ရေပန်းစားနေသော အကြောင်းအရာများအားလုံးကို ယွမ်ယယ်က သိမ်းပိုက်သွားလေသည်။ Weibo ပေါ်ရှိ လူတိုင်း ထိုသတင်းကို ဆွေးနွေးနေလျက်ပင်။ Weibo မှာ လူတိုင်း ယွမ်ယယ်အကြောင်းရှာဖွေနေကြသဖြင့် လုံးဝကို ပျက်ကျသွားခဲ့သေးသည်။
ကျီရှောင်ထောင်းသည်လည်း ထို Weibo ပို့စ်ကိုမြင်လိုက်ပြီးနောက် ပေါက်ကွဲထွက်သွားလေ၏။ သူက ဖန်းရှောက်ယိ၏နားထဲသို့ တကျီကျီလုပ်နေခြင်းကို မရပ်တန့်နိုင်ခဲ့ပေ။ နောက်ဆုံးတွင် ဖန်းရှောက်ယိက သူ့ကို အဝေးမောင်းထုတ်လိုက်ပြီး အနှောင့်အယှက်ပေးနေသည်ကိုရပ်ကာ ကိုယ့်အခန်းကိုပြန်ရန်ပြောလိုက်သည်။
ချီရှင်းက ယွမ်ယယ်၏ပို့စ်ကို ခေါင်းစဥ်တစ်ခုနှင့် ပြန်တင်ထားလေသည်။ "[အပြုံးကြီး] [အပြုံးကြီး] ယွမ်ယယ်ကောက တည့်ပဲကွ! ဟားဟားဟား မြန်မြန်လေး သူ့ကိုလိုက်ပါဗျို့! ဒီကောကောနှစ်ယောက်က ငါတို့ကို တမင်သက်သက် နာကျင်အောင်လုပ်နေတာလား။"
ချိန်ရွှင်က ချီရှင်းပြန်လည်တင်ထားသောပို့စ်ကို ပြန်တင်ထား၏။ "ယွမ်ယယ်ကောကို အားပေးကြမယ်။"
ဖုန်းလေကျစ်နှင့် အခြားသောစာရေးဆရာများကလည်း အပျော်သဘောဖြင့် ပါဝင်လာကြ၏။ ၎င်းတို့က ယွမ်ယယ်ကို စနောက်ချင်နေရာ သူတို့ပို့စ်ပြန်တင်သောအခါ ၎င်းတို့၏မှတ်ချက်အားလုံးမှာ စနောက်ထားသည်များသာ။ "ဦးလေးယယ်က အသက်သုံးဆယ်ကျော်မှ နောက်ထပ်နွေဦးဝင်နေတာလား။"
"မင်းတို့ရဲ့ဦးလေးယယ် ဘယ်လိုတောင်မျက်နှာလုပ်ထားလဲဆိုတာ လာပြီးကြည့်လိုက်ကြ။"
"တည်ငြိမ်ပြီး ကောင်းတယ် ယယ်ကော။"
ယခုအချိန်တွင် ဥာဏ်ကောင်းသောသူများက ယွမ်ယယ်၏ပို့စ်ကို ပြန်တင်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့က ယွမ်ယယ်နှင့်လည်း အဆက်အသွယ်လုပ်လိမ့်မည်မဟုတ်။ ၎င်းမှာ ဖန်းရှောက်ယိဘက်မှ မလှုပ်ရှားသေးသောကြောင့်ဖြစ်ပြီး ယွမ်ယယ်တင်လိုက်သော ထိုပို့စ်မှာ မည်သို့သောရလဒ်ထွက်လာမည်ကို မည်သူမှမသိကြပေ။ အောင်မြင်သွားနိုင်သလို လုံးဝပြိုလဲသွားနိုင်သည်။ အကယ်၍သာ သူတို့နှစ်ဦးသည် ကာလအတော်ကြာကတည်းက မကောင်းပြောခံနေရပြီး ဖန်းရှောက်ယိက စာမပြန်ခဲ့ပါမူ သို့မဟုတ် သူ့ကို တိုက်ရိုက်ငြင်းဆိုလိုက်ပါက ယွမ်ယယ်တစ်ယောက် ချက်ချင်းလက်ငင်း ရွံ့ထဲကျသွားလိမ့်မည်။ ပို၍အကျယ်ချဲ့ပြောရလျှင် အနာဂတ်တွင် တစ်စုံတစ်ယောက်က ယွမ်ယယ်သစ္စာဖောက်ခြင်း သို့မဟုတ် မကောင်းသည့်တစ်စုံတစ်ခုကို တူးဆွလာပါက ယနေ့ သူ၏ပို့စ်ကို ပြန်တင်ထားကြသောလူများကိုလည်း အကျိုးသက်ရောက်စေလိမ့်မည်။ ထို့ကြောင့် အခြားသူများက ဖန်းရှောက်ယိ၏ပြန်စာကို သိပြီးနောက်မှသာ ၎င်းတို့၏အမြင်ကို ထုတ်ပြောရဲကြလိမ့်မည်ဖြစ်သည်။
