဖျားအထိ ပိုးသတ်ပြီး​နောက် ၎င်းတို့အားလုံး နွားတင်းကုတ်ထဲ ဝင်ခဲ့ကြ၏။ ယခု ခရီးစဥ်တစ်​လျှောက်၏ အဓိကအချိန်သို့ ရောက်ရှိလာ​လေပြီ။ အဖွဲ့တစ်ခုစီက နွားနို့ညှစ်ရမည်ဖြစ်ပြီး သတ်မှတ်ထား​သော အချိန်အတွင်း အများဆုံးညှစ်နိုင်​သောအဖွဲ့က အပူ​ပေးစနစ်ပါ​သော အခန်းတစ်ခုမှာ ​နေရလိမ့်မည်။ ​ရေချိုးခန်းနှင့် အပူ​ပေးစနစ်ပါ​သောအခန်းက တစ်ခန်းသာရှိ​ပေသည်။ 


ယခုတစ်ကြိမ်မှာ​တော့ ၎င်းတို့အားလုံး ယွမ်ယယ်မတတ်ကျွမ်း​သောပညာကို ကြုံ​တွေ့လိုက်ရ၏။ ၎င်းမှာ ​မျောက်က​လေးယယ်၏ နယ်​မြေမဟုတ်​တော့​ပေ။ သူငယ်ငယ်က သူ၏အဘိုးသည် နွားများကို​မွေးမြုခဲ့​သော်လည်း ၎င်းတို့က နို့စားနွားများမဟုတ်​ပေ။ ထို့​ကြောင့် သူက မည်သို့နွားနို့ညှစ်ဖူးလိမ့်မည်နည်း။ 


မိန်းက​လေးနှစ်​ယောက်မှာ နွားတစ်​ကောင်ချင်းစီက မည်သို့လှပ​ကြောင်းကိုသာ စိတ်ဝင်တစား​ပြောဆို​နေခဲ့ကြသည်။ အခြားအဖွဲ့ဖြစ်သော ချီရှင်းနှင့် ချိန်ရွှင်တို့က သူတို့လုပ်ရမည့်အရာကို သိပုံ​ပေါ်​ပြီး မည်သည့်တစ်​ကောင်ကို​ရွေးရမလဲဟု ​ဆွေး​နွေး​နေကြ၏။ 


ယွမ်ယယ်က ဖန်း​ရှောက်ယိကို​ပြောလိုက်သည်။ "ယိ​​ကော၊ ဒီမှာပဲရပ်​နေလိုက်​။ မင်းက ရုပ်ရှင်ဧကရာဇ်တစ်ပါးဆို​တော့ ရုပ်ရှင်ဧကရာဇ်တစ်ပါးရဲ့ပုံရိပ်ကို ဖျက်စီးလို့မဖြစ်ဘူး။" 


သူက ​နောက်လှည့်ကာ ကင်မရာဆရာကို ​ပြောလိုက်သည်။ "လာ၊ ကျွန်​တော့်ကို ရိုက်ကူး​ပေး။" 


ယွမ်ယယ်က ဖင်​အနောက်ပစ်ပြီး ခါးကုန်းကာ ဘယ်တစ်ကောင်က ကြည့်အ​ကောင်းဆုံးလဲ၊ ဘယ်​ကောင်မှာ နို့အများဆုံးရှိနိုင်မလဲ၊ ဘယ်တစ်​ကောင်က နို့ညှစ်တဲ့ချိန် ​ဒေါသတကြီးမဖြစ်ဘူးလဲဟု တစ်​ကောင်ချင်းစီအား စစ်​ဆေး​နေခဲ့သည်။ 


"ဒီတစ်​ကောင်က အရမ်းပိန်တယ်၊ ပထမအကြည့်တစ်ချက်နဲ့တင် ကျွန်​​တော်​ပြောနိုင်တယ် အဲ့အ​ကောင်က အလုပ်မဖြစ်နိုင်ဘူး..." ယွမ်ယယ်တစ်​ယေယာက် ခါးကုန်းထားရ​သော​ကြောင့် ​သွေးလည်ပတ်မှုမ​ကောင်း​တော့ဘဲ မျက်နှာတစ်ခုလုံး နီမြန်း​နေခဲ့သည်။ သူ စကား​ပြောလိုက်​သောအခါ သူ၏အသံမှာ အစ်တစ်တစ်ဖြစ်​နေ​လေ၏။ "ကျွန်​တော်က အသုံးဆယ်​ကျော်​ လူအိုတစ်​ယောက်ဖြစ်​နေပြီ။ ဒီ​နေရာမှာ အဲ့အရာ​တွေကို ​လေ့လာဖို့အတွက် ကျွန်​တော့်ကို ကုန်းကုန်းကွကွလုပ်ခိုင်း​နေတဲ့​လေ။ အဲ့ဒါက သင့်တော်တယ်လို့များ ထင်​နေကြတာလားမသိဘူး၊ ဟမ်?"


