ဖန်းရှောက်ယိထံမှ စကားလေးတစ်ခွန်းက ယွမ်ယယ်၏နှလုံးသားကို အရည်ပျော်ကျသွားစေသည်။
'မင်းက အရမ်းသိမ်မွေ့တာပဲ ယိကော'
ယွမ်ယယ်က သူတစ်ခုခုကို ခံစားရပြီဆိုလျှင် ဘာကိုမှ ဂရုမစိုက်တတ်သောလူစားမျိုးဖြစ်သည်။ ထို့ကြောင့် ချက်ချင်းဆိုသလို သူ၏ဖုန်းကိုလှမ်းယူလိုက်ပြီး ဖန်းရှောက်ယိထံ WeChat မက်ဆေ့ပို့လိုက်သည်။ [ယိကော။]
မိနစ်အနည်းငယ်ကြာပြီးနောက် ဖန်းရှောက်ယိက သူ့ကိုစာပြန်လာ၏။ [ဘာဖြစ်လို့လဲ]
ယွမ်ယယ်က ဖုန်းတစ်ဖက်တွင် ရယ်နေပြီးနောက် ပို့လိုက်သည်။ [ဒီကံကြမ္မာအတွက် ကျေးဇူးတင်ပါတယ်။]
ဤတစ်ကြိမ်တွင် ဖန်းရှောက်ယိက ခပ်မြန်မြန်တုံ့ပြန်လာခဲ့သည်။ သို့သော် သူ၏စာမှာ တစ်လုံးတည်းသာ။ [အမ်း။]
အင်တာဗျူးထဲတွင် ယွမ်ယယ်ရော ဖန်းရှောက်ယိကပါ နှစ်ဦးလုံးက သူတို့အရင်ပိုးပန်းခဲ့သည်ဟု ပြောခဲ့ကြ၏။ သူတို့၏ပရိသတ်များက ရှိုး၏တရားဝင် Weibo အကောင့်အောက်တွင် မှတ်ချက်များပေးခဲ့ကြသည်။
[ဒါရိုက်တာ ဘယ်တစ်ယောက်က ညာနေတာလဲဆိုတာ အတည်ပြုပေးပါ၊ ကျေးဇူးတင်ပါတယ်!!]
[ငါ့ခန့်မှန်းချက်ကတော့ ဦးလေးယယ်က ဖန်းရှောက်ယိကို အရင်လိုက်တာပဲ! ဦးလေးယယ်က သိသိသာသာကို straight balls ရိုက်တတ်တဲ့သူပဲ(*တည့်တိုးသမား)! အာ၊ ဦးလေးယယ်က အဲ့တုန်းက ဆယ့်ခုနစ်နှစ်ပဲရှိသေးတယ်။ တွေးကြည့်ရုံနဲ့တင် ငါ ပေါက်ကွဲထွက်တော့မယ်။]
[ငါတော့ ရုပ်ရှင်ဧကရာဇ်က အရင်လိုက်တာဖြစ်မယ်လို့ ထင်တာပဲ! ရုပ်ရှင်ဧကရာဇ်က အဲ့လိုကိစ္စတွေနဲ့ပတ်သက်ပြီး လိမ်ပြောမဲ့လူမျိုးမဟုတ်ဘူး။ (ငါ့အမြင်သက်သက်ပဲနော်)]
[ဘာပဲဖြစ်ဖြစ် ဘယ်သူက ဘယ်သူ့ကိုအရင်လိုက်သလဲ ဂရုမစိုက်နေဘူး။ ငါတော့ ဒီ CP က သောက်ရမ်းချိုမြိန်တယ်လို့ ပဲခံစားရတယ် 1551]
ထို screenshots များကို ကျီရှောင်ထောင်းက ယွမ်ယယ်ဆီ ပို့လာခဲ့သည်။ ထိုအရာကိုကြည့်ပြီးနောက် ယွမ်ယယ်တစ်ယောက် အနည်းငယ်ရယ်လိုက်ရသည်။ ထိုရက်များတွင် ကျီရှောင်ထောင်းက အားလပ်ချိန်များရှိနေပါက ယွမ်ယယ်ဆီကို screenshot များ မကြာခဏပို့ပေးတတ်၏။ ဖန်းရှောက်ယိ ရုပ်ရှင်ရိုက်နေစဥ် သူက ယွမ်ယယ်နှင့်သာ စကားပြောနေခဲ့သည်။ တစ်ခါက ယွမ်ယယ်မှာ အနှောက်အယှက်ဖြစ်လာပြီး သူ့ကိုမေးလိုက်သည်။ "မင်းမှာ ဘာမှလုပ်စရာမရှိဘူးလား။"
ကျီရှောင်ထောင်း: "ယယ်ကော! ကျွန်တော် ပရိသတ်တွေဆီက ပိုက်ဆံတွေလက်ခံထားတယ်! ကောတို့ထဲက ဘယ်သူကအရင် စလိုက်တာလဲ!"