ဖုန်းလေကျစ်တို့ပြန်တင်ထားသည်မှာတော့ ကိစ္စမရှိပေ။ ယွမ်ယယ်နှင့် ၎င်းတို့က နယ်ပယ်တစ်ခုတည်းမှဖြစ်၏။ ၎င်းတို့က မည်သို့ပင်ဖြစ်စေ အနုပညာနယ်ပယ်မှ အတင်းအဖျင်းများကို လုံးဝဂရုမစိုက်ချေ။ သို့သော် ချီရှင်းနှင့် ချိန်ရွှင်တို့၏ ချက်ချင်းနီးပါးတုံ့ပြန်မှုများကတော့ အတော်လေးအံ့အားသင့်စရာဖြစ်နေခဲ့သည်။ ၎င်း၏နောက်ကွယ်မှ ရှုပ်ထွေးသည့်ကိစ္စများကို ၎င်းတို့နှစ်ဦး မသိကြလေခြင်းလား။ မဖြစ်နိုင်ပေ။ ၎င်းတို့မသိလျှင်တောင် ၎င်းတို့၏ ကုမ္ပဏီကတော့ သိပေသည်။ သူတို့နှစ်ဦးက ယွမ်ယယ်နှင့် ဖန်းရှောက်ယိတို့ကို အမှန်တကယ်သဘောကျကြသည်။ ၎င်းမှာ အစီအစဥ်ရိုက်ကူးရေးတွင် သိသာလှ၏။ ယခုတွင်လည်း ၎င်းတို့က အရာအားလုံးကိုလျစ်လျူရှုကာ စကားဝိုင်းအရှိန်ကိုပြောင်းလဲပြီး ထိုထိုးနှက်ချက်များ၊ လှောင်ပြောင်မှုများကို လျော့ကျသွားစေရန်အတွက် ယွမ်ယယ်ကို ကူညီရန် အလျင်အမြန်ပေါ်လာခဲ့ကြသည်။ ထိုကလေးနှစ်ယောက်က သူတို့၏သူငယ်ချင်းဆက်ဆံရေးကို ဂရုစိုက်ပြီး အတော်သေးသစ္စာရှိကြောင်း ထင်ရှားနေပေသည်။
ဖန်းရှောက်ယိက ယွမ်ယယ်ကို လူအများ၏အာရုံစိုက်မှုအောက်တွင် အချိန်အကြာကြီး နေခွင့်မပြုခဲ့ပေ။ သူက ယွမ်ယယ်၏ပို့စ်ကို ပြန်တင်ကာ မြန်မြန်စာပြန်လိုက်လေ၏။ သူက စာလုံးတစ်လုံးတည်းကိုသာ ထပ်ထည့်ထားသည်။ "လိုက်။"
သူစာပြန်လိုက်သည်နှင့် Weibo မှာ ပို၍ပင်စည်ကားလာခဲ့သည်။ အနုပညာနယ်ပယ်ရှိ နာမည်ကြီးများအားလုံးကလည်း ယွမ်ယယ်၏ပို့စ်ကို ပြန်တင်လာကြပြီး ၎င်းတိုနှစ်ဦးအား ခွေးတွေကိုမည်သို့အနိုင်ကျင့်ကာ မည်သို့ဆော့ကစားမည်ကို တကယ်သိတာပဲဟု ပြောထားကြ၏။ ဖန်းရှောက်ယိ Weibo ပေါ် ပို့စ်ပြန်တင်ပြီးနောက် ယွမ်ယယ်ကိုဖုန်းခေါ်ခဲ့သည်။ သို့သော် ဖုန်းမှာ ဆက်သွယ်၍မရဘဲ တစ်ဖက်လူက စိတ်ပိတ်ထားလေ၏။
၎င်းကိုစဥ်းစားလိုက်သော် ထိုသို့လုပ်ထားသည်မှာ အဓိပ္ပါယ်ရှိပေသည်။ ယွမ်ယယ်၏ဖုန်းက ယခုအချိန်မှာ မက်ဆေ့ချ်များ၊ ဖုန်းအဝင်ကောများဖြင့် သေချာပေါက် ပေါက်ကွဲနေလိမ့်မည်။ ယွမ်ယယ်၏စရိုက်အရ သူသည် သေချာပေါက် စိတ်အနှောင့်အယှက်ဖြစ်နေပြီး ရိုးရိုးရှင်းရှင်းပင် သူဖုန်းကိုစက်ပိတ်လိုက်မည်ပင်။