သူ့နံဘေးမှ ချီရှင်းကမူ မရယ်ဘဲမ​နေနိုင်​တော့​ချေ။ သူက​ပြောလိုက်သည်။ "ယွမ်ယယ်​ကော၊ ​ရွေးပြီးသွားပြီလား။" 


ယွမ်ယယ်က သူ့ကို တစ်ချက်ကြည့်လိုက်၏။ "မင်းက ဘာလို့​လာမေး​နေတာလဲ။"


ချီရှင်းက ပြန်​ဖြေလိုက်၏။ "​ကောက အ​လေးအ​နက်အဖြစ်ဆုံးပဲဆိုတာ ကျွန်​တော်​ပြောရဲတယ်။ ​ကောမှာ ဒုတိယအ​နေနဲ့​ရွေးထားတာရှိလား။ ​​ကော ရွေးပြီးသွားပြီဆိုရင် ​ကောရဲ့ ဒုတိယ​တစ်​ကောင်ကို ကျွန်​တော်တို့ယူလိုက်မယ်​လေ။" 


ယွမ်ယယ်က ရယ်​မောလိုက်ပြီး ဆူလိုက်​လေသည်။ "မင်းတို့က အလွယ်လမ်းကို လိုက်​နေတာပဲ။" 


ရှိုး၏ဤအပိုင်းသည် သူတို့ကို ​ရယ်စရာဖြစ်​စေဖို့ ဖန်တီးထားခြင်းဖြစ်ပြီး ယခုလိုမျိုး ရည်ရွယ်ချက်ရှိရှိရိုကက်ကူးရ​ပေမည်။ နွားတစ်​ကောင်စီ​ရွေးချယ်ပြီးသွားလျှင်​တောင် ၎င်းတို့​တွေ ​ကောင်း​ကောင်းပြင်ဆင်​ပေးဖို့လည်း လိုအပ်ပြီး နွား၏အရေးကြီးသော အစိတ်အပိုင်းများကို သေချာစွာ ပိုးသတ်ခြင်း၊ သုတ်​ပေးခြင်း၊ ထို့နောက် နှိပ်နယ်ပေးခြင်းတို့ ပါဝင်၏။ ၎င်းတို့အားလုံးကို မည်မျှအားသုံးကာညှစ်ရပုံ၊ နှိပ်နယ်နည်းနှင့် မည်သည့်ဘက်သို့ နှိပ်နယ်​ပေးရမည်ကို ပြောပြ​နေသည့် နည်းပြဆရာတစ်​ယောက်လည်း သူတို့အနားတွင် ရှိနေခဲ့သည်။ 


သူတို့အားလုံး နှိပ်နယ်​ပေးပြီး​နောက် နည်းပြဆရာက လက်​တွေ့သရုပ်​ဖော်ပြခဲ့သည်။ သူက မည်သည့်​နေရာတွင် ​ဆောင့်​ကြောင့်ထိုင်ကာ သူတို့၏လက်အားကို မည်သို့အသုံးပြုရမည်ကို သင်ကြား​ပေး​နေ၏။ ယွမ်ယယ်တစ်​ယောက် နွား၏​ဘေးတစ်ဖက်မှာ ​ဆောင့်​ကြောင့်ထိုင်ကာ နွား၏နို့တစ်ဖက်ကို ကိုင်ထားသည်။ သူက နည်းပြ၏လမ်းညွှန်ချက်များကို လိုက်နာကာ နွားနို့ညှစ်လိုက်သည်။ "ငါ ဒီ​နေ့ မင်းတို့ကို အနိုင်ယူ​တော့မှာမလို့ ငါ့ကို ​စောင့်ကြည့်​နေလိုက်​တော့။" 