ယွမ်ယယ်က ရယ်မောကာ သူ့ကို အသံမက်ဆေ့ပို့လိုက်သည်။ "ငတုံး။"
ကျီရှောင်ထောင်းက လက်မလျော့သွားပေ။ "ယယ်ကော! သူတို့က ကျွန်တော့်ကို တစ်သိန်းတောင်ပေးထားတာ! ဘယ်သူက ဘယ်သူ့ကို လိုက်ခဲ့တာလဲလို့!"
ယွမ်ယယ်သည် တစ်ဖက်လူအား တုံ့ပြန်လိုက်၏။ "ဖန်းရှောက်ယိကိုသွားမေး။"
ကျီရှောင်ထောင်းသည် စတစ်ကာများ တစ်ခုပြီးတစ်ခု ပို့လာခဲ့သည်။ "သူက ရိုက်ကူးရေးလုပ်နေတယ်၊ အဲ့ဒါကြောင့် ကျွန်တော်နဲ့အချိန်ဖြုန်းဖို့ အချိန်မရှိဘူး။ တကယ်တော့ သူရိုက်ကူးရေးမလုပ်ရတဲ့အချိန်တွေမှာတောင် သူက ကျွန်တော့်ကို လျစ်လျူရှုထားတာပါပဲ။"
ယွမ်ယယ်: "မင်းက အဖြောင့်မဟုတ်တော့ဘူးလား။ ဘယ်လိုကြောင့် အခု တီတီတာတာတွေပြောနေရတာတုန်း။"
ကျီရှောင်ထောင်း: "ယယ်ကော ချစ်တယ်နော်။"
ယွမ်ယယ် ဖုန်းပိတ်လိုက်ပြီး စာထပ်မပြန်တော့ချေ။
ကျီရှောင်ထောင်းက ဖန်းရှောက်ယိနှင့် အလုပ်တွဲလုပ်လာသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ အစက သူသည် ပရိသတ်အသေးစားလေးသာဖြစ်၏။ ကံကောင်းစွာဖြင့် ဖန်းရှောက်ယိ၏လက်ထောက် ဖြစ်လာခဲ့သည်။ ဤနှစ်များအတွင်း သူက ရိုးသား ကြိုးစားခဲ့သည်။ ယခုတွင် အခြေအနေအတော်များများကို သူ့ဘာသာသူ ကိုင်တွယ်နေနိုင်လေပြီ။ သို့သော် သူက အိပ်မက်ကြီးကြီးရှိသည့်သူ မဟုတ်ပေ။ သူက ရိုးရိုးရှင်းရှင်းပင် ဖန်းရှောက်ယိ၏လက်ထောက်အဖြစ်သာ လုပ်ကိုင်လိုခဲ့သည်။
ကန်းကျင့်ဝေက လူသစ်လေးများကို ကူညီသင်ကြားပေးရန် ကုမ္ပဏီသို့ပြန်ခေါ်ခြင်ကြောင်း ဖော်ပြခဲ့သော်လည်း ကျီရှောင်ထောင်းက ငိုယိုကာ သွားဖို့ငြင်းဆန်ခဲ့သည်။ အဆုံးတွင်တော့ ဖန်းရှောက်ယိက ပြောလိုက်သည်။ "သူကျွန်တော်နဲ့နေချင်ရင် နေခိုင်းလိုက်ပါ။ သူထွက်သွားချင်တယ်ဆိုတော့မှ ဒီအကြောင်းပြောကြတာပေါ့။ ကျွန်တော်လည်း ရှောင်ထောင်းနဲ့ပဲ ကျင့်သားရနေပြီ။"
ဖန်းရှောက်ယိက တစ်စုံတစ်ယောက်နှင့် ရင်းနှီးရန် အချိန်အတော်ကြာယူတတ်သော လူမျိုးဖြစ်သည်။ သူ့ဘဝထဲသို့ လူသစ်များလက်ခံရန် ထာဝရလောက် အချိန်ကြာတတ်ပေ၏။ ကျီရှောင်ထောင်းက သူ့အား နှစ်ပေါင်းများစွာ ဂရုစိုက်ပေးလာခဲ့သည်။ ထို့ကြောင့် ဖန်းရှောက်ယိကလည်း သူနှင့် နေသားကျလာခဲ့၏။
ကျီရှောင်ထောင်းက ဖန်းရှောက်ယိ ရိုက်ကူးရေးခဏတဖြုတ်အနားပေးချိန်တွင် မိနစ်အနည်းငယ်လောက် ရပ်တန့်သွားခဲ့သည်။ ထို့နောက် ယွမ်ယယ်အား ထပ်မံနောက်ယှက်ခဲ့ပြန်၏။ "ယယ်ကော ဘယ်သူက ဘယ်သူ့ကို လိုက်ခဲ့တာလဲလို့!"