ကန်းကျင့်ဝေဘက်မှာလည်း အလုပ်လုပ်နေရလေသည်။ သူက အကြောင်းအရာကိုလမ်းလွှဲစေရန် ကြိုးစားနေကြသည့် မှတ်ချက်များကို စစ်ထုတ်နေရ၏။ ဖျော်ဖြေရေးအကောင့်များမှ ထိုပိုစ့်ကိုပြန်တင်သောအခါ ဖန်းရှောက်ယိ၏ရုပ်ရှင်အသစ်နှင့်သက်ဆိုင်သည့် ပရိုမိုးရှင်းဆင်းသည့်မှတ်ချက်များဖြစ်စေရန် သေချာစေခဲ့သည်။ ၎င်းမှာ ယွမ်ယယ်သစ္စာဖောက်သည်ဟူသော ကောလဟာလများကို ဖုံးသွားစေခဲ့၏။ ထိုသတင်းနှင့် ၎င်းတို့အတွက် အပြစ်တင်မခံရရန်မှာ လုံးဝမဖြစ်နိုင်ပေ။ ထို့ကြောင့် သူက ထိုကျော်ကြားမှုကို အခြားအကြောင်းအရာထက် ဖန်းရှောက်ယိ၏ရုပ်ရှင်ပရိုမိုးရှင်းအတွက် အသုံးချကာ အပြစ်တင်ခံလိုက်မည်သာ။ ၎င်းက မကောင်းသည့်သက်ရောက်မှုကို နည်းပါးသွားစေလိမ့်မည်။
သို့သော် အရာရာတိုင်းကို လုံးဝ ဖိနှိပ်မထားနိုင်ချေ။ အခြားအရာများအတွက် မကောင်းသည့်မှတ်ချက်တချို့မှာ နာမည်ကြီးလာသေးသည်။
"PR 666 သိပ်မကြာခင် အစီအစဥ်တစ်ခုခုနဲ့ လာပြီးဖြေရှင်းသင့်တယ်နော်။ ကွာရှင်းထားတာတောင် ချိန်းတွေ့တဲ့ရသစုံရှိုးကို သွားခိုင်းပြီး ပရိသတ်တွေကို အရူးတွေလိုဆက်ဆံနေတာပဲ။ အခု ဖော်လည်းဖော်ထုတ်ခံလိုက်ရရော ဒီနယ်ပယ်ပြင်ပကလူကို မင်းအတွက် အပြစ်တွေကိုခေါင်းခံခိုင်းနေပြီးတော့ ဇာတ်လမ်းကို ဘယ်လိုလုပ် 'စုံတွဲတွေစနောက်ခြင်း' အဖြစ် မြန်မြန်ပြောင်းလဲလိုက်ရတာလဲ။ ဒီနှစ်ရဲ့စောင့်ကြည့်သူတွေက အရူးတွေပဲလား ဒါမှမဟုတ် ဒီကုမ္ပဏီရဲ့ရေတပ်ကပဲ အရမ်းအံ့သြစရာကောင်းနေတာလား ငါတော့မသိတော့ဘူး။"
"XX ရုပ်သံဌာနက ထုံးစံအတိုင်း ကိုယ်ကျင့်တရားမရှိတဲ့ အမှိုက်သာသာပဲ။ ထုတ်လုပ်ရေးအဖွဲ့က သူတို့ကွာရှင်းထားတာကို မသိတာ ဖြစ်နိုင်ပါ့မလား။ သူတို့လည်း ပရိသတ်တွေကို ဖုံးကွယ်ထားတာပဲ။ အခု ဒီကိစ္စလည်းပေါ်သွားရော သူတို့က အသံလေးတစ်သံတောင် မထွက်တော့ဘူးလေ။"
"ငါအဲ့အစီအစဥ်ကိုကြည့်တုန်းက ယွမ်ယယ်က အရမ်းစွမ်းဆောင်နိုင်တာပဲလို့ ခံစားရတယ်။ ဖန်းရှောက်ယိက သူ့နောက်ကိုပဲ တစ်ချိန်လုံးလိုက်နေရတယ်။ သူက ဖြောင့်မတ်တယ်လို့ပြောကြတာ ရယ်စရာပဲ။ ကြည့်ရတာ သူ့ရဲ့ပရိယာယ်တွေနဲ့ ဖြောင့်မတ်တာပဲ။ သူအဲ့ဒါကိုပြောလိုက်တော့ ဖန်းရှောက်ယိက ပြန်တောင်မပြောနိုင်တော့ဘူး။ ဘယ်သူကမှ သူ့ကို အခုလိုမျိုး လူထုရှေ့မှာ ငြင်းဆန်မှာမဟုတ်ဘူး။ ဖန်းရှောက်ယိကလည်း ဘယ်သူ့ကိုမှ ပါးဖြတ်ရိုက်မဲ့စတိုင်မျိုးမှမဟုတ်တာ။ ဒါက တစ်ဖက်လူကို သူနဲ့ပြန်ပြီးအတူတူရှိကြဖို့ တွန်းအားပေးတာပဲမဟုတ်ဘူးလား။ ဒီကိစ္စတစ်ခုလုံးက အရမ်းစိတ်ရှုပ်စရာကောင်းတယ်။"