ဖန်း​ရှောက်ယိက အခြားတစ်ဖက်တွင် ထိုင်ချလိုက်​သော်လည်း အလုပ်​ကောင်း​ကောင်းမလုပ်ခဲ့​​ပေ။ သူက ယွမ်ယယ်ကိုကြည့်​လျက်သာ ရယ်​​မော​နေခဲ့သည်။ ယွမ်ယယ်တစ်​ယောက် နို့ညှစ်​နေရင်းဖြင့် သူ၏အသက်ရှူသံများ​​​အောက် ညည်းညူ​နေခဲ့သည်။ ထိုပုံစံက အ​တော်​လေး ရယ်စရာ​ကောင်း​​​နေ၏။ ​ဘေးနားက လူငယ်ဒါရိုက်တာကလည်း လက်အုပ်ကာ အပြင်းအထန်ရယ်​မော​နေလျက်ပင်။ 


"​ကောင်းတယ်၊ ဆက်ရယ်​နေ။ ငါတစ်​ယောက်ထဲ ဒီတစ်ပုံးလုံးပြည့်ဖို့ အချိန်ဘယ်​လောက်ထိကြာမလဲ သိရဲ့လား။ မင်း ဒီည​အေးလာတဲ့အချိန်ထိ ဆက်ရယ်​နေနိုင်ဦးမလားဆိုတာ ကြည့်လိုက်ကြတာ​ပေါ့။" ယွမ်ယယ်က ထိုသို့​ပြောပြီး​နောက် ဖန်း​ရှောက်ယိကို ကြည့်လိုက်သည်။ 


ဖန်း​ရှောက်ယိက ရယ်​​နေဆဲပင်။ ယခုတစ်​ခေါက် သူတို့နှစ်​ယောက်​တွေ့ဆုံချိန်က​နေ အခုချိန်အထိ ဖန်း​ရှောက်ယိ ယခုလို အရမ်းပျော်ရွှင်​စွာရယ်​မောနေသည်ကို ယွမ်ယယ် မမြင်ခဲ့ရ​ပေ။ ယွမ်ယယ်က သက်ပြင်းချလိုက်သည်။ "​ကောင်းပြီ၊ ရယ်ပဲရယ်​နေ​တော့။ မင်း ​ပျော်​နေသရွေ့ ငါပဲလုပ်လိုက်ပါ့မယ်။" 


ယွမ်ယယ်က သူ၏လက်သီးဆုပ်အားကို တင်းလိုက်သည်။ ထို့​နောက်ပြန်​လျှော့ချလိုက်၏။ ဤသို့ဖြင့် သူ၏လက်များက အထက်​အောက် ​​ရွေ့လျား​နေခဲ့ပြီး နွားနို့ဖြူဖြူ​လေးများက ယွမ်ယယ်၏ သွယ်လျလှပ​သော လက်​ချောင်းများ​ပေါ် တင်ကျန်​နေရစ်သည်။ ဖန်း​ရှောက်ယိတစ်​ယောက် သူ၏လက်များကို စိုက်ကြည့်​နေရင်းက​နေ သူ၏မျက်လုံးများက မည်း​နက်လာခဲ့သည်။ 


ယွမ်ယယ် သူ့ကိုတစ်ချက်ကြည့်လိုက်၏။ ထို့​နောက် သူ၏နှုတ်ခမ်း​ထောင့်က အ​ပေါ်သို့ အနည်းငယ် မြင့်တက်သွားခဲ့ပြီး နူးညံ့စွာပြုံးလိုက်​လေသည်။ 


ကင်မရာများ မရိုက်ကူးနိုင်​သောရှု​ထောင့်မှာ ယွမ်ယယ်တစ်​ယောက် သူ၏လက်မကိုသုံးကာ နွားနို့အုံအား ဖြည်းညှင်းစွာ ကုတ်ခြစ်လိုက်ပြီး နို့နှစ်​​ရောင်နွားနို့နှစ်စက်က သူ၏လက်​ချောင်း​ပေါ် ကျလာခဲ့၏။ ထို့​နောက် သူ၏လက်​မဖြင့် လက်​ချောင်းထိပ်​လေးကို ရည်ရွယ်ချက်ရှိရှိ လှည့်ပတ်၍ပွတ်သပ်လိုက်သည်။ ၎င်းမှာ သာမန်လှုပ်ရှားမှုတစ်ခုသာဖြစ်​သော်လည်း ယွမ်ယယ်တစ်​ယောက် ၎င်းကို ပူပူ​လောင်လောင်ဖြစ်​စေရန် ဆုံးဖြတ်ထားခဲ့သည်။ သူနှင့် ဖန်း​ရှောက်ယိတို့ ကင်မရာများကွယ်ရာမှာ ပူ​လောင်ပြင်းပြ​​နေ​သောအကြည့်ချင်း ဆုံးသွားခဲ့ကြ၏။ ယွမ်ယယ်က မျက်စိမှိတ်ပြလိုက်ပြီး ဖန်း​ရှောက်ယိထံ ​သေးငယ်​သော ဆွဲ​ဆောင်မှု​လေးတစ်ခု ပစ်​ပေါက်ရန် သူ၏မျက်လုံးများကို အသုံးပြုခဲ့သည်။ 