ယွမ်ယယ် သူ၏မက်ဆေ့များကို ကြည့်မနေတော့ပေ။ သူက chat ကို အသံပိတ်လိုက်ပြီး ဖုန်းကိုဘေးသို့ပစ်ထားလိုက်တော့သည်။
...
အတိတ်တုန်းက ကျန်းရွှီတစ်ယောက် ကျောင်းတွင်းဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးနေခဲ့ချိန်ဖြစ်သည်။ ထိုဇာတ်လမ်းထဲမှာ သူက ကျောင်းမြက်ကလေးအဖြစ် သရုပ်ဆောင်ထား၏။ ထိုဇာတ်လမ်းက အမှန်တော့ ဖန်းရှောက်ယိကိုလည်း ကမ်းလှမ်းခဲ့သည်။ သို့သော် ဖန်းရှောက်ယိက TV ဇာတ်လမ်းတွဲများကို သရုပ်မဆောင်သောကြောင့် သူတို့၏ကမ်းလှမ်းချက်ကို လက်မခံခဲ့ပေ။ သူတို့နှစ်ဦးက လမ်းကြောင်းမတူချေ။ လက်ရှိတွင် ကျန်းရွှီ၏အမူအရာက စိတ်အနှောင့်အယှက်ဖြစ်နေဟန်ပင်။ သူက မျက်ခုံးများတွန့်ချိုးထာ၏။ "ငါရိုက်ကွင်းကို သောက်ကျိုးနည်းပြန်မသွားချင်တော့ဘူး။ ငါပြန်သွားတဲ့အချိန်တိုင်း အဆင်မပြေသလိုခံစားရတယ်။ ငါ စားနေတဲ့အချိန်တောင် လွှင့်ပစ်ချင်စိတ်ပေါက်တယ်။"
ကျန်းရွှီက ပြောလာသည်။ "အဲ့မှာ လက်ထောက်ဒါရိုက်တာတစ်ယောက်ရှိတယ်၊ သူက အရင်တုန်းက ငါကို ပြောခဲ့ဖူး..."
"ရပ်လိုက်။" ဖန်းရှောက်ယိက ကြားဖြတ်ပြောလိုက်သည်။ သူက ယွမ်ယယ်ကိုတစ်ချက်ကြည့်ကာ ပြောလိုက်၏။ "သူက အသက်ငယ်သေးတယ်၊ လျှောက်မပြောနဲ့။"
ကျန်းရွှီတစ်ယောက် ပြောချင်သည့်စကားများကို ပြန်မျိုချလိုက်ရပြီး သူလည်း ယွမ်ယယ်ကိုကြည့်လာ၏။ ထို့နောက် သူကပြုံးလိုက်သည်။ "ဒီမှာ အသက်မပြည့်သေးတဲ့ချာတိတ်တစ်ယောက်ရှိသေးတယ်ဆိုတာ ငါတကယ်မေ့သွားတာ။"
သူတို့၏စကားဝိုင်းက ယွမ်ယယ်ကို မပျော်မရွှင်ဖြစ်စေသည်။ သူက မျက်ဖြူလှန်လိုက်ကာ ဖန်းရှောက်ယိကိုမေးလိုက်၏။ "ဘယ်သူကငယ်တာလဲ။ ငါက မင်းတို့ထက် တစ်နှစ်ပဲနိမ့်တာနော်။ မင်းတို့က စတုတ္ထနှစ်၊ ငါက တတိယနှစ်တောင်ရောက်နေပြီ။"
ဖန်းရှောက်ယိက ခေါင်းညိတ်ကာ သဘောတူကြောင်း အသံပြုလိုက်သည်။
သူက ထိုကဲ့သို့လူမျိုးဖြစ်သည်။ သူသည် ဘာပဲပြောပြော အေးအေးဆေးဆေး တုံ့ပြန်မည့်လူမျိုးပင်။ သို့သော် ယွမ်ယယ်ကတော့ သူ၏စိတ်ကို လုံးဝမပြောင်းလဲခဲ့ပေ။ ယွမ်ယယ်က ကျန်းရွှီကို မေးလိုက်သည်။ "လက်ထောက်ဒါရိုက်တာက မပြောအပ်တဲ့ကိစ္စကို လုပ်ခဲ့လို့လား။"
(*လက်ထောက်ဒါရိုက်တာက ကျန်းရွှီကို အပေါ်ထပ်ကနေလုပ်ဖို့ကြံနေတာလားလို့ မေးတာပါ၊ အပေါ်ထပ်ကိုတော့ သိတယ်မလား?)
ဖန်းရှောက်ယိက မျက်ခုံးများတွန့်ချိုးကာ ယွမ်ယယ်ကိုစိုက်ကြည့်လိုက်၏။ "အဲ့ဒါ မင်းမေးသင့်တဲ့အရာတွေမို့လို့လား။"
ယွမ်ယယ်က နှုတ်ခမ်းစူလိုက်ပြီး ပြောလိုက်လေ၏။ "မေးကြည့်တာလေ ဘာဖြစ်လို့လဲ။"
ကျန်းရွှီက ယွမ်ယယ်ကို ကလေးတစ်ယောက်လို မမြင်ပေ။ ထို့ပြင် အသက်ဆယ့်ခုနစ်နှစ်အရွယ်တွင်ပင် သူတို့နားလည်ထားသည့်အရာမှန်သမျှကိုလည်း သိထားပြီးဖြစ်သည်။ သူတို့အားလုံး ယောကျ်ားလေးများဖြစ်၏ - ယွမ်ယယ်ကလည်း မိန်းကလေးတစ်ယောက်မဟုတ်ပေ၊ ထို့ကြောင့် မည်သည့်အရာကို စိုးရိမ်နေစရာလိုသနည်း။ ကျန်းရွှီက ရွံရှာသော အမူအရာဖြင့် ပြောလာ၏။ "သူက ငါ့ကို လုပ်ချင်တယ်? သူ သူ့ကိုယ်သူ ကောင်းကောင်းပြန်ကြည့်သင့်တယ်။ အဲ့လိုလုပ်ဖို့အတွက် သူငါ့ကို လုပ်နိုင်ဖို့လိုသေးတယ်။ မြေနိုးက သူ့ကိုလုပ်စေချင်နေတာ!"
(*ကျန်းရွှီကို အပေါ်ထပ်ကနေ လုပ်စေချင်နေတာပါ ဒါရိုက်တာက)
ယွမ်ယယ်တစ်ယောက် ယဥ်ကျေးမနေတော့ဘဲ အချိန်အတော်ကြာ ရယ်မောလိုက်သည်။ ထို့နောက် ပြောလိုက်လေ၏။ "မင်းတို့လည်း တော်တော်ခက်ခဲတာပဲ။"
ကျန်းရွှီ: "ဒီနယ်ပယ်မှာ မကောင်းဆိုးဝါးမျိုးစုံရှိတယ်။ ငါ ဆယ့်နှစ်နှစ်တုန်းက တစ်ယောက်ယောက်က ငါ့ကိုလာပြီး..."
"ရပ်လိုက်တော့၊ ရပ်လိုက်တော့" ဖန်းရှောက်ယိက ထပ်ပြီး တားဆီးလိုက်သည်။ ကျန်းရွှီက လျှာဖျားပေါ်ရောက်နေပြီဖြစ်သော စကားလုံးများကို ပြန်ကိုက်လိုက်ရသည်။ ဖန်းရှောက်ယိကမူ မျက်ခုံးများတွန့်ချိုးထား၏။ "စကားပြောတာရပ်လိုက်တော့။"
သူက အလေးအနက်ပြောလိုက်သည်။ ကျန်းရွှီသည်လည်း ဤနယ်ပယ်ပြင်ပမှ ချာတိတ်တစ်ယောက်ကို ထိုသို့ကိစ္စများ မျှဝေနေခြင်းက မသင့်တော်သလိုခံစားလိုက်ရသည်။ ထို့ကြောင့် သူဆက်မပြောတော့ပေ။ ယွမ်ယယ်တစ်ယောက် ကျန်းရွှီနှင့် ဖန်းရှောက်ယိတို့ကို အပြန်ပြန်အလှန်လှန်ကြည့်နေလိုက်သည်။ ဖန်းရှောက်ယိကလည်း သူ့ကိုကြည့်နေပြီး ပြောလာခဲ့၏။ "စားတော့။"
ယွမ်ယယ်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့ပါ၊ ယိကော။"
တကယ်တော့ ကျန်းရွှီအဆုံးထိမပြောရသေးလျှင်တောင် ယွမ်ယယ် သူဘာပြောမလဲဆိုတာကို ခန့်မှန်းနိုင်ပေသည်။ ထိုကိစ္စကိုကြားလိုက်ရသော် သူ အနည်းငယ် အန်ချင်လာခဲ့လေ၏။
ထိုနေ့က သူ၏အိပ်ဆောင်ကို ပြန်ရောက်လာပြီးနောက် ယွမ်ယယ် ဖန်းရှောက်ယိထံ စာပို့လိုက်သည်။ [ယိကော၊ မင်းတို့ရုပ်ရှင်ရိုက်ဖို့သွားတဲ့အခါ အမြဲတမ်းအဲ့လိုပဲလား။]
ဖန်းရှောက်ယိက မြန်မြန်စာပြန်ခဲ့၏။ [အမြဲတမ်းမဟုတ်ပါဘူး။ ရုပ်ရှင်အဖွဲ့သားတွေက ဘယ်လိုလဲဆိုတဲ့အပေါ် မူတည်တယ်။ အဲ့ကိစ္စကို ထပ်မတွေးနဲ့တော့။]
ရှေးခေတ်က ခလုတ်ဖုန်းများတွင် မျက်နှာပြင်သေးသေးလေးသာရှိသည်။ သိပ်မကြာခင်က ယွမ်ယယ် ဖန်းရှောက်ယိထံ မကြာခဏစာပို့တတ်ပြီး သူနှင့် အမြဲလိုလို စကားပြောချင်နေခဲ့သည်။ သူတို့စကားပြောနေနိုင်သရွေ့ ဘယ်အကြောင်းအရာမဆို အဆင်ပြေပေ၏။
ယွမ်ယယ်: [မင်းရော အရင်ကကြုံဖူးလား။]
၎င်းမှာ ဖန်းရှောက်ယိအား ခဏတိတ်ဆိတ်သွားစေခဲ့သည်။ [ဆယ်နာရီတောင်ထိုးပြီ မင်းခုထိမအိပ်သေးဘူးလား။]
ယွမ်ယယ်: [ငါမအိပ်ချင်သေးဘူး။]
ဖန်းရှောက်ယိ: [ကိုယ်အိပ်ငိုက်နေပြီ၊ ဖုန်းကလည်း အားကုန်တော့မယ်။]
ဖန်းရှောက်ယိက ထိုမေးခွန်းကိုမဖြေချင်၍ စကားလွှဲလိုက်သော်လည်း ယွမ်ယယ်က ထပ်ပို့လိုက်သည်။ [မင်းအိပ်ငိုက်လည်း ကိစ္စမရှိဘူး။ ငါအဖြေပဲသိချင်တာ။ ယိကော မင်းရော အရင်ကကြုံဖူးတာလား။]
ဖန်းရှောက်ယိတစ်ယောက် သူကို မနိုင်ပေ။ အဆုံးတွင် သူက တုံ့ပြန်လိုက်သည်။ [ကိုယ် အရင်က ကြုံဖူးတာ၊ မကြုံးဖူးတာက ကိစ္စမရှိပါဘူး။ ကိုယ် အဲ့လိုအရာတွေကို လုပ်မှာမဟုတ်ဘူး။ ပြီးတော့ ကိုယ့်ကို ဘယ်သူကမှ လုပ်ဖို့အတွက် တွန်းအားပေးလို့မရဘူး။]
ယွမ်ယယ်: [မင်းအဖေက ဖန်းဟန်ဖြစ်နေလို့လား]
ဖန်းရှောက်ယိ: [ဟုတ်တယ်။]
ဖန်းရှောက်ယိ: [အခု အိပ်ငိုက်လာပြီလား။]
ယွမ်ယယ်က ခဏစဥ်းစားလိုက်ပြီး ထပ်မေးလိုက်၏။ [တခြား မိန်းမလှလေးတွေဆိုရင်ရော? ပြီးတော့ မင်းတို့နှစ်ယောက်လုံး ဆန္ဒရှိနေတယ်ဆိုရင်ရော?]
ဖန်းရှောက်ယိ: [မင်း ဘာမေးချင်တာလဲ။]
ယွမ်ယယ်သည် အစက တည့်တိုးသမားတစ်ယောက်ပင်။ တစ်ချိန်လုံး ထိုအကြောင်းအရာအား သဲလွန်စပေးကာ ကွေ့ပတ်နေရခြင်းမှာ အတော်လေးပင်ပန်းပေ၏။ လုံလုံလောက်လောက်အစပျိုးပြီးနောက် သူက နောက်ဆုံးတော့ တည့်ပဲမေးလိုက်တော့သည်။ [မင်းက virgin ဖြစ်နေတုန်းပဲလား။]
ဖန်းရှောက်ယိက ယွမ်ယယ်၏ ကြုံရာကျပန်းမေးခွန်းများနှင့် အသားကျနေပြီဖြစ်သော်လည်း ယခုတစ်ကြိမ်၌ အမှန်ပင် အံ့သြတုန်လှုပ်သွားခဲ့သည်။ အချိန်အတော်ကြာတဲ့ထိ သူစာမပြန်နိုင်ခဲ့ပေ။
ယွမ်ယယ်၏မျက်ခုံးများက တစ်တန်းတည်းဖြစ်အောင်ထိ တွန့်ချိုးလာခဲ့သည်။ [မင်း.....မဟုတ်တော့ဘူးလား။]
ဖန်းရှောက်ယိက မတုံ့ပြန်သေးပေ။
ယွမ်ယယ် အိပ်ရာထဲကနေ ထထိုင်လိုက်သည်။ သူ ဖုန်းခလုတ်များကိုနှိပ်ပြီးရင်းနှိပ်ကာ သူ၏စာများက ရပ်တန့်မသွားပေ။
[မဟုတ်ဘူးလား။]
[မဟုတ်တော့ဘူးလား။]
[မဟုတ်တော့ဘူးလား။]
[ဟုတ်လား မဟုတ်ဘူးလား။]
[မင်းဘာလို့ ငါ့ကိုစာမပြန်တော့တာလဲ။]
ဖန်းရှောက်ယိက တိတ်ဆိတ်နေဆဲပင်။ အဆုံးတွင် ယွမ်ယယ်လည်း စာပို့တာကို ရပ်လိုက်၏။ ထို့နောက် စောင်ကိုလှန်လိုက်ပြီး ကြမ်းပြင်ပေါ်ခုန်ဆင်းလိုက်သည်။ သူ၏အခန်းဖော်မှာ ကြောက်အားလန့်အားဖြစ်သွားလေ၏။ "မင်းပြုတ်ကျလာတာလား။"
ယွမ်ယယ်က ပြောလိုက်သည်။ "မဟုတ်ဘူး၊ ခုန်ချလိုက်တာ။ အဆင်ပြေပါတယ်။ ပြန်အိပ်တော့။"
ယွမ်ယယ် ဘောင်းဘီတို၊ တီရှပ်တစ်ထည်ဖြင့် အိပ်နေခဲ့ခြင်းဖြစ်ပြီး အပြင်ထွက်လျှင် ဝတ်လို့ရနိုင်သော အဝတ်များဖြစ်သည်။ ထို့ကြောင့် ဖိနပ်ကိုသာ ကောက်ဝတ်လိုက်ပြီး ပြေးထွက်လာခဲ့လိုက်သည်။
သူ၏စရိုက်အရ သူက ဘာကိုမှချုပ်တည်းမထားနိုင်ပေ။ သူသည် သူလုပ်ချင်တာကို ချက်ချင်းလုပ်ရမှကျနပ်၏။ ပုံမှန်အားဖြင့် ဖန်းရှောက်ယိက သူ၏စာများကို မပြန်ခဲ့လျှင် သူအိပ်လိုက်မည်ဖြစ်သည်။ သို့သော် ယနေ့တွင် ယွမ်ယယ် ဖန်းရှောက်ယိ စာပြန်မပို့ခြင်းနှင့် အကြောင်းတချို့ကြောင့် အလွန်ဒေါသထွက်နေမိသည်။ ဖန်းရှောက်ယိ အခြားတစ်ယောက်နှင့် အိပ်ခဲ့သည်ဆိုသောအချက်ကိုစဥ်းစားလိုက်ရုံဖြင့် သူ့အား စိတ်မသက်မသာဖြစ်စေခဲ့သည်။ သူ့စိတ်ထဲရှိအတွေးများက လိပ်ခေါင်းကဲ့သို့ ပြူထွက်နေပြီး သူငြိမ်ငြိမ်လေး ထိုင်မနေနိုင်ခဲ့ပေ။
ညကိုးနာရီခွဲအချိန်ဖြစ်၏။
ဖန်းရှောက်ယိက သူ၏ခုံတွင်ထိုင်ကာ စာဖတ်နေဆဲဖြစ်ပြီး အလောတကြီး တံခါးခေါက်သံက သူ့ကို ထိတ်လန့်သွားစေခဲ့သည်။
ဖန်းရှောက်ယိက ထရပ်ကာ တံခါးဖွင့်လိုက်၏။ ယွမ်ယယ်တစ်ယောက် ကျောင်းဂိတ်ဝထိ တက်စီစီးလာပြီး ဖန်းရှောက်ယိ၏အိပ်ဆောင်ကို ဦးတည်ကာ ကျောင်းထဲသို့ပြေးလာခဲ့သည်။ ယခုထက်ထိ သူမောနေဆဲပင်။ ယွမ်ယယ်၏မျက်လုံးများက မီးများတောက်လောင်နေလျက်ရှိ၏။ သူ ဒေါသထွက်နေသောအမူအရာဖြင့် ဖန်းရှောက်ယိကို စိုက်ကြည့်လိုက်သည်။ ဖန်းရှောက်ယိမှာ အလွန်အံ့သြနေခဲ့သည်။ "ဘာလို့လဲ။ ဘာဖြစ်လို့လဲ။"
ယွမ်ယယ် သူ၏မျက်လုံးများကိုစိုက်ကြည့်ကာ မေးလိုက်သည်။ "မင်း ဘာလို့ ငါ့စာတွေကို မပြန်တော့တာလဲ။"
ဖန်းရှောက်ယိက မျက်တောင်ခတ်လိုက်လေ၏။ "ငါ့ဖုန်း အားကုန်သွားလို့။ ငါမင်းကိုပြောတယ်လေ။ ဘာဖြစ်လို့လဲ။"
ယွမ်ယယ်၏နှုတ်ခမ်းများက တစ်တန်းတည်းဖြစ်သွား၏။ သူ အတော်လေးဒေါသထွက်နေဆဲပင်။ ဖန်းရှောက်ယိခမျာ သူဘာဖြစ်နေလဲကို မသိခဲ့ပေ။ သူ လက်လှမ်းလိုက်ပြီး သူ့လက်မောင်းကနေ အထဲသို့ဆွဲခေါ်လိုက်ပြီးနောက် တံခါးပိတ်လိုက်သည်။ သူတံခါးပိတ်ပြီးနောက် နူးနူးညံ့ညံ့လေး ထပ်မေးလိုက်၏။ "မင်း ဘာဖြစ်လို့လဲ။"
ယွမ်ယယ်က သူ၏ခံစားချက်များကို ဘယ်တော့မှမဖုံးကွယ်တတ်ပေ။ သူက အမြဲတမ်း သူဘယ်လိုခံစားနေရသည်ကို ပြောပြတတ်၏။ "ငါ စိတ်ဆိုးနေတာ။"
"ဘာကို စိတ်ဆိုးတာလဲ။" ဖန်းရှောက်ယိက မေးလိုက်သည်။
ယွမ်ယယ်က အကြည့်လွှဲလိုက်သည်။ "မင်း ငါ့ကို စာမပြန်ဘူးလေ။"
ဖန်းရှောက်ယိက အူလှိုက်သည်းလှိုက်ရယ်မောလိုက်သည်။ သူက ယွမ်ယယ်၏ဦးခေါင်းလေးကို မပွတ်ပေးဘဲမနေနိုင်ခဲ့ချေ။ "ကိုယ် မင်းရဲ့စာတွေမပြန်လို့ စိတ်ဆိုးတာပေါ့?"
ယွမ်ယယ် သူ့ဦးခေါင်းပေါ်ရှိလက်ကို ဖမ်းကိုင်လိုက်သည်။ သူ၏မျက်လုံးများက ဖန်းရှောက်ယိ၏မျက်လုံးများကိုစိုက်ကြည့်ကာ ထပ်မေးလိုက်၏။ "မင်းက virgin မဟုတ်တော့ဘူးလား။ မင်း အရင်က တစ်ယောက်ယောက်နဲ့ အိပ်ခဲ့ဖူးတာလား။"
ဖန်းရှောက်ယိက မျက်မှောင်ကြုတ်လိုက်၏။ "အားလုံးရှုပ်ကုန်ပြီ။"
ဖန်းရှောက်ယိ နောက်ဆုံးမက်ဆေ့ချ်ကိုပို့ပြီးသည်နှင့် သူ၏ဖုန်းမှာ အားကုန်သွားခဲ့သည်။ ဖန်းရှောက်ယိက လျှောက်သွားလိုက်ပြီး ဖုန်းပြန်ဖွင့်ကာ ရောက်မလာသေးသည့်မက်ဆေ့များကို ထိုနေရာ၌ရပ်စောင့်နေလိုက်၏။ ခဏကြာပြီးနောက် သူ၏ဖုန်းမှာ အချက်ပေးသံများ ဆက်တိုက်မြည်လာခဲ့သည်။ သူ ခေါင်းငုံ့ကာ ထိုစာများအားလုံးကို ဖတ်လိုက်ပြီးနောက် ယွမ်ယယ်ကို ကြည့်လာသည်။ ထိုစာများကိုဖတ်ပြီးနောက် သူ့တွင် မည်ကဲ့သို့အမူအရာရှိနေသင့်မှန်းကို သူမသိတော့ပေ။ အဆုံးတွင် ဖန်းရှောက်ယိက အားနည်းစွာပြုံးပြကာ သူ၏ဖုန်းကို ယွမ်ယယ်အား မြှောက်ပြလိုက်သည်။ "ကြည့်လိုက်၊ ကိုယ်ဖုန်းက တကယ်အားကုန်နေတာ။"
သူမပြောလျှင်တောင် ယွမ်ယယ်လည်း သတိပြုမိပေသည်။ သူ ထိုနေရာ၌ ကျွဲပေါက်လေးတစ်ကောင်လို ခေါင်းမာစွာရပ်နေပြီး ဖန်းရှောက်ယိကို မေးလိုက်သည်။ "ဒါဆို မင်း အရင်က တစ်ယောက်ယောက်နဲ့ အိပ်ဖူးတာလား၊ မအိပ်ဖူးဘူးလား။"
"မအိပ်ဖူးဘူး။" ဖန်းရှောက်ယိမှာ လုံးဝ တုံ့ဆိုင်းမနေပေ။ သူက အဖြေကို ထပ်ပြောလိုက်၏။ "မအိပ်ဖူးဘူး။ ဒီကိုလာခဲ့။"
ယွမ်ယယ်၏ဒေါသများက လွင့်စင်သွားခဲ့သည်။ သူထပ်ပြီး စိတ်ဆိုးနေစရာမရှိတော့ပေ။ ထို့ကြောင့် ဖန်းရှောက်ယိက လာရန်ခေါ်သည့်အတွက် သူသွားလိုက်လေ၏။ သူလျှောက်သွားလိုက်ပြီးနောက် ဖန်းရှောက်ယိက သူ့ကိုပြန်မေးလာခဲ့သည်။ "ကိုယ်က.... အိပ်ဖူးတယ်လို့ပြောလိုက်ရင်ရော?"
ယွမ်ယယ် သူ့ကို မော့မကြည့်ခဲ့ပေ။ သူက ခေါင်းယမ်းကာ ပြောလိုက်၏။ "မင်း စောစောက မအိပ်ဖူးဘူးလို့ ပြောလိုက်တယ်။"
ဖန်းရှောက်ယိက မေးလိုက်သည်။ "ကိုယ်ပြောတာကို မင်းယုံတယ်ပေါ့။"
ယွမ်ယယ်က အလွန်ယုံကြည်ချက်ရှိစွာပြုံးလျက် ပြောလိုက်၏။ "အင်း၊ မင်းပြောသမျှကို ငါယုံတယ်။"
ဖန်းရှောက်ယိတစ်ယောက် ရယ်လိုက်ပြီး သူ၏နားရွက်ကိုထိရန် လက်မြောက်လိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်လေ၏။ "အချိန်ကိုကြည့်လိုက်ဦး။ ဒါလေးမေးဖို့အတွက် မင်းရဲ့အိပ်ဆောင်ကနေ ဒီထိ ပြေးလာတာခဲ့လား။ အခုပြန်ပြေးသွားဖို့ စီစဥ်ထားတာလား။"
ယွမ်ယယ် နှာခေါင်းကိုပွတ်လိုက်ပြီး တစ်ဖက်လူအား မော့ကြည့်လိုက်သည်။ ထို့နောက် သူကခုတင်လက်ရန်းကိုကိုင်ပြီး လက်နှစ်ဖက်လုံးသုံးကာ အပေါ်ကိုခုန်တက်လိုက်၏။ အပေါ်တွင် သူက ခြေထောက်ကိုတွဲလောင်းချထိုင်ကာ ဖန်းရှောက်ယိကို ငုံ့ကြည့်ခဲ့သည်။ ထို့နောက် သူ၏အရှက်မဲ့သောအပြုံးက ထပ်မံပေါ်ပေါက်လာခဲ့လေ၏။ "ငါ ထပ်မပြေးတော့ဘူး။ ဒီည ငါ မင်းရဲ့အိပ်ရာမှာအိပ်မယ်။ မင်းက အခန်းဖော်ရဲ့အိပ်ရာမှာအိပ်လိုက်။"
ဖန်းရှောက်ယိတစ်ယောက် သူပြုံးလိုက်သောအခါပေါ်လာသည့် သူ၏မျက်ခွံထောင့်နားက ချိုင့်ခွက်လေးကိုကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။
ထိုအခိုက်အတန့်၌ ဖန်းရှောက်ယိ၏နှလုံးသားထဲ၌ 'အိပ်ရာတစ်ခုမပြောနဲ့ မင်းလိုချင်တာမှန်သမျှကို ကိုယ်ပေးမှာပါ' ဟု တွေးနေခဲ့လေသည်။
*****