"မင်းက အပြင်ထွက်ပျော်ပါးပြီး ခုမှ ပြန်လာပြီး မြက်စားချင်နေသေးတယ်ပေါ့။ မင်းရဲ့ ပုံစံက ခေါင်းမာပြီး လွတ်လပ်တယ်လို့ ပြောနေသေးတယ်ပေါ့။ အွိး [Husky] [Husky]"
ဖန်းရှောက်ယိက Weibo ကို ဒေါသတကြီးဖြင့်ပိတ်လိုက်သည်။ ထိုထက်ပိုဆိုးသောအရာများလည်း ရှိနေသေး၏။ သူ ထိုအရာများကို မကြည့်နိုင်တော့ဘဲ ဒေါသထွက်နေခဲ့သည်။ ထို့နောက် ယွမ်ယယ်ကိုဖုန်းထပ်ခေါ်လိုက်သော်လည်း ဖုန်းမှာစက်ပိတ်ထားဆဲပင်။ ယနေ့ညတော့ ဖုန်းပြန်မဖွင့်လောက်တော့ပေ။
မမျှော်လင့်ထားစွာပင် မိနစ်အနည်းငယ်ကြာပြီးနောက် ယွမ်ယယ်က ဖုန်းပြန်ခေါ်လာခဲ့၏။ ဖန်းရှောက်ယိတစ်ယောက် ဖုန်းမျက်နှာပြင်ပေါ်ရှိ 'မျောက်ကလေး' ဟူသောနာမည်ကို စိုက်ကြည့်နေခဲ့သည်။ သူဖုန်းကိုင်လိုက်ပြီး မည်ကဲ့သို့သောအမူအရာမျိုးလုပ်ရမည်ကို မသိခဲ့ချေ။
"ယိကော" ယွမ်ယယ်က သူဖုန်းကိုင်လိုက်သည်နှင့် ခေါ်လာခဲ့သည်။
ဖန်းရှောက်ယိ၏အသံမှာ အတော်လေးနက်ရှိုင်းနေ၏။ "ပြော"
"ဟားဟားဟား ဘာလို့ အရမ်းရန်လိုနေရတာလဲ။ မင်းပဲ ပြန်လိုက်လို့ရတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။" ယွမ်ယယ်တစ်ယောက် အရှက်မရှိရယ်နေခဲ့၏။ "နောက်လှည့်ပြီး ငါ့ကိုမသိသလိုမျိုးဟန်ဆောင်နေမယ်ဆိုရင် မင်းရဲ့ကတိကို မလိုက်နာတော့ဘူး။"
မူလက ဖန်းရှောက်ယိသည် အနည်းငယ်ဒေါသထွက်နေသော်လည်း သူ၏ရယ်မောသံကို ကြားလိုက်ရသောအခါ စိတ်မဆိုးနိုင်တော့ပေ။ သူ ကူကယ်ရာမဲ့သလိုခံစားလိုက်ရ၏။ ထို့နောက် မျက်ခုံးများတွန့်ချိုးကာ ပြောလိုက်သည်။ "မင်းကို ဘယ်သူက အဲ့လိုတွေတင်ဖို့ ပြောလိုက်တာလဲ။ မင်းက အဆဲဆိုခံချင်နေတာလား။"
"အဲ့ဒါက အမှန်တွေပဲလေ။" ယွမ်ယယ်က ထပ်မံရယ်မောလိုက်၏။ "ငါ့ကို ဆဲစမ်းပါစေ၊ ဘာပဲဖြစ်ဖြစ် ငါ အဲ့မှတ်ချက်တွေကို လိုက်ကြည့်မနေဘူး။"
"အမှန်ပဲ?" ဖန်းရှောက်ယိက နှာမှုတ်ကာ မေးလိုက်၏။ "မင်း ငါ့ကိုလိုက်မယ်ဆိုတဲ့ဟာလား။ ကွာရှင်းဖို့ကို မင်းကတောင်းဆိုခဲ့တယ်ဆိုတဲ့ဟာလား။"
"အိုင်း အကုန်အတူတူပဲကို။" ယွမ်ယယ်က ပြောလိုက်၏။ "ဘယ်သူက ဘယ်သူ့ကိုလိုက်တယ်ဆိုတာ အရေးမကြီးပါဘူး နောက်ဆုံးမှာ အတူတူရှိကြမှာပဲမဟုတ်ဘူးလား။ ဘယ်သူက ကွာရှင်းခွင့်တောင်းလဲဆိုတာကလည်း အရေးမကြီးဘူး နောက်ဆုံးမှာ... ဘယ်လိုပဲဖြစ်ဖြစ် ကွာရှင်းခဲ့ကြတာပဲလေ။ ဒီတော့ ကိစ္စတွေအားလုံးက အရေးမကြီးပါဘူး။ အဲ့ဒါက တကယ်ကို ငါ့အမှားပဲ။ ငါ အရမ်းကို ဒရမ်မာဆန်ခဲ့မိတာ။"
ဖန်းရှောက်ယိက ယွမ်ယယ်ပြောနေသည်ကို နားထောင်နေခဲ့သည်။ ထိုသို့နားထောင်ရင်း တွန့်ချိုးထားသောမျက်ခုံးများကလည်း ဖြည်းဖြည်းချင်း ပြေလျော့သွား၏။ ဒါကမှ ယွမ်ယယ်ဖြစ်သည်။ ဒါတွေကမှ ယွမ်ယယ်ပြောမည့်အရာများဖြစ်သည်။ ဖန်းရှောက်ယိ Weibo ပို့စ်ကို ပထမဆုံးတွေ့လိုက်ရချိန်က အမှန်တကယ်ဒေါသထွက်သွားခဲ့သည်။ ထိုဒေါသအားလုံးက ယွမ်ယယ်၏ပို့စ်တွင် အပြစ်များအားလုံးကို သူ့ကိုယ်သူပေါ်တွင်သာ ပုံချထားပြီး ဖန်းရှောက်ယိအား အပြစ်ကင်းစေခဲ့သောကြောင့်ဖြစ်သည်။ ထိုအတွက်ကြောင့် အနာဂတ်တွင် ဘာပဲဖြစ်လာဖြစ်လာ ၎င်းမှာ ဖန်းရှောက်ယိ၏အမှား မဟုတ်တော့ပေ။ သူတို့အတူရှိရန် ဆုံးဖြတ်လိုက်လျှင် ၎င်းက ယွမ်ယယ်တောင်းဆိုသောကြောင့်သာဖြစ်၏။ အဆုံးသတ်တွင် လမ်းခွဲခဲ့ပါက ၎င်းမှာ ယွမ်ယယ်က သူစိုက်ပျိုးထားသည်ကို သူရိတ်သိမ်းရခြင်းသာ။ အခြားသူများ၏ စိတ်နှလုံးသားထဲတွင် ဖန်းရှောက်ယိက နူးညံ့သိမ်မွေ့ကာ မြင့်မားသည့်ရုပ်ရှင်ဧကရာဇ်သာ ဖြစ်နေလိမ့်မည်။
ယွမ်ယယ်က အဆိုပါ Weibo ပို့စ်ကို စိတ်အားထက်သန်စွာ ဖန်တီးခဲ့သည်။ အမှန်တကယ်တော့ သူ၏ရည်ရွယ်ချက်ကို သူကိုယ်တိုင်ကသာ ပိုသိပေ၏။ ဖန်းရှောက်ယိက သူတစ်ယောက်တည်းအပြစ်တင်ခံနေရသည်ကို မည်သို့ခွင့်ပြုမည်နည်း။ သို့သော် ယွမ်ယယ်က အရင်ခြေလှမ်းစလိုက်သည်။ ဖန်းရှောက်ယိက ခံရသည့်နေရာမှာ ရှိနေစေရန်အတွက် သူက သေချာပြုလုပ်ခဲ့သည်။
သို့သော် ထို Weibo ပို့၏ ဖန်းရှောက်ယိအပေါ်သက်ရောက်မှုက 'ဒေါသ' ဟူသောစကားလုံးဖြင့်သာ ဖော်ပြရန်မှာ မဖြစ်နိုင်ချေ။
သူစိတ်မလှုပ်ရှားနေဘူးလား။
မဖြစ်နိုင်ပေ။
"ယိကော၊ ဒီရက်ပိုင်း ငါအများကြီးစဥ်းစားပြီးပြီ။" ယွမ်ယယ်သည် ဆေးလိပ်သောက်နေပုံရသည်။ ဖန်းရှောက်ယိဘက်ကနေ သူ၏ဆေးလိပ်ငွေ့မှုတ်ထုတ်သံကို ကြားနေရသည်။ "ငါ့အတွက်တော့ ငါပြောတဲ့စကားတွေကို မင်းအလေးအနက်ယူစရာမလိုဘူး။ ငါ မင်းကို တွန်းအားပေးနေမှာမဟုတ်ဘူး။ ငါက ဒီတိုင်း တခြားသူတွေ ငါတို့ကွာရှင်းထားတာကို သတင်းတချို့လိုမျိုး တူးဆွနေမှာမျိုးကို မကြိုက်လို့။ အဲ့လိုဆို ပျော်စရာမကောင်းဘူးလေ။"
ဖန်းရှောက်ယိက သူ့ကို ကြားဖြတ်မပြောဘဲ သူဆက်ပြောလာတာကိုသာ နားထောင်နေခဲ့သည်။
"ငါအဲ့လိုပြောခဲ့တာက ငါတို့အတွက် ဒုတိယလမ်းကြောင်းတစ်ခု ချန်ထားချင်လို့ပါ။" ယွမ်ယယ်က တိုးတိုးလေးရယ်လိုက်၏။ "မင်း ငါတို့ကွာရှင်းထားတာကို တိုက်ရိုက်ကြီး အတည်ပြုလိုက်မှာ ကြောက်လို့။ ငါ ဒီတစ်ကြိမ်တော့ မုန်းစရာကောင်းအောင် ပြုမူလိုက်တယ်၊ ဘာလို့လဲဆိုတော့ ငါ ငါတို့လုံးဝကြီး လမ်းခွဲလိုက်မှာကို မလိုချင်ဘူး။"
ဖန်းရှောက်ယိက အသံပြုကာ မေးလိုက်၏။ "ငါတို့လုံးဝလမ်းခွဲလိုက်မှာကို မလိုချင်ဘူးဆိုရင် မင်းကဘာလိုချင်တာလဲ။"
ယွမ်ယယ်က ထပ်မံရယ်မောလိုက်သည်။ သူ၏ရယ်သံက နည်းနည်းဆူညံသော်လည်း နားထောင်ရတာ အတော်လေးသက်သောင့်သက်သာရှိပေသည်။ "ငါ တကယ် ထုတ်ပြောရမှာလား။"
ဖန်းရှောက်ယိက အလွန်ရက်ရက်ရောရောဖြင့် ပြန်ပြောလိုက်သည်။ "အင်း"
ယွမ်ယယ် ရယ်နေဆဲပင်။ ထို့နောက် ပြန်ဖြေလိုက်၏။ "ငါ မင်းနဲ့အတူပြန်ရှိနေချင်တယ်။"
ဖန်းရှောက်ယိတစ်ယောက် မျက်လုံးများကိုမှိတ်ချလိုက်သည်။ ထို့နောက် လက်ချောင်းလေးများဖြင့် ဖုန်းကိုကုတ်ခြစ်နေပြီး ယွမ်ယယ်ဆက်ပြောသည်ကို နားထောင်နေခဲ့၏။ "ကော၊ ငါ မင်းကို အမှန်တိုင်းပြောပြမယ်။ ဒီအစီအစဥ်ကို မသွားခင်က ငါတို့နှစ်ယောက်လုံးဝအဆုံးသတ်သွားပြီလို့ ထင်ခဲ့တာ။ ငါ မင်းကို တွေ့ချင်ရုံလေးပါပဲ။ ပြောရရင်... မင်းငါ့ကိုသိပါတယ်။ ငါက တောင်နံရံနဲ့တိုက်နေရင်တောင် ဘယ်တော့မှနောက်ပြန်မလှည့်တတ်တဲ့သူဆိုတာ။ ဒါက ငါ့ဘဝမှာ ငါနောက်ပြန်လှည့်ချင်တဲ့ ပထမဦးဆုံးအကြိမ်ပဲ။ ဒီတစ်ချိန်လုံးမှာ ငါနောက်ပြန်လှည့်တာကိုပဲ လိုချင်နေခဲ့တာ။"
ပြောနေသူအတွက်ဖြစ်စေ၊ နားထောင်နေရသူအဖို့ဖြစ်စေ ထိုစကားများမှာ အတော်လေးဝမ်းနည်းစရာကောင်းပေ၏။ ၎င်းမှာ 'နောက်လှည့်' ဆိုသောစကားနှစ်လုံးတွင် နောင်တတရားခံစားချက်တို့ကို သယ်ဆောင်ထားသောကြောင့်ပင်။
"ဒါပေမဲ့ ငါ Weibo ပို့စ်တင်ခဲ့တာက အထိတ်တလန့်ဖြစ်သွားပြီး တခြားရွေးချယ်စရာမရှိလို့ပါ။ မင်းကို ငါတို့အတူပြန်ရှိရအောင် တွန်းအားပေးနေတာလို့ မထင်လိုက်နဲ့နော်။ လူသားတွေက ကိုယ့်ရွေးချယ်မှုရဲ့ အကျိုးဆက်ကို ခံစားရမှာပဲလေ။ အစတုန်းက အရာရာကိုဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကို မသုံးဘဲ အပြင်းထန်ဆုံးနည်းလမ်းကိုရွေးခဲ့တယ်။ ဒီတော့ ဒီနေ့ အဆင်မပြေမှုတွေနဲ့ နာကျင်မှုတွေအားလုံးက ငါခံသင့်တဲ့ အကျိုးဆက်တွေပါပဲ။"
"ငါ ဒီကိစ္စတွေကို အချိန်နဲ့ ကံကြမ္မာပေါ်ပဲ ချန်ထားလိုက်တော့မယ်။" ယွမ်ယယ်က ပြောလိုက်သည်။
ဖန်းရှောက်ယိမှာ သူ၏အမြင်တစ်ခုလုံး အမှောင်ကျသွားသလိုခံစားလိုက်ရသည့်အတွက် အလွန်စိတ်ဆိုးသွား၏။ - ငါတို့ရဲ့ ကံကြမ္မာကို ဘယ်သူက လာဆုံးဖြတ်ပေးမှာကို စောင့်နေတာလဲ။ ဘုရားသခင်လား? ကံတရားလား?
ဖန်းရှောက်ယိက ပါးစပ်ဖွင့်ဟလိုက်သော်လည်း ဘာမှမပြောလိုက်ပေ။ သူ ယွမ်ယယ့်ကိုဘယ်လိုပြောရမှန်း မသိချေ။ သူ၏လည်ချောင်းထဲတွင်သာ သူပြောချင်သည့်စကားလုံးများက တစ်နေလေသည်။
- ကောင်းပြီလေ၊ အဲ့လိုဆိုလည်း မင်းက ကံတရားရဲ့စကားကိုပဲ နားထောင်ပေါ့။
"မင်းရဲ့သက်တမ်းတစ်ဝက်နီးပါးမှာ ဘယ်သူ့စကားကိုမှ နားထောင်တာ ငါမမြင်ဖူးဘူး။" ဖန်းရှောက်ယိက တိုးတိုးလေးပြောလိုက်၏။ ထို့နောက် သူက ဆူလိုက်လေသည်။ "အနာဂတ်မှာ မင်းဘာပဲပြောပြောကိစ္စမရှိဘူး။ ဒါပေမဲ့ ငါ့ကိုအရင်လာမေး။ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်မပုံချနဲ့။ ငါ့အတွက်နဲ့ မင်းဘာကိုမှ အနစ်နာခံစရာမလိုဘူး။ ကိုယ်ဟာကိုယ် ကောင်းကောင်းပြုမူပြီး ငါ့ကို ပိုပြီးသက်တောင့်သက်သာအနားယူခွင့်ပေးပါဦး။"
"အင်းပါ။" ယွမ်ယယ်က ပြုံးကာ ပြန်ဖြေလိုက်၏။
နောက်တစ်နေ့တွင် ဖန်းရှောက်ယိက တရားဝင်ပို့စ်တင်လိုက်လေသည်။ "အနာဂတ်မှာ ကျွန်တော်ရဲ့မိသားစုကိစ္စတွေကို လူထုရှေ့မချပြတော့ပါဘူး။ ဒါက လူတိုင်းစိတ်ပူနေစရာမလိုတဲ့ အသေးအမွှားကိစ္စလေးတစ်ခုပါ။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို စိတ်ခံစားချက်တွေနဲ့ပဲ ဖြေရှင်းခွင့်ပြုလိုက်ပါ။"
ထိုပို့စ်တွင် ဝါကျနှစ်ကြောင်းသာပါသော်လည်း အကြောင်းအရာများစွာပါဝင်ပေသည်။ 'မိသားစုကိစ္စ'နှင့် အစချီထားခြင်းမှာ အလွန်စိတ်ဝင်စားစရာကောင်းပြီး 'စိတ်ခံစားချက်များ' နှင့် ဖြေရှင်းခြင်းမှာလည်း အတော်လေး ထူးဆန်းနေပေ၏။
တစ်ချို့သော CP ဖန်လေးများမှာ ခွေးစာစားရင်း ငိုကြွေးနေကြသည်။ "မနေ့က ဓါးထိုးခံလိုက်ရတယ်၊ ဒီနေ့ကျ ငါ့ရဲ့ဒဏ်ရာကို ဆေးထည့်ပေးနေတာပဲ။ ပြန်လျော်ပေး ဦးလေးယယ်!"
"OK ငါဒီရှိုးကြည့်ရတာကို အရမ်းသဘောကျတာပဲ။"
"QAQ ကောကောနှစ်ယောက်ကို တောင်းပန်ပါတယ်လို့! ကောတို့ လုံးဝအဆင်ပြေဖို့လိုတယ်နော်! ကောတို့နှစ်ယောက်က တကယ်တကယ့်ကို ကျွန်မရဲ့နောက်ဆုံးမျှော်လင့်ချက်ပဲ! ကောတို့နှစ်ယောက်သာ တကယ်ကွာရှင်းလိုက်ရင် ကျွန်မ အချစ်ဆိုတာကို ထပ်မယုံတော့ဘူး wuwuwuwuwu!"
"တောင်းပန်ပါတယ်၊ သူတို့နှစ်ယောက်ကို အရမ်းမိုက်တယ်လို့ ငါ ခံစားမိနေတုန်းပဲ။ သူတို့ကွာရှင်းပြီးသွားတာတောင် သူတို့က အရမ်းမိုက်တယ်လို့ ငါထင်နေတုန်းပဲ။ ငါ့အတွက် ဆေးမရှိတော့ဘူးထင်တယ်....."
ကျီရှောင်ထောင်းတွင် အကောင့်တုများရှိရာ ထိုပွဲထဲ ပျော်ရွှင်စွာ ဝင်ပါခဲ့လေ၏။ သူကမှတ်ချက်ရေးလိုက်သည်။ "ကောတို့နှစ်ယောက်မှာ ဒီထပ်ပိုကောင်းတာလုပ်စရာမရှိတော့ဘူးလို့ထင်တယ်။ ဒီတော့ မြန်မြန်ပြန်လက်ထပ်လိုက်ကြပါဗျို့!"
သူမှတ်ချက်ရေးပြီးနောက် ယွမ်ယယ်ထံ စာပို့ပြီး မေးလိုက်လေသည်။ [ယယ်ကော၊ ကော သူ့ကိုဘယ်လိုလိုက်ဖို့စီစဥ်ထားလဲ။ ကော သူ့ရဲ့အချိန်ဇယားလိုသေးလား။ သူ့အခန်းနံပါတ်ဆိုရင်ရော?]
ယွမ်ယယ်က အသံမက်ဆေ့ချ်ပို့လာ၏။ [မင်းငါ့ကို စာပို့တာရပ်လိုက်လို့ရမလား။ အရမ်းစိတ်ရှုပ်တာပဲ။]
ကျီရှောင်ထောင်း: [ကျွန်တော့်ကို ဘယ်လိုအသံကြီးနဲ့ပြောနေတာလဲလို့။ ကော ကျွန်တော်ကိုလိုအပ်လာမဲ့ကိစ္စတွေ အများကြီးရှိတယ်နော်! ကောင်းကောင်းလေး ပြန်သုံးသပ်လိုက်ဦး!]
ယွမ်ယယ်က ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။ [ငါဘယ်သူ့ကိုမှမလိုအပ်ဘူး။]
ကျီရှောင်ထောင်း: .....
တော်တော်မောက်မာတာပဲ။
ကျီရှောင်ထောင်း: [ယယ်ကော၊ ကော ဘယ်အချိန်စလိုက်မှာလဲ။]
ယွမ်ယယ်: [မင်းကိစ္စမဟုတ်ဘူး။]
ကျီရှောင်ထောင်းက မေးလိုက်သည်။ [ယယ်ကော၊ ကော တကယ်ပဲ ကျွန်တော်တို့ရိုက်ကွင်းကိုမလာတော့ဘူးလား။ အခု ကျွန်တော်တို့နှစ်ယောက်မှာ အရမ်းသနားစရာကောင်းနေတာ။ ရိုက်ကွင်းတစ်ခုလုံးရဲ့ အလုပ်တွေကို လုပ်ရပြီး တစ်ခါတလေ စားစရာတောင်မရှိဘူး။]
ယွမ်ယယ်က အလွန်အေးစက်စွာ စကားလုံးနှစ်လုံးတည်းဖြင့် ပြန်ပြောလိုက်သည်။ [လာမလည်ဘူး။]
[TN/ 不探 = not visiting c-subရော e-tranမှာရော စာလုံးနှစ်လုံးတည်းပါ။]
*****