ဖန်း​ရှောက်ယိတစ်​ယောက် သူ့ကို တစ်စုံတစ်ခု လှမ်း​ပြောလာခဲ့ပြီး ၎င်းက အသံမထွက်ဘဲ ပါးစပ်လှုပ်ပြရုံမျှသာ ဖြစ်​​သော်လည်း ယွမ်ယယ် ချက်ချင်း သ​ဘော​ပေါက်​လိုက်​ပေ၏။ 


ထို့​နောက် လူတိုင်း ယွမ်ယယ် နွားနို့ညှစ်​နေသည့်ကြားက​နေ ရုတ်တရက်​မြေပြင်​ပေါ်ထိုင်ချကာ လှိုက်လှိုက်လှဲလှဲရယ်​မော​နေသည်ကို မြင်​တွေ့လိုက်ကြရသည်။ သူက အပြင်းအထန်ရယ်​မော​​နေသဖြင့် သူ၏မျက်စိ​ပေါက်များကို​တောင် မမြင်ရ​တော့လုနီးပါးပင်။ 


ဖန်း​ရှောက်ယိက ကျီစားမှုများကို သည်းမခံနိုင်​တော့ဘဲ ထရပ်ကာ ​အခြားသူများ၏အ​ခြေအ​နေကို ​စစ်​ဆေးရန် ​အဝေးသို့လျှောက်သွားလိုက်​တော့သည်။ 


ယွမ်ယယ်တစ်​ယောက် ​ထိုင်ရယ်​နေရင်း နွားနို့ဆက်ညှစ်​​နေခဲ့ရ၏။ တစ်စုံတစ်​ယောက်​သော ရုပ်ရှင်ဧကရာဇ်က အလုပ်လုပ်ရန် ငြင်းဆန်​သော်လည်း သူက​တော့ မရ​ပေ။ သူသာ အလုပ်လုပ်သည်ကို ရပ်လိုက်လျှင် ညဘက်တွင် မည်သည့်အပူ​ပေးစနစ်မှရလိမ့်မည်မဟုတ်​ပေ။ ဖန်း​လောင်ရှီးက ​နေမ​ကောင်းဖြစ်​နေဆဲပင်။ ညသန်း​ခေါင်ကြီး သူ ​အေးခဲ​နေလျှင် ပိုဆိုးသွားလိမ့်မည်။ ထို့အပြင် သူ အဆင်မ​ပြေဖြစ်ပါက စိတ်အ​ခြေအ​နေဆိုးဝါးလာပြီး သူ့ကို ထပ်မံ၍ ​ဒေါသတကြီး​ပြောဆိုလာလျှင် ယွမ်ယယ်တစ်​ယောက် ​နောက်တစ်ကြိမ်ထပ်ပြီး ညတစ်ဝက်​လောက် အိပ်မ​ပျော်ဘဲဖြစ်​နေရလိမ့်မည်။ 


ယွမ်ယယ် ​ခေါင်းကိုခါယမ်းလိုက်ပြီး ဖန်း​ရှောက်ယိ ​စော​စောက မြင်ကွင်းကွယ်ရာမှ သူ့ကို​ပြောခဲ့သည့်အရာအား ပြန်​တွေးလိုက်မိသည်။ သူ ထိုစကား​ကြောင့် ရယ်ချင်​နေဆဲပင်။ တစ်ခါတစ်ရံ ဖန်း​လောင်ရှီးက အလွန်ကို ချစ်စရာ​ကောင်း​ပေ၏။ 


​စော​စောတုန်းက တစ်ဖက်လူ၏အကြည့်များမှာ ​​နက်​မှောင်​နေခဲ့သည်။ သူ၏အမူအရာက ​ကူကယ်ရာမဲ့​နေသည်မှာ သိသာ​သော်လည်း သူ့ကို မသက်​ရောက်သလို တည်ငြိမ်​ယောင်​​ဆောင်​နေခဲ့ပြီး ယွမ်ယယ့်ကို ဤသို့​ပြောလာခဲ့သည်။

 

မင်း ဘယ်လို​ဖြစ်လို့ ဒီ​လောက်ထိအရှက်မဲ့​နေရတာလဲ။


*****

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment